အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Tuesday 26 April 2011

အေ၇ာဝတီသတင်ဓာတ်ပုံများ

မြန်မာပြည်က ဘာသာရေးပွဲတော် မြင်ကွင်းများ

ဧပြီလအတွင်း မြန်မာပြည်ထဲမှာ ကျင်းပခဲ့တဲ့ ရိုးရာ ဘာသာရေးပွဲတော်တွေရဲ့ မြင်ကွင်းကို တစုတစည်းတည်း ကြည့်ရအောင် ဖော်ပြပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပတဲ့ ဟိန္ဒူရိုးရာ မီးနင်းပွဲ၊ ခရစ်ယာန်တို့ရဲ့ အီစတာပွဲ၊ မြန်မာ့ရိုးရာ သင်္ကြန်မြင်ကွင်းနဲ့ နှစ်ဆန်း ၁ ရက်နေ့က ရွှေတိဂုံဘုရားဖူးသူတွေကို တွေ့ရမှာပါ။ ဓာတ်ပုံတွေကိုတော့ AP, REUTERS နဲ့ GETTY IMAGES တို့က ရယူပါတယ်။





Tablet PC တလုံးနဲ့ အလုပ်ရှုပ်နေတဲ့ တောင်ကိုရီးယားရဲ


ဒီတောင်ကိုရီးယားရဲဟာ Tablet PC တလုံးနဲ့ ဘာလုပ်နေတယ်လို့ ထင်ပါသလဲ။ ဒီနေ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ မြန်မာသံရုံးရှေ့မှာ လက်ရှိအစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြနေတဲ့ မြန်မာ တက်ကြွ လှုပ်ရှားသူတွေကို တောင်ကိုရီးယားရဲက ဓာတ်ပုံ ရိုက်ယူနေတာပါ။ အဲဒါကို အေပီက သတင်းဓာတ်ပုံအဖြစ် ရိုက်ယူထားတာ ဖြစ်ပါတယ်။ (ဓာတ်ပုံ - AP)

Monday, April 25, 2011


၂၀၁၁ ကာတွန်းဆရာကြီးများ ကန်တော့ပွဲ

ဧပြီ ၁၂ ရက်နေ့က ကျင်းပတဲ့ သက်ကြီး ကာတွန်းဆရာကြီးများ ပူဇော်ကန်တော့ပွဲ ဓာတ်ပုံတွေ ဖြစ်ပါတယ်။ ဓာတ်ပုံတွေကို ကာတွန်း အော်ပီကျယ်နဲ့ ကာတွန်း အောင်မော်တို့ရဲ့ facebook ကနေ ရယူပါတယ်။




Saturday, April 23, 2011


နာရေးအသင်း ၁၀ နှစ်ပြည့် အခမ်းအနား

နာရေးကူညီမှုအသင်း (ရန်ကုန်) ၁၀ နှစ်ပြည့် အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - AP)


နာရေးကူညီမှုအသင်း (ရန်ကုန်) တည်ထောင်ခဲ့တာ ၂၀၁၁ ဇန်နဝါရီလ ၁ ရက်နေ့မှာ ၁၀ နှစ်ပြည့်ပါတယ်။ ဒီနေ့မှာ ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ ကျင်းပပါတယ်။

ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်တို့နှင့် အတူ (ဓာတ်ပုံ - AP)

နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အခေါင်းလွတ်များကို ကြည့်ရှုနေစဉ် (ဓာတ်ပုံ - AP)

Monday, April 18, 2011


မြောက်ကယ်ရိုလိုင်းနားက နှစ်သစ်ကူးကန်တော့ပွဲတခု



အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ နယူးဘန်မြို့ ရှိ မြန်မာမိသားစုများက မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ သက်ကြီးပူဇော်ပွဲ လုပ်ကြပါတယ်။ 
 

Sunday, April 17, 2011


နယူးဒေလီက သင်္ကြန်နှစ်သစ်ကူး

နယူးဒေလီရောက် မြန်မာဒုက္ခသည်များရဲ့ အတာသင်္ကြန်ကာလ အက၊ အလှများနဲ့ နှစ်ဆန်းတစ်ရက်နေ့ တရားနာယူ ကုသိုလ်ပြုနေတဲ့ ပုံရိပ်တွေ မျှဝေလိုက်ပါတယ်။




ကစ်

နံနက်ခင်းဂျာနယ်က မင်းသမီးငယ် သတင်း -
သူနဲ့ သူ့ကိုကို စိုင်းစိုင်းခမ်းလှိုင် စိတ်ကောက်နေကြတာလား၊ လမ်းခွဲလိုက်ပြီလားလို့ ထင်စရာပါ။
နာမည်ကြီးအောင် ပြောထည့်လိုက်တာလည်း ဖြစ်နိုင်တာပါပဲ။

