အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Monday 28 November 2011

အောင်မြင်မှုရရန်အတွက် အတားအဆီးမှန်သမျှကို ကျော်လွှားခြင်း


http://www.coachmorse.com/wp-content/uploads/2010/08/OSCAR-PISTORIUS.jpg
ဒီကနေ့ သင့်အတွက် အမှန်တကယ် အစွမ်းထက်တဲ့အရာတစ်ချို့ကို မျှဝေချင်ပါတယ်။ သင့်ရဲ့ ဘ၀အောင်မြင်ရေးလမ်းကြောင်းမှာ ရှိနေတဲ့ အတားအဆီးမှန်သမျှကို ဒီအစွမ်းအထက်တဲ့အရာတွေနဲ့ ရင်ဆိုင်ကျော်လွှားနိုင်ပါလိမ့်မယ်။
ဝယ်ရမယ့်အရာတွေမဟုတ်ပါဘူး။ သင့်ရဲ့ credit card ကို ပိုက်ဆံအိတ်ထဲမှာပဲ သိမ်းထားလိုက်ပါ။
ကဲ … စကြပါစို့။
အောင်မြင်ဖို့အတွက်ဆိုရင် သင်ဟာ အရာများစွာကို ကျော်လွှားရပါလိမ့်မယ်။ တချို့အတားအဆီးတွေဟာ အပြင်မှာ တကယ်ရှိနေတာတွေမဟုတ်ဘဲ သင့်စိတ်ထဲက ဖန်တီးထားတဲ့အရာများသာ ဖြစ်ပါတယ်။
ဆုံးဖြတ်ချက်နဲ့ နည်းနည်းလေး ကြိုးစားလိုက်မယ်ဆိုရင် ဒီ ကိုယ်တိုင်ဖန်တီးထားတဲ့ အတားအဆီးတွေကို ကျော်လွှားနိုင်ပါတယ်။
သင်ဟာ ဘယ်အလုပ်ကို လုပ်နေတာပဲဖြစ်ဖြစ် သင့်ကိုယ်သင် အောင်မြင်အောင် လုပ်နိုင်ပါတယ်။
သင့်ရဲ့ အားထုတ်မှုတွေကို အနှောင့်အယှက်ပေးနေတဲ့ အတားအဆီးတွေကို ရင်ဆိုင်ဖို့ ဟောဒီမှာ နည်းလမ်းတစ်ချို့ -
၁။ သင့်ရဲ့ ရည်မှန်းချက်တွေကို သဘောပေါက်ပါ။ သင် ဘာဖြစ်ချင်တာလဲဆိုတာကို သေသေချာချာ သိပါ။ စီမံချက်တစ်ခုခုမရှိဘဲ လျှောက်လုပ်နေလို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သင့်ရဲ့ပန်းတိုင်တွေ ၊ အဲဒီပန်းတိုင်တွေကိုရောက်ဖို့ သွားရမယ့်ခြေလှမ်းတွေအတွက် အစီစဉ်ဆွဲပါ။
ဒီလိုမျိုး စီမံချက်တစ်ခု ဆွဲထားတာတောင်မှ တကယ့်တကယ် သင်စီစဉ်ထားတဲ့အတိုင်း အတိအကျ ဖြစ်မလာတာက များပါတယ်။
အချိန်အခါကိုလိုက်ပြီး ပြောင်းလဲမှုတွေကို သင်ပြုလုပ်ရပါလိမ့်မယ်။ ပြီးတော့ အဲဒါက အိုကေပါတယ်။
အခြေအနေတစ်ခု ဖြစ်ပေါ်လာတဲ့အခါ ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိုတဲ့ အတွေးတွေနဲ့အတူ ကိုယ်မျှော်လင့်မထားတဲ့ အဖြစ်အပျက်တွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားပါ။
သင့်ရဲ့ အစီအစဉ်ထဲမှာ ဘာတွေက အဆင်မပြေဖြစ်နိုင်တယ်ဆိုတာကို ကြည့်ပါ။ ပြီးတော့ ပြောင်းလဲအသုံးပြုလို့ရမယ့် နည်းလမ်းတွေကို ရှာထားပါ။
