အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Sunday 23 October 2011

ပါကစ္စတန်၏ ရှေးဟောင်းဗုဒ္ဓဘာသာလက်ရာများ

(အေအက်ဖ်ပီ)
ခင်အောင် ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၃၁ ( ၁၉ - ၂၅ ၊ ၈ ၊ ၂၀၁၁)

နယူးယော့ခ်မြို့တွင် ကျင်းပသော ဗုဒ္ဓဘာသာအမွေအနှစ် အနုပညာလက်ရာပြပွဲ။ ဓာတ်ပုံ - အေအက်ဖ်ပီ
နယူးယော့ခ်- ပါကစ္စတန်နိုင်ငံ၏ လူသိအလွန်နည်းသော ထူးခြားသည့် ရှေးခေတ် ဗုဒ္ဓဘာသာဆိုင်ရာ ရတနာ သိုက်ငယ်တစ်ခုကို နယူးယော့ခ် မြို့တွင် ရှေးခေတ် အနုပညာလက်ရာပြပွဲ အဖြစ် ကျင်းပခဲ့ရာ ယင်းသို့ ပြသနိုင်ရန် ၎င်းရတနာသိုက်ငယ်မှ ရှေးဟောင်း ပစ္စည်းသည်ကမ္ဘာပေါ် သို့ ဖြတ်သန်း ရောက်ရှိမလာမီ ရေလွှမ်းမိုးမှု ဘေး အန္တရာယ်၊ ရုန်းရင်း ဆန်ခတ်ဖြစ်မှုများနှင့် ပေါက်ကွဲလုအခြေအနေဖြစ်သောအမေရိကန်နှင့် ပါကစ္စတန်နှစ်နိုင်ငံ ဆက်ဆံရေးအခြေအနေများကို အန်တုကျော်ဖြတ်ခဲ့ ရသည်။
ကြီးမားသော အတားအဆီးကို အန်တု ကျော်ဖြတ်ရသည့် ပါကစ္စတန် နိုင်ငံ၏ ဗုဒ္ဓဘာသာ အမွေအနှစ်ဖြစ်သော ဂန္ဓာရတိုင်း အနုပညာလက်ရာ ပြပွဲတွင် 'ကန်' ပြည်ထောင်စု၌ အများအားဖြင့် ကြည့်ရှု ဖူးမြော်ဖူးခြင်းမ ရှိသော ဆင်းတုတော် လက်ရာများအား ပြသခဲ့သည်။
ယခုသီတင်းပတ်တွင် အာရှအသင်း တိုက်၌ ပြသခဲ့သော ပန်းပုသုခုမ လက်ရာများသည် ခေတ်သစ်ပါကစ္စတန်နိုင်ငံ၏ အနောက်မြောက်ဘက် တွင် တည်ရှိခဲ့ဖူးသော အစ္စလာမ်ခေတ် မတိုင်မီ ဂန္ဓာရတိုင်းဒေသ၏ မူးမေ့ လောက်အောင် ရှုပ်ထွေးသော သမိုင်းကြောင်းကို ခြေရာကောက် ၍ လှစ်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဒေသသည် ယနေ့ခေတ်တွင် တာလီဘန် နှင့်ဆက်စပ်သော ပြောက် ကျားအုပ်စုများ၊ ပါကစ္စတန် အစိုးရ ဆန့်ကျင်ရေး အစွန်း ရောက်ပုန်ကန်မှု များနှင့် ခွဲခြားမရသော ဆွက်တောင် ကြားဒေသတွင် အပါအ၀င်ဖြစ်သည်။ သို့သော် ယင်းအနုပညာပြပွဲက ပေါ်လွင် ထင်ရှားစေသကဲ့သို့ပင် ဂန္ဓာရ ဒေသသည် ရှေးခေတ်တစ်ချိန်က အနု ပညာလက်ရာများနှင့် ယဉ်ကျေးမှု ဆိုင်ရာ သန္ဓေသားငယ်ဖြစ် သကဲ့သို့ အင်ပါယာနယ်ချဲ့သည့် ဆုံးစမထင် သော တိုင်းကြီးပြည်ကြီးရှင် အဆက် ဆက်၏ နယ်ပယ်ချဲ့ထွင်ရန် ပစ်မှတ် အဆက်မ ပြတ်ဖြစ်လာသည်မှာ အလွန် တိုးတက်ထွန်းကားသော ခရစ်တော် မပေါ်မီ ၁၀၀ စုခေတ် (ဘီစီ-၁၀၀)မှ အေဒီ-၅၀၀ စုခေတ်တိုင် နှစ်ပေါင်း ၆၀၀ နီးပါးအတွင်းဖြစ်ပေသည်။
"အခုခေတ် ပါကစ္စတန်ရဲ့ ပြင်းထန်တဲ့ အစွန်းရောက်ဝါဒပုံရိပ် ပေါ်လွင် ထင်ရှားနေတာဖြစ်ပေမယ့် အင်မတန် ရှေးကျတဲ့ ဒီဒေသရဲ့ သမိုင်းအစဉ်အလာ ဟာ ကွဲပြားတဲ့ ဘာသာအယူဝါဒတွေ အပေါ် သဘောထားကြီးကြီး လက်ခံတဲ့ အယူဝါဒအမျိုးမျိုး ထွန်းကားရာ ဒေသအဖြစ် ထင်ရှားပါတယ်"ဟု အာရှ အသင်းပြတိုက်၏ ဒါရိုက်တာ မယ်လစ် ဆာချူးက ပြောကြားသည်။
ကျောက်သား ပန်းပုလက်ရာများ ရွှေသားနှင့် ကြေးဝါလက်ရာများသည် တစ်နေရာနှင့်တစ်နေရာ အလွန်ကွာ ဝေးသော ဂရိ၊ ရောမ၊ အိန္ဒိယ၊ ပါရှား နှင့် အချိန်ကြာမြင့်လာသည်နှင့်အမျှ တိုးတက်များပြားစွာ ဗုဒ္ဓဘာသာ လက်ရာများ၏ ဩဇာသက်ရောက်မှုကို ပြသ လျက်ရှိကြောင်း တွေ့ရသည်။ ကမ္ဘာပေါ်တွင် ယခုတိုင်ကျန်ရှိနေသည်ဟု သိရှိရသော ဗုဒ္ဓ၏ ဒုက္ကရစရိယာ ကျင့်တော်မူသော ရုပ်တု တော် သုံးဆူ အနက် တစ်ဆူအပါအ၀င်ဖြစ်သော အခြားလက်ရာများသည် နှစ်ပေါင်း ထောင်ချီ၍ မယိုယွင်း မပျက်စီးဘဲရှိခဲ့ရာ ယင်း တို့က အနုပညာဆိုင်ရာ ရောယှက်မှုနှင့် စမ်းသပ်တီထွင်မှုလက္ခ ဏာများကို ဖော်ပြလျက်ရှိကြောင်း တွေ့ရှိရသည်..
 manmardailymail မှ၇၇ှိသည်

0 comments:

Post a Comment