အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Thursday 24 November 2011

မိန်း​​မ​​ချောများ​​၏ ဝတ်လစ်စလစ်ပုံများ​​ ကြည့်​​ရှုခြင်း​​ဖြင့်​​ ဦး​​​နှောက်စွမ်း​​​ဆောင်ရည်တိုး​​မြှင့်​​နိုင်





alt
အမျိုး​သား​များ​အတွက် ရည်ရွယ်ချက်မဂ္ဂဇင်း​အဖုံး​တခု © dailymail
နှစ်လိုဖွယ် မိန်း​​က​​လေး​​များ​​၏ ဝစ်လစ်စား​​လစ် ဓာတ်ပုံများ​​ကို ကြည့်​​ရှုခြင်း​​သည် ဦး​​​နှောက်၏ စွမ်း​​​ဆောင်ရည်များ​​ကို တိုး​​မြှင့်​​​ပေး​​​ကြောင်း​​ သိရှိရသည်။ သု​​တေသီများ​​က Page 3မှ လှပ​​သော ​​လေဆီ၊​ ကီလီနှင့်​​ ရီအန်တို့​​ကဲ့​​သို့​​ ​​မော်ဒယ်မိန်း​​က​​လေး​​များ​​၏ အဝတ်ဗလာ ဓာတ်ပုံများ​​ကို ပြသပြီး​​ စမ်း​​သပ်ချက်အရ ဦး​​​နှောက်၏ စွမ်း​​​ဆောင်ရည်ကို လှုံ့​​​ဆော်​​ပေါ်နိုင်​​ကြောင်း​​ ​​ဖော်ထုတ်နိုင်ခဲ့​​သည်။
ဦး​​​နှောက်၏ လျှပ်စစ်ဇီဝ စီး​​ဆင်း​​မှုများ​​သည် လှပ၍ ကြည့်​​​ကောင်း​​​သော မိန်း​​က​​လေး​​၊​ ​​ယောက်ျား​​​လေး​​ ဓာတ်ပုံများ​​ကို မြင်ရသည့်​​အခါ ပိုမိုတုံ့​​ပြန်မှု မြန်လာတတ်​​ကြောင်း​​ သိရသည်။ အကယ်၍ ဓာတ်ပုံထဲတွင် ပါ​​သော မိန်း​​က​​လေး​​များ​​ကို ​​ရေကူး​​ဝတ်စုံနှင့်​​ပုံ၊​ သို့​​မဟုတ် အဝတ်အစား​​ အပြည့်​​အစုံနှင့်​​ပုံများ​​ဖြင့်​​ ပြသပါက ဦး​​​နှောက်၏ တုံ့​​ပြန်မှုသည် အဝတ်မပါ​​သော ပုံများ​​တွင် မြင်ရချိန်ထက် ၀.၂ စက္ကန့်​​ ​​နှောင့်​​​နှေး​​​နေတတ်​​ကြောင်း​​ ​​ဖော်ထုတ်နိုင်ခဲ့​​သည်။
ဖင်လန်နိုင်ငံ တမ်ပီရီ တက္ကသိုလ်မှ ပ​​ရော်ဖက်ဆာ ဂျာရီဟီတာနန်က “ကျွန်​​တော်တို့​​ရဲ့​​ အချက်အလက်​​တွေက အမြင်အာရုံရဲ့​​ နှိုး​​ဆွမှုဟာ ဦး​​​နှောက်ကို သက်​​ရောက်နိုင်တယ်ဆိုတာ ပထမဆုံး​​အကြိမ် လက်​​တွေ့​​ပြနိုင်ခဲ့​​ပါတယ်။ အထူး​​သဖြင့်​​ လိင်နဲ့​​ဆိုင်တဲ့​​ လှုံ့​​​ဆော်မှုဟာ ဦး​​​နှောက်ရဲ့​​ တွက်ချက်မှု မြန်နှုန်း​​ကို သိသိသာသာ ဆက်စပ်သွား​​တယ်ဆိုတာ မြင်ခဲ့​​ပါပြီ”ဟု ​​ပြောကြား​​သွား​​ခဲ့​​သည်။


တရုတ်နိုင်ငံတွင် အမျိုး​​သမီး​​သား​​ဥ ​​ရောင်း​​ချသည့်​​​မှောင်ခို​​ဈေး​​ကွက် ​​ပေါ်​​ပေါက်

