အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Friday 11 November 2011

ချိုးဖေါက်လိုက်ချင်တယ်..

 

ဘ၀ ဆိုတဲ့တိုက်ပွဲကို
ဂစ်တာတစ်လက်ကိုင်ပြီး တိုက်လို့
သွေးသံတွေလည်း တရဲရဲ
ချို့တဲ့ခြင်းတွေပဲ စားသုံးနေရတယ်...။

သမင်တစ်ကောင်ကိုလည်း မပစ်ရက်
ယုန်ငယ်ကိုလည်း သနား
ဆင်ဖြူတော်လည်း မမှီချင်တဲ့ ဒီမုဆိုး
မာန မျိုးမျိုးမြက်မြက် ဖနောင့်မှာ ဆူးလို့...။

ကိုယ့်ရာဇ၀င် ကိုယ်ပြုစုကြရတဲ့လောကမှာ
သမိုင်းကြောင်းကောင်းခဲ့တဲ့ ရွှေနန်းတော်ကြီး
မြေဇာပင်တွေ ဖုံးလွှမ်းခဲ့
တစ်ခါတလေလည်း အရင်က ရွှေထီးကို လွမ်းတယ်...။

ဥပုဒ်ကောင်းကောင်းစောင့်ခဲ့ပေမယ့်
ငယ်ထိပ်က ဖနောင့်ရာတွေကြောင့်
ဖြစ်ချင်ရာဖြစ် ညစာစားခြင်းလောက်တော့
ချိုးဖေါက်လိုက်ချင်တယ်...။

ခပ်မိုက်မိုက်မြင်းတစ်ကောင်ကိုလည်း
အရင်လို ဇက်ဖွင့်မပေးတော့ပါဘူး
သည်းခံခြင်းစားကျက်မှာ ဖြစ်သလိုလွှတ်ကြောင်းထားတယ်...။

ဟိုး...ခရီးဝေးဝေး တောင်တန်းတွေပေါ်မှာ
အလံလွှင့်တင်နိုင်ဖို့
ငါ့သားရေနဲ့ငါတော့
ဖိနပ်ကောင်းကောင်း တစ်ရံချုပ်ရဦးမယ်..။


                                                       နောင်ရိုး(www.naungyoepoem.co.cc)
--

0 comments:

Post a Comment