စပြီး ၊ မသမာနည်းတွေကို ၊ ရင်မောင် သင်ပေးပါတော့မယ်ခင်ဗျာ ၊ သိသလောက်လေးပေါ့နော် ။
ကိုယ့်ဘ၀ရယ်က ၊ မရေမရာ ရေမှာနွမ်းတဲ့ ဗေဒါပန်းရယ်လေ ၊ Mozilla Firefox သုံးသူတွေတို့ရေ
ကိုယ်သုံးနေတဲ့ Mozilla Firefox လေးဟာ အရမ်းကို အသုံးဝင်ပါတယ် ။ ဘယ်လိုအသုံးဝင်သလဲ။
မိမိနှစ်သက်တဲ့ ပုံလေးတွေယူတဲ့ အခါမှာ ၊ အများသိကြတာက Save Image As လေးနဲ့ယူလိုက်
ကြတာများပါတယ် ။ တချို့ သူများစာမျက်နှာ နောက်ခံတွေကိုနှစ်သက်ပြီးလိုချင်မိတာမျိုး ရှိသလို
ယူမရဘူးထင်တဲ့ မည့်သည့်ပုံမျိုးမဆို ၊ ဒီလိုလေး ခိုးရအောင်နော် ။Mozilla Firefoxဆော့ဖ်ဝဲလ်
အသုံးပြုသူတွေအတွက်ပါ ။

ရင်မောင်ကတော့ ပြောမနာ ဆိုမနာ မေသဇင်စာမျက်နှာက ပုံကို ခိုးပြပါတော့မယ် အပေါ်ကဆုံး
ဘုရားပုံလေးကို လိုချင်တယ်ဆိုပါစို့ ၊ Save Image As လုပ်လို့မရပါဘူး ဒါမျိုးတွေက ၊ ဒီတော့
မောက်စ် ညာဘက်ခလုပ်လေးကို နှိပ်လိုက်ပြီး ။ ပေါ်လာတဲ့ စာပြားလေးထဲက ၊ မျှားထောက်
ထားသောနေရာလေးကို နှိပ်ပါ ။

