အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Thursday 21 April 2011

မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင်။

မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင်။

မိတ်ဆွေတို့ ကြားဖူးပြီးသား ဖြစ်ကြမှာပါ။

တစ်ခါက အလွန့်အလွန် နာမည်ကြီးတဲ့ ကျမ်းပြု ဆရာတော် တစ်ပါးက တရားဟောရင်း
စကားတစ်ခွန်း ထည့်ပြော သွားပါတယ်။
“မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင် အာဖရိကနိုင်ငံတွေနဲ့ သူမသာ ကိုယ်မသာဖြစ်မှာပဲ” ဆိုတဲ့ စကားလေ။

ဒါကိုတော့ ခင်ဗျားတို့ သေချာပေါက်ကြားဖူးတယ်။
ရဲလေးနဲ့ ကြက်ဖတို့ဆိုထားတဲ့သီချင်းကို တရားလုပ်ဆိုထားတာ။
စကြားစတုန်းကတည်းက ကျွန်တော် ဒီပိုစ့်ကို ရေးမလို့ပါ။ ဒါပေမယ့်
ဒီတစ်ပုဒ်တည်းနဲ့ ပြီးမယ်လို့ ထင်ခဲ့လို့ပါ။ သိပ်မကြာပါဘူး။
ဂန္ထ၀င်ရည်းစာစာ ဆိုပြီး ထွက်လာပြန်ပါရော။ ဆိုတဲ့သူကလည်း မကြောက်။
နားထောင်တဲ့သူကလည်း မကြောက်။ ကျွန်တော်တို့ ဘုရားရှင်က သိက္ခာပုဒ်တွေကို
ပညတ်ခဲ့ရာမှာ လောကအပြစ်နဲ့ မလွတ်တဲ့ အပြစ်တွေကိုလည်း သိက္ခာပုဒ်အနေနဲ့
သတ်မှတ်ခဲ့ ပါတယ်။ ဒါတွေဟာ ဒီလိုလုပ်တာဟာ လောကအပြစ်ပါ။ ဘာသာခြားတွေ
ဟားတိုက်စရာ။ လှောင်ပြောင်စရာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေ ကိုယ့်ဘာသာတရားကို
ကပျက်ကချော်လုပ်ရဲတယ်။ ဒီဘာသာဟာ နဂိုရ်ကတည်းက ဘာမှအဓိပ္ပါယ်မရှိ
ဖွဲ့စည်းထားတဲ့ ဘာသာဖြစ်မှာပါပဲလို့ ထင်မြင်သွားစရာဖြစ်ပါတယ်။

အဲဒီသီချင်းတွေက တရားဝင်ဖြန့်တာ မဟုတ်ဘူးလို့ ကျွန်တော် ယူဆမိပါတယ်။
ဒါပေမယ် တရားဝင်ထွက်လာတဲ့ ခွေက မေတ္တာပို့ ကိုဒီဂျေပွတ်တာပါ။
ရင်နာစရာကောင်းပါတယ်။ ဗုဒ္ဓဘာသာကသာ ဗုဒ္ဓဘာသာကို ပြန်ဖျက်ဆီး လိုက်ကြပါပြီ။
မာတာပိတု အာစရိယ
ဉာတိမိတ္တသမူဟာ အဝေရာဟောန္တု အဗျာပဇ္ဇာဟောန္တု အနီဃာဟောန္တု စတာတွကို
ဒီဂျေပွတ်ပစ်တာပါ။ အမိသည်လည်းကောင်း၊ အဖသည်လည်းကောင်း။ ဆရာသည်လည်းကောင်း၊
ဆွေမျိုးသည်လည်းကောင်း၊ မိတ်ဆွေသည်လည်းကောင်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ဘေးရန်ကင်းပါစေ ဆိုတာကို ခင်ဗျားတို့ ကလို့ရတယ်ပေါ့။
ခပ်မှိန်မှိန်အပြာရောင်မီးအောက်
မှာူးမူးရူးရူးတစ်ယောက်ကို တစ်ယောက် လူမှန်းမသိအောင်မူးရင်း ဖက်နမ်းပြီး ကရဲကြတယ်ပေါ့။ အဲဒီသီချင်းကို အနုပညာ
လို့ ခေါ်ရဲတယ်ပေါ့။ အဲဒီပညာတွေကို။ ခေတ်မီတယ်ပေါ့။ ဗုဒ္ဓဘာသာကို
ပြန်ဖျက်ဆီးကြတာ ပျော်စရာကောင်းတယ်ပေါ့။ မစိုးရိမ်ဆရာတော်ဘုရားကြီး
ပြောလေ့ရှိတဲ့ စကားက “မင်းတို့က မတောက်တခေါက် အတွေးအခေါ်တွေနဲ့ ဖင်ခေါင်းက
သိပ်ကျယ်ချင်ကြတာ” လို့ ကျွန်တော် ပြန်ပြောရင်တောင် ကျွန်တော်က
ယဉ်ကျေးပါသေးတယ်။ ခင်ဗျားတို့က မအေကိုင်တုတ်မှ ရိုင်းတယ်လို့
ထင်နေကြတာပေါ့။ မြန်မာနိုင်ငံက အနုပညာရှင်တွေ သူတို့ကိုသူတို့
အနုပညာရှင်လို့ ပြန်ခေါ်ရဲတာ အံ့တယ်။

သီချင်းတစ်ပုဒ်က “ဘုန်းကြီးဝတ်သွား” တဲ့။ ဟုတ်လား။ ဆိုစရာ ရှားနေရင်
သူတောင်းစားလုပ်စားလို့ ရတယ်။ မြန်မာတွေ ထွင်ထားတဲ့ စကားပုံတစ်ပုံရှိတယ်။
“ထမင်းငတ်လို့ မသေပါဘူး” တဲ့။ အရေးထဲ မန္တလေးသင်္ကြန်မှာ ချစ်သုဝေက
ပြောသွားသေးတယ်။ “ကိုယ်တော်တွေ ရရင် လိုက်ဆိုလို့ရတယ်” တဲ့။
စန္ဒီမြင့်လွင်က “အများကြီးပဲ ကိုယ်တော်တွေ” တဲ့။ အများကြီးပဲ အဆိုတော်တွေ
ပြောသွားတဲ့ စကားတွေ။ မြန်မာနိုင်ငံမှာ ရဟန်းပေါင်း ငါးသိန်းကျော်တယ်။
မဟုတ်တာလုပ်နေတဲ့ ကိုယ်တော်တွေ တစ်သောင်း မပြည့်ပါဘူး။ စာသင်နေတဲ့
စာချနေတဲ့ တရားထိုင်နေတဲ့ ကိုယ်တော်တွေကို လိုက်မကြည့်ဘဲ ပုထုဇန်သဘာဝအရ
မရင့်ကျက်သေးတဲ့ ကိုယ်တော်တွေကို လိုက်ကြည့်ပြီး အပြစ်ပြောချင်နေတယ်။
ဆိုစရာသီချင်းမရှိရင် ကျွန်တော့်ဆီလာခဲ့ပါ။ ကျွန်တော်ရေးပေးမယ်။
ဘုန်းကြီးဝတ်သွားဆိုတဲ့ စာသားကို မြန်မာ့ဂီတအစည်းအရုံးကလည်း
ထုတ်ခွင့်ပေးတာ အံ့ပါတယ်။ ဆင်ပေါက်ထက် ဂျောက်ဂျက်ကမှ ယဉ်ကျေးပါသေးတယ်။

ဒီသီချင်းတွေကို ကျွန်တော့်ထက် မိတ်ဆွေတို့ ပိုကြားဖူးမှာပါ။

အထက်ပါ ကျမ်းပြုဆရာတော်ဟာ အထက်ပါစကားကို ပြောသွားခဲ့တာ နှစ်ပေါင်း
ငါးဆယ်ကျော်သွားပါပြီ။ ဆရာတော်ဘုရား သိပ်မှန်တယ်။ “မြန်မာနိုင်ငံကို
ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင် အာဖရိကနိုင်ငံနဲ့ သူမသာကိုယ်မသာဖြစ်နေမှာပဲ”

ကျွန်တော်ဒီပိုစ့်ကို ဆွမ်းဆန်ထဲ ကြက်ချေးရောသည်ဟု သတ်မှတ်သော်လည်း
အကြာကြီးထိုင်ပြီး အစော်ကား မခံနိုင်တော့သဖြင့် တင်လိုက်ခြင်းဖြစ်ပါသည်။


တစ်ပိုင်တစ်နိုင် သာသနာပြုရအောင်


စာဖတ်သူ အသင်။ သင့်ကံ ဆိုးနေသလား။? ဒါမှမဟုတ် သိပ်ကံကောင်း နေတယ်လို့ ထင်လား။? ဒါမှမဟုတ် ကံကောင်းတယ်လဲ မဟုတ် ကံဆိုး တယ်လဲ မဟုတ်ပါဘူးလို့ သတ်မှတ် ထားသလား။?

