အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Saturday 23 April 2011

နိုင်ငံခြားသားအလုပ်သမားများ၏ အခွင့်အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ ဥပဒေတွင် သတ်မှတ်ပြဌာန်းထားချက်

  1. ကျွန်{သို့မဟုတ်}မြန်မာအလုပ်သမားများ၊
  2. ပိတ်လှောင် ခိုင်းစေခံထားရသော မြန်မာ အလုပ်သမားများ လွတ်မြောက်၊
  3. မယ်ဆိုင်မှာ မြန်မာ နှစ်ယောက် အသတ်ခံရ ၊
  4. မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံတွင် အဓမ္မ လက်ထပ်ရန် ရောင်းချခဲ့သူများကို ဖမ်းဆီးမိခဲ့ ၊
  5. အမျိုးသမီး အလုပ်သမားများအား ပြည်ပနိုင်ငံများသို့ စေလွှတ်ခြင်း မပြုရန် တားမြစ်ထား၊
  6. ပြည်ပရှိ မိန်းကလေးအချို့ အလုပ်အဆင်ပြေသည် ပြောကာ မိန်းကလေးမိတ်ဆွေ အချင်းချင်း ဆွဲဆောင်ခေါ်ယူမှုများ အပေါ် မိဘများ သတိထားလာ ၊
  7. နိုင်ငံခြားသားအလုပ်သမားများ၏ အခွင့်အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ ဥပဒေတွင် သတ်မှတ်ပြဌာန်းထားချက်
င်ငံခြားသားအလုပ်သမားများ၏ အခွင့်အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ ဥပဒေတွင် သတ်မှတ်ပြဌာန်းထားချက် ၊ နိုင်ငံခြားသားအလုပ်သမားများ၏ အခွင့်အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ ဥပဒေတွင် သတ်မှတ်ပြဌာန်းထားချက် ၊ သိကောင်းစရာမလေးရှားအလုပ်သမား
ဥပဒေများ ၊ မလေးရှားအလုပ်သမားသတင်း ၊ နိုင်ငံခြားသားအလုပ်သမားများအတွက် အခြားသော ရပိုင်ခွင့်များ မွေးဖွားစာရင်းနှင့် သေဆုံးစာရင်း ၊ နိုင်ငံခြားသားအလုပ်သမားများအကူအညီတောင်နိုင်သည့်အဆက်အသွယ်များ ၊

ကျွန်{သို့မဟုတ်}မြန်မာအလုပ်သမားများ

ရှေးရှေးတုန်းကတော့ နယ်ချဲ့တွေကကျွန်ပြုဖို့ ကျွန်တော်တို့ဆီကိုလာတယ် ။ ဒီဘက်ခေတ်မှာတော့ ကျွန်ခံဖို့ကျွန်တော်တို့ကိုယ်တိုင်ခရီးထွက်ရတယ် ။ လူဖြစ်ပေမဲ့....... ရွေးချယ်ပိုင်ခွင့်ကမရှိဘူး အမေရယ် ။ ကျွန်တော့်အဖြစ်က အိပ်မက်ထဲကကမ္ဘာကို ကျွန်ရွာမှသွားရှာမိတဲ့အဖြစ် ။ သေရင်မြေကြီးဆိုတာကတော့မှန်ပါတယ် ရှင်ရင်တော့ မစို့မပို့ငွေလေးက ကျွန်တ်ေတို့အတွက် ရွှေထီးပေါ့ ။ တစ်ရွာပြောင်းပေမဲ့ သူကောင်းတော့မဖြစ်ခဲ့ပါဘူး ။ ကျွန်ပဲဖြစ်ခဲ့ရတယ်အမေ......... ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့ ။ ကျွန်တော်လေ မေနဲ့မိသားစုအတွက် ရဲခဲ့ပါတယ် ခု........ကျွန်ပဲဖြစ်နေသေးတယ် အမေ ။ ကျွန်တော်ရဲ့ရဲရင့်မှု့တွေကပဲ လွဲနေလို့လား ။ ကို့အခွင့်အရေးကိုသိဖို့နေနေသာသာ တစ်ချို့သူငယ်ချင်းတွေဆို ကိုယ့်အသက်ကိုယ်ဘယ်လောက်ရှိမှန်းတောင်မသိကြဘူး ။ အမေ............... အမေပြောတော့ အလုပ်လုပ်ရင်ကြီးပွားမယ်ဆို ။ အလုပ်လုပ်လေ ပိုပိုပြီးခိုင်းလေ ကျွန်ဖြစ်လေလေပဲ........အမေရဲ့ ။ လူအချင်းချင်းဆိုတဲ့အသိ သူတို့မှာ မရှိဘူး အမေရဲ့ သွေးစုတ်ဖို့ပဲသူတို့သိတယ် ။ အမေရယ်........ ကျွန်တော်လဲအစကတော့ ချစ်သူရဲ့မျက်နှာသုတ်ပဝါဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့ ။ ခုဖြစ်လာတာက အားလုံးရဲ့ခြေသုတ်ပဆိုး မရှိသေးတဲ့အစွယ်တောင်ကြိုးခဲ့ပြီ ။ ခုတော့................ ကျွန်တော့်အသဲနှလုံးကလည်း ကျွန်အချင်းချင်းတောင်မှ ပြန်မစုတ်ချင်တဲ့ သရက်စေ့တစ်စေ့ပေါ့ ။ ကိုယ့်ကိုယ်ကို ကျွန်လို့သုံးလို့ မငိုလိုက်ပါနဲ့ အမေရယ် သူတို့ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ ရာဘာခင်းထဲ ရက်ရက်စက်စက် အသက်ခံနိုင်ရတယ်ဆိုတာတော့ ကျွန်တော်တို့အသက်တစ်ချောင်းက ရာဘာတစ်ပင်လောက်တောင်မှ တန်ဖိုးမရှိဘူး........အမေ ။ သူတို့အချစ်တော် ခွေးတစ်ကောင်လောက် တန်ဖိုးမရှိဘူး..........အမေ ။ ဒါကို........ကိုယ့်ကိုယ်ကို"သခင်"လို့ မျက်လုံးစုံမှိတ်ပြီး ကြွေးကြော် နေရမှာလား ။ အနာရှိတာကိုလက်ခံမှ ဆေးထည့်လို့ရမှာ........ အမေ ။ လူတွေကပြောတော့ မြန်မာအချင်းချင်း ရိုင်းပင်းကြတယ်ဆို၊ ကောင်းတဲ့သူတွေရှိသလို......... တစ်ချို့ဆို တော်တော်ကိုဆိုးတယ.် ......အမေ ။ ကျွန်တော်တို့...... ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲကပဲ ပွဲစားအချင်းချင်းရောင်းစားနေကြတာ........အမေ ။ တိုင်းပြည်မီးလောင်လို့ အချင်းချင်း ချနင်းရက်တာလား? ဘာပဲဖြစ်ဖြစ်....... သူတို့လူစိတ်မရှိတာကတော့ သေခြာပါတယ်.........အမေ ။ ရွှေဆိုတဲ့စကားလုံးက အကုန်လုံးနဲ့တော့မတန်ပါဘူး ၊ သူတို့ကို......... ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်......အမေ ။ ဟိုတစ်လောက......... စာအုပ်ထဲမှာ ကျွန်တော်ဖက်လိုက်ရတယ် လင်ကွန်း{အမေရိကန်သမ္မတ}ဆိုတဲ့သူက ကျွန်စနစ်ပပျောက်အောင် သူလုတ်ဆောင်ပေးခဲ့သတဲ့ ၊ ဘယ်မှာဟုတ်လို့လဲ.........အမေရယ် ။ သားတို့ကိုလာကြည့်စမ်းပါ သူလုတ်နိုင်ခဲ့တာ သူ့နိုင်ငံကွက်ကွက်လေးပဲ၊ သူ့ကိုလေးစားပေမဲ့ သူဟာ{လင်ကွန်း} သမိုင်းတင်နိုင်လောက်အောင် မစွမ်းဆောင်နိုင်သေးပါဘူး..........အမေရယ် ။ အမေ........ လူ့အဖြစ်ကရခဲတယ်ဆို ၊ ရခဲတာပဲကောင်းပါတယ် အမေ ကျွန်တော်လူမဖြစ်ချင်တော့ဘူး ။ ကွန်တော်ငှက်ကလေးတွေငေးကြည့်မိတယ်၊ ငှက်အချင်းချင်း.......... အမျိုးအနွယ်မတူလို့ မကူညီနိုင်သော်မှ မရက်စက်ကြပါဘူး...........အမေ ...

