အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Thursday 27 October 2011

ထရပ်ကားဖြင့် တိုက်မိသည့် ကလေးငယ်အား ဆေးကုသစရိတ် မပေးလို၍ ထပ်မံကြိတ်သတ်

ဦးဦး မှော်ဆရာ 1.png
တရုတ်နိုင်ငံသားတို့၏ လူသားချင်း စာနာစိတ်နှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာ အခြေအနေမျိုးသည် တဖြည်းဖြည်း ကြီးထွားလာနေပြီ ဖြစ်သည်။  ပြီးခဲ့သည့် လပိုင်းက (၂) နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို ကားနှစ်စင်းက ဖြတ်ကြိတ်သွားပြီး ထွက်ပြေးခဲ့သလို လမ်းသွားလမ်းလာ များကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသည့် ကလေးမလေးကို မိမိတို့နှင့် မဆိုင်သလို ဖြတ်ကျော်သွားကြသဖြင့် အင်တာနက်တွင် အုတ်အော်သောင်းနင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ယခုအခါ ပိုဆိုးသော ကိစ္စတစ်ခုအဖြစ် ထရပ်ကားသမားသည် (၅) နှစ်အရွယ် ယောက်ျားလေး တစ်ဦးကို ဝင်တိုက်ခဲ့ပြီးနောက် ဆေးကုသစရိတ် မပေးလိုသဖြင့် ရည်ရွယ်ချက်ရှိရှိ တမင်သေအောင် တက်ကြိတ်ခဲ့ကြောင်း သိရှိရသည်။ ကြောက်မက်စက်ဆုပ်ဖွယ် အဆိုပါ လုပ်ရပ်ကို လုပ်ဆောင်ခြင်းသည် မိမိအနေနှင့် ကလေးအတွက် ဆေးရုံစရိတ်ထက် စာပါက သေစရိတ် ပေးရခြင်းက ပိုမို သက်သာမည်ဟု ဈေးတွက် တွက်မိခြင်းကြောင့်ဟု ထရပ်ကား ဒရိုင်ဗာ အိုယွန်းက ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံ အနောက်ပိုင် လူဇူးတွင် ကျောင်းတက်ရန် အိမ်မှ ထွက်လာသည့် ချာတိတ်လေး ဇောင်မိုကီကို ကားဖြင့် ဝင်တိုက်ပြီးနောက် ရည်ရွယ်ချက်ရှိရှိ သတ်ပစ်ခဲ့ခြင်းဖြစ်သည်။


ဦးဦး မှော်ဆရာ 2.jpg
(ထရပ်ကားအနီးတွင် တွေ့ရသည့် ကြိတ်သတ်ခံထားရသော ကလေးငယ်၏မိခင်)
မျက်မြင်သက်သေ တစ်ဦးဖြစ်သော ဇန်ရှီဖန်းက “ကားတိုက်မှု ဖြစ်ပြီးတော့ ထရပ်ကားက နည်းနည်း နောက်ဆုတ်လိုက်တာ ကျွန်တော် သတိထားမိတယ်။ ပြီးမှ ရှေ့ကို ပြန်တိုးလိုက်တာပါ။ အဲဒီကျတော့ ကားနောက်မှာ လဲနေတဲ့ ချာတိတ်လေးကို ကြိတ်ပစ်လိုက်ပြီးသား ဖြစ်သွားတယ်။ နောက်ပြီး ကားက (၁၀)ကိုက်လောက် ဆက်သွားပြီးမှ ရပ်သွားတယ်” ဟု ပြောကြားခဲ့သည်။ အခြား ဖြတ်သွားဖြတ်လာ မျက်မြင်သက်သေ တစ်ဦးက ယွန်းသည် ကားပေါ်မှ ခုန်ဆင်းလာပြီးနောက် “ဒီကိစ္စအတွက် ကျွန်တော် ဘယ်လောက် လျော်ရမလဲ မသိဘူး” ဟု ပြောဆိုခဲ့ကြောင်း ရဲများထံ ထွက်ဆိုခဲ့သည်။ ရဲတပ်ဖွဲ့က လူဇီအန်းတွင် နေထိုင်သည့် အသက် (၃၅) နှစ်အရွယ် ယွန်းသည် ကလေး၏ မိသားစုနှင့် လျော်ကြေးကိစ္စအတွက် ဈေးဆစ်ကာ (၇) နာရီကြာမျှ အချင်းများခဲ့ကြောင်းလည်း ဆိုသည်။ နောက်ပိုင်းတွင် ရဲနှင့် စုံထောက်များ ရောက်ရှိလာပြီး ယွန်းအား ဖမ်းဆီးခဲ့ရသည်။