ဘယ်လိုဖြစ်နေနေ မပင်မပန်း ချမ်းချမ်းသာသာ လေး ကုသိုလ် ၅မျိုးကို ဆောင်ရွက်ရင်း … တစ်ဘ၀တာ ကံကောင်းသောသူ၊ နောက်ဘ၀ပေါင်းများစွာ.. ကံကောင်းသောသူ ဖြစ်နိုင်အောင် ကံကိုပြင်လိုက်ပါ။


၁။ ”၀သဘ ၏ သာမန်ဘ၀”

သီဟိုဠ်ရာဇ၀င်မှာ ၀သဘမင်း ဆိုတာ ရှိခဲ့ဖူးးပါတယ်။ မင်းမဖြစ်ခင် သာမန်လူတစ်ယောက် ဘ၀တုန်းက ဦးရီးတော် စစ်သူကြီးဆီမှာ နေရပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဟူးရား ပညာရှိတွေက ၀သဘ အမည်ရှိတဲ့ သူဟာ မင်းဖြစ်လိမ့်မယ်လို့ ဟောပြောလာ ကြပါတယ်။ ဒီစကားကြားတော့ လက်ရှိ မင်းလုပ်နေတဲ့ ယသဠာလက မင်းက သီဟိုဠ်ကျွန်းမှာ ၀သဘ အမည်ရတဲ့ သူအားလုံးကို သတ်စေလို့ မိန့် ပါတော့တယ်။

၂။ အသက်ဘေးက လွတ်ပြီ။

ဒီတော့ စစ်သူကြီးက သူ့ဆီမှာ နေနေတဲ့ ၀သဘ ကို မင်းဆီ အပ်ဖို့ မိန်းမ လုပ်သူကို ပြောပါတယ်။ သူရာထူး တိုးချင်တာလည်း ပါမှာပေါ့။ နံနက်စောစော ရောက်တော့ စစ်သူကြီးက ၀သဘကို အသာခေါ်ပြီး နန်းတော်ကို ထွက်ခဲ့ပါတယ်။ ၀သဘကို သတ်ဖို့ ခေါ်သွားတာ ဆိုတာကို သိတဲ့ စစ်သူကြီး ကတော်က ကွမ်းအလွန်ကြိုက်တဲ့ စစ်သူကြီးအတွက် ထုံးမပါတဲ့ ကွမ်းကို ထည့်ပေး လိုက်ပါတယ်။

စစ်သူကြီး နန်းတော်တံခါးဝ ရောက်လို့ ကွမ်းစားမယ် လုပ်တော့ ထုံးပါမလာတာ တွေ့ပြီး ၀သဘကို အိမ်ပြန် ထုံးယူစေပါတယ်။ ၀သဘ က အိမ်ရောက်တော့ စစ်သူကြီးကတော်က သူ့အကြံအစည် အတိုင်း ဖြစ်လာလို့ ၀မ်းသာအားရနဲ့ ” ၀သဘ၊ သင့်ဦးကြီးက သင့်ကို မင်းကြီးဆီ အပ်ပြီး သတ်မှာ .. ရော့ အသပြာ တစ်ထောင်ယူပြီး လွတ်ရာကို ပြေးပေတော့ ” ဆိုပြီး ထွက်ပြေး ခိုင်းလိုက်ပါ တော့တယ်။

၃။ စစ်သည်စုရုံးပြီ။

ဝသဘလည်း မင်းနဲ့ဝေးတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ပုန်းနေပါတယ်။ ရဟန်းတော် တွေကလည်း သူ့ကို ကြည့်ရှု ထားပါတယ်။

ဒီလိုနေရင်းနဲ့ တစ်နေ့မှာ ပညာရှိလူနူတစ်ယောက်က ၀သဘရဲ့ ဇာတာကို ကြည့်ပြီး ” သင်.. မင်းဖြစ်လိမ့်မယ် ” လို့ ဟောလိုက်ပါတယ်။ ဒီစကားကြားတော့ ၀သဘဟာ ၀မ်းမြောက်စွာနဲ့ပဲ ရဲရင့်သတ္တိ ရှိတဲ့ေ နာက်လိုက် ယောက်ျားတွေကို စုရုံပါတယ်။ အတော်အတန် စုမိတော့ ” မုန့်သည် မ သားသည် မုန့်အနားကစ၍ စားရသည် ” ဆိုတဲ့ ရှေးထုံးကို နှလုံးမူပြီး မြို့စွန်ရွာစွန် ကစပြီး သိမ်းပါတယ်။ လိုရင်း ပြောရရင်တော့ နောက်ဆုံးမှာ ၀သဘ မင်းဖြစ်သွားတယ်ပဲ ဆိုပါတော့။

၎။ နန်းစံသက်ကို တွက်ချက်ခိုင်းတော့

ဝသဘမင်းဖြစ်လာတော့ ဟူးရားပညာတွေကို ဆိတ်ကွယ်ရာခေါ်ပြီး သူ ဘယ်နှနှစ်လောက် နန်းစံရမလဲ ဆိုပြီး တွက်ခိုင်း ပါတော့ တယ်။ ဟူးရား ပညာရှိတွေက တွက်ချက်ပြီး ” ၁၂ နှစ် နန်းစံရမယ် ” လို့ ဟောလိုက်ပါတယ်။ ၀သဘမင်းက ဟူးရားပညာရှိတွေကို အသပြာ ၁ထောင်စီပေးပြီး သည်အကြောင်း ဘယ်သူ့မှ မပြောနဲ့ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။

၅။ ကုသိုလ်တွေ ပြုပြီ။

အဲဒီနောက် ၀သဘမင်း ဟာ ရဟန်းသံဃာတော်တွေဆီ ဆည်းကပ်ပြီး ” အရှင်ဘုရားတို့၊ မင်းသက် ရှည်ရာရှည်ကြောင်း ကုသိုလ်ကောင်း မှု.များ မရှိဘူးလား ဘုရား .. ” လို့ လျှောက်ထားပါတယ်။
ဒီတော့ သံဃာတော်တွေက -
” ၀သဘမင်းမြတ် ၊
၁။ ရေစစ်လှူပါ။
၂။ နာမကျန်းဖြစ်နေတဲ့ ရဟန်းတွေကို ဆေးလှူပါ။
၃။ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ကျောင်းဟောင်း၊စေတီဟောင်းတွေကို ပြုပြင်ပါ။
၎။ ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းပါ။
၅။ ၈ရက်ဥပုသ်၊ ၁၅ရက်ဥပုသ်နေ့တိုင်း ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိမ်းပါ။
မင်းသက်ရှည်လိမ့်မယ် ” လို့ မိန့်လိုက်ပါတယ်။

ဝသဘမင်းလည်း ရဟန်းတော်တွေ လမ်းညွှန်တဲ့အတိုင်း ကောင်းမှု. တွေပြုပါတယ်။ စာထဲမှာတော့ ၀သဘ မင်းပြုတဲ့ ကုသိုလ်တွေ ကောင်းမှုတွေ အများကြီးပဲ ပြထားတယ် ( စာရှည် နေမှာစိုးလို့ ရေးမပြတော့ဘူး။ )
လိုရင်းပြော ရရင်တော့ ၀သဘမင်းဟာ ( ၁၂ နှစ်သာ နန်းစံရမဲ့အစား ) ၄၄-နှစ် နန်းစံခဲ့ရပါတယ်။