alt
ဘေဂျင်း​​ရှိ ​​ကော်ဖီဆိုင်တစ်ခု​​တွင် ​​တွေ့​​ဆုံ​​​ဆွေး​​နွေး​​​နေစဉ် © dailymail
တရုတ်နိုင်ငံတွင် ​​ကျောင်း​​သူအရွယ် မိန်း​​က​​လေး​​များ​​က သား​​ဥ​​ရောင်း​​ချသည့်​​ ​​မှောင်ခို​​ဈေး​​ကွက်တစ်ခု ​​ပေါ်​​ပေါက်​​နေ​​ကြောင်း​​ သိရသည်။ အဆိုပါ လှုပ်ရှား​​မှုကို ​​မှောင်ခို ​​အေဂျင်စီများ​​က အဓိက လုပ်​​ဆောင်​​နေပြီး​​ အထူး​​သဖြင့်​​ နာမည်​​ကျော် တက္ကသိုလ်များ​​မှ ဘွဲ့​​ကြို ​​ကျောင်း​​သူ​​လေး​​များ​​ကို ပစ်မှတ်ထား​​​လေ့​​ရှိ​​ကြောင်း​​ သိရသည်။
မှောင်ခို ပွဲစား​​များ​​သည် သား​​ဥ တစ်ခုအတွက် ယွမ်​​ငွေ ​​သောင်း​​ဂဏန်း​​မျှထိ ​​ဈေး​​​ပေး​​ ဝယ်ယူ​​လေ့​​ရှိသည်။ ပွဲစား​​များ​​သည် ဝယ်လက်နှင့်​​ မိန်း​​က​​လေး​​များ​​ကို ​​ဘေဂျင်း​​ရှိ ​​ကော်ဖီဆိုင်များ​​တွင် ​​တွေ့​​ဆုံ​​ပေး​​​လေ့​​ရှိပြီး​​ ယင်း​​အ​​ရောင်း​​အဝယ် ကိစ္စတွင် အပြန်အလှန် စကား​​​ပြောခွင့်​​ မ​​ပေး​​​ချေ။ ဝယ်လက်များ​​သည် အများ​​အား​​ဖြင့်​​ စုံတွဲများ​​ ဖြစ်ကြပြီး​​ ​​အေး​​ဂျင့်​​ထံမှတစ်ဆင့်​​ မိန်း​​က​​လေး​​၏ အရပ်အမြင့်​​၊​ ​​သွေး​​အုပ်စုနှင့်​​ ဝါသနာစ​​သော အချက်အလက်များ​​ကို သိရှိရသည်။ အဆိုပါ သား​​ဥများ​​ကို ဖန်ပြွန်သ​​န္ဓေနည်း​​ဖြင့်​​ သုက်ပိုး​​ဖြင့်​​ ​​ရောစပ်​​စေကာ မျိုး​​​အောင်​​စေရန် လုပ်​​ဆောင်နိုင်မည်ဖြစ်သည်။ ထိုလုပ်ငန်း​​အတွက် သာမန် ​​ဆေး​​ရုံများ​​ထက် သီး​​သန့်​​​ဆေး​​ရုံများ​​နှင့်​​ နိုင်ငံခြား​​မှ လာ​​ရောက်အ​​ခြေစိုက်​​သော ​​ဆေး​​ရုံများ​​တွင်သာ ပိုမိုလုပ်​​ဆောင်​​ပေး​​​လေ့​​ ရှိ​​ကြောင်း​​လည်း​​ သိရသည်။
ဘေဂျင်း​​တွင် မိန်း​​က​​လေး​​များ​​ မျိုး​​ဥအတွက် ယွမ်​​ငွေ ၄၀၀၀၀ မှ ၈၀၀၀၀ ထိ ​​ဈေး​​​ပေး​​ ဝယ်ယူ​​နေ​​ကြောင်း​​လည်း​​ သတင်း​​များ​​က ​​ဖော်ပြသွား​​သည်။

မ​​လေး​​ရှား​​ထုတ် လိင်လှုံ့​​​​ဆော်ပစ္စည်း​​များ​​​ကြောင့်​​​ အိန္ဒိယနိုင်ငံတွင် လိင်ကိစ္စ​​ပျော်ပါး​​မှုပိုများ​​လာ

alt
လိင်လှုံ့​​​​ဆော်ပစ္စည်း​​​တချို့​​ © dailymail
မ​​လေး​​ရှား​​နိုင်ငံတွင် ထုတ်လုပ်​​သော လိင်နှင့်​​​ပတ်သက်သည့်​​​ လှုံ့​​​​ဆော်ပစ္စည်း​​များ​​​ကြောင့်​​​ အိန္ဒိယနိုင်ငံ၊​ ကာရာလာ​​ဒေသတွင် ညဘက်ကျက်စား​​သည့်​​​ ညဉ့်​​​​ပျော်များ​​ ပိုမိုများ​​ပြား​​လာ​​ကြောင်း​​ ​​ဒေသဆိုင်ရာ တာဝန်ရှိသူ​များ​​က ​​ပြောကြား​​ခဲ့​​​သည်။ ကာရာလာတွင် မ​​လေး​​ရှား​​မှ တရား​​မဝင် ဝင်​​ရောက်လာသည့်​​​ ဂျယ်များ​​၊​ တိုင်း​​ရင်း​​​ဆေး​​​တောင့်​​​များ​​၊​ လိင်အား​​တိုး​​​ဆေး​​များ​​စသဖြင့်​​​ ပစ္စည်း​​အမျိုး​​မျိုး​​တို့​​​ ​​ရောက်ရှိလာခဲ့​​​သည်။
အိန္ဒိယ​​တောင်ပိုင်း​​ ပြည်နယ်မှ တာဝန်ရှိသူ​များ​​က အဆိုပါ ကိစ္စကို တား​​ဆီး​​ရန် ခက်ခဲ​​နေ​​ကြောင်း​​ ဝန်ခံခဲ့​​​သည်။ ချမ်း​​သာကြွယ်ဝ​​သော ​​ဒေသခံများ​​သည် လိင်မှုဘဝ သာယာမှုကို မြှင့်​​​တင်ရန်အတွက် အ​​ကောင်း​​ဆုံး​​ ပစ္စည်း​​များ​​ ဝယ်ယူ​သုံး​​စွဲ​​နေသလို လက်လုပ်လက်စား​​များ​​ကလည်း​​ တရား​​မဝင် အညံ့​​​စား​​ ပစ္စည်း​​များ​​ကို သုံး​​စွဲ​​နေရာ ​​ဘေး​​ထွက်ဆိုး​​ကျိုး​​များ​​ ရှိလာမည်ကို တာဝန်ရှိသူ​များ​​က စိုး​​ရိမ်​​နေခြင်း​​ဖြစ်သည်။ ၈ ဂရမ် အ​​လေး​​ချိန်ရှိ​​သော ​​ယောက်ျား​​ လိင်နှိုး​​ဆွသည့်​​​ ဂျယ်များ​​ကို အိန္ဒိယ​​ငွေ ရူ​ပီး​​ ၃၀၀၀ မျှဖြင့်​​​ ​​ရောင်း​​ချမှုများ​​ ရှိ​​နေသည်။ “ကာလာရာမှ လိင်နဲ့​​​ပတ်သက်တဲ့​​​ ပစ္စည်း​​​တွေ၊​ ​​ဆေး​​ဝါး​​​တွေ ဝယ်လိုအား​​က မြင့်​​​တက်လာတာ အမှန်ပါ။
ဒါက လိုအပ်ချက်လည်း​​ ဖြစ်ပါတယ်။ အ​​ထောက်အကူ​လည်း​​ ဖြစ်ပါတယ်”ဟု ​​ရောင်း​​ချသူ​ တစ်ဦး​​ကဆိုသည်။ မ​​လေး​​ရှား​​နိုင်ငံမှ ဆိပ်ကမ်း​​များ​​တွင် ကာလာရာသို့​​​ ထွက်ခွာမည့်​​​ သ​​င်္ဘောများ​​​ပေါ်သို့​​​ အဆိုပါ ​​ဆေး​​ဝါး​​ပစ္စည်း​​များ​​ကို တရား​​မဝင် ထည့်​​​သွင်း​​ပို့​​​​ဆောင်လိုက်​​လေ့​​​ရှိ​​ကြောင်း​​ သိရှိရသည်။

