အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Wednesday 6 April 2011

ကဗျာများ

ကဗျာများ

ချစ်ခြင်းအဆုံးသတ်

အချစ်က ချိုမြိန်မှုတွေကိုပေးတယ်
နှစ်ယောက်သား ပျော်ရွှင်နေချိန်တွေမှာပေါ့ ..

အချစ်က သာယာမှုတွေကိုပေးတယ်
နားလည်မှုတွေနဲ့ ကြည်နူးနေချိန်မှာပေါ့ ..

အချစ်က နွေးထွေးမှုတွေကိုပေးတယ်
အေးမြတဲ့ဆောင်းညတွေမှာပေါ့ ..

အချစ်က ယုံကြည်မှုတွေကိုပေးတယ်
နှစ်ယောက်သားလက်တွေခိုင်မြဲနေချ
ိန်မှာပေါ့ ..

အချစ်က နှစ်သိမ့်မှုတွေကိုပေးတယ်
တစ်ယောက်ယောက် အားငယ်နေချိန်မျိုးမှာပေါ့ ..

အချစ်က ကြောက်ရွှံ့မှုတွေကိုပေးတယ်
နှစ်ယောက်သားဝေးကွာနေချိန်မျိုးတွေမှာပေါ့ ..

အချစ်က ငိုကြွေးမှုတွေကိုပေးတယ်
နားလည်မှုတွေလွဲနေချိန်မှာပေါ့ ..

အချစ်က လွမ်းဆွတ်မှုတွေကိုပေးတယ်
မတွေ့ရတဲ့အချိန်တွေမှာပေါ့ ..

ငါယုံကြည်တယ်
ဘယ်လိုပဲငိုကြွေးရပါစေ
ဘယ်လိုပဲဝမ်းနည်းရပါစေ
ဘယ်လိုပဲလွမ်းဆွတ်ရပါစေ
ငါတို့အချစ်တွေကတော့
နောက်ဆုံး တစ်နေ့နေ့မှာ
ပြည့်စုံခြင်းနဲ့အဆုံးသတ်မှာ
အသေချာပဲဆိုတာ ..


Truth Love

ချစ်ပါတယ်
မြတ်နိုးစွာ ဆိုချင်တယ်
ယုံတ၀က် မယုံတ၀က်
မလုပ်ပါနဲ့
ရူးမိုက်စွာ ချစ်တာပါ။

စွဲလမ်းတယ်
မမြင်ရရင် ရူးချင်တယ်
တောင့်တတာ
နေတိုင်းကို
လွမ်းစိတ်နဲ့ ချစ်တာပါ။

အကြိမ်တစ်ထောင်မက
ပြောနေရလဲ
ရင်ထဲက စကားလုံးတွေ
မကုန်ခမ်းနိုင်အောင်
ချစ်တာပါ ။

ငါ မင်းကို
ဘ၀တစ်ခုလုံးအတွက်
သိပ်ချစ်တယ်။

လေးနက်မှု

တစိမ့်စိမ့်တွေးလို့
ချစ်စိတ်တွေပေါ်
ရင်ခုန်သံ စည်းချက်များ
ရင်ခွင်မှာ လှိုင်းခတ်လောက်အောင်
မြတ်နိုးတွယ်တာ ချစ်ရသူပါ။

အချစ်စစ်က မာနကြီးလို့
အထိမခံ ဖြစ်လို့နေလဲ
မင်းက ငါ့အတွက်
အချစ်ဦးမို့
ရူးလောက်မတတ် ချစ်ရသူပါ။

ငါ့ဘ၀အတွက်
တစ်ခုထဲသော အရေးပါမှု
မင်းဖြစ်နေလို့
အရာအားလုံး
အရှုံးပေးပြီး ချစ်ရသူပါ။

အပျော်ဆုံးလူ

စံပယ်နှစ်ပွင့်
မင်းဆံနွယ်ဆီ ယုယကြင်နာ
ကိုယ်တိုင် ဆင်မြန်း
လုပ်ပေးရလို့
ကျေနပ်ပီတိဖြစ်ရ၏။

ဤကဲ့သို့ပင် ကြိမ်ဖန်များစွာ
လုပ်ပိုင်ခွင့်လေး
ပေးသနားရင်
ဒီလောကတွင်
အပျော်ဆုံး ငါ
လူသားတစ်ဦး ဖြစ်လိမ့်မည်။