၆။ အတိတ်ကံ နဲ့ ပစ္စုပ္ပန်ကံ

ဒီ ၀တ္ထုမှာ အဓိက ပြောချင်တာကတော့ ၀သဘမင်းဟာ အတိတ်ကံအရ ၁၂နှစ်သာ နန်းစံရမှာပါ။ ဒါပေမယ့် အတိတ်ကံကို ပစ္စုပ္ပန်ကံနဲ့ ပြုပြင် ယူလိုက်တော့ ၄၄-နှစ်တောင် နန်းစံခဲ့ရပါတယ်။ အပိုကြေး အနေနဲ့ ၃၂နှစ် နန်းစံသက် ပိုရခဲ့ပါတယ်။
ဝသဘ မင်းပြုခဲ့တဲ့ ကုသိုလ် ခြောက်မျိုးက အသက်ရှည်ကြောင်း ကုသိုလ်တွေပါ။ သူ့အနေနဲ့ ကတော့ နန်း သက်ရှည်ကြောင်း သီးခြား ကုသိုလ်တွေပေါ့။ အဲဒီကုသိုလ်-၆မျိုးကို အောက်ပါ လင်္ကာလေးနဲ့ တွဲမှတ်ထားလိုက်ပါဦး။
ဗဟုသုတ အဖြစ်ပေါ့။
ရေစစ်၊ ဆေး၊ ကျောင်း၊ ဘုရားဟောင်းပြုပြင်
” ပဉ္စင်၊ အဋ္ဌ သီလ ဖြူစင်
သက်ရှည်ကြောင်းစု
ကောင်းမှု ၆-အင်
အခွင့်စိုက် ပြုလိုက် ထာဝစဉ်။ ”
ဝသဘ မင်းကတော့ သူနဲ့ အသုံးတည့်မယ် အသက်ရှည်ကြောင်း ကုသိုလ်တွေကို ရွေးပြုပြီး သူ့ကံသူ ပြုပြင်သွားတာပါ။

၇။ သင်နှင့် ကောင်းကံ ဆိုးကံ
အခု စာဖတ်သူတွေ ကတော့ တခြားသော ဘ၀ လိုအပ်ချက်တွေ တခြားသော အဆင်မပြေမှုတွေ ရှိနေနိုင်ပါတယ်။
– လူမှုရေးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
– စီးပွားရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
– ကျန်းမာရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
– ပညာရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
– ရာထူးဌာနန္တရ နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
– နိုင်ငံခြားခရီး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
ကြိုက်သလောက် ကံဆိုးနေပါစေ။ နောက်ဆုံး သေချင်လောက်အောင် အထိ ကံဆိုး နေစမ်းပါစေ။ ၀သဘ မင်းဝတ္ထုကို အာရုံပြုပြီး ဆိုးနေတဲ့ကံကို စိတ်ကြိုက် ပြုပြင်ယူလို့ရတယ် ဆိုတဲ့ အသိလေးကိုပဲ အာရုံပြုပစ်လိုက်စမ်းပါ။

၈။ ဘယ်လိုပြုပြင်မလဲ …အဲဒီတော့ ဘယ်လိုပြုပြင်ယူမလဲ..?

အဲဒီ သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုးနဲ့ ပြုပြင် ယူလို့ရပါတယ်။ တိုက်တွန်း စကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ ” နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။
အဲဒီကုသိုလ် ၅မျိုးကတော့
၁။ ဒါန
၂။ သီလ
၃။ ဂုဏ်တော်
၎။ မေတ္တာ
၅။ ၀ိပဿနာ
တို့ ဖြစ်ပါတယ်။
အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။

၉။ ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။
၉-၁။ ဒါန

ပထမဆုံးကုသိုလ်က ဒါန ပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ။ ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ် ဆိုရင်လည်း ကိုယ့်ဝန် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။
၉-၂။ သီလ

ဒုတိယက သီလ ပါ။ သီလမှာလည်း လောကီ ထဲမှာနေတဲ့ လူတစ်ယောက် အတွက် ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်း လိုက်နိုင်တယ် ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိန်း နိုင်ရင်တော့ အကောင်းဆုံးပေါ့။ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက် ပါလိမ့်မယ်။
၉-၃။ ဂုဏ်တော်

တတိယက ဂုဏ်တော်ပါ။ ဂုဏ်တော် ၉-ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။
အရဟံဂုဏ်တော်ကိုပဲ …
အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား
အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား
လို့ ပွားများရပါတယ်။
အရဟံ ဆိုတဲ့ ပါဠိလေးရယ်။ အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့အနက်လေးတွေပါ။
ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။
၉-၄။ မေတ္တာ

စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီသန့်အကျယ်ကို ရှိပါတယ်။ စာရေးသူရဲ့ မေတ္တာ အတွေးများ စာအုပ်မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။

မေတ္တာပွားတဲ့ နေရာမှာ အဓိက အကြံပေးချင် တာတော့ ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်း နတ်မြတ်တွေ၊ ကိုယ်စောင့်နတ်-အိမ်စောင့်နတ် ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်တွေ အားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေ ပါစေ… စသည်ဖြင့် ပေါ့လေ။

၉-၅။ ၀ိပဿနာ
နောက်ဆုံးက ၀ိပဿနာပါ။ ၀ိပဿနာ ကတော့ ကိုယ်အားထုတ်ဖူးရာ-ကိုယ်သန်ရာ သန်ရာ ကိုယ့် အာစရိယ ၀ါဒအတိုင်း မှတ်ယူလို့ ရပါတယ်။
( မည်သည့် တရားစခန်း မည်သည့် အာစရိယ၀ါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့ အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်ဝယ်ဖွဲ့ခွေ)ထိုင်၊ ဘယ်လက်ပေါ် ညာလက်ထပ်တင်၊ ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊ အသက်ကို ပုံမှန်ရှူလျှက် ၀င်လေ၀င်လာလျှင် ၀င် လာ သည်ဟု သိပေး၊ ထွက်လေ ထွက်သွားရင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို ထိုထိုနှာသီးဝသို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမ လေ့ကျင့်ကြလျှက် ၇ရက်စခန်း-၁၀ရက်စခန်း စသည်တို့ကို ၀င်ရောက်နိုင်ရန် တိုး၍ ကြိုးစား ကြသင့်ပေသည်။ )

၁၀။ ကုသိုလ်-၅မျိုး တစ်နေ့တာ

ကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။
၁၀-၁။ အိပ်ရာထ
မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစု ကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး။ ဘုရားခန်းကို အရင်သွားပါ။
ဘုရားသောက်တော်ရေကိုအရင်ကပ်ပါ။ (ဒါန)
ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ)
အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ် ( ဂုဏ်တော် )
မေတ္တာကို ၅-မိနစ် ပွားပါ။ ( မေတ္တာ )
ပြီးရင် ၀ိပဿနာ ၅-မိနစ် ပွားများပါ။ ( ၀ိပဿနာ )
အင်မတန် နည်းပါးတဲ့ ၁၅မိနစ်အချိန်လောက်တော့ လူတိုင်း လုပ်နိုင်လောက်မယ် ထင်ပါတယ်။ ( ၅မိနစ်စီ ဆိုသည်မှာ အနည်းဆုံး ပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး မိမိတို့၏ ခွန်အားအလိုက် သဒ္ဓါ တရားအလိုက် ၁၀မိနစ်စီ၊ နာရီဝက်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု
နေ့တစ်နေ့တာရဲ့ အစကို ကုသိုလ် ၅မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေ ရှိသွားလဲ ။ အိပ်ရာထပြီး နာရီဝက် ၁နာရီအတွင်းမှာပဲ ကုသိုလ်၅မျိုး ရနေပါပြီ။ အဲဒီ ကုသိုလ် ၅မျိုးပြုပြီးမှ မိသားစုကိစ္စ၊ ကိုယ့်ကိစ္စ ဝေယျာဝစ္စတွေကို ပြုလုပ်ပါ။
၁၀-၂။ နေ့လည်
အဲဒီလိုနဲ့ မနက်စာစားပြီးတဲ့ အခါ ဆန်လက်တစ်ဆုတ် စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေ အတွက် ပက်ကျွေးလိုက်ပါဦး။
ကျွေးပြီးသွားရင် အဆစ်အနေနဲ့ ” ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်၅မျိုး ကိုလည်း အမျှ ပေးဝေပါတယ်။ အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု ” ဆိုပြီး နတ်ကောင်း နတ်မြတ်များနဲ့တကွ ဝေနေယျ အပေါင်းကို အမျှပေးဝေလိုက်ပါဦး။

