အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Monday 4 July 2011

လူတကာ့လူ သို့မဟုတ် ဗုဒ္ဓဘာသာဝင်

လူတကာ့လူ သို့မဟုတ် ဗုဒ္ဓဘာသာဝင်

လွတ်လွတ်လပ်လပ် အမှန်တရားကို ရှာမှ ဗုဒ္ဓဘာသာဝင် ပီသမယ်။ ကြားရသမျှကို ယုံနေရင် ဗုဒ္ဓဘာသာဝင် မပီသဘူး။ ယုံရတာ လွယ်တယ်။ ကိုယ်တိုင်သိအောင် လုပ်ရတာ မလွယ်ဘူး။ ဘုရားဟောတဲ့ တရားကို ယုံကြပါတယ်ဆိုတဲ့လူက ယုံကြည်ပါတယ် ဆိုတဲ့ နေရာတင် ရပ်နေလို့ မဖြစ်ဘူး။ သိအောင် လုပ်ရဦးမယ်။ သိတာက ယုံကြည်တာထက် ပိုပြီး အဆင့်မြင့်တယ်။

ဗုဒ္ဓဘာသာတရားမှာ ယုံတာဟာ အရေးကြီးဆုံး အချက် မဟုတ်ဘူး။ ကိုယ်တိုင်သိတာက အရေးကြီးတဲ့ အချက် ဖြစ်တယ်။ ဗုဒ္ဓဘာသာတရားဟာ အမှန်တရားကို လွတ်လွတ်လပ်လပ် ရှာဖွေဖို့၊ လက်တွေ့စမ်းသပ်ဖို့ အားပေးတဲ့ တရားဖြစ်တယ်။ ဒါကြောင့် Buddhism is The Religion of Freedom လို့ ဆိုနိုင်တယ်။  ဗုဒ္ဓဘာသာတရားဟာ အဆင့်အမြင့်ဆုံး လွတ်လပ်မှုကို ရောက်အောင် လမ်းဖွင့်ပေးတဲ့ ဘာသာတရား ဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာတရားဟာ The Religion of Absolute Freedom ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာကိုယ်တော်အရှင်မြတ်ြ
ကီး ဟောကြားခဲ့တဲ့ တရားတွေဟာ သက်သက် စိတ်ကူးနဲ့ ဖန်တီးထားတဲ့ အယူဝါဒတစ်ခု မဟုတ်ဘူး။ သဘာဝတရားပဲ။ အဲဒီတော့ ဗုဒ္ဓမြတ်စွာ ကိုယ်တော်အရှင်မြတ်ကြီး ဟောကြားခဲ့တဲ့ တရားတော်တွေကို တစ်ကယ်သဘောပေါက်ချင်ရင် ကိုယ်တိုင်အားထုတ်ကြည့်ရင် ရပါတယ်။

ဗုဒ္ဓဘာသာတရားဟာ အားငယ်သူတို့ရဲ့ ဘာသာတရား မဟုတ်ဘူး။ စိတ်ဓာတ်အင်အားကြီးသူတို့ရဲ့ ဘာသာတရား ဖြစ်တယ်။ ဗုဒ္ဓမြတ်စွာကိုယ်တော်အရှင်မြတ်ကြီးက လမ်းကိုပဲ ညွှန်ပြတယ်။ တွဲမခေါ်ဘူး။ ကိုယ့်တာဝန်ကိုယ် ယူခိုင်းတာဟာ လွတ်လပ်တဲ့သူ ဖြစ်စေချင်လို့။ ဗုဒ္ဓမြတ်စွာကိုယ်တော်အရှင်မြတ်ကြီးဟာ လွတ်လပ်တဲ့ သူ ဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်မှုကို လမ်းညွှန်ပေးခဲ့သူ ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာကိုယ်တော်အရှင်မြတ်ကြီးက သဘာဝမကျတဲ့ မျှော်လင့်ချက်တွေ မပေးဘူး။ False Hope မျှော်လင့်ချက်အတုတွေကို မပေးဘူး။ အဲဒါဟာ ဆရာကောင်းတွေရဲ့ လက္ခဏာပါပဲ။ ဗုဒ္ဓဘာသာတရားရဲ့ အမြင့်ဆုံးရည်မှန်းချက်ဟာ လွတ်လပ်မှု ဖြစ်ပါတယ်။ ကောင်းကင်ဘုံတို့ နတ်ပြည်တို့ မဟုတ်ဘူး။ ဒါကြောင့် လွတ်လပ်မှုနဲ့ စပြီး လွတ်လပ်မှုနဲ့ ဆုံးတယ်လို့ ဆိုနိုင်ပါတယ်။

