ကျနော်တို့အားလုံးဟာ ရွှေစည်းမျဉ်းနဲ့ အသားကျနေကြပါတယ် ။
“ ကိုယ့်ကို ဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ဆက်ဆံပါ ’’ – ဆိုတဲ့ ရွှေစည်းမျဉ်းပေါ့ ။
ကိုယ်ကျင့်သံလိုက်အိမ်မြှောင်အနေနဲ့ဆိုရင်တော့  ဒီရွှေစည်းမျဉ်းက ကောင်းမွန်လှပါတယ်။ ဒါပေမဲ့ လူသားအချင်းချင်း  အပြန်အလှန်ဆက်ဆံမှုမှာတော့ ဒီလောက်နဲ့တင် မလုံလောက်တော့ပါဘူး။ သင်  ဆက်ဆံရသမျှလူတိုင်းဟာ သင်နဲ့ မတူညီကြပါဘူး။ သူတို့မှာ မတူညီတဲ့  လိုအပ်ချက်တွေ၊ တောင့်တမှုတွေနဲ့ ဆန္ဒတွေ ရှိကြပါတယ်။ ဒါကြောင့်  လွှမ်းမိုးမှုတည်ဆောက်တဲ့အခါ ကျနော်တို့ဟာ ပလက်တီနမ်စည်းမျဉ်း (The Platinum  Rule) ကို အသုံးပြုကြရပါမယ်။ အဲဒီ ပလက်တီနမ်စည်းမျဉ်းကတော့ -
“ လူတွေကို သူတို့ဆက်ဆံစေချင်တဲ့အတိုင်း ဆက်ဆံပါ ’’- ဆိုတာပါပဲ။
စည်းမျဉ်းနှစ်ခုရဲ့ ခြားနားမှုက  သိမ်မွေ့ပါတယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးရာဆက်ဆံမှုတွေ၊ အရောင်းအ၀ယ်လုပ်ငန်းနဲ့  ခေါင်းဆောင်မှုလုပ်ငန်းတွေမှာ အကျိုးရလာဒ်က အလွန်ကြီးမားပါလိမ့်မယ်။
ဒါကြောင့် လူတွေနဲ့ဆက်ဆံတဲ့အခါ ရွှေစည်းမျဉ်းက မလုံလောက်ဘူးဆိုတာ သတိရပါ ။
“ လူတွေကို သူတို့ဆက်ဆံစေချင်တဲ့အတိုင်း ဆက်ဆံပါ ’’
မူရင်း။   ။ Forget the Golden Rule by Ty Bennetthttp://yourlifesuccess.blog.com/page/5/












0 comments:
Post a Comment