အဓိပ္ပါယ်ပေါင်းများစွာ

အချစ်ဆိုတာ . . .
လေအဟုန်နဲ့ ယိမ်းနွဲ့စွာ
ပျံဝဲနေတဲ့
သိမ်းငှက်တစ်ကောင်လား။

အချစ်ဆိုတာ . . .
တသွင်သွင် ကြည်လင်စွာ
စီးဆင်းနေတဲ့
စမ်းချောင်းပမာလား။

အချစ်ဆိုတာ . . .
အုပ်မှိုင်းမှိုင်း ထူထပ်စွာ
စိမ်းစိုနေတဲ့
တောအုပ်ပမာလား။

အချစ်ဆိုတာ . . . . . . .


အပျော်

ချစ်ပါတယ် စကားလုံးကြောင့်
ရင်ခွင်တစ်ခုလုံး
ဗြောင်းဆန်ရပြီ။

မထင်မှတ်ပဲ ပျော်ရွှင်ရလို့
မျက်ရည်ပင် မဆည်နိုင်
ငိုမိပါသည်။

ပြောလာတာ ဟုတ်လေလားဟု
နားကိုပင် မယုံနိုင်လို့
တွေးမိပါသည်။

အတိုင်းမသိ ၀မ်းသာမိ၍
ထိုစကားကို အကြိမ်ကြိမ်ကြားဖို့
ဒီတစ်ညဖြင့်
မအိပ်တော့ပြီ။

အိပ်မက်မဟုတ်ဘူး

သူမကို ချစ်တယ်လို့
ဆိုလိုက်တော့
တလောကလုံးက ရောင်စုံပန်းတွေ
ပွင့်ကုန်တယ်။

သူမက ရှက်လွန်းလို့
ခေါင်းငုံလိုက်တော့
ပွင့်လာတဲ့ ရောင်စုံပန်းတွေ
ပြုံးကုန်တယ်။

အချစ်စစ်နဲ့ ချစ်တာမို့
ပြန်ချစ်ပါ ဆိုလိုက်တော့
ပြုံးနေတဲ့ ပန်းလေးတွေ
ခေါင်းငုံသွားတယ်။

ပူပြင်းတောက်လောင်နေတဲ့
နေမင်းကြီးတောင်
ပြုံးပြုံးကြီး ကြည့်လာတယ်။

အချိန်အခါမဟုတ်
ဖြူစင်တဲ့ ဆီးနှင်းတွေ
ဖြာဆင်းလာတယ်။
အေးမြတဲ့ လေနုအေးတွေ
တိုက်ခတ်လာတယ်။

တလောကလုံး
ကြည်လင်ပြီး သာယာလာတယ်။

ဒီအချိန်မှာ
သူမအနားမှာ ကျွန်တော် ရှိနေတယ်။
ဒါဆို အိပ်မက်မဟုတ်ဘူးပေါ့။

ရတနာသူ

တန်ဖိုးကြီးတဲ့ စကားမို့
တန်ဖိုးထားကာ ပြောမိတယ်
သက်ဆုံးတိုင် ချစ်ပါ၏။

ပန်းတစ်ပွင့်လို လှတဲ့သူမို့
ယုယစွာ ပြောမိတယ်
နူးညံ့စွာ ချစ်ပါ၏။

သိမ့်မွေ့စွာ ယဉ်တဲ့သူမို့
မြတ်နိုးစွာ ပြောမိတယ်
ရင်သိမ့်တုန် ချစ်ပါ၏။

ငါစိတ်မှာ တန်ဖိုးမြှင့်
အလေးထား မြတ်နိုးမိလို့
လေးနက်စွာ ချစ်ပါ၏။


ကဗျာ

ချစ်သူနဲ့ အတူ
ယှဉ်တွဲကာ သွားရရင်ဖြင့်
အတိုင်းမသိ ပျော်ရွှင်မိ
ဒီအပျော်တွေ ပျယ်လွှင့်မှာဖြင့်
ရင်ထိတ်ကာ စိုးရိမ်ပါ၏။

ချစ်သူနဲ့ အတူ
တူထိုင်ကာ စားရရင်ဖြင့်
အဆုံးမရှိ ၀မ်းသာမိ
ဒီဝမ်းသာမှု ပျောက်ပျက်မှာဖြင့်
သောကပွေ ရင်လေးပါ၏။

