အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......
Showing posts with label ကျမ္မာေ၇းဗဟုသုတ. Show all posts
Showing posts with label ကျမ္မာေ၇းဗဟုသုတ. Show all posts

Sunday, 23 February 2014

ဝမ်းဗိုက်အဆီကျ လိုပါသလား


 

vancouver_boudoir_lingerie_photography
 
33
 
6
 
မဲပေးပါ

(၁) လေ့ကျင့်ခန်း လုပ်ပါ။
လေ့ကျင့်ခန်း အားလုံးဟာ ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ
ဝမ်းဗိုက် အဆီကျအောင်စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဖို့ လိုအပ်ပါတယ်။ လေ့လာမှုအရ
အမျိုးသမီးအုပ်စု သုံးခုကို တစ်ပတ်မှာ ငါးကြိမ်ခန့်မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်စေခဲ့ရာ
ကယ်လိုရီ လောင်ကျွမ်းပုံချင်း တူပေမယ့် စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဆောင်တဲ့အုပ်စု
တစ်ခုရှိအမျိုးသမီးတွေကသာဝမ်းဗိုက်အဆီ လျော့ကျမှုရှိခဲ့တာကို တွေ့ရပါတယ်။
စွမ်းအားမြှင့်လေ့ကျင့်ခန်းတွေမှာ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့် လေ့ကျင့်ခန်းစတဲ့
လေ့ကျင့်ခန်း အမျိုးအစားတွေပါဝင်နေပါတယ်။
(၂) ဗိုက်ကို တုန်ခါအောင် လုပ်ပါ။
ဗိုက်ကိုတုန်ခါစေတဲ့စက်နဲ့အဆီချပေးတာကထိုင်-ထ လေ့ကျင့်ခန်းလုပ်သလို ခြောက်လအတွင်းမှာ
ဝမ်းဗိုက်အဆီကိုသိသိသာသာ လျော့ကျ စေတာကိုတွေ့ရပါတယ်။
 
(၃) ညနေခင်းတွင် အလင်းရောင်ကို လျှော့ချပါ။
 စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဆော အဆင့်မြင့်တက်မှု ရှိတာက ဝမ်းဗိုက်အဆီတိုးတာနဲ့
ဆက်စပ်မှု ရှိပါ တယ်။ ညဘက်မှာ ကော်တီဆော ဟော်မုန်းအဆင့် လျော့ကျအောင်
အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ပြီး အနားယူပေးဖို့ လိုပါတယ်။
ကွန်ပျူတာကို ညဥ့်နက်တဲ့အထိ အသုံးပြုတာကို ရှောင်သင့်ပါတယ်။ ဒါဆိုရင် နှစ်နှစ်ခြိုက်ခြိုက်
အိပ်မောကျပါလိမ့်မယ်

(၄) စောစော အိပ်ရာဝင်ပါ။
တစ်ညမှာ ၅-၆ နာရီခန့်ပဲ အိပ်တဲ့သူတွေက တစ်ညမှာ ၇-၈ နာရီလောက် အိပ်တဲ့သူတွေထက်
ခါးနဲ့ ဗိုက်နေရာတစ်ဝိုက်မှာ အဆီတက်ပြီး ဝနိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများကြောင်း လေ့လာ
တွေ့ရှိရပါတယ်။ “အိပ်ရေးပျက်တာက ဆာလောင်မှု တိုးစေတဲ့ Ghrelin ဟော်မုန်းကို အထွက်တိုးစေပြီး
ဆာလောင်မှုကို ဟန့်တားပေးတဲ့ Leptin ဟော်မုန်းကို လျော့ကျစေလို့ ဖြစ်တယ်” လို့ အိပ်စက်မှုဆိုင်ရာ
ပညာရှင် ဒေါက်တာ စတန်လေက ဆိုပါတယ်။ လူတွေက ပင်ပန်းနွမ်းနယ်တဲ့အခါသကြားပါတဲ့ ကာဗိုဟိုက်ဒရိတ်
အစာကို များများ စားမိတာကြောင့် ဗိုက်ပူလာရတာ ဖြစ်ပါတယ်။
(၅) ရှလကာရည် သောက်ပါ။
 
တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း နှစ်ဇွန်းသောက်တဲ့ အဝလွန်သူတွေက
အချဉ်ရှောင်တဲ့ တခြား သူတွေထက်ဗိုက်ပူတာငါးရာခိုင်နှုန်း လျော့ကျမှုရှိစေတယ်
လို့ဂျပန်သုတေသီတွေက လေ့လာတွေ့ရှိ ခဲ့ပါတယ်။ရှလကာရည်မှာအဓိကပါဝင်တဲ့
AceticAcidဟာခန္ဓာကိုယ်အဆီတွေ လောင်ကျွမ်းအောင် လှုံ့ဆော်မှုပေးတာကြောင့်
ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ အစာ မစားခင်မှာ
ရေနွေးတစ်ဖန်ခွက်ထဲကို ရှလကာ ရည် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ပြီး သောက်သုံးရမှာ ဖြစ်ပါတယ်

(၆) ဒိန်ချဉ်စားပါ။

နေ့စဉ် ကယ်လိုရီကို ထိန်းချုပ်ပြီး စားနေတဲ့သူတွေဟာ ဒိန်ချဉ်မှ ကယ်လ်စီယမ် ၁၁၀၀
မီလီဂရမ်လောက် ရနေရင်ဝမ်းဗိုက်အဆီ ၈၁ ရာခိုင်နှုန်း လျော့ကျမှု ရှိတာကို တင်နက်ဆီး
တက္ကသိုလ်မှ လေ့လာ တွေ့ရှိရပါတယ်။ကယ်လ်စီယမ်ဟာအဆီကို လောင်ကျွမ်းစေ
လို့ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ တခြား အစာတွေ အနေနဲ့ အခွံချွတ်မထားတဲ့
ကောက်နှံစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို) နဲ့ မပြည့်ဝဆီ(အခွံ မာတဲ့ အစေ့အဆန်၊
ထောပတ်သီး၊ ငါး) စတာတွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။
(၇) စိတ်ဖိစီးမှုကို အနိုင်ယူပါ။
စိတ်ဖိစီးမှုဟာ ဝမ်းဗိုက်မှာ အဆီပိုတွေ စုနေတာနဲ့ အကြီးအကျယ် ဆက်စပ်မှုရှိပါတယ်။
အကြောင်း ကတော့ စိတ်ဖိစီးမှုများနေချိန်မှာ အဒရီနယ်ဂလင်းမှ ကော်တီဆော အလွန်အမင်း
ထွက်လာလို့ပါ။ ကော်တီဆော အထွက်များတာကအင်ဆူလင် ထွက်နှုန်းတိုးစေပြီး အဆီတွေ စုနေစေပါတယ်။
(၈) ဗီတာမင်ဒီကို ရယူပါ။

နေ့စဉ် နံနက်တိုင်း အိမ်အပြင်မှာ ၁၅ မိနစ်လောက်နေပြီး နေခြည်နုနုမှ ဗီတာမင်ဒီရအောင် ယူပါ။ ဗီတာမင်
ဒီဟာ အဆီတွေကို ချေဖျက်ပေးနိုင်တဲ့ အရာဖြစ်ပါတယ်။ ဗီတာမင်ဒီ မလုံလောက်တာကြောင့် အဝလွန်တာကို
ဖြစ်စေနိုင်ပါတယ်။
(၉) ဆေးလိပ်သောက်တတ်လျှင် ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်သောက်တာဟာ ဗိုက်ပူစေတယ်လို့ နယ်သာလန် ဆေးစင်တာမှ သုတေသီတွေက
ဆိုပါတယ်။ အကြောင်းရင်းကို တိတိကျကျ မသိကြသေးပေမယ့် ဆေးလိပ်သောက်တာဟာ
ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင် ဟော်မုန်းရဲ့ လုပ်ဆောင်မှုကို လျော့ကျစေပြီး ကျားဟော်မုန်းရဲ့
လွှမ်းမိုးမှုကို တိုးစေတာ ကြောင့် ဗိုက်ပူတာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆထားပါတယ်။

From: နှင်းဆီဖူးလေးများ-Love BUDS

Sunday, 24 November 2013

၂၄နာရီ အတွင်းမှာ သင့်ရဲ့ ခန္ဓာကိုယ်က

၂၄နာရီ အတွင်းမှာ သင့်ရဲ့ ခန္ဓာကိုယ်က

မျက်တောင် ၂၃၀၄၀ကြိမ် ခတ်ပါတယ်။
နှလုံးက အကြိမ်ပေါင်း တစ်သိန်း ခုန်ပါတယ်။
အဆုတ်က ၂၃၀၀၀ကြိမ် ရှုပါတယ်။
အသည်းက သွေးလီတာပေါင်း ၁၅၀၀ကို စစ်ပါတယ်။
အစာအိမ်က အက်ဆစ် ၂လီတာကို ထုတ်ပါတယ်။

[source: I fucking love science]

Myanmar News Media
1Like · ·

အနမ်း နဲ့ ကျန်းမာရေး ------------------

သင့်မှာ ချစ်သူ ရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူး ပါသလား။ ပြီးတော့ ချစ်သူကို နမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စား တယ်ဆိုရင် အောက်မှာ ရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်း ဘယ်ပုံ ဆက်စပ်နေတယ် ဆိုတာကို ဆက်ပြီး ဖတ်ကြည့် ပေါ့နော်။ တကယ်တော့ လူတစ်ယောက်နဲ့ တစ်ယောက် နမ်းတယ် ဆိုတာ ခံစားချက် အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အရပါ ချစ်ခင် နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံ ရတဲ့သူကို ချစ်ပါတယ် ဆိုတဲ့ အဓိပ္ပါယ် ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ ပတ်သတ်တဲ့ Definiton လေး တစ်ခုလောက် ထုတ်ကြည့် ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်း ယုံကြည်မှု အရတော့ နမ်းတယ် ဆိုတာ “နှစ်လိုဖွယ် ခံစား ဆက်ယှက်မှုကို ပါးစပ်က မပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့ သင်္ကေတ” လို့ ဖော်ပြ ထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကို တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလို ရရှိနိုင် တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ … ၁။ တစ်ယောက်ကို တစ်ယောက် နမ်းနေကြတဲ့ အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့သွေးကြော တွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်း ကိုလည်း မြန်လာ စေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေ ထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်း စေပါတယ်။ ၂။ နမ်းနေတဲ့ အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာ ပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှား လာအောင် ဦးနှောက်က လှုံ့ဆော် ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာ ရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှား သန့်စင်စေပြီး မျက်နှာ တစ်ပြင်လုံး ပိုမို ချောမွေ့ လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြော တွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီး ကောင်းလာ စေပါတယ်။ ၃။ နောက်တစ်ခု ကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့် ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်း စေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများ နမ်းကြပါ။ ၄။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာ ရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှု တွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော် ပေးတဲ့ ဟိုမုန်းဓာတ် တစ်မျိုး ဦးနှောက်က ထုတ်ပေးတာ ကိုလည်း တားဆီး ပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီး တွေလို့ ထင်မှတ်လာတတ် တယ်လို့ သုတေသီတွေက အတည်ပြု ထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံး တစ်ခုပါပဲ။ ၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါ ကာကွယ်ဆေး တစ်မျိုး ပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦး ဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝ ကိုယ်ခံစွမ်းအား တွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့ တစ်ယောက်ချင်းစီမှာ ရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေ တဆင့် ပေါင်းစပ် သွားပါတယ်။ အဲဒီကနေ တဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာ ကိုယ်ထဲ ပေါင်းစပ် ရောက်ရှိ လာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင် တွေက နာမည် ပေးထား ပါတယ်။ ၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွ ပေးပါတယ်။ ဘယ်လို အချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံး အကြိမ် နမ်းဖူးတဲ့ အခါ ပေါ်ပေါက် လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင် ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက် အရည်အသွေးဟာ ထိပ်ဆုံး အဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည် ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ် တယ်လို့ ဆိုပါတယ်။ ၇။ နောက်ဆုံး တစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန် ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား၊၊၊ အခု ရေးသား ဖော်ပြချက် အနမ်းကို ပြုစုရေးသားသူ ကမ္ဘာကျော် အချစ် သုတေသန ဆရာကြီး ဒေါက်တာ ၀ီလျံစတိုင်းဘတ်၏ ကိုယ်တွေ့များ ဖြစ်ကြောင်းပါ ခင်ဗျား။ Credit : Scorpion Punk

မောပန်းခြင်းပြဿန

မောပန်းခြင်းပြဿနာ =========== နေ့စဉ်နေ့တိုင်း ၂.၂ သန်းပမာဏရှိတဲ့ အမေရိကန်လူမျိုးများက မောပန်းခြင်း ဝေဒနာကိုခံစားနေရပါတယ်။ အများစုက အလုပ်မနိုင်တဲ့အတွက် အလုပ်အကြွေး တင်ခြင်းကြောင့်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တကယ့်တရားခံအစစ်ကတော့ မိမိတို့ရဲ့နေ့စဉ်ပြုလုပ်နေကျ အလေ့အကျင့်များဖြစ်တဲ့ ဘာတွေစားတယ်၊ ဘယ်လို အိပ်တယ်၊ ဘယ်လောက်စိတ်ဓါတ်ကျလွယ်တယ် စတာတွေပဲဖြစ်ပါတယ်။ လိုအပ်တဲ့ စွမ်းအင်အလုံအလောက်မရနိုင်ခြင်းကြောင့် မောပန်းလွယ်ပါတယ်။ ဥပမာ- နေ့လည်စာကို အဟာရပြည့်ဝတဲ့ ပါစတာခေါက်ဆွဲ ၊ ပူပူနွေးနွေးစားနိုင်တဲ့ တရုတ် အစားအစာမျိုးမစားဘဲ အသင့်စားနိုင်တဲ့ ကျန်းမာရေးမညီညွတ်တဲ့ မုန့်ပဲသရေစာစားခြင်းမျိုး၊ အိပ်ရာဝင်နောက်ကျခြင်းမျိုးကို ရှောင်ကျဉ်ရပါမယ်။ အစားအသောက်အလေ့အထဟာ နေ့စဉ်လှုပ်ရှားမှုကဏ္ဍမှာ အကျိုးသက်ရောက်မှု အများကြီးရှိပါတယ်။ - မနက်စာစားပါ ။ တကယ်လို့ သင်ဗိုက်မဆာနေဘူးဆိုရင်တောင် အိမ်ကမထွက် ခင် မနက်စာ အဆာပြေတစ်ခုခုကို မဖြစ်မနေစားပါ။ - (၃)နာရီ (သို့) (၄)နာရီခြားတစ်ကြိမ် အစာစားပါ။ အဓိကအစားအစာ မဟုတ်တောင် အဆာပြေတစ်ခုခုစားပါ။ - အမျှင်ဓါတ်ပါတဲ့ အစားအစာမျိုး (ဥပမာ- ပြောင်းဖူး၊ပဲနက်စေ့၊ပန်းသီး) စတာတွေကို နေ့စဉ်အစားသောက်ထဲပါအောင် စားပေးပါ။ - ဦးနှောက်ကိုအားဖြစ်စေသော ငါးကြီဆီကဲ့သို့အရာမျိုးစားပေးပါ။ - ရေဓါတ်မဆုံးရှုံးအောင်နေပါ။ - ညနေခင်းဘက်မှာ ကဖင်းဓါတ်ပါတဲ့ အရာမျိုးသောက်သုံးပါ။ ဒီလိုမျှတတဲ့ အဟာရဓါတ်နဲ့ လုံလောက်တဲ့အိပ်ချိန်ကို ရရှိမယ်ဆိုရင်တော့ မောပန်းတယ်လို့ခံစားနေရတာတွေ သက်သာသွားမှာပါ။ စိတ်ဓါတ်ကြံ့ခိုင်ဖို့လဲ လိုအပ်ပါတယ်။