ပိတ်လှောင် ခိုင်းစေခံထားရသော မြန်မာ အလုပ်သမားများ လွတ်မြောက်

Posted by Admin at 12:34 PM Labels: ,
ပိတ်လှောင်ထားတဲ့ စက်ရုံထဲက ထွက်နေကြစဉ် (ဓာတ်ပုံ - Manager Online)


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ တရုတ်လင်မယားပိုင် အထည်ချုပ်စက်ရုံကို မနေ့က ထိုင်းရဲတွေ ဝင်ရောက်စီးနင်းပြီး ပိတ်လှောင် ခိုင်းစေခြင်းခံထားရတဲ့ မြန်မာအလုပ်သမား ၃၉ ဦးကို ဝင်ရောက် ကယ်တင်ခဲ့ပါတယ်။

အဲဒီစက်ရုံက အလုပ်သမားတဦး လွတ်မြောက်လာပြီး သတင်းပေးရာကနေ အဲဒီလို ဝင်ရောက် ကယ်တင်နိုင်တာ ဖြစ်ပါတယ်။

တလကို လစာ ဘတ် ၇ ထောင်ပေးမယ် ပြောပြီး ဘတ် ၂၀၀ သာရကြောင်း၊ တနေ့လျှင် အလုပ် ၁၆ နာရီ လုပ်ရကြောင်း မြန်မာအလုပ်သမားများတွေက ပြောပါတယ်။

ပိုင်ရှင် တရုတ်မကတော့ မြန်မာအလုပ်သမားတွေဟာ သူတို့ကို ဘတ် ၁ သောင်းခွဲစီ အကြွေးပေးစရာရှိလို့ လခလျှော့တာလို့ အကြောင်းပြပါတယ်။ ပိတ်လှောင်ထားတယ် ဆိုတာကိုတော့ ထိုင်းရဲတွေကို ဝန်ခံပါတယ်။ အလုပ်ထွက်ထွက်သွားတတ်လို့ အဲလို ပိတ်လှောင်ထားတာလို့ ပြောပါတယ်။

တရုတ်လင်မယားကို အလုပ်သမား အက်ဥပဒေနဲ့ အရေးယူမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

လောလောဆယ်မှာ လွတ်မြောက်လာတဲ့ အလုပ်သမားတွေကို မြန်မာအဖွဲ့အစည်းတခုဖြစ်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း (BAT) က အကူအညီပေးနေတယ်လို့ သိရပါတယ်။

Ref: Bangkok Post, Manager Online

မယ်ဆိုင်မှာ မြန်မာ နှစ်ယောက် အသတ်ခံရ



အသတ်ခံထားရတယ်လို့ ယူဆရတဲ့ မြန်မာ အမျိုးသား ၂ ယောက်ရဲ့ အလောင်းကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ် ထိုင်းရဲတွေက မနေ့က တွေ့တဲ့အကြောင်းကို ထိုင်းသတင်းတပုဒ်မှာ ရေးသားထားပါတယ်။

သေဆုံးတဲ့ သူတွေကတော့ အသက် ၃၀ လောက်ရှိကြပြီး နာမည်တွေက မောင်အောင်သန်းဦးနဲ့ မောင်နိုင် ဖြစ်တယ်၊ အခင်းဖြစ်တဲ့ နေရာမှာ သေနတ်တလက်ပါ တွေ့ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

ထိုင်းသတင်းတွေအရကတော့ သူတို့ ၂ ယောက်ဟာ မြန်မာနိုင်ငံထဲမှာ ဆိုင်ကယ်ခိုးသွင်းတဲ့ ဆိုင်ကယ် ခိုးဂိုဏ်းထဲက ၂ ယောက်ဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ ရေးထားပါတယ်။ ဘယ်သူလက်ချက်ကြောင့် သေတယ်ဆိုတာကိုတော့ ရေးမထားပါဘူး။

ထိုင်းရဲတွေက ဆိုင်ကယ်ခိုးဂိုဏ်းနဲ့ ပတ်သက်လို့ သတင်းရတဲ့အတွက် စုံးစမ်းစစ်ဆေးမှုတွေ၊ ပစ်ခတ်ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ အစောပိုင်း ဖြစ်စဉ်ကို ထိုင်းဘာသာနဲ့ ဒီလိုရေးထားပါတယ်။

မနေ့က မယ်ဆိုင်ရဲတွေက ဆိုင်ကယ် ခိုးဂိုဏ်းတွေ ရှိနေတယ်လို့ သတင်းရတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်တယ်၊ ဖြစ်ချင်တော့ နယ်စပ် စစ်ဆေးရေးဂိတ် တနေရာကို အရောက် ဆိုင်ကယ် တယောက်တစီးနဲ့ စီးလာတဲ့ မသင်္ကာစရာ လူ ၂ ယောက်ကို တွေ့တယ်၊ တွေ့တော့ ရဲက ရပ်ဖို့တားဆီးတာကို မရပ်ဘဲနဲ့ ဆိုင်ကယ်ကို လှည့်မောင်းပြီးတော့ ရဲကို သေနတ်နဲ့ ပြန်ပစ်တယ်၊ ရဲတွေကတော့ ၀ပ်ကြတယ်ဆိုပဲ။

ဒီလိုနဲ့ အဲဒီမြို့နယ်မှာရှိတဲ့ ကျေးရွာတရွာကို ထွက်ပြေးသွားတယ်။ ထွက်ပြေးသွားတဲ့ လူတွေနောက်ကို လိုက်တာပေါ့။ လိုက်တော့ အပြန်လှန်ပစ်ခတ်ကြတာပါပဲ။

ထပ်ပြီးတော့ ပြောထားတာက လက်ရှိ ဆိုင်ကယ် ၅ စီး မိထားတယ်၊ ဆိုင်ကယ် ခိုးတဲ့ဂိုဏ်းအဖွဲ့ကိုလည်း ဆက်လက်ပြီးတော့ မိအောင် ဖော်ထုတ်ဖမ်းဆီးသွားမယ် ဆိုတဲ့အကြောင်း။


မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံတွင် အဓမ္မ လက်ထပ်ရန် ရောင်းချခဲ့သူများကို ဖမ်းဆီးမိခဲ့

မြန်မာအမျိုးသမီးတစ်ဦးအား တရုတ် နိုင်ငံဘက်သို့ ပို့ဆောင်ကာ တရုတ်နိုင်ငံ သားတစ်ဦးနှင့် အဓမ္မလက်ထပ်စေခဲ့မှု တစ်ခု မတ်လ အတွင်းက ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ စီမံ/လေ့ကျင့်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်ပွားပုံမှာ မိုးမိတ်မြို့နေ အသက် ၂၅ နှစ်ရှိ နေလင်းက ၎င်း၏ဇနီးဖြစ်သူကို မိုးမိတ်မြို့နယ်၊ ရေပိုးရွာနေ တင်ရွှေ က တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ခေါက်ဆွဲ ဆိုင်တစ်ဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်သွားကာ တရုတ် နိုင်ငံ၊ နောင်ခန်ရွာနေ မအေးပိန်နှင့် မအေထွေးတို့မှတစ်ဆင့် တရုတ်အမျိုး သားတစ်ဦးနှင့် လက်ထပ်ရန်အတွက် ရောင်းစားခဲ့ကြောင်း မူဆယ်လူကုန်ကူး အထူးအဖွဲ့သို့ တိုင်တန်းခဲ့သည်။
ထို့ကြောင့် မူဆယ်လူကုန်ကူးအထူး အဖွဲ့က တရုတ်နိုင်ငံ၊ ရွှေလီလူကုန်ကူး အထူးအဖွဲ့နှင့် ဆက်သွယ်၍နမ့်ခမ်းမြို့ နယ်၊ နမရွာနေ မအေးပိန်နှင့် မအေထွေး တို့အား တရုတ်နိုင်ငံ၊ နောင်ခန်ရွာ၌ မတ်လ ၂၂ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံသို့ လွှဲပြောင်းပေး ခဲ့သည်။
၎င်းတို့၏ စစ်ဆေးခံချက်အရ အဆိုပါအမျိုးသမီးအား ရွှေလီမြို့ရှိ ခေါက်ဆွဲဆိုင်တွင် တစ်ရက်လျှင် ကျပ် ၅,၀၀၀ ဖြင့် အလုပ်ရရှိ မည်ဟု ဆိုကာ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လခန့်က လိမ် လည်ခေါ် ဆောင်လာခဲ့ပြီး တရုတ်နိုင်ငံ၊ နောင်တောင်းမြို့ရှိ မယ်ပထံတွင် ယွမ်ငွေ ၁၄,၀၀၀ ဖြင့် အဓမ္မလက်ထပ် ရန် ရောင်းချခဲ့သည်ဟုဆိုသည်။
ထို့ကြောင့် တင်ရွှေ၊ မအေးပိန်နှင့် မအေထွေးတို့အား မူဆယ်ရဲစခန်း၊ (ပ) ၆၄ /၂၀၁၁၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၆၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး လူကုန်ကူးခံရသူအမျိုးသမီးအား ပြန် လည်ကယ်တင်နိုင်ရေးအတွက် ရွှေလီ နယ်စပ်ဆက်ဆံရေးရုံးနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိသည်။
မူရင်း http://www.myanmar.mmtimes.com/2011/naypyitaw/513/npt03.html

အမျိုးသမီး အလုပ်သမားများအား ပြည်ပနိုင်ငံများသို့ စေလွှတ်ခြင်း မပြုရန် တားမြစ်ထား၊ ပြည်ပရှိ မိန်းကလေးအချို့ အလုပ်အဆင်ပြေသည် ပြောကာ မိန်းကလေးမိတ်ဆွေ အချင်းချင်း ဆွဲဆောင်ခေါ်ယူမှုများ အပေါ် မိဘများ သတိထားလာ
6292a
အမျိုးသမီး အလုပ်သမားများ အား ပြည်ပနိုင်ငံများသို့ စေလွှတ်ခြင်း မပြုရန် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက တားမြစ်ချက် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း တရားဝင် ထုတ်ပြန်ထားချက်များ အရ သိရသည်။
ယင်းကဲ့သို့ အမျိုးသမီးများ၊ အမျိုးသမီး အလုပ်သမားများအား ပြည်ပနိုင်ငံများသို့ စေလွှတ်ခြင်း မပြုရန် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက တားမြစ်ချက် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ အမိန့် ကြော်ငြာစာအမှတ် ၄၉/၂၀၁၀ နှင့် ၅၁/၂၀၁၀တို့တွင် ဖော်ပြပါရှိချက် များအရ သိရသည်။
အလုပ်သမား ညွှန်ကြားမှုဦးစီး ဌာန၏တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ခဲ့သည့် ပြည်ပအကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သည့်ကုမ္ပဏီ များကိုလည်း ဖျက်သိမ်းအရေးယူမှု ရှိခဲ့ကြောင်းနှင့် တားမြစ်ချက် ဖောက်ဖျက်မှုများကို စုံစမ်းဖော်ထုတ်သည့် ၀န်ကြီးဌာနမှာ ပြည်ထဲရေးဝန်ကြီး ဌာနဖြစ်ကြောင်း သိရသည်။

