အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Thursday 10 November 2011

မိန်းကလေးရှေ့မှာ သိပ်မှားကြတဲ့ ယောက်ျားလေးတွေရဲ့အပြုအမူများ

 
 
အဟမ်း…..

ချစ်သူတို့ ပြေလည်နိုင်စေအောင်… ကောင်းသီဟကျော်က တစ်ခုထပ်မံ တင်ပြပေးလိုပြန်ပါတယ်…။ ရှောင်ရန်လေးတွေပေါ့နော်… ဆောင်ရန်ကိုတော့ ရှေ့ပိုစ့်မှာ တင်ပြပြီးသွားပါပြီ…။ အော် မိန်းကလေးတွေအတွက် ကျန်သေးတယ်…။ ဟုတ်ပါပြီ… တင်ပေးဦးမှာပါ…။ အခုတော့ ဒါလေးကို ဆွေးနွေးကြည့်မယ်…။ သူများအကျိုးဆောင် ကိုယ့်အကျိုးအောင်တဲ့ဗျ… ဟိ… သူများအကျိုးတော့ ဆောင်နေတာပဲ… ကိုယ့်အကျိုးတော့ ဘယ်တော့ အောင်မလဲမသိဘူး…။ အောင်စရာလည်း မရှိဘူး…။ အေးအေးချမ်းချမ်းနေတာပဲ ကောင်းတယ်နော့်…………။

ဟိ… ဘေးထွက်ဘောတွေ ဖြစ်ကုန်ပြီ… လက်ပစ်ဘောလေး ပြန်ပစ်သွင်းရအောင်… အဲလေ ဟုတ်ပါဘူး… Main Topic ကိုပြန်သွားရအောင်….။ ၁၀ ချက်ရှိမယ်… ဖတ်ဖူးတာလေးတွေပါ… ပြန်လည် ဝေမျှပေးတာပေါ့… အဆင်ပြေဖို့နော်…။

၁။ စင်းလုံးချော လူကောင်းသိပ်လုပ်ပြကြတဲ့ အပြုအမူ
ယောက်ျားလေး အများစုက ကိုယ့်ချစ်သူ၊ ကိုယ်စိတ်ဝင်စားတဲ့ မိန်းကလေးရဲ့ ရှေ့ရောက်ရင် ကိုယ့်ကိုယ်ကိုယ် စင်းလုံးချော လူကောင်းပုံစံ သိပ်ဖမ်းပြကြတယ်။ သိပ်တော်သိပ်သိ သိပ်တက် ဆိုတာမျိုးပေါ့။ အဲ့ဒါမျိုးကို မိန်းကလေးတွေက မနှစ်သက်ကြပါဘူး။ သဘာဝကျကျ နည်းနည်း ပါးပါး ပြသနာလေးတွေနဲ့ အမှားအယွင်းလေးတွေ ဘာတွေနဲ့ ရှိနေရမှာပေါ့။ ဒါပေမယ့် အထစ်ထစ် အငေါ့ငေါ့ တလွဲတချော်လူတော့လည်း မဟုတ်ရဘူးပေါ့…။

၂။ သူကတော့ ငါ့ကို သိပ်ခိုက်နေပြီဆိုတာမျိုး ထင်နေတတ်တဲ့ ကိစ္စ
တချို့ ယောက်ျားလေးတွေက ကိုယ့်ကိုယ်ကိုယ် ဘာမှန်းညာမှန်း အသိဘဲ တစ်ဖက်သား မိန်းကလေးကတော့ ငါ့ပုံစံ ငါ့စတိုင်ကို သိပ်ခိုက်နေပြီဆိုတာမျိုး ထင်နေတတ်လုပ်မိတတ်တယ်။ သတိပြုရမှာက သင်ဟာ လီယိုနာဒို ဒီကက်ပရီယိုလည်း မဟုတ်၊ ဂျုဒ်လောလည်း မဟုတ်သလို သင် ကျင်လည် လှုပ်ရှားနေတာကလည်း ရုပ်ရှင် ဗီဒီယိုရိုက်နေတဲ့ ရိုက်ကွင်းမဟုတ်ဘူး။ အဲ့ဒီတော့ အားလုံးပုံမှန်အတိုင်းပဲ လုပ်တာကောင်းပါတယ်။ ‘ဘ၀င်’ကို မိန်းကလေးတွေက မနှစ်သက်တတ်ပါ။

