အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Sunday 23 October 2011

နေရောင်ကြောက်သော ဆေးဝါးများ


ဆေးဝါးတချို့ သောက်ထားပါက နေရောင်ခြည်ဒဏ်ကို ပိုမိုခံရနိုင်ပြီး နာကျင်တဲ့ နေလောင်ဒဏ်ရာ ရရှိတတ်ပါတယ်။ ဒါကြောင့် အောက်ပါ ဆေးဝါးတွေ သောက်ထားတဲ့အခါ လုံခြုံတဲ့ အဝတ်အစား ဝတ်ထားတာမျိုး၊ နေရောင်ကာခရင်မ်ကို ထူထူထဲထဲ လိမ်းတာမျိုးနဲ့ ဂရုစိုက်ပေးရပါမယ်။

တက်ထရာဆိုက်ကလင်းလို ပဋိဇီဝပိုးသတ်ဆေးများ၊
သွေးတိုးရောဂါအတွက် အသုံးပြုတဲ့ ဘီတာဘလော့ကာဆေးဝါးများ၊
သွေးဖိအားတိုးခြင်းအတွက် အသုံးပြုတဲ့ဆီးဆေးများ၊
ပဋိသန္ဓေတားဆေးသောက်ဆေးများ၊
Rectin-A ဒါမှမဟုတ် ရက်တီနောဓာတ်ပါဝင်တဲ့ အရေးကြောင်း ပျောက်ဆေးများနဲ့ ဝက်ခြံပျောက်ဆေးများ၊
Ibuprofen နဲ့ အက်စပရင်တို့လို အကိုက်အခဲ ပျောက်ဆေးများ စတာတွေ ဖြစ်ကြပါတယ်။
နေလောင်ဒဏ်ခံရလျှင်
ဒီဆေးတွေသောက်ပြီး နေလောင်ဒဏ်ခံရပါက အရေပြားအရောင်ပန်းရောင်သမ်းလာတာကို အရင်ဆုံးတွေ့ရမှာပါ။ ဒါဟာ UV B ရောင်ခြည်နဲ့ ထိတွေ့ပြီး သွေးကြောမျှင်တွေ ကျယ်လာတာကြောင့် ဖြစ်ရတာပါ။
နေလောင်ဒဏ်ရာ ပြင်းထန်ရင် အရေပြားရောင်ရမ်းမှု ဖြစ်လာပါလိမ့်မယ်။ နေရောင်ခြည်နဲ့ ထိပြီး ၁၂ နာရီအတွင်း အရေပြားဆဲလ်တွေ စတင်သေဆုံးကာ အရေပြားအရောင် နီရဲနာကျင်လာနိုင်ပါတယ်။ ဒါကြောင့် အစကတည်းက နေလောင်ဒဏ်ကို ကာကွယ်တဲ့အနေနဲ့ UV-A ကော UV-B ရောင်ခြည်ကိုပါ ကာကွယ်ပေးနိုင်တဲ့ နေရောင်ကာ ခရင်မ်ကို လိမ်းပေးဖို့ အရေးကြီးပါတယ်။
Ref : Good Health


မျက်စိညောင်းညာခြင်းကို လျော့ပါးစေတဲ့ မျက်စိလေ့ကျင့်ခန်း

ခပ်သွက်သွက်ပြေးတာပဲဖြစ်ဖြစ်၊ ရေကူးတာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ်ပြုလုပ်ပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့က အရေးပါတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်ဆိုတာကို လူတိုင်းနီးပါး သိထားတဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့် သင့်မျက်လုံးကိုလည်း လေ့ကျင့်ခန်းလုပ်ပေးလို့ ရတယ်ဆိုတာကို သိထားပါသလား။ မျက်လုံး လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေသလို မျက်စိညောင်းညာခြင်းကိုလည်း လျော့ပါးစေပါတယ်။ ဒါကြောင့် မျက်လုံးလေ့ကျင့်ခန်းလေးတွေကို လုပ်ပြီး မျက်စိကို ကောင်းမွန်အောင် ထားနိုင်ကြဖို့ အောက်မှာ လွယ်ကူရိုးရှင်းတဲ့ မျက်လုံးလေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။