၁၀-၃။ ညပိုင်း
တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင် ညပိုင်း ကိုးရီးယားကားလေး မလာခင်၊ ဒါမှမဟုတ် ကိုးရီးယားကားလေး ပြီးသွားတဲ့အခါ ကုသိုလ်ငါးမျိုးကို မနက်ကအတိုင်း တစ်ကြိမ် ထပ်လုပ်လိုက်ပါဦး။

၁၁။ နေ့စဉ်ပြုအပ်သည်
ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။ ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။
ဒါပေမယ့် ဒီနေ့လုပ်-နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးတော့ ဘယ်ဖြစ်နိုင်မှာလဲ။ တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။ ရက်မပျက်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။ အကုသိုလ်ဆိုတဲ့ အင်းအားက ကြီးလွန်းနေရင်တော့ ချက်ခြင်းကြီး ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကုသိုလ် အင်အား ကောင်းလာတာနဲ့ အမျှ ကုသိုလ်အင်အားကို ကြည့်ပြီး လန့်ပြေးသွားမှာပါ။
ဒါက ကံဆိုး နေတဲ့သူတွေကို ပြောတာပါ။
ကံကောင်း နေတဲ့သူတွေ အတွက်လည်း အမြဲတမ်း ကံကောင်းနေအောင် ကုသိုလ်၅မျိုး နဲ့ အမြဲပြုစု စောင့်ရှောက်နေသင့်ပါတယ်။
ဒီကုသိုလ်၅မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် ဒုတိယဘ၀၊ တတိယဘ၀ စသည်တွေမှာလည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။

၁၂။ ဒုက္ခကြံရင် သစ္စာဆို။
ဒီကုသိုလ် ၅မျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့် မဟုတ်ဘဲ နေ့စဉ်ဝ တ်တစ်ခု အနေနဲ့ ပြုရပါမယ်။ အဲဒီလို ပြုနေစဉ် အတွင်းမှာပဲ
ဘ၀ အခက်အခဲ တစ်ခု ကြုံလာမယ်၊ ဒါဆို ကိုယ်ပြုတဲ့ကုသိုလ်၅မျိုးကို နေ့စဉ် အမျှပေးဝေနေတဲ့ နတ်ကောင်းန တ်မြတ်တွေကို တိုင်တည်ပြီး သစ္စာ ဆိုလို့လည်း ရပါတယ်။
” ကျွနှ်ုပ်သည် ကုသိုလ်၅မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းန တ်မြတ် များကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။ ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက် ပါစေသတည်း။ နတ်ကောင်း နတ်မြတ်တို့က ကူညီမစတော်မူပါ ” စသည်ဖြင့်ပေါ့လေ…..

၁၃။ သံသရာကပင် ကျွတ်နိုင်ရဲ့
ကုသိုလ် ၅-မျိုးထဲမှာ ၀ိပဿနာလည်း ပါနေတော့ တရားမှတ်ရင် ပါရမီပါခဲ့ရင် တစ်မဂ် တစ်ဖိုလ်မှသည် လေးမဂ်၊ လေးဖိုလ် အထိ တရားထူးတရားမြတ်တွေ ရသွားပြီး သံသရာဝဋ်က ကျွတ်သွားနိုင်ပါသေးတယ်။
ကုသိုလ် ၅မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ … ဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့ တစ်နေ့တာအတွက် ကုသိုလ် ၅မျိုး မပြုရသေးရင် အိပ်လို့ လုံးဝမပျော်တဲ့ အဆင့် ချက်ခြင်း ထလုပ်လိုက်မှ အိပ်ပျော်တယ် အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါတယ် …
ကဲ …. စာဖတ်သူ … ၊ ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ။ ကုသိုလ် ၅မျိုးနဲ့သာ နေ့စဉ် ပြုပြင် လိုက်စမ်းပါ။ မကြာခင် ကံကောင်းလာပါလိမ့်မယ်။

ရေးသားသူ - အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
ကျမ်းကိုး
မဟာဝင်ဝတ္ထု - ကျီးသဲလေးထပ်ဆရာတော်

ရပိုင်ခွင့်  

Posted by SLIP in



  • ကိုယ့်ရပိုင်ခွင့်ကို ကျေနပ်ပါ။ ကိုယ့်ရပိုင်ခွင့်နှင့် ကျေနပ်သူသည် စိတ်ချမ်းသာ၏။ ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်သူများသည် သူများရထားသည်များကို လိုချင်ကြကုန်၏။

  • ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာအောင် နေတတ်အောင် ကြိုးစားပါ။ မိမိရထားတဲ့ အခွင့်အရေးကို အထင်မသေးပါနှင့်။

  • ကိုယ် ရထားတာကို အထင်သေးသူသည် စိတ်မချမ်းသာနိုင်၊ စိတ်မချမ်းသာလျှင် သမာဓိမရနိုင်။

  • ကိုယ်ရထားသော လက်တလောတည်ရှိမှုကို မရောင့်ရဲခြင်းသည် စိတ်မချမ်းသာနိုင်။

  • ရထားတာနဲ့ ကျေနပ်ပါ.. ရှေးဘ၀က ကုသိုလ်ကံအကျိုးပေါ်တွင် မူတည်၍ ဒီဘ၀၌ မတူညီသော ရပိုင်ခွင့်များ ရရှိကြပေသည်။

  • တစ်ဦးနှင့် တစ်ဦး ရပိုင်ခွင့်ခြင်းမတူနိုင်။ သူများရပိုင်ခွင့်ကို လိုချင်ခြင်းသည်လည်း စိတ်ချမ်းသာလိမ့်မည်မဟုတ်။

  • စိတ်ချမ်းသာလိုလျှင် မိမိရပိုင်ခွင့်နှင့် ကျေနပ်ပါ။ ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်ပါက သူများရပိုင်ခွင့်ကို လိုချင်ကြ၏။

  • ကိုယ့်ရပိုင်ခွင့်ကို အထင်မသေးပါနှင့်၊ သူများရပိုင်ခွင့်ကိုလည်း အားမကျပါနှင့်။

  • ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်ခြင်းသည် အကုသိုလ်များသာ ဖြစ်စေ၏။ အကုသိုလ်များ ပြုလုပ်ခြင်း၊ အကုသိုလ်များ ပြောဆိုခြင်း၊ အကုသိုလ်များ ကြံစည်ခြင်းသည် ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်ခြင်းကြောင့်သာဖြစ်သည်။

  • ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်ခြင်းသည် အကုသိုလ်အားလုံး၏ အစ ပင် ဖြစ်သည်။

  • လူဖြစ်ခြင်းသည် ရပိုင်ခွင့်ဖြစ်သည်။ လူဖြစ်အောင် ကုသိုလ်လုပ်ခဲ့ရသည်။

    သာသနာနှင့် ဆုံခြင်းသည် ရပိုင်ခွင့်၊ သာသနာနှင့်ဆုံအောင် ကုသိုလ်တွေ လုပ်ခဲ့ရသည်။

    ဆရာသမားကောင်းတို့နှင့် တွေ့ဆုံခြင်းသည် ရပါခွင့်၊ ဆရာသမားကောင်းတို့နှင့် တွေ့ဆုံကောင် ကုသိုလ်များလုပ်ခဲ့ရသည်။

    တရားဓမ္မနှင့် ကြုံဆုံခြင်းသည် ရပိုင်ခွင့်၊ တရားဓမ္မနှင့် ကြုံဆုံအောင် ကုသိုလ်တွေ ပြုခဲ့ရသည်။