ဂျနီလိုပက်ဇ်မှာ လိင်မှုဆိုင်ရာ ထက်သန်​တက်ကြွ​သူ​ဖြစ်​​ကြောင်း​​ ကက်စပါ စမတ်ဖွင့်​​ဟ

alt
နာမည်​​ကျော် အဆို​​တော် မင်း​​သမီး​​ ဂျနီဖာ လိုပက်ဇ် © dailymail
ဂျနီဖာ လိုပက်ဇ်၏ ချစ်သူဖြစ်​​သော ကက်စပါ စမတ်က နာမည်​​ကျော် အဆို​​တော် မင်း​​သမီး​​သည် လိင်မှုဆိုင်ရာတွင် အလွန်ထက်သန် တက်ကြွသူဖြစ်​​ကြောင်း​​ ဖွင့်​​ဟ ​​ပြောကြား​​လိုက်သည်။ အသက် ၂၄ နှစ်ရှိ ကက်စပါက အသက် ၄၂ နှစ်အရွယ် ဂျနီဖာသည် သူမအသက်၏ ထက်ဝက်မျှသာရှိ​​သော မိန်း​​က​​လေး​​ တစ်ဦး​​၏ 
ကျော့ ​​ရှင်း​​​သော ကိုယ်လုံး​​အလှမျိုး​​ကို ပိုင်ဆိုင်ထား​​​ကြောင်း​​လည်း​​ ချီး​​ကျူး​​ခဲ့​​သည်။ လွန်ခဲ့​​သည့်​​ ၆ လက ဂျနီဖာ၏ ကမ္ဘာလှည့်​​ ​​ဖျော်​​ဖြေပွဲ အစီအစဉ်တွင် ကူညီရင်း​​ သိကျွမ်း​​လာပြီး​​​နောက် ဂျနီဖာနှင့်​​ တွဲဖြစ်ခဲ့​​​သော ကက်စပါက ဂျနီဖာ၏ ကိုယ်လုံး​​ကိုယ်​​ပေါက်သည် အသက် ၂၀ အရွယ် မိန်း​​က​​လေး​​ တစ်ဦး​​နှင့်​​ တူသည်ဟု ချီး​​ကျူး​​ခဲ့​​​ကြောင်း​​ ၎င်း​၏ မိတ်​​ဆွေ တစ်ဦး​​က ​​ပြောကြား​​ခဲ့​​သည်။ ထို့​​အပြင် ဂျနီဖာသည် လှပ​​ချော​​မောသ​​လောက် လိင်မှုကိစ္စတွင်လည်း​​ ကက်စပါကို အံ့​​ဩရ​​လောက်​​အောင် ထက်သန်ခုံမင်သူဖြစ်​​ကြောင်း​​ အတွင်း​​လူများ​​က ဆိုသည်။ ကက်စပါ၏ မိတ်​​ဆွေ တစ်ဦး​​က “သူတို့​​ကြား​​မှာ အသက် ၁၈ နှစ် ကွာ​​ပေမယ့်​​ ဒါက အ​​ရေး​​မကြီး​​ပါဘူး​​။ ဂျနီဖာက ကက်စပါကို သိပ်ချစ်သလို ကက်စပါကလည်း​​ ဂျနီဖာနဲ့​​ အတူရှိရတာ အမြဲတမ်း​​ ​​ပျော်​​နေတာပါ။ သူတို့​​နှစ်​​ယောက် အမြဲတမ်း​​ အဆင်​​ပြေ​​နေမယ် ထင်ပါတယ်”ဟု ​​ပြောကြား​​ခဲ့​​သည်။
ဂျနီဖာသည် အသက် ၄၃ နှစ်ရှိ မတ်အန်သိုနီနှင့်​​ ၇ နှစ်ကြာ အိမ်​​ထောင်​​ရေး​​ ပြိုကွဲခဲ့​​ပြီး​​​နောက် ကက်စပါနှင့်​​ တွဲ​​နေခဲ့​​ခြင်း​​ဖြစ်သည်။

