အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Wednesday 23 November 2011

နိုင်ငံခြားရောက် မြန်မာ တွေ နဲ့  စိတ်ကျရောဂါ


by FNG on November 21, 2011
for-colored-girls-dvd
7
0

i
မဲပေးပါ
Quantcast
FNG။       ။နိုင်ငံတကာ တွင် သွားရောက် အလုပ်လုပ် ကိုင် နေရသည့် မြန်မာ များ သည် ကမ္ဘာ
လုံးစီးပွားရေးပျက်ကပ်၏ အကျိုးဆက် ဖြင့် အလုပ် အကိုင် များ ရှား ပါး လာခြင်း ၊ ၀င်ငွေ ထွက်
ငွေ မမျှ တခြင်းစသည့် အကြောင်း များ ကြောင့် မွန်းကျပ်မှု ၊ စိတ်ထွက် ပေါက်မှု နှင့် စိတ်ဓာတ်
ကျဆင်း မှု နှင့်စိတ်ဖိစီးမှု များ ဖြစ်ပေါ် လာခဲ့ သည်။
အထူးသဖြင့် စိတ်ဓာတ် ကျဆင်း မှု ရောဂါ မှာ စင်္ကာပူ လို ၊ တောင် ကို ရီးယား လို နိုင်ငံ များ တွင်
အဖြစ်များ သည်။ နိုင်ငံ သေးငယ် ပြီး အပန်း ဖြေစရာ နည်းပါးသော ကြောင့် ဌာနေ နိုင်ငံ သား များ
ကိုယ် တိုင် စိတ်ဓာတ် ကျဆင်း မှု ရောဂါ များ ကြုံ တွေ့ နေရ ပြီး မိမိ  ကိုယ် ကို သတ်သေခြင်းများ
၂၀၀၇ ခုနှစ် မှ စတင် ကာ စင်္ကာပူ တွင် သုံး ဆ တိုးပွား လာပြီး ၊ တောင် ကိုရီးယား တွင် နှစ်ဆ
တိုး ပွား လာခဲ့ Time မဂ္ဂဇင်း ၏ မေလ ပထမပတ် ထုတ်  စစ်တမ်း တစ်ရပ် တွင် ဖော် ပြထား သည်။
စင်္ကာပူရောက် မြန်မာ လူမျိုး တို့  လည်း အဆို ပါ လူမှု အကျပ်အတည်း ၏ ဒဏ် က တစ်နည်းတစ်
ဖုံ ရိုက်ခတ် မှု ရှိရာ စင်္ကပူ နိုင်ငံ တွင် ၁၀ နှစ် နီးပါးကြာ ဟိုတယ်နှင့် ခရီး သွား လာရေး ၀န် ဆောင်
မှု လုပ်ငန်း တွင် လုပ် ကိုင် နေသည့်  မ အေးထက်စံ က ” ဒီမှာ က အပြိုင် အဆိုင် များ တယ် အလုပ်
ကို ပြိုင် ကြတယ်၊ နောက် အ၀တ် အစား ၊ လူနေ မှု အပြင်  …ငါ့ ဘဲက ဘယ် လို …သူ့ ဘဲ က ဘယ်
လို စသည် ဖြင့် ပြိုင်ကြတယ်။ တစ်ချို့  အလုပ်လာလုပ် တဲ့ မြန်မာ ကောင် မလေး တွေ ဒီမှာ အဆင်
ပြေ ပြီး အိုင်တီ နယ်ထဲ မှာ ကျင်လယ် နေတဲ့ ဘဲ မိုက်မိုက် ကလေး တွေ ရရင် ဂုဏ်ရှိ တယ် လို့  ထင်
နေကြတယ်။  ကလပ် တွေ သွား ကြ ၊ ရွှေ တွေ စု ရပ် မှာ အချင်း ပြန်ကြွား ကြ နောက် ပြတ် လို့ ရှိ
ရင် ရှက် ပြီး အလုပ် တွေ မဆင်း နိုင် ၊ အလုပ် တွေ ပြုတ် ကြ   တစ်ချို့ လည်း မြန်မာ ပြည်ကို ပြန်
လမ်းဘေး ရောက် သွား တာ တွေ လဲ ရှိ တယ် လို့  FNG ကို ပြောသည်။
ယခင် ကစင်္ကာပူရှိ  မြန်မာ သံရုံး ၏ အခွန် နှစ်ထပ် စနစ် က လည်း စင်္ကာ ပူ ရောက် မြန်မာ တို့  ကို
ပိုပြီး ဖိစိးမှု ဖြစ်စေသည် ဟု သိရသည်။ “ကျွန်တော် တို့ က သက်ဆိုင်ရာ နိုင်ငံ အတွက် လည်း ဆောင်
ရတယ်။ မြန်မာ သံရုံး ကိုလည်း ဆောင်ရတယ်။ ရှာသမျှ ငွေ ဘာမှ မကျန် ဘူး ဟု ပြောသည်။မကျေ
နပ် လို့  မြန်မာ ပြည် ပြန် မယ် ဆို လဲ အလုပ် မရှိ ဘူး ” စင်္ကာပူ ရှိ သင်္ဘော ကျင်း တွင် တာဝန်ထမ်း
ဆောင် နေ သည့် ကို ဌေးဇော်ဦး က သူ၏ ခံစား ရမှု ကို ပြောသည်။
စင်္ကာပူ နိုင်ငံ တွင် အလုပ်လုပ် ကိုင် နေသည့် မြန်မာ အများစု မှာ မြန်မာ နိုင်ငံ ၏ လူလတ်တန်းစား