Wednesday, 9 October 2013

မြုံနေသည့် အမျိုးသမီးများ မျိုးဥ ပြန်လည် ဖြစ်ထွန်းစေသည့် နည်းပညာ တွေ့ရှိ


မြုံနေသော အမျိုးသမီး ၏ သား အိမ်အတွင်း၌ မျိုးဥ ပြန်လည် ဖြစ်ထွန်းစေသည့် နည်းပညာသစ် တစ်ခုအား ရှာဖွေ တွေ့ရှိခဲ့ပြီး ၄င်း နည်းပညာ သုံး၍ ဂျပန် အမျိုးသမီး အား ကလေး မီးဖွား စေခဲ့ကြောင်း နိုင်ငံတကာ သိပ္ပံပညာရှင် များက စက်တင်ဘာ ၃ဝ ရက် တွင် ပြော ကြားခဲ့သည်။
စတန်းဖို့ဒ် တက္ကသိုလ်ရှိ သားဖွား နှင့် မီးယပ်ရောဂါ ဌာနမှ ပါမောက္ခ အာရွန်ဆန် သည် မြုံနေသည့် အမျိုးသမီး၏ ခန္ဓာကိုယ် အတွင်း၌ မျိုးဥဖြစ် ထွန်းစေသည့် နည်းသစ် တစ်ခု အား ရှာ ဖွေတွေ့ရှိခဲ့သည်။
အဆိုပါ နည်းပညာသစ် မှာ ကနဦး အဆင့်၌သာ ရှိသေးသော်လည်း မျိုးဥ မထုတ် လွှတ်နိုင်တော့သည့် သားအိမ် ရှိသော အမျိုးသမီးငယ် များ အတွက် မျှော်လင့်ချက် တစ်ခု ပင် ဖြစ်သည်။
၎င်း အမျိုးသမီး များသည် ငယ်ငယ် ရွယ်ရွယ်နှင့် သွေးဆုံးကြပြီး ကိုယ်ဝန် ဆောင်လိုပါက မျိုးဥ လှူဒါန်းခြင်း တစ်ခု သာ ရွေးချယ်စရာ ဖြစ်သည်။ ယင်းကဲ့သို့ ဖြစ်ခြင်းမှာ သားအိမ် အလုပ် မလုပ်ခြင်း ဖြစ်ပြီး အသက် ၄ဝ မတိုင်ခင် အရွယ် ၌ပင် သားအိမ် အလုပ်လုပ်ခြင်း မရှိပေ။
အဆိုပါ သုတေသန ပြုလုပ်မှုအား ဂျပန်နိုင်ငံ၌ ပြုလုပ်ခဲ့ရာ ယင်းကဲ့သို့ ဖြစ်ပွားနေသူ အမျိုးသမီး ၂၇ ဦးပါဝင် ခဲ့ပြီး ပျမ်းမျှ အသက် ၃၇ နှစ် အရွယ်များ ဖြစ်ကြသည်။ ၄င်းတို့ထဲ၌ ၁၃ ဦး၏ သားအိမ် ကြွင်းကျန်နေသော မွေးညင်း ပေါက်လေးများ ရှိသေးပြီး ၄င်းမွေညင်း ထဲ၌ မကြီးထွားသေးသော မျိုးဥ တစ် ခုရှိသည်။
အဆိုပါ နည်းပညာ သစ်အား နောက် ထပ်တစ်ဆင့် စစ်ဆေးရာ၌ မြုံခြင်းနှင့် ဆိုင်သော ရောဂါ ဝေဒနာများအား တိုက်ဖျက်နိုင်မှု ရှိ မရှိကို မျှော်လင့်လျက် ရှိကြောင်း သုတေသန ပညာရှင်များ က ပြောကြားသည်။
သိင်္ဂီဝင်း
popularmyanmar

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန်


ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့ အညီ သူရဲ့  ဆိုးကျိုးများလည်း သိထားရန် လိုအပ်ပါတယ်။
သေချာတာကတော့ ခပ်ကြပ်ကြပ် ဘောင်းဘီ ဖြစ်တဲ့အတွက် ခါးအောက် ပိုင်း အာရုံကြော စနစ်၊ သွေးလည်ပတ်ကိုကို ကြိမ်းသေ သက်ရောက် မှု ရှိပါတယ်။ လေဝင်လေထွက်လည်း မရှိတဲ့အတွက် အသားတွင်း မှာတင် မကပဲ ပြင်ပ အသားအရည် မှာလည်း ဆိုးကျိုး ရှိလာ နိုင်ပါတယ်။
စကင်နီ ဘောင်းဘီ ဝတ်သော အမျိုးသမီးများဟာ အခြား ဘောင်းဘီ ဝတ်ဆင်လေ့ ရှိတဲ့ အမျိုးသမီးများနဲ့ စာရင် ကိုယ်ဝန်ဆောင်နိုင်ချေ နည်းပါတယ်။ ကိုယ်ဝန်ရှိစဉ် ကာလမှာ စကင်နီ ဘောင်းဘီ ဝတ်ခြင်း ကလည်း ပျက်ကျဖို့ အနီးစပ်ဆုံးပဲ ဖြစ်ပါတယ်။ ခါးပေါ်ပဲ တင်ဝတ်ဝတ်၊ ခါးအောက်ပဲ လျှော ဝတ်ဝတ် သွေးနဲ့၊ အာရုံကြော များကို ကြပ်ကြပ် စည်းထားတဲ့အတွက် ခါးအောက်ပိုင်း တစ်ခုလုံး ဒဏ်ဖြစ်လာ တတ်ပါတယ်။ အာရုံကြောစနစ်ဆိုတာ ခြေဖျားကနေ ဦးနှောက်အထိ အားလုံး ဆက်စပ် နေပြီး ခါးအောက်ပိုင်း အာရုံကြော စနစ် အားနည်းမှုက အခြား ကိုယ်အစိတ်အပိုင်းများသို့လည်း သက်ရောက်မှု ရှိပါတယ်။
ကိုယ်ကြပ်ဘောင်းဘီရဲ့  ဒဏ်ကို အမျိုးသားများ ပိုခံရပါတယ်။ အထူးသဖြင့် ဆီး လမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါများ ဖြစ်နိုင်ချေ ပိုများပြီး ဆီးသွားရ မလွယ်ကူခြင်း၊ ဆီးလမ်းကြောင်းလွဲခြင်း၊ ဆီးလမ်းကြောင်းမှ တစ်ဆင့် ပိုးဝင်ခြင်း၊ ကျောက်ကပ် နှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားခြင်းတို့အထိ ဆိုးကျိုး ရှိပါတယ်။
ကိုယ်ကြပ်ဘောင်းဘီ (စကင်နီ ဂျင်း) ဝတ်လေ့ရှိသော အမျိုးသမီး တစ်ဦး ဟာ သားအိမ်လမ်းကြောင်းလွဲပြီး ကလေးမမွေးနိုင်တဲ့ အခြေအနေ အထိ ဖြစ်ခဲ့တာလည်း ရှိခဲ့ဖူးပါတယ်။
အားလုံးချည်းပြောလို့ ကိုယ်ကြပ်ဘောင်းဘီ မဝတ်သင့်ပါဘူးလို့ ဆိုလိုခြင်း မဟုတ်ကြပါဘူး။ ဒီလိုသာ ဖြစ်ကြေးဆိုရင် အားလုံး ဆီးလမ်းကြောင်းနဲ့ ဆိုင် တဲ့ ရောဂါများ ဖြစ်နေကြပြီ ဖြစ်ပါတယ်။ ဖြစ်ကြပေမယ့် ဒါဟာ ချက်ခြင်း မဟုတ်ပဲ တဖြည်းဖြည်းနဲ့ အားယူလာတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။ ဗြိတိန်မှာ စကင်နီ ဘောင်းဘီ ဝတ်တဲ့ အမျိုးသား အယောက် ၂၀၀၀ ကို စစ်တမ်းကောက်ထားပြီး ဖြစ်ရာ အမြဲ စွဲဝတ်သူများအတွက် ကျန်းမာရေး ဆိုးကျိုး ပိုများတယ်ဆိုတာကို လေ့လာ တွေ့ရှိထားပါတယ်။
ဒါကြောင့် ကိုယ်ကြပ်ဘောင်းဘီကို ဝတ်ဆင်တဲ့ ဖက်ရှင်ကို နှစ်သက်ပေမယ့် အမြဲ စွဲဝတ်တဲ့ အလေ့အထတော့ မပြုလုပ်ရန် လိုအပ်တယ်လို့ ဆေးပညာရှင်များက တိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref- medic-facts
အောင်ခမ်း ( ရိုးရာလေး )

Wednesday, 18 September 2013

မိန်းကလေးတွေ ဘာကြောင့် ကိုယ့်ကိုယ် သတ်သေတာလဲ...?


ထွက်ပေါက်ကို မြန်မြန်မြင်တွေ့လိုသည့် ချစ်မြတ်နိုးသည် သူ့လက်ထဲရှိ ဆေးထုပ်ငါးထုပ်ထဲမှ နှစ်ထုပ်ကို ဖွင့်ဖောက်လိုက် သည်။ ထို့နောက် ဆေးမှုန့်တွေကို သူ့ပါးစပ်ထဲ လောင်းထည့်ပစ် လိုက်သည်။ အစတုန်း ကတော့ ဝယ်ထားသည့် ဆေးထုပ် ငါးထုပ် စလုံးကို သောက်လိုက်ဖို့ ရည်ရွယ်ထားသည်။ သို့သော် အနက် ရောင်ဆေးမှုန့်၏ ဆိုးရွားသည့်အနံ့၊ ခါးလွန်းသည့် အရသာ ကြောင့် နှစ်ထုပ်ကိုသာ ဖောက်သောက်ဖြစ် ခဲ့သည်။ ချစ်မြတ်နိုး သောက်ခဲ့သည့် ထိုဆေးမှုန့်က အခြားမဟုတ်။ ကြွက်သတ်ဆေး။
ဆေးသောက်ပြီး တစ်မိနစ်လောက်အကြာမှာတော့ သူ့ တစ်ကိုယ်လုံး မီးနှင့်အရှို့ခံရသလို ပူပြင်းတောက် လောင်လာသည်။ တစ်ကိုယ်လုံးလည်း ချွေးတွေနှင့် ရွှဲနစ်လာသည်။ အပူ ဒဏ်ကို မခံစားနိုင်သောကြောင့် အဝတ်တွေကို ဆွဲချွတ်ကာ လွှင့်ပစ်လိုက်သည်။ ဘယ်လိုမှ မနေနိုင်တော့သည့်အဆုံး ဝါး ကြမ်းခင်းပေါ်မှာ ချစ်မြတ်နိုး လူးလှိမ့်နေမိတော့သည်။ ဘာမျှ မကြာလိုက်။ ဗိုက်ထဲမှ ပူလွန်းသည့်ဒုက္ခကို မခံနိုင်တော့သဖြင့် ချစ်မြတ်နိုး ထိုးအန်လေတော့သည်။ အခန်းတစ်ခုလုံး အန်ဖတ်နံ့၊ ဆေးအနံ့များနှင့် မွှန်ထူသွားသည်။
-----------------------------------------------------------------------------------------------------------
ဝါရှင်တန်တက္ကသိုလ်ရှိ က္ဘာလုံးဆိုင်ရာကျန်းမာရေး သုတေသနဌာနတစ်ခုဖြစ်သည့် Institute for Health Metrics and Evaluation က ပြုလုပ်ခဲ့သည့် Global Burden of Disease စစ်တမ်းအရ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်ကြား မြန်မာမိန်းကလေးများ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု သည် ပြီးခဲ့သည့် အနှစ်၂၀ အတွင်း မြင့်တက်လာခဲ့သည်ဟု ဆိုပါသည်။
အဆိုပါစစ်တမ်းအရ ၁၉၉၀ တုန်းက မိမိကိုယ်ကိုယ်သေ ကြောင်းကြံစည်မှုသည် အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား မြန်မာ မိန်းကလေးများကို သေဆုံးစေခဲ့သည့် နံပါတ်ငါးတရားခံဖြစ်ခဲ့ ရာမှ ၂၀၁၀ ခုနှစ်အရောက် တွင်တော့ နံပါတ်လေးတရားခံဖြစ်လာ ခဲ့သည်။ နံပါတ်တစ်၊ နှစ်၊ သုံး တရားခံများကတော့ လမ်းပေါ်တွင် မတော်တဆဖြစ်မှု၊ အမျိုးသမီးရောဂါနှင့် အကြမ်းဖက်တိုက်ခိုက် ခံရမှုတို့ ဖြစ်သည်ဟုဆိုသည်။
က္ဘာတစ်ဝန်းတွင်တော့ အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား မိန်းကလေးများကို သေဆုံးစေခဲ့သည့် နံပါတ်တစ် တရားခံမှာ မိမိကိုယ်ကိုယ် သတ်သေမှုဖြစ်သည်။
------------------------------------------------------------------------------------------------------------
“ပညာရေးမှာ ပြိုင်ဆိုင်မှုများလာတဲ့အတွက် သူတို့မှာ စိတ်ဖိစီးမှု ပိုများလာတာရယ်၊ အလုပ်အကိုင်၊ အခွင့် အလမ်းပြိုင် ဆိုင်မှု များလာတာရယ်၊ နောက်တစ်ခုက မိသားစုပြဿနာပဲ။ ဒီပြဿနာတွေကို သူတို့က အမြဲတမ်း နေ့တိုင်း ကြားနေရတော့ ဒါတွေက ဒီကလေးတွေကို စိတ်ဓာတ်ကျစရာဖြစ်စေတယ်” ဟု ဒေါက်တာ ခင်မြင့်က ရှင်းပြသည်။
အချို့မိန်းကလေးများမှာ နောက်ပိုင်းတွင် တဖြည်းဖြည်း နှင့် အနာဂတ်ပျောက်လာသကဲ့သို့ ခံစားရပြီး ထွက်ပေါက်အဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စဉ်းစားလာတတ်ကြသည်ဟု ဆိုပါသည်။
စိတ်ပညာရှင် ဒေါက်တာခင်မြင့် သုံးသပ်သည်က မိန်း ကလေးငယ်များ မိမိကိုယ်မိမိ သေကြောင်းကြံ ကြခြင်းမှာ အများ အားဖြင့် မိဘများနှင့် ဆိုင်လေ့ရှိသည်ဟု ဆိုသည်။
“ဒီပြဿနာတွေက မိဘတွေနဲ့ တော်တော်များများဆိုင် တယ်။ မိစုံဖစုံမရှိတဲ့သူတွေ၊ မိသားစုထဲမှာ လင်နဲ့ မယား၊ သား သမီးနဲ့ မိဘ (ရန်)ဖြစ်နေတဲ့ မိသားစုတွေ၊ ချမ်းသာပေမယ့် အိမ် တွင်းရေးပြဿနာဖြစ်နေတဲ့ မိသားစုတွေမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမှု အဖြစ်များတယ်” ဟု၎င်းက သုံးသပ်သည်။
------------------------------------------------------------------------------------------------------------
မိမိကိုယ်ကိုယ် သေကြောင်းကြံရာတွင် ယခင်တုန်းက ပိုးသတ်ဆေးသောက်တာ ပိုများသည်ဟု ရန်ကုန် ဆေးရုံ သစ်ကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာမြသောင်းက ပြောပြသည်။
“အခုကျတော့ ပါရာစီတမောကို အလုံး ငါးဆယ်၊ တစ်ရာ အထိသောက်တာ တွေ့လာတယ်။ သေတော့ မသေဘူးပေါ့။ ဘာမီတွန်လည်း သောက်ကြတယ်။ သောက်တဲ့အထဲမှာလည်း ခေတ်ပညာတတ်တွေ၊ တက္ကသိုလ်ကျောင်းသူတွေက ပိုများလာ တယ်” ဟု ဒေါက်တာမြသောင်းက ပြောပြပါသည်။
-----------------------------------------------------------------------------------------------------------
ကိုယ့်ကိုယ်ကိုယ် သတ်မသေမီ တစ်လအလိုလောက်မှာ မိဘများနှင့် အိပ်နေရာမှ အိမ်အောက်သို့ဆင်းပြီး တစ် ယောက် တည်း သွားအိပ်လေ့ရှိသည်ဟု ဒေါ်မြင့်နွယ်က ပြောပြသည်။ စိတ်မူမမှန်ဖြစ်နေသည်ကို စိုးရိမ်သောကြောင့် စောင့်ကြည့်နေ သည့်ကြားမှ ပြီးခဲ့သည့်နှစ်လလောက်က အိမ်ပေါ်မှာတင် ကြိုး ဆွဲချကာ သေကြောင်းကြံသွားခြင်းဖြစ်သည်။
“ကျွန်မသမီးလေးကို ငါးတန်းအထိပဲ ထားနိုင်ခဲ့တယ်။ သမီးလေးကို သူ့အနာဂတ်နဲ့ပတ်သက်ပြီး ဘာလုပ် ရမယ်ဆို တာကို လမ်းòန်ပေးတာမျိုး မလုပ်ခဲ့မိဘူး”ဟု ပြောလျက် ဒေါ်မြင့်နွယ် ငိုလေသည်။
သူ၏ငိုသံမှာ အိမ်နီးနားဝန်းကျင်ကို လွှမ်းခြုံသွားလေ တော့သည်။
From : ..YPI

