အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Saturday 14 May 2011

ပြုသူအသစ် ဖြစ်သူ အဟောင်း ၊ အခြားတ၇ားစာပေများ


  1. ယောကျာ်းမြတ် လက္ခဏာ (၃၂)ပါး သမ္မာသမ္ဓုဒ္ဓ ၊
  2. ဘာသာရေးပျက်သုဉ်းတော့မည်ဟု စစ်တမ်းကဆို ၊
  3. ဗုဒ္ဓသာသနာ့ အလံတော် ဖြစ်ပေါ်လာပုံ ၊
  4. ဗုဒ္ဓဂယာတွင် မြန်မာရုပ်ရှင် ဇာတ်ကားကြီး ပထမဆုံးအကြိမ် သွားရောက် ရိုက်ကူးရန် စီစဉ်နေ ၊ေ
  5. ရွှေတိဂုံ စေတီတော်မြတ် သမိုင်း ၊
  6. ပြုသူအသစ် ဖြစ်သူ အဟောင်း ၊
  7. ဗုဒ္ဓ၀ါဒသည် အဆိုးမြင်ဝါဒလော ၊


ယောကျာ်းမြတ် လက္ခဏာ (၃၂)ပါး သမ္မာသမ္ဓုဒ္ဓ


လောက၌ သမ္မာသမ္ဓုဒ္ဓ ဘုရားစင်စစ် ဧကန်ဖြစ်သူ၏ ကိုယ်တော်၌ ယောကျာ်းမြတ် လက္ခဏာ (၃၂)ပါး အထင်အရှား ပါရှိရမြဲ ဖြစ်၏ ။ ထို့ကြောင့် ပေါက္ခရသာတိ ပုဏ္ဏားကြီးက ထိုယောကျာ်းမြတ်လက္ခဏာအားဖြင့် ဘုရားဟုတ်၊ မဟုတ် စစ်တမ်းထုတ်ခြင်း ဖြစ်သည်။ ထိုလက္ခဏာတော်ကြီး (၃၂)ပါး ဖြစ်ပေါ်လာရပုံတို့ကို ဘုရားရှင် ဟောတော်မှုသည့်အတိုင်း တစ်ပါးစီသေးစိတ် ရှင်းပြပေထားပါသည်။

(၁) ခြေဖ၀ါးလက္ခဏာတော်
မြတ်စွာဘုရား၏ ခြေဖ၀ါးတော်သည် မြေ၌နင်းသောအခါ ရွှေခြေနင်းပမာ ညီညာစွာ ထိသော ဖ၀ါးအပြင်ရှိ၏ ။ ထိုလက္ခဏာတော်သည် မြတ်စွာ ဘုရားနှင့် စကြာမင်းတို့၏ သီးခြားလက္ခဏာ တစ်ပါးဖြစ်သည်။
http://4.bp.blogspot.com/-RVI5nXJK-8U/SslkvpK-7rI/AAAAAAAAAzY/nxyLodUpyY/s-1600-h/1111.jpg

ဘုရားအလောင်းတော်သည် ဘ၀များစွာတို့၌ ပါရမီကောင်းမှု မှန်သမျှမတွန့်မ ဆုတ်မြဲမြံစွာအား ထုတ်တော် မှုခဲ့သော ကြောင့်ဤလက္ခဏာ တော်ကို ရရှိတော်မူသည်။