အလွှာ မှ အများဆုံး ဖြစ်ပြီး အများစု မှာ ၎င်း တို့  ၏ လုပ် ခ လစာ များ ကို မြန်မာ နိုင်ငံ ရှိ ဆွေ မျိုး
သားချင်း နှင့် မိဘ များ ထံ သို့  ပြန်လည် ပို့ ဆောင် ကြရ ပြီး အချို့ က မူ ၎င်း တို့ လာရောက် စဉ်က
ငွေချေး ငှား လာကြသည့် ဘဏ် များ နှင့် အကျိုးဆောင် ဧဂျင် စီ များ ကို ပြန်လည် ပေး ဆပ်ရ
သည်။
ငွေကြေး တတ် နိုင်စွာ လာရောက် သူ တို့  အတွက် အခက် အခဲ မရှိ သော် လည်း ငွေ ကြေး အဆင်
မပြေ မှု ကြောင့် ချို့  တဲ့ စွာ လာရ သူ များ မှ အခက် အခဲ အချို့ ကို ပို ရင်ဆိုင်ရ ပြီး ထိုကြုံတွေ့ ရမှု
များ ကို ခံနိုင်ရည် စွမ်း မရှိ သည့် အခါ ဒုက္ခရောက် ကြရသည် ။
စင်္ကာပူ နိုင်ငံ တွင် မြန်မာ စားသောက် ဆိုင် ဖွင့် လှစ် ထား သူ တစ်ဦးက ဒီမှာ ရောက်လာတဲ့ လူငယ်
တွေ မှာ တစ်ချို့  က အပျော်ဘက် ရောက် သွား ပြီး အသုံး အဖြုန်း များကြ ရာ ကနေ မဖြစ်သင့်တာ
တွေ ဖြစ်တယ်။  စင်္ကာ ပူ ထောင် ထဲ မှာ မြန်မာ တွေ ရှိတယ်၊ ဒီမှာ အဆင် မပြေ လို့  မလေးရှားဘက်
ကို စတေးရှောင် သွား တဲ့ သူ တွေ ရှိတယ်။
နိုင်ငံ ရပ်ခြား ဆိုတော့ ကိုယ့် မြန်မာ ပြည်လို မဟုတ် ဘူး ၊ သတိထားရတယ် ၊ အသွား မတော်တစ်
လှမ်း ပဲ ” သူက FNG သို့  ပြောသည်။
စင်္ကာပူ ရှိ မြန်မာ အသိုင်း အ၀ိုင်း တွင် လတ်တလော ဉ် ရေပန်း စား နေသည့် သတင်း မှာ တိုက်ပေါ်
မှ ခုန် ချကာ မိမိကိုယ် ကို သတ်သေသွား သည့် မရင်ငြိမ်းပွင့် ၏ သတင်း ပင် ဖြစ်သည်။
မရင်ငြိမ်းပွင့် ၏ သတင်း နှင့် ပတ်သက် ပြီး စင်္ကာပူ  SAE ရှိ ကိုအောင် က ” ကြားတယ်ဗျာ၊ စိတ်မကောင်း
ဘူး ၊ ဒီမှာ က အခန်း တွေ ဌား ပြီး စု နေကြရတာ လေ တသီးပုဂ္ဂလ လွတ်လပ် မှု သိပ်မရှိဘူး ၊စိတ်
ညစ်ပြီ ဆိုရင် ပိုပြီး ညစ်ဖို့  ဘဲ ရှိတယ်။ ပျော်စရာ ရှိ ရင် လဲ ပို ပျော်ရတယ် ” ဟု သူ၏ စင်္ကာပူ အတွေ့ 
အကြုံ ကို ပြောပြသည်။
မြို့  ပြ ၏ မွန်းကျပ်မှု ဒဏ် မှာ အရှေ့ တောင် အာရှ နိုင်ငံ များ ဉ် စင်္ကာ ပူ သည် အဆိုးရွား ဆုံး ဖြစ်ပြီး
အထူး သဖြင့် မြန်မာ မိန်းကလေး ငယ် များ မှာ ကွဲပြား ခြားနား သော ယဉ်ကျေး မှု ၊ လုပ်ငန်းခွင်
ဖိ စီး မှု တို့  ၏ သားကောင် များ ဖြစ်ရသည်။
အချို့  က ထိုမွမ်းကျပ် မှု မှ လွတ်မြောက် ရန် တဒင်္ဂ သာ ယာ မှု များ နောက် လိုက်ရင်း မိမိ ကိုယ်
ကို လောင်မြိုက် ခံ သွား ကြ ရသည်။ စင်္ကာပူ ရှိ မြန်မာ ဘလောက်ဂါ တစ်ဦး ကမူ ” မရင် ငြိမ်းပွင့် ၏
သ တင်း က သူ တစ်ဦး တည်း ကို ကိုယ်စား ပြုတာ မဟုတ် ဘူး စင်္ကာ ပူ က မြန်မာ လူမျိုး တစ်ချို့ 
အထူး သဖြင့် မြန်မာ လူငယ်တွေ ရဲ့  ဘ၀ သရုပ် မှန် ပဲ ဟု သူ ၏ အမြင် ကို FNG သို့ ပြောသည်။
မြန်မာ နိုင်ငံ ကဲ့ သို့  ပင် နိုင်ငံရေး ရာသီဥတု မျိုး ဖြစ်သည့် စင်္ကာပူ သည် မြန်မာ လူငယ် တို့ အတွက်
လွတ်လပ် သည့် နေရာ တစ်ခု မဟုတ် ပဲ မိခင် တိုင်း ပြည်၏ ချွတ် ချုံ ကျသည့် စီးပွား ရေး ကြောင့်
ခရီး တစ်ထောက် နားရာ နေရာ ဖြစ်သည် ကို အစဉ် နှလုံး သွင်းထား ရမည် ဖြစ်သည်။
http://freedomnewsgroup.com/2011/11/21/burmese-depression/