နိုင်ငံရပ်ခြားမှာ ဘ၀တိုးတက်ဖို့ ရှာချင်လို့ အလုပ်သွားလုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အသိအမှတ်ပြု အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခု ဒါမှမဟုတ် ဘာသာရပ်တစ်ခုခု ကျွမ်းကျင်တတ်မြောက်တဲ့ ပညာရှင်တွေအနေနဲ့ပဲ သွားစေချင်ပါတယ်။ သွားမယ်ဆိုလည်း ပြည်ပက အလုပ်အကိုင် အခွင့်အလမ်း သေချာပြီဆိုမှ ဒီကအလုပ်ကို ထွက်သင့်ပါတယ်။ ဒီက အလုပ်ထွက်ပြီးမှ ဟိုဘက် အလုပ်လည်းမရရင် အလုပ်လက်မဲ့ ဘ၀ကို ရောက်သွားပါမယ်။


အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၏ ပြည်ပအကျိုးဆောင် လိုင်စင် ရှိသော်လည်း အမျိုးသမီး အလုပ်သမားများအား နိုင်ငံခြားသို့ စေလွှတ်ခဲ့ခြင်းကြောင့် ဖျက်သိမ်းခံရသည့် ကုမ္ပဏီ မှာGlobal Man Power Services Co., Ltd ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ထက်မြက်ကောင်းကျိုး ဆောင်ရွက်သူများ စီးပွားရေးအုပ်စု ကုမ္ပဏီလီမိတက်သည် ပြည်ပနိုင်ငံ များသို့ အမျိုးသမီးများစေလွှတ်ခြင်း မပြုရန် တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနမှ စစ်ဆေးပေါ်ပေါက်ချက်များ အရ ကုမ္ပဏီနှင့် ဒါရိုက်တာများအား အမည်ပျက်စာရင်း ကြေညာခဲ့ကြောင်း လည်း သိရသည်။
လွန်ခဲ့သောနှစ်များအတွင်းက လည်း နိုင်ငံရပ်ခြားတွင် ပင်ပန်း ဆင်းရဲခံ၍ အလုပ်လုပ်ကိုင်နေရသူ အဆင်မပြေသူအချို့ ၎င်းတို့နှင့်နီးစပ်ရာ အသိုင်းအ၀ိုင်း မှလူငယ်များ ချင့်ချင့်ချိန်ချိန်ဖြင့် ပြည်ပသို့အလုပ် ထွက်လုပ်နိုင်ရန် အွန်လိုင်းမှတစ်ဆင့်  ပညာပေး ကဗျာ ပေးပို့မှုများလည်း ရှိခဲ့ကြောင်း သိရသည်။
ပြည်ပမှအလုပ်အကိုင် အခွင့်အလမ်း မသေချာမီပြည်တွင်းမှအလုပ် ကို စွန့်လွှတ်ခဲ့ကြခြင်းမှာ  အလုပ် အကိုင်ရှာဖွေပေးမည် ဆိုသည့်ကြားခံ ပွဲစားအချို့၏ အာမခံခြင်း၊ နိုင်ငံရပ်ခြားရှိ မိတ်ဆွေသူငယ်ချင်းများမှ တို့အစစအရာရာ အဆင်ပြေသည့် ပုံစံဖြင့်လှမ်းခေါ်ခြင်း၊ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီအချို့၏ လစာ နှင့် အခွင့်အရေး မက်လုံးပေး ခေါ်ယူမှုတို့ကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းရှိမိန်းကလေးများ ၎င်းတို့ မိတ်ဆွေများအား အလွယ်မယုံစေရန် မိခင်များဘက်မှ ပိုမိုသတိထားနားချ နေရကြောင်း သိရသည်။
“ကိုယ်ထင်တာထက် အများကြီးပင်ပန်းတယ်။ လူမှုရေးပြဿနာ တွေလည်း အလုပ်ခွင်မှာ နေ့စဉ်အမျှ ရှိပါတယ်။ အရင်ဟိုက မိန်းကလေးတွေ ဆီကကြားတာ အဆင်ပြေတယ်။ လာခဲ့ဆိုတာချည်းပဲ။ ကျွန်မကတော့ မတတ်သာလို့ သွားရတာ။ ဖြစ်နိုင်ရင် မသွားစေချင်ဘူး” ဟု ဒူဘိုင်းတွင်  အလုပ်လုပ်နေသူ တစ်ဦးက ရှင်းပြသည်။
တစ်ဘက်တွင် အလုပ်အကိုင် မသေချာဘဲ ပြည်တွင်း၌ သေချာနေသည့် အလုပ်ကို မထွက်သင့်ကြောင်း နှင့်ပတ်သက်၍ လူငယ်ရေးရာ ကျွမ်းကျင်သူ အငြိမ်းစား ဆရာမကြီးတစ်ဦး ကလည်း “နိုင်ငံရပ်ခြားမှာ ဘ၀ တိုးတက်ဖို့ ရှာချင်လို့ အလုပ်သွား လုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အသိအမှတ်ပြု အသက်မွေးဝမ်းကျောင်း ပညာရပ် တစ်ခုခု ဒါမှမဟုတ် ဘာသာရပ်တစ်ခုခု ကျွမ်းကျင်တတ်မြောက်တဲ့ ပညာရှင်တွေ အနေနဲ့ပဲ သွားစေချင်ပါတယ်။ သွားမယ်ဆိုလည်း ပြည်ပက အလုပ်အကိုင် အခွင့်အလမ်း သေချာပြီဆိုမှ ဒီကအလုပ်ကို ထွက်သင့်ပါတယ်။ ဒီကအလုပ်ထွက်ပြီးမှ ဟိုဘက် အလုပ်လည်းမရရင် အလုပ်လက်မဲ့ဘ၀ကို ရောက်သွားပါမယ်။ လခကောင်းတဲ့ အလုပ်တစ်ခုရဖို့ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။ ဟိုဘက်မှာ မရမှ ဒီဘက်က အလုပ်ကို ပြန်ဝင်ချင်တယ်ဆိုလည်း အလုပ်ရှင်က ကြည် ဖြူနိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီး တစ်ဖက်နိုင်ငံမှာ ရောက်နေတဲ့သူ တချို့ကလည်း လူသားချင်းစာနာ တတ်ဖို့ လိုပါတယ်။ ကိုယ် တကယ် အဆင်ပြေလို့ ပြေလည်တယ်ပြောတာ ကိစ္စမရှိပေမယ့် ကိုယ်မပြေလည်တာ ကြီးကို ညာပြောပြီး ကိုယ်အဖော်ရရုံ ကိုယ့်သူငယ်ချင်းကို လှမ်းခေါ်ပြီး ဒုက္ခပေးတာတော့ မကောင်းပါဘူး” ဟု ဆိုပါသည်။
ထို့ပြင် လစာနှင့် အခွင့်အလမ်း မက်လုံးပေးခေါ်ယူတိုင်း ပြည်ပအလုပ်အကိုင်များကို အလွယ်တကူ မယုံကြည်သင့်ကြောင်း၊ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူ အများစုသည် လိုချင်သည့်အလုပ်၊ ပွဲစားကသေချာ ပေါက်ရမည်ဟု ပြောထားသည့် အလုပ်အတိုင်း ကိုက်ညီပြီး သက်သက်သာသာ အလုပ်လုပ်ကိုင်နေရသူများ ၁၀ ရာခိုင်နှုန်းမျှပင် မရှိကြောင်း နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်ခဲ့ ဖူးသူအချို့က သတိပေးပြောကြား ခဲ့ကြသည်။
“နိုင်ငံခြားမှာ အလုပ်လုပ်ချင်လို့ ဟိုမှာရှိတဲ့ ကိုယ့်သူငယ်ချင်းကို အဆင်ပြေလား မေးရင် အဆင်ပြေ ပြေ၊ မပြေပြေပြေတယ်လို့ပဲ ပြောကြမှာပါ။ နိုင်ငံခြားမှာ အလုပ်သွား လုပ်ပြီး ကျွန်တော်၊ ကျွန်မဖြင့် အဆင်မပြေပါဘူးလို့ ပြောဖို့ကိုတော့ ရှက်ကြောက်ကြတဲ့ လူများပါတယ်။ ဒါကြောင့် ပြည်ပမှာ အလုပ်သွားလုပ် တော့မယ်ဆိုရင် ကိုယ်တိုင်စဉ်းစား ချင့်ချိန်ပြီးမှသွားစေချင်တယ်။ ကိုယ့် သမီးနဲ့ သမီးမိခင်တွေ အချင်းချင်း သတိပေးလာရတယ်”ဟု မိခင်တစ်ဦး က ဆိုပါသည်။
ပြည်ပ အလုပ်အကိုင်ဆိုင်ရာ အကျိုးဆောင် လိုင်စင်ရရှိသူ၏ တာဝန်နှင့် အခွင့်အရေး အချို့               
စဉ်         ပြည်ပ အလုပ်အကိုင် ဆိုင်ရာ ဥပဒေပုဒ်မ    တာဝန်နှင့်အခွင့်အရေးများ
၁    ၂၅(က)    အကျိုးဆောင် လိုင်စင်ရရှိသူသည် အကျိုးဆောင် လိုင်စင် စည်းကမ်းချက်များကို လိုက်နာရမည်။
၂    ၂၅(ခ)    အကျိုးဆောင် လိုင်စင်ကြေးများကို သတ်မှတ်ချက်များ နှင့်အညီ ပေးဆောင်ရမည်။
၃    ၂၅(ဂ)    စာချုပ်ရှိပါက ယင်းစာချုပ်ပါ သဘောတူထားသည့် တာဝန်များကို အလုပ်သမားအတွက် ဆောင်ရွက် ပေးရမည်။
၎    ၂၅(ဃ)    အလုပ်သမား၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက သက်ဆိုင်ရာပြည်ပလုပ်ငန်းရှင်နှ
့် ဆက်သွယ်၍ ယင်းရပိုင်ခွင့်နှင့် အခွင့်အရေးများ အပြည့်အ၀ရရှိ ခံစားနိုင်ရေးအတွက် တာဝန်ယူ ဆောင်ရွက်ရမည်။
၅    ၂၅(ဋ)    ပြည်ပ အလုပ်အကိုင် ရှာဖွေပေးသည့်အတွက် ဗဟိုကော်မတီက သတ်မှတ်သည့် ၀န်ဆောင်ခကို အလုပ်သမားထံမှ တောင်းခံခွင့်ရှိသည်။

