-----မရှိတော့ဘူး
မကင်းနိုင်တဲ့ဟန်ဆောင်မှုတွေကြား
ငါ အလဲလဲပြိုခဲ့ဖူးတယ်
ဘာတဲ့.....အချစ်
ဟုတ်လို့လား?
ဘ၀လို့ဖက်တွယ်ထားတဲ့ ကွမ်းရွက်ပေါ်မှာ
မဖြူစင်တော့တဲ့ထုံးနှစ်တွေနဲ့
အတ္တ ကွမ်းစိပ်တွေကို အရောင်ခြယ်
နင်စားနေကျ ကွမ်းတစ်ယာလို
ဝါးပြီးထွေးထုတ်တာလည်း
ငါ ခံခဲ့ရတယ်
မြေကြီးက တက်နင်းသူတောင် ခွင့်လွှတ်လျက်ပါ
အင်း.............ဟုတ်တယ်
မရှိတာကြာတော့ မသိချင်တော့တာ
နင်သောက်တဲ့အပေါစားဆေးပေါ့လိပ်
စီခံတိုတောင် မစွန့်လွှတ်နိုင်တဲ့ဘဝ
ငါ ပြန်မရောက်ပါရစေနဲ.
ဒီလိုနဲ့ငါ ဆက်သွားတယ် သွားခဲ့တယ်
လောင်းရိပ်မိတဲ့အပင် ဘယ်ရှိချင်မလဲ
ဝတ်ရည်ခန်းတဲ့ပန်းလည်း ဘယ်နမ်းချင်မလဲ
နှစ်သိမ့်ဆုကိုတော့ ၀င်မလုပါရစေနဲ့
သစ္စာမရှိတဲ့သူကြီးရေ
ငါ့မြင်းကိုစီးလို့
နင့်လှေကိုပြန်လှော်မယ်ဆိုတဲ့အေ
အေး ပုံပြင်ထဲဘဲငါထားလိုက်တယ်။
အချစ်သစ်နဲ့ပျော်ချိန်အဟောင်းဆိ
အခုတော့ အသစ်စွန့်မှ အကောင်းဆိုတာ အဟောင်းပါလို့
ဝန်ခံပြီးနင်လာမခနဲ့ ငါ သနတယ်(နာကြည်းနှင်းဆီ)
0 comments:
Post a Comment