အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Friday 25 November 2011

Gmail အကောင့်ထဲကို ကိုယ်လက်မခံချင်သူရဲ့  Mail တွေရောက်မလာအောင်၊


ကိုယ့်ရဲ့  Gmail အကောင့်ထဲကို ကိုယ်လက်မခံချင်သူရဲ့  Mail တွေရောက်မလာအောင်၊ ကိုယ်လက်မခံချင်တဲ့ စကားလုံးမျိုးတွေပါတဲ့ Mail တွေရောက်မလာအောင် ပိတ်ပင်တားဆီးလို့ရပါတယ်။ အောက်ပါအတိုင်း အဆင့်ဆင့် လုပ်ဆောင်ပါ။

၁။ မိမိရဲ့  Gmail အကောင့် ကို ဖွင့်လိုက်ပါ။

၂။ ညာဘက် ထိပ်ထောင့်နားက Setting ဆိုတာလေးကို Click လိုက်ပါ။



၃။ Filters ဆိုတာကို Click ပါ။



၎။ အောက် အလယ်နားက Create a new Filter ဆိုတာကို Click ပါ။



၅။ From ဆိုတဲ့နေရာမှာ ကိုယ်လက်မခံချင်တဲ့ သူရဲ့  အီးမေးလ် လိပ်စာထည့်ပါ။ (သို့မဟုတ် ကိုယ်လက်မခံနိုင်တဲ့စကားလုံး မျိုးကို တားဆီးချင်ရင် Has the words ဆိုတဲ့အကွက်မှာ တားဆီးချင်တဲ့ စကားလုံးကို ရိုက်ထည့်ပါ။)



၆။ ပြီးရင် Next Step ဆိုတဲ့ Button ကို Click ပါ။ Delete it ဆိုတဲ့ Check box လေးကို အမှန်ခြစ်ဖြစ်အောင် ကလစ်ပါ။ ပြီးရင် Create Filter ဆိုတဲ့ Button လေးကို ကလစ်ပါ။



၇။ ဒါဆိုရင် Filter တစ်ခုဖန်တီးပြီးသွားပြီ ဖြစ်ပါတယ်။ ကိုယ့်ဆီကို အဲဒီလိပ်စာက မေးလ် (သို့မဟုတ် စကားလုံးပါသောမေးလ်) ၀င်လာရင် ပို့လိုက်သူမသိစေပဲ တားဆီးဖျောက်ဖျက်သွားပါလိမ့်မယ်ဗျာ။   


ကိုနေမင်းမောင်ဆီကပါ...လိုချင်တာလေး၇ှာ၇င်းနဲ့လိုအပ်လိမ့်မယ်လို့ထင်တာနဲ့ သိမ်းထားတာပါ နည်းပညာတေါလေ့လာမယ်ဆို၇င်ဒီကနေသွားေ၇ာက်လေ့လာနိုင်ပါတယ်နော်

0 comments:

Post a Comment