နိုင်ငံခြားသားအလုပ်သမားများ၏ အခွင့်အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ ဥပဒေတွင် သတ်မှတ်ပြဌာန်းထားချက်


အလုပ်သမား အကာအကွယ်ပေးရေးဥပဒေ၊
အလုပ်သမားဥပဒေ၊ ပညာရေးဆိုင်ရာအတွက် ပြဌာန်းထားသော ဥပဒေ၊ လျော်ကြေးငွေနှင့်
ပတ်သက်၍ ပြဌာန်းထားသော ဥပဒေ၊ လူမှု ဖူလုံရေးဥပဒေတို့တွင်
နိုင်ငံခြားသားအလုပ်သမားတို့၏ အခွင့်အရေးနှင့်ပတ်သက်၍ အောက်ပါအတိုင်း
ပြဌာန်းထားသည်။


၁၉၉၈ ခုနှစ်တွင် ပြဌာန်းထားသော အလုပ်သမား အကာအကွယ်ပေးရေး ဥပဒေတွင်


အလုပ်သမားအခွင့်အရေးနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဖေါ်ပြထားသည်။



အပိုဒ် (၅) အလုပ်ရှင်ဆိုသည်မှာ

အလုပ်သမားကို လက်ခံ၍ အလုပ်ပေးထားပြီး လုပ်အားခ ရှင်းပေးသူကို ဆိုလိုသည်။
ထို့ပြင် အလုပ်ရှင်၏ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သူ လူတ
ဦးတယောက်သည်လည်းကောင်း၊ အလုပ်အား ပုဒ်ပြတ်ယူလုပ်သည့် ပုဒ်ပြတ်အလုပ်ရှင်
သည်လည်းကောင်း အလုပ်ရှင်စာရင်းတွင် အကျုံးဝင်သည်။

အလုပ်သမားဆိုသည်မှာ အလုပ်ရှင်ထံတွင် အခကြေးငွေယူ၍ အလုပ် လုပ်သူကို ဆိုလို သည်။


အလုပ်သဘောတူချက် အလုပ်ရှင်နှင့် အလုပ်သမားကြားတွင်

အခကြေးငွေ မည်ရွေ့မည် မျှဖြင့် လုပ်မည်ကို သဘောတူညီ၍၊
စာရွက်စာတမ်းဖြင့်ဖြစ်စေ၊ စကားဖြင့်ဖြစ်စေ၊ နှစ်ဦးနှစ်ဘက်
သဘောတူညီထားချက်ကို ဆိုလိုသည်။

အလုပ်လုပ်သည့်ရက် ဆိုသည်မှာ အလုပ်သမားအတွက် သတ်မှတ်ထားသော အလုပ် လုပ်ရမည့်ရက်များကို ဆိုလိုသည်။


လုပ်အားခ ဆိုသည်မှာ အလုပ်ရှင်က အလုပ်သမားအား

နာရီဖြင့်ဖြစ်စေ၊ နေ့စဉ်ဖြစ်စေ၊ အပတ်စဉ်ဖြစ်စေ၊ လစဉ်ဖြစ်စေ သို့မဟုတ်
အချိန်ကာလတခုအတွင်း အလုပ်သမား၏ အလုပ် လုပ်နိုင်သည့် အတိုင်းအတာပေါ်မူတည်၍
ရှင်းပေးသည့် အခကြေးငွေကို ဆိုလိုခြင်း ဖြစ်သည်။

အလုပ်ပိတ်ရက် ဆိုသည်မှာ အပတ်စဉ်၊ ရိုးရာဓလေ့အရ အခါကြီး ရက်ကြီးများနှင့် နှစ်စဉ် အလုပ်နားရက်အတွက် သတ်မှတ်ထားသည့် ရက်များကို ဆိုလိုသည်။


အချိန်ပို အတွက်ပေးရသည့် လုပ်အားခ ဆိုသည်မှာ အလုပ်ချိန်၏

ပြင်ပအချိန်တွင် အလုပ် သမား၏ အချိန်ပို လုပ်ဆောင်ထားသည့် လုပ်အားခကို
အလုပ်ရှင်က ပေးရခြင်း ဖြစ်သည်။

လျော်ကြေးငွေ ဆိုသည်မှာ အလုပ်ရှင်မှ အလုပ်သမားအား အလုပ်မှ

ရပ်စဲလိုက်သည့်အခါ တွင်ဖြစ်စေ၊ အခြားသော ပြဿနာများ ပေါ်ပေါက်လာသည့်
အခါများတွင် ပေးရသည့် အခ ကြေးငွေကို ဆိုလိုသည်။

အပိုဒ် (၁၀) ငွေနှင့်သက်ဆိုင်သည့် အလုပ်များတွင် အလုပ်လုပ်နေသူ သို့မဟုတ်

ပျက်စီး ဆုံးရှုံးလွယ်သော ပစ္စည်းများတွင် အလုပ်လုပ်နေသူများထံမှ
အလုပ်ရှင်များအနေဖြင့် ကြို တင်ငွေကောက်ခံနိုင်ပြီး အခြားသော
လုပ်ငန်းများတွင်မူ အလုပ်ရရှိရေးအတွက် အာမခံငွေ နှင့်
ပျက်စီးဆုံးရှုံးမှုအတွက် ကြိုတင်ငွေကောက်ခံခြင်း ပြု၍မရပါ။

အပိုဒ် (၂၄) အလုပ်သားစိတ်ဆန္ဒသဘော မပါဘဲ အလုပ်ရှင်သည် အလုပ်သမားအား အတင်းအကြပ် အချိန်ပို အလုပ် စေခိုင်း၍ မရပါ။


အပိုဒ် (၂၈) အလုပ်ရှင်သည် အပတ်စဉ် (သို့မဟုတ်) အလုပ်လုပ်သည့် ရက် ၆ ရှိတိုင်း အ လုပ်သမားအား (၁) ရက် နားခွင့်ပေးရမည်။


အပိုဒ် (၃၀) လုပ်သက် (၁) နှစ်ရှိ အလုပ်သမားတဦးသည် နှစ်စဉ် နားရက်အဖြစ် အလုပ် လုပ်သည့် ရက်တွင်းမှ (၆) ရက် နားခွင့်ရှိသည်။


အပိုဒ် (၃၂) ဖျားနာနေပါကလည်း အလုပ်သမားအနေဖြင့် ဆရာဝန်၏ ထောက်ခံချက်ဖြင့် (၃) ရက်ထက်ကျော်လွန်၍ အနားယူခွင့် ရှိသည်။


အပိုဒ် (၃၈) အမျိုးသမီးအလုပ်သမားများအား သတ္တုမိုင်း၊ မြေအောက်၊ ရေအောက်၊

တောင် တွင်း ၀င်ရောက်၍ လုပ်ကိုင်ရသည့် အလုပ်များ၊ ဥမင်လိုက်ခေါင်းများ၊
မီးတောင်များ၊ မြေပြင်အထက် ၁၀ ကိုက် ထက်မြင့်သော အလုပ်များ၊
ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ထုတ်လုပ်သည့်နေရာများ၊ ယင်းပစ္စည်းများကို
ပို့ဆောင်သည့်လုပ်ငန်းများ၊ မီးလောင်စေ တတ်သည့် နေရာများတွင်
အလုပ်စေခိုင်းခြင်းကို တားမြစ်သည်။

အပိုဒ် (၃၉) ကိုယ်ဝန်ဆောင်ထားသော အမျိုးသမီးအလုပ်သမားအား ည ၁၀.၀၀ နာရီမှ

နံနက် ၀၆.၀၀ အတွင်း အလုပ်စေခိုင်းခြင်းကို တားမြစ်သည်။ စက်သံဆူညံနေသည့်
နေရာ များ၊ ပစ္စည်းများကို သယ်ပိုးရသည့် လုပ်ငန်းများ၊ အလေးအပင်များကို
မရသည့်လုပ်ငန်း များ၊ အလေးအပင်များကို ဆွဲရသည့် လုပ်ငန်းများ သို့မဟုတ် ၁၅
ကီလိုထက် လေးသော ပစ္စည်းများကို တွန်းရသော လုပ်ငန်းများတွင်
အလုပ်လုပ်ခြင်းကို တားမြစ်သည်။

အပိုဒ် (၄၁) ကိုယ်ဝန်ဆောင်ထားသော အမျိုးသမီးသည် ရက် (၉၀) ထက် မနည်းပဲ သား သမီးမွေးဖွားရန် အတွက် အလုပ်မှ အနားယူခွင့်ရှိသည်။


အပိုဒ် (၄၄) အသက် ၁၅ နှစ်အောက်ရှိသော ကလေးကို အလုပ်မခိုင်းစေရပါ။


အပိုဒ် (၄၅) အသက် (၁၈) နှစ်အောက် ကလေးအား အလုပ်စေခိုင်းသူကို တွေ့ရှိပါက အလုပ်သမား စစ်ဆေးရေး အရှိထံတွင် တိုင်ကြားနိုင်သည်။