♣ ♣ ♣ မှားပြထားသော နေရာလေးကိုကလစ်ပါ♣ ♣ ♣

♣ ♣ ♣ ပေါ်လာတဲ့ လင့်ခ်လေးတွေကို ကလစ်ကြည့်ပါ♣ ♣ ♣

တွေ့ပြီဟုတ်” ယူမရဘူးဆိုတဲ့ ပုံမှန်သမျှ အခုတော့ရပါပီ ။ လိုချင်တဲ့ပုံလေး ပုံလေးကို SaveAs
လုပ်လိုက်ယုံပါဘဲ ။ ထပ်ပြောမယ် ၊ ကိုယ်ယူတဲ့ပုံကို ကွန်နရှင်ကျတဲ့အခါမျိုးမှာ အလွယ်တကူ
ကော်မန့် လက်ဆောင်ပေးချင်ရင်တော့ ပေါ်နေတဲ့လင့်ခ်လေးတွေကို ကော်ပီ သိမ်းထားလိုက်ပါ
ပြီးတာနှင့် ဒီကုဒ်လေးရဲ့ကြားမှာ လင့်ကိုထဲ့ပေးပါ <img src=ဒီနေရာမှာ.jpg> ကော်မန့် ပေးတဲ့
ဘောက်ထဲမှာ HTML ကိုအရင်နှိပ်ပါ ။ ကုဒ်တွေကို copy လုပ်ပြီး paste ချလိုက်ပါ ။ ပုံလေးပေါ်လာ
ပါလိမ့်မယ် ။ ပြီးရင်တော့ ကော်မန့် ပေးလိုက်ပေါ့နော် ။ ဆိုဒ်ရဲ့ ခေါင်းစည်း နောက်ခံ ဘက်ဂရောင်း
ပုံကအစ မည်သည့်ဆိုဒ်မှာမဆိုယူလို့ရပါတယ် ။ ဒါက ယူနည်း(ခ)ခိုးနည်း အဟီးးးးး ။
နောက်တမျိုးခိုးနည်း ။ ဘလောက်ဆိုဒ်တွေမှာ ဘေးဘောက်လေးတွေမှာ လမ်းညွှန်
လင့်ခ်လေးတွေ ချိတ်ထားတတ်ကြပါတယ် ။ ကိုယ်ကလည်းလုပ်မတတ် အချိန်ကလည်း
မရ ဖြစ်နေရင် ။ စမိုင်းလေး ဆီကနေ ကျွန်တော် ခိုးသလိုမျိုး ခိုးလို့ရပါတယ် ။ ဘာကြောင့်ခိုးလဲ
ဆိတ်လေးရဲ့ ကုဒ်တွေက နိုင်ငံခြား ကုဒ်တွေဆိုတော့ ကောင်းတယ်လေ ။ ဒါကြောင့် ခိုးတာပါ
ခိုးပြီးတာနဲ့ ပိုင်ရှင်မသိအောင် အရောင်ပြောင်းခြင်း ကိုယ်ခိုးလာတဲ့ ဆိုဒ်ရဲ့လိပ်စာတွေကို . .
ဖျက်ထုတ်ပြီး ကိုယ့်လုပ်ထားသလိုလို ပြင်လို့ရပါတယ်ခင်ဗျ ။ အနော်ကတော့ မပြင်ဘူး ကိုယ်မှ
မတတ်တာ ၊ ယူရင်ယူတယ်ပေါ့ ခိုးတယ်ပြောရင်လည်း ခိုးတယ်ပေါ့ဗျာ ။ မူရင်း အရောင်အတိုင်း
ခိုးပြိး ဆင်ထားလိုက်တယ် ။ ဒီတော့ ဆိတ်မိုင်းလေး သိသွားပေါ့ ။ သူက ကျွန်တော့်ကို ပြောဘူး
မေသဇင်ကိုမေးတယ် ။အဲဒီကုဒ်တွေ ဘယ်သူဆင်ထားတာလဲတဲ့ ။ဟိုကလည်း လိမ်လိုက်ပါတယ်
ရင်မောင်ဆင်ထားတာတဲ့ “ သေရော ” ဟီးးးး ။ ညီကိုချင်းတော့ ထားပါတော့လေ ။ ဘယ်လိုခိုး
မလဲ” ။ အပေါ်ဆုံးပုံမှာ ပြထားသလို မောက်စ် ညာဘက်ခလုပ်လေးကို နှိပ်လိုက်ပြီး ။ ပေါ်လာတဲ့
စာပြားလေးထဲက ၊ view Selection Source ဆိုတဲ့စာတန်းလေးကို ကလစ်လိုက်ပါ . . . . . . . .
DOM Source of Selection Mozilla Firefox ဆိုတဲ့ စာမျက်နှာတခု ပေါ်လာပါလိမ့်မည် ။ ဒီအထဲ
ရှိနေတဲ့ ကုဒ်မှန်သမျှ ကော်ပီယူလိုက်ပါ ။ ကိုယ်လုပ်ထားသလို ဖေါ်ပြချင်ရင်တော့ Microsoft
ထဲမှာ ဖျက်စရာရှိတာဖျက် ညှက်စရာရှိတာညှက်ပြီး ၊ မိမိရဲ့ ကိုယ်ပိုင်ဘလောဂ်မှာပဲဖြစ်ဖြစ် . . . .
ကုဒ်တွေ ကော်ပီထဲ့ပြီး အောက်ပုံလေးအတိုင်း လမ်းညွှန်လို့ရပါပြီး ။ ning.com ဆိုတဲ့ဆိုဒ်ထဲက
မိမိစာမျက်နှာမှာထဲ့ချင်ရင်တော့ ။ စာရေးရန်နေရာဆိုတဲ့ ဘောက်လေးထဲမှာ HTML ကိုအရင်
နှိပ်ပါ ။ ကုဒ်တွေကိုကော်ပီထဲ့ချလိုက်ပါ ပြီးရင် HTML ကိုပြန်နှိပ်လိုက်ပါ ။ အဆင်ပြေသွားပါပြီ ။
♣ ♣ ♣ ဒီလိုလေးပေါ့ ♣ ♣ ♣

