အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Saturday 23 April 2011

Facebook ကို အသုံး​ချကာ က​လေး​ငယ်များ​အား​ လိင်​ပိုင်း​​ဆိုင်ရာ ကျူး​လွန်​​နေသည့်​​ဂိုဏ်း





Nokia မှ 3D မြင်ကွင်းဖြင့် ကြည့်ရှုနိုင်မည့် မြေပုံထုတ်လုပ်
Thursday, April 21, 2011
Share |

Nokia launches Ovi Maps 3D beta

Nokia launches Ovi Maps 3D beta

သင့်အနေဖြင့် အင်တာနက်မှတဆင့် မြေပုံများကိုကြည့်ရှုလိုသည်ဆိုလျှင် ယခုအခါ Nokia မှ Ovi Maps 3D beta ကိုထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ software ဟာ ကမ0x081ဘာပေါ်ရှိ နိုင်ငံအများစု၊ မြို့တော်အများစုအား 3D မြင်ကွင်းများဖြင့်ကြည့်ရှုသွားနိုင်မှာဖြစ်ပြီး မိမိစိတ်ကြိုက် ပုံများကို zoom in၊ zoom out ပြုလုပ်နိုင်သွားမှာဖြစ်ပါတယ်။

Ovi Maps အား Nokia ၏မည်သည့်မိုဘိုင်းလ်ဖုန်းနှင့် web browser တွင်မဆိုအသုံးပြုသွားနိုင်မှာဖြစ်ပြီး မိုဘိုင်းလ်တွင်အသုံးပြုမည်ဆိုပါက နိုင်ငံပေါင်း ၁၈၀နိုင်ငံအား ကြည့်ရှုနိုင်သွားမှာဖြစ်ကာ နိုင်ငံပေါင်း ၁၀၀ ကိုတော့ 3D မြင်ကွင်းရရှိမှာဖြစ်ပါတယ်။ web browser များတွင်ကြည့်ရှုမည်ဆိုပါက နိုင်ငံပေါင်း ၁၈၀ အားကြည့်ရှုသွားနိုင်မှာဖြစ်ပြီး နိုင်ငံပေါင်း ၉၃ နိုင်ငံကိုတော့ 3D ဖြင့်ကြည့်ရှုနိုင်သွားမှာဖြစ်ပါတယ်။

Ovi Maps မှာ ယခုအချိန်တွင် beta version သာရှိနေသေးပြီး စမ်းသပ်အသုံးပြုချင်ပါက ဤနေရာတွင် ဝင်ရောက်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။


ကမ္ဘာ့​​​ပထမဆုံး​ အင်တာနက်သုံး​​​​​မော်​တော်ကား​ မိတ်ဆက်​​​ပြသ


alt
ကမ္ဘာ့​​​ပထမဆုံး​ အင်တာနက်သုံး​​​​​​မော်​တော်ကား​​​အတွင်း​ပိုင်း​​မြင်ကွင်း © dailymail
ကမ္ဘာ့ ​​​ပထမဆုံး​ အင်တာနက်​သုံး​ ​မော်​တော်ကား​ဟု တင်စား​​နိုင်သည့်​ ကား​သစ်​တစ်စင်း​ကို ဆွစ်ဇာလန်​နိုင်ငံ၊​ ဂျီနီဗာ ​မော်​တော်ယာဉ် ပြပွဲတွင် မိတ်ဆက်​ပြသလိုက်သည်။ Rinspeed Bamboo ဟု အမည်​​ပေး​ထား​သော ကား​ပေါ်တွင် လိုက်ပါလာ​သော ယာဉ်​မောင်း​သည် ၎င်း၏ စမတ်ဖုန်း​ (သို့​မဟုတ်) iPad ကွန်ပျူတာကို ​မော်​တော်ယာဉ်နှင့်
ချိတ်ဆက် ​ပေး​ထား​​​​​လိုက်ရုံဖြင့်​ email များ​၊​ Facebook နှင့်​ Twitter တို့​မှ Update Message များ​ကို ​မော်​တော်ယာဉ်က အသံထွက် ဖတ်ပြ​နေမည်ဟု သိရသည်။ လျှပ်စစ်စွမ်း​အင်သုံး​ ​မော်​တော်ကား​​ကို ပုံစံ​​​​ထုတ်ခဲ့​သည့်​ ဒီဇိုင်နာ ဟာမန်က အင်တာနက်နှင့်​ တိုက်ရိုက်​ချိတ်ဆက်သည့်​ နည်း​ပညာ​သုံး​ အဆိုပါကား​များ​ကို ၁၈ လ​​အတွင်း​ ​ရောင်း​ချသွား​နိုင်မည်ဟု ​မျှော်လင့်​ကြောင်း​ ​ပြောကြား​​​​ခဲ့​သည်။ ယာဉ်​မောင်း​​သည် Message များ​၊​ Update သတင်း​များ​ကို ဖတ်ပြ​ရန် ​မော်​တော်ယာဉ်အား​ အသံဖြင့်​ ခိုင်း​စေ​​ထိန်း​ချုပ်နိုင်မည်ဟုဆိုသည်။
ကား ​အတွင်း​ WiFi စနစ်​​ကို​လည်း​ တပ်ဆင်​ထား​မည်​ဖြစ်ရာ လိုက်ပါ​လာ​သော ခရီး​သည်များ​​သည် Laptop နှင့်​ မိုဘိုင်း​​ကိရိယာများ​ကို အသုံး​ပြုပြီး​ အင်တာနက် သုံး​စွဲနိုင်မည်ဟုလည်း​ သိရသည်။ ထို့​အပြင် ဒီဂျစ်တယ် ​ရေဒီယို ထုတ်လွှင့်​ရုံများ​နှင့်​လည်း​ ချိတ်ဆက်မှုများ​ ပြုလုပ်​နိုင်မည်​ဖြစ်သည်။ ယခု​ကား​ကို အသုံး​ပြုခြင်း​ဖြင့်​ ယာဉ်​မောင်း​သူသည် ကား​ရှေ့​မှန်မှ မျက်စိမခွာဘဲ စကား​ပြောရုံဖြင့်​ အင်တာနက်ကို တိုက်ရိုက်​သုံး​စွဲနိုင်မည်​ဖြစ်​ကြောင်း​ သတင်း​များ​က ​ဖော်ပြသွား​သည်။


တရုတ်​နိုင်ငံမှ ဂိမ်း​​​ဝါသနာ​အိုး​ သုံး​ရက်​​ဆက်တိုက် ဂိမ်း​​​ကစား​​ပြီး​နောက် ​သေဆုံး