မြန်မာနိုင်လို့ ငိုတဲ့ည။ [ သွန်းနေစိုး ]

by Thorn Nay Soe on Monday, 21 November 2011 at 22:48
ဒီညနေ လက်ဘက်ရည်ဆိုင်က ပြန်ထွက်လာတဲ့အခါ လူက ခြေထောက်နဲ့ မြေကြီး ထိတယ်လို့ကို မထင်တော့။
ဘောလုံးပွဲကြည့်ပြီး ပြန်လာတာပါ။ သူငယ်ချင်းတွေနဲ့ စုကြည့်ချင်လို့ လက်ဘက်ရည်ဆိုင် သွားကြည့်ကြတယ်။
သူငယ်ချင်း အိမ်နားကနေဆိုတော့ ကိုယ့်အိမ်ကို တက္ကစီငှားပြန်လာရပါတယ်။ တက္ကစီကို လုံးဝ ဈေးမဆစ်မိ။ သူပြောတဲ့ဈေးအတိုင်း တက်စီးလိုက်တယ်။ ခုနေအချိန်များ ကျနော့်အလုပ်ရှင်က အလုပ်ဖြုတ်လိုက်ပြီဆိုတောင် ခဏတော့ ရယ်နေမိမလား မပြောတတ်ပါ။