အပိုဒ် (၄၉) အရည်ကျိုသည့်လုပ်ငန်းများ၊ မီးပူတိုက်သည့်လုပ်ငန်းများ၊

နန်းစွဲသည့်လုပ် ငန်းများ၊ အပူနှင့် အလုပ်လုပ်သည့်
အလုပ်များ၊အအေးတိုက်များ၊ ကြောက်လန့််သွားစေမည့် လုပ်ငန်းများ၊
ဓါတုပစ္စည်းနှင့် ပတ်သက်သည့်အလုပ်များ၊ အဆိပ်ပစ္စည်းများ၊ ပေါက်ကွဲစေ တတ်သည့်
ပစ္စည်းများ၊ မီးလောင်လွယ်သည့်ပစ္စည်းများ၊ အလေးအပင် မသည့် ကရိန်များ၊
ဝန်ချီစက်များ၊ ရေအောက် ဥမင်လိုက်ခေါင်များ၊ မီးတောင်၊ ရေဒီယိုသတ္တိကြွမှုကို
ဖြစ်စေနိုင် သည့် လုပ်ငန်းခွင်များတွင် အသက် (၁၈) နှစ်အောက် ကလေးများ
အလုပ်ငှားရမ်း ခိုင်းစေ ခြင်းကို တားမြစ်သည်။

အပိုဒ် (၅၀) အသက် (၁၈) နှစ်အောက် ကလေးအလုပ်သမားများအား သားသတ်သည့် အ

လုပ်ခွင်များ၊ လောင်းကစားဝိုင်းများ၊ ကပွဲရုံများ၊ အက၀ိုင်းများ၊
အဖျော်ယမကာဆိုင်များ၊ ထိုင်းနိုင်ငံတောင်ပိုင်း မူဆလင်ဘာသာဝင် ကလေးငယ်များ
ကလေ့ရှိသည့် အကများတွင် ငှားရမ်းအသုံးပြုခြင်း၊ စေခိုင်းခြင်းကို
တားမြစ်သည်။

အပိုဒ် (၅၄) လုပ်အားခ၊ အချိန်ပိုခ ငွေရှင်းရာတွင် ထိုင်းဘတ်ငွေဖြင့်သာ ရှင်းပေးရမည်။


အပိုဒ် (၅၅) လုပ်အားခငွေ ရှင်းရာတွင် အလုပ်လုပ်နေသည့် အလုပ်ရုံ နေရာတွင်သာ ရှင်း ပေးရမည်။


အပိုဒ် (၆၁) အချိန်ပိုကြေးငွေ ပေးရာတွင် သာမန်လုပ်ရက်တွင် တနာရီရသည့်ငွေ၏ တဆခွဲ ခန့်ကို ပေးရမည်ဖြစ်သည်။(မြန်မာအလုပ်သမာ
းများသိရှိနားလည်စေရန်ရည်ရွယ်သည်) ဝေမင်း 


သိကောင်းစရာမလေးရှားအလုပ်သမားဥပဒေများ


Way Min Way Min
သိကောင်းစရာမလေးရှားအလုပ်သမားဥပဒေများ


မေး = မည်သို့သော အလုပ်သမားများသည် မလေးရှားအလုပ်သမား ဥပဒေပါ
အခွင့်အရေးများကို ခံစားခွင့်ရှိသနည်း။

ဖြေ = လစာငွေရင်းဂစ် ၁၅၀၀/ အောက်ဝင်ငွေရှိသော အလုပ်သမားအားလုံးခံစားခွင့်ရသည်
အထွေထွေ အလုပ်သမားများအတွက်မူ လစဉ်ဝင်ငွေ
ဘယ်လောက်ပင်ဖြစ်စေအကြုံးဝင်သည်။ အလုပ်ရှင်နှင့် စာချုပ်ချုပ်၍
လုပ်ကိုင်နေသော အလုပ်သမားများလည်း အကြုံးဝင်သည်။

မေး = လုပ်ငန်းသဘောတူ စာချုပ်ဆိုသည်မှာ ဘယ်အရာကိုခေါ်သနည်း။
ဖြေ = လုပ်ငန်းသဘောတူ စာချုပ်ဆိုသည်မှာ လူတစ်ဦးသည် တခြားလူ
တစ်ဦးထံ၌ အလုပ်သမားအဖြစ် အလုပ်လုပ်ကိုင် ခြင်းကိုဆိုလိုပါသည်။
လုပ်ငန်းသဘောတူ စာချုပ်တွင် နှုတ်အားဖြင့်၎င်း စာအားဖြင့်၎င်း
( ၂ ) မျိုးရှိနိုင်ပါသည်။ အလုပ်သမား အနေဖြင့်လုပ်ငန်းသဘောတူ
စာချုပ်မိတ္တတစ်စောင်ကို သိမ်းစည်းထားခွင့်ရှိသည်။ ။ ။

မေး = မလေးရှားအလုပ်သမားဥပဒေ ၁၉၅၅ သည်ရွှေ့ပြောင်းအလုပ်သမား
အတွက်အကြုံးဝင်ပါသလား။

ဖြေ = ဟုတ်ကဲ့။ ရွှေ့ပြောင်းအလုပ်သမား များလည်း အကြုံးဝင်ပါသည်။

မေး = မလေးရှားအလုပ်သမားဥပဒေ ၁၉၅၅ တွင်မည်သို့သောအခွင့်
အရေးများကို တွေ့နိုင်ပါသနည်း။
ဖြေ = အလုပ်သမားတို့၏ ရပိုင်ခွင့်အားလုံး ပါဝင်ပါသည်။
ဆိုလိုသည်မှာ ပုံမှန်အလုပ်ချိန် ၊ သတ်မှတ်ချက် ၊အချိန်ပိုအလုပ်ရက်နှင့်
လုပ်အားခပေးချေမှု ၊ လုပ်သက်ခွင့် ၊ အများပြည်သူအားလပ်ရက်ခွင့်
ကျန်းမာရေးခွင့် ၊ လစာငွေ စသည်တို့ဖြစ်ကြပါသည်။
ထိုပြင်အလုပ်ရှင် အနေဖြင့် အလုပ်သမားထံမှ လစာငွေဖြတ်တောက်ခြင်း
ကိုဥပဒေ ဘောင်တွင်း မှသာဖြတ်တောက်ခွင့်ရှိသည်။ အမျိုးသမီးအနေဖြင့်
မီးဖွားခွင့်ကို ခံစားခွင့်ရှိသည်။ ။ ။

မေး = အကယ်၍ အလုပ်သမားတစ်ဦးသည် အလုပ်ရှင်နှင့် စာချုပ်ချုပ်ဆို၍
လုပ်ကိုင်ခဲ့သော ၎င်းအနေဖြင့်၁၉၉၅ အလုပ်သမားဥပဒေနှင့် အကြုံးဝင်ပါသလား။

ဖြေ = ဟုတ်ကဲ့ အကြုံးဝင်ပါသည်။ စာချုပ်တွင် မည်သို့သောအခွင့်အရေးပါဝင်သည်ကို သေချာစွာကြည့်ရှပါ။
အလုပ်သမားဥပဒေသည်။ကောင်းမွန်သော်လည်း ထိုအခွင့်အရေးများ သင်၏စာချုပ်တွင် ပါဝင်ခြင်း
ရှိမရှိ စစ်ဆေးပါ။ မပါရှိခဲ့သော် ဖြည့်စွက်ရေးသားရန် တောင်းဆိုပိုင်ခွင့်ရှိသည်။

မေး = ပုံမှန်အလုပ်လုပ်ချိန် ဆိုသည်မှာ အဘယ်နည်း။

ဖြေ = အလုပ်ရှင် အလုပ်သမား လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆိုစဉ် သဘောတူညီထားသော ၏သာမန်အလုပ်ချိန်ကို ခေါ်ဆိုပါသည်။ပုံမှန်အလုပ်ချိန်တွင်

၁။ တစ်နေ့လျှင် ၈ နာရီသတ်မှတ်ပီး နားရက်ပါဝင်ပါသည်။

၂။ ၅ နာရီဆက်တိုက် အလုပ်လုပ်ခဲ့ရသော် မီနစ် ၃၀ ထက်မနည်းသော နားချိန်ကိုရရှိမည်။

၃။ တစ်ပတ်တွင် ၄၈ နာရီပုံမှန် အလုပ်ချိန်ရှိသည်။
အပြန်အလှန်ချုပ်ဆိုထားသော စာချုပ်တွင်တစ်နေ့ ၉ နာရီချုပ်ဆိုနိုင်သော်လည်း
တစ်ပတ်တွင် ၄၈ နာရီထက်မပိုရပါ။

မေး = အချိန်ပိုအလုပ်ချိန်ဆိုသည်မှာ ဘာကိုခေါ်ပါသနည်း။

ဖြေ = အချိန်ပိုအလုပ်ချိန်ဆိုသည်မှာ ပုံမှန်အချိန် ၈ နာရီထက်ကျော်လွန်၍လုပ်ရ
သော အလုပ်ချိန်ကို ဆိုလိုပါသည်။

မေး = အချိန်ပိုအလုပ်ချိန်အတွက် လုပ်အားခ မည်မျှရနိုင်ပါသနည်း။

ဖြေ = အချိန်ပို လုပ်အားခသည် အောက်ဖော်ပြပါအတိုင်း ရရှိရမည်။

၁။ သာမန်အလုပ်ရက်အတွက် အချိန်ပို ၁ နာရီလုပ်အားခသည် သာမန်အလုပ်ချိန် ၁နာရီလုပ်အားခ၏တဆခွဲ။

၂။နားရက်တွင် အလုပ်လုပ်ခဲ့ရသော် သာမန်အလုပ်ချိန် ၁ နာရီလုပ်အားခ၏နှစ်ဆ။

၃။အများပြည်သူ အားလပ်ရက်တွင် အလုပ်လုပ်ခဲ့ရသော် သာမန်အလုပ်ချိန် ၁နာရီလုပ်အားခ၏ သုံးဆရရှိရမည်။

မေး = အလုပ်သမား အနေဖြင့် တစ်လတွင် အချိန်ပိုအလုပ်ချိန် နာရီမည်မျှလုပ်ကို
နိုင်သည်ဟု အလုပ်သမားဥပဒေတွင် ကန့်သန့်ထားမှုရှိပါသလား။

