အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......
Showing posts with label တရုတ်ပြည်မတွင် ချမ်းသာသူတို့က လူငှား၍ ပြစ်ဒဏ်ကျခံစေနိုင်. Show all posts
Showing posts with label တရုတ်ပြည်မတွင် ချမ်းသာသူတို့က လူငှား၍ ပြစ်ဒဏ်ကျခံစေနိုင်. Show all posts

Monday, 20 May 2013

တရုတ်ပြည်မတွင် ချမ်းသာသူတို့က လူငှား၍ ပြစ်ဒဏ်ကျခံစေနိုင်

တရုတ်


 ယနေ့တိုင် တရုတ်ပြည်မှာ ထွန်းကားနေတဲ့ ယဉ်ကျေးမှု တစ်ခု ဖြစ်ပါတယ်။ တကယ်ပဲ ချမ်းသာသူတို့ လူစားထိုး ပြစ်ဒဏ်ကျခံစေတဲ့ စနစ် ဖြစ်ပါတယ်။ ၎င်းကို Ding zui လို့ ခေါ်ပါတယ်။



ကွန်မြူနစ် စနစ် ထွန်းကားတဲ့ တရုတ်ပြည်မှာ ယင်း အစားထိုး ထောင်ကျစေ၊ အပြစ်ဒဏ်ကျခံစေတဲ့ ဖြစ်ရပ်ပေါင်းများစွာ ရှိပါတယ်။ ၂၀၁၂ ခုနှစ် မှာတောင် နိုင်ငံခြားသားကို သတ်လိုက်တဲ့ အမျိုးသမီး နိုင်ငံရေးသမား Gu Kailai ဟာ သူ့အစား အခြား လူကို ပြစ်ဒဏ်ကျခံစေထားတယ်ဆိုတာ တစ်မ္ဘာလုံးက သိနေပါတယ်။ ယင်း ယဉ်ကျေးမှု ပျောက်ကွယ်အောင် ကမ္ဘာ့ နိုင်ငံခေါင်းဆောင်များ၊ မီဒီယာများက တိုက်ခိုက်ပေမယ့် ယနေ့ချိန်ထိ ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။

ငွေချမ်းသာသူတို့က ရုပ်ဆင်တူယိုးမှား အခြား လူတစ်ယောက် ဆင်းရဲသား ကို ငှားပါတယ်။ မတူလည်း ခွဲစိတ်ဆရာန်များ နဲ့ ပြန်လည် ပြုပြင် ပေး ပါတယ်။ ပြီးတော့ ထောင်ဒဏ် ၁၀ နှစ်ဆိုလည်း ၁၀ နှစ် အနှစ် ၃၀ ဆိုလည်း ၃၀ ငွေကြး အလုံအလောက် ပေးပြီး လူစားထိုးပါတယ်။ အချို့  ဆို သေဒဏ် ကျခံပေးတဲ့ အထိတောင် စတေး ကြပါတယ်။

ဒါကြောင့် ခေတ်မှီ စက်ကိရိယာများနဲ့ တကယ့် တရားခံ ဟုတ်မဟုတ် စစ်ဆေးတဲ့ နည်းပညာများ အသုံးပြုဖို့ နိုင်ငံတကာက ဖိအားပေးပါတယ်။ လုပ်လည်း လုပ်နေပါတယ်။ သို့ပေမယ့် Ding zui လို့ခေါ်တဲ့ လူစား ထိုး ပြစ်ဒဏ် ကျခံစေတဲ့ စနစ်ဟာ ကွန်မြူနစ်စနစ် ရှိနေသမျှ ဆက်လက် တည်ရှိနေအုံးမယ်လို့ နိုင်ငံတကာက သုံးသပ်ထားကြောင်း သိရပါတယ်။
---
Ref: wiki