အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Sunday 23 October 2011

နာဇီခေါင်းဆောင် ဟစ်တလာ သတ်သေသွားခဲ့ခြင်းမဟုတ်ဟုဆို


စာရေးဆရာ နှစ်ဦး ပူးတွဲရေးသားသည့် စာအုပ်တစ်အုပ်က ဂျူးလူမျိုး (၆)သန်းကျော်ကို သတ်ပစ်ခဲ့သည့် ဒုတိယ ကမ္ဘာစစ်ကာလ နာဇီ စစ်ဘီလူးကြီး အဒေါ့ဖ်ဟစ်တလာသည် သမိုင်းမှတ်တမ်းများအတိုင်း အမှန်တကယ် မိမိကိုယ်ကိုယ် သတ်သေသွားခဲ့ခြင်း မရှိဟု ဖော်ပြထား

 
နာဇီခေါင်းဆောင် ဟစ်တလာ သတ်သေသွားခဲ့ခြင်းမဟုတ်ဟုဆို
မကြာသေးမီက ထုတ်ဝေလိုက်သော စာအုပ်တစ်အုပ်အရ သမိုင်းမှတ်တမ်းများကို ပြောင်းလဲရမလို ဖြစ်လာခဲ့သည်။ စာရေးဆရာ နှစ်ဦး ပူးတွဲရေးသားသည့် စာအုပ်တစ်အုပ်က ဂျူးလူမျိုး (၆)သန်းကျော်ကို သတ်ပစ်ခဲ့သည့် ဒုတိယ ကမ္ဘာစစ်ကာလ နာဇီ စစ်ဘီလူးကြီး အဒေါ့ဖ်ဟစ်တလာသည် သမိုင်းမှတ်တမ်းများအတိုင်း အမှန်တကယ် မိမိကိုယ်ကိုယ် သတ်သေသွားခဲ့ခြင်း မရှိဟု ဖော်ပြထားသည်။

ထို့အပြင် ဟစ်တလာနှင့် ဇနီးဖြစ်သူ အီဗာ ဘရောင်းတို့သည် ဂျာမနီမှတဆင့် အာဂျင်တီးနားနိုင်ငံသို့ ထွက်ပြေးသွားနိုင်ခဲ့ပြီး (၁၉၆၂)ခုနှစ်တွင်မှ ဟစ်တလာ ကွယ်လွန်သွားကြောင်း စာအုပ်အတွင်း အခိုင်အမာ ရေးသားထားသည်။ စာအုပ်ကို တာဝန်ယူ ရေးသားသူ တစ်ဦးဖြစ်သည့် ဂျာရတ် ၀ီလျံက “ဟစ်တလာနဲ့ အီဗာနဲ့ သေတယ်ဆိုတဲ့အကြောင်း ဘာမှုခင်းမှတ်တမ်းမှ မရှိပါဘူး။ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အရ သူတို့ဟာ အာဂျင်တီးနားကို အသက်ရှင်လျက် ထွက်ပြေးသွားနိုင်တယ်လို့ ယုံကြည်ရပါတယ်”ဟု ပြောကြားခဲ့သည်။

၎င်းက အမေရိကန်တို့သည် နာဇီတို့၏ စစ်ဘက်ဆိုင်ရာ နည်းပညာများကို ရယူပြီးနောက် ဟစ်တလာ တောင်အမေရိကသို့ ထွက်ပြေးရန် လျှို့ဝှက် အကူအညီပေးခဲ့ကြောင်း စွပ်စွဲခဲ့သည်။ ၀ီလျံနှင့် ဆိုင်မွန် ဒန်စတန်တို့ ပူးတွဲရေးသားသည့် အဆိုပါ စာအုပ်အတွင်းတွင် ရုရှားတို့ သိမ်းဆည်းထားသည်ဆိုသော ဟစ်တလာ ဦးခေါင်းခွံသည် အမျိုးသမီး တစ်ဦးထံမှသာ ဖြစ်ကြောင်းလည်း ရေးသားထားသည်။ ၎င်းတို့သည် အဆိုပါ စာအုပ်ကို မှုခင်းဆေးပညာ ရှုထောင့်ဖြင့် သုံးသပ်ကာ အချက်အလက် များစွာကို အခြေခံပြီး မှတ်တမ်းပြုစု ရေးသားခဲ့ခြင်းဖြစ်သည်။