  • အချိန်တိုင်း ရပိုင်ခွင့်ကို ကျေနပ်ပါ။ ကိုယ့်အလုပ်ကိုပဲလုပ်ပါ။ သူများကို ဂရုမစိုက်ပါနဲ့၊ သူများရထားတာတွေကို မလိုချင်ပါနဲ့၊ မမက်မောပါနှင့်။ သူ့ကံနှင့်သူ ရသည်ကို သဘောပေါက်ပါ။

  • ရောင့်ရဲပါ။ အလုပ်ကိုရောင်ရဲသူသည် ပျင်းရိသူဖြစ်သည်။၊ ရပိုင်ခွင့်ကို ရောင့်ရဲသူသည် တရားရှိသူဖြစ်သည်။

သခင်ဘုရားအတွက် အလုပ်လုပ်ပါ


Jane Hanson သည် ဆရာမအဖြစ် အနှစ်၄၀ လုပ်ကိုင်ခဲ့ပြီးနောက်
အငြိမ်းစားယူခဲ့သည်၊၊ သူမနှင့် ခင်ပွန်းသည် တို့သည် မွေးဖွားလာမည့်
မြေးဦးလေးကို  မျှော်လင့်နေကြသည်၊၊
အငြိမ်းစားယူပြီးနောက် လူတို့သည် အသက်တာကို သက်သောင့်သက်တာ
ဘဝလေးဖြင့်ဖြစ်စေ၊ ခရီးသွားခြင်း (သို့) ဝါသနာပါရာ အလုပ်တို့၌
ပျော်မွေ့ခြင်းဖြစ်စေ ကုန်လွန်စေကြသည်၊၊ သို့သော် Jane သည်
သူ့အိမ်ဝန်းကျင်ရှိ မြို့လေးတစ်မြို့၌ ဒုက္ခရောက်လူငယ်များအား
ကူညီသည့်လုပ်ငန်းအကြောင်းကြာြး
ပီး ထိုလုပ်ငန်း၌ သူမပါဝင်ရမည်ဟု
သူသဘောပေါက်လိုက်သည်၊၊ “ ဟိုကစောင့်စားနေတဲ့ ကလေးတွေ ရှိတယ်၊၊
သူတို့ဘဝကို ထူးခြားအောင် ကျွန်မလုပ်ပေးနိုင်တယ်ဆိုတာ ကျွန်မ
နားလည်လိုက်တယ်“ ဟု ပြောခဲ့သည်၊၊ ပြည်တွင်းစစ်ဒဏ်ကြောင့်
နေရပ်တိုင်းပြည်မှ စွန့်ခွာခဲ့ရသော လိုင်ဘေးရီယန်း လူငယ်လေးတစ်ယောက်ကို
သူအင်္ဂလိပ်စာ စသင်ပေးခဲ့သည်၊၊ လူငယ်လေးက  လုံခြုံသောဝန်းကျင်သို့
ရောက်ရှိလာခဲ့သောလည်း နေရာသစ်၌ ဘာသာစကားသစ်ကို  နားမလည်ဘဲဖြစ်နေသည်၊၊
ရရှိလာသော အခွင့်အရေးကို အမိအရယူခဲ့သူ Jane က အပြုံးဖြင့် “ မြို့တစ်ပတ်
ဈေးဝယ်ထွက်ပြီး  အလုပ်မရှိအလုပ်ရှာ အလုပ်များနေလို့ ရတယ်၊၊ ဒါပေမယ့်
ဘယ်လောက်ပျော်ရမှာလဲ“ ဟုပြောခဲ့လေသည်၊၊
ထူးခြားမှုကို Jane ပြုနိုင်ခဲ့သည်၊၊ သခင်ယေရှူပြောခဲ့သော “ အကြင်သူသည်
ငါ့ကြောင့် အသက်ရှုံး၏၊၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည် “ ( မ ၁၆:၂၅ )
ဆိုသော စကားမှ သူသင်ခန်းစာရရှိကောင်းရရှိပေမည်၊၊ သူတစ်ပါးကို
ကူညီမစခြင်းအားဖြင့် သခင်ဘုရားထံ မိမိကိုယ်ကို ပေးဆပ်ရာ၌ မိမိအလိုကို
ညင်းပယ်ရပါသည်၊၊ သို့သော် ဤလုပ်ဆောင်မှုအတွက် တစ်နေ့တွင် သခင်၏
ချီးမြှင့်ခြင်းကို ခံရပေမည်၊၊ (:၂၇)
ကျွှန်ုပ်တို့မည်သည့် အသက်အရွယ်၌ ရှိနေပါစေ ဘုရားကိုလည်းချစ်၊
တစ်ပါးသူကိုလည်း ချစ်တတ်သော Jane ၏စံနမူနာကို
အတုယူလိုက်လျှောက်ကြပါစို့၊၊


ဘာကြောင့်ဘုရားသခင်ကို ယုံကြည်တာလဲ?

ကျနော် ဘာကြောင့် ဘုရားသခင်ကို ယုံကြည်ရတာလဲ?

         တစ်စုံတစ်ယောက်က ကျွန်တော့်ကိုလာပြီးတော့ “ ဘုရားသခင်ကို
ဘာလို့ယုံကြည်တဲ့အကြောင်း“ ဝေငှပေးဖို့ ပြောခဲ့တုန်းက အဲဒါလွယ်လွယ်လေးနဲ့
ပြောလို့ရမယ်လို့ ကျွန်တော် ထင်ခဲ့မိပါတယ်၊၊ မျက်စိတမှိတ်အတွင်းမှာ
ဘာကြောင့် ဘုရားသခင်ကို  ယုံကြည်ရလဲဆိုတဲ့
အကြောင်းပြချက်ဒါဇင်ပေါင်းများ
စွာ  ကျွန်တော် စဉ်းစားလို့ရပါတယ်၊၊
ဒါပေမယ့် အဲဒီအကြောင်းပြချက်တွေက သေချာလေ့လာကြည့်မယ်ဆိုရင် ကျွန်တော်
ဘုရားသခင်ကို ယုံကြည်ရတဲ့ အဓိက အကြောင်းပြချက်တွေ မဟုတ်ခဲ့ပါဘူး၊၊
ကျွန်တော် လေ့လာသင်ယူခဲ့တဲ့ သီအိုလိုဂျီတွေက ကျွန်တော့ရဲ့
ယုံကြည်ခြင်းနဲ့ ယုံကြည်ချက်တွေကို ခိုင်ခံ့စေတာ တစ်ခုပါပဲ၊၊
အဲဒီသီအိုလိုဂျီတွေကို  ကိုးကားပြီး ကျွန်တော် ဘာကြောင့် ဘုရားသခင်ကို
ယုံကြည်လဲဆိုတာ ပြောဖို့အတွက် မရိုးသားဘူးလို့ ကျွန်တော် ခံစားရပါတယ်၊၊

          အဓိကကတော့ ကျွန်တော်ဟာ သီအိုလိုဂျီကို မသင်ကြားခင်ကတည်းက
ဘုရားသခင်ကို ယုံကြည်ခဲ့မိတယ်ဆိုတာပါ၊၊ သေချာစဉ်းစားကြည့်လေလေ
ကျွန်တော်ဟာ အကြောင်းပြချက်တွေ ရှာမတွေ့ခင်ကတည်းက ဘုရားသခင်ကို
ယုံကြည်ခဲ့မိတယ်ဆိုတာ ထင်ရှားလေလေပါပဲ၊၊ ကျွန်တော်ဟာ
အသက်ရှင်နိုင်ဖို့အတွက်  လေကိုရှူရှိုက်ရပါတယ်။ လေသာမရှိခဲ့ရင်
ကျွန်တော်ဟာ အသက်မရှင်နိုင်ပါဘူး၊၊ ဒါပေမယ့် လေဟာ အသက်ရှင်နိုင်ဖို့အတွက်
လိုအပ်တယ်ဆိုတာ ကျွန်တော်မသိခင်ကတည်းက ကျွန်တော်ဟာ လေကို
ရှူရှိုက်နေခဲ့ပါတယ်၊၊

