အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ
Blogger templates
လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......
Tuesday 26 April 2011
အသဲကွဲတယ် အသဲကွဲတယ်နဲ့ လူငယ်တော်တော်များများဆီက
အသဲကွဲတယ် အသဲကွဲတယ်နဲ့ လူငယ်တော်တော်များများဆီက
ကြားဖူးနေပါတယ်....အသဲကွဲတယ်ဆို
ပြီး ပေတေနေတဲ့ လူငယ်တွေ စိတ်လေနေတဲ့ 
လူငယ်တွေတော်တော်များများကို တွေ့ နေရပါတယ်....ကျွန်တော့် အထင်လေး
ပြောချင်ပါတယ်...မှားချင်လည်းမှားနိုင်ပါတယ်...မှားခဲ့ ရင်လည်း ခွင့်
့လွှတ်ပေးစေချင်ပါတယ်...ကျွန်တော့် အမြင်နဲ့  ခံယူမှု ကိုဖတ်ပြီးရင်တော့
တော်တော်များများက ကျွန်တော့် ကို ၀ိုင်းသြောဘာ ပေးလိမ့်
့မယ်ထင်တယ်...ဘယ်လိုအတွေးအခေါ်မှန်းမသိဘူးဆိုပြီး တော့လေ...ဟဲဟဲ...စပြီနော်...
တစ်ကယ်တော့ အသဲကွဲတယ်ဆိုတာ မဟုတ်လောက်ပါဘူး...ချစ်သူနဲ့ ကွဲသွားလို့
အသဲကွဲတယ်ဆိုတဲ့  လူတွေကို ခေတ်မှီပစ္စည်းကိရိယာ ၊ ဆေးပညာတို့ နဲ့
စမ်းသပ်ကြည့် လိုက်ပါ...
သူတို့ အသဲကွဲတယ်ဆိုတာ ဘယ်မှာလည်း လို့ မေးရပါလိမ့် မယ်...တစ်ကယ်တော့
အသဲကွဲတယ်ဆိုတာ ချစ်ရတဲ့  သူအပေါ် ခံစားမှု တွေ ၊ ချစ်ချင်းတွေ၊မျှော်လင့်
မှု တွေ ပျက်ဆီး
သွားတာပါ...သူ့ ကိုအရမ်းချစ်တယ်....ဒါပေမယ့်  သူ့ ဘက်ကကိုယ့်ကို အကြောင်း
အမျိုးမျိုးကြောင့်  ပြန်မချစ်နိုင်တာ...ချစ်ရက်နဲ့ စွန့်လွှတ်လိုက်ရတာ ၊
ဒါတွေကြောင့်  ကိုယ့် ရဲ့
သူ့ အပေါ်ထားရှိတဲ့  မျှော်လင့် ချက်တွေဟာ လက်တွေ့ မှာ ပျက်ဆီးသွားခဲ့
့ပါတယ်...ကိုယ်ချစ်သလို ပြန်မချစ်နိုင်တာ ၊ ဘ၀ကိုတူတူ လက်မတွဲနိုင်တာ ၊
တူညီတဲ့ ချစ်ခြင်းတစ်ခု မတည်ဆောက်နိုင်တော့ တာ...ဒါတွေကိုအသဲကွဲတယ်လို့
ခေါ်ကြတာပါ....ဒါကတော့  လူရယ်လို့  ဖြစ်လာရင် အနည်းနဲ့ အများ ရင်ဆိုင်တွေ့
ကြုံရတာပါပဲ...