ဘာလို့လဲ? မြန်မာနိုင်ပြီလေ?
တတိယနေရာလုပွဲမှာ ဗီယက်နမ်ကို လေးဂိုး တဂိုးနဲ့ အပြတ်တီးလိုက်တာ။
ကျနော်က ဘောပညာရှင်မဟုတ်ပါဘူး။ ဒီတော့ ကစားကွက်တွေက ဘာညာ၊ ဘယ်သူတွေက ဘယ်လို မပြောသာဘူးပေါ့ဗျာ။
ဒါပေမဲ့ သေချာတာက ကျနော် ပျော်တယ်။ ပျော်တာမှ အရမ်းကို ပျော်တာဗျ၊ သိလား။
ကျနော်တင် မကဘူး ကျနော်တို့ အားလုံးရဲ့ မျက်နှာတွေမှာ ပွင့်ဖူးနေတာက ဂုဏ်ယူ မာန်ဝင့်နေတဲ့ အပြုံးတွေ။
အပြုံးတွေချင်း တစ်ယောက်နဲ့တစ်ယောက်ဖလှယ်ကြ။
ငါတို့လေထုကြားမှာ သင်းပျံ့မွှေးမြနေတဲ့ သတင်းစကားတစ်ခုက မြန်မာနိုင်ပြီလို့ပါပဲ။
ဟုတ်ပါတယ်။ တတိယနေရာကလေးပါပဲ။ ကြေးလောက်လေးပဲ ရတာပါ။ ပြီးတော့ ကမ္ဘာ့ဖလားလဲ မဟုတ်ဘူး။ အရှေ့တောင်အာရှ ဖလားလေးပဲ။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ပျော်တယ်။ အရမ်းကို ပျော်တယ်။

ကျနော်တို့ကဗျာ။ အရင်က ရွှေထီးဆောင်းခဲ့တာကြီး တမ်းတတယ် မဟုတ်ပါဘူး။
အရင်ကဆို အာရှမှာ လက်မထောင်ပြီး နေခဲ့တာပါ။
စင်္ကာပူတည်တော့ ကျနော်တို့ဆီက မြို့ကွက်ကို ပုံစံခိုးချခဲ့သတဲ့? ကျနော်တို့ဆီက နာမည်တွေ သူတို့မှာ ပေးသတဲ့?
မန္တလေးလမ်းတောင်ရှိတယ်ဆိုလား။ ဒါပေမဲ့ ခုတော့ ကျနော်တို့က သူတို့ဆီမှာ ကျွန်ခံနေရတာ။
ကျနော့်ညီမလေး၊ ငယ်ငယ်လှလှကလေးဗျာ။ စင်္ကာပူမှာ အလုပ်သွားလုပ်ရရှာတယ်။ သူ့ယောက်ျား ကျနော့်ယောက်ဖကြီး အင်မတန်သဘောကောင်းတဲ့အကောင်ကြီး။ ဗီယက်နမ်မှာ။
မြန်မာနိုင်တယ် ကြားကြားချင်း ကျနော် ယောက်ဖကြီးဆီ ဖုန်းဆက်လိုက်တယ်။
`ဟေ့ကောင်၊ မြန်မာနိုင်ပြီကွ´
ဆိုတော့ သူက ဘာပြန်ပြောတယ် မှတ်သလဲ။
`မင်းစကား ပြင်ပြောလိုက်စမ်းပါ´ တဲ့၊ ` မြန်မာနိုင်တာတင် မဟုတ်ဘူး၊ ငါတို့ နိုင်တာ။ ငါတို့တွေ သူတို့ကို နိုင်လိုက်တာ။ ငါ့အလုပ်ရှင် ဗီယက်နမ်ကြီးကို မျက်နှာတည့်တည့်ကြည့်ပြီး ပြောဖြစ်ခဲ့တယ်၊ မင်းတို့ကို ငါတို့ နိုင်ပြီကွလို့´
ဟုတ်ကဲ့ ကျနော်တို့ အနည်းဆုံးတော့ အရှေ့တောင်အာရှ ဆယ်နိုင်ငံမှာ တတိယနေရာရှိပါပြီ။ ဘောလုံးမှာဆိုရင်ပေါ့။