ဖြေ = အလုပ်သမား တစ်ဦီးအနေဖြင့် တစ်လလျှင် အချိန်ပို ၁၀၄ နာရီထက်ကျော်လွန်၍
လုပ်ကိုင်ရန်မလိုပါ။

မေး = လုပ်ငန်းသဘောတူစာချုပ်တွင် လုပ်အားခပေးရမည့်အချိန်ကို
အသေးစိတ်ဖော်ပြ၍ လိုက်နာရန် အချက်အချက်အဖြင့် သတ်မှတ်ပေးထားပါသလား။

ဖြေ = လုပ်ငန်းသဘောတူစာချုပ်တွင် လုပ်အားခပေးရမည့်အချိန်နှင့်ပက်သက်၍
အသေးစိတ်ဖော်ပြရမည်။ တစ်လထက်ပို၍ ဖော်ပြခွင့်မရှိစေရ အကယ်၍မည်သည့်
သတ်မှတ်ချက်မှ ဖော်ပြမထားခဲ့သော် လုပ်အားခပေးရမည့်အချိန်သတ်မှတ်
ချက်ကို တစ်လဟု သတ်မှတ်နိုင်သည်။

မေး = အလုပ်ရှင် အနေဖြင့်လုပ်အားခကိုမည်သည့်အချိန်တွင်ပေးရမည်နည်း။

ဖြေ = လုပ်အားခ ( ဥပဒေနှင့် အညီဖြတ်တောက်ပြီး ) ကိုလုပ်အားခပေးရမည့်အချိန် ကျော်လွန်ပြီးနောက်
( ၇ ) ရက်ထက်မကျော်လွန်ပဲပေးဆောင်ရမည်။ အကယ်၍အကြောင်းတစ်စုံတစ်ရာကြောင်
နောက်ကြ၍ပေးဆောင်ရန်ဖြစ်ခဲ့သော် လုပ်ငန်းရှင်အနေဖြင့် အလုပ်သမားဌာန
ညွန်ကြားရေးမှူးချုပ်ထံသို့တင်ပြပြီးလျှောက်ထားနိုင်သည်။

မေး = ဥပဒေနှင့်အညီ လာစာငွေဖြတ်တောက်ခြင်းဆိုသည်မှာ ဘာကိုဆိုလိုပါသနည်း။

ဖြေ = ၎င်းတို့မှာ ဥပဒေအရခွင့်ပြုထားသော အလုပ်သမားဖူလုံရေးရန်ပုံငွေနှင့်အသက်အာမခံကြေး
ပေးဆောင်ရန်အတွက် ဖြတ်တောက်ခြင်းကိုဆိုလိုပါသည်။ အလုပ်သမားဥပဒေတွင် လွန်ခဲ့သော
၃ လက အကြောင်းတစ်စုံတစ်ရာကြောင့် အလုပ်ရှင်ထံမှ ချေးယူထားသော
ငွေအားဖြတ်တောက် ခွင့်ပြုထားပါသည်။ သို့သော်လည်းတစ်လစာလုပ်အားခထက်ပိုသော
ငွေကြေးဖြတ်တောက်ခြင်း ကို ခွင့်မပြုပါ။

မေး = ဥပဒေအရခွင့်ပြုထားသော အများဆုံးလစာငွေ ဖြတ်တောက်ခြင်း မှာ
ဘယ်လောက်ရှိပါသနည်း။

ဖြေ = လစာငွေ ဖြတ်တောက်မည့် ကာလတွင်အလုပ်သမားရရှိခဲ့သော်လုပ်အားခ၏ တဝက်ကိုသာ
ဖြတ်တောက်ခွင့်ရှိသည်။ ထိုကြောင့် အလုပ်သမားအနေဖြင့်လစာငွေ၏တစ်ဝက်ကိုရရှိရမည်။

မေး = လုပ်ငန်းသဘောတူစာချုပ် ပုံမှန်ပြီးဆုံးခဲ့သော် မည်သည့်အချိန်တွင်အလုပ်သမားအနေဖြင့်
မည်သည့်အချိန်တွင်အလုပ်သမားအနေဖြင့် လစာငွေမည်မျှရရှိမည်နည်း။

ဖြေ = လုပ်ငန်းသဘောတူစာချုပ် ပုံမှန်ပြီးဆုံးရန် တစ်ရက်အလိုတွင်
အလုပ်သမားအနေဖြင့် သူ၏လစာငွေကိုရရှိမည်။

မေး = ဥပဒေရ အမျိုးသမီးများ မလုပ်ကိုင်ရန် တားမြစ်ထားသောအလုပ်များရှိပါသလား။

ဖြေ = ဥပဒေရ အမျိုးသမီးများ မလုပ်ကိုင်ရန် တားမြစ်ထားသောအလုပအကိုင်များမှ
မြေအောက်တွင်လုပ်ကိုင်ရသော လုပ်ငန်းများကိုအထူးတားမြစ်ထားသည်။
စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ တွင်မူ ည ၁၀ မှ ၅ နာရီအတွင်းလုပ်ရသော
လုပ်ငန်းများအတွက် အလုပ်သမားဌာနညွန်ကြားရေးမှူးချူပ်၏ ခွင့်ပြုမိန့်ရရှိမသာလုပ်ကိုင်နိုင်မည်။

အစိုးရလေဘာရုံးနှင့် အလုပ်သမားသမဂ္ဂ ( MTUC ) ရှေ့နေများကောင်စီ၊ လူ့အခွင့်အရေး
( SUHAKAN ) တို့တွင်သွားရောက်အကူအညီတောင်းခံနိုင်ပါသည်။.

မေး = မည်သို့သော အလုပ်သမားများသည် မလေးရှားအလုပ်သမား ဥပဒေပါ
အခွင့်အရေးများကို ခံစားခွင့်ရှိသနည်း။

ဖြေ = လစာငွေရင်းဂစ် ၁၅၀၀/ အောက်ဝင်ငွေရှိသော အလုပ်သမားအားလုံးခံစားခွင့်ရသည်
အထွေထွေ အလုပ်သမားများအတွက်မူ လစဉ်ဝင်ငွေ
ဘယ်လောက်ပင်ဖြစ်စေအကြုံးဝင်သည်။ အလုပ်ရှင်နှင့် စာချုပ်ချုပ်၍
လုပ်ကိုင်နေသော အလုပ်သမားများလည်း အကြုံးဝင်သည်။

မေး = လုပ်ငန်းသဘောတူ စာချုပ်ဆိုသည်မှာ ဘယ်အရာကိုခေါ်သနည်း။
ဖြေ = လုပ်ငန်းသဘောတူ စာချုပ်ဆိုသည်မှာ လူတစ်ဦးသည် တခြားလူ
တစ်ဦးထံ၌ အလုပ်သမားအဖြစ် အလုပ်လုပ်ကိုင် ခြင်းကိုဆိုလိုပါသည်။
လုပ်ငန်းသဘောတူ စာချုပ်တွင် နှုတ်အားဖြင့်၎င်း စာအားဖြင့်၎င်း
( ၂ ) မျိုးရှိနိုင်ပါသည်။ အလုပ်သမား အနေဖြင့်လုပ်ငန်းသဘောတူ
စာချုပ်မိတ္တတစ်စောင်ကို သိမ်းစည်းထားခွင့်ရှိသည်။ ။ ။

မေး = မလေးရှားအလုပ်သမားဥပဒေ ၁၉၅၅ သည်ရွှေ့ပြောင်းအလုပ်သမား
အတွက်အကြုံးဝင်ပါသလား။

ဖြေ = ဟုတ်ကဲ့။ ရွှေ့ပြောင်းအလုပ်သမား များလည်း အကြုံးဝင်ပါသည်။

မေး = မလေးရှားအလုပ်သမားဥပဒေ ၁၉၅၅ တွင်မည်သို့သောအခွင့်
အရေးများကို တွေ့နိုင်ပါသနည်း။
ဖြေ = အလုပ်သမားတို့၏ ရပိုင်ခွင့်အားလုံး ပါဝင်ပါသည်။
ဆိုလိုသည်မှာ ပုံမှန်အလုပ်ချိန် ၊ သတ်မှတ်ချက် ၊အချိန်ပိုအလုပ်ရက်နှင့်
လုပ်အားခပေးချေမှု ၊ လုပ်သက်ခွင့် ၊ အများပြည်သူအားလပ်ရက်ခွင့်
ကျန်းမာရေးခွင့် ၊ လစာငွေ စသည်တို့ဖြစ်ကြပါသည်။
ထိုပြင်အလုပ်ရှင် အနေဖြင့် အလုပ်သမားထံမှ လစာငွေဖြတ်တောက်ခြင်း
ကိုဥပဒေ ဘောင်တွင်း မှသာဖြတ်တောက်ခွင့်ရှိသည်။ အမျိုးသမီးအနေဖြင့်
မီးဖွားခွင့်ကို ခံစားခွင့်ရှိသည်။ ။ ။

မေး = အကယ်၍ အလုပ်သမားတစ်ဦးသည် အလုပ်ရှင်နှင့် စာချုပ်ချုပ်ဆို၍
လုပ်ကိုင်ခဲ့သော ၎င်းအနေဖြင့်၁၉၉၅ အလုပ်သမားဥပဒေနှင့် အကြုံးဝင်ပါသလား။

ဖြေ = ဟုတ်ကဲ့ အကြုံးဝင်ပါသည်။ စာချုပ်တွင် မည်သို့သောအခွင့်အရေးပါဝင်သည်ကို သေချာစွာကြည့်ရှပါ။
အလုပ်သမားဥပဒေသည်။ကောင်းမွန်သော်လည်း ထိုအခွင့်အရေးများ သင်၏စာချုပ်တွင် ပါဝင်ခြင်း
ရှိမရှိ စစ်ဆေးပါ။ မပါရှိခဲ့သော် ဖြည့်စွက်ရေးသားရန် တောင်းဆိုပိုင်ခွင့်ရှိသည်။