alt
တရုတ်​နိုင်ငံမှ ဂိမ်း​​​​ဝါသနာ​​အိုး​များ © dailymail
တရုတ်နိုင်ငံမှ ဂိမ်း​ဝါသနာအိုး​ တစ်ဦး​သည် သုံး​ရက်ဆက်တိုက် အင်တာနက် ဂိမ်း​များ​ကို စွဲစွဲလန်း​လန်း​ ကစား​ရာမှ ​သေဆုံး​သွား​ကြောင်း​ သိရသည်။ အသက် ၃၀ ​ကျော် အရွယ်ရှိ အမည်မ​ဖော်ပြ​သော ပုဂ္ဂိုလ်သည် အစား​အ​သောက်ကိုပင် အလွန်နည်း​ပါး​စွာ စား​သောက်ပြီး​ ကွန်ပျူတာ​ရှေ့​မှ သုံး​ရက်လုံး​ လုံး​ဝနီး​ပါး​ မထဘဲ ဂိမ်း​ကစား​ခဲ့​ခြင်း​ဖြစ်သည်။ 
ဖေ ​ဖော်ဝါရီလ ၂၁ ရက်​နေ့​ကမူ ၎င်းသည် ရုတ်တရက် လဲကျပြီး​ ကိုမာဝင်ကာ အသိမဲ့​ ​မေ့​မြောသွား​ခဲ့​သည်။ ပြီး​ခဲ့​သည့်​ တစ်လအတွင်း​ ယွမ်​ငွေ တစ်​သောင်း​ဖိုး​မျှ အင်တာနက်ဂိမ်း​ ကစား​ရန် သုံး​စွဲခဲ့​သော ထိုသူကို နီး​စပ်ရာ ​ဆေး​ခန်း​သို့​ ပို့​ဆောင်ခဲ့​သော်လည်း​ မကြာမီ ​သေဆုံး​သွား​ခဲ့​သည်။ ၎င်းဂိမ်း​ကစား​သည့်​ အင်တာနက်က​ဖေး​မှ ကွန်ပျူတာများ​ကို ဖယ်ရှား​ကာ ရဲများ​က စစ်​ဆေး​ခဲ့​သော်လည်း​ လုပ်ကြံသတ်ဖြတ်မှု သဲလွန်စမျိုး​ မ​တွေ့​ရ​သော​ကြောင့်​ တစ်စုံတစ်ဦး​ ပ​ယောဂ မပါဘဲ ​သေဆုံး​ခြင်း​အဖြစ် အတည်ပြုခဲ့​သည်။
ယခုဖြစ်ရပ်က တရုတ်နိုင်ငံတွင် အင်တာနက်စွဲလန်း​သူ အ​ရေအတွက် ထိုး​တက်လာခြင်း​ကြောင့်​ စိုး​ရိမ်ပူပန်မှုများ​ကို ပိုမိုမြင့်​တက်လာ​စေသည်။ စစ်တမ်း​များ​အရ တရုတ်နိုင်ငံတွင် အင်တာနက် စွဲ​နေသူ သန်း​ ၃၀ ​ကျော်ရှိ​ကြောင်း​ သိရသည်။ တရုတ်တွင် အင်တာနက် သုံး​စွဲသူ စုစု​ပေါင်း​ သန်း​ ၄၅၀ ​ကျော်မျှရှိပြီး​ အင်တာနက်ဂိမ်း​များ​ ​ဆော့​ကစား​ခြင်း​သည် အလွန်​ပေါ်ပြူလာဖြစ်​သော ကိစ္စတစ်ခုဟုလည်း​ တရုတ်သတင်း​ဌာနများ​က ​ဖော်ပြခဲ့​သည်။


ညဉ့်​​နက်ချိန်​​အထိ Online ဂိမ်း​​​​​ကစား​ခြင်း​​ကို ဗီယက်နမ်​​​အစိုး​ရ တား​မြစ်ရန်​​​​စီစဉ်


alt
ဗီယက်နမ်​​​​မှ​ဂိမ်း​ကစားရာနေရာတစ်ခု © dailymail
ဗီယက်နမ် အစိုး​ရက နိုင်ငံ​အတွင်း​ Online ဂိမ်း​များ​ ညဖက်​အချိန်လွန်သည်​အထိ ကစား​နေခြင်း​ကို တား​မြစ်ရန် စီစဉ်​​နေ​ကြောင်း​ သိရသည်။ ပုံမှန်​အား​ဖြင့်​ အလုပ်ခွင်မှ အိမ်အပြန် ညအချိန်များ​တွင်သာ Online ဂိမ်း​များ​ ကစား​ရန် အဆင်​ပြေ​သော်လည်း​ ဗီယက်နမ် အစိုး​ရက နိုင်ငံအတွင်း​ရှိ အင်တာနက် ဝန်​ဆောင်မှု ​ထောက်ပံ့​သည့်​ ကုမ္ပဏီများ​အား
 နေ့​စဉ် ည ၁၀ နာရီမှ နံနက် ၈ နာရီအထိ Online ဂိမ်း​များ​ မကစား​နိုင်​အောင် ပိတ်ပင်ထား​ပေး​ရန် ​တောင်း​ဆိုလိုက်သည်။ ယင်း​သို့​ ​တောင်း​ဆိုခြင်း​မှာ Online ဂိမ်း​များ​ စွဲမြဲစွာ ကစား​ခြင်း​ကြောင့်​ ဗီယက်နမ် လူငယ်ပိုင်း​တွင် ​ဘေး​ထွက်ဆိုး​ကျိုး​ သက်​ရောက်မှုများ​ ရှိလာမည်ကို စိုး​ရိမ်​သော​ကြောင့်​ဟုဆိုသည်။
ဗီယက်နမ်တွင် စုစု​ပေါင်း​ လူဦး​ရေ၏ ၂၆ ရာခိုင်နှုန်း​ ဝန်း​ကျင်မျှနှင့်​ ညီမျှသည့်​ လူ​ပေါင်း​ ၂၃ သန်း​ကျော်မှာ ပုံမှန်အင်တာနက် သုံး​စွဲလျက်ရှိသည်။ ထို့​ကြောင့်​ အစိုး​ရ၏ ကြံစည်မှု အထ​မြောက်သွား​ပါက အင်တာနက် သုံး​စွဲသူ ​မြောက်မြား​စွာကို သက်​ရောက်​​ထိခိုက်ဖွယ် ရှိ​နေသည်။ အင်တာနက် ဝန်​ဆောင်မှု ​ထောက်ပံ့​သည့်​ ကုမ္ပဏီများ​သည် ယင်း​သတ်မှတ်ထား​သည့်​ လိုင်း​ဖြတ်​တောက်မှုအတွက် မတ်လ ၃ ရက်​နေ့​မတိုင်မီ ​ဆောင်ရွက်​ရမည်ဟု ဗီယက်နမ် သတင်း​အချက်အလက်နှင့်​ ဆက်သွယ်​ရေး​ ဝန်ကြီး​ဌာနက ​ကြေညာ​ခဲ့​သည်။
ဗီယက်နမ် အစိုး​ရသည် ညပိုင်း​တွင် Online ဂိမ်း​များ​ ​ဆော့​ကစား​ရင်း​ ရန်ဖြစ်​​ထိုး​ကြိတ်မှုများ​ ထူထပ်​လာခြင်း​ကြောင့်​လည်း​ ညသန်း​ခေါင်ယံ အချိန်တွင် အင်တာနက် မြန်နှုန်း​များ​ ​လျှော့​ချရန် အမိန့်​ကို စက်တင်ဘာလက ထုတ်ပြန်ခဲ့​သေး​ကြောင်း​ သိရှိ​ရသည်။