၁။ ကုလားထိုင်မှာ သက်တောင့်သက်သာအနေအထားနဲ့ ထိုင်ပါ။ လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိ ပွတ်ပါ။ ပူနွေးလာရင် မျက်လုံးနှစ်လုံးကို ညင်သာစွာမှိတ်ပြီး လက်ဖဝါးနဲ့ အုပ်ထားပါ။ မျက်စိကိုဖိပြီးအုပ်မထားပါနဲ့။ လက်ဖဝါးအခွက်ထဲနဲ့ မျက်စိကိုအုပ်၊ အလင်းရောင်မဝင်အောင် လက်ချောင်းလေးတွေကို မဟအောင်ထားပါ။ နှာတံနဲ့ လက်ဖဝါးကိုလည်း ထိနေအောင်ထားပါ။ မှောင်မည်းတဲ့ ပတ်ဝန်းကျင်လိုသဘောထားပြီး အမှောင်ထဲကို အာရုံစူးစိုက်လိုက်ပါ။ အသက်ပြင်းပြင်းရှုသွင်းလိုက်ပါ။ ပျော်ရွှင်ဖွယ်အမှတ်တရလေးတွေကို စဉ်းစားနေပါ။ မှောင်မည်းတဲ့ဝန်းကျင်ကိုသာ မြင်ရပြီဆိုရင် လက်ဖဝါးကို အသာလေးဖယ်လိုက်ပါ။ ဒီလိုမျိုးလေ့ကျင့်ခန်းကို ၃ မိနစ်လောက် လုပ်ပေးပါ။



၂။ မျက်စိကို တင်းတင်းလေးမှိတ်လိုက်ပါ။ ၅ စက္ကန့်လောက်ကြာရင် ပြန်ဖွင့်ပါ။ ၅ စက္ကန့်လောက် ကြာရင် တင်းတင်းလေးပြန်မှိတ်ပါ။ ဒီလိုမျိုးလေး ၇ ကြိမ်၊ ၈ ကြိမ်လောက် လုပ်ပေးပါ။



၃။ မျက်လုံးလေးမှိတ်ပြီး လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံသဏ္ဍာန်လှုပ်ရှားမှုနဲ့ နှိပ်ပေးပါ။ တအားဖိပြီး မနှိပ်ပါနဲ့။ အားဖျော့ဖျော့လေးနဲ့နှိပ်ပါ။



၎။ လက်ချောင်းသုံးချောင်းနဲ့ အပေါ်မျက်ခွံကို ဖိပေးပါ။ ၂ စက္ကန့်လောက် ဖိပြီး လျော့ချလိုက်ပါ။ ၅ ကြိမ်ခန့် လုပ်ပေးပါ။



၅။ သက်တောင့်သက်သာအနေအထားနဲ့ထိုင်ပါ။ မျက်လုံးကို နာရီလက်တံအတိုင်း လှည့်ပါ။ မျက်တောင်ခတ်ပါ။ နောက် နာရီလက်တံပြောင်းပြန်လှည့်ပါ။ ငါးကြိမ်လောက်လုပ်ပေးပါ။



၆။ မှန်ပြတင်းပေါက်နဲ့ ၆ လက်မလောက်အကွာမှာထိုင်ပါ။ မျက်စိအနေအထားနဲ့ အနေအတော်လောက်မှာ ထင်သာမယ့်အရောင်တခုနဲ့ အမှတ်လေးချစ်လိုက်ပါ။ အဲဒီအမှတ်လေးနေတဆင့် အဝေးတစ်နေရာကို ၁၅ စက္ကန့်လောက် စူးစိုက်ကြည့်လိုက်ပါ။ ပြီးရင် အမှတ်ကလေးကိုပဲ ၁၅ စက္ကန့်လောက် ပြန်ကြည့်ပေးပါ။ ဒါမှမဟုတ် ခဲတံတစ်ချောင်းကို လက်တစ်ကမ်းအကွာမှာ ကိုင်ပြီး စူးစိုက်ကြည့်ပါ။ နှာခေါင်းနားရောက်အောင် တဖြည်းဖြည်း ဆွဲယူလာပါ။ ပြီးရင် လက်တကမ်းအကွာကို တဖြည်းဖြည်း ပြန်ရွှေ့လိုက်ပါ။ ၁ဝ ကြိမ်လုပ်ပေးပါ။