1. The large spear
2. The royal mansion
3. The wax flower
4. The regular line across the neck
5. The ornament head band
6. The laid table
7. The royal cot
8. The javelin
9. The multi-tired roof
10. The archway
11. The white parasol
12. The royal scimitar
13. The fan made of toddy palm
14. The fan made of peacocks feathers
15. The whisk made of the tail of the paradise bird
16. The thing which is used by the monk named Thin Kyitt
17. The ruby
18. The alms bowl
19. The garland of jasmines
20. The blue lotus
21. The red lotus
22. Paduma lotus
23. The white water lily
24. The white lotus
25. The pot full of water
26. The cup full of water
27. The ocean
28. The mountain of universe
29. Mount Himalayan
30. Mount meru
31. The sun
32. The moon
33. The planets
34. The south island
35. The east island
36. The north island
37. The west island
38. Two thousand lesser islands
39. The universal monarch
40. The white conch shield
41. The pair of Golden fish
42. The wheel
43 – 49. The seven Rivers
50 – 56. The seven mountain ranges
57 – 63. The seven great lakes
64. The Garuda king
65. The crocodile king
66. Streamers
67. The golden palanquin
68. Mount Kalasa
69. The lion king
70. The tiger king
71. The novel steed born among clouds
72. The novel white elephant
73. The dragon king
74.. The Golden king
75. The Nobel bull
76. The Erawon celestial elephant
77. The golden sickle
78. The royal barge with the four door ways
79. The cow and her offspring
80. The Kinnara mythical male bird
81. The Kinary mythical female bird
82. The Karawaik bird
83. The peacock
84. The crane
85. The ruby goose
86. The pheasant partridge
87 – 92. The Six abode of celestial beings
93 – 108. The sixteen Brahma realms
(၂) စက်ဝန်းလက္ခဏာတော် မြတ်စွာဘုရား၏ ခြေဖ၀ါးတော်၌ အကန့်တစ်ထောင်၊ အကွပ်၊ ပုံတောင်းတို့နှင့်တကွ အခြင်းအရာ အလုံးစုံ နှင့်ပြည့်စုံသော တစ်ရာ့ရှစ်ကွက် စက်လက္ခဏ ထင်ရှားစွာ ဖြစ် ပေါ် လျက်ရှိ၏ ။ ဘုရားအလောင်းတော်သည် ဒါန ပြုလုပ်သောအခါတိုင်း အခြံအရံ ပစ္စည်းများကိုပါ ပြည့်စုံစွာ ပြု လုပ်လှူဒါန်းခဲ့သော ကောင်းမှုကြောင့် ဤလက္ခတော်ကို ရရှိတော်မူသည်။

(၃) ဖနောင့်လက္ခတော်
မြတ်စွာဘုရား၌ ရှည်လျားသော ဖနောင့်တော်ရှိ၏ ။ ဘုရားအလောင်းတော်သည် ဘ၀များစွာ ကာလပတ်လုံး သူ့အသက်သတ်ခြင်းမှ ဝေးစွာရှောင်ကြဉ် စောင့်ထိန်းခဲ့သော ကောင်းမှုကြောင့်(၁)ရှည် လျားသော ဖနောင့် တော်၊ (၂) ရှည်သွယ်သောလက်ချောင်း၊ခြေချောင်းတော်၊ (၃) ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ ဖြောင့်မတ်သော ကိုယ် တော်ဟူသော ယောက်ျားမြတ်လက္ခဏာ တို့ကို ရရှိတော်မူသည်။

(၄)လက်ချောင်း၊ ခြေချောင်းလက္ခဏာတော် မြတ်စွာဘုရား၌ ရှည်သွယ်သောလက်ချောင်းတော်၊ ခြေချောင်း တော်ရှိ၏ ။ ဘုရားအလောင်းတော်သည် သူတပါး အသက်သတ်မှုမှ အထူး ရှောင်ကြဉ်ခဲ့သော ကောင်းမှု ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၅) လက်ဖ၀ါး၊ ခြေဖ၀ါးလက္ခတော်

မြတ်စွာဘုရား၌ နူးညံ့နုနယ်ချောမွေ့သော လက်ဖ၀ါးတော်၊ ခြေဖ၀ါး တော်အပြင်ရှိ၏ ။ဘုရားအလောင်း တော်သည် ရှေးရှေးဘ၀ များစွာတို့၌ လူအများတို့အား သင်္ဂဟတရားလေးပါးဖြင့် ချီးမြှင့်မြှောက်စား အားပေး ကူညီမှု ပြုခဲ့သော ကောင်းမှုတော်ကြောင့် (၁) နူးညံ့ နုနယ်ချောမွေ့သော လက်ဖ၀ါးတော်၊ ခြေဖ၀ါးတော်၊ (၂) ရွှေဇာကွန်ရက် ခက်သည့်ပမာ ညီညာသော လက်ချောင်း၊ ခြေချောင်းတော်ဟူသော ယောက်ျား မြတ်လက္ခဏာ တို့ကိုရရှိတော်မူသည်။

(၆) လက်ခြေလက္ခဏာတော်

မြတ်စွာဘုရား၏ လက်တော် ခြေတော်၌ လေသာနန်းတံခါးတွင် စိုက်စီ ၍ထားသော ရွှေပွတ်လုံးတိုင် ကဲ့သို့ အကြားအထင် ညီညာသော လက်ချောင်း တော်၊ ခြေချောင်းတော် ရှိတော်မှုသည်။ ဘုရား အလောင်း တော် သည် လူအများတို့အား သင်္ဂဟတရားလေးပါး ဖြင့်ချီးမြှင့်မြှောက်စား အားပေးကူညီခဲ့သော ကောင်းမှု ကြောင့် ပင် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၇) ခြေဖမျက်လက္ခဏာတော်