Facebook ကို အသုံး​ချကာ က​လေး​ငယ်များ​အား​ လိင်​ပိုင်း​​ဆိုင်ရာ ကျူး​လွန်​​နေသည့်​​ဂိုဏ်း


altဗြိတိန်ရဲ​အဖွဲ့ သတင်းစာရှင်းလင်းပွဲ​ကျင်းပစဉ် © dailymail
Facebook ကို ​ထောင်​ချောက်အဖြစ် အသုံး​ပြုကာ က​လေး​များ​ကို ပစ်မှတ်ထား​နေသည့်​ လိင်ပိုင်း​ဆိုင်ရာ ကျူး​လွန်မှုများ​ ပြု​နေသည့်​ ဂိုဏ်း​တစ်ခု ဗြိတိန်တွင် ရှိ​နေ​ကြောင်း​ သိရသည်။ ယင်း​တို့​သည် အသက် ၁၂ နှစ်နှင့်​ ၁၅ နှစ်ကြား​ အရွယ်များ​ကို အဓိက ဦး​တည်​လေ့​ရှိ​ကြောင်း​ ဗြိတိန်ရဲများ​ကဆိုသည်။
Daily Mail သတင်း​စာက ယင်း​အဖွဲ့​သည် Facebookမှတဆင့်​ ၎င်းတို့​၏ သား​ကောင်များ​ကို ချဉ်း​ ကပ်ကာ ခင်မင်မှု ရယူပြီး​နောက် ယင်း​တို့​၏ အိမ်များ​သို့​ သွား​ရောက်လည်ပတ်ကာ က​လေး​များ​ကို အရက်​သေစာနှင့်​ မူး​ယစ်​ဆေး​ဝါး​များ​ တိုက်​ကျွေး​လေ့​ရှိသည်။ ထို့​နောက် က​လေး​များ​ကို လိင်ပိုင်း​ဆိုင်ရာ ​ စော်ကား​မှုများ​၊​ မုဒိမ်း​ကျင့်​မှုများ​ ပြုလုပ်​လေ့​ရှိ​ကြောင်း​ သိရသည်။ ယခုအခါ ရဲများ​သည် ဗြိတိန်ရှိ ​ကျောင်း​သား​မိဘ ၁၆ဝဝဝ ​ကျော်တို့​အား​ ယင်း​ကာမမုဆိုး​ဂိုဏ်း​အ​ကြောင်း​ သတိ​ပေး​ email များ​ ​ပေး​ပို့​ ထား​သည်။ ရဲများ​က အနည်း​ဆုံး​ ​ကျောင်း​သား​အရွယ် ၂၀ မှာ ယင်း​ဂိုဏ်း​၏ သား​ကောင်ဘဝ ​ရောက်ခဲ့​ပြီး​ ခန့်​မှန်း​ပမာဏသည် ၅၀ ဝန်း​ကျင်ထိလည်း​ ​ရောက်ရှိလာနိုင်​ကြောင်း​လည်း​ ​ပြောကြား​ထား​သည်။
အသက် ၁၃ နှစ်အရွယ် မိန်း​က​လေး​ တစ်ဦး​၏ မိခင်က သူမ၏ သမီး​ကို Facebook မှ လူစိမ်း​များ​ကို မိမိ၏ ​နေရပ်အား​ လုံး​ဝမ​ပြောရန် မှာထား​ကြောင်း​ ​ပြောဆိုခဲ့​သည်။ ရဲတပ်ဖွဲ့​သည် ​တော်​ကွေး​၊​ ပီဂန်တန်နှင့်​ တိန်း​ဘရစ်တို့​ရှိ ​ကျောင်း​များ​မှ ​ကျောင်း​သား​မိဘအချို့​ထံ သတိ​ပေး​ email များ​ ​ပေး​ပို့​ခဲ့​ခြင်း​ဖြစ်သည်။ ယခုဂိုဏ်း​နှင့်​ ပတ်သက်​နေသည်ဟု ယူဆရသူ ၁၉ နှစ်အရွယ် အမျိုး​သား​ တစ်ဦး​ကိုလည်း​ ရဲများ​က ဖမ်း​ဆီး​ထား​ကြောင်း​ သတင်း​ရရှိသည်။


ဗြိတိန်​နိုင်ငံတွင် Facebook ၏ ထိုး​ဖောက်​​​​နေရာယူမှု အလွန်​​​ကျယ်ပြန့်​လာ


alt
Facebook ဝက်ဆိုက်၏ ဗြိတိန်​နိုင်ငံအတွင်း​ ထိုး​ဖောက်​နေရာယူမှုသည် အလွန်ကျယ်ပြန့်​လာ​နေပြီဖြစ်သည်။ ယခုအခါ ဗြိတိန်တွင် Facebook ပုံမှန် သုံး​စွဲသူ သန်း​ ၃၀ ထိ ရှိလာရာ နိုင်ငံလူဦး​ရေ၏ ထက်ဝက်သို့​ ​ရောက်ရှိလာ​ကြောင်း​ သိရသည်။
ယမန်နှစ် ဇူလိုင်လက ဗြိတိန်တွင် Facebook သုံး​စွဲရန် မှတ်ပုံတင်ထား​သူ ၄ သန်း​သာ ရှိခဲ့​ရာ ကာလတို​​အတွင်း​ သုံး​စွဲသူ အ​ရေအတွက် သိသာထင်ရှား​စွာ မြင့်​မား​လာခြင်း​ဖြစ်သည်။ Facebook၏ ဥ​ရောပဆိုင်ရာ ဌာနခွဲမှာ ဒုတိယ ဥက္ကဌ ဂျိုနာရှီး​က လန်ဒန်တွင် ပြုလုပ်သည့်​ ကွန်ဖရင့်​​တစ်ခုတွင် ယခု​ရလဒ်အ​ပေါ် Facebook ကုမ္ပဏီအ​နေနှင့်​ အလွန်စိတ်လှုပ်ရှား​ ​ကျေနပ်မိ​ကြောင်း​ ​ပြောကြား​သွား​သည်။ ၂၀၀၄ ခုနှစ်က မတ်ဇူကာဘက် ထူ​ထောင်ခဲ့​သော Facebook သည် ပုံမှန်သုံး​စွဲသူ သန်း​ ၅၀၀ ​ကျော် ရှိ​နေပြီဖြစ်သည်။ ယင်း​ပမာဏသည် လွန်ခဲ့​သော ရက် ၃၀ အတွင်း​ Log In ဝင်ခဲ့​သူများ​ကိုသာ ​ရေတွက်ထား​ခြင်း​ဖြစ်သည်။ ထို့​အပြင် တစ်လလျင် Facebook သုံး​စွဲချိန် မိနစ်​ပေါင်း​မှာ ဘီလျံ ၇၀၀ ​ကျော် ရှိ​နေသည်။
သုံး ​စွဲသူများ​တွင် ပျမ်း​မျှအား​ဖြင့်​ မိတ်​ဆွေ ၁၃၀ စီရှိကြပြီး​ တစ်လလျင် အနည်း​ဆုံး​ ဖန်တီး​ရေး​သား​မှု၊​ Postအသစ်တင်မှု ၉၀ ထိ ပြုလုပ်​လေ့​ ရှိကြသည်။ Facebook တွင် ဝန်ထမ်း​အင်အား​ ၂၀၀၀ ​ကျော် ရှိ​နေပြီး​ Facebook အ​ကြောင်း​ ဇာတ်လမ်း​ဆင် ရိုက်ကူး​ထား​သည့်​ The Social Network ဇာတ်ကား​သည် ​အော်စကာ ရုပ်ရှင်ထူး​ချွန်ဆုအတွက် ဆန်ခါတင်အဆင့်​ပင် သတ်မှတ်ခံခဲ့​ရ​ကြောင်း​ သိရှိရသည်။

ပါကစ္စတန်တွင် ဆိုက်ဘာ ရာဇဝတ်မှုများ တိုးပွားလာ

အစ္စလမ်မာဘက်၊ ဧပြီ ၁၂
ပါကစ္စတန်တွင် ဆိုက်ဘာ ရာဇဝတ်မှု အမျိုးအစားပေါင်းများစွာသည် လွန်ခဲ့သည့် လေးနှစ်တာ ကာလထက် ငါးဆ တိုးပွားလာလျက် ရှိသည်ဟု စုံစမ်းရေးဌာန အရာရှိများက အင်္ဂါနေ့တွင် ပြောကြားသည်။ ပါကစ္စတန်၏ အထူးစုံစမ်းရေး အေဂျင်စီ (FIA) မှ ဆိုက်ဘာ ရာဇဝတ်မှုစံနှုန်း (CCU)အရ ၂၀၀၇ တွင် ပြစ်မှု ၆၂ ခု၊ ၂၀၀၈ ခုနှစ်တွင် ၂၈၇ မှု ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် လျော့ကျသွားကြောင်း၊ သို့သော် ၂၀၁၀ တွင် ၃၁၂ မှု ကျော် ရှိလာပြီး ဆိုက်ဘာ ရာဇဝတ်မှု အမျိုးအစား များပြားလာကြောင်း စာရင်းများတွင် ဖော်ပြထားသည်။

