အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Tuesday 27 September 2011

Desktop ပေါ်တွင် Sleep Command Shortcut Key ကို ဖန်တီးခြင်း

Desktop ပေါ်တွင် Sleep Command Shortcut Key ကို ဖန်တီးခြင်း

ကွန်ပျူတာကို သုံးနေစဉ် ခဏ ရပ်ထားလိုတဲ့ အခါမျိုးတွေကို Sleep ချထားဖို့ လိုပါတယ်။
ပုံမှန်အားဖြင့် Sleep ချထားဖို့ Start >> Shut Down ဘေးမှ မြှားကို ဖွင့်ပြီး Sleep ကိုရွေးရပါတယ်...။

အဲ့လို မရွေးပဲ သူငယ်ချင်းတို့ရဲ့ Desktop ပေါ်မှာ Shortcut Key လေး ထားပြီး သုံးကြည့်ရအောင်နော်....း)
ပထမဆုံး သူငယ်ချင်းတို့ Desktop ပေါ်မှာ RightClick  ကို နှိပ်ပြီး New >> Shortcut ကို ရွေးလိုက်ပါ....

Box လေးကိုမြင်တာနဲ့ Type the location....... နေရာမှာ
Rundll32.exe Powerprof.dll,SetSuspendState Sleep  ကိုရိုက်ထည့်ပြီး Next Button ကိုရွေးလိုက်နော်

နာမည်ပေးရန် Box မှာ Type a name...နေရာတွင် Rundll32 ဆိုတဲ့ နာမည်ပဲ ထားပြီး Finish Button ကို နှိပ်တော်မူ.....း) အဲ့နာမည်လေးတော့ မပြောင်းနဲ့နော်
စာမျက်နှာပေါ်ရောက်မှ မိမိ စိတ်ကြိုက်နာမည်ကို Icon ပေါ် ကလစ် Rename ကနေသာ စိတ်ကြိုက်ပြောင်းပေတော့
ကြယ်ကတော့.. Sleepy Computer လို့ နာမည်ပေးလိုက်တယ်....း)

Sleep ချတယ်ဆိုတာ ကွန်ပျူတာ တစ်ခုလုံးကို ပိတ်လိုက်တာနော်.... ဒါပေမယ့် သုံးလက်စ လုပ်ငန်းတွေကိုတော့
မပိတ်ဘူးပေါ့... ပါဝါ ဖွင့်တာနဲ့ Sleep မလုပ်ခင်က Run ထားခဲ့တဲ့ လုပ်ငန်းတွေက ရှိနေဦးမှာပါ......

အဆင်ပြေပါစေနော်.. မိုးသောက်ကြယ်

0 comments:

Post a Comment