မြတ်စွာဘုရား၌ အနည်းငယ်မြင့်မောက်သော ခြေဖမျက်တော်ရှိ၏ ။ ဘုရားအလောင်းတော်သည် ဘ၀များစွာ တို့၌ သတ္တ၀ါတို့အား ကြီးပွားမြင့် မောက် အထက်တန်း ရောက်စေနိုင်သည့် တရားစကားများကိုသာ ကာလ ရှည်ကြာစွာ ပြောဆိုဖြည့်ကျင့်ခဲ့ရသော ကုသိုလ်တော်ကြောင့် (၁) မြုမှုန်များ မငြိမ တွယ်စဉ်းငယ်မြင့်သော ခြေဖမျက်တော်၊ (၂) မျက်နှာတော်ကို မော်၍ဖူးသည့် ပမာ အထက်သို့သာ အဖျားကော့သော မွေးညင်းတော် ဟူသော ယောက်ျား မြတ်လက္ခဏာ တို့ကို ရရှိတော်မူသည်။

(၈) သလုံးမြင်းခေါင်းလက္ခဏာတော်

မြတ်စွာဘုရား၌ ဧဏီမည်သော သားကောင်၏ သလုံးမြင်းခေါင်းကဲ့သို့ အထက်ပိုင်းသို့ အစဉ်အတိုင်း မြင့်တက် လုံးဝန်း ပြေပြစ်သော သလုံးမြင်းခေါင်း တော်ရှိ၏ ။ ဘုရားအလောင်းတော်သည် မိမိထံမှောက် နည်းခံ ရောက် လာကြ သောတပည့်တို့အား ၀ိဇ္ဇာပညာအမျိုးမျိုး၊ သိပ္ပံပညာအမျိုးမျိုး၊ အကျင့်စရဏ အမျိုးမျိုးကို သင်ကြား ပေးရာ၌ ဆရာစားမချန် အပြည့်အစုံ သင်ကြားပေးခဲ့သော ကောင်းမှုကုသိုလ်တော်ကြောင့် ဤလက္ခဏာ တော်ကို ရရှိတော်မူသည်။

(၉) အရပ်တော်နှင့် အချိုးကျသွယ်လျသော လက်တော်လက္ခဏာ

မြတ်စွာဘုရား၌ ကိုယ်တော်ကို မကိုင်းညွတ်ဘဲ မတ်မတ်ရပ်လျက်ပင် နှစ်ဘက်သော လက်ဖ၀ါးပြင်တို့ဖြင့် ပုဆစ်ဒူးဝန်းနှစ်ဘက်ကို သုံးသပ်ဆုပ်နယ် နိုင်အောင် အရပ်တော်နှင့် အချိုးတကျ သွယ်လျသော လက်တော်ရှိ၏ ။ ဘုရားအလောင်းတော်သည် မိမိ၏ အခြွေအရံများကို ချီးမြှင့်မြှောက် စားတော်မူသောအခါ သူ့အရည်အချင်းနှင့် သူကိုက်ညီအောင် အရည်အချင်း လိုက် ချီးမြှင့်မြှောက်စားတော် မူခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၁၀) ယောက်ျားနိမိတ်လက္ခဏာတော်

မြတ်စွာဘုရား၌ အအိမ်ဖြင့် ဖုံးအုပ်ထားသော ယောကျာ်းနိမိတ်ရှိ၏ ။ ဘုရားအလောင်းတော်သည် အချင်းချင်း စိတ်သဘောထား ကွဲပြားနေသော သူတို့ကို ညီညွတ်အောင် အချင်းချင်း၏ အပြစ်ကိုဖုံးအုပ်လျက် စေ့စပ် ပေးတော်မူခဲ့ခြင်း၊ ညီညွတ်နေသူတို့ကို မြင်လျှင်လည်း အလွန်ဝမ်းမြောက် တော်မူလျက် စည်းလုံးညီညွတ်မှု တည်မြဲအောင် အစဉ်ပြုလုပ်တော်မူခဲ့ခြင်းတို့ကြောင့် ဤ လက္ခဏာတော်ကို ရရှိတော်မူခဲ့သည်။

