အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Thursday 1 December 2011

ခွဲစိတ်စရိတ်မတတ်နိုင်လို့အစာအိမ်ကိုဓါးနဲ့ထိုးဖောက်ခဲ့တဲ့တရုတ်အမျိုးသမီး



တရုတ်အမျိုးသမီးတစ်ဦးဟာ ရေတွေနဲ့ပြည့်ဖောင်းနေတဲ့ ၀မ်းဗိုက်ကိုခွဲစိတ်ဖို့ရာ မတတ်နိုင်ခဲ့တဲ့အတွက် ကိုယ့်အ စာ အိမ်ကို ကိုယ် မီးဖိုချောင်သုံးဓါးနဲ့ ထိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ် ။ သူမနာမည်က Wu Yuanbi အလို့အ မည်ရပြီး အသက် ၅၃ နှစ်ရှိပါပြီ ။ Chongqing မြူနီစီပယ် ဧရိယာမှာ ရွှေ့ပြောင်းလုပ်သားတစ်ဦးဖြစ်ပြီး သူမဟာ ဒီလို ခွဲစိတ်ဖို့မတတ်နိုင်တဲ့အတွက် ဒီလိုအလုပ်မျိုးလုပ်ခဲ့တယ်လို့ဆိုပါတယ် ။

သူမ ရုတ်တရက် ဓါးနဲ့ထိုးချလိုက်တဲ့အခါ အရာအားလုံးဟာ မှောင်မိုက်သွားပါတယ် ။ အလင်းသဲ့သဲ့ မျက်လုံးထဲ ပြန်ဝင်လာ တဲ့အချိန်မှာတော့ေ ဆးရုံကို ရောက်နေပြီးအခုတော့ ကုသမှုတွေအတွက် ကုန်ကျစရိတ်တွေ မပေးရတော့ ဘူးလို့ သိရပါတယ် ။ ၀ူဟာ အသက် ၁၃ နှစ်အရွယ်ကစပြီး Budd-Chiari syndrome လို့ခေါ်တဲ့အ စာအိမ်ထဲမှာ ရေတွေပြည့်နှက်နေတဲ့ ထူးထူးဆန်းဆန်းရောဂါကို ခံစားနေရသူဖြစ်ပါတယ် ။ ၂၀၀၂ ခုနှစ်မှာတော့ သူမ မိသားစုက အစာအိမ်ထဲကရေတွေထွက်ရှိစေဖို့အတွက် ခွဲစိတ်မှုတစ် ခုကို ငွေကုန်ကြေး ကျခံပြီးပြုလုပ် ခဲ့ပါတယ် ။ သူမပြန်ကောင်းလာတဲ့အချိန်မှာ မိသားစုဟာ အတော်လေး ဆင်းရဲသွားခဲ့ရပါတယ်။ ဒုတိယအ ကြိမ်ခွဲစိတ်ဖို့ ယွမ်ငါးသောင်းကို မတတ်နိုင်ခဲ့ပါဘူးလို့ မီဒီယာတွေကဖော်ပြထားပါတယ်။ မေ ၈ ရက်နေ့တုန်းက ၀ူဟာ ၀မ်းဗိုက်ထဲမှာ အလွန်အမင်းတင်းကျပ်နေတဲ့အတွက် အစာအိမ်ကို အခုလို ဓါးနဲ့ထိုးဖောက် ခဲ့ရတာပါလို့ဆိုပါတယ် ။ သူမ အမျိုးသား Cao Yunhui က သူမ အစာအိမ်ပွင့်နေတဲ့ အချိန်အလုပ်မှာရှိနေခဲ့ပြီး သူမဟာ နာရီအတော်ကြာ ပြင်းထန်တဲ့နာကျင်မှုကိုခံစားခဲ့ရပါ့တယ် ။ သူမအမျိုးသားပြန်ရောက်လာခဲ့အခါ ၀ူ ကို အစာအိမ်မှာ ၁၀ စင်တီမီတာလောက် ဒါဏ်ရာကြီးနဲ့လဲကျနေတာကိုတွေ့ပြီး အရည်တွေစိုရွဲနေတာကို မြင်ခဲ့ရပါတယ် ။ ဒါနဲ့ပဲ ချက်ချင်းဆေးရုံကိုပို့ဆောင်ခဲ့ရပါတယ် ။



“ အကယ်၍ ကျွန်မ သေဆုံးသွားခဲ့လည်း ဒါဟာ မိသားစုအတွက် ၀န်ထုပ်ဝန်ပိုးလျော့ကျစေတာဖြစ်တယ်လို့ မြင်မိ ပါတယ် ” လို့ ၀ူက ပြောဆိုခဲ့ပါတယ် ။

Source :rxpgnews

သက်တန့်ချိုhttp://www.thettantcho.com/search/label/%E1%80%91%E1%80%B0%E1%80%B8%E1%80%91%E1%80%B0%E1%80%B8%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%9C%E1%80%B8%E1%80%B1%E1%80%90%E1%80%BC

0 comments:

Post a Comment