၂။ သင့်ကိုယ်သင် ယုံကြည်ပါ။ သင့်ရဲ့ အောင်မြင်မှုခရီးလမ်းမှာ သင်ဟာ အဓိက အရေးပါတဲ့သူဖြစ်ပါတယ်။ သင်ဟာ သင့်ရဲ့ ရည်မှန်းချက်တွေကို ဖန်တီးသူဖြစ်တယ်။ အဲဒီ ရည်မှန်းချက်တွေကို ဖြစ်မြောက်အောင် လုပ်သူကလည်း သင်ကိုယ်တိုင်ပဲ ဖြစ်တယ်။ ဒါကြောင့် သင့်ကိုယ်သင် ယုံကြည်မှု ရှိရပါမယ်။
အကယ်၍ သင်လုပ်တော့မယ့် အရာတစ်ခုခုကို သင်အမှန်တကယ် လိုချင်စိတ်ရှိတယ်ဆိုရင် အဲဒီအရာကို ရမှာပဲ ဖြစ်ပါတယ်။
သင့်ရဲ့ ဗီဇစိတ်ကို လိုက်နာပါ။ သင့်ရဲ့ ဦးခေါင်းအနောက်က အသံသေးသေးလေးဟာ သင့်ရဲ့ရည်မှန်းချက်တွေ အောင်မြင်ဖို့ ဘာတွေလုပ်ရမယ်ဆိုတာ သင့်ကို ပြောပြပါလိမ့်မယ်။
၃။ အကူအညီတွေ ရယူပါ။ သင့်ရဲ့ လမ်းကြောင်းမှာ အတားအဆီးတစ်ခုခုရှိနေတယ်၊ ပြီးတော့ အဲဒီအရာက အရမ်း သင်ကိုယ်တိုင် ဘယ်လို့မရလောက်အောင် ကြီးမားလွန်းနေတယ်ဆိုရင် တခြားသူတွေရဲ့ အကူအညီကို ရယူပါ။ သင်ဟာ အရာရာတိုင်းကို ကိုယ်တိုင် မလုပ်ဆောင်နိုင်ပါဘူး။ လူသားတွေဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ဟာ လူမှုဆက်ဆံရေးသတ္တ၀ါတွေ ဖြစ်ကြပါတယ်၊ ပြီးတော့ ကျနော်တို့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေဆီက အကူအညီတွေကိုလည်း လိုအပ်ပါတယ်။
သင့်မိတ်ဆွေတွေ၊ သင့်ရဲ့မိသားစု ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းပါ။ ပြီးတော့ သင့်ရဲ့လမ်းကြောင်းပေါ်က အတားအဆီးကို ကျော်လွှားတဲ့အခါမှာ သူတို့ရဲ့အကူအညီကို အသုံးပြုပါ။ ပြဿနာတစ်ခုအပေါ်မှာ သင် ဘယ်တုန်းကမှ မစဉ်းစားဖူးတဲ့ အတွေးအမြင်တွေနဲ့ အကြံဥာဏ်တွေကို သူတို့ဆီကနေ ရရှိနိုင်ပါတယ်။
၎။ မှန်ကန်တဲ့ သဘောထားအမြင် ရှိပါစေ။ သင် ဘယ်လောက်ပဲကြိုးစားကြိုးစား အဆင်မပြေတဲ့အချိန်တွေ ရှိမှာပါပဲ။ အဲဒီလိုဖြစ်လာတဲ့အခါ ခဏရပ်နားဖို့ လိုပါတယ်။ ခြေတစ်လှမ်းလောက် နောက်ဆုတ်ပြီး အဖြစ်အပျက်တွေကို ကွဲပြားခြားနားတဲ့ ရှုထောင့်တစ်ခုကနေ ကြည့်ပါ။
သင်ဟာ သင့်ရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်လမ်းကြောင်းထဲမှာ ကျင့်သားရချင် ရနေပါလိမ့်မယ်။ ဒီတော့ တချို့အချက်အလက်လေးတွေကို သင် မမြင်မိလိုက်ဘူးပေါ့။ နားပြီး နည်းနည်းဝေးဝေး လျှောက်ကြည့်ပါဦး ။