(၁၁) အသားတော်လက္ခဏာ

မြတ်စွာဘုရား၌ ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော အသားအရေတော်ရှိ၏။ ဘုရားအလောင်းတော်သည် အမျက်ဒေါသ နည်းပါးတော်မူခဲ့၏ ။ ထွက်သော အမျက်ကိုလည်း လျင်မြန်စွာ ပယ်ဖျောက်ထိန်းသိမ်း ငြိမ်း အေးစေတော်မူခဲ့၏ ၊ ပြင်းပြင်းထန်ထန် စိတ်ပူပန်ခြင်း (ဥပါယာသတရား) နည်းပါးတော်မူခဲ့၏ ၊ နူးညံ့ ချောမွေ့ သော အခင်းအရုံ အ၀တ်အထည် တို့ကိုလည်း ပေးလှူတော်မူခဲ့၏ ။ ဤ စိတ်ထား ဤကောင်းမူ ကုသိုလ် များကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၁၂) အရေတော်လက္ခဏာ

မြတ်စွာဘုရား၌ မြုအညစ်အကြေးတို့ မလိမ်းမတင် နိုင်အောင်ပင်ချော မွေ့နူးညံ့သော အရေတော်ရှိ၏ ။
ဘုရားအလောင်းတော်သည် ပညာရှိ ရဟန်းပုဏ္ဏားတို့ထံ ကပ်ရောက်၍ မိမိစိတ်အစဉ်တွင် အကုသိုလ် အညစ်အကြေး မလိမ်းမတင်နိုင်အောင် အစဉ်သဖြင့် မေးမြန်းစုံစမ်းလေ့ရှိသော ကုသိုလ်တော်ကြောင့် ဤလက္ခဏာကို ရရှိတော်မူသည်။

(၁၃) မွေးညင်းတွင်း လက္ခဏာတော်

မြတ်စွာဘုရား၏ ကိုယ်တော်၌ မွေးညင်းတွင်း တစ်တွင်းတစ်တွင်းတွင် မွေးညင်းတော် တစ်ပင် တစ်ပင်စီသာ ပေါက်လေ့ရှိ၏ ။ ဘုရားအလောင်းတော်သည် မုသားမပါ တစ်မျိုးတည်းသော သစ္စာ စကားကိုသာ ကာလ ကြာရှည်စွာ ပြောဆိုခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတောမူခဲ့သည့် အပြင်၊ မျက်မှောင် တော်နှစ်ဘက် အလယ်ချက်၌ ဖြုစင် ၀င်းလက်သော ဥဏ္ဏလုံ မွေးရှင်တော် ပေါက်လျက်ရှိခြင်း ဟူသော ယော က်ျားမြတ်လက္ခဏာတော် တို့ကိုပါ ရရှိတော်မူသည်။

(၁၄) မွေးညင်းတော်လက္ခဏာ

မြတ်စွာဘုရား၌ မျက်နှာတော်ကို မော်၍ ဖူးသည့်ပမာအထက်သို့သာ အဖျားကော့သော မွေးညင်းတော်ရှိ၏ ။
ဘုရားအလောင်းတော်သည် ဘ၀များစွာ၌ သတ္တ၀ါတို့အား ကြီးပွားမြင့် မောက် အထက်သို့ရောက်စေနိုင်သော တရားစကားများကိုသာ ပြောဆိုခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၁၅) ဖြောင့်မတ်သော ကိုယ်တော်လက္ခဏာ

မြတ်စွာဘုရား၌ ဖြောင့်မတ်သော ကိုယ်တော်ရှိတော်မူ၏ ။ ဘုရားအလောင်းတော်သည် ဘ၀များစွာ၌ သူ့အ သက်သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့သော ကောင်းမူတော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၁၆) ပြည့်ဖြိုးသော အသားတော်လက္ခဏာ

မြတ်စွာဘုရားသည် ခြေဖမိုးတော်နှစ်ဘက်၊ လက်ဖမိုးတော်နှစ်ဘက် ၊ ပခုံးတော်နှစ်ဘက်နှင့် လည်ကုပ် တော်ဟူသောခုနစ်ဌာနတို့၌ ပြည့်ဖြိုးသော အသားတော်ရှိ၏ ။ ဘုရားအလောင်းတော်သည် ဘ၀များစွာ၌ အရ သာနှင့် ပြည်စုံသော ကောင်းမွန်မြိန်မြတ်သော ဘောဇဉ် အမျိုးမျိုးတို့ကို အပြည့်အစုံ လှူခဲ့ဖူးသော ကုသိုလ် တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၁၇) ရှေ့ပိုင်းကိုယ်တော်လက္ခဏာ