မေး = ပုံမှန်အလုပ်လုပ်ချိန် ဆိုသည်မှာ အဘယ်နည်း။

ဖြေ = အလုပ်ရှင် အလုပ်သမား လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆိုစဉ် သဘောတူညီထားသော ၏သာမန်အလုပ်ချိန်ကို ခေါ်ဆိုပါသည်။ပုံမှန်အလုပ်ချိန်တွင်

၁။ တစ်နေ့လျှင် ၈ နာရီသတ်မှတ်ပီး နားရက်ပါဝင်ပါသည်။

၂။ ၅ နာရီဆက်တိုက် အလုပ်လုပ်ခဲ့ရသော် မီနစ် ၃၀ ထက်မနည်းသော နားချိန်ကိုရရှိမည်။

၃။ တစ်ပတ်တွင် ၄၈ နာရီပုံမှန် အလုပ်ချိန်ရှိသည်။
အပြန်အလှန်ချုပ်ဆိုထားသော စာချုပ်တွင်တစ်နေ့ ၉ နာရီချုပ်ဆိုနိုင်သော်လည်း
တစ်ပတ်တွင် ၄၈ နာရီထက်မပိုရပါ။

မေး = အချိန်ပိုအလုပ်ချိန်ဆိုသည်မှာ ဘာကိုခေါ်ပါသနည်း။

ဖြေ = အချိန်ပိုအလုပ်ချိန်ဆိုသည်မှာ ပုံမှန်အချိန် ၈ နာရီထက်ကျော်လွန်၍လုပ်ရ
သော အလုပ်ချိန်ကို ဆိုလိုပါသည်။

မေး = အချိန်ပိုအလုပ်ချိန်အတွက် လုပ်အားခ မည်မျှရနိုင်ပါသနည်း။

ဖြေ = အချိန်ပို လုပ်အားခသည် အောက်ဖော်ပြပါအတိုင်း ရရှိရမည်။

၁။ သာမန်အလုပ်ရက်အတွက် အချိန်ပို ၁ နာရီလုပ်အားခသည် သာမန်အလုပ်ချိန် ၁နာရီလုပ်အားခ၏တဆခွဲ။

၂။နားရက်တွင် အလုပ်လုပ်ခဲ့ရသော် သာမန်အလုပ်ချိန် ၁ နာရီလုပ်အားခ၏နှစ်ဆ။

၃။အများပြည်သူ အားလပ်ရက်တွင် အလုပ်လုပ်ခဲ့ရသော် သာမန်အလုပ်ချိန် ၁နာရီလုပ်အားခ၏ သုံးဆရရှိရမည်။

မေး = အလုပ်သမား အနေဖြင့် တစ်လတွင် အချိန်ပိုအလုပ်ချိန် နာရီမည်မျှလုပ်ကို
နိုင်သည်ဟု အလုပ်သမားဥပဒေတွင် ကန့်သန့်ထားမှုရှိပါသလား။

ဖြေ = အလုပ်သမား တစ်ဦီးအနေဖြင့် တစ်လလျှင် အချိန်ပို ၁၀၄ နာရီထက်ကျော်လွန်၍
လုပ်ကိုင်ရန်မလိုပါ။

မေး = လုပ်ငန်းသဘောတူစာချုပ်တွင် လုပ်အားခပေးရမည့်အချိန်ကို
အသေးစိတ်ဖော်ပြ၍ လိုက်နာရန် အချက်အချက်အဖြင့် သတ်မှတ်ပေးထားပါသလား။

ဖြေ = လုပ်ငန်းသဘောတူစာချုပ်တွင် လုပ်အားခပေးရမည့်အချိန်နှင့်ပက်သက်၍
အသေးစိတ်ဖော်ပြရမည်။ တစ်လထက်ပို၍ ဖော်ပြခွင့်မရှိစေရ အကယ်၍မည်သည့်
သတ်မှတ်ချက်မှ ဖော်ပြမထားခဲ့သော် လုပ်အားခပေးရမည့်အချိန်သတ်မှတ်
ချက်ကို တစ်လဟု သတ်မှတ်နိုင်သည်။

မေး = အလုပ်ရှင် အနေဖြင့်လုပ်အားခကိုမည်သည့်အချိန်တွင်ပေးရမည်နည်း။

ဖြေ = လုပ်အားခ ( ဥပဒေနှင့် အညီဖြတ်တောက်ပြီး ) ကိုလုပ်အားခပေးရမည့်အချိန် ကျော်လွန်ပြီးနောက်
( ၇ ) ရက်ထက်မကျော်လွန်ပဲပေးဆောင်ရမည်။ အကယ်၍အကြောင်းတစ်စုံတစ်ရာကြောင်
နောက်ကြ၍ပေးဆောင်ရန်ဖြစ်ခဲ့သော် လုပ်ငန်းရှင်အနေဖြင့် အလုပ်သမားဌာန
ညွန်ကြားရေးမှူးချုပ်ထံသို့တင်ပြပြီးလျှောက်ထားနိုင်သည်။

မေး = ဥပဒေနှင့်အညီ လာစာငွေဖြတ်တောက်ခြင်းဆိုသည်မှာ ဘာကိုဆိုလိုပါသနည်း။

ဖြေ = ၎င်းတို့မှာ ဥပဒေအရခွင့်ပြုထားသော အလုပ်သမားဖူလုံရေးရန်ပုံငွေနှင့်အသက်အာမခံကြေး
ပေးဆောင်ရန်အတွက် ဖြတ်တောက်ခြင်းကိုဆိုလိုပါသည်။ အလုပ်သမားဥပဒေတွင် လွန်ခဲ့သော
၃ လက အကြောင်းတစ်စုံတစ်ရာကြောင့် အလုပ်ရှင်ထံမှ ချေးယူထားသော
ငွေအားဖြတ်တောက် ခွင့်ပြုထားပါသည်။ သို့သော်လည်းတစ်လစာလုပ်အားခထက်ပိုသော
ငွေကြေးဖြတ်တောက်ခြင်း ကို ခွင့်မပြုပါ။

မေး = ဥပဒေအရခွင့်ပြုထားသော အများဆုံးလစာငွေ ဖြတ်တောက်ခြင်း မှာ
ဘယ်လောက်ရှိပါသနည်း။

ဖြေ = လစာငွေ ဖြတ်တောက်မည့် ကာလတွင်အလုပ်သမားရရှိခဲ့သော်လုပ်အားခ၏ တဝက်ကိုသာ
ဖြတ်တောက်ခွင့်ရှိသည်။ ထိုကြောင့် အလုပ်သမားအနေဖြင့်လစာငွေ၏တစ်ဝက်ကိုရရှိရမည်။

မေး = လုပ်ငန်းသဘောတူစာချုပ် ပုံမှန်ပြီးဆုံးခဲ့သော် မည်သည့်အချိန်တွင်အလုပ်သမားအနေဖြင့်
မည်သည့်အချိန်တွင်အလုပ်သမားအနေဖြင့် လစာငွေမည်မျှရရှိမည်နည်း။

ဖြေ = လုပ်ငန်းသဘောတူစာချုပ် ပုံမှန်ပြီးဆုံးရန် တစ်ရက်အလိုတွင်
အလုပ်သမားအနေဖြင့် သူ၏လစာငွေကိုရရှိမည်။

မေး = ဥပဒေရ အမျိုးသမီးများ မလုပ်ကိုင်ရန် တားမြစ်ထားသောအလုပ်များရှိပါသလား။

ဖြေ = ဥပဒေရ အမျိုးသမီးများ မလုပ်ကိုင်ရန် တားမြစ်ထားသောအလုပအကိုင်များမှ
မြေအောက်တွင်လုပ်ကိုင်ရသော လုပ်ငန်းများကိုအထူးတားမြစ်ထားသည်။
စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ တွင်မူ ည ၁၀ မှ ၅ နာရီအတွင်းလုပ်ရသော
လုပ်ငန်းများအတွက် အလုပ်သမားဌာနညွန်ကြားရေးမှူးချူပ်၏ ခွင့်ပြုမိန့်ရရှိမသာလုပ်ကိုင်နိုင်မည်။

အစိုးရလေဘာရုံးနှင့် အလုပ်သမားသမဂ္ဂ ( MTUC ) ရှေ့နေများကောင်စီ၊ လူ့အခွင့်အရေး
( SUHAKAN ) တို့တွင်သွားရောက်အကူအညီတောင်းခံနိုင်ပါသည်။.