ပြဿနာတစ်ခုနဲ့ ပတ်သက်လို့ သင် ဘယ်အရာကို အဓိက စဉ်းစားနေပါသလဲ။ သင် အဓိကထားနေတဲ့အရာကို ပြောင်းကြည့်လိုက်ပါ။ သင်အရင်က မမြင်ခဲ့တဲ့အရာတစ်ခုခုကို မြင်ရပါလိမ့်မယ်။
၅။ ဘယ်တော့မှ ဘယ်တော့မှ အရှုံးမပေးပါနဲ့။ အရှုံးပေးခြင်းအားဖြင့် ဘာမှ ဖြစ်မြောက်အောင်မြင်မှာ မဟုတ်ပါဘူး။ ဗင့်စ် လွန်ဘာဒီက ပြောဖူးပါတယ်။ ‘ အောင်မြင်တဲ့သူတွေဟာ ဘယ်တော့မှ အရှုံးမပေးဘူး။ အရှုံးပေးတဲ့သူတွေဟာ ဘယ်တော့မှ မအောင်မြင်ဘူး ‘ ။ အဲဒီစကားဟာ မှန်ပါတယ်။
ပြဿနာတစ်ခုအပေါ်မှာ အတွေးအမြင် တင်းမာလွန်းမယ်ဆိုရင် မအောင်မြင်နိုင်ပါဘူး။ အောင်မြင်ဖို့အတွက်ဆိုရင် ကျနော်တို့ရဲ့ ချဉ်းကပ်မှုပုံစံကို လုံးဝပြောင်းပစ်ရမယ့်အချိန်မျိုးတွေနဲ့ ကြုံရမှာပါပဲ။ ဒီလိုအခါမျိုးမှာ ဖြေရှင်းချက်တစ်ခုကို မတွေ့ခင် အရှုံးမပေးလိုက်ပါနဲ့။
၆။ တစ်ဖန် ပြန်စပါ။ တစ်ခါတစ်ရံမှာ ကျနော်တို့ အစွမ်းကုန် အားထုတ်ခဲ့ပေမယ့် ၊ သုညကနေ ပြန်စရမယ့်အချိန်မျိုးတွေ ရှိပါတယ်။ အဲဒီအချိန်ဟာ သင့်အိပ်မက်တွေကို အဆုံးသတ်လိုက်ရမယ့် အချိန်မဟုတ်ပါဘူး။
နည်းနည်းလေး အားထုတ်လိုက်မယ်ဆိုရင် သင် လုပ်နိုင်ပါတယ်။
အောင်မြင်ဖို့ဆိုတာဟာ မလွယ်ကူပါဘူး။ ကြိုးစားအားထုတ်မှုတွေ၊ စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်ရတာတွေ၊ တစ်ခါတစ်ရံ စွန့်လွှတ်လိုက်ရတာတွေ ပါဝင်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့အချက်တွေနဲ့အတူ၊ ကောင်းမွန်တဲ့ အစီအစဉ်တစ်ခု၊ ပြီးတော့ သင့်ပတ်ဝန်းကျင်မှာ သင့်ကို ကူညီနိုင်တဲ့ အကောင်းမြင်တဲ့လူတွေ ရှိနေမယ်ဆိုရင် သင်စိတ်က ဆုံးဖြတ်ထားတဲ့ ဘယ်အရာကိုမဆို သင် အောင်မြင်နိုင်ပါတယ်။
ဒီစာက သင့်အတွက် အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်။ နောက် စာတစ်ပုဒ်ကိုလည်း စောင့်မျှော်ပါဦး။ သင်ကြိုက်နှစ်သက်မှာသေချာတဲ့ အလွန့်အလွန် စွမ်းအားရှိတဲ့ အကြောင်းအရာတွေ ကျနော့်မှာ ရှိပါတယ်။
Ref: Overcoming Anything To Achieve Success by Chris D’Cruzhttp://yourlifesuccess.blog.com/2011/05/24/overcoming-anything-to-achieve-success/

0 comments:

Post a Comment