၃။ နေရာတကာ သူ့ဆီက သဘောထားတောင်းနေတဲ့ အမူအကျင့်
မိန်းကလေးအများစုက အလိုလိုက်ခံရတာ၊ သူတို့ဖြစ်စေချင်သလို ဖြစ်တာတွေကို သဘောကျတယ်ဆိုပေမဲ့ သူတို့ လိုအပ်တာက ယောက်ျားပီပီသသ ယောက်ျားတစ်ယောက်ပါ။ နေရာတကာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးဆိုတာလို အပိုးကျိုးပြရုံက အသေးအဖွဲလေးက အစ သူခွင့်ပြုမှလုပ်တာ၊ သူ့လာ ခွင့်တောင်းနေတာမျိုးဆိုရင် အဲ့ဒီယောက်ျားကို ပစ်ထားခဲ့တဲ့ အခါကျရင်လည်း အံ့သြမနေနဲ့လို့ ပြောရမှာပဲ။

၎။ မိန်းကလေးရဲ့ အချစ်ကို လက်ဆောင်ပစ္စည်းနဲ့ ဆွဲဆောင်လို့ ရမယ်လို့ထင်တတ်တဲ့ သဘောထား
မိန်းကလေးအများစုက လက်ဆောင်ကို မြတ်နိုးတတ်ကြတယ်။ ဒါပေမယ့် ချစ်မေတ္တာကို ၀ယ်တာ၊ အ၀ယ်ခံရတာမျိုးတော့ မကြိုက်ဘူး။ ဒါ့ကြောင့် မိန်းကလေးတစ်ယောက်ဆီက ချစ်မေတ္တာကို လိုချင်တဲ့အခါ လက်ဆောင်နဲ့ ဆွယ်တာမျိုးထက် ပိုကောင်းတဲ့ ချဉ်းကပ်နည်းကို ဦးနှောက်သုံးပြီး ကြိုးစားကြည့်ရမှာ ဖြစ်ပါတယ်။

၅။ သင့်ရဲ့ အားနည်းချွတ်ယွင်းမှုတွေကို ဇွတ်အတင်း ရင်ဖွင့်တာမျိုး
လူချင်းမှ ရင်းနှီးမယ် မကြံသေးဘူး။ ပြသနာတွေ ချွတ်ယွင်းအားနည်းတာတွေကို ထုတ်ပြီး ညည်းညူတာမျိုးကိုလည်း မိန်းကလေးတွေက စိတ်ပျက်တတ်တယ်။ တဖြည်ဖြည်း ရင်နှီးကျွမ်းဝင်လာရင် သူတို့ကိုယ်က နှိုက်နှိုက်ချွတ်ချွတ် သိချင်လာမှာပါ။ အဲ့ဒီလိုအခါ မေးလာတော့မှ ရင်ဖွင့်ပါ။

၆။ သူတို့ စိတ်ထဲမှာဘာရှိနေသလဲနားမလည်တတ်ကြတာမျိုး
မိန်းကလေးတွေရဲ့ စိတ်နေသဘာဝကို အကဲမဖြတ်တက်တာလည်း သူတို့ သဘောမကျတဲ့ ကိစ္စတစ်ခုပါပဲ။ သူတို့ သဘာဝက အပြင်ပန်းရုပ်ကို မြင်ရုံနဲ့ ယောက်ျားတစ်ယောက်ကို အကဲဖြတ်တာ ပြီးသွားတာမဟုတ်ဘူး။ အဲ့ဒီလူကို သူတို့ရဲ့စိတ်မှာ ခံစားနိုင်မှ နှစ်သက်တာမျိုးပါ။

