အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Friday 23 September 2011

သူတစ်ပါးအပေါ်အနိုင်ယူနည်း

အမျက်ဒေါသဖြစ်သူကို မေတ္တာဖြင့် အနိုင်ယူ
- အကျင့်ယုတ်သူကို အကျင့်ကောင်းဖြင့် အနိုင်ယူ
- နှမြောစေးနဲသူကို ပေးကမ်းခြင်းဖြင့် အနိုင်ယူ
- လိမ်ညာပြောဆိုသူကို အမှန်ပြောခြင်းဖြင့် အနိုင်ယူ ဟူ၍ ဖြစ်၏။

ထိုသို့မဟုတ်ဘဲ-

- အမျက်ဒေါသကြီးသူကို ရန်ငြိုးအာဃာတဖြင့် အနိုင်ယူလျှင်----
- အကျင့်ယုတ်သူကို အကျင့်ဆိုးဖြင့် အနိုင်ယူလျှင်--------------
- နှမြောစေးနဲသူကို တွန့်တိုခြင်းဖြင့် အနိုင်ယူလျှင်--------------
- လိမ်ညာပြောဆိုသူကို မုသားစကားဖြင့် အနိုင်ယူလျှင်----------

နိုင်သူမှာလည်း ရန်များ ၊ ရှုံးသူမှာလည်း ကြေကွဲပြီး နှစ်ဦးစလုံး အကုသိုလ်ဖြင့် ဇာတ်သိမ်းကြရပေမည်။

ဒါကြောင့်လေ-
- နူးညံ့သော မှိုပွင့်သည် ခက်မာသော မြေပြင်ကို ဖောက်ထွက်လာနိုင်စွမ်းရှိ၏။
- အကောင်အထည် ရှာမရလောက်အောင် သိမ်မွေ့လှသည့် ရေလှိုင်းလေးများသည်

မာကျောတောင့်တင်းလှသော ကျောက်တောင် ကျောက်စောင်များကို သဲမှုန်လေးများဖြစ်သွားအောင် တိုက်စားနိုင်စွမ်းရှိ၏။
ထိုအတူ မေတ္တာ ၊ ကရုဏာဖြင့် ထုံမွှမ်းသည့် နူးညံ့သော နှလုံးသားသည်

ခက်ထန်မာကျောသော နှလုံးသားကို ပျော့ပျောင်းစေနိုင်စွမ်းရှိေ
ပသည်

1 comments:

La said...

လိမ်ညာပြောဆိုသူကို အမှန်တရားဖြင့်အနိုင်ယူတဲ့ ဟိဟိ ထွက်ပြေးသွားပါရောလား မှန်လွန်းတော့လဲကိုသန့်ရယ် ...သူခင်ဗျာရင်မဆိုင်ရဲရှာတာနေမယ် မျှဝေပေးလို့ကျေးဇူးနော်

Post a Comment