ချစ်သူအနား
အမြဲသာ နေရရင်းဖြင့်
ပီတိအစုံ ကန့်သတ်မရှိ
ယုယပိုက်ထွေး ချစ်နေပါ၏။


အမည်မဲ့

လှုပ်ရှားမှုတိုင်း
ရင်ကို လှုပ်ခတ်
ငေးမောရပြီ
ပန်းတစ်ပွင့်လို
လှတဲ့သူ။

စွဲလမ်းမှု
စိတ်အစဉ်
မောဟိုက်ရပြီ
လပြည့်ဝန်းလို
အေးချမ်းတဲ့သူ။

လှရက်သူမို့
မျက်ဝန်းမှာ
အစဉ်သာပေါ်
တန်ဖိုးထားကာ
ချစ်ရတဲ့သူ။

ချစ်စိတ်တွေ
တားဆီးမရ
စွန့်လွှတ်အနစ်နာခံ
ပေးဆပ်ပြီး
ချစ်သွားမယ့်သူ
ငါ . . . ။


သရုပ်ဆောင်

ရင်ခွင်မှာ
ကွဲအက်မှုက
မျက်နှာမှာ လာပေါ်ပြီ။

ဖုံးဖိမယ်
အပြုံးတုနဲ့
ပျော်ရွှင်ဖွယ် မျက်နှာတု။

နာကျင်မှု
ရင်အစုံကို
ပလာစတာနဲ့ ကပ်။

မင်းပျော်ဖို့
ရုပ်ဖျက်မယ်
အခုချိန်မှာ ငါ့အဖြစ်က
အလွန်တော်တဲ့
သရုပ်ဆောင်တစ်ယောက်။


ရည်ရွယ်သူ

ဤဇမ္ဗူလောက တစ်ခွင်တွင်
သူသာလေ အလှဆုံးပေမို့
ချစ်လို့ကို မဆုံးနိုင်ပါ့။

မြင်တွေ့သည့် အရာမှန်သမျှ
သူ့ကိုလေ မကျော်နိုင်ပြီမို့
မြတ်နိုးလို့ မဆုံးနိုင်ပါ့။

ကိုယ့်ချစ်သူ ရည်းစားပေမို့
မြှောက်စားကာ ပြောလေသည်ဟု
ဆိုလိုလျှင် ဆိုပါစေတော့
မြတ်နိုးစွာ အသည်းနင့်အောင်
ရည်မှန်းကာ ချစ်ရသူမို့
သက်ဆုံးတိုင် ချစ်ချင်ပါ၏။

လွှမ်းမိုးသူ


ဆောင်းနှင်းတွေက
ထူပိန်းစွာ ကျလာပြီ
အာရုံမှာ ပေါ်နေတဲ့
ငါ့ အလွမ်းတွေကို မဖုံးလွှမ်းနိုင်ဘူး။

နေရောင်ခြည်က
လင်းလက်စွာ ဖြာဆင်းလာပြီ
အာရုံမှာ ပေါ်နေတဲ့
မင်းပုံရိပ်လောက် မလင်းလက်နိုင်ဘူး။

ညနေဆည်းဆာက
လှပစွာ ပုံဖော်နေပြီ
အာရုံမှာ ပေါ်နေတဲ့
မင်းမျက်နှာလောက် မလှပနိုင်ဘူး။

ဘယ်အရာများက
လှပသာယာ ဖော်ဆောင်နေလဲ
ငါ့ လွမ်းဆွတ်စိတ်
မင်းပုံရိပ်နှင့် လှုပ်ရှားမှုက
အရာရာတိုင်းကို စိုးမိုးပါပြီ။


လေတံခွန်


ပစ်လွှတ်ချင်ခဲ့သော
ချစ်သ၀ဏ်လွှာ လေတံခွန်လေး
ကြာရှည်စွာ သိမ်းခဲ့ရ၏။

အချိန်ကျလို့ ပစ်လွှတ်လိုက်ရာ
မြတ်နိုးစွာ ချစ်ပါသည်
စာသားပါ လေတံခွန်လေး
ဝဲပျံကာ မင်းအနားဆီ။