၇။ နံရံတစ်ခုနဲ့ မျက်နှာချင်းဆိုင်ထိုင်ပါ။ ပြီးရင် ခေါင်းကိုမလှုပ်ပဲ မျက်လုံးနဲ့ နံရံပေါ်မှာ စာရေးပါ။ ပထမတော့ ခက်ခဲတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်

ပါတယ်။ လေ့ကျင့်ရင်းနဲ့ ပျော်စရာလေးတစ်ခု ဖြစ်လာတာကို တွေ့ရမှာပါ။ စာလုံးကြီးကြီးရေးလေ ထိရောက်မှု ပိုရှိလေပါပဲ။



၈။ ရှေ့မှာ နာရီကြီးကြီးတစ်လုံးရှိနေတယ်လို့ မှတ်ယူထားပါ။ နာရီရဲ့ အလည်ဗဟိုတည့်တည့်ကို ကြည့်နေပါ။ နာရီမှတ်ကိုကြည့်ပါ။ ဗဟိုကိုပြန်လာပါ။ နောက်နာရီမှတ် တစ်ခုကို ထပ်ကြည့်ပါ။ ဗဟိုကိုပြန်ကြည့်ပါ။ နာရီလက်တံ ၁၂ ခုပြည့်အောင်လုပ်ပြိးသွားရင် လုံလောက်ပါပြီး။ ဒီလေ့ကျင့်ခန်းကို မျက်လုံးမှိတ်ပြီးတော့လည်း လုပ်လို့ရပါတယ်။



၉။ ပေ ၁၅ဝ အကွာအဝေးလောက်မှာရှိတဲ့ အရာဝတ္ထုတစ်ခုခုကို စက္ကန့်အနည်းငယ်လောက် စူးစိုက်ကြည့်ပါ။ တဖြည်းဖြည်းနဲ့ ပေ ၃ဝ အောက်ရှိတဲ့ အရာဝတ္ထုဆီကို အကြည့်ပြောင်းလိုက်ပါ။ စက္ကန့်အနည်းငယ်လောက်ကြာရင် အဝေးမှာရှိတဲ့ အရာဝတ္ထုဆီကိုပြန်ကြည့်လိုက်ပါ။ ငါးကြိမ်လောက် လုပ်ပေးပါ။



၁ဝ။ ဝေးနိုင်သမျှ ဝေးတဲ့ နေရာမှာရှိတဲ့ အရာဝတ္ထုတစ်ခုကို ကြည့်ပါ။ နာရီဝက်အကြာမှာ တခါလောက် အဝေးကိုကြည့်ပေးပါ။ ဒီလိုမျိုးကြည့်ပေးခြင်းဟာမျက်လုံး အမြင်စွမ်းအားကို ထိန်းထားပေးနိုင်သလို၊ အမြင်အာရုံယိုယွင်းလာခြင်းကို

လည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။



၁၁။ မျက်လုံးကို အပေါ်ကြည့် အောက်ကြည့် ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပြီး၊ ညာကြည့်၊ ဘယ်ကြည့် ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပါ။ ကြည့်အခါမှာ မျက်လုံးကို ဖိပြီး မကြည့်ပါနဲ့။ ဖိပြီးကြည့်ရင် အမြင်အာရုံကို ပိုမိုဆိုးဝါးစေတာကြောင့် ဖွဖွလေးပဲမျက်လုံးကို ရွှေ့လျားပါ။



လေ့ကျင့်ခန်းတစ်ခုကို အချိန်ကြာကြာလုပ်တာထက်စာရင် မှန်မှန်လေးလုပ်ဖို့က ပိုအရေးကြီးပါတယ်။ ကွန်ပျူတာသုံးလို့ပဲဖြစ်ဖြစ် အလုပ်တစ်ခုကို အာရုံစိုက်ပြီးအချိန်အကြာကြီး အလုပ်လုပ်နေစဉ်မှာ မျက်လုံးကို ဟိုဟို၊ ဒီဒီရွှေ့လျားအလုပ်လုပ်စေပါ။ အလုပ်လုပ်နေစဉ် အတွင်းမှာလည်း အဝေးတနေရာကိုကြည့်ပြီး မျက်လုံးညောင်းညာမှုကို ဖြေလျှော့ပါ။ လက်ဖဝါးနှစ်ဖက်ကိုပူအောင်ပွတ်ပြီး မျက်လုံးပေးမှာအုပ်ပေးထားတဲ့ နည်းကတော့ အကောင်းဆုံးပါပဲ။ ခဏခဏ မျက်တောင်ခတ်ပါ။ မျက်လုံး ညောင်းပြီးစပ်နေတဲ့အခါ အခြေအနေပေးရင် ရေအေးလေးနဲ့ မျက်လုံးကို ဆေးကြောပေးလိုက်ပါ။