အိုင်တီ နည်းပညာကို အပြုသဘောဆောင် အသုံးပြုရမယ့် အစား အလွဲအမှား သုံးလာကြတာများနေပါတယ်။ အများအားဖြင့် ဒီရာဇဝတ်မှုတွေက လူငယ်တွေမှာ အဖြစ်များတာ တွေ့နေရပါတယ် ဟု CCU မှ အရာရှိတစ်ဦးက ပြောကြားသည်။ ဖွံဖြိုးပြီး တိုင်းပြည်များတွင် အင်တာနက် အွန်လိုင်း အသုံးပြုမှုနှင့် ပတ်သက်၍ ပေါ်လစီ(မူဝါဒ)များ အမျိုးမျိုး ချမှတ်ထားပြီး ဖြစ်သော်လည်း ပါကစ္စတန်နိုင်ငံတွင်မူ ယင်း အွန်လိုင်း နည်းပညာအတွက် ထိန်းချုပ်ရမည့် မူဝါဒ အားနည်းလျက် ရှိနေခြင်းသည် လူငယ် မျိုးဆက်များအတွက် အန္တရာယ်ရှိနေကြောင်း ဌာနဆိုင်ရာမှ အသိပေးထားသည်။

အစ္စလာမ်မာဘက်မြို့တော် ဆင်ခြေဖုံးများတွင် ယင်း ရာဇဝတ်မှုမျိုးများ အဖြစ်များလျက်ရှိသည်ဟု ဆိုသည်။ ယင်းတို့အနက်တွင် မိသားစုတစ်စုမှ အမျိုးသမီးလေးဦး၏ မဆီလျော်သော ဓါတ်ပုံများကို ဆိုရှယ် ဝဘ်ဆိုဒ် တစ်ခုတွင် တင်ရှိထားခြင်းနှင့်ပတ်သက်၍ ရီဖတ်ဆူလ်တန်ရှီရတ်က ပုဂ္ဂလိက ကုမ္ပဏီတစ်ခုတွင် ကွန်ပျူတာကျွမ်းကျင် တစ်ဦးဖြစ်သော နိုမန်အာဆစ်ကို တရားစွဲဆိုထားသည်။ အလားတူ လိုင်စင်မဲ့ VoIP ( Voice over Internet Protocols ) အသုံးပြုမှုနှင့် ပတ်သက်၍ Syed Umair နှင့် Frahan Shah ကို ရုံးတင် စစ်ဆေးလျက်ရှိနေသည်ဟု သိရသည်။ FIA ကို အီလက်ထရောနစ်ပြစ်မှုဆိုင်ရာ ကာကွယ်ရေး ဥပဒေ ၂၀၀၇ အရ ယင်းကဲ့သို့သော ပြစ်မှုများကို စုံစမ်းစစ်ဆေးရန်နှင့် အရေးယူရန် အထူးအခွင့်အာဏာ ပေးအပ်ထားသော်လည်း ဆိုက်ဘာ ရာဇ၀တ်မှုများ တိုးပွားလျက် ရှိနေသေးသည်။

ပါကစ္စတန်ရှိ ယင်း ဆိုက်ဘာ ရာဇ၀တ်မှုများတွင် - ဆိုက်ဘာ ညစ်ညမ်းဓါတ်ပုံ၊ ဗီဒီယိုဆိုဒ်များ၊ အွန်လိုင်း လောင်းကစားမှုများ၊ တရားမဝင် သတင်းအချက်အလက် ရောင်းဝယ်ခြင်းများ၊ အသိဥာဏ်ဆိုင်ရာ ပစ္စည်း (ဆော့ဖ်ဝဲလ်၊ ဆောင်းပါး၊ စာတမ်း၊ သတင်းအချက်အလက် ခိုးယူ အသုံးပြုမှု) ပြစ်မှုများ၊ အီးမေးလ် ဖောက်ဖျက်ခြင်းများ၊ ကွန်ပျူတာ နက်ဝေါ့ခ်စနစ်တစ်ခုသို့ ဖောက်ထွင်းဝင်ရောက်မှုများ၊ ဗိုင်းရပ်စ် တိုက်ခိုက်မှုများ၊ ထရိုဂျင်တိုက်ခိုက်မှုများ၊ အင်တာနက် အသုံးပြုမှု အချိန် ခိုးယူခြင်းများ၊ ပါတ်စ်ဝတ် (လျို့ဝှက်ကုတ်) ဖောက်ဖျက်ခြင်းများ၊ ဘဏ္ဍာရေးဆိုင်ရာ ဆိုက်ဘာ ရာဇ၀တ်မှု (ATM ကဒ် ဟက်ခ်ခြင်း၊ ဘဏ်အကောင့်နံပါတ် ဖောက်ဖျက်ခြင်း) များ စသည်တို့ ပါဝင်သည်။ စာရင်းဇယားများအရ ပါကစ္စတန်တွင် ATM ကဒ် ဟက်ခ်ခြင်း၊ ဘဏ်အကောင့် ဖောက်ဖျက်ခြင်းတို့ အဖြစ်များလျက် ရှိနေသည်ဟု သိရသည်။

ရတနာပုံ ဘာသာပြန်သတင်း
Ref– Xinhua


Bios password Bypass and Reset




နောက် post တစ်ခုအနေနဲ့ ထပ်ရေးမယ်လို့ ပြောထားတဲ့ အတိုင်း ဆက်ရေးလိုက်ပါတယ်။ BIOS မှာ Password ထားရင်ကျော် ဖို့၊ Reset လုပ်ဖို့ နည်းလမ်းလေးပါ။ ဒီpost အတွက် BIOS, CMOS, နဲ့ IBM BIOS ဆိုတဲ့ အသုံးနှုန်းတွေ မြင်ရမှာပါ။ အသေးစိတ်တော့ ကျနော် မရေးနိုင်တော့ပါဘူး။ ကျော်တဲ့ နည်းပဲ ရေးမှာ မို့ပါ။ လေ့လာချင် သူတွေ အတွက် link ချိပ်ထားပေးပါတယ်။ အောက်က စာလုံးလေးတွေ မှာ click ပြီး ဖတ်ကြည့်ကြပါ။

BIOS ဆိုတာ ...
CMOS ဆိုတာ ...
BIOS နဲ့ CMOS ကွာခြားချက် ...
IBM BIOS အကြောင်း ...