၇။ အ၀တ်အစားဝတ်ရာမှာ ရှိုးများလွန်းတဲ့ ကိစ္စ
ကိုယ်မေတ္တာရှိနေတဲ့ မိန်းကလေးတွေနဲ့ ဆုံဖို့ရှိတိုင်း ပုံမှန်ဝတ်နေကျ သန့်ရှင်းသပ်ရပ်တဲ့ စတိုင်ကိုပဲ ၀တ်ဆင်တာ ကောင်းပါတယ်။ သမားရိုးကျထက်ပိုတဲ့ အလှူ၊ မင်္ဂလာဆောင်တွေမှာ ၀တ်တာမျိုး၊ သိပ်ရှိုးများရာရောက်တဲ့ အဆင်အပြင်မျိုးတွေကို မိန်းကလေးတွေက သဘောမတွေ့ဘူး။

၈။ အနံ့အသက်ရှိနေရင်လည်း သူတို့က စိတ်ပျက်တယ်
ကိုယ်မေတ္တာသက်ဝင်နေတဲ့ မိန်းကလေးက ကိုယ့်ကို ငြင်းပယ်တာ မခံချင်ရင် ကိုယ့်ဆီက အနံ့အသက်သည်းမခံနိုင်စရာ ထွက်ပေါ်မနေဖို့ကလည်း ဂရုစိုက်ရမယ့် အချက်တစ်ခုပါပဲ။ ယောက်ျားလေးတွေ တချို့က တစ်ကိုယ်ရေသန့်ရှင်းမှု မပြုကြတော့ တစ်နေရာမဟုတ် တစ်နေရာက အနံ့အသက်ထွက်နေတတ်တယ်။ မွှေးကြိုင်ဖို့ မလိုပေမယ့် အနံ့ထွက်မနေဖို့တော့ အသေအချာလိုအပ်ပါတယ်။

၉။ တခြားမိန်းကလေးတွေကို မျက်စိကစားတဲ့ အပြုအမူ
ဘယ်တော့မှ မလုပ်မိဖို့။ ထပ်သတိပေးမယ်။ ဘယ်တော့မှ မလုပ်မိစေဖို့…။ သင်နဲ့ သင့်ချစ်သူ နှစ်ယောက်အတူအလည်ထွက်ချိန်င်္၊ စားသောက်ဆိုင်သွားစားချိန်တွေမှာ ကိတ်ဝင်းစလက်၊ ဂေါင်လီ၊ ဟယ်ီဘယ်ရီ၊ ဂျနီဖာလိုပက်ဇ်၊ သက်မွန်မြင့်၊ ဖွေးဖွေး၊ ၀တ်မှုန်ရွှေရည်…. ဘယ်သူတွေကိုပဲ တွေ့တွေ့ လုံးဝ မကြည့်မိလိုက်စေနဲ့။ လုံးဝငေးမော မျောပါမသွားစေနဲ့။ အဲ့ဒါ မိန်းကလေးတွေ လုံးဝလက်မခံနိုင်တဲ့ အကျင့်။

၁၀။ သူ့ကိုကျော်ပြီး သူများအကူအညီ ယူတာ
သင်အခက်အခဲတွေ့နေတာ တစ်ခုခုဟာ သူလုပ်ပေးနိုင်ပါလျက် တခြားသူငယ်ချင်း မိတ်ဆွေကို အကူအညီများ သွားတောင်းမိရင် သင်တော့ ဒုက္ခတွေ့ပြီ။ သူ့ကို အားမကိုးတာ၊ မယုံကြည်တာ၊ မတိုင်ပင်တာဆိုပြီး သူ့ကို ချိန်းဆိုဖို့ကြံတိုင်း ငြင်းပယ်ခံရဖို့သေချာသွားပြီမို့လို့ပါပဲ။

ကဲ… အဲ့ဒါတွေက မိန်းကလေးတွေရှေ့မှာ ယောက်ျားလေးတွေ မှားလေ့ရှိတဲ့ အပြုအမူတွေပါတဲ့… ရှောင်နိုင်ရှားနိုင်ကြပါစေဗျာနော်…

ကောင်းသီဟကျော်

0 comments:

Post a Comment