သမီး​​​​မိန်း​​​​က​​​​လေား ​​​​မွေး​​​​ဖွား​​​​​​​ပေး​​​​သည့်​​​ ဇနီး​​​​သည်အား​​​​ ခင်ပွန်း​​​​ဖြစ်သူ​က ဒဏ်​​​​ငွေရိုက်


alt
သမီး​​​​မိန်း​​​​က​​​​လေး​​ အလှတမျိုး​​ © dailymail
အိန္ဒိယနိုင်ငံတွင် အမျိုး​​​​သား​​​​ တစ်ဦး​​​​သည် ၎င်း​​​အတွက် သမီး​​​​မိန်း​​​​က​​​​လေး​​​​သာ ​​​​မွေး​​​​ဖွား​​​​​​​ပေး​​​​နိုင်သည့်​​​ ဇနီး​​​​ဖြစ်သူ​အား​​​​ ဒဏ်​​​​ငွေရိုက်ခဲ့​​​​​​ကြောင်း​​​​ သိရှိရသည်။
သမီး ​​​​​​​မွေး​​​​လာခြင်း​​​​အ​​​​ပေါ် မ​​​​ကျေမနပ် ဖြစ်​​​​နေသည့်​​​ ဘီဟာ ​​​​ဒေသခံ အမျိုး​​​​သား​​​​က ဇနီး​​​​အား​​​​ ရူ​ပီး​​​​​​​ငွေ ၂၅၀၀၀ ​​​​ပေး​​​​​​​ဆောင်ရန် ​​​​တောင်း​​​​ဆိုခဲ့​​​ရာ ​​​​ဒေသခံ အာဏာပိုင်များ​​​​က ကြား​​​​ဝင်ခဲ့​​​ရသည်။ နာဂစ်ဟု အမည်​​​​ပေး​​​​ထား​​​​​​​သော မိန်း​​​​က​​​​လေး​​​​ငယ်သည် ယခုသီတင်း​​​​ပတ် အ​​​​စောပိုင်း​​​​က ယူ​တာပရာဒက်ရှိ ရွာငယ်တစ်ခုတွင် ​​​​မွေး​​​​ဖွား​​​​ခဲ့​​​သည်။ ထို​​​​နေ့​​​သည် ကမ္ဘာ့​​​လူ​ဦး​​​​​​​ရေ သန်း​​​​ ၇၀၀၀ ပြည့်​​​ အထိမ်း​​​​အမှတ်​​​​နေ့​​​လည်း​​​​ဖြစ်သည်။ သမီး​​​​ငယ် ​​​​မွေး​​​​ဖွား​​​​လာ​​​​သော်လည်း​​​​ မွတ်ဆလင် ဘာသာဝင် ဖခင်ဖြစ်သူ​ မိုဟာမက် မန်ဇူ​အာမှာ အလွန် ​​​​ဒေါသထွက်ခဲ့​​​ပြီး​​​​ သား​​​​မ​​​​မွေး​​​​​​​ပေး​​​​နိုင်သည့်​​​ အသက် ၃၀ အရွယ် ဇနီး​​​​သည် ရှာနက်ဇ်အား​​​​ ဒဏ်​​​​ငွေ​​​​ပေး​​​​​​​ဆောင်ရန် ​​​​တောင်း​​​​ဆိုခဲ့​​​သည်။
ထိုကိစ္စသည် အကျယ်အကျယ် မငြိမ်း​​​​ဖွယ် ဖြစ်လာခဲ့​​​ပြီး​​​​​​​နောက် တာဝန်ရှိသူ​များ​​​​က မိုဟာမက်၏ ​​​​တောင်း​​​​ဆိုမှုကို ဝင်​​​​ရောက် တား​​​​ဆီး​​​​ခဲ့​​​ရသည်။ ထို့​​​​​​နောက် ဇနီး​​​​ဖြစ်သူ​က ခင်ပွန်း​​​​နှင့်​​​ မ​​​​ပေါင်း​​​​လို​​​​ကြောင်း​​​​ ​​​​တောင်း​​​​ဆိုခဲ့​​​​​​သော်လည်း​​​​ ​​​​နောက်ပိုင်း​​​​တွင် ဝင်​​​​ရောက်ညှိနှိုင်း​​​​​​​ပေး​​​​မှုများ​​​​​​​ကြောင့်​​​ ၎င်း​​​တို့​​​နှစ်ဦး​​​​ ပြန်လည် ​​​​ပြေလည်သွား​​​​​​​ကြောင်း​​​​လည်း​​​​ သိရှိရသည်။


သဝန်တို အချစ်ကြီးသည့် ထိုင်ဝမ်အမျိုးသမီး ခင်ပွန်း၏လိင်အင်္ဂါအား ကတ်ကြေးဖြင့်ဖြတ်တောက်ပစ်