စလိုက်ရအောင်ဗျာ ... ။ အစီစဉ်မကျရင်လည်း သီးခံ ဖတ်ပေးပါဗျာ။

TOSHIBA laptop နဲ့ Desktop အများစု မှာ BIOS password ကို ကျော်ဖို့ အတွက် ... Boot တတ်နေ စဉ် အတွင်း ဘယ်ဘက်မှ Shift key(left Shift) ကို နိုပ်ထားပေးပါ။


IBM BIOS မှာဆိုရင် .... Boot တက်နေစဉ် mouse ရဲ့ Buttons ၂ ခု စလုံးကို တစ်ပြိုင်ထဲ ထပ်ခါ ထပ်ခါ နိုပ်ပေးပါ။

# BIOS password ကို သုံးခါထက် ပိုပြီး မှားရိုက်မိရင် locked ဖြစ်တတ်ပါတယ်။ #

PC Locked ဖြစ်သွားရင် BIOS password ကို crack or reset လုပ်ဖို့ အောက်ပါ software လေးသုံးလို့ရပါတယ်။

CMOS password recovery tool 4.8

Jumper ကို ဖြုတ်ရင်လည်း CMOS password ကို Clear ဖြစ်စေပါတယ်။ Jumper ကတော့ Motherboard အမျိုးအစားကို လိုက်ပြီး နေရာကွဲပြားတတ်ပါတယ်။ များသောအားဖြင့် Motherboard အစွန်းက CMOS Battery နဲ့ ကပ်လျက် ဒါမှမဟုတ် Processor နဲ့ ကပ်လျက်မှာ ရှိတတ်ပါတယ်။ ရေးထားတတ်တဲ့ အမည်တွေကတော့ CLEAR - CLEAR CMOS - CLR - CLRPWD - PASSWD - PASSWORD - PWD တို့ပဲ ဖြစ်ပါတယ်။(Laptop တွေမှာဆိုရင် jumper ဟာ keyboard ရဲ့ အောက် (သို့) laptop အောက်ခြေ မှာရှိတဲ့ အကန့်လေးတွေမှာ တွေ့နိုင်ပါတယ်။)

Image Hosting by Picoodle.comImage Hosting by Picoodle.com

* ကွန်ပျူတာကို power ပိတ် plug ဖြုတ်ပြီးရင် jumper ကိုဖြုတ်ပါ။ ပြီးရင် ကွန်ပျူတာကို power ဖွင့်ပြီး ခဏထားပြီး ပြန်ပိတ်လိုက်ပါ။ ပြီးရင်တော့ jumper ကို ပြန်တပ်လိုက်ရင် password reset ဖြစ်သွားပါပြီ။ *




Image Hosting by Picoodle.com




ဗီဒီယို ဖြတ်ညှပ်ကပ်


ဗီဒီယိုဖိုင် ဖော်မက်ပြောင်းတာ၊ ဖြတ်တောက် တာမျိုး လုပ်ဆောင်ချက်တွေကို ဘာဆော့ဖ်ဝဲမှ မလိုဘဲ အွန်လိုင်းမှာ လုပ်လို့ ရတဲ့ဆိုက် ရှိပါတယ်။
အရင်ဆုံးသည်ဆိုက်မှာ ရီဂျစ်စတာ လုပ်ရ ပါတယ်။ ဗီဒီယိုတင်ဖို့ ပမာဏ 300 MB ရပါမယ်။ ပြင်ဆင်ဖို့ ဗီဒီယိုကို ယူကျူ၊ မီတာကဖီး စတဲ့ အွန်လိုင်းဝက်ဘ်ဆိုက် တွေကပဲ ဖြစ်ဖြစ်၊ ကွန်ပျူတာထဲကပဲဖြစ်ဖြစ် သုံးနိုင်ပါတယ်။
ပြီးရင်ဖိုင်ဖော်မက်ပြောင်းတာ၊ စာသားထည့်တာ၊ ဇာတ်ဝင်ခန်းတွေကို ဖြတ်တောက်တာ စတဲ့ လုပ်ဆောင်ချက်တွေကို လုပ်နိုင်ပါပြီ။
ပြုပြင်ပြီးတဲ့ ဗီဒီယိုတွေကို အွန်လိုင်းပေါ်မှာပဲ ထားနိုင်သလို စက်ထဲကိုလည်း ဒေါင်းလုပ်ဒ် ချနိုင်ပါတယ်။ ဝက်ဘ်ကင်မ်နဲ့ ဗီဒီယိုရိုက်ပြီးတော့လည်း သည်ဆိုက်မှာ သိမ်းနိုင်ပါတယ်။ ဗီဒီယိုတွေဖြတ်ညှပ်ကပ်ဖို့ www.video toolbox.com ပါ။
Ref: The Modern Weekly

FireFox 5 အကြို FireFox Aurora ထွက်ရှိ

Thursday, April 21, 2011
Share |
Can’t Wait for Firefox 5? Try Aurora Now!

Can’t Wait for Firefox 5? Try Aurora Now!

ယခုအချိန်တွင် Mozilla မှ FireFox 4 အားထုတ်လုပ်ထားသောလည်း နောက်ထပ် တစ်လခန့်ကြာသောအချိန်တွင် FireFox 5 မှာထွက်ရှိလာတော့မှာဖြစ်ပါတယ်။

အကယ်၍ သင့်အနေဖြင့် အဆိုပါ Browser အသစ်အား စမ်းသပ်သုံးစွဲရန် စိတ်မရှည်ပါက FireFox 5 နှင့် အသွင်အပြင်တူညီသည့် Aurora Channel အမည်ရ FireFox 5 Browser အကြိုကိုသုံးစွဲနိုင်ပါတယ်။

FireFox Aurora Browser မှာ FireFox 5 beta လောက် မတည်ငြိမ်သေးသော်လည်း 0x158င်းထက် ပိုမိုကောင်းမွန်သော အမြင်များ၊ function များ ကိုခံစားသွားနိုင်မှာဖြစ်ပါတယ်။

အသုံးပြုလိုသူများအနေဖြင့် FireFox Aurora Browser အား ဤနေရာတွင် Download လုပ်သွားနိုင်သော်လည်း Mozilla ၏ အဆိုအရ FireFox 5 တွင်ပါဝင်လာမည့် Feature များဖြစ်သည့် hot links၊ social network sharing နှင့် add-on များမှာလည်း ကောင်းမွန်စွာအလုပ်လုပ်ဦးမှာ မဟုတ်ကြောင်းသိရပါတယ်။

Aurora ကို install ပြုလုပ်ပါက 0x158င်းဟာ မိမိကွန်ပျူတာပေါ်ရှိ မည်သည့် FireFox version မျိုးကိုမဆို အုပ်ကာ install လုပ်သွားမှာဖြစ်တဲ့အတွက် FireFox 4 ကိုပြန်လည်အသုံးပြုလိုသူများအေ
နဖြင့် FireFox 4 အားအစအဆုံး ပြန်လည် reinstall လုပ်ရမှာဖြစ်ပါတယ်။

သင့်အနေဖြင့် FireFox ထုတ်ကုန်များအား စိတ်ရှည်စွာ စောင့်ဆိုင်းနိုင်သောလူဖြစ်ပါက FireFox 5 beta ထွက်ရှိမည်ဟု ခန့်မှန်းထားသည့် Mayလ ၁၇ ရက်နေ့ကိုစောင့်ဆိုင်းနိုင်ပြီး FireFox 5 full version ကိုတော့ June လ ၂၁ တွင်ထွက်ရှိမည်ဟု မျှော်လင့်ထားကြောင်း Mozilla မှ သတင်းထုတ်ပြန်သွားခြင်းကို ဖော်ပြလိုက်ရပါတယ်။

Firefox ကို အရမ်းလေးပြီး crash ဖြစ်နေသူများတွက်


1.Type about:config in the Firefox address bar.
2.filter ဆိုတဲ့ box လေးမှာ browser.cache.memory.enable ဆိုတာလေးကိုရိုက်ရှာပြီးတော့
vale ကို ၂ချက်ကလစ်ပြီး true ပြောင်းပေးပါ.
ပုံ(၁)
3.about.config ကိုရိုက်ထားပြီးတော့ ညာဘက်က လွတ်နေတဲ့ နေရာ တခုခုမှာ Right click လုပ်ပြီး
New Integer ခေါ်လိုက်ပါ.အဲ့ထဲမှာတော့ browser.cache.memory.capacity ဆိုတာကိုရိုက်ပါ
vale ကိုတော့  8192 ထားပြီး အိုကေပေးလိုက်ပါ.
( ဒီတန်ဖိုးကိုဘယ်လိုတွက်လဲဆိုရင် ကိုယ့်စက်မှာ ရှိနေတဲ့ RAM ကိုကြည့်ပြီးတော့တွက်ပါတယ်.ကိုယ့်စက်မှာ
RAM 256MB ဆိုရင် 4096 ထားပါမယ်.RAM 512 ဆိုရင် 8192 value ထားပါတယ်.ကျနော်ဆို RAM4G
တပ်ဆင်ထားတဲ့အတွက် Value တန်ဖိုးကို 65536 ထားရပါတယ်.)