Monday, 9 September 2013

Sperm comes from သုက်ရည် ဘယ်ကလာသလဲ .


ယောက်ျား သုက်ရည်ဟာ ဘယ်ကလာသလဲ။ အများကတော့ သုက်ရည်ထွက်ပြီးရင် ဒူးတွေချောင် အားတွေ ကုန်လို့ သုက်ကို ရိုးတွင်းချည်ဆီကလာတယ်လို့ ပြောကြတယ်။ အဲ့ဒါမှန်ပါသလား။ (မာစတာ ဘေးရှင်း) လုပ်လို့ သုက်လွှတ်ခြင်းနှင့် သဘာဝဆက်ဆံလို့ သုတ်လွှတ်ခြင်း နှစ်ချက်တွင် နှစ်ခုလုံးက သင့်လျှော်ပါသလား။ (မာစတာဘေးရှင်း) လုပ်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသလား။ တစ်ရက်ကို သုတ်ဘယ်နှစ်ခါလွှတ်ရင် ကျန်းမာရေးကို ထိခိုက်နိုင်ပါသလဲ။ မည်သည့် အသက်အပိုင်းအခြား ရောက်လျှင် သုတ်လွှတ်ခြင်းကို ရပ်ဆိုင်းသင့်ပါသလဲ။ သုက်လွှတ်နည်းခြင်း၊ များခြင်း၊ လုံးလုံး မလွှတ်ခြင်း မည်သည့် အချက်သည် ကျန်းမာရေးနှင့် သင့်တော်ပါသလဲ။ ကျန်းမာရေးနှင့် သင့်တော်အောင် ဘယ်လို ထိန်းသိမ်း စောင့်ရှောက်သင့်သလဲ။ 
Male reproductive system ယောက်ျား မျိုးပွါးလမ်းမှာ ဒီအင်္ဂါတွေပါတယ်။
၁။ External genital organs အပြင်ပိုင်းအဂ်ါ ၂ ခု၊
၁ (က) Penis လိင်တံ နဲ့
၁ (ခ) Scrotum ကပ်ပယ်အိတ်၊
၂။ Internal genital organs အတွင်းပိုင်းအင်္ဂါ ၃ ခု၊
၂ (က) Epididymis (အပီဒီဒါးမစ်)၊
၂ (ခ) Vas deferens (ဗတ်စ်-ဒက်ဖရင့်စ်) နဲ့
၂ (ဂ) Accessory glands ပူးတွဲ အရည်ထွက်အိတ်တွေ။ ဒီထဲမှာ ၃ ခုရှိတယ်၊
၂ (ဂ) (၁) Seminal vesicles (ဆီမီနယ်-ဗဆိုင်ကယ်လ်)၊
၂ (ဂ) (၂) Prostate gland (ပရောစတိတ်-ဂလင်း) ဆီးကျိတ် နဲ့
၂ (ဂ) (၃) Bulbourethral glands (ဗြူလ်ဗို-ယူရီသရယ်လ်-ဂလင်း) တွေဖြစ်တယ်။
 
• Testis ကျားအစိ ၂ လုံးရဲ့ ပင်မတာဝန်ကြီး ၂ ရပ်က Sperms သုက်ပိုးတွေထုတ်ပေးတာနဲ့ Testosterone ကျား-ဟော်မုန်းတွေ ထုတ်ပေးတာ ဖြစ်တယ်။ Castration သင်းကွပ်ချင်ရင် Testis ကျားအစိနှစ်လုံးကို ထုတ်ပြစ်၊ ဖျက်ဆီး ပြစ်ရတယ်။ နှစ်မျိုးလုံး မရတော့တဲ့သူဟာ ယောက်ျားလို မစွမ်းဆောင်ချင်၊ မစွမ်းဆောင်နိုင်တော့ဘူး။ ရှေးဟောင်း အရှေ့အလည်ပိုင်း၊ ဂရိ၊ ရောမ၊ ဘိုင်ဇင်တိုင်း၊ တရုတ်၊ ကိုရီးယား၊ အော်တိုမန်-အင်ပါယာ၊ အိန္ဒိယ-မူဂေါလ် နန်းတော်တွေထဲမှာ Eunuchs အဲလိုလုပ်ထား သူတွေကို သုံးတယ်။
• တနေရာကနေ တနေရာကို သယ်ပို့တဲ့အခါ Sperms သုက်ပိုးတွေဟာ Semen (စီမင်) သုက်ရည်ထဲမှာ ပါလာမယ်။ (ဆီမင်) ဆိုတာ Seminal vesicles (ဆီမီနယ်-ဗဆိုင်ကယ်လ်)၊ Prostate gland (ပရော စတိတ်-ဂလင်း) ဆီးကျိတ် နဲ့ Urethral glands (ယူရီသရယ်-ဂလင်း) ဆီးသွားပြွန် အိတ်လေးတွေက အရည်တွေပါ ရောနေတာ ဖြစ်တယ်။ 
• Semen (ဆီမင်) = Sperm cells သုက်ပိုး + Prostate fluid (ပရောစတိတ်) အရည် + Seminal fluid (ဆီမီနယ်) အရည်။
• Epididymis (အပီဒီဒါးမစ်) က ကျားအစိကို ဦးထုပ်ဆောင်းသလို ဖုံးနေတယ်။ လိပ်ခွေနေတဲ့ ပြွန်လေးတွေထဲမှာ သုက်ပိုးတွေကို သိုလှောင်ပေးထားရင်းနဲ့ ရင့်သန်လာစေမယ်။ ကျားအစိကနေ ထုတ်ပေးတဲ့ သုက်ပိုးတွေဟာ (အပီဒီဒါးမစ်) ရဲ့ Caput ခေါင်းပိုင်းထဲ ဝင်မယ်၊ နောက် Corpus ကိုယ်ပိုင်း ထဲရောက်မယ်၊ နောက် Cauda အမြီးပိုင်းထဲ ရောက်လာပြီး သိုလှောင်ထားမယ်။ ၂-၃ လ သိုလှောင်ထားမှ သာ သုက်ပိုးတွေက Motility ရှေ့ဖက်ဆီ ကူးသွားနိုင်စွမ်း၊ လှုတ်ရှားနိုင်စွမ်း ကောင်းလာပြီး Fertilization မ-မျိုးဥနဲ့ ပေါင်းစပ်နိုင်တယ်။ ကလေးမရစေနိုင်တဲ့ အချက်တခုဖြစ်တယ်။ 
• Epididymis (အပီဒီဒါးမစ်) ကနေ သုက်ရည်ထွက်ရင် ၃ဝ-၄ဝ စင်တီမီတာ ရှည်တဲ့ Vas deferens (ဗတ်စ်-ဒစ်ဖရင့်စ်) ပြွန်ထဲကို ဝင်မယ်။ အရင်ဆုံး Prostate gland ဆီးကျိတ်ထဲကို Ampullary gland နဲ့ Prostatic ducts ပြွန်လေးတွေ ကတဆင့် ဝင်လာမယ်။ သုက်လွှတ်ချင်မှ Urethera ဆီးသွားပြွန်အဝကနေထွက်မယ်။ 
 
• Vas deferens (ဗတ်စ်-ဒက်ဖရင့်စ်) ကနေ ခပ်ဝါဝါ၊ စေးပျစ်ပျစ်၊ (ဖရပ်တို့စ်) သကြားဓါတ်ပါတဲ့ အရည် ထုတ်ပေးတယ်။ သုက်ပိုးတွေအတွက် အာဟာရ ဖြစ်စေတယ်။ သုက်ရည်ရဲ့ ၇ဝ% ဟာ ဒီအရည်ဖြစ်တယ်။ 
• Vas deferens (ဗတ်စ်-ဒက်ဖရင့်စ်) ဟာ Spermatic cords ခေါ်တဲ့ အကြောထဲက အစိတ်အပိုင်းတခု ဖြစ်တယ်။ ယောက်ျားတွေကို သားသမီး မရစေချင်ရင် Vasectomy ဒီအကြော နှစ်ဖက်လုံးကို ဖြတ်ပေးရတယ်။ Vasectomy လုပ်ထားပေမဲ့ လိင်ကိစ္စပြီးလို့ ထွက်တာထဲမှာ Seminal fluid (ဆီမီနယ်) အရည် ပါနေတယ်။ ကျားအစိကထုတ်ပေးတဲ့ သုက်ပိုးတော့ မပါတော့ပါ။ 
• Seminal vesicles (ဆီမီနယ်-ဗဆိုင်ကယ်လ်) ဆိုတာ အိတ်လိုဘဲ။ ဆီးအိမ်ရဲ့နောက်နားမှာ ဘယ်-ညာ တခုစီ ရှိတယ်။ 5-10 cm လောက် ရှည်တယ်။ ဒီကနေထွက်တုံးက သုက်ရည်ဟာ ရေလိုမျိုး ကြည်နေတယ်။ 
• Prostate gland (ပရောစတိတ်-ဂလင်း) ဆီးကျိတ်ဆိုတာ ဆီးအိမ်အောက်မှာ Ejaculatory ducts ခေါ်တဲ့ သုက်လွှတ်ပြွန်ကို ငုံထားပေးတယ်။ ဆီးကျိတ်ကနေ (ကယ်လ်စီယမ်) ဖြည့်ပေးလို့ ဖြူပြီး နို့နဲ့တူလာ တယ်။ သုက်ရည်ရဲ့ ၂ဝ-၃ဝ% ရှိတယ်။ ဒီလိုလုပ်ပေးတာကို Profibrinolysin ဖြစ်စဉ်ခေါ်တယ်။ (ဆီမီနယ်-ဗဆိုင်ကယ်လ်) အရည်ကြောင့် (စီမင်) ဟာ အက်စစ် မဟုတ်တော့ဘဲ Alkaline (အယ်လ်ကာ လိုင်း) ဖြစ်လာတယ်။ ဒါ့ကြောင့် အက်စစ်ဓါတ် ဖြစ်တဲ့ (ဗဂျိုင်းနား) အရည်ကို ဓါတ်ပျယ်စေမယ်။
• Prostate ဆီးကျိတ်ဟာ ယောက်ျားတွေမှာသာ ရှိတယ်လို့ ယေဘုယျပြောကြတယ်။ အမျိုးသမီးတွေမှာလဲ ရှိပါတယ်။ Skene's gland (Paraurethral gland) လို့ခေါ်တယ်။
Ejaculation သုက်လွှတ်ခြင်း
 