ကိုယ့်ကိုယ်ကို မြန်မာဖြစ်ရလို့ ကြေကွဲရတဲ့စိတ်ဟာ နိုင်ငံခြားထွက်တဲ့အခါ သိပ်သိသာပါတယ်။
ဘယ့်နှယ့် `ရွှေ´ ဆိုတာနဲ့ နှိမ်ချင်လိုက်ကြတာ။
ငါတို့မှာ မိုးပျံလမ်းကြီးတွေမရှိပါဘူး။ မိုးပျံနေတဲ့ တိုက်ကြီးတွေလည်း မရှိဘူး။
ဒါပေမဲ့ ကန်သင်းရိုးတွေကြား ရိုးပြတ်တောကြားမှာပဲ မိုးပျံနေတဲ့ စိတ်ဓာတ်တွေရှိတယ်။
အေး အခု၊ ဒီလို ရွှံ့ထဲမှာ နွားနဲ့ဖက်ရုန်းနေရတဲ့ အကောင်တွေက မင်းတို့ကို တီးလိုက်ပြီ။
ငါတို့ဟာ အာဆီယံမှာ ဘာအဆင့်မှ မရှိဘူးလို့ပြောချင်သေးသလား။
နို့မို့ဆို ပထမတောင်ရမှာ။ ဟိုနေ့က ငါတို့ချော်သွားလို့။ ဒီခြေနဲ့များ မလေးကို တီးခဲ့ရင်ဗျာ။

ငါတို့ မြန်မာတွေမှာ ဘာမှမရှိပါဘူး။
ငါတို့သမိုင်းကလဲ ဗိုလ်ချုပ်ကို ဦးဏှောက်မရှိတဲ့ကောင်တွေ လုပ်ကြံပြီးကတည်းက အကျည်းတန်ခဲ့ရတာပါ။
ဒါပေမဲ့ ငါတို့မှာ တစ်ခုတော့ ဘယ်သူမှ လိုက်မမီနိုင်တာရှိတယ်။ အဲဒါ စိတ်ဓာတ်ပဲ။
ငါတို့လောက် ဒုက္ခတွေ အခက်အခဲတွေကြားမှာ ငါတို့လိုပြုံးနေနိုင်တဲ့သူကမ္ဘာမှာ ဘယ်နေရာ တွေ့ဘူးသလဲ။
ငါတို့စားတဲ့ ထမင်းတစ်နပ်ဟာ မင်းတို့ရဲ့ ဆယ်ပုံတစ်ပုံလောက်တန်ဖိုးရှိချင်မှ ရှိမယ်။ ဒါပေမဲ့ ငါတို့မြိန်တယ်။
မင်းငတ်လာရင် ငါတို့ထဲက ဖဲ့ကျွေးလိုက်ဦးမယ်။

ငါတို့လို ကိုလိုနီက နယ်ချဲ့။ ဖက်ဆစ်က နှိပ်စက်။
ခုနောက်ဆုံး မြစ်ဆုံတောင်ပါမလိုဖြစ်တဲ့ဘ၀မှာ နေခဲ့ရသူတွေ။
ငါတို့လို ပြည်တွင်းစစ်မီးလျှံကြားမှာ နေခဲ့ရတဲ့သူတွေ။
ငါတို့လို ကွဲလိုက်ပြဲလိုက်။ စော်လိုက် နှက်လိုက်ကြားမှာ နေရသူတွေ။
ဒါပေမဲ့ ပြုံးပြီးနေနိုင်တာ ဘယ်နေရာရှိသလဲ။

