အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Monday 28 November 2011

အိပ်ရာစောစောထသူတစ်ယောက် ဖြစ်ဖို့



ဘ၀ဟာ တိုတောင်းလွန်းလှပါတယ်။ အိပ်ရာ စောစောထပါ။
ပြီးခဲ့တဲ့ အပတ်က မဂ္ဂဇင်းတစ်အုပ်မှာ ကျနော် ဆောင်းပါးလေးတစ်ပုဒ် ဖတ်လိုက်ရတယ်။
တက္ကသိုလ်သွားတက်မယ့် သားဖြစ်သူကို အဖေတစ်ယောက်က မှာချင်တာလေးတွေကို ပေးစာအဖြစ်နဲ့ ရေးထားတာပါ။
သူ့သားကို မှာချင်တာတွေထဲက တစ်ခုကတော့ အိပ်ရာစောစောထပါ-တဲ့။
အဲဒီထဲက စကားလေးတစ်ခွန်းကို ကျနော် မှတ်မိနေပါသေးတယ်။
” ၆ နာရီဆိုတာ မနက်ခင်းမှာလည်း ရှိပါတယ် ” တဲ့။
ဟုတ်ပါရဲ့။ ကျနော်တို့တွေ ၆ နာရီဆိုတာကို မနက်ခင်းမှာ မကြုံဖြစ်ကြတာ ဘယ်လောက်များ ကြာပါပြီလဲ။
မနက်ခင်းမှာ အိပ်ရာစောစောထတာဟာ အချိန်ဖြုန်းခြင်း မဟုတ်ပါဘူး။
သင်ဟာ မနက်ပိုင်းမှာ အချိန်တစ်နာရီလောက်ယူပြီး သင့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို ခွန်အားဖြည့်နိုင်ပါတယ်။
လေ့ကျင့်ခန်း လုပ်နိုင်တယ်။ ဒါမှမဟုတ် သင့်အတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာအုပ်တစ်အုပ်ကို ဖတ်နိုင်တယ်။
သင့်ရဲ့ ရည်မှန်းချက်တွေကို ပြန်ဆန်းစစ်နိုင်တယ်။ ဒါမှမဟုတ်ရင်လည်း တစ်နေ့တာအတွက် ကြိုတင် စီစဉ်နိုင်တယ်။
ကျနော် ကတိပေးပါတယ်။ အိပ်ရာစောစောထခြင်းက သင့်ရဲ့ဘ၀ကို ပြောင်းလဲစေပါလိမ့်မယ်။
ဒါကြောင့် သင့်အတွက် အိပ်ရာစောစောထနိုင်ဖို့ နည်းလမ်းတချို့ကို ပေးလိုက်ချင်ပါတယ်။
၁။ နှစ်ခြိုက်စွာ အိပ်ပါ
အိပ်ရာစောစောထနိုင်ဖို့ဆိုရင် ကျနော်တို့ဟာ နှစ်ခြိုက်စွာ အိပ်နိုင်ဖို့ လိုပါတယ်။
ဒါမှသာ ကျနော်တို့ရဲ့ အိပ်စက်ခြင်းက ထိရောက်ပါလိမ့်မယ်။
အိပ်တဲ့ နာရီက အဓိကမကျပါဘူး။ ဘယ်လောက်အိပ်ပျော်သလဲဆိုတာကပဲ အဓိကကျပါတယ်။
မနက်ကျရင် စောစောထမယ်ဆိုပြီး ည ၇နာရီလောက်ကတည်းကတော့ မအိပ်သင့်ဘူးပေါ့လေ။
အိပ်ချိန်နည်းနည်းနဲ့ ထိရောက်ဖို့အတွက် တစ်ညကို ငါးနာရီအိပ်ရုံနဲ့တင် အဆင်ပြေအောင် ဆိုတဲ့ ပို့စ်လေးကို ဖတ်ကြည့်စေချင်ပါတယ်။
ပြီးတော့ ဒီနေ့ည ကောင်းကောင်းအိပ်ပျော်ဖို့ နည်းလမ်း(၇)သွယ် ဆိုတဲ့ ပို့စ်ကလည်း သင် နှစ်ခြိုက်စွာအိပ်ပျော်ဖို့အတွက် အသုံးဝင်ပါမှာပါ။