Step 2.Release Memory when you minimize Firefox

1.Type about:config ကို Firefox address bar မှာရိုက်ပါမယ်.
2.Right click လုပ်ပြီး New ကနေ Boolean လေးတခု ခေါ်လိုက်ပါ.
3.အဲ့ထဲမှာတော့ config.trim_on_minimize ဆိုတာလေးကိုရိုက်ထည့်ပြီး vale ကို true လုပ်ပြီး အိုကေပေးလိုက်ပါ.
(ဒါဆိုရင် ကျနော်တို့ firefox လေးကို taskbar ပေါ် minimize လေးလုပ်ထားတဲ့အချိန်မှာ memory usage ကို လျော့ချပေးပါလေ့မယ်)

Step3.Reduce the Browsers Session History

ကျနော်တို့ လက်ရှိ default သုံးနေတဲ့ Firefox က websites ၅၀ခုကို အော်တို save ပေးနိုင်ပါတယ်.
ဘယ်လိုမျိုးလဲဆိုရင် ကျနော်တို့tab တခုထဲကနေ website link ၅၀ လောက်ကို တခုချင်း ကလစ်ပြီး
ကြည့်မယ်.အားလုံးပြီးသွားရင် ဟိုးစစချင်းကြည့်ခဲ့တဲ့ link နံပတ် ၁ကိုback လုပ်ပြီး ပြန်သွားလို့ရတယ်.
ဒီလို သိမ်းပေးအောင်လုပ်ထားတာလဲ memory ကို cache ဖြစ်စေပါတယ်.အဲ့လောက်ကြီးလဲ ကျနော်တို့
လင့် ၅၀ လောက်ကိုမဖွင့်တဲ့အတွက် ကိုယ်သုံးသလောက်လေး ပြင်ပေးလိုက်ရင် ရပါတယ်.ကျနော် ဆို ၅၀
ကို ၁၀လောက်ပဲ ထားပြီး memoryကိုသိပ်မသုံးအောင် လျော့ချထားပါတယ်.ကဲဘယ်လို လျှော့ချမလဲဆိုရင်
type about:config ကို address bar မှာ ရိုက်မယ်ပြီးရင်
filter မှာ browser.sessionhistory.max_entries ဆိုရိုက်ပြီး enter ခေါက်လိုက်ပါ
ပုံထဲမှာ ပြထားသလို ၅၀ ဆိုတာကို ၂ချက်ကလစ်ပြီး ၁၀လို့ပြောင်းပေးလိုက်ပါ.ဒါဆိုရင် ရပါပြီ.

Step 4.Do not Accumulate Download History

ဒီအဆင့်က ဘာကိုပြောတာလဲ ဆိုရင် ကျနော်တို့ firefox နဲ့ဒေါင်းလုပ် လုပ်ထားတာကို စုထား
တာကို ပြောတာပါ.ကျနော်တို့တွက် မလိုအပ်တဲ့အတွက်ဒါကိုဖြုတ်ပစ်ရပါမယ်.ဒါဆို Tool>
Option> Privacy ထိရောက်အောင်သွားပါ.ပြီးရင် remember what i have downloaded
ဆိုတာလေးက အမှတ်ခြစ်လေးကိုဖြုတ်ပေးလိုက်ပါ.အောက်ကပုံလေးကိုကြည့်ပါ.
ကျနော်ပြထားတဲ့ပုံလေး ကိုကြည့်ရင် သဘောပေါက်မှာပါ.

Step 6.Speed Up Page Display Time

type about:config ကိုရိုက်ပါ ပြီးရင် ညာဘက်က လွတ်နေတဲ့ နေရာလေး တခုမှာ  new ကနေ
Integer လေးကိုခေါ်လိုက်ပါ ပြီးရင် အဲ့ထဲမှာnglayout.initialpaint.delay ဆိုတာလေးက
ိုရိုက်ထည့်ပါ.တန်ဖိုး value ကိုတော့ o လို့ ထားလိုက်ပါ.ပုံကိုကြည့်ပါ.

Step 7.Avoid Add Ons

မလိုအပ်တဲ့ add ons တွေကို disable or uninstall လုပ်ပစ်ပါမယ်.မလိုပဲ Install လုပ်ထားရင်လဲ
firefox ကို လေးစေတဲ့ အကြောင်းတခုပါပဲကိုယ်သုံးနေတဲ့ firefox ထဲ က add on ကိုစစ်ပေးပါ မလို
တာကို ဖြုတ်ပစ်ပါ.ဒီလောက်ဆို firefox ခဏခဏ crash ဖြစ်နေတဲ့ Users များတွက် အဆင်ပြေပါ
လေ့မယ်.မဖြစ်တဲ့သူများလဲ firefox ကို speed တင်ချင်တယ်ဆိုရင်ခုကျနော်လုပ်ထားတဲ့ နည်းလမ်းတွေနဲ့
speed up နိုင်ပါတယ်.နောက်တခု firefox အတွက် အသုံးဝင်မယ့် လင့်တချို့ကိုရွေးချယ်ပေးလိုက်ပါမယ်.

Firefox users များတွက် အသုံးဝင်တဲ့ လင့်လေး တချို့ပါ
1.Mozzila ကိုသုံးရင် virus ရှိတဲ့လင့်တွေကို အလွယ်တကူရှောင်ချင်တယ် ဆိုရင် WOT လေးကိုသုံးပါ
(ကျနော် လဲသုံးစေချင်ပါတယ် ကျနော်တို့အလွယ်တကယ်မမြင်နိုင်တဲ့ Virus ရှိမယ့်ဆိုဒ်တွေကို သူက
အနီရောင်လေးနဲ့ ပြသပေးပါလေ့မယ်)
2.Language support အတွက်ကိုတော့ page တွေကိုတိုက်ရိုက်ဘာသာပြန်ပေးနိုင်တဲ့ gTranslator
လေးကိုသုံးသင့်ပါတယ်.ဘယ်ဘာသာနဲ့ရေးထားတဲ့ဆိုဒ်တွေကိုပဲဖြစ်ဖြစ် english လို အော်တိုပြောင်းခိုင်း
လို့ရပါတယ် (myanmar to eng ကိုတော့ ရသေးဘူးဗျ :) )
3.website တွေကိုကြည့်နေရင်း screenshot လေးရိုက်ထားချင်ရင်တော့  Awesome ကတော့
အကောင်းဆုံးပါ.သုံးလို့ကောင်းပါတယ်.ကိုယ်ကြည့်နေတဲ့ဝပ်ဆိုဒ်လေးကို page တခုလုံး အရှည်လိုက်
သူနဲ့ရိုက်လို့ရတယ် ပြီးရင် save ပြီးတော့ zoom လေးနဲ့ပြန်ဖတ်လို့ရတယ်လေ မြန်မာဆိုဒ်တွေကို ရိုက်ပြီးပြန်
ဖတ်ရင် အသုံးဝင်ပါလေ့မယ်.ဒါပေမယ် သူက ခု version 4.0 ကနေပဲ စပြီးအလုပ်လုပ်ပါလေ့မယ်.
4.flashfox ဆိုတာက ကိုယ်ကြည့်နေတဲ့ဆိုဒ်လေးရဲ့ ဆာဗာ ကဘယ်နိုင်ငံကလဲ ဆိုတာကို address bar
မှာ ကြည့်လို့ရအောင်ပါ တခါလေတော့ အသုံးဝင်ပါလေ့မယ်.
5.Turn off the light ဆိုတာလေးက ကိုယ်ကြည့်နေတဲ့ပုံလေး ဖြစ်ဖြစ် movie လေးတခုခုကိုဘေးက
အလင်းရောင်မပါပဲ ကြည့်လို့ရအောင် လုပ်ပေးထားတဲ့ add on
လေးပါ ကျနော်ကတော့ သဘောကျတယ် တခါတလေ ကျနော်စာဖတ်ရင် အလင်းအရမ်းစူးလို့ ဒီကောင်လေးကို
သုံးပြီးတော့ ဖတ်ရင် နဲနဲသက်သာပါတယ်.


