အော်စကာအကယ်ဒမီဆုကို ၁၉၂၈ခုနှစ်မှာ စတင်ခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း ဟော်လိဝုဒ်မှာကျင်းပတဲ့ ဒီအကယ်ဒမီပွဲဟာ အမေရိကန်ရုပ်ရှင်အနုပညာကို ဖွံ့ဖြိုးတိုးတက်စေရုံမက ကမ္ဘာ့ရုပ်ရှင်အနုပညာကိုလည်း ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းကြောင်းဖွင့်ပေးခဲ့တယ်။
အော်စကာသမိုင်းမှာ အလှဆုံးမင်းသမီးအယောက်(၂ဝ)လို့ http://news.ifeng.comမှာ ဖတ်ရတာလေးကို မျှဝေလိုက်ပါတယ်။
Vivien Leigh,(1913-Nov-5-1967-July-8)
Joan  Fontaine ကို ၁၉၁၇ခုနှစ် အောက်တိုဘာလ ၂၂ရက်နေ့ ဂျပန်နိုင်ငံ  တိုကျိုမြို့မှာ မွေးဖွားခဲ့တယ်။ (၁၄)ကြိမ်မြောက်ဆုပေးပွဲမှာ အော်စကာဆုရတဲ့  မင်းသမီးဖြစ်တယ်။ သူဟာအသက်(၁ဝ)နှစ်ကျော်ကတည်းက ရုပ်ရှင်လောကထဲ  ရောက်လာခဲ့ပြီး ၁၉၃၅ခုနှစ်မှာ ပထမဆုံးရုပ်ရှင်မှာ အရံတစ်ဦးအဖြစ်  သူသရုပ်ဆောင်ခဲ့တယ်။ ၁၉၄ဝခုနှစ်မှာ ရုံတင်ခဲ့တဲ့ Rebecca ရုပ်ရှင်ကားနဲ့  ပထမဆုံးအကြိမ် အော်စကာဆု ရာထားခံခဲ့ရသူဖြစ်တယ်။ ၁၉၄၁ခုနှစ်မှာ Suspicion  ဇာတ်ကားနဲ့ အော်စကာဆုကို ဆွတ်ခူးနိုင်ခဲ့တယ်။
Greer Garson  ကို ၁၉ဝ၃ခုနှစ် လန်ဒန်မှာ မွေးဖွားခဲ့တယ်။ ၁၉၄၂ခုနှစ်မှာ Mrs  Miniverဇာတ်ကားနဲ့ ၁၅ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ ဆုရခဲ့တဲ့  မင်းသမီးဖြစ်တယ်။ နိုင်ငံ(၁၁)နိုင်ငံရဲ့ "ပရိသတ်အကြိုက်ဆုံး မင်းသမီးနဲ့  အကောင်းဆုံး သရုပ်ဆောင်မင်းသမီး"အဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်တယ်။
Jennifer  Jones ကို ၁၉၁၉ခုနှစ် မေလ၂ရက်နေ့မှာ မွေးဖွားခဲ့တယ်။ သူက ၁၉၄၄ခုနှစ်  ၁၆ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ The Song of Bernadette ဇာတ်ကားနဲ့  အော်စကာဆုကို ရရှိခဲ့သူဖြစ်တယ်။ ၂ဝဝ၉ခုနှစ် အသက်(၉ဝ)မှာ ကွယ်လွန်ခဲ့တယ်။
Ingrid Bergman ကို ၁၉၁၅ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ ဆွီဒင်နိုင်ငံမှာ မွေးဖွားခဲ့တယ်။ (၁၇)ကြိမ်မြောက်နဲ့ (၂၉)ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ  ဆုရခဲ့တဲ့မင်းသမီးဖြစ်တယ်။ ၁၉၄၅ခုနှစ်မှာ Gaslight ဇာတ်ကားနဲ့ ပထမအကြိမ်  အော်စကာဆုကို ရခဲ့ပြီး ၁၉၅၇ခုနှစ်မှာ Anastasia ဇာတ်ကားနဲ့ ဒုတိယအကြိမ် အော်စကာဆုကို ရရှိခဲ့တယ်။ ၁၉၇၄ခုနှစ်မှာ Murder on the Orient Express ဇာတ်ကားနဲ့ အော်စကာအရံဆုကို ရရှိခဲ့တယ်။ အိမ်ထောင် ၃ဆက်ကျသူဖြစ်ပြီး ၁၉၈၃ခုနှစ် အင်္ဂလန်နိုင်ငံမှာ ကွယ်လွန်တယ်။
