အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......
Showing posts with label အချစ်အတွက် မိမိကိုယ်မိမိ မီးရှို့သူ. Show all posts
Showing posts with label အချစ်အတွက် မိမိကိုယ်မိမိ မီးရှို့သူ. Show all posts

Tuesday, 14 May 2013

အချစ်အတွက် မိမိကိုယ်မိမိ မီးရှို့သူ

အင်ဒိုနီးရှားနိုင်ငံမှ အသက် (၃၀)အရွယ်ရှိ ကုန်တင်ကားသယ် ယူပို့ဆောင်ရေးအလုပ်သမား မို ချန်မတ်ဇီခရာသည် ဂျာကာတာ မြို့ရှိ ၎င်း၏ရုံးခန်း၌ မိမိကိုယ်မိမိ မီးရှို့ခဲ့ပြီး အခြားအိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးကိုလည်း မီး တွင်းထဲသို့ ဆွဲသွင်းရန် ကြိုးပမ်းခဲ့ သည်။
ဇီခရာသည် မိမိကိုယ်မိမိ ဓာတ်ဆီလောင်း၍ မီးရှို့ခဲ့ပြီး ၎င်း စိတ်ဝင်စားနေခဲ့သည်ဟု ယူဆရ သည့် အသက် ၂၆ နှစ်အရွယ်ရှိ စန်တီဒီယိုစာကာဂူမေလာအား မီးတွင်းသို့ ဆွဲယူရန်ကြိုးပမ်းခဲ့ သည်ဟု အခြား လုပ်ဖော်ကိုင် ဘက်အမျိုးသမီးတစ်ဦးက ၀င် ရောက်၍ ဂူမေလာအား ဝေးရာ သို့ ဆွဲယူသွားနိုင်ခဲ့သည်။

အမျိုးသမီးနှစ်ဦးလုံးမှာ ဇီ ခရာ၏ ဆုတ်ကိုင်ထားမှုမှ ရုန်း ထွက်နိုင်ခဲ့ကြပြီး ရုံးခန်းပြင်ပသို့ ထွက်ပြေးနိုင်ခဲ့ကြသော်လည်း မီး လောင်ဒဏ်ရာများအသီးသီးရရှိ သွားကြောင်း ရဲတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ရီကွမ်တိုကပြောကြား လိုက်သည်။ ၎င်းအမျိုးသမီးနှစ် ဦးအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ ရပြီး ဇီခရာမှာမူ သေဆုံးသွားခဲ့ သည်။ ထိုကိစ်္စမှာချစ်မှုရေးရာနှင့် ပတ်သက်လိမ့်မည်ဟု ရဲတပ်ဖွဲ့က ယူဆသော်လည်း အသေးစိတ်ကို မူ ထုတ်ဖော်ပြောကြားခြင်းမပြု ပေ။

ဂျာကာတာအရှေ့ပိုင်းရှိ ခရိုင်ခွဲ ရဲစုံထောက်အကြီးအကဲ အန်တောင်းက ဇီခရာသည် စန်တီနှင့် ချစ်ကြိုက်နေ သည်မှာ (၂)နှစ်ခန့်ရှိနေခဲ့ပြီး စန်တီက လက်ထပ်သွားကာ ဇီခရာအား ငြင်းပယ် ခဲ့ကြောင်း   ပြောကြား လိုက်သည်။