သတင်းထဲမှာ ၀တ်မှုန်က သူ့ကိုယ်သူ ကစ် လို့ ဆိုတယ်။ ကစ် ဆိုတာ ဘာအဓိပ္ပာယ်လဲ မသိဘူး။ နှာကစ်တယ် ဆိုတာက စိတ်ကောက်တာကို ပြောတာပါ။

တယောက်တည်းဖြစ်သွားတာ မှန်ရင်တော့ စိတ်ဝင်စားစရာ အတင်းအဖျင်းသတင်းကြီးပေါ့။





Tuesday, April 12, 2011


ချင်းမိုင် မြန်မာ မိသားစု အတာသင်္ကြန်


ချင်းမိုင် မြန်မာ မိသားစု အတာသင်္ကြန်။ ဧပြီ ၁၁ ရက်နေ့က ချင်းမိုင်တက္ကသိုလ် ပန်းချီပြတိုက်မှာ ညဘက် ကျင်းပတာပါ။ ခန့်မှန်းထားတာထက် ဧည့်ပရိသတ်တွေ ပိုများတာမို့ အကျွေးအမွေးများလည်း စောစောစီးစီး ပြတ်ကုန်တယ် လို့ သိရပါတယ်။

ပွဲတော် မြင်ကွင်းဓာတ်ပုံတွေကို ဖော်ပြလိုက်ပါတယ်။ (ဓာတ်ပုံ - ကိုစိုး/ကိုငြိမ်းချမ်း/ဧရာဝတီ)

ရှမ်းတိုင်းရင်းသူ တိုင်းရင်းသားတွေက ရှာပုံတော် မင်းသားကြီးနဲ့ ကကြတယ်

Monday, April 11, 2011


ဘာထူးလဲ ခုခါ ...


မနေ့ကထုတ်တဲ့ သတင်းစာ မျက်နှာဖုံးပါ။ အစိုးရသစ်ပဲ တက်တက်၊ အပြောင်းအလဲတွေ ဖြစ်နေပါပြီပြောပြော ဒီလိုမျိုး မီဒီယာပေါ်မှာ ဆက်မြင်နေရခြင်းက ထူးခြားတဲ့ ခံစားမှုကို ဖြစ်စေမှာ မဟုတ်ပါဘူး။

ကာကွယ်ရေးဦးစီးချုပ်သစ်အဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ဒု ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်းတို့အား ခန့်အပ်တာကို လွှတ်တော်တွင်းမှာ ရှိနေတဲ့ အမတ်တွေ လုံးဝ မသိလိုက်တာ၊ သူတို့ ဝင်လာချိန်ရော ထွက်သွားချိန်မှာပါ လွှတ်တော်က ပြာယာခတ်နေတာ၊ မင်းအောင်လှိုင်နဲ့ စိုးဝင်းတို့က လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ တတန်းတည်းထိုင်တာတွေ ကြည့်ပြီး လွှတ်တော်အမတ်တဦးက စစ်တပ်က လွှမ်းမိုးနေဦးမယ်လို့ ခံစားမိကြောင်း ပြောဖူးပါတယ်။

ဦးသိန်းစိန်ကတော့ သူ့ရဲ့ သမ္မတသစ် ကျမ်းကျိန်မိန့်ခွန်းမှာ “ဒီနေ့ မြန်မာ့အရေး အပြုသဘောဖြစ်ပေါ် ပြောင်းလဲတိုးတက်မှုများကို အသိအမှတ်ပြု လက်ခံပေးကြဖို့” ဆိုပြီး နိုင်ငံတာကို တောင်းဆိုထားပါတယ်။

အားလုံးကတော့ ဦးသိန်းစိန် ရွှန်းရွှန်းဝေအောင် ပြောထားတဲ့ မိန့်ခွန်းတွေအတိုင်း အရင်လုပ်ပြပါလို့ ပြောနေသံကို နေရာအနှံ့မှာ ကြားနေရပါရဲ့။

Thursday, April 7, 2011


Kirat မျိုးနွယ်စု

အင်္ဂါနေ့က နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တော် အခမ်းအနားတခု မြင်ကွင်းတွေ။
Getty Images ကနေ ကူးယူခဲ့တာပါ။

Kirat လူမျိုးစုဝင်တွေ တဲ့။ နီပေါ၊ အိန္ဒိယ၊ မြန်မာနဲ့ နိုင်ငံအတော်များများမှာ နေထိုင်ကြတယ်လို့ ဆိုတယ်။

ဖ၀ါးဂဏန်း

flickr မှာ တွေ့ရတဲ့ပုံရန်ကုန်မှာရိုက်ထားတာ။
ဓာတ်ပုံဆရာက
Calculation
Rangoon in details လို့ပဲ ရေးထားတယ်။ ဂဏန်းတွက်ခြင်း၊ ရန်ကုန်က အသေးစိတ်မြင်ကွင်း ဆိုပါစို့။
ချဲဂဏန်းလား၊ အကြွေးတောင်းရမယ့် စာရင်း/ယူရမယ့် စာရင်းတော့ ဟုတ်ဟန် မတူ။
ပုံက စိတ်ဝင်စားဖို့ကောင်းပါတယ်။