မြတ်စွာဘုရား၌ ခြင်္သေ့မင်း၏ ရှေ့ပိုင်းကိုယ်ကဲ့သို့ ပြည့်ဖြိုးသော ကိုယ်တော်ရှိ၏ ။ ဘုရားအလောင်းတော်သည် လူအများ၏ အကျိုးစီးပွားကို အလိုရှိ တော်မူခဲ့၏ ။ ‘‘ဤသူတို့အား သဒ္ဓါ ၊ သီလ ၊ သုတ ၊ ဓမ္မ ၊ စာဂ ၊ပညာ တရား များ၊ ဥစ္စာစပါး၊ လယ်ယာ ကျွဲနွား ၊ သားမယားနှင့် အလုပ်သမား ၊ကျေးကျွန် ၊ မိတ်ဆွေမွန် ၊ ဆွေမျိုးများ ကြီးပွား တိုးတက်အောင် အဘယ်သို့ ဆောင်ရွက် ပေးရပါမည်နည်း’’ ဟုလူအများ၏ ကြီးပွား တိုးတက်ရန်ကိုသာ ကြံစည် စဉ်းစား အားထုတ်တော်မူခဲ့သော ကုသိုလ်တော်ကြောင့် - (၁) ခြင်္သေ့မင်း၏ ရှေ့ပိုင်း ကိုယ်ကဲ့သို့ ပြည့်ဖြိုးသောကိုယ်တော် အပြင် (၂) ခါးတော်မှစ၍ အထက်လည် ကုပ်တော်တိုင်အောင် ရေစီးကြောင်း (ကျောရိုးကြောင်း) မထင် ပြည့်ဖြိုးညီညာ သော ကျောပြင်၊ (၃) ညီညာစွာ လုံးဝန်းသော လည်တိုင် တော်ဟူ သော ယောကျာ်းမြတ် လက္ခဏာတော်တို့ကို ရရှိတော်မူသည်။

(၁၈) ကျောက်ကုန်းတော်လက္ခဏာ

မြတ်စွာဘုရား၌ ခါးတော်မှစ၍ အထက်လည်ကုပ် တော်တိုင်အောင် ရေစီးကြောင်းမထင် ပြည့်ဖြိုး ညီညာသော ကျောပြင်ရှိ၏ ။ ဘုရားအလောင်းတော်သည် လူအများ၏ အကျိုးစီးပွား တိုးတက် တည်တံ့စေရန် ကြံစည် ပြု လုပ်သော ကောင်းမူတော်ကြောင့် ဤလက္ခဏာတော်တို့ကို ရရှိတော်မူသည်။

(၁၉) လုံးဝန်းသော ကိုယ်တော်လက္ခဏာ

မြတ်စွာဘုရား၌ အရပ်တော်နှင့် လက်အလံတော် အချိုးကျကျ အညီအမျှဖြစ်ရ၍ ပညောင်ပင် အ၀န်းကဲ့သို့ လုံးဝန်းသော ကိုယ်တော်ရှိ၏ ။ ဘုရားအလောင်းတော်သည် တပည့်များအား အရည်အချင်းနှင့် ကိုက်ညီအောင် ချီးမြှင့် မြှောက်စားတော်မူ ခဲ့သောကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၂၀) လည်တိုင်တော် လက္ခဏာ

မြတ်စွာဘုရား၌ ညီညာစွာ လုံးဝန်းသော လည်တိုင်တော်ရှိ၏ ။ဘုရားအလောင်းတော်သည် လူအများ၏ အကျိုးစီးပွားကိုသာ လိုလားခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၂၁) ရသာဆောင်ကြော လက္ခဏာ

မြတ်စွာဘုရား၌ အလွန်ကောင်းမြတ် ထက်မြက်သော ရသာဆောင် ကြောများရှိ၏ ။ မြတ်စွာဘုရား၌ အဖျား ချင်းအပ် လည်မှာစွပ်လျက် တည်ရှိ ကြသော အရသာကြောပေါင်း ခုနစ်ထောင်တို့သည် နှမ်းစေ့ခန့်မျှ သေးငယ် နူးညံ့ လှသည့် အရသာကိုပင် တစ်ကိုယ်လုံး ပျံ့နှံသွားအောင် စွမ်းဆောင်နိုင် ကြ၏ ။ ဘုရား အလောင်း တော်သည် ဘ၀ပေါင်း များစွာတို့၌ သတ္တ၀ါတို့ကို တုတ် ဓား လက်နက်ဖြင့် ညှင်းပန်းနှိပ်စက်မှု ပြုတော် မမူ ခဲ့သော ကုသိုလ် တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၂၂) မေးတော်လက္ခဏာ