ငါတို့ရဲ့ လောကကို မင်းတို့လာကြည့်။
တောလမ်းမှာ ၀တ်စရာမရှိလို့ အကျီင်္တောင်မပါတဲ့သူတွေ မင်းတွေ့ကောင်းတွေ့မယ်။
ဒါပေမဲ့ သူ့မျက်နှာကို တစ်ချက်ကြည့်လိုက်။
သေချာတယ် သူပြုံးနေမှာပဲ။
တောစပ်မှာ နေစရာမရှိလို့ ဓနိမလုံ့တလုံ့လေးမိုး ထရံကျိုးတိုးကျဲတဲလေးကာထားတဲ့အိမ်ကို မင်းတွေ့ကောင်းတွေ့မယ်။
ဒါပေမဲ့ အဲဒီအိမ်နား သွားကြည့်လိုက်။
တေးတကျော်ကျော် မင်းကြားရလိမ့်မယ်။
အဲဒါ မြန်မာပဲ။

ငါတို့ဟာ အကြိမ်ကြိမ် အလှဲချခံခဲ့ရတဲ့သူ။ ဒါပေမဲ့ အကြိမ်ကြိမ် ထူထနိုင်ခဲ့သူတွေဖြစ်တယ်။
အခု အဲဒီလိုကောင်တွေက မင်းတို့ကို တီးလိုက်ပြီ။
အဲဒါ မြန်မာ။ အဲဒါ ငါတို့။ ဒါကြောင့် ... ဒီ့အတွက် ငါတို့ဝမ်းသာတယ်။

ငါတို့ ဒီလိုနေ့ရက်တွေကို စောင့်ခဲ့ရတာ နှစ်ပေါင်းကြာပြီ။
ငါ မြန်မာကွလို့ အံကြီးကြိတ်ပြီး လူကြားအောင် မအော်နိုင်ခဲ့တာ နှစ်ပေါင်းကြာပြီ။
ကျနော် မြန်မာပါခင်ဗျာ။ မျက်နှာငယ်လေးနဲ့ ငါတို့ ညီအစ်ကို မောင်နှမတွေ၊ သူငယ်ချင်းတွေ ဖြတ်သန်းခဲ့ရတာ ကြာပြီ။
ဒီ့အတွက်ကျခဲ့ရတဲ့ ငါတို့မျက်ရည်တွေ ရင်ဘတ်တွေထဲက ဖွင့်ထုတ်လိုက်ရရင် ဧရာဝတီဟာ ရေတံခွန်ဖြစ်လောက်ရဲ့။
ဒါပေမဲ့ ငါတို့အားလုံး ရင်ထဲမှာ တိတ်တိတ်ပိတ်လှောင်ထားရတဲ့ အတွင်းသံတစ်ခုရှိတယ်။
အဲဒါ အားလုံးမှာတူညီတယ်။
ငါ မြန်မာကွ။ ငါတို့ဟာ မြန်မာကွ။

အခြေအနေအကြောင်းအရပ်ရပ်ကြောင့်။ ကံကြမ္မာဆိုးကြောင့်
ငါတို့ ၀ပ်ခဲ့ရတဲ့ ဦးခေါင်းတွေကို အခု ခဏတော့ မော့လှန်ပြီး
လောကကြီးကို ရဲရဲကြည့်မယ်။
ဘောလုံးကွင်းထဲမှာ ရင်ကော့ခေါင်းမော့နေတဲ့သူတွေဟာ မြန်မာဖြစ်တယ်။ ငါတို့ဖြစ်တယ်။

ဒါဟာ Warning ဖြစ်တယ်။ စိန်ခေါ်သံဖြစ်တယ်။ ကနဦး တပ်လှန့်သံဖြစ်တယ်။
လက်ခမောင်းခေါက်သံဖြစ်တယ်။
`ကျား´လို့ မာန်ဟိန်းဝံ့ကြွားသံဖြစ်တယ်။
နောက်ကို နေရာအစုံမှာ ဒီ့ထက် ဒီ့ထက် ပိုတိုးလာဦးမယ်။

သေချာတာက ...
ဟေ့ ...။
အားလုံး ... သတိထားကြ
မြန်မာလာပြီ။
ငါတို့လာပြီ။
တစ်ချိန်က အာရှရဲ့ သူရဲကောင်း။
အခု ပြန်လာပြီ။

