Thursday, 17 November 2011
သံဝေဂ ပွားရအောင်
မြတ်စွာ ဘုရားရှင်လက်ထက်က
ဗုဒ္ဒရဲ့ ----
ဆွေတော် မျိုးတော် သာကီဝင်မင်းများ
အမျိုးဂုဏ် ကိုတန်ဘိုး ထားလွန်းပြီး
မာန်မာနတွေ အစွန်းရောက်လို့
သွေးချောင်းပေါက် စစ်မက်များ
သံဝေဂ ပွားရအောင်
နည်းနည်းလောက်ပြောကြား ချင်ပါတယ် ---
ကောသလမင်း က
ဗုဒ္ဒကို ကြည်ညို လွန်းလှလို့
သာကီဝင်မင်း တို့နဲ့ အမျိုးဖက်
ဆွေမျိုးစပ်ချင် တာနဲ့
သမီးတော်တစ်ပါး မိဖုရား အရာထားဘို့
သာကီဝင်မင်းတွေဆီကို
တောင်းဆိုသတဲ့ ---
အမျိုးဂုဏ်မာန်တတ် သွေးနှောမပျက်စေဘို့
ချောမောလှပတဲ့ ကျွန်မ တစ်ယောက်ကို
သမီးတော်ဆိုပြီး ဆက်သ
ဟုတ်လှပြီပေါ့------
ကောသလမင်းဟာ
အဲဒီ ကျွန်မ ကို --သာကီဝင်တို့ရဲ့သမီးတော်
ယုံမှတ်တော်မူပြီး အကြင်နာရင်မှာ ပျိုးကာ
အလွန် ချစ်မြတ်နိုးသတဲ့--
အဲဒီလိုနဲ့ နှစ်တွေကြာ--
အဲဒီ မိဖုရား နဲ့
``ဝီဋဋူပ`` ဆိုတဲ့ သားတော်တစ်ပါး
မွေးဖွား လို့ အရွယ်ရောက်
ကံကြမ္မာတွေ ဗွေဖောက်မယ့်
အဲဒီတစ်နေ့ကိုရောက်ရော------
``ဝီဋဋူပ`` မင်းသားဟာ
မိခင်ရဲ့ အမျိုးတော် သာကီဝင်မင်းတို့ ကို
တွေ့လိုတာကြောင့်
ဖခင်ဆီ ခွင့်ပန်
ဆွေမျိုးတွေဆီ ခဏပြန်သတဲ့
အမျိုးဂုဏ်နိမ့်တဲ့ ကျွန်မရဲ့ သားကို
ဂါရဝ မပြုစေလိုတာကြောင့်
အဲဒီ ``ဝီဋဋူပ`` မင်းသားအောက်
ငယ်ရွယ်သူ မင်းညီ မင်းသားတွေကို
ကျူပင်တွေကြား ဝှက်ထားပြီး တိမ်းရှောင်
မာန်မာန ရဲ့ သားကောင်တွေပေါ့ --
``ဝီဋဋူပ`` မင်းသားဟာ
သူကဘဲ ဂါရဝ ပြုနေရပြီး
သူ့အောက် ညီငယ် ညီမငယ် ဆိုတာမတွေ့
ကိုယ့်ကို ဂါရဝပြုမယ့်လူ မရှိတာကို ဘဝင်မတွေ့ဘဲ
အကြောင်းရဲ့ အစစ်အမှန်
စုံစမ်းရန် လူထားပြီး
ပြန်သွားရော ---
ကျွန် သွေးပါတဲ့ ကျွန်မသား
နေထိုင်သွားတဲ့နေရာ
မသတီတာနဲ့
နွားနို့ နဲ့ဆေး
နန်းတော်တွင်းမှာ ရှုတ်ယှက်ခတ်
လုပ်ဇာတ်ကပေါ်
ရှုံ့ မဲ့ ပြီး အော့အန်ကြ
အကြောင်းမှန်သိရတော့
ဒေါထပြီး တောက် တစ်ချက်ထန်
ဗျောင်းသတ် အောင်မြေလှန်မဟဲ့ လို့
စစ်တပ် နဲ့ တပ်ချီ
ကျူပင်ခုတ် ကျူငုတ်မကျန်စေနဲ့ လို့
တစ်ချက်လွှတ် အမိန့်ပြန်
သတ်ချက်ကတော့ လက်လံတယ်
ဘုရားတောင် သုံးကြိမ်ကျ
တားလို့ မရခဲ့--
ဒေါသရဲ့ တုန့်ပြန်
မာန်မာနတွေ ခံရ
သြော်--- ဒေါသ နဲ့ မာန
သူတို့တွေရော--
အဲဒီက အပြန်
ရေမရှိတဲ့ ချောင်းသောင်ယံမှာ
စစ်တပ်ကိုချ ရပ်နားကြတုန်း
ဗြုံး ဆို -- ရေလှိုင်းတွေစီးလာ
တစ်တပ်လုံး ပြုတ်ပါရော--
ဒေါသနဲ့ မာန
ဘယ်သူမှ အကောင်းမကျန်
ဆိုးပြစ်တွေခံရ
သတိထားကြပေါ့ ---
ငါ မှ ငါ ဆိုတဲ့ မာန
တစ်ကယ်လို့ ဝင်နေကြရင်
ဒီအဖြစ်ကိုသတိရ
စိတ်လျှော့ကြ ပါ ။ ။
မှော်ဆ၇ာမေးလ် မှ ၇၇ှိပါတယ်
1 comments:
စာလုံးပေါင်းကိုတော့ မှန်အောင်ရေးပါ ဗုဒ္ဓ
Post a Comment