လိင်စိတ်ဖြစ်ပေါ်လာရင် Bulbourethral glands (Cowper glands) ကနေ Clear ကြည်တဲ့၊ Salty ငန်တဲ့ Viscous ခပ်ချွဲချွဲအရည် ထုတ်ပေးတယ်။ ဒါကို Pre-ejaculate သုက်မထွက်ခင် အရည်လို့ ခေါ်တယ်။ ဒီအရည်ထဲမှာ သုက်ပိုး မပါသေးဘူး။ Cowper glands ဟာ ဆီးကျိတ်အောက်နား၊ ဆီးထွက်ပြွန်ရဲ့ ဘေးတဖက်စီမှာ ရှိတယ်။ အမျိုးသမီးတွေမှာသာရှိတဲ့ Bartholin's glands (ဘာသိုလင်-ဂလင်း) နဲ့ သဘောချင်း တူတယ်။ 
ယောက်ျား တယောက်ဟာ ဖါသာစိတ်ဖြေဖျောက်လို့ဖြစ်ဖြစ် လိင်ဆက်ဆံလို့ဖြစ်ဖြစ် လိင်ကျေနပ်မှု ရှိတဲ့အခါ Ejaculation သုက်လွှတ်မယ်။ သုက်ပိုးတွေက Epididymis (အပီဒီဒါးမစ်) ရဲ့အောက်ခြေ သို လှောင်ထားရာ နေရာကနေ စထွက်မယ်။ Vas deferens (ဗတ်စ်-ဒက်ဖရင့်စ်) ရဲ့နံရံက Smooth muscle ကြွက်သားနုလေးတွေ ညှစ်ပေးလို့ ခရီးဆက်နိုင်တယ်။ သုက်ရည်တွေက Urethra ဆီးထွက်ပြွန်ထဲ ဝင်လာပြီး အဖျားပေါက်ကနေ ပန်းထွက်သလို ထွက်မယ်။ ဖါသာ အာသာဖြေပြီး အပြင်စွန့်ထုတ်တာ၊ ဆက် ဆံပြီး ကလေးမရချင်လို့ အပြင်စွန့်ထုတ်တာ နဲ့ ပုံမှန် မိန်းမရဲ့ ဗဂျိုင်းနားထဲ စွန့်ထုတ်တာတွေ ဖြစ်နိုင်တယ်။ သုက်ပိုးရင့်ကျက်မှုဟာ မ-မျိုးပွါးလမ်းထဲမှာသာ ပြည့်စုံတယ်လို့ ပြောနိုင်တယ်။ အပြင်မှာထက် ကြာကြာ နေနိုင်တယ်။ 
သုက်လွှတ်တဲ့ အချိန်မှာ အရင်ဆုံး Prostatic fluid (ပရောစတိတ်) အရည် နဲ့ Spermatozoa သုက်ပိုးတွေ အများစု ထွက်လာတယ်။ အရင်ဆုံးထွက်တဲ့ သုက်ပိုးတွေက Motility လှုတ်ရှားမှု ပိုပြီးကောင်းတယ်။ ကြာရှည် ရှင်သန်နိုင်တယ်။ (DNA) ကို ထိန်းထားနိုင်တယ်။ ဒီအချက်ဟာ ကလေးရနိုင်ဘို့အတွက် အလွန်အရေးကြီးတယ်။ Prostate မှာရှိတဲ့ အနုစား ကြွက်သားတွေက သုက်လွှတ်ဖြစ်စဉ်ကို ကူညီသေး တယ်။ 
 
• Testicle ကျားအစိရဲ့ အလုပ်ကို ဦးနှောက်ထဲက Anterior pituitary ကနေထုတ်တဲ့ ဟော်မုန်းတွေကနေ ထိန်းပေးတယ်။ Luteinizing hormone (LH) က Testosterone ထွက်အောင်ကူညီတယ်။ Testosterone နဲ့ Follicle-stimulating hormone (FSH) တွေကနေ Spermatogenesis သုက်ပိုးဖြစ်စဉ်ကို ကူညီကြတယ်။ 
• Prostate ဆီးကျိတ် ကောင်းကောင်း အလုပ်လုပ်နိုင်အောင် Testicles ကျားအစိတွေကနေ ထုတ်ပေးတဲ့ Testosterones (တက်စတိုစတီရုန်း) ကျား-ဟော်မုန်းလိုတယ်။ ကျား-ဟော်မုန်းကို Adrenal glands (အဒြီနယ်လ်-ဂလင်း) တွေကနေလဲ နည်းနည်း ထုတ်ပေးသေးတယ်။ 
• Prostatic secretions ဆီးကျိတ်အရည်မှာ Proteolytic enzymes (ပရိုတီယိုလစ်တစ်-အင်ဇိုင်းမ်)၊ Prostatic acid phosphatase (ပရော်စတက်တစ်-အက်စစ်-ဖေါ့စ်ဖါတေ့စ်)၊ Beta-microseminoprotein (ဘီတာ-မိုင်ခရို-ဆီမီနို-ပရိုတင်း) နဲ့ Prostate-specific antigen (အင်တီဂျင်) တွေလဲ ပါနေတယ်။ အရေးကြီးတဲ့ အချက်တခုက Zinc သွပ်ဓါတ်ပါတာဟာ သွေးထက် အဆ ၅ဝဝ ကနေ ၁ဝဝဝ အထိ များတယ်။
• ကျားအစိမှာရှိတဲ့ သုက်ထွက်ပြွန်တွေ ရောင်တာကို Epididymitis ခေါ်တယ်။ များသောအားဖြင့် Chlamydia ခေါ်တဲ့ STD လိင်ကတဆင့် ကူးစက်ပိုးကနေ ဖြစ်စေတယ်။ ဒါမှမဟုတ် ဆီးလမ်းပိုးဝင် ရာကနေ ဖြစ်စေတယ်။ 
• ကျားအစိတွေ ရောင်တာကို Orchitis ခေါ်တယ်။ ဗက်တီးရီးယား နဲ့ Mumps ပသိရောင် ဗိုင်းရပ်စ် တွေ ကနေ ဖြစ်စေတယ်။ Orchitis နဲ့အတူ Epididymitis ရော Prostatitis ဆီးကျိတ်ရောင်တာ တွဲဖြစ် တတ်တယ်။
Dr, တင့်ဆွေ

သွေပေါင်ကျအောင်ဆောင်၇ွက်နိုင်မည့်နည်းလမ်း ၁၀ချက်

၁. over weight ဖြစ်နေလျှင် weight ချပါ။ Weight တက်သည်နှင့် သွေးပေါင် တက်တတ်သည်။ Model တစ်ယောက်ကဲ့သို့ ပိန်ရန်မလိုသော်လည်း weight ကျသည်နှင့် သွေးပေါင် ကျသွားလိမ့်မည်။
၂.ဥာဏ်နှင့်ယှဉ်ပြီး စားပါ။သစ်သီး၊ဟင်းသီးဟင်းရွက်၊အဆီနည်းအောင် လုပ်ထားသော နို့ ၊အဆီ
နည်းသောအစားအစာများကသွေးပေါင်ကိုကျစေပြီးပြည့်ဝဆီနှင့်cholesterolတက်စေသောအစာများက သွေးပေါင်ကို တက်စေသည်။
၃.အငန်လျော့စားပါ။ဆားကိုအပေါ့စားခြင်းသည် သွေးပေါင်ကိုကျစေသည်။အသင့်ဖြစ်အစားအစာများဖြစ်သော အာလူးကြော်၊ငါးမုန့်ကြော်နှင့် freezer ထဲတွင်ထားသောအစားအစာများထက် Fresh food ကို စားခြင်းက သွေးပေါင်ကို ကျစေ သည်။
၎.အရက်သောက်တတ်ပါက လျော့ သောက်ပါ။ ယောကျာ်းများသည်အများဆုံး အရက်၂ခွက် သာသောက် သင့်ပြီး မိန်းမများသည် အများ ဆုံးအရက် ၁ခွက်သာသောက်သင့်သည်။ အရက်များများ သောက်ပါက သွေးပေါင်ကို တက်စေပါသည်။
၅.ဆေးလိပ်မသောက်ပါနှင့်။သွေးပေါင်တက်လျှင်နှလုံးရောဂါနှင့်လေဖြတ်ရောဂါဖြစ်စေရန်အခွင့်အလမ်းများသည်။ အကယ်၍ ဆေးလိပ်ပါ သောက် ပါ က ၄င်းရောဂါများဖြစ်ရန် အခွင့် အလမ်း ပိုများသွားမည်။
၆.လေ့ကျင့်ခန်းလုပ်ပါ။ရက်သတ္တပတ်၏ရက် တော်တော်များများမှာ လေ့ကျင့်ခန်းလုပ်ခြင်းဟာသွေးပေါင်ကို ကျစေသည်။ သင်၏အားကစားဖိနပ်ကို ဘီဒိုထဲ သိမ်းထားမည့်အစား အကျိုးရှိစွာ အသုံးပြုပါ။
၇.တရားထိုင်ပါ။ဘဝ၏သွေးတိုးစေသည့်များစွာသောဖိစီးမှုများပြေပျောက်စေရန်တရားထိုင်ပါ။တရားထိုင်ခြင်းသည် သွေးပေါင်ကို သိသာစွာ ကျစေပါသည်။
ဝင်းအိ
Health Updates Journal

ဆီးသွားခြင်း၇ဲ့အံ့ဖွယ်၇ာအချက်များ

မကြာခဏ ဆီးမသွားပါနှင့် 
မကြာခဏ ဆီးသွားလွန်း တာကြောင့် ဆီးအိမ်ကြွက်သားတွေ ပင်ပန်းပြီး ဆီးအိမ် အားနည်း တတ်ပါတယ်။ ဆီး မကြာခဏ သွားတတ်တဲ့ အမျိုးသမီးတွေဟာ ဆီး ကုန် စင်အောင် မစွန့်ထုတ်နိုင် တာကြောင့် ရောဂါပိုး ဝင်ရောက်နိုင်ခြေ မြင့်မားပါတယ်။ 
လက်ဖျက်ရည်ကြမ်း သောက်ပါ 
ဘရက်ဘယ်ရီ အရွက်နဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်ကြမ်းကို သောက်သုံးရင် ဆီးလမ်းကြောင်း ရောဂါပိုးဝင်တာကြောင့် ဖြစ်ပေါ်တဲ့ နာကျင်မှုနဲ့ ဝေဒနာကြာချိန်ကို လျော့ကျသွားနိုင် ပါတယ်။ ပြဿနာ စဖြစ်ဖြစ်ချင်း ပုံမှန်သောက်သွားရင် အကျိုးသက် ရောက်မှု ကောင်းမွန် တယ်လို့ ဆိုပါတယ်။ 
အတင်းမညှစ်ပါနှင့် 
ဆီးသွားချင်စိတ် ပေါက်လာလို့ အိမ်သာသွားပေမယ့် အိမ်သာရောက်မှ ဆီးမထွက် ရင် ဆီးလမ်းကြောင်း ပိုးဝင်တဲ့ပြဿနာဖြစ်နိုင်ပါတယ်။ ဆီးအိမ်နဲ့ ကျောက်ကပ်တွင်း သို့ ရောဂါပိုး ပျံ့နှံ့ရင် ရောဂါပိုဆိုးနိုင်တာကြောင့် ဆရာဝန်နဲ့ ပြသသင့်တဲ့ အခြေအနေပါ။ 
ဆေးလိပ်ဖြတ်ပါ 
ဆေးလိပ်သောက်တာကြောင့် ဆီးလမ်းကြောင်းတွင်း ပိုးဝင်နိုင်ခြေ မြင့်မားသလို သွေးဖိအားလည်း မြင့်တက်နိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် ချောင်း ဆိုးနိုင်ပြီး ချောင်းဆိုး တာကြောင့် ဆီးထိန်း ရခက်ခဲတဲ့ ပြဿနာဖြစ်တတ် ပါတယ်။ ဆေး လိပ်သောက်တာကြောင့် ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေလည်း မြင့်မားပြီး ဒီဖြစ်နိုင်ခြေ ဟာ ဆေးလိပ်ဖြတ်ပြီး နှစ်ပေါင်းများစွာကြာတဲ့ အထိ ဆက်လက်တည်ရှိ နေပါတယ်။ 
ဆီအရောင် ကြည်လင်ပါစေ 
သင့်ဆီးအရောင် ကြည်လင်ပြီး အရောင်ဖျော့တော့ဖို့အတွက် ရေများများ သောက်ဖို့ လိုအပ်ပါတယ်။ ဆီးအရောင်ရင့်နေတာ၊ ဒါမှမဟုတ် ဆီးအနည်ထိုင်တာဟာ ရေဓာတ် မလုံလောက်တဲ့လက္ခဏာဖြစ်တာမို့ ရေများများသောက်ပေးပါ။ 
အောက်ပါ အစာများကို ရှောင်ပါ 
ကော်ဖီ၊ အရက်၊ အစပ်စာ၊ အချဉ်အရသာရှိတဲ့အသီးနဲ့ ချောကလက်တွေဟာ ဆီးအိမ်ပြဿနာဖြစ်ဖို့ လှုံ့ဆော်နိုင်ပြီး ဆီးအနည်ထိုင်စေနိုင်ပါတယ်။ 
Sex လုပ်ပြီးမှာ ဆီးသွားပါ 
လိင်ဆက်ဆံမှု ပြုလုပ်စဉ်မှာ ဘက်တီးရီးယား ပိုးတွေဟာ ဆီးထွက်ပြွန်အတွင်း ဝင်ရောက်နိုင်ပါတယ်။ လိင်ဆက်ဆံ အပြီးမှာ ဆီးသွားလိုက် တာကြောင့် ရောဂါပိုးတွေ ကို သန့်စင်လိုက် သလိုဖြစ်သွားပြီး ရောဂါပိုးမဝင်ရောက် နိုင်အောင် ကာကွယ်နိုင်ပါတယ်။ 
သန့်ရှင်းရေးလုပ်ပါ 
မိန်းမကိုယ်နေရာကို သန့်ရှင်းရေးလုပ်ရင် အရှေ့မှအနောက်သို့ ပြုလုပ်သွားရပါ မယ်။ ဒါမှ စအိုမှ ဘက်တီးရီးယားပိုးတွေ ပျံ့နှံ့မှုမရှိအောင် ကာကွယ်နိုင်မှာပါ။ 
လေ့ကျင့်ပါ 
ဆီးသွားစဉ်မှာ ဆီးသွားလိုက်၊ ရပ်လိုက် လေ့ကျင့်ခန်းပြုလုပ်တာကြောင့် သားအိမ် ကွင်းကြွက်သားတွေ တင်းရင်းပြီး သန်မာလာနိုင်ပါတယ်။ အလွန်အကျွံမပြု လုပ်ပါနဲ့။ ကြွက်သားသန်မာဖို့ တစ်နေ့ သုံးကြိမ်ပြုလုပ်ရင် လုံလောက်ပါတယ်။ 
အမြှပ်ထသော အရည်များကို ရှောင်ပါ 
အမြှုပ်ထတဲ့ အရည်တွေဟာ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ပြဿနာ ဖြစ်အောင် လှုံ့ ဆော်နိုင်ပါတယ်။ ဆီးလမ်းကြောင်း ပြဿနာမဖြစ်အောင် ရိုးရိုးရေသာ သောက်သုံးပါ။ 
ဆီအိမ်ရောင်ရမ်းခြင်းအတွက် ခရင်မ်ဘယ်ရီ ဖျော်ရည်သောက်ပါ 
ခရင်မ်ဘယ်ရီ ဖျော်ရည်ကို ပုံမှန်သောက်သူတွေဟာ ဆီးအိမ်ရောင်ရမ်းတာကြောင့် ဖြစ်တဲ့ဝေဒနာတွေကို သက်သာနိုင်ပါတယ်။ ဆီးထဲမှာ ပါဝင်တဲ့ အက်စစ်ပမာဏကို ပြောင်းလဲမှုဖြစ်ပေါ်စေနိုင်တာကြောင့်ပါ။ 
ဘလူးဘယ်ရီသီးစားပါ 
ကျန်းမာရေး ကောင်းမွန်စေနိုင်တဲ့ ဘလူးဘယ်ရီမှာ ဘက်တီးရီးယား တွေကို သေ စေနိုင်တဲ့ အန်သိုစိုင်ယာနိုက်တွေ များစွာပါဝင်ပါတယ်။ ဆီးလမ်းကြောင်းတွင်း ဝင် ရောက်နိုင်တဲ့ အီးကိုလိုင်ရောဂါပိုး ကိုလည်း သေစေနိုင်တာမို့ ဆီးလမ်းကြောင်း ရောဂါ ပိုး ဝင်ရောက်တာအတွက် အလွန်ထိရောက်မှုရှိပါတယ်။ 
ဒေါက်တာခင်မိုးမိုး