ဘာတွေ ရေးထားလဲ ဆိုတာ အထက်အောက်ပြောင်းကြည့်လိုက်တော့ ခုလို တွေ့ရပါတယ်။

ဓာတ်ပုံသမားက ကမ္ဘာပတ်နေသူပဲ။ မြန်မာ အပါအ၀င် နိုင်ငံစုံမှာ သူ မှတ်တမ်းတင်ထားတာတွေကို
http://www.flickr.com/photos/nygus/collections/ မှာ တွေ့ရမှာပါ။

Tuesday, April 5, 2011


ထိုင်းရေကြီးမှု သေဆုံးသူ ၅၀ အထိ ရှိလာ

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပြည်နယ် ၁၀ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် ယခုအထိ အတည်ပြုနိုင်သော သေဆုံးသူ ၅၀ အထိ ရှိလာပြီး လူ ၃ သောင်းလောက်ဟာလည်း ဖျားနာနေကြပါတယ်။

ရေကြီးတာကြောင့် မြေပြိုတာတွေ၊ လမ်းနဲ့ တံတားတွေ ပျက်စီးတာတွေ ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတာလည်း ရှိပါတယ်။ ထိုင်းလွှတ်တော်ကတော့ ရေကြီးမှု ကူညီကယ်ဆယ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ သုံးဖို့ ခွင့်ပြုထားပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်းက ရာဘာခြံတွေနဲ့ စက်ရုံ အလုပ်ရုံတွေမှာ မြန်မာတွေ ထောင်ပေါင်းများစွာလည်း ရှိနေကြပါတယ်။ မြန်မာတွေလည်း ရေဘေးလွတ်ရာကို ထောင်နဲ့ချီ အစုလိုက် ရွှေ့ပြောင်းနေရတာ၊ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတာ၊ ထိုင်းတောင်ပိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေက အကူအညီပေးဖို့ ကြိုးစားနေတာတော့ သိရပါတယ်။ မြန်မာအလုပ်သမားရဲ့ အသေအပျောက်စာရင်းကိုတော့ စုံစမ်းလို့ မရသေးပါဘူး။


ထလန်ပြည်နယ်အတွင်း နေအိမ်ရှေ့မှ ကလေးငယ်များ (ဓာတ်ပုံ - Getty Images)


ထလန်ပြည်နယ်အတွင်းမှ ရေမြုပ်နေသော အိမ်များ (ဓာတ်ပုံ - Getty Images)

Sunday, April 3, 2011


Shwe Sin - My view on opposite sex

CHIC မဂ္ဂဇင်း မှာ ပါတဲ့ အမေးအဖြေတွေ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလထုတ် ဖြစ်လိမ့်မယ်။

အမျိုးသားတွေ အပေါ် ရွှေစင်ရဲ့ အမြင် တဲ့။
ခေါင်းစည်းမှာ sex ကို ထင်းထင်း လုပ်ထားတာ၊ ပြီးတော့ ၀တ်စားထားပုံက စက်ဆီ ဖြစ်တာကြောင့် ဒီအင်တာဗျူး တိုနံ့နံ့ကို ဖတ်ဖြစ်ကြမှာပါ။

မန္တလေးသူမော်ဒယ်ဂဲရွှေစင်အကြောင်း ဧရာဝတီမှာ ရေးထားတာကို ဟောဒီမှာ ဖတ်နိုင်ပါတယ်။
CHIC မဂ္ဂဇင်းက ဒေါက်တာတင်ထွန်းဦးတို့ရဲ့ စွယ်စုံမီဒီယာထုတ် စာစောင်တွေထဲက တခု ဖြစ်ပါတယ်။
မြန်မာတွေက ချစ် လို့  အသံထွက်ကြတယ်။
အင်္ဂလိပ်တွေက ရှိခ် လို့  အသံထွက်တယ်ဆိုပဲ။ ရှစ် မဟုတ်။
ချစ်သည်ဖြစ်စေ ရှိသည်ဖြစ်စေ မော်ဒယ်ပုံတွေနဲ့ဆိုတော့ ဖတ်ချင်စရာပေါ့။

နိုင်ငံတကာမှာ CHIC နာမည်နဲ့  အပျော်ဖတ်စာစောင်တွေကို ပုံများများနဲ့  တွေ့ရပါတယ်။ အင်မတန် အောင်မြင်ကြတယ်။
မြန်မာပြည်ဖြစ်CHICလည်း အရောင်းသွက်တယ်လို့ သိရပါတယ်။

0 comments:

Post a Comment