alt
ဖြတ်မယ်ညပ်မယ် ကတ်ကြေးနဲ့ © dailymail
ထိုင်ဝမ်မှ အမျိုးသမီး တစ်ဦးသည် ခင်ပွန်းဖြစ်သူအား အခြားသော အမျိုးသမီး တစ်ဦးနှင့် ဖောက်ပြန်နေကြောင်း စွပ်စွဲကာ လိင်အင်္ဂင်္ါကို ကတ်ကြေးဖြင့် ဖြတ်တောက်ပစ်ခဲ့ကြောင်း သိရှိရသည်။
အသက် ၃၀ အရွယ် အမျိုးသမီးက ခင်ပွန်းဖြစ်သူသည် သစ္စာမရှိသလို သူမအပေါ်တွင်လည်း ကိုယ်ထိလက်ရောက် စော်ကားရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။
ထိုင်ပေမြို့ တောင်ဘက်ရှိ တိုင်နန်းတွင်ရှိသော နေအိမ်တွင် သူမသည် ခင်ပွန်းအား ဒဏ်ခတ်ရန် ဆုံးဖြတ်ခဲ့ပြီး ယခုလို စီရင်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း ရဲများက ပြောကြားသွားသည်။ ပန်ဟုသာ အအမည်ဖော်ပြသော ဗီယက်နမ်ဖွား အမျိုးသမီးသည် ခင်ပွန်းအား အိပ်ဆေးများ ညာတိုက်ပြီးနောက် ၎င်းအိပ်ပျော်နေချိန်တွင် ယခုကဲ့သို့ ရက်စက်စွာ ပြုမူခဲ့ခြင်းဟု သိရသည်။
သူမသည် ဆေးဝါးများကြောင့် ထိုင်းမှိုင်းနေသည့် ခင်ပွန်းဖြစ်သူ၏ လိင်အင်္ဂါကို အနီးရှိ မြစ်ထဲသို့ လွှင့်ပစ်ခဲ့ကြာင်းလည်း ပြောကြားသွားသည်။ ထိုင်ဝမ် ရဲတပ်ဖွဲ့က ယခုအခါ သူမအား အကြမ်းဖက် တိုက်ခိုက်မှုဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။ 

က​​လေး​​များ​​၏မဖွယ်မရာပုံများ​​ကို လျှို့​​ဝှက်ဗီဒီယိုရိုက်သည့်​​ မူ​ကြို​​ကျောင်း​​အုပ်အား​​ ​​ထောင်ဒဏ် နှစ် ၃၀ ချမှတ်


alt
က​​လေး​​များ​​၏မဖွယ်မရာပုံများ​​ကို လျှို့​​ဝှက်ဗီဒီယိုရိုက်သည့်​​ မူ​ကြို​​ကျောင်း​​အုပ် © dailymail
က​​လေး​​များ​​၏ မဖွယ်မရာ ပုံရိပ်များ​​ကို လျှို့​​ဝှက်စွာ ဗီဒီယို ရိုက်ထား​​သည့်​​ မူ​ကြို​​ကျောင်း​​အုပ်​​ဟောင်း​​ တစ်ဦး​​ကို ​​ထောင်ဒဏ် နှစ်​​ပေါင်း​​ ၃၀ ချမှတ်လိုက်​​ကြောင်း​​ သိရှိရသည်။ ၎င်း​သည် ​​ယောက်ျား​​​လေး​​ငယ် တစ်ဒါဇင်ခန့်​​၏ ​​ရေချိုး​​ခန်း​​အတွင်း​​ ရှိ​​နေ​​သော ပုံများ​​ကို ခိုး​​ဝှက်ရိုက်ယူ​ထား​​ခဲ့​​သည်။
အ​​မေရိကန်၏ ပြည်နယ်ဆိုင်ရာ တရား​​သူ​ကြီး​​ လင်ဒါရီဒီက ဆီဂီ​​ဗေး​​မှ ​​ကျောင်း​​အုပ်​​ဟောင်း​​ ​​ရောဘတ်ဘရုကီကို ​​ထောင်ဒဏ် နှစ်​​ပေါင်း​​ ၃၀ ချမှတ်​​ကြောင်း​​ အတည်ပြု ​​ပြောကြား​​ခဲ့​​သည်။ အသက် ၄၃ နှစ်ရှိ ဘရုကီသည် က​​လေး​​သူ​ငယ် လိင်မှုပုံရိပ်များ​​ တရား​​မဝင် ခိုး​​၍ ရိုက်ထား​​မှုဖြင့်​​ ဩဂုတ်လက စွဲချက်တင်ခံရသည်။ ၎င်း​သည် က​​လေး​​များ​​၏ မဖွယ်မရာပုံ ၃၂၀၀၀ ​​ကျော်နှင့်​​ ဗီဒီယို ၁၂၀၀၀ ​​ကျော်ကိုလည်း​​ စု​​ဆောင်း​​ထား​​​ကြောင်း​​ FBI​​ အေး​​ဂျင့်​​များ​​က ဆိုသည်။
ဘရုကီသည် ၎င်း​၏​​ကျောင်း​​မှ ​​ကျောင်း​​သား​​ငယ်များ​​ကို ​​ချောင်း​​​မြောင်း​​ရိုက်ကူး​​ထား​​ခြင်း​​ဖြစ်သည်။ ၎င်း​သည် ​​ကျောင်း​​​ရေချိုး​​ခန်း​​ထဲတွင် ကင်မရာများ​​ ခိုး​​ဝှက်တပ်ဆင်ထား​​ကာ ဗီဒီယိုများ​​ ရိုက်ယူ​ပြီး​​ စုစည်း​​ထား​​ခြင်း​​ဟု သိရှိရသည်။