         ကျွန်တော်ဟာ အမြဲလိုလို ဆုတောင်းသံတွေ ကြားရတတ်တဲ့ မိသားစုကနေ
မွေးဖွားကြီးပြင်းလာခဲ့ပါတယ်၊၊ အဲဒီဆုတောင်းသံတွေကို နားညောင်းတဲ့
ဘုရားသခင် တကယ်ရှိရဲ့လားလို့ ဘယ်တုန်းကမှ
ကျွန်တော်မေးခွန်းမထုတ်ခဲ့ဖူးပါဘူး၊၊ ဒီတိုင်းလေးပဲ လက်ခံခဲ့တာပါ၊၊
ကျွန်တော်ဟာ အမြဲတမ်း ဘုရားကျောင်းကို ခေါ်သွားခံရပါတယ်၊၊ အဲဒါဟာလဲ
ကျွန်တော့အတွက် ပုံမှန်နေရာတစ်ခုပါပဲ၊၊ ဘုရားကျောင်းတွေက ဘာအတွက်
တည်ရှိနေတာလဲ? ဘယ်လိုဖြစ်လာတာလဲဆိုတာ  ကျွန်တော်မသိခင်ကတည်းက
ဘုရားကျောင်းတွေဟာ ကျွန်တော့အတွက် အိမ်လိုဖြစ်နေခဲ့ပါပြီ၊၊ ကျွန်တော်ဟာ
ခရစ်ယံတစ်ယောက်ဖြစ်ပြီး  တစ်နေ့ပြီး တစ်နေ့ ခရစ်တော်အကြောင်း
သင်ယူလေ့လာနေပါတယ်၊၊ တစ်နေ့ပြီးတစ်နေ့ ကုန်လာတာနဲ့ အမျှ ခရစ်တော်ကို
ပိုမိုချစ်ခင်လာပြီး သူပေးခဲ့တဲ့ ကယ်တင်ခြင်းအတွက် နေ့စဉ်ရက်တိုင်း
ချီးမွမ်းနေပါတယ်၊၊

     ကျွန်တော် ဘယ်တုန်းက  ခရစ်ယန်ဖြစ်လာတာလဲ ဆိုတာ ကျွန်တော်မသိပါဘူး၊၊
ကျွန်တော်ရဲ့ဘဝထဲက နှစ်တွေအတော်များများ သာသနာပြုဖို့အတွက်ပေးခဲ့တယ်၊၊
အဲဒါဟာ ကျွန်တော်လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ဆိုတာ
ကျွန်တော်သေချာသိခဲ့ပါတယ်၊၊ ဒါပေမယ့် သာသနာပြုဖို့အတွက် ဘယ်တုန်းက
ဆုံးဖြတ်ခဲ့လဲဆိုတာ ကျွန်တော်တကယ် မမှတ်မိပါဘူး၊၊ သာသနာပြုဖို့ကလွဲ်ရင်
တခြားဘာမှလုပ်ဖို့ ကျွန်တော်မစဉ်းစားခဲ့ဖူးပါဘူး၊၊ ဘုရားသခင်ဟာ
သာသနာပြုဖို့အတွက် ကျွန်တော်ကို ဖန်ဆင်းခဲ့ပြီး မွေးစကတည်းက
ဒီစိတ်သဘောကို သွင်းပေးခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊၊

        အမေရိကန်တရားရုံးတော်မှာ လူတစ်ဦးဟာ
အပြစ်ရှိတယ်လို့အမိန့်ချခြင်းမခံရသ၍ အပြစ်ကင်းစင်ပါတယ်၊၊ အဲဒီအဖြစ်ဟာ
ကျွန်တော် ဘုရားသခင်ကို ယုံကြည်ချက်ထားတာနဲ့ သွားတူပါတယ်၊၊
ဘုရားသခင်ရှိတယ်ဆိုတာ သက်သေမပြမခြင်း မယုံကြည်ဘူးလို့ပြောနေမဲ့အစား
ဘုရားသခင်မရှိပါဘူးလို့ သက်သေပြနိုင်တဲ့နေ့အထိ ကျွန်တော်ဟာ ဘုရားသခင်ကို
ယုံကြည်သွားမှာဖြစ်တယ်၊၊ ကျွန်တော်ဟာ ဘုရားသခင်ရဲ့ တည်ရှိမှုကို
ဘယ်တုန်းကမှ သံသယ မရှိခဲ့ဖူးပါဘူး၊၊ ဘုရားသခင်ရှိကြောင်း
သက်သေပြဖို့လိုအပ်တယ်လို့ ဘယ်တုန်းကမှလဲ မတွေးမိပါဘူး၊၊

         သမ္မာကျမ်းစာဟာ ဘုရားသခင်တည်ရှိမှုကို သက်သေပြဖို့လိုအပ်တယ်လို့
မယူဆထားပါဘူး၊၊ သမ္မာကျမ်းစာရဲ့ အစပိုင်းမှာ “ အစအဦး၌
ဘုရားသခင်သည်..........” လို့ဆိုထားတဲ့အတွက် ဘုရားသခင်ဟာ
တည်ရှိပြီးသားဖြစ်တယ်ဆိုတာ ဖော်ပြပါတယ်၊၊ မောရှေဟာ ဘုရားသခင်ရဲ့
ပညတ်တွေအကြောင်း သင်ကြားပေးခဲ့တယ်၊၊ အာမုန်ဟာ ဘုရာသခင်ရဲ့
တရားစီရင်မှုအကြောင်း ဖော်ပြပေးခဲ့တယ်၊၊ ဟောရှေကတော့ ဘုရားသခင်ရဲ့
ချစ်ခြင်းမေတ္တာအကြောင်း ပြသခဲ့တယ်၊၊ ဆာလံကျမ်းဟာ ဘုရားသခင်နဲ့
မိဿဟာရပြုနိုင်ဖို့ ဦးဆောင်လမ်းပြတယ်၊၊ မိက္ခာက ဘုရားသခင်ရဲ့
တုနှိုင်းမမှီတဲ့  အကြံအစည်တော်တွေ အကြောင်း ပြောပြခဲ့တယ်၊၊ ခရစ်တော်ကတော့
ဘုရားသခင်ရဲ့ပြီးပြည့်စုံခြင်းကို အပြည့်အဝ ဖော်ပြသွားခဲ့တာဖြစ်တယ်၊၊

        ခရစ်တော်ဟာ တပည့်တော်တွေကို “ သင်တို့စိတ်နှလုံး
ပူပန်ခြင်းမရှိစေနှင့်၊၊ ဘုရားသခင်ကို ယုံကြည်ကြလော့ (ယော ၁၄:၁)” မှာ
ပြောကြားခဲ့ပါတယ်၊၊ အကယ်၍ သင်ယုံကြည်လျှင် ဒါမှမဟုတ်
သင်ယုံကြည်သင့်တယ်လို့ ခရစ်တော်က မပြောခဲ့ပါဘူး၊၊ ရိုးရိုးလေးပဲ
“ယုံကြည်လော့“ လို့ပြောပြီး အဖခမည်းတော်ရဲ့ အိမ်ခန်းတွေအကြောင်း
ဆက်ပြီးပြောသွားခဲ့ပါတယ်၊၊
ကျွန်တော်တို့ဘုရားသခင်ကို ယုံကြည်ဖို့အတွက် အကြောင်းပြချက်တွေ
ငြင်းခုန်မှုတွေ မလိုအပ်ပါဘူး၊၊ ကျွန်တော်တို့ရဲ့ မွေးရာပါအသိစိတ်တွေနဲ့
သဘာဝလွန်စိတ်စွမ်းအင်တွေ_ဘယ်လိုပဲနာမည်အမျိုးမျိုး ခေါ်ခေါ်
ကျွန်တော်တို့ဟာ မွေးကတည်းက ဘုရားသခင်တည်ရှိတယ်ဆိုတာ
အလိုလိုလက်ခံယုံကြည်ပြီးသားလူတွေ ဖြစ်တယ်၊၊ ကြီးပြင်းလာတာနဲ့အမျှ
အဲဒီယုံကြည်ချက်တွေဟာ ကြီးထွားခိုင်ခန့်လာနိုင်သလို ပျက်စီးပြီး
ပျောက်ပျက်သွားတာမျိုးလဲ ရှိနိုင်ပါတယ်၊၊ အချက်အလက်တွေဟာ
လိမ်ညာနိုင်စွမ်းရှိပါတယ်၊၊ ပညတ်တော် ဆယ်ပါးဟာ ဘုရားသခင်ကို
ယုံကြည်ပါလို့ ပညတ်မထားပါဘူး၊၊ ဒါပေမယ့် ဘုရားသခင်ကို ကျွန်တော်တို့ရဲ့
ကိုးကွယ်ဝတ်ပြုခြင်းမှာ  ပထမနေရာ ထားဖို့ သွန်သင်ပါတယ်၊၊