ဦးနှောက်စွမ်းဆောင်၇ည်ကောင်းစေမည့်နည်းလမ်းကောင်းများ

မှတ်ဥာဏ် ပိုကောင်းချင်သလားပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချလိုသလား၊ စာသင်တဲ့အခါ ပိုပြီးလိုက်နိုင် လိုပါသလား၊ သင်ရဲ့ ဦးနှောက် စွမ်းရည်ကိုပိုပြီးကောင်းမွန်စေနိုင်တဲ့ နည်းလမ်းကောင်းတွေ များစွာရှိပါ တယ်။
(၁) သင်ကြားရပိုလွယ်ကူစေဖို့ ချရေးပါ
အတန်းတက်တာပဲ ဖြစ်ဖြစ်၊ ဟောပြောပွဲနားထောင်တာပဲ ဖြစ်ဖြစ်၊ ရှေ့က ဆရာ/ ဟောပြောသူတွေ ပြောတဲ့ အကြောင်းအရာတွေကို ဒီအတိုင်းနားထောင်မယ့် အစားစာရွတ် လွတ်ထဲမှာဘောပင်နဲ့ ချရေးကာ လိုက်မှတ်ပါ။ Laptop ဒါမှမဟုတ် Tablet တို့၊ I-pad တို့ထဲမှာစာရိုက်ကာမှတ်တာထက်စာရင် လက်ရေးနဲ့ ရေးမှတ်တာကအသေးစိတ်အချက်အလက်တွေကိုပိုမှတ်မိလွယ်စေသလိုအချိန်ကြာကြာလည်းမှတ်မိစေပါတယ်။
ဘာကြောင့်လဲ
ဘောပင်ကိုစာရွတ်ပေါ်တင်လိုက်တဲ့ လက်ရဲ့ လှုပ်ရှားမှုကဦးနှောက်ရှိသင်ကြားရေး ဌာန အစိတ်အပိုင်း ကိုလှုံ့ဆော်လိုက်တာကြောင့် အချက်အလက်တွေကိုပိုလွယ်ကူစွာမှတ်ယူနိုင်တာပဲ ဖြစ်ပါတယ်။ စာလုံး တစ်လုံးချင်းကိုသေချာအချိန်ယူရေးပါကအဲဒီစာလုံးကိုပိုပြီးမှတ်ရလွယ်ကူပါတယ်။
လက်ဟန် ခြေဟန်ကိုလည်းသုံးပါ
လက်ဟန်ခြေဟန် အသုံးပြုပြီးစိတ်ထဲပုံဖော်ကြည့်တာကလည်းအချက်အလက်တွေကိုပိုမှတ်မိစေပါတယ်။ ဥပမာအားဖြင့် ကားမောင်းဖို့ လမ်းကြောင်းမှတ်တဲ့အခါ ညာဘက် ကွေ့ရမယ့်နေရာမှာညာဘက်ကို လက်ညှိုး ထိုးပြီး မှတ်တဲ့အခါ ပိုမှတ်မိစေပါတယ်။ ဦးနှောက်ကစာကြောင်းတွေထက် စာရင် ပုံရိပ်ကိုပိုမှတ် မိတတ်ပါတယ်။
(၂) မှတ်ဥာဏ်ထက်စေဖို့ စကားပြောပါ
နာမည်တွေ၊ နေ့စွဲတွေ၊ နံပါတ်တွေကိုသတိမမေ့ဘဲမှတ်မိနေစေမယ့် လျှို့ဝှက်ချက်ကတော့ သူငယ်ချင်း တွေနဲ့ စကားစမြည်ပြောဆိုတာပါပဲ။ စကားကိုစိတ်ပါလက်ပါ ပြောသူတွေဟာဦးနှောက်ကောင်းစေတဲ့ ဂိမ်းကစားနည်းတွေကိုအချိန်ကြာကစားသူတွေလောက် မှတ်ဥာဏ်ကောင်းတာကို လေ့လာချက်တစ်ခု အရ တွေ့ရပါတယ်။ တစ်နေ့ကိုဆယ်မိနစ်လောက် စိတ်ပါလက်ပါ စကားပြောဆိုရုံနဲ့ တိုးတက်မှုရှိတာကို တွေ့ရပါလိမ့်မယ်။
ဘာကြောင့်လဲ
ဥာဏ်ကစားနည်းတွေလိုပဲစကားပြောဆိုခြင်းက မှတ်ဥာဏ်ကိုထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းကို လှုံ့ဆော်ပေးပါတယ်။ ဒီအစိတ်အပိုင်းတွေကိုများများအသုံးပြုလေမှတ်ဥာဏ် ပိုကောင်းလေပါပဲ။
အပေါင်းအသင်းများလေကောင်းလေ
သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများသူတွေဟာဦးနှောက်ရှိမှတ်ဥာဏ်ထိန်းပေးတဲ့ အာရုံစူးစိုက်စေတဲ့ သူများရဲ့ စိတ်ခံစားချက်တွေကိုသိစေတဲ့ အစိတ်အပိုင်းပိုကြီးကြောင်းလေ့လာချက်တစ်ခု အရတွေ့ရပါ တယ်။ ဒါကြောင့် မိတ်ဆွေအပေါင်းအသင်းနယ်ပယ် ချဲ့ထွင်ပါ။
(၃) ဦးနှောက်အိုမင်းမှု လျော့ကျစေဖို့ ဘလူးဘယ်ရီစားပါ
အာဟာရပြည့်ဝတဲ့ ဘလူးဘယ်ရီသီးတွေကဦးနှောက်ကိုကာကွယ်ပေးပါတယ်။ တစ်နေ့ကိုဘယ်ရီသီး လက်တစ် ဆုပ်စာလောက် တစ်လစားပေးရင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဥာဏ် လျော့နည်းကျ ဆင်းမှုကိုသက်သာစေပါတယ်။
ဘာကြောင့်လဲ
ဘလူးဘယ်ရီသီးတွေမှာဦးနှောက်ဆဲလ်တွေ ဆက်သွယ်မှု ကောင်းစေနိုင်တဲ့ Anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့်ပါ။
အစေ့အဆန်လည်းစားပေးပါ
ကောင်းမွန်တဲ့ HDL ကိုလက်စထရောများသူတွေဟာအယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေနည်းတယ်လို့ သိရပါတယ်။ ဒါကြောင့် HDL ကိုလက်စထရောများစေနိုင်တဲ့ အစေ့အဆန်လေးတွေကို များများစားပေး သင့်ပါတယ်။
(၄) အလုပ်ပြီးစေဖို့ လေချွန်ပါ
အလုပ်လုပ်ရင်းလေချွန်တာဟာအလုပ်ကိုအနှောင့်အယှက် မဖြစ်စေတဲ့အပြင် အလုပ်တောင် ပိုပြီး စေကြောင်း သိရပါတယ်။ စိတ်ဖိစီးမှု များစေနိုင်တဲ့ အလုပ်ကိုလုပ်ရာမှာလေလေးတချွန်ချွန်၊ သီချင်းလေး တညည်းညည်းလိုစဉ်းစားစရာမလိုဘဲအလိုလိုလုပ်မိနေတဲ့ အပြုအမူတွေကို လုပ်သူတွေဟာအလုပ်ထဲမှာပဲ အာရုံအားလုံးစူးစိုက်ထားသူတွေထက် စာရင် အလုပ်ပိုပြီးတာကိုတွေ့ရပါတယ်။
ဘာကြောင့်လဲ
အလုပ်တစ်ခုထဲမှာပဲဦးနှောက်ကိုအားကုန်ထည့်ထားပါကအချက်အလက်တွေ ပိုလျှံ ကျလာနိုင်ပါတယ်။ ဒါပေမဲ့ လေချွန်တာ၊ သီချင်းညည်းတာလိုအာရုံလွှဲတဲ့ အရာနဲ့ တွဲလုပ်ပါက ဦးနှောက်က တစ်ချိန်ထည်းမှာပဲ အချက်အလက်တွေကိုနည်းနည်းစီခွဲမှတ်တာကြောင့် ပိုပြီးအလုပ်ပြီးပါတယ်။
သစ်ပင်တွေရဲ့ အကူအညီလည်းယူပါ
ပန်းခြံထဲလမ်းထွက်လျှောက်တာ၊ ဓာတ်ပုံထဲရှိစိမ်းလန်းစိုပြည်နေတဲ့ ရှုခင်းတွေကိုငေးကြည့် တာကလည်း အလုပ်ကိုပိုပြီးစေပါတယ်။ သစ်ပင်၊ ပန်းမန်တွေရဲ့ ပုံတွေကစိတ်ဖိစီးတင်းကျပ်မှုကိုလျော့ကျစေလို့ပါ။
(၅) ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ အိပ်ချိန် ၇ နာရီရှိပါစေ
ညဘက်အိပ်ချိန်ကအနည်းဆုံးခုနှစ်နာရီရှိဖို့ လိုပါတယ်။ ဒါမှသာအိပ်ရေးဝပြီးအိပ်မက်မက်စေတဲ့ REM Sleep အဆင့်ကိုအပြည့်အဝရမှာပါ။ ဒါဟာအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်တဲ့အခါ ဒီအဆင့် ရောက်တဲ့ သူတွေဟာအိပ်ရေးမဝကာအိပ်မက် မက်သူတွေထက်စာရင် တီထွင်ဖန်တီးမှု ဥာဏ်နဲ့ မှတ်ဥာဏ် ပိုကောင်းတာကြောင့်ပါ။ ဒီဥာဏ်တွေ ပိုကောင်းမှလည်း ပြဿာနာတွေ ပိုဖြေရှင်းနိုင်မှာပါ။
ဘာကြောင့်လဲ
အချက်အလက်တွေကို ပြန်ပြီးမှတ်မိစေသလိုအနာဂတ်မှာလည်းစိတ်ကူးစိတ်သန်းပိုကောင်းစေနိုင်တာကြောင့်ပါ။
အခြားဦးနှောက်စွမ်းရည် တိုးစေသောအရာများ
-ဆုံးဖြတ်ချက်မြန်စေဖို့ ဟင်းနုနယ်စားပါ
ဟင်းနုနယ်၊ ဂေါ်ဖီထုပ်၊ မုန်လာဥတို့မှာဦးနှောက်ဆီသွေးစီးဆင်းမှု မြန်စေတဲ့ နိုက်ထရိတ်ဓာတ်တွေ ပါရှိပါတယ်။
-ဥာဏ်ကောင်းစေဖို့ ကော်ဖီချိုချိုသောက်ပါ။
ကော်ဖီမှာသကြား ထည့်သောက်ပါ။ ဒါမှမဟုတ် ဘလက်ကော်ဖီ ကြိုက်ရင်လည်းကွတ်ကီးတစ်ခုခုနဲ့ တွဲ စားပါ။ ကဖင်းနဲ့ သကြားတွဲပြီးစားသောက်တာက ဦးနှောက်ဆဲလ်တွေကို အားဖြည့်ကာ ဦးနှောက်စွမ်းအား ပိုကောင်းစေပါတယ်။
-အိုင်ဒီယာသစ်တွေ ထွက်ဖို့ လမ်းလျှောက်ပါ
ခန္ဓာကိုယ် ချွေးထွက်ပြီး နှလုံးခုန်မြန်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကဦးနှောက်ကိုလှုံဆော်ကာ အလုပ်ပို လုပ်စေတာကြောင့် ဖန်တီးနိုင်မှု စွမ်းရည်တွေ ပိုပြီးထွက်ရှိစေပါတယ်။
Pi Xell