အ​​မေရိကန်တွင် တ​​စ္ဆေသရဲများ​​ လိင်ဆက်ဆံ​​နေသည့်​​ ဓာတ်ပုံထွက်​​ပေါ်

alt
အ​​မေရိကန်တွင် တ​​စ္ဆေသရဲများ​​ လိင်ဆက်ဆံ​​နေသည့်​​ ဓာတ်ပုံ © dailymail
အ​​မေရိကန်တွင် တ​​စ္ဆေသရဲများ​​ လိင်ဆက်ဆံ​​နေသည်ဟု ယူဆရသည့်​​ ထူး​​ခြား​​​သော ဓာတ်ပုံတစ်ပုံကို ရိုက်ယူမိခဲ့​​​ကြောင်း​​ သိရှိရသည်။ အိုဟိုင်အိုတွင် ​​နေထိုင်​​သော ဒိုင်ယာနီ ကာလက်စလီက သူမ၏ ​​မြေး​​မ​​လေး​​ ရိုက်ယူခဲ့​​​သော ဓာတ်ပုံတစ်ခုတွင် အိမ်​​ရှေ့​​ ဧည့်​​ခန်း​​အတွင်း​​ အချစ်ပလူး​​​နေသည်ဟု ယူဆရသည့်​​ အရိပ်များ​​၏ ဓာတ်ပုံကို ​​တွေ့​​ရှိခဲ့​​ရသည်။
“သူတို့​​ ဘာလုပ်​​နေတယ်ဆိုတာကို ​​တွေ့​​နိုင်ပါတယ်။ အမျိုး​​သမီး​​က ​​ဒေါက်မြင့်​​ဖိနပ် စီး​​ထား​​တာ​​တောင် မြင်ရပါတယ်”ဟု ဒိုင်ယာနီက ဆိုသည်။ အမျိုး​​သမီး​​တစ်ဦး​​၏ ​​ခြေ​​ထောက်နှင့်​​ အမျိုး​​သား​​ တစ်ဦး​​၏ ခန္ဓာကိုယ် ​​အောက်ပိုင်း​​တို့​​၏ အရိပ်များ​​ ပါရှိ​​သော ဓာတ်ပုံကို ၄ နှစ်သမီး​​​လေး​​က ရိုက်ကူး​​ခဲ့​​မိခြင်း​​ဖြစ်သည်။ မိမိအ​​နေနှင့်​​ တ​​စ္ဆေသရဲများ​​ ရှိခြင်း​​ကို ယုံကြည်​​သော်လည်း​​ ၎င်း​တို့​​အ​​နေနှင့်​​ ခံစား​​ချက်ရှိသည်၊​ လိင်ဆက်ဆံမှု ရှိသည်ကို မသိခဲ့​​​ကြောင်း​​လည်း​​ ဆိုသည်။ သူမပြသ​​သော ဓာတ်ပုံနှင့်​​ ပတ်သက်ပြီး​​ တိတိကျကျ အ​​ဖြေထုတ်နိုင်မှု မရှိ​​သေး​​​ချေ။
က ​​လေး​​ ၃ ဦး​​၏ မိခင်ဖြစ်​​သော ဒိုင်ယာနီကမူ ဓာတ်ပုံနှင့်​​ ပတ်သက်၍ သူမ၏ ထင်မြင်ယူဆမှု ​​ကောက်ချက်သည် ​​သေချာ​​ပေါက် အမှန်ဖြစ်​​ကြောင်း​​ အခိုင်အမာ ​​ပြောဆိုလျက်ရှိသည်။

အပြာရုပ်ရှင်မင်း​​သမီး​​များ​​မှာ ပြည့်​​​တန်ဆာများ​​ မဟုတ်​​ကြောင်း​​ အိန္ဒိယအပြာမင်း​​သမီး​​​ပြော


alt
နာမည်​​ကျော် အပြာမင်း​​သမီး​​ ဆန်နီလီယွန်နီ © dailymail
မိမိတို့​​​ အပြာရုပ်ရှင် မင်း​​သမီး​​များ​​သည် ပြည့်​​​တန်ဆာများ​​ မဟုတ်​​ကြောင်း​​ နာမည်​​ကျော် အပြာမင်း​​သမီး​​ တစ်ဦး​​ဖြစ်သည့်​​​ ဆန်နီလီယွန်နီက ​​ပြောကြား​​လိုက်သည်။ ဆန်နီသည် အိန္ဒိယ မိဘနှစ်ပါး​​မှ ​​မွေး​​ဖွား​​ခဲ့​​​ပြီး​​ အ​​မေရိကန်တွင် အပြာမင်း​​သမီး​​ တစ်ဦး​​အဖြစ် ထင်ရှား​​လာခဲ့​​​သည်။
သူ​မက ​​ငွေ​​ကြေး​​​ကြောင့်​​​ အပြာရုပ်ရှင်မင်း​​သမီး​​တစ်ဦး​​ ဖြစ်လာ​​ကြောင်း​​ ဝန်ခံခဲ့​​​​သော်လည်း​​ အခြား​​​သော ပြည့်​​​တန်ဆာဆန်ဆန် ကမ်း​​လှမ်း​​မှုများ​​ကို လက်မခံခဲ့​​​​ကြောင်း​​ ရှင်း​​ပြခဲ့​​​သည်။ “အိန္ဒိယမှာ​​တော့​​​ အပြာရုပ်ရှင်​​တွေအတွက် ရိုက်ကူး​​​ပေး​​တဲ့​​​ ​​ဖျော်​​ဖြေ​​ရေး​​ လုပ်ငန်း​​မျိုး​​ မရှိ​​လောက်ပါဘူး​​။ အဲဒီက လူ​​​တွေက ဒီလုပ်ငန်း​​အ​​ကြောင်း​​ကို​​တောင် ​​သေချာ သိမှာ မဟုတ်ပါဘူး​​။ ကျွန်မအ​​နေနဲ့​​​ ဒီလုပ်ငန်း​​မှာ ပါဝင်ခဲ့​​​တဲ့​​​​နောက်ပိုင်း​​ ကျွန်မရဲ့​​​ ရုပ်ရှင်​​တွေကို Onlineမှာ ​​ရောင်း​​ချတဲ့​​​အခါမှာပါ ​​ဝေစုရရှိပါတယ်။ ဒါဟာ စီး​​ပွား​​​ရေး​​ လုပ်ငန်း​​တစ်ခုပါ။ ပြည့်​​​တန်ဆာ အလုပ်နဲ့​​​ ကွဲပြား​​ပါတယ်။
ကျွန်မအ​​နေနဲ့​​​ ပြင်ပ​​လောကနဲ့​​​ ပတ်သက်တာ​​တွေအတွက် ချုပ်တီး​​ထား​​ရတာ​​တွေ အများ​​ကြီး​​ပါ”ဟု ​​ပြောကြား​​ခဲ့​​​သည်။ ဆန်နီသည် အိန္ဒိယ Bigg Bossအစီအစဉ်တွင် ပါဝင်ခဲ့​​​ပြီး​​​နောက် သူ​မ၏ အလုပ်အကိုင်သည် သီး​​ခြား​​ရှု​​ထောင့်​​​တစ်မျိုး​​ဖြင့်​​​ ရပ်တည်​​နေသည်ကို နား​​လည်​​စေလို