ဗုဒ္ဓဘာသာ စကားလုံးအစု


ဗုဒ္ဓမြတ်စွာကိုယ်တော်အရှင်မြတ်ကြီးဟောကြားခဲ့တဲ့တရားတွေကို အခုခေတ်မှာ ဗုဒ္ဓဘာသာလို့ ခေါ်နေကြတယ်။ ဒီဗုဒ္ဓဘာသာဆိုတဲ့ စကားလုံးကိုက ပေါ်ပေါက်လာတာ သိပ်မကြာသေးဘူး။ တစ်ခြားတစ်ခြား ဘာသာတရားတွေကို 'ဘာသာ' လို့ ခေါ်တဲ့ ခေတ်မှာမှ အဲဒီနောက်ပိုင်းမှာ ဗုဒ္ဓဘာသာ လို့ ခေါ်တာ။

ဘုန်းကြီးကတော့ သမ္မာဒိဌိဝါဒီ ဆိုတဲ့ အသုံးအနှုံး ကို ပိုကြိုက်တယ်။ အကြောင်းအကျိုး မှန်တာကို လက်ခံတယ်။ ဘယ်ပုဂ္ဂိုလ်ကိုမှ မစွဲဘူး။ ပုဂ္ဂိုလ်စွဲ မရှိဘူး။ ဂိုဏ်းစွဲ မရှိဘူး။ ဘုန်းကြီးကို တစ်ချို့က ဘယ်ဂိုဏ်းဝင်လဲလို့ မေးကြတယ်။ အဲ့ဒီလို မေးခွန်းကို ဘုန်းကြီး မဖြေချင်ဘူး။

အာသောကမင်းကြီး လက်ထက်မှာ ရဟန်း အတုနဲ့ အစစ်ခွဲဖို့ သူတို့ စီစဉ်တဲ့အခါမှာ ရဟန်းတွေကို မေးတယ်။ သင့်ဆရာရဲ့ အယူဝါဒဟာ ဘယ်လို အယူဝါဒလဲ။ ဒီပုဂ္ဂိုလဟာ ဘုရားရဲ့ တရားကို ဘယ်လောက်သိလဲဆိုတာ စမ်းသပ်တာ။ ရဟန်းအတုတွေကတော့ အမျိုးမျိုးဖြေကြတာပေါ့။ ရဟန်းအစစ်၊ ဘုရားရဲ့ အဆုံးအမသြ၀ါဒကို တစ်ကယ်သိတဲ့ ပုဂ္ဂိုလ်က ဘယ်လို ဖြေလဲဆိုတော့ ငါတို့ဆ၇ာ၇ဲ့ ၀ါဒဟာ "၀ိဘဇ္ဖ၀ါဒ" ဖြစ်ပါသတဲ့။ ဗုဒ္ဓ၀ါဒလို့ မပြောဘူးနော်။

ဝိဘဇ္ဖ၀ါဒ ဆိုတာ ဝေဖန် ပိုင်းခြား စီစစ်တဲ့ ၀ါဒ။ အတုံးလိုက် အခဲလိုက် ယူတဲ့ ၀ါဒ မဟုတ်ဘူး။ အကြောင်းအကျိုး သေသေချာချာ ခွဲခြား စီစစ်တဲ့ ၀ါဒ ဖြစ်တယ် ။ အဲ့ဒါလေးတွေကအစ အမှတ်တမဲ့ မနေသင့်ဘူး။ ဗုဒ္ဓဘာသာတရားကို တစ်ကယ် လေးလေးစားစား တန်ဖိုးထားတယ်ဆိုရင် ဒီစကားလုံးလေး သုံးတာက အစ စဉ်းစားသင့်တယ်။

ref : ဆရာတော် ဦးဇောတိက

ဗုဒ္ဓမြတ်စွာဘုရားရှင်၏ သာသနာပြု ခရီးစဉ်


ဗုဒ္ဓကျမ်းစာများနှင့် သမိုင်းအထောက်အထားများရ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ သာသနာပြု ခရီးစဉ်ရှည်ကြီးကို အောက်ပါအတိုင်း မှတ်တမ်းတင်ထားကြပါသည်။