( Sarmicmantra)



ဒီနေ့တော့ ကျမတော်တော့်ကို ကံကောင်းနေတယ်လို့ ဆိုရမယ်။ e-mail တွေ ထဲမှာ ကျမအတွက် အကျိုးရှိတဲ့စာအများကြီး ရတယ်လေ။ ဒီစာများကို ပို့ပေးထားတဲ့ ချစ်ခင်ရပါသော ကိုကိုကြီး နှင့် သူငယ်ချင်းများကို ဒီနေရာက ကျေးဇူးတင် စကားပြောရင်းနဲ့ ဖဘမှသူငယ်ချင်းလေးများကိုလည်း ဝေငှပါရစေ။



ချစ်ခြင်းများစွာဖြင့်

ကင်ဆာနှင့်ဒူးရင်းသြဇာရွက်

ကင်ဆာ နှင့် ဒူးရင်းသြဇာ
ကျွန်မတို့ရုံးနှစ်ပတ်လည်အစည်းဝေးအတွက် နိုင်ငံအသီးသီးကတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ တစ်ယောက်ကျွန်မတွေ့တော့ တော်တော်အံ့အားသင့်သွားတယ်။ ဒီနှစ်စမှာဘဲ ဆေးစစ်တဲ့အခါ ကင်ဆာလို့ အဖြေ ထွက်ပြီး ကျွန်မတို့တစ်တွေ စိတ်မကောင်းဖြစ်နေခဲ့တာပါ။ အခုပြန်တွေ့တော့ လန်းဆန်းကျမ်းမာ တက်ကြွ နေတော့ စကားစမြည်ပြောရင်းနဲ့ ဆေးနည်းလေး တစ်ခုရလာတာကို ဝေမျှခြင်လို့ပါ။


{ ဒူးရင်းသြဇာ}



အခုတစ်လော ကင်ဆာ ဆိုတာနဲ့ လူတွေကလန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေ စိတ်ပင်ပန်း ကြတာနဲ့ ရုတ်တရက် သေဆုံးသွားတာ နဲ့ ဒါကြောင့် ကျွန်မတို့ရုံးက အန်တီဆိုရင် သူ့ကင်ဆာဖြစ်တာ သူများကို မသိစေချင်ဘူး၊ သူများတွေသူ့ကိုသေလူလို့ ကြည့်နေတဲ့အကြည့်တွေမခံနိုင်ဘူး
ဆိုပီးရင်ဖွင့်ရှာပါတယ်။ ကျွန်မ ရဲ့ အချစ်ဆုံး ကြီးကြီး လဲ ကင်ဆာနဲ့ဆုံးသွားသလို အမလိုခင်မင်ပြီးချစ်ရတဲ့ ရှေ့နေမမ တစ်ယောက်လဲ ကင်ဆာနဲ့ ဘ၀ဆုံးသွားရရှာပါတယ်။ အထူးသဖြင့် ကျွန်မတို့မိသားစုနဲ့ နှစ်အိမ်တစ်အိမ်လိုဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ်လဲ ကင်ဆာနဲ့ဘဲဆုံးပါးသွားကြတယ်။

အရင်ကတော့ ပန်းခါး ဆိုတာအရမ်းကို နာမည်ကြီးတယ်။ ပန်းပင် အခြောက်လေးတွေကို ရေနွေးကြမ်းလို လုပ်သောက်ရတာပါ၊ အရမ်းကိုခါးတော့ ကျွန်မတောင်စမ်းသောက်ကြည့်ပီးတွန့်သွားတာနဲ့ မသောက် ဖြစ်တော့ပါဘူး။ ခီမိုသွင်းထားတဲ့လူနာတွေဆို ခံတွင်းထဲဘာထည့်ထည့်အရသာမရှိတော့ဘူး။ အရမ်းလဲ သနားဖို့ ကောင်းပါတယ်။ ကင်ဆာရောဂါဖြစ်နေသူများအတွက်သတင်းကောင်းပါ။ အရသာလဲ မဆိုးတဲ့ ဘဘာဝ အသီးပင်ရဲ့ အရွက်ကိုပြုတ်သောက်ရုံတင်နဲ့ ကင်ဆာရောဂါကို ပျောက်ကင်းသက် သာစေတာ ကျွန်မမျက်စိရှေ့မှာတင် ၄ ယောက်လောက်တွေ့ခဲ့လို့ ရဲရဲကြီးမျှဝေလိုက်ပါတယ်။