        တစ်စုံတစ်ဦးဟာ ဘုရားသခင်ကို ယုံကြည်ဖို့အတွက် ဘုရားသခင်ကို
နားလည်ဖို့မလိုအပ်ပါဘူး၊၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ
ကိုယ်လုပ်နေတဲ့ အရာတွေအပေါ် နည်းနည်းလေးသာ နားလည်ကြလို့ဖြစ်တယ်၊၊ “
ကျွန်တော်ဟာ အခန်းတစ်ခုထဲ ဝင်ဖို့ တံခါးဝမှာ ရပ်နေပါတယ်၊၊ တကယ်ဆို
တော်တော်ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တစ်ခုပါပဲ ပထမဆုံး ကျွန်တော့
ကိုယ်ကြီးကို ဖိထားတဲ့ ၁၄ပေါင်အားရှိတဲ့လေဖိအားကို
တွန်းလှန်နိုင်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ အသေးဆုံး မျက်နှာပြင်
အစိတ်အပိုင်းပါမကျန် လှုပ်ရှားရပါမယ်၊၊
နေကိုပတ်နေတဲ့မိုင်နှစ်ဆယ်စီးကြောင်းထဲမှာ အလိုက်သင့်မျောပါသွားအောင်လဲ
ကြိုးစားရမယ်၊၊ ဒါတွေအားလုံးကိုကမ္ဘာမြေပေါ်မှာရှိနေခိုက် တပြိုင်နက်
အာကာသထဲကို ဦးတည်ထားရင်း လုပ်ရမှာဖြစ်တယ် “ ဆိုပြီး Dr.Arthur Eddington
က သူကိုယ်တိုင်ရေးတဲ့   “ Nature of the Physical World” စာအုပ်မှာ
ရှင်းပြရေးသားထားပါတယ်၊၊ သိပ္ပံပညာရှင် အနည်းငယ်လောက်သာပဲ အခန်းတစ်ခုထဲ
လမ်းလျှောက်ဝင်တဲ့ ဖြစ်စဉ်ကို နားလည်ကြတာဖြစ်တယ်၊၊ ကျန်တဲ့
ကျွန်တော်တို့တတွေကတော့ ဒီတိုင်းပဲ လမ်းလျှောက်ပြီး ဝင်သွားတာပဲ၊၊

          ကျွန်တော်တို့လူတွေအများစုဟာ  ရေထဲမှာ ပါဝင်တဲ့
အမျိုးအမည်တွေအကြောင်း နားမလည်ပဲနဲ့ ဒီတိုင်းသောက်လိုက်ကြတာပါပဲ၊၊
လျှပ်စစ်ဆိုတာဘာမှန်း သေချာနားမလည်ပေမယ့် ဒီတိုင်း သုံးလိုက်ကြတာပါပဲ၊၊
အချစ်ရဲ့ဖြစ်စဉ်ကိုရော ဘယ်သူတွေကများ  သေသေချာချာ နားလည်ထားပါသလဲ?
နားမလည်ပေမယ့် လူတော်တော်များများက ချစ်လို့ဆိုပြီး အသက်တွေ
စွန့်လွတ်ကြတယ်၊၊ ကျွန်တော်တို့အများစုဟာ
ဘုရားသခင်အကြောင်းမရှင်းပြနိုင်ပေမယ့် “ ကျွန်တော့မှာ ဘုရားသခင်ကို
မေးစရာ မေးခွန်း ထောင်ပေါင်းများစွာရှိပါတယ် ဒါပေမယ့် ဘုရားသခင်ကို
တွေ့ပြီးတဲ့နောက်တော့ အဲဒီမေးခွန်းတွေဟာ လွင့်ပြယ်သွားခဲ့ပြီး
အရေးမပါတော့ပါဘူး“ လို့ ခရစ်စတိုဖာ မော်လီပြောသလိုပဲ အများစုက
ပြောကြမှာပါ၊၊

         “ဘုရားသခင်ကို ယုံကြည်ပါတယ်“ လို့ ပြောဆိုခြင်းဟာ
ကျိုးကြောင်းသင့်တွေးခေါ်ယူဆမှုထက် အများကြီး အဓိပ္ပါယ်ရှိပါတယ်၊၊ “
ယုံကြည်တယ် “ ဆိုတာဟာ သူ့ကိုအကြွင်းမဲ့ကိုးစားပြီး သူ့ရဲ့အလိုတော်အတိုင်း
လိုက်လျှောက်အသက်ရှင်တာကို ဆိုလိုတာဖြစ်တယ်၊၊ ကျွန်တော်နဲ့
သိကျွမ်းခင်မင်တဲ့ မိတ်ဆွေတစ်ယောက်ဟာ မခံမရပ်နိုင်တဲ့
ခေါင်းကိုက်ဝေဒနာကို ခံစားရပါတယ်၊၊ ဒေါက်တာနဲ့ပြသပြီးတဲ့နောက်
ဦးနှောက်မှာ အကျိတ်ရှိတယ်ဆိုတဲ့ အဖြေထွက်လာပါတယ်၊၊ ဆရာဝန်ပြောတာ
မှန်မမှန် မိတ်ဆွေမသိပါဘူး၊၊ သူ့လုပ်နိုင်တာက ဆရာဝန်အပေါ်
ယုံကြည်ချက်ထားလိုက်တာပါပဲ၊၊ သူယုံကြည်ချက်ကို ဆရာဝန်အပေါ်
ပုံအပ်လိုက်ပြီးနောက် ဆွေမျိုးသားချင်းတွေမရှိ
သူငယ်ချင်းမိတ်ဆွေတွေမရှိတဲ့ ခွဲစိတ်ခန်းထဲမှာ ပက်လက်လန်ပြီး
လဲလျောင်းနေပါတယ်၊၊ သူ့ရဲ့ ဦးခေါင်းကို ဖွင့်ပြီး ဦးနှောက်ကို
ခွဲစိတ်ဖို့အတွက် ဆရာဝန်ကို သူခွင့်ပြုချက်ပေးလိုက်ပါပြီ၊၊ ခွဲစိတ်မှုမှာ
တစ်လက်မရဲ့ အသေးဆုံးအတိုင်းအတာလောက် လွဲသွားရင်တောင်
အသက်ဆုံးရှုံးနိုင်ပေမယ့် သူဟာ ခွဲစိတ်မှုကို ခံယူဖို့ဆန္ဒရှိနေပါတယ်၊၊
သူ့ရဲ့ဆရာဝန်အပေါ်ထားရှိတဲ့ ယုံကြည်မှုဟာ သူကိုယ်တိုင်သဘောတူပြီး
ဆရာဝန်ရဲ့လက်ထဲကို သူ့ရဲ့အသက်ကို အပ်နှံလိုက်တာဖြစ်တယ်၊၊

         ကျွန်တော်တို့ဘုရားသခင်ကို ယုံကြည်ခြင်းဟာ ဘာကြောင့်လဲဆိုရင်
ကျွန်တော်တို့ရဲ့ အားနည်းချက်တွေ မပြည့်စုံမှုတွေကို ကျွန်တော်တို့
သိနားလည်လို့ဖြစ်ပါတယ်၊၊ ကျွန်တော်တို့ဟာ
ကိုယ့်ကိုယ်ကိုပြီးပြည့်စုံတဲ့လူလို့ မြင်နေသေးသ၍ ဘုရားသခင်ကို
မလိုအပ်ပါဘူး၊၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ကိုယ်တိုင်ရဲ့
ဘုရားသခင်ဖြစ်လို့နေပါတယ်၊၊  လူတစ်ယောက်ဟာ သူ့ရဲ့ဘဝအသက်တာမှာ ဘုရားသခင်ပဲ
ဖြည့်ပေးနိုင်တဲ့ ကွက်လပ်ရှိတယ်လို့ မခံစားမိသ၍ ဘုရားသခင်ကို အစစ်အမှန်
ရှာဖွေတွေ့ရှိနိုင်မှာ မဟုတ်ပါဘူး၊၊်ဘုရားသခင်ကို သင့်ဘဝမှာမလိုအပ်သ၍
သူ့ကို ရရှိမှာမဟုတ်ပါဘူး၊၊

