အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Sunday 20 November 2011

ဆိုဆုံးမလွယ်ကူကြောင်း တရားတော်


"ရဟန်းတို့ ...ရဟန်းသည် ဆိုဆုံးမလွယ်ကူ၏၊ ဆိုဆုံးမလွယ်ကူကြောင်း တရားတို့နှင့် ပြည့်စုံ၏၊ သည်းခံနိုင်၏၊
အဆုံးအမကို အရိုအသေ ခံယူတတ်၏။ ရဟန်းတို့.. ရဟန်းသည် ယင်းသို့ ဆိုဆုံးမလွယ်ကူ၏၊ ဆိုဆုံးမလွယ်ကူကြောင်းတရားတို့နှင့် ပြည့်စုံ၏၊ သည်းခံနိုင်၏၊ အဆုံးအမကို အရိုအသေ ခံယူတတ်၏" ဟူသော ဤတရားသည် ဆုံးမလွယ်ကြောင်းတရားမည်၏။ (အံ၊၃၊၂၇၅။)


အဆုံးအမကို အရိုအသေ ဦးထိပ်ရွက်ပန်ဆင်လျက် ခံယူတတ်ခြင်း သည်ကား-မဂ်ဖိုလ် နိဗ္ဗာန်ကို ရရှိရေးအတွက် အလွန် အရေးကြီးလှ၏။ အချို့ပုဂ္ဂိုလ်သည်ကား ဆုံးမသည့် စကားကို လက်ဝဲနားမှ နာယူကာ လက်ျာနားမှ ထိုအဆုံးအမကို လွှင့်ပစ်တက်၏၊ မကြားယောင်ဆောင်ကာမူလည်း သွားတတ်၏၊၊ သူတော်ကောင်းဖြစ်ချင်သူကား ဤသို့ မပြု့ဘဲ "အရှင်ဘုရား...တပည့်တော်ကို ဆိုဆုံးမတော်မူပါ၊ ကြိမ်ဖန်မများစွာ ထပ်ကာထပ်ကာ ဆိုဆုံးမတော်မူပါ၊ အရှင်ဘုရားတို့သည် မဆုံးမအပ်ကုန်သည်ရှိသော် အဘယ် မည်သော် တစ်စုံတစ်ယောက်သော် အခြားပုဂ္ဂိုလ်တစ်ဦးသည်ဆိုဆုံးမပါအံ့နည်း" ဟု ပြောဆိုကာ အဆုံးအမကို အရိုအသေ ဦးထိပ်ရွက်ပန်ဆင်လျက် ခံယူတတ်ပေသည်။(အံ၊ဋ္ဌ၊၃၊၂၉၀၊၂၉၁၊)


အရှင်ရာဟုလာသည် သိက္ခာသုံးရပ် အကျင့်မြတ်ကို လိုလားတောင့်တသည့် အရာ၌ ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်း ရရှိသူ သူတော်ကောင်းတစ်ဦး ဖြစ်၏။ ဆိုဆုံးမလွယ်သည့် သုဝစဂုဏ်နှင့် ပြည့်စုံသူလည်း ဖြစ်၏။ သည်းခံခြင်း ခန္တီတရားနှင့်လည်း ပြည့်စုံ၏။ အဆုံးအမကိုလည်း ဦးထိပ်ရွက်ပန်ဆင်လျက် အရိုအသေ ခံယူတတ်၏။ မဟာရာဟုလာသုတ္တန်(မ၊၂၊၈၆၊၈၇။)


"ရာဟုလာ.........မဟာပထ၀ီမြေကြီးနှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ....မဟာပထ၀ီမြေကြီးနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော ချစ်သားအား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ။ မဟာပထ၀ီမြေကြီးပေါ်၌ စင်ကြယ်သော အရာဝတ္ထုကိုလည်း ပစ်ချကြကုန်၏။ မစင်ကြယ်သော အရာဝတ္ထုကိုလည်း ပစ်ချကြကုန်၏။ ကျင်ကြီးကိုလည်း ပစ်ချကြကုန်၏။ ကျင်ငယ်ကိုလည်း ပစ်ချကြကုန်၏။ တံတွေးကိုလည်း ပစ်ချကြကုန်၏။ သွေးကိုလည်း ပစ်ချကြကုန်၏။ မဟာပထ၀ီမြေကြီးသည် ထိုစင်ကြယ်သော အရာဝတ္ထု မစင်ကြယ်သော အရာဝတ္ထုဖြင့် ငြီးငွေ့ရွံရှာစက်ဆုပ်မှု မဖြစ်။ ရာဟုလာ....... သင်ချစ်သားသည် ဤဥပမာ အတူသာလျှင် မဟာပထ၀ီမြေကြီးနှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ....မဟာပထ၀ီမြေကြီးနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော ချစ်သားအား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ။