ဆံသားနဲ့အေ၇ပြားကိုပျက်ဆီးစေသောအကြောင်း ၈ ချက်

(၁) ရေနွေးပူနဲ့ မျက်နှာသစ်ခြင်း။
ခံနိုင်ရည်စွမ်းအားထက်ပိုပူတဲ့ ရေနွေးနဲ့  မျက်နှာသစ်ခြင်းက သွေးကြောတွေပျက်စီးစေကာ၊ အသားအရေ ခြောက်သွေ့ ပြီး အရေ ပြားများ ပက်ကျားအက်လာစေပါတယ်။ ပုံမှန်ရေအေးနဲ့ သာမျက်နှာသစ်ပါ (သို့ မဟုတ်) ကြက်သီးမွေးညင်းထရုံလောက် ရေနွေး နွေးလေး ကိုသာသုံးပါ။
(၂) အလွှာလိုက်ကွာကျစေခြင်း။
မျက်နှာပေါ်ကအမဲစက်၊ မှည့်ခြောက်၊ တင်းတိပ်တွေကို ဖယ်ရှားပေးတဲ့ ကရင်မ်တွေက မျက်နှာပေါ်ရှိ ဆဲလ်အသေတွေကို အလွှာလိုက်ကွာကျကာ မျက်နှာဖြူလာစေတာမှန်သော်လဲ၊ တစ်ပတ် ၂-ကြိမ်ထက် ပိုလိမ်းပါက အရေပြားကိုပျက်စီးသွားစေပါ တယ်။
(၃) မိတ်ကပ်တွေနဲ့ အိပ်စက်ခြင်း။
အရေပြားကို ပျက်စီးစေမှုအများဆုံးအကျင့်ဆိုးထဲမှာ မိတ်ကပ်မဖျက်ဘဲညအိပ်တာလည်း တစ်ခုအပါ အ၀င် ဖြစ်ပါတယ်။ အဲဒီလို အိပ်စက်ခြင်းက မျက်နှာအသားအရေမှာ အောက်စီဂျင်ပြတ်လပ်၍ ချွေးပေါက်များ ပိတ်သွားကာ ပြည်တည်ဝက်ခြံစိုပေါက်ခြင်း၊ အရွယ်မတိုင်ခင် အရေပြားတွန့် ခြင်း စသည်တို့ ဖြစ်စေ ပါတယ်။
(၄) ဆံပင်ကိုဆီတွေနဲ့ ကြာမြင့်စွာထားခြင်း။
အမျိုးသမီးအများစုက ခေါင်းလျှော်ပြီးတဲ့အခါ အုန်းဆီ(သို့ မဟုတ်)ခေါင်းလိမ်းဆီရွှဲနေအောင် လိမ်းပြီး၊ နောက်နေ့ တွေ ခေါင်းမ လျှော်မချင်း ဆံပင်ကိုအဲဒီဆီတွေနဲ့  ကြာမြင့်အောင်ထားလေ့ရှိပါတယ်။ အဲဒီအပြူ အမူက ဦးရေပြားချွေးပေါက်ပိတ်ကာ၊ ချွေးနဲ့  ဆီတို့ ရော၍ ဆံသားနဲ့ ဦးရေပြားတို့ ချေးညှော်တက်စေပြီး ဆံပင်ကျွတ်ထွက်စေပါတယ်။ ဖြစ်နိုင်ရင် ဆံပင်နဲ့ ဦးရေပြားတို့ ကို ဆီဖြင့်နှိပ်ပြီးနောက် ၁-နာရီခန့် ကြာမှာ ခေါင်းလျှော်ပါ။ လျှော်ပြီးနောက် ဆီ(သို့ မဟုတ်)hair coat ပါးပါးလူး၍ ဆံပင်ရှင်းပေးပါ။
(၅) moisturizer အလှပြင်ပစ္စည်းကို နည်းလမ်းမှန်သုံးစွဲတတ်ပါစေ။
ဝက်ခြံရှိသူများအတွက် ရိုးရိုး moisturizer တစ်မျိုးတည်းပါဝင်သော မိတ်ကပ်၊ ကရင်ပတ်ဖ် တွေသုံးခြင်း ထက်၊ oil free moisturizer အမျိုးအစားကိုသာ ရွေးချယ်သုံးစွဲပါ။
(၆) အိပ်ရေး၀၀မအိပ်ခြင်း။
အိပ်ရေး၀၀အိပ်စက်ခြင်းက အရေပြားများ ကြည်လင်လတ်ဆတ်စေကာ၊ အရွယ်တင်နုပျိုစေပါတယ်။ ညဉ့် နက်မှအိပ်ယာဝင်တဲ့ အလေ့အကျင့်ကို ပြင်ပါ။ တနေ့ မှာ အနည်းဆုံး ၇ (သို့ မဟုတ်) ၈-နာရီကြာအိပ် စက်ပါ။
(၇) ဆေးလိပ်သောက်ခြင်း။
ဆေးလိပ်သောက်ခြင်းက နှလုံး၊ အဆုပ်၊ ကင်ဆာ စသည်ဖြင့် ကျမ္မာရေးကိုအလုံးစုံ ယိုယွင်းစေရုံသာမက၊ မျက်ကွင်းညိုခြင်း၊ နှုတ်ခမ်းအရောင်မဲခြင်း၊ အရေပြားတွေအနီကွက်ထ၍ယားယံခြင်း၊ အရေပြားများအရွယ် မတိုင်ခင်အိုမင်းကာ အရေးကြောင်း များတွန့် ခြင်း စသည်တို့ ဖြစ်လာစေပါတယ်။
(၈) ဆံပင်ကိုခပ်တင်းတင်းစုစည်းချည်နှောင်ထားခြင်း။
ponytail(ခေါ်)ခေါင်းတခေါင်းလုံးရှိ ဆံပင်အားလုံးကို နောက်ဘက်သို့ သိမ်း၍ စုစည်းချည်နှောင်ခြင်းက တခါတရံမှာ အမြင်ဆန်း စေသော်လဲ၊ မကြာခဏလုပ်ခြင်းက နဖူးပြောင်စေပြီး ဆံပင်များ အထွေးလိုက် ကျွတ်ကျလာတတ်ပါတယ်။
(ပေါက်ပေါက်….မျှဝေသည်)
ကျန်းမာရေးစာတိုများစုစည်းမှု

Tuesday, 3 September 2013

နံနက်စာ ပုံမှန်စားလေ့မရှိသူများ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများ

နှလုံး ကျန်းမာရေးသည် မနက်စာ စားသောက်သည့် အလေ့အထနှင့် ဆက်နွယ်မှုရှိပြီး နေ့စဉ်နေ့တိုင်း နံနက်စာကို ပုံမှန် အချိန်ယူ စားသောက်သင့်ကြောင်း သုတေသီများက အကြုံပြု ပြောကြားလိုက်သည်။ Circulation (သွေးလှည့်ပတ်မှု) ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည့် ဆောင်းပါးသည် လူပေါင်း (၂၇၀၀၀)၏ နေထိုင်မှု ဓလေ့စရိုက်နှင့် ကျန်းမာရေး ဆက်နွယ်မှုတို့အပေါ် အခြေခံ သုတေသန ပြုထားခြင်း ဖြစ်သည်။ သုတေသီများက နံနက်စာ မစားဘဲ နေခြင်းသည် နှလုံးတွင် ပြဿနာများ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ကို ပိုမို ကြီးမားလာစေနိုင်ကြောင်း ဆိုသည်။

တစ်ဖက်တွင်လည်း နံနက်စာကို ကျန်းမာရေးနှင့် လျော်ညီသင့်တင့်သည့် ရွေးချယ်မှုမျိုးဖြင့် စားသောက်သင့်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ဟားဗက် ပြည်သူ့ကျန်းမာရေး ဆေးကျောင်းမှ ပညာရှင်များက မနက်စာ လွတ်သွားခြင်းကြောင့် ခန္ဓာကိုယ်သည် ဇီဝကမ္မ ဖြစ်စဉ်များအတွက် ပိုမို အားစိုက် လှုပ်ရှားရလေ့ရှိကြောင်း ရှင်းပြခဲ့သည်။ ထိုအနေအထားကြောင့် ခန္ဓာကိုယ် သွေးလှည့်ပတ်မှုတွင် အဓိက အစိတ်အပိုင်းဖြစ်သော နှလုံးသည် ထိခိုက်မှု ပိုကြီးလာတတ်ကြောင်းလည်း သိရသည်။

ဗြိတိသျှ နှလုံးဖောင်ဒေးရှင်းကလည်း မနက်စာကို လျော်လျော်ကန်ကန် စားသုံးခြင်းသည် လူအများအနေဖြင့် သကြားဓာတ် လွန်ကဲသည့် Snackကဲ့သို့ သရေစာမုန့်များ စားသောက်ခြင်းကို အတားအဆီးတစ်ရပ် ဖြစ်သွားစေလေ့ရှိကြောင်း ထောက်ခံထားသည်။ အသက်(၄၅)နှစ်မှ (၈၂)နှစ်ကြား လူပေါင်း (၂၇၀၀၀)တို့၏ (၁၆)နှစ်ကြာ ကျန်းမာရေး မှတ်တမ်းများနှင့် နေထိုင်မှု ဓလေ့စရိုက်များကို သုတေသီများက ယှဉ်တွဲ လေ့လာခဲ့ပြီး ယင်းတို့အနက် (၁၅၀၀)ခန့်သည် နှလုံးဖောက်ပြန်မှု၊ သေဆုံးသည်အထိ ဆိုးရွားသည့် နှလုံးရောဂါ ထိုးနှက်မှုများနှင့် ကြုံခဲ့ရကြောင်း တွေ့ရှိခဲ့သည်။ အဓိကအားဖြင့် ယင်းတို့အနက် အများစုသည် မနက်စာ ပုံမှန်စားသောက်သည့် အလေ့အကျင့်မျိုး ကင်းကွာနေသည်ကို ဖော်ထုတ်နိုင်ခဲ့သည်။

နှလုံးထိခိုက်မှုကို ထိခိုက်စေသည့် အခြားညွှန်ကိန်းများမှာ ဆေးလိပ်သောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းတို့ ဖြစ်ကြောင်းလည်း ပညာရှင်များက ထပ်မံ အတည်ပြုခဲ့သည်။ သုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ လားကာဟေးလ်က BBCနှင့် အင်တာဗျူးတွင် "ကျွန်မတို့ ပြောချင်တာကတော့ နံနက်ခင်း ကိုယ့်အိမ်မှာ အစားမှန်မှန် စားဖို့ပါပဲ။ အထူးသဖြင့် မနက်အိပ်ရာထပြီး (၁)နာရီ အတောအတွင်းလောက် ဆိုပါတော့။ တစ်ခုခု အကျိုးရှိတယ်ဆိုတာ ဘာမှ အကျိုးမရှိတာထက် ကောင်းပါတယ်။ သေချာတာက ကျန်းမာရေးအရ မျှခြေရှိတဲ့ နေထိုင်မှု ပုံစံတစ်ခုက အမြဲတမ်း ပိုကောင်းတဲ့ဘက်က ရှိတယ် ဆိုတာပါပဲ"ဟု ပြောကြားခဲ့သည်။

သူမက နံနက်စာလွတ်ပြီး နေ့လယ်စာ စားချိန်ထိ အဆာခံနေရခြင်းသည် ရေရှည်တွင် ထိခိုက်မှု များလိမ့်မည်ဟု ဆိုသည်။ "မနက်စာကို လက်လွတ် မခံပါနဲ့။ ခန္ဓာကိုယ်ထဲက ဇီဝကမ္မ ဖြစ်စဉ်တွေအတွက် ပိုအားစိုက်ရရင် သွေးတိုးနိုင်တာမျိုး၊ အဝလွန်တာမျိုး၊ ဆီးချိုဖြစ်တာမျိုး ကြုံရနိုင်တယ်။ အဲဒီအချက်တွေ အားလုံးက နှလုံးကို ထိခိုက်သွားနိုင်တယ်။ ဒါကြောင့် မနက်စာကို လက်လွတ် မခံပါနဲ့"ဟုလည်း ဒေါက်တာကာဟေးလ်က အလေးအနက် ထပ်မံ တိုက်တွန်းသွားသည်။
 Planet

မျက်နှာပေါ်မှာသင်စိတ်တိုင်းမကျဖြစ်နေတာတွေဖြေ၇ှင်းကြ၇အောင်


မျက်နှာပေါ်မှ သင်စိတ်တိုင်းမကျ ဖြစ်စေသော အချက်များကို ဖြေရှင်းရအောင်သင့်မျက်နှာမှာ အဆီပြန်တာ၊ ခြောက်သွေ့ လွန်းတာ၊ တင်းတိပ်တွေ ရှိတာ၊ အနီစက်တွေရှိတာ၊ မှဲ့တွေရှိတာစတဲ့ မျက်နှာပေါ်မှ စိတ်တိုင်း မကျတဲ့ အချက်တွေကို အောက်ပါ နည်းလမ်း အတိုင်းဖြေရှင်းပါ။

(၁) မျက်နှာအဆီပြန်ခြင်း

မျက်နှာမှာ အဆီပြန်လွန်းတာ ကြောင့် အဆီတရွှဲရွှဲနဲ့ ကြည့်ရဆိုးလွန်း တယ်လို့ ထင်နေပါသလား။

ဘယ်လို ဖြေရှင်းမလဲ

မကြာခဏ ကြေးချွတ်တာက အရေ ပြားမှ အဆီတွေကို ပိုမိုထုတ်တာကြောင့် အဆီပြန်စေပါတယ်။ ကြေးချွတ်အား မပြင်းတဲ့သန့်စင် ပစ္စည်းတွေကိုသာ အသုံး ပြုပြီး မျက်နှာသစ်ပါ။ အဆီမပါဝင်တဲ့ အစိုဓာတ် ထိန်းခရင်မ်နဲ့ ရေဓာတ် အခြေခံ ပြုလုပ်ထားတဲ့ မိတ်ကပ်တွေ ကိုသာ အသုံးပြုပါ။

(၂) အသားအရေ ခြောက်သွေ့တာ

အသားအရေ ခြောက်သွေ့တာ၊ ကြမ်းတမ်းတာ၊ အပေါ်ယံ အရေခွံကွာတာ နဲ့ယားယံတာတွေ ဖြစ်တတ်ပါသလား။

ဘယ်လို ဖြေရှင်းမလဲ

 သင်က ရေပှုနဲ့ ရေချိုးတာ၊ ရေကို အချိန်ကြာကြာချိုးတာ၊ ကြေးချွတ်အား ပြင်းတဲ့ ဆပ်ပြာတွေ အသုံးပြုတာတွေ ကြောင့် အရေပြားစွတ်စိုမှုကို ထိန်းပေးတဲ့ အဆီတွေကို ဖယ်ရှားလိုက်တာကြောင့် အသားအရေ ခြောက်သွေ့စေပါတယ်။ ရေချိုးတဲ့အခါ သင့်တင့်တဲ့ ခပ်နွေးနွေးရေ နဲ့သာချိုးပါ။ ကြေးချွတ်အား မပြင်းတဲ့၊ အမွှေးနံ့မပါတဲ့ သန့်စင်ပစ္စည်းတွေကို အသုံးပြုပါ။ အရေပြားကို ပွတ်တိုက်ပြီး ချေးချွတ်တာမျိုး မလုပ်ပါနဲ့။ ရေချိုးပြီး တဲ့အခါ ယူရီယား ဒါမှမဟုတ် လက်တစ် အက်စစ်ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။

(၃) မျက်နှာပေါ် မှဲ့များ

မျက်နှာပေါ်မှာ သိသာထင်ရှားတဲ့ မှဲ့ရှိနေတာကြောင့် တခြားသူတွေ ပိုမိုသတိ ထားမိမှာ စိုးရိမ်နေပါသလား။

ဘယ်လို ဖြေရှင်းမလဲ

အများစုမှာ မှဲ့ ၁၀ ခုကနေ ၄၀ လောက်အထိ ရှိနေတတ်ပါတယ်။ ထင် ရှားကျော်ကြားတဲ့ သရုပ်ဆောင်တွေမှာ လည်း မှဲ့တွေရှိနေတတ်ပါတယ်။ မှဲ့တွေ က ပုံမှန်ပါပဲ။ ဒါပေမဲ့ တချို့တွေမှာ ကင် ဆာ အဖြစ်ပြောင်းသွားတာမျိုးလည်း ရှိ တတ်ပါတယ်။ မှဲ့အရောင် ပြောင်းသွား တာ၊ ပုံသဏ္ဌာန်ပြောင်းသွားတာတွေက အရေပြားကင်ဆာရဲ့ လက္ခဏာဖြစ်နိုင် တာကြောင့် တစ်စုံတစ်ခု အပြောင်းအလဲ ဖြစ်ပေါ်လာပါက အရေပြား ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။

(၄) အရေပြား ကွာကျခြင်း

သင့်အရေပြားရဲ့ အပေါ်ယံအရေ ပြား ကွာကျတာကြောင့် နီရဲပြီး ပူစပ်ပူ လောင်ဖြစ်နေပါသလား။

ဘယ်လိုဖြေရှင်းမလဲ

ရှားစောင်း လက်ပပ်နဲ့ ဖော်စပ်ထုတ် လုပ်ထားတဲ့ အစိုဓာတ် ထိန်းခရင်မ်တွေ က နာကျင်တာနဲ့ အရေပြားကွာကျတာ ကို သက်သာစေပါတယ်။ ရက်အနည်း ငယ်အရေပြားကွာကျတာမျိုးက ခန္ဓာ ကိုယ်က ပျက်စီးနေတဲ့ အရေပြားတွေကို ဖယ်ရှားတာဖြစ်နိုင်ပါတယ်။ အရေပြား ပျက်စီးမှု မဖြစ်စေဖို့ အနည်းဆုံှးင်္ဏ ၃၀ ပါဝင်တဲ့ နေရောင်ကာခရင်မ်ကို အိမ် အပြင်မထွက်ခင် နာရီဝက် ကြိုလိမ်းပါ။