ရည်းစားဦး ၊အချစ်ဦးနဲ့  ပေါင်းရတယ်ဆိုတာလည်း ရှိပါတယ်...ဒါပေမယ့် 
ရှားပါးပါတယ်....  အကြောင်းအမျိုးမျိုးကြောင့်  ချစ်ခြင်းနဲ့ ကွေ ကွင်း
ရသူတွေမှာ ပေတေလေလွင့် သွားတဲ့
လူတွေရှိသလို ၊ အောင်မြင်ပျော်ရွှင်နေတဲ့  လူတွေလည်းရှိပါတယ်....သူ့
့လောက်ဘယ်သူ့ ကိုမှမချစ်နိုင်တော့  ဘူးဆိုတာလည်း ရှိပါတယ်...သူကလွဲပြီး
ဘယ်သူ့ ကိုမှ ချစ်လို့မရတော့ တာ လည်းရှိပါတယ် ...  ဒါပေမယ့် တစ်ချို့
တွေက ရင်ထဲက ခံစားချက်တွေကို လက်တွေ့ ဘ၀ကို
သယ်ဆောင်လာတတ်ကြပါတယ်...လူငယ်တော်တော်များများမှာ အသဲကွဲတယ်ဆိုတဲ့
အကြောင်းပြချက်နဲ့   စိတ်အလိုလိုက်ပြီး ပျော်ရာရှာရင်း ဘ၀ကိုနစ်မွန်း
သွားတာတွေ တွေ့ နေရပါတယ်....မြင်ရတာ စိတ်မကောင်းဘူးဗျာ...ကျွန်တော်
အမြင်ပြောရရင် မဖြစ်စေချင်ဘူး...အသဲကွဲနေရင် အလူးအလိမ့် နဲ့
မစားချင်၊မသောက်ချင်နဲ့  လောကမှာ ဘယ်လိုတန်ဖိုးကြီးတဲ့  အရာမဆို
မမက်မောတော့ ပဲ သူမှသူ ဖြစ်တတ်ပါတယ်....ဒါဟာလည်း အလွန်ဆုံး
ဖြစ်ရင်(၁လ)ပါပဲ...ပြီးရင် တစ်ဖြည်းဖြည်းနဲ့ ပြန်လည်
တည်ငြိမ်သွားတတ်ပါတယ် ... တချို့ တွေက ဒါကို တသသ ဖြစ်ရင်းနဲ့
ဘ၀ကိုပါအဆုံးခံလိုက်ကြပါတယ်....
သူတို့ အတွက် ဒါဟာအသဲကွဲလို့
ဘ၀ပျက်သွားတာပေါ့...မဖြစ်သင့် ဘူးလို့ ထင်ပါတယ်...
အသဲကွဲတယ်ဆိုလည်း  ၁လလောက် ကိုလုပ်ချင်တာလုပ်လိုက်...ပျော်မယ်ထင်တာကို
လုပ်လိုက်ပါ...၁လကျော်သွားရင်တော့  သူ့ ကြောင့် ခံစားနေရတာတွေကို
ရင်ထဲမှာ ထားပြီး လက်တွေ့ ဘ၀ကို ရင်ဆိုင်ဖို့  ပြင်သင့် ပါတယ်....ကိုယ့်
၊ ပါတ်ဝန်းကျင်မှာ "သူလေ အချစ်ကြောင့်  ဘ၀ပျက်သွားတာလို "့ နှိမ့်ချတဲ့ 
အပြောတွေ၊အကြည့် တွေ မခံရအောင် အရင်ကထက်ပိုပြီး
ကြိုးစားသင့် ပါတယ်....အချစ်ကရင်ထဲမှာလေ....ဘ၀က လက်တွေ့ လေ...ဒီတော့ 
အောင်မြင်အောင်ကြိုးစားသင့် ပါတယ်....ချစ်သူက ကိုယ့်ထက်သာတဲ့ လူတွေ့ လို့
ကိုယ့် ကိုစွန့် လွှတ်သွားတာဆိုရင် ပိုတောင်ကြိုးစားသင့် ပါတယ်...ဘာလို့
လည်းဆိုတော့ .....နောင်တစ်ချိန်မှာ
သူနဲ့ ကိုယ်နဲ့  ပြန်မတွေ့ နိုင်ဘူးလို့  မပြောနိုင်ဘူးလေ...အဲ့ လို
ပြန်တွေ့ တဲ့ အချိန်မှာ  ကိုယ်ကအောက်ကျနေလို့  သူကသနား တဲ့  အကြည့်နဲ့
ကြည့်တာကို  မခံစေချင်ဘူးလေ....အချစ်မှာ သာတာ ၊ နာတာ မတွက်ဘူးဆိုပေမယ့်
ကိုယ့်ကိုစွန့် လွှတ်ပြီး သာယာလိုက်သွားတဲ့ 
ချစ်သူတစ်ယောက်အပေါ်မှာတော့  သူ့ ထက်သာစေရ မယ်ဆိုတဲ့  မာနတော့ ထားသင့်
တယ်လို့  ထင်ပါတယ်...သူနဲ့ အကြောင်းကြောင်းကြောင့်  ပြန်တွေ့တဲ့  အခါမှာ