ရာဟုလာ.........ရေနှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ....ရေနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော ချစ်သားအား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ။ ရေပေါ်၌ စင်ကြယ်သော အရာဝတ္ထုကိုလည်း ဆေးကြောကြကုန်၏။ မစင်ကြယ်သော အရာဝတ္ထုကိုလည်း ဆေးကြောကြကုန်၏။ ကျင်ကြီးကိုလည်း ဆေးကြောကြကုန်၏။ ကျင်ငယ်ကိုလည်း ဆေးကြောကြကုန်၏။ တံတွေးကိုလည်း ဆေးကြောကြကုန်၏။ သွေးကိုလည်း ဆေးကြောကြကုန်၏။ ရေသည် ထိုစင်ကြယ်သော အရာဝတ္ထု မစင်ကြယ်သော အရာဝတ္ထုဖြင့် ငြီးငွေ့ရွံရှာစက်ဆုပ်မှု မဖြစ်။ ရာဟုလာ....... သင်ချစ်သားသည် ဤဥပမာ အတူသာလျှင် ရေနှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ....ရေနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော ချစ်သားအား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ။


ရာဟုလာ.........မီးနှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ....မီးနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော ချစ်သားအား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ။ မီးသည် စင်ကြယ်သော အရာဝတ္ထုကိုလည်း လောင်းကျွမ်းပစ်၏။ မစင်ကြယ်သော အရာဝတ္ထုကိုလည်း လောင်းကျွမ်းပစ်၏။ ကျင်ကြီးကိုလည်း လောင်ကျွမ်းပစ်၏။ ကျင်ငယ်ကိုလည်း လောင်ကျွမ်းပစ်၏။ တံတွေးကိုလည်း လောင်ကျွမ်းပစ်၏။ သွေးကိုလည်း လောင်ကျွမ်းပစ်၏။ မီးသည် ထိုစင်ကြယ်သော အရာဝတ္ထု မစင်ကြယ်သော အရာဝတ္ထုဖြင့် ငြီးငွေ့ရွံရှာစက်ဆုပ်မှု မဖြစ်။ ရာဟုလာ....... သင်ချစ်သားသည် ဤဥပမာ အတူသာလျှင် မီးနှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ....မီးနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော ချစ်သားအား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ။


ရာဟုလာ.........လေနှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ....လေနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော ချစ်သားအား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ။ လေသည် စင်ကြယ်သော အရာဝတ္ထုကိုလည်း တိုက်ခတ်ဆောင်ယူသွား၏။ မစင်ကြယ်သော အရာဝတ္ထုကိုလည်း တိုက်ခတ်ဆောင်ယူသွား၏။ ကျင်ကြီးနံ့ကိုလည်း တိုက်ခတ်ဆောင်ယူသွား၏။ ကျင်ငယ်နံ့ကိုလည်း တိုက်ခတ်ဆောင်ယူသွား၏။ တံတွေးနံ့ကိုလည်း တိုက်ခတ်ဆောင်ယူသွား၏။ သွေးနံ့ကိုလည်း တိုက်ခတ်ဆောင်ယူသွား၏။ လေသည် ထိုစင်ကြယ်သော အရာဝတ္ထု မစင်ကြယ်သော အရာဝတ္ထုဖြင့် ငြီးငွေ့ရွံရှာစက်ဆုပ်မှု မဖြစ်။ ရာဟုလာ....... သင်ချစ်သားသည် ဤဥပမာ အတူသာလျှင် လေနှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ....လေနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော ချစ်သားအား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ။


ရာဟုလာ.........ကောင်းကင်နှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ....ကောင်းကင်နှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော ချစ်သားအား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ။ ကောင်းကင်သည် တစ်စုံတစ်ခုသော အရပ်၌မတည်။ ရာဟုလာ....... သင်ချစ်သားသည် ဤဥပမာ အတူသာလျှင် ကောင်းကင်နှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ....လေနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော ချစ်သားအား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ။


ဤအထက်ပါ မဟာရာဟုလောဝါသသုတ္တန်တွင် ဘုရားရှင်က မိမိတို့၏ စိတ်ဓာတ်ကို မဟာပထ၀ီမြေကြီးနှင့် တူအောင်၊ ရေနှင့်တူအောင်၊ မီးနှင့်တူအောင်။ လေနှင့်တူအောင်၊ ကောင်းကင်နှင့်တူအောင် ကျင့်ကြံကြိုးကုတ်ပွားများ အားထုတ်ရန် ညွှန်ကြားထားတော်မူ၏၊ ထိုညွှန်ကြားချက်ကား လောကဓံ လေပြင်းမုန်တိုင်းတို့ကြောင့် စိတ်ဓာတ်ကို တုန်လှုပ်မူမရှိအောင် ကျင့်ကြံကြိုးကုတ် ပွားများအေားထုတ်ရန် ညွှန်ကြားချက်ဖြစ်၏။ အရှင်ရာဟုလာကို စံထား၍ ရဟန်းအားလုံးအား ဆိုဆုံးမတော်မူခြင်းဖြစ်၏။ ဒါကြောင့် ရဟန်းများသည်သာ မကပဲ လူပုဂ္ဂိုလ် အပေါင်းတို့တတွေသည်လည်း မြတ်စွာဘုရား အရှင်ရာဟုလာ အားစံထားပြီး ဟောထားသော မြေ၊ ရေ၊ မီး၊ လေ ၊ ကောင်းကင် တို့နှင့် တူညီသွားအောင်ကျင့်ရမယ်ဆို သည့်စိတ်ဓာတ်ကို နိုင်သလောက် ပွားများအားထုတ်နိုင်ကြပါစေ....... 


မောင်ငြိမ်းချမ်းလေး

0 comments:

Post a Comment