မိမိကွန်ပျုတာမှာ USB အသုံးပြုခွင့်လေးပိတ်ထားချင်ရင်

 
USB အသုံးပြုခွင့်ပိတ်ထားနည်းလေးပါ။
အရင်ဆုံး ကျွန်တော်တို့ စလုပ်တော့မယ် ဆိုရင်
windows +R ကီးလေး နှစ်ခုကို တွဲပြီး နှိပ်လိုက်တယ်ဆိုရင်
RUN  ဘောက်လေးကျလာမှာ ဖြစ်ပါတယ်... အဲဒီဘောက်လေးထဲမှာ  REGEDIT ကိုရိုက်လိုက်ပါ။
အဲဒီလေးကို ရိုက်လိုက်ရင် HKEY_LOCAL_MACHINE  ဆိုတဲ့စာသားလေးကို ရှာပြီးတော SYSTEM ကိုထပ်ပြီးတော့ ဖွင့်လိုက်ပါ
 CURRENT CONTROL SET ဆိုတာလေးရှိပါတယ်..... CONTROL
ကိုရောက်အောင်သွားပါ။
RIGHT CLICK ကိုနှိပ်ပြီး NEWက  KEY  ပြုလုပ်ပါ။
 KEY NAME ကို  Storage Device Policies  ဟုပေးပါ။
USB အသုံးပြုခွင့်ပိတ်လိုလျှင်  KEY VALUE  ကို  1 ဟုရိုက်ပါ။
အသုံးပြုခွင့်ပေးလိုလျှင် 0  ဟုရိုက်ပါ။
ကဲ နောက်ပြီးတော့ ..... တစ်ဆင့်က ပြီးပါပြီးပေါ့ ....
ခုဖော်ပြထားတဲ့ အဆင့်လေးတွေ တစ်ခုပြီး တစ်ခု လုပ်ပြိးသွားတယ်ဆိုရင်တော့
သင်ကွန်ပျုတာမှာ စတစ်ကို သုံးလို့ မရအောင် ပိတ်ထားပြီးသားဖြစ်နေမှာ ဖြစ်ပါတယ်။ သူများတွေ အလွယ်တကူလာပြီး ထည့်သုံးလို့ မရတော့ပါဘူး ဒါကြောင့်လည်း ပိုးမွှားရန်က စိတ်အေးရမယ်လို့ ထင်ပါတယ်.....
ကဲ မန်ဘာဝင် ညီအကို မောင်နှတို့ရေ... ဟုတ်သည်ရှိ မဟုတ်သည်ရှိပေါ့ ခဏလောက်တော့ လုပ်ကြည့်လိုက်နော်
မကြိုက်ရင်တော့ ပြန်ဖျတ်ပေါ့ ။ ကိုပိတ်ထားတာကိုလည်း မမေ့စေနဲ့အုန်း ကိုသုံးမှ ဖွင့်မရဖြစ်နေမယ် သတိလေးတော့ထားနော်
အားလုံးပျော်ရွင်ကြပါစေဗျာ.....


Adobe Photoshop CS5 လိုချင်သူများအတွက်


ရးချင်တာတွေ အများကြီးပဲ … (စိတ်)အခြေအနေအရရော၊ အချိန်ကြောင့်ပါ ခဏစိတ်လျှော့ထားရတယ်။ ဒါပေမယ့် IT ခေတ်မှာ tutorials တွေ၊ trick တွေကိုသာ အချိန်နည်းနည်းဆွဲလို့ရပေမယ့် သတင်းကိုကျတော့ ဆွဲထားလို့ မကောင်းဘူးဗျ။ အလကား ဖြစ်သွားရော။ (ဒါတောင် တော်တော်ကြီးနောက်ကျနေပြီ။ ကောင်းတာလေးတွေ ကိုယ့်နိုင်ငံနဲ့ အဆင်ပြေမှာလေးတွေ လိုက်ရှာနေလို့ အခုမှ ရေးဖြစ်တာ)။ သိပြီးကြလောက်ပါပြီး Adobe ကနေပြီး Creative Suite 5 တွေ ထွက်လာပြီ။ CS 5 တွေပေါ့ဗျာ။ ကျနော်ကတော့ အထူးသဖြင့် photoshop ကိုပဲ အရင်တင်ပေးမယ်နော်။ အားအသာဆုံး အပိုင်းလည်းဖြစ်လို့ပါ။ နောက်ပြီး CS 4 portable သုံးပြီးနောက်မှာ simple installer ကို သုံးကို မသုံးဖြစ်တော့ဘူး။ file size က အရမ်းကြီးကွာလွန်းတဲ့အပြင် အားနည်းချက် ဘာမှ မရှိတဲ့ CS 4 portable ကြောင့် သူမှသူပဲ သုံးဖြစ်တော့တယ်။ (အဲဒီတုန်းက CS4 installer က 1.2GB ရှိပြီး portable က ဇစ်ချုံ့ထားရင် 58MB သာ ရှိပါတယ်)။ အခုလည်း CS5 installer က 1.30 GB ရှိပြီး၊ portable က 120MB ပဲရှိပါတယ်။ သူ့အကြိုက်နဲ့သူမို့ အားလုံးအဆင်ပြေအောင် နှစ်ခုလုံးရှာပေးလိုက်ပါတယ်။ သူ့အခင်းအကျင်းလေးကိုလည်း ကြည့်ပါဦး။ photoshop ရဲ့ Layout ကို real အတိုင်း ခင်းပြထားတာပါ။ စိတ်ဝင်စားစရာပဲ ….