၂။ အော်တိုဆပ်ဂျက်ရှင်း (Auto-Suggestion)
ကြုံဖူးကြမှာပေါ့။ ခရီးတစ်ခုထွက်စရာရှိတယ်၊ ဒါမှမဟုတ် အရေးကြီးကိစ္စတစ်ခုရှိတယ်ဆိုရင် မနက်ခင်းမှာ နှိုးစက်ပေးစရာမလိုပဲ အလိုလို နိုးလာတာမျိုးလေ။
အဲဒါဘာကြောင့်လဲဆိုတော့- စိတ်ထဲမှာ အဲဒီအချိန် ထမယ်လို့ သိစိတ်ရော မသိစိတ်ရောမှာပါ စွဲနေတဲ့အတွက်ကြောင့်ပါပဲ။
ဒီတော့ ကျနော်တို့ဟာ အော်တိုဆပ်ဂျက်ရှင်း နည်းကို သုံးဖို့လိုပါတယ်။
ည အိပ်ခါနီးမှာ ကိုယ့်ကိုယ်ကိုယ် မနက် ဘယ်နှနာရီထမယ်လို့ စိတ်ထဲမှာ စွဲနေအောင် အကြိမ်ကြိမ်ပြောပေးတာမျိုးပါ။
အဲဒါဆိုရင် ကိုယ်ထချင်တဲ့အချိန်မှာ အလိုလို နိုးလာပါလိမ့်မယ်။
၃။ နှိုးစက်မြည်ရင် ချက်ချင်းထပါ
ကိုယ်ထချင်တဲ့အချိန်ကို နှိုးစက်ပေးထားနိုင်ပါတယ်။
နှိုးစက်ပေးတဲ့အခါမှာလည်း နှိုးစက်ကို အိပ်ရာနဲ့ ဝေးဝေးမှာ ထားရင်ပိုကောင်းပါတယ်။
နှိုးစက်ကို ပိတ်ဖို့အတွက် အိပ်ရာထဲကနေ ထရတော့မယ်လေ။
ပြီးတော့ နှိုးစက်မြည်တဲ့အခါ ခဏတစ်မှေးလောက် ထပ်အိပ်တာမျိုးမလုပ်ဘဲ ချက်ချင်းထပါ။
၎။ စနေ၊ တနင်္ဂနွေ
တကယ်တော့ အိပ်ရာစောစောထတယ်ဆိုတာဟာလည်း အကျင့်တစ်ခုပါပဲ။
အကျင့်တစ်ခုဆိုတာဟာ နေ့စဉ်ပုံမှန်လုပ်ဆောင်တဲ့အရာကို ဆိုလိုတာပါ။
ဒါကြောင့် အိပ်ရာစောစောထခြင်းကိုလည်း နေ့စဉ်ပြုလုပ်ဖို့လိုပါတယ်။
ဒီနေ့တော့ ကျောင်းပိတ်တယ်ဆိုပြီး နောက်ကျမှ အိပ်ရာထတာမျိုး မလုပ်ပါနဲ့။ ဟန်ချက် ပြန်ပျက်သွားတတ်ပါတယ်။
စနေ တနင်္ဂနွေအားလပ်ရက်တွေမှာပါ စောစောထမယ်ဆိုရင် ကိုယ့်အတွက် အချိန်တွေ အများကြီးပိုရတာပေါ့။
သင့်ရဲ့ဘ၀ဟာ အလွန်အဖိုးတန်လှပါတယ်။ ဘ၀မှာ သင့်အတွက် ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေ အများကြီးရှိနေပါတယ်။
အချိန်တွေကို ဖြုန်းတီးမပစ်လိုက်ပါနဲ့။
ဖရန်ကလင်ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခုရှိပါတယ်။
” အိပ်ရာစောစောထပါ။ သေရင် အိပ်ဖို့အချိန်တွေ အများကြီး ရှိပါတယ်” တဲ့။
Ref: Life Is Too Short, Get Up Early by Robin Sharmahtt   
http://yourlifesuccess.blog.com/2011/11/28/how-to-be-an-early-riser/

0 comments:

Post a Comment