(၅) တင်းတိပ်ထွက်ခြင်း

ထွက်နေတာကြောင့် ပြည့်စုံတဲ့အလှတ ရားကို ပိုင်ဆိုင်ဖို့ အနှောင့်အယှက်ဖြစ်နေ ပါသလား။

ဘယ်လိုဖြေရှင်းမလဲ

တင်းတိပ်မဖြစ်အောင် ကာကွယ်ဖို့ အတွက် အိမ်အပြင်မထွက်ခင် နာရီဝက် ကြိုပြီး နေရောင်ကာခရင်မ်လိမ်းပါ။ တင်း တိပ်တွေကို ဖုံးဖို့ ကွန်ဆယ်လာလိမ်းပါ။ မျက်နှာကြည်လင်ဝင်းပဖို့ ဗီတာမင်စီ ပါ ဝင်တဲ့ခရင်မ်လိမ်းပါ။ တင်းတိပ်တွေ အ ရောင်ဖျော့သွားနိုင်ပါတယ်။

(၆) အနီစက်များ ထွက်ခြင်း

မျက်နှာမှာ အနီစက်လေးတွေရှိနေ တာကြောင့် ဓာတ်ပုံရိုက်ခံရမှာ မဝံ့မရဲ ဖြစ်နေပါသလား။

ဘယ်လိုဖြေရှင်းမလဲ

မျက်နှာမှာ အနီစက်လေးတွေဖြစ်ပေါ်တာက နှင်းခူရှိတာ ဒါမှမဟုတ် ဆပ်ပြာ၊ ခေါင်း လျှော်ရည်၊ အစိုဓာတ်ထိန်းခရင်မ် စတာ တွေနဲ့ ဓာတ်မတည့်တာကြောင့် ဖြစ် တတ်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီးလိမ်း ဆေးလိမ်းသင့်ပါတယ်။ အနီစက်တွေကို ဖုံးအုပ်လိုပါက ကွန်ဆယ်လာခပ်ပါးပါး လိမ်းပြီး ဖုံးပေးပါ။

(၇) နှုတ်ခမ်းကွဲခြင်း

နှုတ်ခမ်းခြောက်သွေ့ပြီး ကွဲအက် တာကြောင့် ဆွဲဆောင်မှုလျော့နည်းမှာ တွေးပူနေပါသလား။

ဘယ်လို ဖြေရှင်းမလဲ

နှုတ်ခမ်းကို လျှာထုတ်ပြီး တံတွေး စွတ်တာမျိုး မလုပ်ပါနဲ့။ နှုတ်ခမ်းစိုမယ့် အစား ပိုမိုခြောက်သွေ့သွားနိုင်ပါတယ်။ တစ်နေ့ကို ရေရှစ်ဖန်ခွက်သောက်ပေး တာက နှုတ်ခမ်းတစ်ခုတည်းသာမက ခန္ဓာကိုယ်တစ်ခုလုံးကို ရေဓာတ်ဖြည့်ပေး ပါတယ်။ နှုတ်ခမ်းခြောက်တာ သက်သာ စေရုံသာမဘဲ ဆွဲဆောင်မှုပိုစေဖို့ နေရောင် ကာခရင်မ်ပါဝင်ပြီး နှုတ်ခမ်းစွတ်စိုမှုကို အားပေးတဲ့ ပျားဖယောင်း ဒါမှမဟုတ် ရေနံဂျယ်လီပါဝင်တဲ့ နှုတ်ခမ်းဆိုး ဆေး ဆိုးပါ။

(၈) ပါးစပ်တွင် ရေယုန်ပေါက်ခြင်း

သင့်နှုတ်ခမ်းမှာပေါက်နေတဲ့ ရေ ယုန်ကို မြင်သူတိုင်းက မေးမြန်းလွန်းတာ ကြောင့် စိုးရိမ်စိတ်ဝင်နေပါသလား။

ဘယ်လိုဖြေရှင်းမလဲ

နီရဲနေပြီး အရည်ကြည်ဖုလိုမျိုး ဖြစ် နေတာက ရေယုန်ပေါက်တာပါ။ ရေယုန် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး တစ်ပတ်လောက် အကြာမှာ ပေါက်ကင်းနိုင်ပါတယ်။ နာ တာသက်သာစေဖို့အတွက် ရေခဲကပ်ပေး ပါ။ ရေယုန် ဖြစ်နေတဲ့နှုတ်ခမ်းနေရာမှာ ပျော့ပျောင်းနေစေပြီး ကွဲအက်မှုမဖြစ် အောင်နှုတ်ခမ်းဆိုးဆေးအဆီ လိမ်းထား ပါ။

(၉) မျက်ခုံးမွေးထူခြင်း

မျက်ခုံးမွေး ထူလွန်းတာကြောင့် သင့်မျက်နှာမှာ ခူကောင်နှစ်ကောင် တင်ထားတဲ့ ပုံစံနဲ့ ဆင်တူနေလို့ စိတ်အလို မကျဖြစ်နေပါသလား။

ဘယ်လို ဖြေရှင်းမလဲ

မျက်ခုံးမွေးထူတာကို ဖြေရှင်းဖို့ အ လွန်လွယ်ကူပါတယ်။ ပုံမှန်လိုချင်တဲ့ မျက်ခုံးမွေးအတိုင်းရနိုင်ဖို့ မလိုအပ်ဘဲ ပိုနေတဲ့မျက်ခုံးမွေးတွေကို ဇာဂနာနဲ့ နုတ် ပေးပါ။

ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)

ကျောက်ကပ်ပျက်စီးစေနိုင်သောအချက် (၁၀)ချက်



-ဆီးအိမ်ထဲတွင်ဆီးကျန်နေခြင်း(ဆီးကုန်စင်အောင်စွန်.ပစ်မှုမရှိခြင်း)။
-လုံလောက်သောရေပမာဏရရှိအောင်သောက်သုံးမှုမရှိခြင်း။
-ဆားများများစားသုံးခြင်း။
-ကူးစက်ပျံ့နှံ.နိုင်သောရောဂါများကိုလျင်မြန်ထိရောက်စွာကုသမှုမရှိ
ခြင်း။
-အသားများများစားသုံးခြင်း
-လုံလောက်သောအစာအဟာရပြည်.၀စွာမရရှိခြင်း
-အကိုက်အခဲပျောက်ဆေးအလွန်အကျွံသုံးခြင်း
-ဆေးပုံမှန်သောက်သုံးမှုမရှိခြင်း
-အရက်အလွန်အကျွံသောက်သုံးခြင်း
-လုံလောက်စွာအနားယူမှုမရှိခြင်း

By-Daily Health Tips

အစဉ်ကျန်းမာဖို့ရေချိုနည်း


လူတိုင်းကျန်းမာစွာနေခြင်ကြတယ်။ကျန်းမာမှကိစ္စအ၀၀ကိုလုပ်လို့ရတယ်။
ကျန်းမာဖို့နည်းလမ်းအသွယ်သွယ်ထဲမှာ -ရေချိုးနည်းမှန်ဖို့လည်းပါ ပါတယ်။


ရေချိုးနည်းကတော့ရေကိုဘယ်အချိန်ဘဲချိုးချိုး

ပထမဆုံးဒူးအထက်ကနေရေခွက်နှင့်တစ်ဖက်တစ်ခွက်စီလောင်းလိုက်ပါ။

ဒုတိယအနေနဲ့ရေ တစ်ခွက်နှင့်ခါးပတ်ပတ်လည်ကိုလောင်းပါ။

နောက်တစ်ခါရေတစ်ခွက်နှင့်ပုခုံးနှစ်ဖက်စလုံးကိုမျှတစွာလောင်းပါ

နောက်ဆုံးခေါင်းကနေတစ်ခွက်လောင်းပါ။
(ခေါင်းမလျှော်သူများအတွက်နဖူးပေါ်ကလောင်းပါ)

အဲဒီလိုတစ်ဆင့်ပြီးတစ်ဆင့်ရေ(၅)ခွက်ကိုဆက်လောင်းပြီး
သွားတိုက်ခြင်းအမှုကိုပြုပါ။

သွားတိုက်နေစဉ်အတွင်းမှာခန္ဓာကိုယ်မှအပူတွေတရှိန်းရှိန်းထွက်လာလိမ့်မယ်

သွားတိုက်ပြီးမိမိတို့ချိုးနေကြအတိုင်းဆက်ချိုးပါ။

ဒါဆိုရင်ရေချိုးမှားတယ်ဆိုတာမရှိတော့ဘဲကျန်းမာ
ရေးကောင်းမွန်လာစေမှာဖြစ်ပါတယ်။

(အမရပူမရမြို့မဟာဂန္ဓာရုံကျောင်းတိုက်မှအရှင်တိလောက၏
စေတနာကိုထပ်ဆင့်ပွားသည်)

credit: မြန်မာတို့အတွက်ဆေးမြီးတို

Wednesday, 29 May 2013

Do you Know? လွယ်ကူ ပေါ့ပါး နည်းလမ်းများ



မူးမော်သူများ၊အညော်မိတက်သူများ အနေဖြင့် ကြက်ဟင်းခါးရွက်ကို ပွတ်ခြေကာ ရူပေးခြင်းဖြင့်သက်သာစေပါသည်။
ဓါးတွင် ကြက်သွန်နံ့များမပျောက်ပါက အာလူးအခွံနဲ့ ပွတ်တိုက်ပါ။တအောင့်ကြာလျင် ဆပ်ပြာဖြင့်ပွတ်တိုက်ဆေးကြောပါ
ဖိနပ်လည်သာများ အရောင်တင်လိုပါက ငှက်ပျောသီးအတွင်းခွံနဲ့ ပွတ်တိုက်ပေးပါ။ ပြောင်စင်လာပါလိမ့်မည်။
အမှိုက်ပုံးများအနံ့ထွက်နေလျင် သံပုရာသီးအခွံများကိုထည့်ပြီး အဖုံးအုပ်ထားလိုက်ပါ။ခဏကြာလျင်
အနံ့များပျောက်သွားပါလိမ့်မည်။

သစ်ခွပင်များကိုရေလောင်းပါက ရေအစား ရေခဲတုံးလေးများထည့်ပေးခြင်းက ပိုမိုလွယ်ကူအဆင်ပြေစေပါလိမ့်မည်။

မျက်နှာတွင်ဝက်ခြံများပေါက်နေပါကသံပုရာရည်နစ်စက်၊ဆားနှင့်အပွေးကုန်သွားသောသနပ်ခါးတုံးကို ရော
ကာသွေးလိမ်းပါ။ပေါက်ကင်းပါလိမ့်မည်။
အဆီပြန်သူများအတွက် သလဲသီးနှင့် မျက်နှာကို ပွတ်တိုက်ပေးပါ။သက်သာပါလိမ့်မည်။

နှလုံးအားနဲနေသူများအတွက် ချောကလက်နှင့် ပန်းသီးကို ကျွေးပေးပါ။

အသားဟင်းများ အနူးလိုနေလျင် သဘောင်္သီးအစိမ်း ထည့်ချက်ပါ။အလျင်အမြန်နူးပါလိမ့်မည်။

နှာစေးနှာပိတ်နေသူများအတွက် ခြေထောက်ကို အနွေးဓာတ်ရစေရန် ဖယောင်းတိုင် (သို့မဟုတ်)
မီးခဲ ဖြင့် ခြေဖ၀ါးကိုကင်ပေးပါ။နွေးနေအောင်ကင်ပေးပါ။
ဆံသားတွေကျန်းမာနေစေရန် ဦးရေပြားကို ငါးမိနစ်လောက် နှိပ်ပေးပါ။
FWD Mail
amalinaeds@gmail.com

ကျန်းမာနေသော အမျိုးသားတို့၏ လက္ခဏာ (၅)ရပ်

(၁) လက်သည်း ပန်း
ကျန်းမာသော အမျိုးသားတို့၏ လက်သည်းခွံမှာ ပန်းရောင်ရှိပြီး သန်စွမ်းကာ ချောမွေ့နေကျပါတယ်။ လက်သည်း အရောင်ဖျော့ပြီး လက်သည်းတွေ အပြောင်းအလဲဖြစ်တာဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာရှိတာ၊ သံဓါတ်ချို့တဲ့တာတွေလို အခြေခံ ကျန်းမာရေးပြသနာတွေရဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။

 
(၂) ဆီးအရောင် ၀ါဖျော့ဖျော့ရှိခြင်း
ကျန်းမာနေတဲ့ လူတစ်ဦးအတွက် ပုံမှန်ဆီးအရောင်က ၀ါဖျော့ဖျော့ပါ။ ဆီးအရောင် ၀ါရင့်ရင့် နဲခပ်ပျစ်ပျစ်ဆိုရင် တော့ ရေဓါတ်ခမ်းခြောက်ပြီး   ရေများများသောက်ရန် လိုအပ်နေတာပဲ ဖြစ်ပါတယ်။

 
 
(၃) သုတ်လွှတ်ချိန်အတွင်း သုတ်ရည်သည် လက်ဖက်ရည်းဇွန်း (၁)ဇွန်းခန့်ရှိခြင်း
သုတ်ရည်ရဲ့ အတိုင်းအတာပမာဏအပြင် သုတ်ရည် အပျစ်အကျဲ နဲ့ အရောင်ကလည်း အမျိုးသားတွေ တစ်ဦး ကျန်းမာရေး ကောင်းမကောင်းဖော်ပြနိုင်တဲ့ သဲလွန်စတစ်ခုပါ။ ကျန်းမာနေတဲ့ အမျိုးသားတစ်ဦးရဲ့ သုတ်ရောင်ဟာ အဖြူရောင် (သို့) ဖြူရော်ရော်ခဲရောင်မျိုးဖြစ်တတ်ပြီး စေးကပ်ကပ်ဖြစ်ပါတယ်။ ပမာဏအားဖြင့် လက်ဖက်ရည်တစ်ဇွန်း ခန့်ရှိရမှာ ဖြစ်ပြီး အဆိုပါအချက်များထဲမှ (၁)ခုခု ချွတ်ယွင်းနေလျှင် အမျိုးသား မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်တာမို့ နားလည်တဲ့ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
 
 
(၄) နားနေချိန်အတွင်း တစ်မိနစ် နှလုံးခုန်နှုန်း အကြိမ် (၇၀) ရှိခြင်း
ယျေဘုယျ အားဖြင့် ကျန်းမာနေတဲ့ အမျိုးသားတွေရဲ့   ယျေဘုယျ နှလုံးခုန်းနှုန်းဟာ နားနေချိန်မှာ တစ်မိနစ်ကို အကြိမ် (၇၀-၇၅) ကြိမ် ရှိပါတယ်။ နှလုံးခုန်အတိုင်းအတာဟာ အပြင်ဘက်ရောက်နေရင်တော့ ကျန်းမာရေး ပြသနာရှိနေကြောင်း သတိပြုမိသင့်ပါတယ်။