Photoshop CS5 ကို Adobe က ပုံနဲ့တကွ အားသာချက်တွေ ပြထားတယ်ဗျ။ အောက်ကပုံကိုနှိပ်ပြီး ကြည့်လိုက်ပါဦး …

သူတို့ပြောတဲ့ CS5 ရဲ့ အားသာချက်တွေပေါ့ ….
Overall product features
• Revolutionary new features, a fluid user experience, and improved access to the unrivaled power of Photoshop
• A more intuitive user interface and new nondestructive editing features that put you in control, including the new Adjustments and Masks panels
• New and revolutionary Content-Aware Scaling, advanced auto-blending that extends depth of field, and industry-leading editing and compositing with reengineered color-correction tools

• Significant productivity enhancements that provide increased flexibility and enable you to leverage the power of today’s faster graphics processors
• Breakthrough 3D editing and compositing capabilities and improved video controls to dramatically expand your creative options
• Comprehensive image analysis with enhanced measurement and counting tools, as well as support for DICOM images and MATLAB processing routines
New and enhanced features:
Unrivaled editing
• Adjustments panel for live, nondestructive image adjustment
• Masks panel for creating editable, feathered, density-controlled masks
• Content-Aware Scaling
• Enhanced auto-blending of images

• Enhanced auto-alignment of layers
• 360-degree panoramas
• Extended depth of field
• Better raw image processing
• Enhanced expert retouching
Increased productivity
• Smoother panning and zooming and fluid canvas rotation
• Industry-leading color correction with reengineered Dodge, Burn, and Sponge
• Efficient file management with new Adobe Bridge CS4

• Tighter integration with Adobe Photoshop Lightroom®
• Adobe Kuler™ for color harmony creation and sharing
• N-up and multiple document view
• More powerful printing options
• Superior performance on very large images
• Multi-Touch support on Mac laptops
• Adobe Community Help
Breakthrough 3D, motion graphics, and image analysis
• Direct painting on 3D objects

• Easy conversion from 2D to 3D
• Editable 3D properties (scene, materials, meshes, lights)
• High-quality output with new ray-tracing rendering engine
• 2D and 3D image compositing
• 3D object animation
• 3D/video support
• New, high-performance, nonmodal 3D engine
• Volume rendering
• Single-key shortcuts for editing motion graphics

• Preview and export of audio content and frame comments
• Quantitative data extraction
• Enhanced Count tool
ကိုင်ပိုင်လင့်ကတော့ မတင်ပေးတော့ဘူး သူများရှယ်ထားတာပဲ လက်ညှိုးထိုးပေးတော့မယ်။ အဆင်မပြေရင်တော့ ပြောပေါ့။ ဒီတိုင်းဆွဲကြည့်ပါဦး ..
Download Photoshop CS5 portable 122MB (အဆင်မပြေကြဘူးဆိုလို့ ကိုယ်ပိုင်လင့်က ပြန်တင်ပေးလိုက်ပါတယ်။ ဘလော့ရေးသူများ ပြန်ရှယ်ချင်ရင် ဒေါင်းလုပ်ချ၊ အခြားတစ်နေရာမှ ပြန်တင်ပြီးမှ ရှယ်ကြပါ။ sever နှင့် ပြဿနာ မတက်ရေးအတွက် hotlink မလုပ်ရင် မေတ္တာရပ်ခံပါတယ်)
Download Photoshop CS5 1.30 GB (လင့်အားလုံးကို ဒေါင်းပြီး မှာ winrar နဲ့ part 1 ကို ဖြည်လိုက်။ သိပြီးသားဖြစ်မှာပါ။ ဒါက ဖိုင်ဆိုဒ်များတော့ မတင်ပေးနိုင်တော့ပါဘူး။ သူတို့ဆီကပဲ အဆင်ပြေရာ ရှာသုံးကြပါ)
အပေါ်က လင့်နည်းလို့ အဆင်မပြေရင် ဒီမှာ katz က ပေးတဲ့ ဒေါင်းလုပ်တွေ… ကြိုက်တာသာ ရှာဒေါင်းပေတော့ …

http://katz.cd/search/photoshop+CS5
နောက်မှ နောက်ဆက်တွဲအနေနဲ့ အားသာချက် အားနည်းချက် ရေးတော့မယ်။ လောလောဆယ်တော့ အဆက်အသွယ် သိပ်မရှိသူတွေကို အသိပေးတဲ့ သဘောပေါ့ … ကျနော်အကြံပေးရရင် portable လေးက မဆိုးဘူးဗျ။ ကိုယ့်ရွှေတွေနဲ့ လိုက်တယ်။ စမ်းကြည့်ပေါ့ … အဆင်ပြေပါစေ
pdf download

ကွန်ပျူတာ Desktop ခြောက်ဖက် မြင်နိုင်တဲ့ဆောစ့်ဝဲလ်လေးပါ..

သူငယ်ချင်းတို့ကိုမိတ်ဆက်ပေးချင်တဲ့ဆောစ့်ဝဲလ်လေးကတော့........
ကွန်ပျူတာ Desktop ခြောက်ဖက်မြင်နိုင်တဲ့ဆောစ့်ဝဲလ်လေးပါ..
အခုပုံကိုကြည့်ကြည့်ပါကျွန်တော်စက်မှာရိုက်ထားတဲ့ဓာတ်ပုံလေးပါ
ဒါကတော့အွန်လိုင်းကနေရှာထားတာပါfree ဗားရှင်းပါ.....ဘာမှလုပ်စရာမလိုပါဘူး......
သူရဲ့ထူးခြားချက်ကမျက်နှာပြင်ခြောက်ခုလုံးမှာတစ်ခုချင်းအသုံးပြုနိုင်တာပါဘဲ
ကွန်ပျူတာဘားတန်းမှာ....လေးထောင့်အတုံးလေးနဲ့1.2.3.4.5.6.ဆိုပြီးပြထားပါတယ်....
ကိုယ်ကြိုက်တဲ့မျက်နှာပြင်ကိုအသုံးပြုနိုင်ပါတယ်....
1 သုံးနေရင်းနဲ့ 1မှာမျက်စိရှုပ်နေရင် 2ကိုပြောင်းသုံးနိုင်ပါတယ်...
.လေးထောင့်အတုံးလေးကိုကလစ်နှစ်ချက်နိုပ်လိုက်ရင်
ပုံမှာပြတဲ့အတိုင်းပေါ်လာမှာပါ......စိတ်ဝင်စားရင်အခုလိပ်စာတွေမှာဒေါင်းသွားနိုင်ပါတယ်
အဆင်ပြေကြပါစေဗျာ....
နောက်ထပ်တစ်ခုကတော့..ရာသီဥတုကြည့်တဲ့ဆောစ့်ဝဲလေးပါ
လိုင်စင်ဘာရှင်းပါ....Serial လေးထည့်ပြိးသုံးရုံပါ
သူကိုဖွင့်လိုက်ရင်အခုလိုပုံလေးပေါ်ပါတယ်....အခုပုံကညနေစောင်းတဲ့အချိန်လေးပါ
အခုပုံမှာမြင်ခင်းပေါ်မှာမြက်စားနေတဲ့
မြင်းလေးကတစ်ကောင်(အသက်ဝင်နေမြင်းလေးနော်)
ကောင်းကင်မှာပျံသန်းနေတဲ့ငှက် ရယ်......မီးခိုးထွက်နေတဲ့အိမ်လေးတစ်လုံးရယ်
လေတိုက်လို့ယိမ်းနေတဲ့ပင်းပန်တွေရယ်.....စိတ်ရှုပ်နေတဲ့အချိန်မှာကြည့်လိုက်ရင်
စိတ်ကိုရှင်း(ကြည်လင်)စေတဲ့မြင်ကွင်းလေးပါ

ဒီပုံကနေခင်းအချိန်လေးပါ.......ရာသီဥတုပေါ်ကိုလိုက်ပြီးပုံလေးကပြောင်းသွားပါတယ်...
ညဘက်မြင်ရတဲ့ပုံလေးပါ

မြန်မာနိုင်ငံမြို့ကြီးတော်တော်များများရဲ့ရာသီဥတုအခြေနေကိုကြည့်လိုရပါတယ်
စိတ်ဝင်စားရင်အခုလိပ်စာမှာဒေါင်းသွားပေါ့
ဒါကတော့ PORTABLE ဆောစ့်ဝဲလ်လေးပါ
http://slip-meepyatite.blogspot.com/ မှကူးယူဖေါ်ပြပါသည်

0 comments:

Post a Comment