[ ဒီစာမှာပါသမျှ စကားလုံး အားလုံးက ရည်ရွယ်တာ တစ်ခုတည်းပဲ။
ငါတို့နိုင်တယ်။ အဲ့ဒါကြောင့် ငါတို့ပျော်တယ်။
ဒီတော့ ... ဘာလို့ ရေးသလဲ မေးလာခဲ့ရင် တစ်ခွန်းထဲပြောမယ်။
ငါတို့နိုင်လို့၊ ငါတို့ပျော်လို့၊ ငါတို့ ရေးတယ်။]
သွန်းနေစိုး Thorn Nay Soe


http://www.facebook.com/thornnaysoe

ကိုယ်တိုင်ရွေးကောက်ပွဲဝင်ခြင်းသည်ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်သည်ဟုပြောသောစကားကို လက်မခံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်တုန်ပြန်ပြော

by Myit Makha Mediagroup on Monday, 21 November 2011 at 23:10
ကျော်ဇင်မန်း(မြစ်မခ)
နိုဝင်ဘာ ၂၁၊ (ရန်ကုန်မြို့)

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲဝင်ခြင်းသည် ၎င်း၏ ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်သည်ဟု ပြောသောစကားကို လက်မခံနိုင်ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပသော လူငယ်ရေးရာတာဝန်ခံဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်နယ်/တိုင်း လူငယ်အကူအညီပေးရေးအဖွဲ့များအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့သည်။

“သိက္ခာဆိုတာ ကျမပြောခဲ့ဖူးပါတယ်။ တစ်ချို့ကပြောတယ် ရွေးကောက်ပွဲမှာကျွန်မဝင်ခဲ့လို့ရှိရင် ကျွန်မရဲ့ ဂုဏ်သိက္ခာများထိမလားပေါ့။ ဒီလိုမျိုးစဉ်းစားတာကိုပြောတာမဟုတ်ဘူး။ အဲဒါမျိုးက ကိုယ့်ရဲ့အကျိုးကို လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးလမ်းစဉ်ထက် ပိုပြီးတော့ အလေးထားရာရောက်ပါတယ်။ အဲလိုသိက္ခာမျိုးဆိုတာ တကယ်တော့ အမှန်ပြောရရင် အင်မတန်မှ တစ်ကိုယ်ကောင်းဆန်တဲ့ သိက္ခာမျိုးပါ။ ကလေးစကားနဲ့ပြောရရင် ငါအကောင်ကြီးဖြစ်ရေးပေါ့နော်။ အဲလိုဟာမျိုးဟာ မရှိသင့်တဲ့စိတ်ဓာတ်မျိုးပါ ” ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

လူ့ဘဝ၏အရေးကြီးဆုံးကိစ္စမှာ မွေးလာကတည်းကကိုယ့်တာဝန်ကိုယ်ကျေဖို့ပင် ဖြစ်ကြောင်း ဂုဏ်သိက္ခာဆိုသည်မှာ တာဝန်ကျေခြင်းပင်ဖြစ်ကြောင်း ကိုယ်ထင်ပေါ်ကျော်ကြားမှုအတွက် ကိုယ်ပေါ်ပြူလာဖြစ်ဖို့အတွက် ဆိုသောစိတ်များကို ငယ်ငယ်ကတည်းကဖျောက်ထားရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသွားသည်။

“ နိုင်ငံရေးလုပ်တယ်ဆိုတာ ကိုယ် တစ်ယောက်နာမည်ရရေးအတွက်လုပ်တာမဟုတ်ပါဘူးဆိုတာကို ခေါင်းထဲမှာသေသေချာချာထားစေချင်တယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လစ်လပ်နေရာအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်စေလိုကြောင်း လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်တိုင် ဝင်၊ မဝင် ဆိုသည်ကို ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း သိရသည်။

“ရွေးကောက်ပွဲကို ကိုယ်တိုင် ဝင်၊ မဝင်ဆိုတာ အခုမပြောသေးဘူးဆုံးဖြတ်ပြီးမှ ပြောမယ် ” ဟု နိုင်ငံခြားသတင်းထောက်တစ်ဦး၏အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား တရားဝင် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းနှင့် နောင်လာမည့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ကျင်းပသော ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှ ကန့်ကွက်သူမရှိပဲ ညီညွတ်စွာဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။


http://www.facebook.com/notes/myit-makha-mediagroup/%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%B9%E1%80%90%E1

0 comments:

Post a Comment