နောက်တနည်းက ၊ သိမ်းနည်း ဘာတွေသိမ်းမလည်း ၊ ကိုယ်သွားချင်တဲ့ စာမျက်နှာတွေကို လင့်ခ်
သိမ်းထားမည့်အစား ၊ အခုလိုလေးသိမ်းထားတာ ၊ ခေါင်းမရှုပ်ရတော့ဘူး ၊ ဒါပေမယ့် Mozilla Fir
efox ဆော့ဖ်ဝဲလ်ကို ဖြုတ်ချပြီး အသစ်ပြန်တင်ရင်တော့ ၊ သိမ်းထားတာလေးတွေ ၊ မရှိတော့ဘူး
ဒီလိုမပျောက်ချင်ရင်တော့ ယခု သိမ်းပြထားတဲ့ ဆိုဒ် page လေးတွေကို ကိုယ်စက်ထဲမှာ . . . ။
Disk(D) ၊ Disk(E) ဆိုတဲ့နေရာတွေမှာ folder လုပ်ပြီး သိမ်းထားနိုင်ပါတယ် ။ လောလောဆယ်
Mozilla Firefox ထဲမှာ အလွယ်တကူ သိမ်းနည်းပြပါ့မယ်။ပုံမှာပြထားသလို တခုချင်း လိုက်လုပ်ပါ

♣ ♣ ♣ ကလစ်ပါ ♣ ♣

♣ ♣ ♣ Done ကလစ်ပါ ပြီးရင် ပထမနေရာလေးမှာပြန်ကြည့်လိုက်ပါ သိမ်းထားတာတွေ့ရပါမယ် ♣ ♣ ♣

မိမိစက်ရဲ့ Disk ထဲမှာ သိမ်းထားချင်ရင်တော့ အပေါ်မှာပြောထားသလို သိမ်းထားလိုက်ပေါ့နော်။
ဒါက ပြင်ဆင်နည်း ၊ Mozilla Firefox ထဲမှာ မြန်မာစာ မပေါ်သည်ဖြစ်စေ ၊ page ဘားတန်းမှာ
မြန်မာစာမပေါ်ရင်ဖြစ်စေ ။ ကျွန်တော်လုပ်သလို လိုက်လုပ်ကြည့်ပါ ။
♣ ♣ ♣ Tools ကလစ်ပါ♣ ♣ ♣

♣ ♣ ♣ အောက်ဆုံးမှ Options ကလစ်ပါ ♣ ♣ ♣
♣ ♣ ♣ Content ပုံလေးကိုကလစ်ပါ ♣ ♣ ♣

♣ ♣ ♣ ဇော်ဂျီ ချိန်းပါ ♣ ♣ ♣

♣ ♣ ♣ Ok ပေါ့ဗျာ ♣ ♣ ♣

ဒီနေ့တော့ ဒီလောက်ပါဘဲ ခင်ဗျာ ။ မှာချင်တာ တစ်ခုက တတ်ချင်ရင် ရဲရဲကလိပါ ။ မောက်စ် ညာဘက်ခလုပ်လေးကို နှိပ်လိုက်ပြီး ။ ပေါ်လာတဲ့ စာပြားလေးထဲက စာတမ်းလေးတွေကို
တခုဆီ လိုက်ကလစ်ကြည့်ပါ ။ သိလာလိမ့်မယ်ခင်ဗျ ။
ဆိုင်မှာ သုံးသူတွေဆို ပိုကောင်းပါတယ် ။ ကျွန်တော်ဆိုရင် ဒါမှမဟုတ်ဘူး ဖြစ်ချင်တာဖြစ် အကုန်ကလိမှာပဲ ( စက်ကိုပြောပါတယ်) ။ သူတို့လည်း ဘယ်လောက် ကလိကလိ မူလ ၀င်းဒိုး
အတိုင်း ပြန်ဖြစ်အောင် ကာကွယ်ထားကြမှာပါ ။ အချစ်ကလွဲလို့ ကျန်တာ ကြိုက်သလိုကလိ
အားပေးတယ် . . . . . . . .
ခိုးနည်းလို့ ရေးလိုက်တာကတော့ လေ့လာသူတွေစိတ်ဝင်စားအောင် အသုံးပြုလိုက်တာပါ
အမှန်တော့ ယဉ်ယဉ်ကျေးကျေးနဲ့ ။ ရှာဖွေယူနည်းလို့ ရေးသားလည်းရပါတယ်
ဒါပေမယ့် ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်းသမားပါ ။နည်းပညာတွေတိုးတတ်နေတဲ့
ဒီနေ့ခေတ်မှာ လုံခြုံမှုဆိုတာ 100%10 ရာခိုင်းနှုန်းတောင် မရှိတော့ပါဘူး
ဒါကြောင့် ပျော်စေချင်လို့ ခိုးနည်းလို့ ရေးသားလိုက်ရတာပါခင်ဗျာ
http://www.shwemyotaw.com/forum/topics/mozilla-firefox မြန်မာချစ်သူဆိုက်မှဖော်ပြပါသည်
0 comments:
Post a Comment