         ယုံကြည်သူတွေဟာ ဘုရားကျောင်းသွားဖို့ တာဝန်ရှိတယ်
အမြဲပြောတတ်ကြပါတယ်၊၊ လိုလဲ လိုအပ်ပါတယ်၊၊ ဒါပေမယ့်
အဲဒီအကြောင်းပြချက်နဲ့ ဘုရားကျောင်းသွားတဲ့သူ အတော်နည်းတာကို
တွေ့ရပါတယ်၊၊ ကျွန်တော့်ရဲ့ ဘုရားကျောင်းမှာ အဲဒီလို တာဝန်သိစိတ်နဲ့ပဲ
ဘုရားကျောင်းလာတဲ့လူမရှိဘူးလို့ ကျွန်တော်ပြောချင်ပါတယ်၊၊
ဘုရားကျောင်းကနေပြီး  အကျိုးအမြတ်ရတဲ့သူတွေဟာ
သူတို့ရဲ့လိုအပ်မှုအသိစိတ်ကြောင့် လာတဲ့သူတွေဖြစ်ပါတယ်၊၊
သူတို့ရဲ့အသိစိတ်တွေဟာ ဘုရားသခင်ရဲ့အမှန်တရားအတွက် ဖွင့်ထားပြီး
နှလုံးသားတွေက ဘုရားသခင်ရဲ့မျက်မှောက်တော်ရှေ့မှာ
ဖွင့်ဟထားကြတာဖြစ်တယ်၊၊ မျက်နှာတော်ကို ချဉ်းကပ်တဲ့သူများဟာ
ဘုရားကျောင်းကနေပြီး ရှာဖွေတွေ့ရှိကြတာဖြစ်တယ်၊၊
ဘုရားရှိခိုးကျောင်း သံစုံတီးဝိုင်းဆိုကြတဲ့အခါ ကျွန်တော်အပေါ်မှာ
လွမ်းမိုးတဲ့သူ အများကြီးကို တွေ့ရပါတယ်၊၊ သူတို့ဟာ
ကိုယ်ပိုင်ပြဿနာပေါင်းမျိုးစုံရှိကြပေမယ့် သူတို့အထဲမှာ
သီချင်းဆိုနိုင်လောက်အောင် ခွန်အားပေးတဲ့ အရာတစ်ခုရှိနေတာကို
မြင်တွေ့ရပါတယ်၊၊ နောက်တစ်ခုက ဆုတောင်းတဲ့အချိန်ကျရင် လူများစုက
တကယ်ကိုစိတ်ပါလက်ပါ ဆုတောင်းတာကို မြင်ရပါတယ်၊၊ ဒါဟာ တစ်ခုခုသော
အကြောင်းကြောင့်ဆိုတာ သိသာထင်ရှားပါတယ်၊၊

           အမျိုးသမီးလေးတစ်ယောက်ဟာ ဘုရားကျောင်းမှာ အလုပ်လုပ်ဖို့အတွက်
ကျွန်တော့်ကိုလာပြောပါတယ်၊၊ ကျွန်တော်က လစာကို ဘယ်လောက်မျှော်မှန်းလဲလို့
မေးတဲ့အခါ သူမက လစာဟာ သူမအတွက် အရေးမကြီးတဲ့အကြောင်း ပြန်ဖြေပါတယ်၊၊
ပြီးတော့ “ဘယ်လောက်ပဲရရ  ဘယ်အခြေနေမျိုးဖြစ်ဖြစ်သူမဟာ
ရပ်တည်နိုင်အောင်ကြိုးစားမယ် အဓိကက ဘုရားသခင်အတွက် အစေခံရဖို့ပါလို့“
ဆက်ပြီး ပြောပြခဲ့ပါတယ်၊၊ သူမဟာ လွန်ခဲ့တဲ့ရာစုနှစ်များစွာက
ယုံကြည်မှုအတွက် အသက်စွန့်ခဲ့တဲ့သူတွေကို သတိရစေပါတယ်၊၊ အမှုတော်ဆောင်တွေဟာ
ကျမ်းစာထဲကနေ ကျမ်းချက်တွေဖတ်ပြီး သွန်သင်တဲ့အခါတွေမှာ ဒီကျမ်းစာအုပ်ဟာ
ဘာကြောင့် အခြားစာအုပ်တွေထက် ကာလကြာရှည် ခိုင်မြဲနေတယ် ဆိုတာ ကျွန်တော်
သဘောပေါက် နားလည်ရပါတယ်၊၊

         တခြားတဖက်မှာ ကြည့်မယ်ဆိုရင် လူတစ်ယောက်ဟာ ဘုရားကျောင်းကို
လိုအပ်နေတဲ့စိတ်သဘောထားနဲ့ မလာဘူးဆိုရင် သူဟာ
အလွန်ကိုပျက်စီးယိုယွင်းနေတဲ့ ဝိညဉ်ကို ပြိုင်ဆိုင်ထားနေတာ ဖြစ်တယ်၊၊သူဟာ
ဘုရားကျောင်းရဲ့ အပြစ်အနာအဆာတွေကို မြင်မယ် လူတွေကိုကြည့်ပြီး ဝေဖန်မယ်၊၊
သာသနာပြုဆရာတွေ တကယ် သစ္စာရှိရဲ့လား ဆိုပြီး  သံသယတွေ  ဝင်မယ်၊၊ ပြီးတော့
သံစုံတီးဝိုင်းကလည်း အကြွားပိုတယ်လို့ ထင်မယ်။ အဲဒီလူဟာ ဘုရားကျောင်းကို
ဘာအတွက်နဲ့မှမလာခဲ့သလို ဘုရားကျောင်းကနေပြီး  ဘာမှလဲ ရမှာ မဟုတ်ပါဘူး၊၊
သူ့အတွက်တော့  အိမ်မှာနေတာက ပိုကောင်းပါလိမ့်မယ်၊၊
ကျွန်တော်တို့တွေဟာ ဘုရားသခင်ကို လိုအပ်တယ်လို့ မခံစားမိသ၍ ဘယ်တော့မှ
သူ့ကိုတကယ် မယုံကြည်ကြပါဘူး၊၊


သူဟာ
*လမ်းပျောက်သောသူအတွက် လမ်းခရီးဖြစ်တယ်
*အဝတ်မရှိသူအတွက် ဝတ်ရုံဖြစ်တယ်
*ဆာလောင်သောသူအတွက် စားစရာဖြစ်တယ်
*နစ်မွန်းနေသူအတွက် ကယ်တင်သူဖြစ်တယ်
*အားနည်းသူကို ခွန်အားပေးသူဖြစ်တယ်
*လူသေကောင်များအတွက် အသက်ဖြစ်ပြီး ဖျားနာသူများအတွက် ကျန်းမာခြင်းဖြစ်တယ်
*မျက်ကန်းသူအတွက် အလင်းဖြစ်ပြီး လိုအပ်နေသူများအတွက် ကြွယ်ဝခြင်းဖြစ်တယ်
*ဆုံးရှုံးမှုမရှိတဲ့ ဝမ်းမြောက်ခြင်းဖြစ်ပြီး ခိုးယူနိုင်ခြင်းမရှိတဲ့
ရတနာလဲ ဖြစ်တယ်၊၊


လွန်ခဲ့သောနှစ်ထောင်ကပျောက်ဆုံးနေတဲ့ယေရူရဲ့ပုံတူပန်းချီနဲ့မြေပုံတွေလား

0 comments:

Post a Comment