၀၁။ ဘီစီ ၅၂၈ - က္ကုသိပတန (ယခု - ဆာရနာတ်)
၀၂။ ဘီစီ ၅၂၇ - ရာဇဂြိုလ်
၀၃။ ဘီစီ ၅၂၆ - ရာဇဂြိုလ်
၀၄။ ဘီစီ ၅၂၅ - ရာဇဂြိုလ်
၀၅။ ဘီစီ ၅၂၄ - ဝေသာလီ
၀၆။ ဘီစီ ၅၂၃ - မကုဋတောင် (ယခု - ဗိဟာရ်)
၀၇။ ဘီစီ ၅၂၂ - တာဝတိံသာ ?
၀၈။ ဘီစီ ၅၂၁ - သုသုမာရတောင် (ယခု - ကျူနာရ်)
၀၉။ ဘီစီ ၅၂၀ - ကောသမ္ဗီ (ယခု - က္ကုလဟာဗာ်)
၁၀။ ဘီစီ ၅၁၉ - ပါလိလေယျက (ယခု - မိရ် ဂျာပူ)
၁၁။ ဘီစီ ၅၁၈ -နာဠာ (ယခု - ဗိဟာရ်)
၁၂။ ဘီစီ ၅၁၇ -ဝေရဉ္ဇာ (ယခု - မထုရာ)
၁၃။ ဘီစီ ၅၁၆ - စာလိယတောင် (ယခု - ဗိဟာရ်)
၁၄။ ဘီစီ ၅၁၅ - သာဝတ္ထိ (ယခု - ဂေါဏ္ဍာ)
၁၅။ ဘီစီ ၅၁၄ - ကပိလ၀တ္ထု
၁၆။ ဘီစီ ၅၁၃ - အာလ၀ီ (ယခု - အာရ်ဝလိ)
၁၇။ ဘီစီ ၅၁၂ - ရာဇဂြိုလ်
၁၈။ ဘီစီ ၅၁၁ - စာလိယတောင်
၁၉။ ဘီစီ ၅၁၀ - စာလိယတောင်
၂၀။ ဘီစီ ၅၀၉ - ရာဇဂြိုလ်
၂၁။ ဘီစီ ၅၀၈ မှ ဘီစီ ၄၈၄ - သာဝတ္ထိ
၂၂။ ဘီစီ ၄၈၃ - ဝေသာလီ

ဘီစီ ၄၈၃ ၊ သက်တော် ရှစ်ဆယ်အရွယ်တွင် ကုသိနာရုံပြည် အင်ကြင်းဥယျာဉ် တစ်ခု၌ ဗုဒ္ဓ ပရိနိဗ္ဗာန်စံ ကွယ်လွန်ခဲ့သည်။ ဗုဒ္ဓမြတ်စွာသည် သူ့တစ်ဘ၀လုံး လူသားများအကျိုးကို မငဲ့မကွက် သယ်ပိုး အကျိုးပြုခဲ့ခြင်းမှာ အံ့မခန်း လေးစား ကြည်ညိုဖွယ် ကောင်းလေစွ။

Ref : Buddhism Made Plain by Fernando & Leonard Swidler
( Fernando & Leonard Swidler တို့မှာ ပင်ဆာ(လ်)ဗေးနီးယား တက္ကသိုလ်မှ Theology စy��ာရှင်များဖြစ်ကြသည်။)

http://genuinewhitefamily.org ဆိုက်မှကူးယူဖော်ပြပါသည်

0 comments:

Post a Comment