ဆေးပညာအကြောင်းအစုံလင်နားမလည်ပေမယ့် ခီမိုသွင်းတာ ကင်ဆာ cell အကောင်းရောအဆိုးပါသတ်ပစ် တာဖြစ်ပီး ဒီဒူးရင်းသြဇာအရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ ကင်ဆာ ဆဲလ် ချည်းသတ်သတ်ကိုသာ သတ်ပစ် တယ်လို့ ရှင်းပြပါတယ်။
ကျွန်မညီမလေးကျောင်းက ပရော်ဖက်ဆာကတော့ လူတိုင်းတော့ ပျောက်နိုင်မှာမဟုတ်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ကင်ဆာဖြစ်ပုံအမျိုးစားခြင်းမတူသလို ခန္တာကိုယ်က တုံ့ပြန်ပုံခြင်းလဲမတူနိုင်ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ကျွန်မအကြံပေးခြင်တာကတော့ အနည်းနဲ့အများ ပျောက်သွားသည်ဖြစ်စေ သက်သာသွားသည် ဖြစ်စေ အန္တရယ်မရှိတာမို့ စမ်းသောက်ကြည့်ကြဖို့တိုက်တွန်းပါရစေ။ ကိုယ်နဲ့သိတဲ့ မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးသားခြင်း များမှာလဲ ကင်ဆာရောဂါရှိတဲ့သူများရှိရင် ထပ်ဆင့် ဝေဌပေးကြပါ နော်။

Author : Ya Ti Aung


လက်ဖက်စိမ်းလက်ဖက်ရည်၏ အံ့အားသင့်ဖွယ်ရာ အစွမ်းလေးရပ်

ရေဆာနေသလား၊ လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) တစ်ခွက်လောက် သောက်ကြည့်လိုက်ပါ။ ရေငတ်ပြေစေရုံသာမက အောက်ပါအကျိုးကျေးဇူးတွေပါ ရရှိနိုင်မှာဖြစ်ပါတယ်။
၁။ ကိုယ်အလေးချိန် လျော့ကျစေခြင်း
ပုံမှန်ထက် ကိုယ်အလေးချိန်များနေသူ ဒါမှမဟုတ် အဝလွန်နေသူတွေ အားကစားလုပ်ရင်း တခြားကယ်လိုရီတူ ဖျော်ရည်သောက်တာထက် လက်ဖက်စိမ်းလက်ဖက်ရည်ကို သောက်ပေးပါက ကိုယ်အလေးချိန် သုံးပေါင်၊ ဗိုက်အဆီ ခုနစ်ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းစေနိုင်ကြောင်း Multicentre လေ့လာမှုအသစ် တစ်ခုအရ သိရပါတယ်။
၂။ ကင်ဆာကို ကာကွယ်နိုင်ခြင်း
ပုံမှန်လက်ဖက်စိမ်း လက်ဖက်ရည် သောက်သူတွေဟာ ပုံမှန်မသောက်သူတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း လျော့နည်းကြောင်း တရုတ်အမျိုးသမီး ၆၉၂၈ ဦးကို လေ့လာမှုအရ သိရပါတယ်။
၃။ လေဖြတ်နိုင်ခြေ လျော့နည်းခြင်း
တစ်နေ့မှာ လက်ဖက်စိမ်းလက်ဖက်ရည် သုံးခွက်သောက်တာဟာ လေဖြတ်နိုင်ခြေကို ၂၁ ရာခိုင်နှုန်း လျော့ကျစေပါတယ်လို့ UCLA လေ့လာမှုတွေက ဆိုပါတယ်။
၎။ သွားဖုံး ကျန်းမာစေခြင်း
အမျိုးသား ၉၄၀ ဦးကို လေ့လာမှုအရ လက်ဖက်စိမ်းလက်ဖက်ရည် ပိုသောက်ဖြစ်လေလေ၊ သွားဖုံးရောဂါ ဖြစ်နိုင်ခြေ ပိုလျော့နည်းလေလေဖြစ်ကြောင်း သိရပါတယ်။
Ref : Good Health