Source: TheSun

ပြင်သစ်သမ္မတ၏ဇနီး ကာလာဘရူနီ သမီးလေးမွေးဖွား

ပဲရစ်မြို့တော်ရှိ သီးသန့် ဆေးခန်းတစ်ခုတွင် အောင်မြင်စွာ မီးဖွားပြီးနောက် သမ္မတ အိမ်တော်က ပျော်ရွှင်ဖွယ်ရာ သတင်းကို တိုင်းပြည်သို့ ကြေညာ

ပြင်သစ်သမ္မတ၏ဇနီး ကာလာဘရူနီ သမီးလေးမွေးဖွား
ပြင်သစ် သမ္မတ နီကိုလက်စ် ဆာကိုဇီ၏ ဇနီးဖြစ်သူ ကာလာဘရူနီ ဆာကိုဇီသည် ယခုအခါ သမီးမိန်းကလေး တစ်ဦးကို အောင်မြင်ချောမောစွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရှိရသည်။ ပဲရစ်မြို့တော်ရှိ သီးသန့် ဆေးခန်းတစ်ခုတွင် အောင်မြင်စွာ မီးဖွားပြီးနောက် သမ္မတ အိမ်တော်က ပျော်ရွှင်ဖွယ်ရာ သတင်းကို တိုင်းပြည်သို့ ကြေညာပေးခဲ့သည်။

မျက်မြင်များက ဆာကိုဇီသည် လာမြူတီ ဆေးခန်းတွင် နာရီပေါင်း အတန်ကြာ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေသည်ကို တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။ အီလီဆီ နန်းတော်က နောက်ထပ် အသေးစိတ် အချက်အလက်များကို ကြေညာမည် မဟုတ်ဘဲ ယင်းသည် သမ္မတ မိသားစု၏ အရေးကိစ္စသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြင်သစ် မီဒီယာများက မိန်းကလေးမွေးဖွားကြောင်းသာ သိရှိရပြီး နောက်ထပ် သတင်းများ မရရှိသေးဟု ဆိုသည်။

AFPကလည်း သမ္မတကတော်၏ အတွင်းစည်းများထံမှတဆင့် အောက်တိုဘာ (၁၉)ရက်နေ့က ကလေးမွေးဖွားကြောင်း သတင်းကို သိရှိရခဲ့ရသော်လည်း အခြားအချက်အလက်များကို မထုတ်ပြန်နိုင်သေးကြောင်း ဖော်ပြခဲ့သည်။ အီတလီဖွား ကာလာ ဘရူနီသည် သူမ၏ ကိုယ်ဝန်ဆောင် သက်တမ်းတစ်လျှောက်တွင် ပေါ်ပေါ်ထင်ထင် မနေဘဲ တတ်နိုင်သမျှ ဖုံးဖိနေခဲ့သည်။

သမ္မတ ဆာကိုဇီသည် ဆေးခန်းတွင် နေပြီးနောက် ဂျာမနီနိုင်ငံ ဖရန့်ဖတ်သို့ ထွက်ခွာသွားပြီး ဂျာမန် ၀န်ကြီးချုပ် အန်ဂျလာ မာကယ်လ်နှင့် တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။ အီလီဆီ နန်းတော်က နှစ်နိုင်ငံ ခေါင်းဆောင်များသည် ဥရောပ ကြွေးမြီ ပြဿနာအတွက် အလေးထား ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း ဖော်ပြသွားခဲ့သည်။

0 comments:

Post a Comment