ဦးဦး မှော်ဆရာ 3.jpg
(ထရပ်ကားဘီးအောက် ရောက်နေသည့် ကလေးငယ်အား ချက်ချင်းဖယ်မရခဲ့)

ထို့အပြင် ကားဘီးအောက်တွင် ညပ်မိနေဆဲဖြစ်သည့် ကလေးငယ် အလောင်းကိုလည်း ရုတ်တရက် ဖယ်မရခဲ့ကြောင်း ရဲများက ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဒေသခံ ရွာသားများက ဒရိုင်ဗာကို ချက်ချင်းလက်ငင်း မတုံ့ပြန်ရမချင်း ကလေးအလောင်းကို ယူခွင့်မပြုဟု ဆူပူနေခြင်းကြောင့်ဟု သိရသည်။ ကလေးငယ်၏ မိခင်သည် သူမ၏သားငယ်ကို ပုံပျက်ပန်းပျက် တွေ့လိုက်ရချိန်တွင် ချက်ချင်း Shock ရကာ မေ့လဲသွားခဲ့သည်။ ယခုဖြစ်ရပ်သည် တရုတ်နိုင်ငံတွင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများ ရှိလာသလောက် စိတ်ဓာတ်ပိုင်းနှင့် ပတ်သက်ပြီး ပိုမိုရက်စက် ကြမ်းကြုတ်လာကြောင်း ခိုင်မာသော သက်သေမျိုးဟု ပြည်တွင်းဝက်ဘ်ဆိုက်များကပင် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။
ကမ္ဘာပေါ်တွင် ဒုတိယ အင်အားအကြီးဆုံး စီးပွားရေးအင်အားစုကြီး ဖြစ်နေသော ကွန်မြူနစ် နိုင်ငံသည် နိုင်ငံသား (၁.၃) ဘီလျံအတွက် လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု စရိတ်ကို မထောက်ပံ့ပေးနိုင်ချေ။ ယွန်းက မိမိကပါ ကလေးအတွက် ဆေးဝါးစရိတ် မပေးလိုခြင်းကြောင့် ယခုကဲ့သို့ ရက်စက်သော နည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ရဲများထံ ဖြောင့်ချက်ပေးသွားသည်။

ဦးဦး မှော်ဆရာ 4.jpg

(သေဆုံးသွားရှာသည့် အသက် ၂ နှစ်အရွယ် ယူယူ)
မကြာသေးခင်ကလည်း တရုတ်နိုင်ငံအတွင်း လူရှုပ်ထွေးသော ဈေးလမ်းတစ်ခုတွင် ယူယူအမည်ရှိ (၂) နှစ်အရွယ် မိန်းကလေးကို ကားနှစ်စင်း ဆင့်တိုက်ကာ မောင်းပြေးသွားပြီးနောက် ဖြတ်သွားဖြတ်လာ လူ (၁၈) ဦးက သွေးအိုင်ထဲ လဲနေသော မိန်းကလေးကို တစ်ချက်ပင် စောင်းငဲ့မကြည့်ဘဲ မမြင်ချင်ယောင် ဆောင်သွားခဲ့သည်ကို လုံခြုံရေး ကင်မရာများက မှတ်တမ်းတင်နိုင်ခဲ့သည်။


ဦးဦး မှော်ဆရာ 5.jpg
(ယူယူအား ကားဖြင့်ကြိတ်သွားစဉ်)
သို့သော်လည်း အမှိုက်ကောက်သူ တစ်ဦးက မိန်းကလေးကို သယ်ယူကာ မိခင်ဖြစ်သူထံ သွားရောက် ပို့ဆောင်ခဲ့ပြီးနောက် ဆေးရုံသို့ တင်ပို့ပေးခဲ့သည်။ သို့သော်လည်း အစာနာမဲ့စွာ မျက်ကွယ်ပြုခံရသော ယူယူလေးသည် တစ်ပတ်အကြာတွင် ကွယ်လွန်သွားရှာသည်။ သူမအား တိုက်ပြီး မောင်းပြေးသည်ဟု ယူဆရသော မသင်္ကာစရာ လူနှစ်ဦးကို ရဲများက ဖမ်းဆီးထားလိုက်ကြောင်းလည်း သိရှိရသည်။
ဦးဦး မှော်ဆရာ 6.jpg
(ယူယူအား အမှိုက်ကောက်သည့် အမျိုးသမီးက သယ်ယူလိုက်စဉ်)


ဦးဦး မှော်ဆရာ 7.jpg
(ယူယူ၏ မိဘတို့အား တွေ့ရစဉ်)

Source: DailyMail

0 comments:

Post a Comment