အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Thursday 7 April 2011

 " အချစ် " ဆိုတာ လူ့ဘ၀ထဲမှာ မရှိမဖြစ်

 " အချစ် " ဆိုတာ လူ့ဘ၀ထဲမှာ မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိနေပါတယ် .....အဲ့ဒီအချစ်ကို လူတွေက အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြပါတယ် .....ရေလိုအေးမြတဲ့အချစ် ၊ မီးလိုပူလောင်တဲ့အချစ် ၊ တစ်ဖက်သတ်အချစ် ၊ တိတ်တခိုးအချစ် အို....... စုံလို့ စုံလို့ပါပဲ ။ အချစ်ကို ကဗျာဆရာတွေက ကာရံတွေစီလို့ အချစ်ကဗျာလှလှလေးတွေ ၊ တေးသီချင်းတွေအဖြစ် သီကုံးကြသလို ၊ စာရေးဆရာတွေကလည်း စကားလုံးလှလှလေးတွေနဲ့ ဖွဲ့နွဲ့လို့ ဇတ်လမ်းလေးတွေအဖြစ် ဖန်တီးကြတယ် .......အဲ့ဒီလိုပဲ အတွေးအခေါ်ပညာရှင်တွေကလည်း ဥပမာ အမျိုးမျိုးနဲ့ ခိုင်းနှိုင်းပြီး အချစ်ကို တင်ပြကြတယ် ။ အချစ်ကြောင့် ပျော်ရွှင်ဖူးတဲ့လူရှိသလို အချစ်ကြောင့် ပူဆွေးဝမ်းနည်းရဖူးသူတွေလည်း တပုံကြီးရယ် ၊ အချစ်ကြောင့် လမ်းမှန်ရောက်သလို ၊ အချစ်ကြောင့် လမ်းမှားရောက်သွားတဲ့သူတွေလည်း အများကြီးပါတယ်။
အဲ့ဒါကြောင့် အချစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကလည်း အများကြီးဖြစ်လာရသလို  အချစ်ဆိုတဲ့အရာဟာလည်း ရှင်းရင်းရှုတ် ရှုတ်ရင်းရှင်းမရတဲ့ အရာမျိုးဖြစ်လာတယ်ထင်ပါတယ် ......
ဒါကြောင့် အချစ်ဆိုတာ ဘာလဲ ဆိုတဲ့မေးခွန်းက ခဏခဏမေးလည်း မရိုးနိုင်တဲ့ မေးခွန်းတစ်မျိုးဖြစ်လာတာပေါ့ ။ သချာင်္နည်းအရမေးမယ် ဆိုရင်တော့  အချစ် =   ?   ပေါ့နော် ...... ။
အမှန်တော့ .....အချစ် ကို ရှည်ရှည်ဝေးဝေးတွေးနေဖို့ မလိုတော့ပါဘူး ။  အဖြေက အဲ့ဒီမေးခွန်းမှာပါပဲ ။
အချစ်  =  (အချစ်ဆိုတာ ညီမျှခြင်းပဲလေ)
ဟုတ်ပါတယ် သေချာစဉ်းစားလေ ဒီအဖြေက ပိုပြီးမှန်လေပါပဲ ။ တစ်ဦးနဲ့ တစ်ဦး မျှမျှတတ ချစ်နိုင်လေ ၊ အဲ့ဒီအချစ်က ခိုင်မြဲလေပါပဲ ။
ဒါကြောင့် အချစ်ဟာ ပေးဆပ်ခြင်းချည်းပဲ မဟုတ်သလို ရယူပိုင်ဆိုင်နိုင်ခြင်းသက်သက်လည်း မဟုတ်ဘူး။  အချစ်မှာ လောဘကြီးလို့ မရသလို ၊ တွန့်တိုနှမြောလို့လဲ မရဘူး ။  ပေးဆပ်နေသူကလည်း တစ်ဖက်သတ်ကြီး ပေးဆပ်ရပါများလာ၇င် ၀မ်းနည်းမှုနဲ့ ကြေကွဲမှုတွေက နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ အမြစ်တွယ်လာပြီး တစ်ချိန်ချိန်မှာ နောင်တနဲ့အတူ နာကြည်းမှု အသီးအပွင့်တွေပဲ ရလာလိမ့်မယ် ။ အဲ့လိုပဲ ရယူဖို့ကြီး စဉ်းစားနေမယ်ဆိုရင်တော့ သစ်သီးများလိုပဲ  မြေသြဇာကောင်းနေတုန်းတော့ (ချစ်သူက ချစ်နေတုန်းတော့) ချိုမြိန်လှတဲ့ အရင့်မှန်သစ်သီးတွေကို စားရပေမယ့် ၊ အဲ့ဒီအပင်ကို ကိုယ်က ဂရုမစိုက် ပျိုးမထောင်ဘူးဆိုရင်တော့ (ကိုယ့်ချစ်သူကို ဂရုမစိုက်ပဲ သူ့အတွက် မစဉ်းစားပေးဘူးဆိုရင်တော့ ) ကိုယ့်ရဲ့လောဘ ၊ အတ္တမာနကြောင့် နောင်တစ်ချိန်မှ ချစ်သူဆီက စိတ်ကုန်ခြင်း ၊ ငြိုငြင်လာခြင်း ဆိုတဲ့   အရသာမကောင်းတော့တဲ့ သစ်သီးကိုသာ စားလာရလိမ့်မယ် ။ ဒါကြောင့် ပေးဆပ်ခြင်းလည်း မရောက် ၊ ရယူခြင်းမျိုးလည်း မဖြစ်တဲ့  =  ( ညီမျှတဲ့ ) ချစ်ခြင်းနဲ့ တစ်ဦးနဲ့ တစ်ဦး အပြန်လှန် နားလည် ချစ်ကြမယ်ဆိုရင် သာယာချိုမြိန်ပြီး အစဉ်ခိုင်မြဲတဲ့ ချစ်ခြင်းရဲ့အရသာကောင်းကို ထာဝရခံစားရမယ်လို့ ယုံကြည်ပါတယ် ။

1 comments:

La said...

အချစ်=(အချစ်ဆိုတာညီမျှခြင်းပဲလေ။) မှန်တာပေါ့ကွယ် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်ပေးပီး ချစ်ကြပြီး မေတ္တာတွေနဲ့လွှမ်းခြုံထားရင် အစဉ်ခိုင်မြဲတဲ့ ထာဝရချစ်ခြင်းကို ပျော်ရွှင်စွာခံစားကြရမှာပါ ပျော်ရွှင်ပါစေ ကိုသန့်ရေ ....

Post a Comment