မလေးရှားအလုပ်သမားသတင်း


မလေးရှား လဝက ထိန်းသိမ်းရေးစခန်းအနီးမှ ကရင်တိုင်းရင်းသား ၂ ဦး အဖမ်းခံရ
2011-04-09
အခု သီတင်းပတ် စောစောပိုင်းက မလေးရှားနိုင်ငံ လင်းခေး လဝက စခန်း ဖောက်ထွက်ပြေးသူ မိတ်ဆွေတွေကို အကူအညီပေးနိုင်ဖို့ သွားရောက်ခဲ့တဲ့ မလေးရှားအခြေစိုက် MKO ကရင် တိုင်းရင်းသားအဖွဲ့ အဖွဲ့ဝင် နှစ်ဦးကို စခန်းအနီးမှာ စောင့်ကြည့်နေတဲ့ မလေးအာဏာပိုင်တွေက ဒီကနေ့ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
(Photo: AFP)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ရဲလာခေါ် အရပ်သား လုံခြုံရေး တပ်ဖွဲ့ဝင်များက ညသန်းခေါင်ကျော် စစ်ဆင်ရေးဖြင့် တရားမဝင် နိုင်ငံခြား အလုပ်သမားများကို ဖမ်းဆီးထားသော မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီအကြောင်းကို MKO အဖွဲ့ ဥက္ကဋ္ဌ မန်းးစိန်သန်းက RFA ကို အခုလို ပြောပါတယ်။
“လောလောဆယ် လူ ၂ ယောက် ပါသွားတယ်။ Community ကဒ် လောက်ပဲ ရှိတယ်။ အဆက်အသွယ်ရတယ် ဒါပေမယ့် လဝက ဖမ်းတာ ဖြစ်တဲ့အတွက် ကျနော်တို့ ဘယ်လိုမှ ထုတ်လို့ မရဘူး။ လင်းခေးစခန်းနားမှာတော့ အော်ပရာစီလို့ ခေါ်တဲ့ အော်ပရေးရှင်း ဝင်နေတယ်။ ဒီရက်ပိုင်းအတွင်း တောထဲမှာ အလုပ်လုပ်နေတဲ့ သူတွေကတော့ ရှောင်နေကြရတာပေါ့”
လင်းခေး လဝက စခန်းအနီး တောအုပ်တွေထဲမှာ စခန်းဖောက်ပြီး ထွက်ပြေးသူ ၈ဝ လောက် ပြန်ပြီး ဖမ်းဆီးမိခဲ့ရာမှာ အများစုကို ဒီတောအုပ်ထဲက ပြန်လည် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ တောအုပ်ထဲမှာ ရာဘာခြစ် လုပ်ငန်း လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမား အတော်များများ ရှိရာမှာ မသင်္ကာသူ၊ စာရွက်စာတမ်း မရှိသူတွေကို ဖမ်းဆီးနေပါတယ်။ MKO အဖွဲ့ဝင် နှစ်ဦးဟာလည်း အဲဒီ အနီးတဝိုက်ကိုသွားပြီး သတင်း စုံစမ်းနေချိန်မှာ အခုလို မလေးအာဏာပိုင်တွေက ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

နိုင်ငံခြားသားအလုပ်သမားများအတွက် အခြားသော ရပိုင်ခွင့်များ မွေးဖွားစာရင်းနှင့် သေဆုံးစာရင်း


နိုင်ငံခြားသားအလုပ်သမားများအတွက် အခြားသော ရပိုင်ခွင့်များ
မွေးဖွားစာရင်းနှင့် သေဆုံးစာရင်း


၁- ထိုင်းနိုင်ငံအတွင်း မွေးဖွားသူတိုင်းသည်
မွေးဖွားစာရင်း လက်ခံရယူနိုင်ခွင့်ရှိပြီး အကယ် ၍ သေဆုံးသွားပါကလည်း
သေဆုံးစာရင်းကို လက်ခံရယူနိုင်သည်ဟု ၁၉၉၁ တွင် ပြဌာန်း ထားသည့်
လွှတ်တော်ဥပဒေတွင် ပြဌာန်းထားသည်။

• နိုင်ငံခြားသားအလုပ်သမားတဦးနှင့် ထိုင်းလူမျိုးတဦးတို့
လက်ထပ်ထိမ်းမြား၍ မွေးဖွား လာသော ကလေးငယ်သည်လည်း ဖခင်၏ နိုင်ငံသားကို
ခံယူပိုင်ခွင့်ရှိသည်။

• မိခင်ဖြစ်သူသည် ထိုင်းလူမျိုးဖြစ်ပြီး ဖခင်ဖြစ်သူသည်
နိုင်ငံခြားသားအလုပ်သမား ဖြစ်ပါ ကလည်း မွေးဖွားလာသည့် ကလေးငယ်သည်
ထိုင်းနိုင်ငံသားအဖြစ် ခံယူပိုင်ခွင့်ရှိသည်။

နိုင်ငံခြားသားကလေးအလုပ်သမားအခွင့်အရေး



အသက် ၁၅ နှစ်အောက် ကလေးများသည် ထိုင်းနိုင်ငံအတွင်း
အလုပ်လုပ်ကိုင်ခွင့်မရှိဟု ထိုင်းနိုင်ငံ၏ အလုပ်သမား အက်ဥပဒေတွင်
ပြဌာန်းထားသည်။ သို့သော်လည်း ၁၉၉၈ ခုနှစ် တွင် ရေးဆွဲထားသည့်
အလုပ်သမားအက်ဥပဒေတွင် ၁၅ နှစ်အထက် ကလေးများကို အ လုပ်လုပ်ကိုင်ခွင့်
ရှိသည်ဟုပြဌာန်းထားသည်။ ကလေးအလုပ်သမားများအား အလုပ်လုပ်
ကိုင်ခွင့်ပြုရာတွင်လည်း ခြွင်းချက် အဖြစ်အောက်ပါ အချက်များကို
ပြဌာန်းထားသည်။

၁။ အသက် ၁၅ နှစ်မှ ၁၇ နှစ်ကြားရှိသော
နိုင်ငံခြားသား ကလေးအလုပ်သမားကို ငှား ရမ်းလိုသော အလုပ်ရှင်သည်
အလုပ်သမားအုပ်ချုပ်ရေးရုံးနှင့် အလုပ်သမားဖူလုံရေးရုံးတွင် ယင်းအလုပ်သမား
စတင်အလုပ်လုပ်သည့်ရက်မှ ၁၅ ရက် အတွင်း သွားရောက်၍ အ ကြောင်းကြားရမည်။

၂။ အလုပ်ခွင်တွင် ၄ နာရီဆက်တိုက် အလုပ်လုပ်ပြီးတိုင်း အနဲဆုံး (၁) နာရီကို
ကလေးအလုပ်သမားအား နားခွင့်ပေးရမည်။ တရက်အတွင်း (၈) နာရီထက်ပို၍
အလုပ်လုပ်ကိုင်ခွင့်မရှိပါ။ တပတ်အတွင်း နာရီ (၄၀) ထက်ပို၍
အလုပ်လုပ်ကိုင်ခွင့်မရှိပါ။

၃။ နိုင်ငံခြားသားကလေးအလုပ်သမားများအား ည ၁၀ နာရီမှ နံနက် ၆ အတွင်း အလုပ်
လုပ်သော ညပိုင်းအလုပ် များတွင် အလုပ်စေခိုင်းခြင်း မပြုရ။ ကလေးအလုပ်သမားကို
ငှား ရမ်းခိုင်းစေရာတွင် အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်သာ
ငှားရမ်းပိုင်ခွင့်ရှိသည်။ အချိန်ပို အလုပ်စေခိုင်းခြင်းနှင့်
အလုပ်နားရက်များတွင် အလုပ်စေခိုင်းခြင်း ပြု၍ မရပါ။

၎။ ကလေးအလုပ်သမားထံမှ အလုပ်ရှင်အနေဖြင့် မည်သည့်အကြောင်းတစုံတရာပြသ၍မျှ
အာမခံငွေကောက်ခံ၍ မရပါ။ လုပ်အားခကိုလည်း ကလေးအလုပ်သမားမှ လွဲ၍ အခြားသူ
များကို ထုတ်ပေးပိုင်ခွင့် မရှိပါ။

၅။ အန္တရာယ်ရှိသော လုပ်ငန်းများ၊ တားမြင်ထားသော လုပ်ငန်းများတွင် ကလေးအလုပ်
သမားအား ခိုင်းစေခြင်း မပြုရပါ။ ညပိုင်းအလုပ်ခွင်များ၊ ကျဉ်းကျပ်လွန်းသည့်
လုပ်ငန်းခွင် အဆောက်အဦးများ၊ အရက်သေစာများကို ရောင်းချသည့် ဆိုင်များ၊
ဖျော်ဖြေရေးလုပ်ငန်း များ၊ ကလေးများ၏ စိတ်ဓါတ်နှင့် အကျင့်စရိုက်
ပျက်စီးသွားစေမည့် လုပ်ငန်းများတွင် အလုပ် စေခိုင်းခြင်း မပြုရပါ။

၆။ အလုပ်ရှင်အနေဖြင့် အောက်တွင် တားမြစ်ထားသည့် အလုပ်များတွင်လည်း ကလေးအ
လုပ်သမားများကို ခိုင်းစေ၍မရပါ။ အပူပေးသည့် လုပ်ငန်းများ (သံထည်ပစ္စည်းများ)
လေ မှုတ်သည့်လုပ်ငန်းများ၊ ရွှေရည် ငွေရည်စိမ်သည့်လုပ်ငန်းများ၊
သံချည်သံကွေး လုပ်ငန်း များ၊ တံဆိပ်ရိုက်သည့် လုပ်ငန်းများ (သံထည်များ၊
အမာထည်များ) နှင့် ဓါတုပစ္စည်းများ အသုံးပြု၍ လုပ်ကိုင်ရသည့် လုပ်ငန်းများ၊
ရေဒီယိုသတ္တိကြွမှု ဖြစ်စေနိုင်သည့် လုပ်ငန်းများ၊
ပစ္စည်းပို့သည့်လုပ်ငန်းများ၊ မြေအောက်ဂူ၊ ဥမင်လိုဏ်ခေါင်းများတွင်
လုပ်ရသည့် အလုပ် များ၊ စက်ပစ္စည်းများကို အသုံးပြု၍ မြေပြင်မှ အမြင့် ၁၀
မီတာ ထက်မြင့်သော အဆောက် အဦးများတွင် လုပ်ကိုင်ရသော လုပ်ငန်းများ၊ အပူကို
အသုံးပြု၍ လုပ်ကိုင်ရသော လုပ်ငန်း များ၊ အေးလွန်းသော အလုပ်အကိုင်များ၊
အသံဆူညံလွန်းသော လုပ်ငန်းများ၊ တုန်လှုပ် ချောက်ခြားမှုကို ဖြစ်စေသည့်
လုပ်ငန်းများတွင် ကလေးအလုပ်သမားများအား အသုံးပြု၍ မရပါ။(ဝေမင်း)


More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge/subscribe?hl=en


With Best Regards,

slip
http://www.meepyatite.info/

0 comments:

Post a Comment