MTV ဆု​​ပေး​​ပွဲစင်မြင့်​​​ပေါ်သို့​​ အဝတ်ဗလာဖြင့်​​ ​​ပြေး​​တက်ခဲ့​​သူ


alt
MTV ဆု​​ပေး​​ပွဲစင်မြင့်​​​ပေါ်သို့​​ အဝတ်ဗလာဖြင့်​​ ​​ပြေး​​တက်ပြောဆိုနေစဉ် © dailymail
MTVဆု​​ပေး​​ပွဲ အခမ်း​​အနား​​တွင် အဝတ်မပါ ကိုယ်ဗလာဖြင့်​​ စင်​​ပေါ် ​​ပြေး​​တက်လာသူ တစ်ဦး​​​ကြောင့်​​ မင်း​​သမီး​​ ​​ဟေဒန် ပန်နက်ထရီတစ်​​ယောက် အံ့​​ဩမင်သက်ခဲ့​​ရသည်။ ဥ​​ရောပ MTVဆု​​ပေး​​ပွဲကို ပြီး​​ခဲ့​​သည့်​​ သီတင်း​​ပတ်ကုန်က ​​မြောက်အိုင်ယာလန် နိုင်ငံတွင် ပြုလုပ်ခဲ့​​သည်။ Heroes ဇာတ်ကား​​မှ မင်း​​သမီး​​သည် ဆု​​ပေး​​ပွဲအတွက်
အခမ်း ​​အနား​​မှူး​​အဖြစ် တာဝန်ယူကာ အ​​ကောင်း​​ဆုံး​​ သီချင်း​​ဆုကို ​​ကြေညာရန် ပြင်ဆင်​​နေစဉ် အမည်မသိ လူတစ်ဦး​​က စင်​​ပေါ်သို့​​ ကိုယ်တုံး​​လုံး​​ဖြင့်​​ ​​ပြေး​​တက်လာခြင်း​​ဖြစ်သည်။ ​​ဟေဒန်သည် ရုတ်တရက် အံ့​​ဩမင်သက်သွား​​ဟန် ရှိ​​သော်လည်း​​ အ​​ခြေအ​​နေကို ​​သွေး​​​အေး​​​အေး​​ ထိန်း​​သိမ်း​​ကာ တက်လာသူအား​​ နှုတ်ဆက်ပြီး​​ မိုက်ကရိုဖုန်း​​ကို ထိုး​​​ပေး​​ခဲ့​​သည်။ ထို့​​​နောက် သူမက ၎င်း​အား​​ အဘယ်​​ကြောင့်​​ ထိုသို့​​ပြုမူသည်ကို ​​မေး​​မြန်း​​ခဲ့​​ရာ ထိုသူက မိမိသည် ​​ဟေဒန်၏ ပရိသတ်တစ်ဦး​​ဖြစ်​​ကြောင်း​​ ​​ဖြေကြား​​ခဲ့​​သည်။ ထိုအခါ မင်း​​သမီး​​က ဆု​​ပေး​​ပွဲအပြီး​​တွင် ဘီယာအတူ​​သောက်ရန် ဖိတ်ကြား​​ခဲ့​​ရာ အဆိုပါ အမျိုး​​သား​​က ဝမ်း​​သာအား​​ရ လက်ခံပြီး​​ ကိုယ်တုံး​​လုံး​​ဖြင့်​​ပင် ​​ပြေး​​ဆင်း​​သွား​​ခဲ့​​သည်။ ပွဲအပြီး​​တွင် ​​ဟေဒန်နှင့်​​ ၎င်း​တို့​​ ဘီယာအတူ​​သောက်ဖြစ်၊​ မ​​သောက်ဖြစ်ဆိုသည်နှင့်​​ အဘယ်ရည်ရွယ်ချက်​​ကြောင့်​​ ထိုသို့​​ ပြုလုပ်ရခြင်း​​တို့​​ကိုမူ ရှင်း​​ရှင်း​​လင်း​​လင်း​​ မသိရ​​သေး​​​ချေ။

ဂြိုဟ်တုစလောင်းခေါင်းဆောင်းဖက်ရှင်နှင့် အဆန်းထွင်လိုက်ပြန်တဲ့ လေဒီဂါဂါ

အသားစိမ်းဝတ်စုံ၊ ကွန်ဒုံးဝတ်စုံ စသည်တို့ကြောင့် ကမ္ဘာကျော် ဖက်ရှင် icon တစ်ဦးအဖြစ် မှတ်ယူခြင်း ခံခဲ့ရသော ဂါဂါသည် ယခုအခါ ဂြိုဟ်တုစလောင်းကိုပါ ခေါင်းဆောင်းအဖြစ် ပြောင်းလိုက်ပြီဖြစ်