မျက်တောင်မခတ်တမ်း
ငါ ကြည့်လို့နေပြီ
ဘယ်အချိန် ဖမ်းဆုပ်လေမလဲ
အချစ်လေတံခွန်ကို။

ယုံကြည်စွာ မင်းလက်ခံဖို့
အဝေးတစ်နေရာမှ
ငါ မျက်ဝန်းက မျက်တောင်မခတ်တမ်း
မင်း ပြန်ချစ်ဖို့အရေး ရင်မောစွာဖြင့်
မျှော်ကြည့်နေ၏။

လေးနက်မှု(၂)

ချစ်တယ် စကားလုံး
အဆက်မပြတ် ပြောမိရင်
စကားလုံးများက
ဧ၀ရက်တောင်ထက် မြင့်သွားမလား။

ချစ်တယ် စကားလုံး
အဆက်မပြတ် ရွတ်မိရင်
စကားလုံးများက
သမုဒ္ဒရာထက် ကျယ်သွားမလား။

ချစ်တယ် စကားလုံး
အဆက်မပြတ် ဖွင့်ဟမိရင်
စကားလုံးများက
စင်္ကြာဝဠာထက် ကြီးမားသွားမလား။

မည်သို့ပင်ဆိုစေ
ချစ်တယ် . . . ။

လေးနက်မှု

ရင်ခွင်က
တဒိတ်ဒိတ်နဲ့
စကားလုံး တစ်စုံကြောင့်
နှလုံးသားက
ခုန်နေတယ်။

မျက်ဝန်းက
ပြာလဲ့လဲ့
စကားလုံး တစ်စုံကြောင့်
မျက်ဝန်းက
လင်းလက်နေတယ်။

ပါးစပ်ဖျားက
တလှုပ်လှုပ်
စကားလုံး တစ်စုံကြောင့်
ဖွင့်ဟဖို့
ကြိုးစားနေတယ်။

ကဲ
ပြောလိုက်ပြီ
စကားလုံး တစ်စုံ။

ငါ မင်းကို
တစ်ဘ၀လုံးအတွက်
ချစ်တယ်။


ရိုးရှင်းသော စကားများ

မင်းကို ချစ်တယ်

ငါ့ရင်ထဲက ဆန္ဒ
ပြောချင်တယ်
တစ်နေ့ တစ်ကြိမ်။

မင်းကို ယုယမယ်

ငါ့ရင်ထဲက ဆန္ဒ
လုပ်ဆောင်မယ်
နေ့ရက်အချိန်တိုင်း။

မင်းပြောတာ နားထောင်မယ်

ငါ့ရင်ထဲက ဆန္ဒ
ဂရုစိုက်ကာ
နားထောင်မယ်။

မင်းလက်ကို ဆုပ်ကိုင်ထားမယ်

ငါ့ရင်ထဲက ဆန္ဒ
မလွတ်တမ်း
မြဲစွာ ဆုပ်ကိုင်ထားမယ်။

မင်းနဲ့ ငါရဲ့
ချစ်နှစ်ပတ်လည်နေ့
တစ်သက်မမေ့
အမှတ်ရပြီး
ချစ်နေမယ်။


ယုံကြည်ပါ

တစ်ဘ၀မှာ တစ်ခါသာ
ဆုံတွေ့ရပါတဲ့
ကိုယ်တို့ဘ၀တွေရယ်။

ဆုံတွေ့စဉ် တစ်ဘဝ
တစ်ခဏတောတွင်းမှာ
ကြာမြင့်စွာ ချစ်ကာဖြင့်။

အိုအောင်မင်းအောင်
ပေါင်းဖို့ရန်
ဆုတွေဖြင့် တောင်းဖို့ရာ။

မလိုပါ ဒီဆုများ
သက်ဆုံးတိုင် ချစ်ဖို့ရယ်
ယုံကြည်ပါ ဒီ မောင်ကို။

ချစ်ကာဖြင့် ချစ်နေမှာ
ကြာမြင့်စွာ မနားတမ်း
ချစ်နေမည့် မောင်။

လွမ်းချင်း



လွမ်းစိတ်တွေဖြင့်
ချစ်နေမိသည်။

ချစ်စိတ်တွေဖြင့်
တမ်းတမိသည်။

တမ်းတရင်းဖြင့်
မျှော်နေမိသည်။

မျှော်နေရင်းဖြင့်
တွေ့ချင်မိသည်။

တွေ့ချင်စိတ်ဖြင့်
လွမ်းနေမိသည်။

လွမ်းလွန်းလွန်လို့

လွမ်းကာနေသည်။

0 comments:

Post a Comment