Olivia  De Havilland ကို ၁၉၁၆ခုနှစ် ဂျပန်မှာမွေးဖွားခဲ့တယ်။ ဖခင်က  အင်္ဂလန်ကရှေ့နေတစ်ဦးဖြစ်ပြီး မိခင်က သရုပ်ဆောင်တစ်ဦးဖြစ်တယ်။  ၁၉ကြိမ်မြောက်နဲ့ ၂၂ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ ဆုရခဲ့သူဖြစ်တယ်။  ၁၉၄၇ခုနှစ်မှာ To Each His Own ဇာတ်ကားနဲ့ ၁၉၅ဝခုနှစ်မှာ The Heiress  ဖြစ်တယ်။
Audrey  Hepburn (1929.5.4—1993.1.20)ကို ဘယ်ဂျီယံမှာ မွေးဖွားခဲ့တယ်။ ဘယ်ဂျီယံ၊  ဟော်လန်၊ အင်္ဂလန်၊ အိုင်ယာလန်သွေးစပ်သူဖြစ်တယ်။ (၂၆)ကြိမ်မြောက်  အော်စကာဆုပေးပွဲမှာ Roman Holiday ဇာတ်ကားနဲ့ အော်စကာဆုရခဲ့တယ်။  အသက်(၆၃)နှစ်မှာ ကွယ်လွန်ခဲ့တယ်ဆိုပေမယ့် သူ့ပရိသတ်တွေက သူ့အလှ၊  သူ့သရုပ်ဆောင်ချက်ကို ယနေ့တိုင်တမ်းတနေခဲ့တယ်။ United Nations  International Children's Emergency Fundရဲ့သံတမန်အဖြစ်  တာဝန်ထမ်းဆောင်ခဲ့ပြီး အာဖရိကနဲ့ တောင်အမေရိကန်က ဆင်းရဲသားကလေးတွေကို  ကူညီပံ့ပိုးပေးခဲ့တယ်။
Grace  Kelly (1928-1982)က (၂၇)ကြိမ်မြောက် အော်စကာဆုရှင်ဖြစ်တယ်။  သူဌေးသူကြွယ်မျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီး Moroccoမင်းသားရဲ့  ကြင်ယာတော်ဖြစ်ခဲ့တယ်။ ၁၉၅၅ခုနှစ်မှာ The country girl ဇာတ်ကားနဲ့  အော်စကာဆုရခဲ့တယ်။
Katharine  Hepburn  (1907ခုနှစ် မေလ 12ရက်-2003ခုနှစ် ဇွန်လ 29ရက်) ကို အမေရိကန်မှာ  မွေးဖွားခဲ့ပြီး (၆)ကြိမ်မြောက်၊ ၄ဝကြိမ်မြောက်၊ (၄၁)ကြိမ်မြောက်၊  (၅၄)ကြိမ်မြောက် အော်စကာဆုရှင်ဖြစ်တယ်။ ဖခင်မှာ ဆရာဝန်တစ်ဦးဖြစ်ပြီး  မိခင်မှာ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လာနိုင်အောင် စေ့ဆော်သူဖြစ်တယ်။  Katharineဟာ ငယ်ငယ်က အရမ်းရှက်တတ်သူဖြစ်ပြီး တက္ကသိုလ်ရောက်မှ  သရုပ်ဆောင်တစ်ဦး ဖြစ်ချင်ခဲ့သူဖြစ်တယ်။ ၁၉၃၃ခုနှစ်မှာ Morning Glory  ဇာတ်ကား၊ ၁၉၆၇ခုနှစ်မှာ Guess Who's Coming to Dinner ဇာတ်ကား၊  ၁၉၆၈ခုနှစ်မှာ The Lion in Winterဇာတ်ကား၊ ၁၉၈၁ခုနှစ်မှာ On Golden Pond  ဇာတ်ကားနဲ့ အသီးသီး ဆုရခဲ့တာဖြစ်တယ်။
Elizabeth  Taylor (၁၉၃၂ခုနှစ် ဖေဖော်ဝါရီ ၂၇ရက်--- )ကို လန်ဒန်မှာမွေးဖွားခဲ့တယ်။  သူဟာ (၃၃)ကြိမ်မြောက်နဲ့ (၃၇)ကြိမ်မြောက် အော်စကာဆုရှင်ဖြစ်တယ်။ ပြာလဲ့လဲ့  သူမျက်လုံးအရောင်က တက်ကြွမှုကိုပြတယ်။ သူဟာ ပါရမီအရှိဆုံး  သရုပ်ဆောင်မဟုတ်ပေမယ့် လူကိုအဆွဲဆောင်နိုင်ဆုံး သရုပ်ဆောင်ဖြစ်တယ်။ ဟော်လိဝုဒ်ရဲ့  မညိုးနွမ်းတဲ့ပန်း ကမ္ဘာ့အလှဆုံးအမျိုးသမီးလို့ သူ့ကိုတင်စားကြတယ်။ သူဟာ  ရုပ်ရှင်လောကမှာ လခမီလီယံဒေါ်လာရတဲ့ မင်းသမီးဖြစ်တယ်။ ၁၉၆ဝခုနှစ်မှာ Butterfield 8 ဇာတ်ကား၊ ၁၉၆၆ခုနှစ်မှာ Who's Afraid of Virginia Woolf? ဇာတ်ကားနဲ့ အော်စကာဆုရရှိခဲ့သူဖြစ်တယ်။ အိမ်ထောင်ဆက် ၈ ဆက်ကျခဲ့သူဖြစ်တယ်။နိုင်းနိုင်းစနေ
*











0 comments:
Post a Comment