 
ဂြိုဟ်တုစလောင်းခေါင်းဆောင်းဖက်ရှင်နှင့် အဆန်းထွင်လိုက်ပြန်တဲ့ လေဒီဂါဂါ
ထူးထူးဆန်းဆန်း ဖက်ရှင်များကိုမှ ရွေးချယ်ဝတ်ဆင်တတ်သူ လေဒီဂါဂါတစ်ယောက် နောက်တစ်ကြိမ် အဆန်းထွင်လိုက်ပြန်ပြီဖြစ်သည်။ အသားစိမ်းဝတ်စုံ၊ ကွန်ဒုံးဝတ်စုံ စသည်တို့ကြောင့် ကမ္ဘာကျော် ဖက်ရှင် icon တစ်ဦးအဖြစ် မှတ်ယူခြင်း ခံခဲ့ရသော ဂါဂါသည် ယခုအခါ ဂြိုဟ်တုစလောင်းကိုပါ ခေါင်းဆောင်းအဖြစ် ပြောင်းလိုက်ပြီဖြစ်သည်။

lady gaga

သူမ၏ မျက်နှာဖုံး တစ်ဖြစ်လဲ ဦးထုပ်ကို Marry The Night in Harlem သီချင်းဗီဒီယို ရိုက်ကူးရာတွှု ၀တ်ဆင်ထားခဲ့သည်။ နယူးယော့ခ် ရိုက်ကွင်းတွင် ပြောင်ပြောင်လက်လက် အပြားကြီးအား မျက်လုံးအပေါက်ဖောက်ပြီး ၀တ်ဆင်ထားသည့် ဂါဂါကို တွေ့ရသည်မှာ တစ်မျိုး အမြင်ဆန်းလျက်ရှိသည်။ အသက်(၂၅)နှစ်ရှိ နာမည်ကျော် Popဂီတ အဆိုတော်သည် အနီရောင်ဝတ်စုံနှင့် တွဲဖက်ပြီး ယင်းအပြားကြီးအား ၀တ်ဆင်ခဲ့ခြင်းဖြစ်သည်။

lady gaga

သူမ၏ ကိုယ်ကျပ်ဝတ်စုံကို ၀တ်ဆင်နိုင်ရန်အတွက် သူမ၏ ၀န်ထမ်းများကပါ ၀ိုင်းကူညီခဲ့ရသေးသည်။ This Wayစတား အဆိုတော်သည် ယင်းဝတ်စုံနှင့် ခေါင်းဆောင်းပြားကြီးကြောင့် အတန်ငယ် ပူလောင် အိုက်စပ်နေဟန် ရှိကြောင်းလည်း သိရှိရသည်။

ကြက်ဥ ၁ဝဝဝ ကို ဦးထုပ်လုပ်ဝတ်ကာကမ္ဘာ့စံချိန်တင

ဂရက်ဒါဆေးလ်ဗားဆိုသူသည် ဂျာမနီတွင်နေထိုင်စဉ် ကြက်ဥ ၁ဝဝဝ ကိုဦးထုပ်လုပ်ဝတ်ကာ ကမ္ဘာ့စံချိန်ချိုးခဲ့ကြောင်း emtro သတင်းဌာနက စက်တင်ဘာလ ၂ဝ ရက်နေ့တွင် ဖော်ပြသည်။ ဒါဆေးလ်ဗားသည် ဟယ်လီမြို့၌နေထိုင်စဉ် အပူဒဏ်ကြောင့် သတိလစ်ခြင်းကို ခံစားရသောကြောင့် ဟက်ဘွိုင်ကြက်ဥများဖြင့် ဦးထုပ်ပြုလုပ်ကာ ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။ သူသည် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းလာသောကြက်ဥ ၁ဝဝဝ ကို ဦးထုပ်လုပ်ဝတ်ကာကမ္ဘာ့စံချိန်တင်အခါ သူ၏ဦးထုပ်မှာ ခိုးယူခံရပြီး ပျောက်ဆုံးသွားခဲ့သည်။ သူသည် အနောက်အာဖရိကရှိ ဘီနင်၌ နေထိုင်သူဖြစ်ပြီး သူ၏ဒေသ၌ အလွန်ပူပြင်းပြီး စိုထိုင်းဆ များပြားလွန်းကြောင်း ပြောကြားခဲ့သည်။သူ၏ဦးထုပ်ကို ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်းအဖွဲ့သို့ တင်သွင်းခဲ့ရာ ကြက်ဥ အများဆုံးနှင့် လုပ်ထားသော ဦးထုပ်အဖြစ်၂ဝ၁၁ စံချိန်မှတ်တမ်း၌ ပါဝင်လာကြောင်းသိရသည်။


--
နောက်ထပ် သတင်းများအတွက် : http://groups.google.com/group/mayanmardailymail/subscribe


With Best Regards,

မီးပြတိုက်
http://www.mee-pya-tite.com/

2 comments:

ခေတ်လူ(ပျဉ်းမနား) said...

အားလုံးစိတ်ဝင်းစားစရာကောင်းတယ်။
ဖတ်၊ကြည့်ရှု့ခွင့်ရခဲ့တာ ကျေးဇူးတင်ပါတယ်ခင်မျာ။

Unknown said...
This comment has been removed by the author.

Post a Comment