 



(၅) ခန္ဓာကိုယ်အရေပြား ဆွဲဆန့်နိုင်ခြင်း
လက်ရဲ့ နောက်က အရေပြားကို ဆွဲကြည့်ပါ။ ချက်ချင်းပြန်ကပ်သွားရင် ကျန်းမာရေးကောင်းပြီး ရေဓါတ်ပြည့်ဝ နေပါတယ်။ အချိန်ကြာမှ ပြန်ကပ်သွားရင်   ရေဓါတ်ခမ်းပြီး   ရေများများသောက်ရန် လိုအပ်နေပါသည်။



မြန်မာသူငယ်ချင်းများအဖွဲ့မှ  HELL GATE ရဲ့ပို့စ်လေးပါ။


ကိုယ်သင်းနံ့လေး.....မွှေးစေဖို့ (ယောက်ျားများအတွက်အထူး)


လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ်သင်းနံ့လေးကောင်းမွန်မှသာ မိမိကိုယ်မိမိယုံကြည်မှုရှိပြီး ပေါင်းသင်းဆက်ဆံရေး မှာလည်း အောင်မြင်မှာပါ။ တချို့ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပြီး အမွှေးနံ့သာတွေနဲ့ဖုံးအုပ်တတ်ပါတယ်။



ဒါပေမဲ့ တကယ့်စစ်မှန် တဲ့ ကိုယ်သင်းနံ့ကိုတော့ မပိုင်ဆိုင်နိုင်ပါဘူး။ လူ့ခန္ဓာကိုယ်မှအနံ့ဆိုးထွက်ရတဲ့ အကြောင်းရင်း တွေထဲမှာ လိင်အမျိုးအစား အလိုက်လည်းကွာခြားပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ချွေးနံ့ပိုထွက် လေ့ရှိပါတယ်။ ဒါတွေအပြင်နေ့စဉ်စားသုံး နေတဲ့ အစားအစာတွေနဲ့ဆေးဝါးတွေကလည်းချွေးနံ့ထွက်စေတဲ့ ကိစ္စတွေပါပဲ။

လူကတော့ စမတ်ပဲ။ စမဲက ဖျက်နေတာ

ကျန်းမာရေးချို့တဲ့ခြင်း၊ ဆေးပြင်းပြင်း များမှီဝဲခြင်း၊ အရက်သောက်ခြင်း၊ ဇင့်ဓာတ်လျော့နည်းခြင်းနဲ့ တစ်ကိုယ်ရေသန့် ရှင်းမှု မရှိခြင်းတွေကတော့ ခန္ဓာကိုယ် မှအနံ့ဆိုးထွက်စေတဲ့ အဓိကအကြောင်းအရာတွေလို့ လေ့လာတွေ့ရှိရပါတယ်။

ချွေးနံ့သက်သာစေမည့် အစားအစာများအမျှင်ဓာတ်ပြည့်ဝတဲ့ အစားအစာများ၊ ဂျုံနဲ့လုပ်တဲ့စားသောက်ဖွယ်ရာများ၊ အစိမ်းရောင်ခြယ်အသီးအနှံများ၊ဟင်းသီးဟင်းရွက်များနဲ့ မုန်လာဥနီကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းက ကိုယ်သင်းရနံ့ ကောင်းအောင် အထောက်အပံ့ဖြစ်စေပါတယ်။

ချွေးနံ့သက်သာစေမည့် အပြုအမူများ ချွေးနံ့သက်သာစေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးက အလွန်အရေးကြီးပါတယ်။ နေ့စဉ် ရေမှန်မှန်ချိုးပြီး တစ်နေ့အဝတ် အစားတစ်နေ့ပုံမှန်လျှော်ပါ။ အဝတ်အစားများကို မလျှော်ဘဲထပ်တလဲလဲ ဝတ်ဆင်ခြင်းကိုတော့ လုံးဝရှောင်ကြဉ် သင့်ပါတယ်။ အခါအားလျော်စွာ ချွေးနံ့ထွက်စေတဲ့ နေရာများကို သန့်စင်တဲ့အဝတ်စ၊ တစ်သျှူးစတွေနဲ့ ပွတ်တိုက်ပေးပါ။   ရေများများသောက်ခြင်းကလည်း ချွေးနံ့ဆိုးများသက်သာစေတဲ့ နည်းလမ်းပါပဲ။ ပူပြင်းတဲ့ရာသီဥတုမှာအေးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားများကိုသာဝတ်ဆင်ပါ။ ဒါပေမယ့်လက်ပြတ်အင်္ကျီဝတ်ဆင် ခြင်းကိုတော့ ရှောင်ကြဉ်ပါ။ ချွေးနံ့ကိုအတိုင်းသာ ပေါ်လွင်စေလို့ပါပဲ။


အဲ့ဒီလောက်အထိ ဆိုးမသွားစေနဲနော်

ချွေးနံ့သက်သာစေမည့် နည်းလမ်းများ

- ရှာလကာရည်ကတော့ ချွေနံ့အတွက် အစွမ်းထက်တဲ့ အိမ်တွင်းဆေးဝါးကောင်းပါပဲ။ ဂွမ်းနဲ့တို့ပြီးချွေးနံ့ထွက်စေတဲ့ ချိုင်းကြားနေရာတွေကို သုတ်လိမ်းပေးနိုင်ပါတယ်။ ချိုင်းမွေးနုတ်ပြီး ဒါမှမဟုတ် ရိတ်ပြီး စမှာတော့ ရှာလကာ ရည်ကို မသုံးဖို့သတိပြုပါ။

- မုန့်ဖုတ်ဆော်ဒါနဲ့ ရှောက်ရည်၊ သံပရာရည် စတာရောစပ်ပြီးသုတ်လိမ်းပေးခြင်းကလည်း   ချွေးနံ့သက်သာစေပြီး ဘက်တီးရီးယားပိုးများကိုလည်း သေစေနိုင်ပါတယ်။

- ရေချိုးကန်ထဲမှာ ခရမ်းချဉ်သီးရည် ဒါမှမဟုတ် ပျားရည် အနည်းငယ်ထည့်ပြီး ၁၅ မိနစ်ခန့်   ရေစိမ်ပေးခြင်းကလည်း ကိုယ်သင်းနံ့မွှေးစေနိုင်ပါတယ်။ အာလူးကို ပါးပါးလှီးပြီးချိုင်းကြားမှာ ကပ်ပေးပါ။ ခြောက်သွေ့သွားတဲ့အခါ ခွာပြီး ရေဆေးပေးရင် တစ်နေ့တာလုံး ချွေးနံ့ကင်းစင်စေမှာပါ။

- ခန္ဓာကိုယ် အနံ့ဆိုးထွက်စေတဲ့ အကြောင်းအရာတွေထဲမှာ ခြေဆီလို့ခေါ်တဲ့ ခြေထောက်မှ ထွက်တဲ့ ချွေးနံ့ကလည်း ပါဝင်ပါတယ်။ ဒါကြောင့်ခြေဖဝါးနဲ့ ခြေချောင်းလေးများကို နေ့စဉ် ချေးချွတ် သန့်စင်ပေးပြီး ဖိနပ်စီးရာမှာလည်း လေဝင် လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကိုစီးပါ။

By: Good Health

FWD Mail

Sunday, 25 September 2011

လေဖြတ်ခြင်းကို အနိုင်ယူပါ။

      မှတ်ချက်- emailမှ ရထားသော အကြောင်းအရာတစ်ခုကို မျှဝေထားတာပါ။ အမှန်အမှား သိတတ်နားလည်တဲ့ သူက ထောက်ပြပေးပါ။ လေဖြတ်ချင်း ဟုတ်မဟုတ် စစ်ဆေးရမယ့် အချက်က ရိုးစင်းသလို အန္တရာယ်မရှိတာကြောင့် မျှဝေပေးလိုက်ပါတယ်။ 
          လေဖြတ်ခြင်းဟာ ဦးနှောက်ကြွက်သားတွေကို ထောက်ပံ့နေတဲ့ သွေးကြောပေါက်ခြင်း (သို့ ) ပိတ်ခြင်းကြောင့် ဖြစ်ရပါတယ်။ လေဖြတ်ခြင်းရဲ့  ဆိုးကျိုးတွေနောက်ဆက်တွဲတွေကို အားလုံးသိကြမှာပါ။ လူတစ်ယောက်ဟာ ပုံမှန်မသန်စွမ်းတော့ဘဲ အိပ်ရာပေါ်မှာ နေသွားရဖို့ များပါတယ်။ အိပ်ရာပေါ်မလဲတောင် ပုံပျက်ပန်းပျက်နဲ့  အသက်ရှင်သွားရမှာပါ။ ဖြစ်ပြီး မကြာခင်မှာလဲ အသက်ဆုံးနိုင်ပါတယ်။ ဒါကြောင့်လေဖြတ်မှန်းသိပြီး ချက်ချင်းကုနိုင်ဖို့  အောက်ပါရိုးရှင်းတဲ့  အချက်ကလေးတွေကို မှတ်ထားစေချင်ပါတယ်။

ဖြစ်ရပ်တစ်ခု။


          ဧည့်ခံပွဲတစ်ခုမှာ ကျွန်တော့် သူငယ်ချင်းမတစ်ယောက်ဟာ ခလုတ်တိုက်ပြီး လဲကျသွားပါတယ်။ အားလုံးက ဆေးရုံကားခေါ်ပေးမယ်လုပ်တော့ သူမက ဘာမှမဖြစ်ပါဘူး၊ အုတ်ခဲကို ခလုတ်တိုက်မိလို့  လဲသွားတာပါလို့ ပြောပြီး စားစရာ ဆက်စားပါတယ်။ သူမကြည့်ရတာ မူပျက်နေတယ်ထင်ရပေမယ့် ဧည့်ခံပွဲပြီးတဲ့ အထိ နေသွားပါတယ်။ ညကျမှ သူ့ အမျိုးသားလှမ်းဖုန်းဆက်လို့  ကျွန်တော်တို့ သိလိုက်ရတာက သူမကို ညနေ ၆ နာရီမှာ ဆေးရုံတင်လိုက်ရပြီး ဘာမှမလုပ်ရသေးခင် မှာပဲ ဆုံးသွားပြီဆိုတာပါပဲ။ တကယ်ဝမ်းနည်းစရာကောင်းတဲ့  အဖြစ်ပါ။

          တကယ်တော့ – သူမဟာ ဧည့်ခံပွဲမှာကတည်းက လေဖြတ်ခြင်းကို စတင်ခံစားခဲ့ရတာဖြစ်ပါတယ်။ ဘေးနားကလူတွေ ကသာ လေဖြတ်ခြင်းရဲ့  လက္ခဏာတွေကို ခွဲခြားသိနိုင်ခဲ့ မယ်ဆိုရင် သူမဟာ ဒီနေ့ ထိ လူ့ လောကမှာ ရှိနေဦးမှာ ဖြစ်ပါတယ်။ အချိန်မှီ သိနိုင်မယ်ဆိုရင် ဦးနှောက်နဲ့  အာရုံကြော အထူးကုဆရာဝန်ကြီး တစ်ယောက်ကတော့ လေဖြတ်တယ်လို့  သိသိရခြင်း ၃ နာရီအတွင်း လူနာဟာ ဆရာဝန်နဲ့ တွေ့ ခွင့်ရမယ်ဆိုရင် ပြန်ကောင်းနိုင်ပါတယ်လို့  ပြောပါတယ်။
-          လေဖြတ်တာလို့ ချက်ချင်းစမ်းသပ် အတည်ပြုနိုင်ပါမယ် ဆိုရင် -
-          ဖြစ်ဖြစ်ချင်း အနည်းဆုံး ၃ နာရီအတွင်းမှာ လူနာကို ဆေးကုသမှု ခံယူစေနိုင်ရင် -
အခြေအနေတွေ အများကြီးကောင်းလာနိုင်ပါတယ်။


လေဖြတ်ခြင်းရဲ့  ရုတ်တရက်လက္ခဏာများ


          Stroke လို့ ခေါ်တဲ့  လေဖြတ်ခြင်းဟာ ဦးနှောက်အတွင်းပိုင်း သွေးကြော တစ်ခုခုပေါက်လို့ ၊ ဒါမှမဟုတ် ပိတ်သွားလို့ ဦးနှောက်တစ်နေရာမှာ သွေးမရတော့ဘဲ အလုပ်မလုပ်နိုင်တဲ့  အတွက် ခန္ဓာကိုယ် ထိခိုက်သွားတာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့အတွက် လေဖြတ်ခြင်းရဲ့ လက္ခဏာတွေက တစ်ခါတစ်လေမှာ ခွဲခြားရခက်ပါတယ်။ ကံဆိုးချင်လို့ ဘေးလူတွေက မသိ နားမလည်ရင်တော့- အခြေအနေတွေ ဆိုးလာနိုင်တာပေါ့။


လေဖြတ်ခြင်းခံနေရတယ် ဆိုတာ ဘယ်လို သိနိုင်ပါသလဲ။


အရင်ဆုံး လူနာကို
-          (S=Smile) လူနာကိုပြုံးခိုင်းပါ။ (ပုံမှန်ပြုံးသလိုဖြစ်ရဲ့ လား၊ရွဲ့ နေစောင်းနေလားကြည့်ပါ)
-          (T=Talk) စကားပြောခိုင်းပါ။

-          လူနာကို လျှာထုတ်ခိုင်းပါ။ (လျှာဟာ လိမ်ခေါက်ပုံပျက်ပြီး တစ်ဖက်ဖက်ကို စောင်းနေမယ် ဆိုရင်တော့ လေဖြတ်တာ သေချာပါတယ်။)
-          (R=Raise both arms) လက်နှစ်ဖက်မြှောက်ခိုင်းပါ။


          ဒီလို STR ဒါတွေအကုန် ချောချောမွေ့ မွေ့ လုပ်နိုင်တယ်ဆိုရင်တော့ – လေဖြတ်ခြင်းမခံရဘူးပေါ့။
တစ်ခုခုကို မလုပ်နိုင်ခဲ့ ဘူးဆိုရင်တော့ (E=Emergency) အရေးပေါ်ဖြစ်လို့  ဆေးရုံတင်မှရပါမယ်။

ဘယ်သူရေးထားတယ်ဆိုတာကို မသိပါဘူး။ မေးလ်ထဲကို ပို့လာတာလေးကို သူငယ်ချင်းတို့လည်း ဗဟုသုတအဖြစ်သိရအောင် မျှဝေးလိုက်ခြင်းသာဖြစ်ပါတယ်။

စာရေးသူ - နေ၀န်းနီနီ (အညာသားဂရုဖ်မှ)