သန္ဓေသက် ၇ ပတ်တွင်ပင် မွေးဖွားလာမည့် ကလေး၏လိင်အား သိနိုင်ပြီး

တက္ကဆပ် ပြည်နယ်မှ ရေလင်း လူဝစ်၊ ၃၃နှစ်အား ၅နှစ်ရွယ် သမီး ရီလင်းနှင့်အတူတွေ့ရပုံ၊ ဖျက်သိမ်းသွားသော ကုမ္ပဏီတစ်ခုက သားယောက်ျားလေးမွေးရန် ၉၉.၉% သေချာသည်ဟု အဖြေပေးခဲ့သည်။
လွယ်ကူသော သွေးစစ်စမ်းသပ်မှုဖြင့် မွေးဖွားလာမည့် ကလေး၏လိင် (ယောက်ျားလေးမွေးမည် သို့မဟုတ် မိန်းကလေးမွေးမည်)အား သန္ဓေသက် ၇ ပတ်တွင်ပင် သိရှိနိုင်ပြီး နည်းလမ်းမှန်ကန်စွာ အသုံးပြုပါက အလွန်ပင် တိကျမှန်ကန်သော အဖြေအားပေးနိုင်သည်။
ကျွမ်းကျင်သူများ၏ အဆိုအရ ၎င်းစမ်းသပ်မှုအား ကျယ်ပြန့်စွာအသုံးပြုကြမည်ဖြစ်ပြီး မျိုးရိုးဗီဇရောဂါ နှင့်ဆက်စပ်သော စိုးရိမ်မှုရှိသော မိဘများ၊ အခြားအကြောင်းထူးမရှိဘဲ မွေးလာမည့်ကလေး၏ လိင်အား သိလိုသူ မိဘများနှင့် အကျင့်သိက္ခာပိုင်း ဆိုင်ရာ အငြင်းပွားစရာရှိသော မလိုချင်သောလိင်ရှိကလေးအား ဖျက်ချမည့် မိဘများအသုံးပြုကြမည်။
မွေးဖွားလာမည့်ကလေး၏ လိင်အားကြိုတင်မသိလိုသော မိဘများလည်းရှိသည်။
ယခုနည်းမှာ မိခင်၏သွေးတွင်ပါသော သန္ဓေ၏ “ဒီ အဲန် အေ” (DNA) အား ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် အဖြေရရှိ နိုင်ပြီး “အယ်ထရာဆောင်း”(ultrasound) စသော အခြားနည်းများထက် ရက်သတ္တပတ် အနည်းငယ်စော၍ အဖြေရရှိနိုင်သည်။ “အယ်ထရာဆောင်း”(ultrasound) မှာ သန္ဓေသက် ၁၂ ပတ်တွင်မှ စမ်းသပ်၍ အဖြေ ပေးနိုင်သည်။
သားအိမ်တွင်းမှ ရေမြွှာရှိအရည်အား ထုတ်ယူစမ်းသပ်ရသော (amniocentesis) စသောနည်းများတွင် သားလျှောနိုင်သော အလားအလာ အနည်းငယ်ရှိသော်လည်း သွေးစစ်သောနည်းတွင် ထိုအန္တရာယ်မရှိပါ။ ယခုတွေ့ရှိချက်မှာ အမေရိကန် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း တစ်ခု၏ စာစောင် (The Journal of the American Medical Association) မှ အင်္ဂါနေ့ (၉.၈.၂၀၁၁) တွင် အင်တာနက်ပေါ်မှတဆင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
သန္ဓေသား၏လိင်အား သိရှိရန် မိခင်၏သွေးအားစမ်းသပ်သည့်နည်းမှာ ယခင်နှစ်အနည်းငယ်ကပင် ရှိနေပြီးဖြစ်သော်လည်း ထိုစဉ်က မှားယွင်းသော အဖြေများလည်း ရရှိကြသည်။
Ref: Internet
Test Can Tell Fetal Sex at 7 Weeks, Study Says (The New York Times)
Baby gender blood tests 'accurate' (BBC News)
ကောင်းသစ်ရည် (မြန်မာ သတင်းရပ်ဝန်း)

0 comments:

Post a Comment