ကိုယ်ကသူ့ရဲ့အိမ်ထောင်ဘက်ထက်  နိမ့် ကျနေလို့  အချစ်ဟောင်းက သနားတဲ့
အကြည့်  ထက် သူ့ အိမ်ထောင်ဘက်ထက် သာလို့  အားကျ အထင်ကြီးတဲ့  အကြည့် ၊
ပိုအကြည့်ခံစေချင်ပါတယ်...သူ ငါ့ ကြောင့်  ဘ၀ပျက်သွားတယ်ဆိုတဲ့  ခံစားမှု
ထက် ၊ သူငါ့ ကြောင့်  မခံချင်စိတ်နဲ့  ကြိုးစားလို့
အောင်မြင်နေတယ်ဆိုတဲ့  ခံစားမှု မျိုးပေးလိုက်စေချင်ပါတယ် .... သူ့ ကို
"ငါသူ့ ကို မရွေးလိုက်တာ မှန်လိုက်တာဆိုတာထက် သူ့ ကိုမရွေးလိုက်တာ
မှားလေချင်းဆိုတဲ့ "
နောင်တမျိုးပေးလိုက်ပါလား...ဒါဟာ သူ့ အပေါ်မှာ အရှုံးနဲ့
အနိုင်ယူချင်းတစ်မျိုးပါပဲ... သူနဲ့ ပြန်တွေ့ တဲ့အချိန်မှာ ခေါင်းငုံ့
့နေရမယ့် အစား ခေါင်းမော့ နေစေချင်တယ်...သူနဲ့  ပြန်မတွေ့ ရင်တောင်
လူတွေကြားမှာ အချစ်ကြောင့် ဘ၀မပျက်ပဲ အောင်မြင်နေတဲ့  လူ ဆိုတဲ့
အားကျလေးစားတဲ့  အကြည့် တွေကို ခံယူလိုက်ပါလား....ဆုံးရူံးလိုက်ရတဲ့ 
အချစ်ကို အဆိပ်တစ်ခုအဖြစ် မသုံးပဲ အောင်မြင်စေတဲ့  တွန်းအားတစ်ခုအဖြစ်
အသုံးပြုလိုက်ပါလား....လေ့ လာဖူးတဲ့ 
အကြောင်းလေးတစ်ခုပြောပြမယ်...နပိုလီယံဆိုတဲ့  စစ်ဘုရင်ဟာ အချစ်ကြောင့်
အောင်မြင်လာတာပါ.....သူချစ်တဲ့  ချစ်သူက မင်းသားတွေ ၊ဗိုလ်မှုးတွေ
ဝိုင်းဝိုင်းလည်နေတဲ့  ချောမောလှတဲ့  မိန်းမလှလေးတစ်ယောက်ပါ...နပိုလီယံက
ချစ်ခွင့် တောင်းတဲ့ အခါ " မင်းထက်သာတဲ့  လူတွေကြားမှာ မင်းလို
သာမန်စစ်သားလေးကို မရွေးနိုင်ဘူး"
ဆိုတဲ့  စကားလေးကို ပြန်ပြောခဲ့ ပါတယ်...အချစ်ကြီးချစ်ခဲ့ တဲ့  နပိုလီယံဟာ
့ရူးမတတ် ခံစားခဲ့ရပါတယ်....ဒါပေမယ့်  သူဟာ ခံစားချက်ကို ကောင်းတဲ့
နေရာမှာ အသုံးပြုရင်း ကြိုးစားလိုက်တာ ကမ္ဘာကလေးစား ကြောက်ရွံ့ရတဲ့
စစ်ဘုရင်တစ်ပါး ဖြစ်ခဲ့ပါတယ်...ဒီလိုပါပဲ ကျွန်တော်တို့  လူငယ်တွေဟာ
ချစ်သူရဲ့ အကြည့် ၊သူ့ ပတ်ဝန်းကျင်ရဲ့  အကြည့် တွေကြောင့်  အားငယ်မနေသင့်
့ပါဘူး....နပိုလီယံလို ကမ္ဘာကျော်စရာမလိုပါဘူး...ချစ်သူနဲ့  သူ့ ရဲ့
ပါတ်ဝန်းကျင်မှာ တော်လိုက်တာ
ငါတို့မရွေးမိတာ မှားလေခြင်းဆိုတဲ့  နောင်တတွေရအောင် ကြိုးစားသင့်တယ်လို့
 ထင်ပါတယ်...
အောင်မြင်ဖို့ဆိုတာ မခက်ခဲပါဘူး... အောင်မြင်ချင်စိတ်ရှိဖို့ ပဲလိုပါတယ်....ဒီတော့
နောက်ဆုံးပြောချင်တာလေးက...အချစ်ကြောင့် ဘ၀ပျက်တဲ့ လူတွေထဲမှာ သူငယ်
ချင်းတို့  မပါပဲ အောင်မြင်နေတဲ့  လူတွေကြားမှာ ပါစေချင်ပါတယ်...
0 comments:
Post a Comment