မြတ်စွာဘုရား၌ ခြင်္သေ့မင်း၏ မေးကဲ့သို့ ပြည့်ဖြိုးသော မေးတော်ရှိ၏ ။ လဆန်းပက္ခ တစ်ဆယ့် နှစ်ရက်မြောက်ည၌ ထွက်ပေါ်သောလနှင့် သဏ္ဌာန်တူ ၏ ။ ဘုရားအလောင်းတော်သည် ဘ၀ပေါင်း များစွာ တို့၌ ပြိန်ဖျင်းသေးနုပ်၍ အကျိုးမရှိသော သမ္ဖပ္ပလာပစကား ပြောကြားမှုမှ ရှောင်ကြဉ်တော်မူခဲ့သော ကုသိုလ် တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၂၃) သွားတော် (၄၀)လက္ခဏာတော်

မြတ်စွာဘုရား၌ အထက်သွားတော် နှစ်ဆယ်၊ အောက်သွားတော်နှစ် ဆယ်အားဖြင့် သွားတော် လေးဆယ် အစေ့အင ရှိတော်မူ၏ ။ ဘုရားအလောင်းတော်သည် ရှေးဘ၀ ပေါင်းများစွာ တို့၌ ကုန်းချော စကား ပြော ကြား ခြင်းမှ ဝေးစွာ ရှောင်ကြဉ်တော်မူခဲ့၏ ၊ စိတ်ဝမ်းကွဲပြားနေကြ သော သူတို့ကိုတွေ့လျှင် အချင်းချင်း ညီညွတ် သင့်မြတ်အောင် စေ့စပ်ပေး တော်မူခဲ့၏ ။ ညီညွတ်သူတို့ကို တွေ့လျှင်လည်း ညီညွတ်မှု မပျက်ပြားဘဲ ဆက် လက်ခိုင်မာအောင် အားပေးတော်မူခဲ့၏ ၊ အချင်းချင်း ညီညွတ်ရေးစကားကို သာပြောကြား တော်မူခဲ့သော ကုသိုလ်တော်ကြောင့် (၁) သွားတော်လေးဆယ် အစေ့အင ရှိတော်မူသည့်အပြင် (၂) သွားတော်မကျဲမကွာ စေ့စပ်စွာ တည်ရှိခြင်း ဟူသော ယောကျာ်းမြတ်လက္ခဏာ တို့ကို ရရှိတော်မူသည်။

(၂၄) ညီညာသော သွားတော်လက္ခဏာ

မြတ်စွာဘုရား၌ လွှဖြင့်ဖြတ်အပ်သော ခရုသင်းချပ် အလွှာကဲ့သို့တစ်သားတည်း ညီညာသော သွားတော် အစဉ်ရှိ၏ ။ ဘုရားအလောင်းတော်သည် ရှေးဘ၀ ပေါင်းများစွာတို့၌ မှားယွင်းယုတ် မာသော အသက် မွေးမှု မျိုးကိုပယ်၍ မှန်ကန်ဖြူစင်သော အသက်မွေးမှုဖြင့် အ သက်မွေးမြူတော်မူခဲ့၏ ။ ချိန်စဉ်းလဲစသော စဉ်းလဲမှု အမျိုးမျိုးနှင့် ကောက်ကျစ်လှည့်ပတ်မှုအ မျိုးမျိုး ၊ သူတစ်ပါးကို သတ်ဖြတ်လုယက် မြို့ရွာဖျက်လျက် နိုင်ထက်က လူပြုမူခြင်း အမျိုးမျိုးတို့မှ ဝေးစွာရှောင်ကြဉ်တော်မူခဲ့သော ကုသိုလ်တော်ကြောင့် (၁) လွှဖြင့် ဖြတ်အပ်သော ခရုသင်းချပ် အလွှာကဲ့သို့ တစ်သားတည်း ညီညာဖြူစင်သောသွားတော် (၂) သောက်ရှူးကြယ်ပမာ လွန်စွာ စင်ကြယ် ဖြူဝင်း၍ အရောင်တလက်လက် ထွက်သော စွယ်တော်လေးဆူ ဟူသော ယောကျာ်းမြတ်လက္ခဏာ တို့ကို ရရှိတော်မူသည်။

(၂၅) သွားမကျဲခြင်း လက္ခဏာတော်
မြတ်စွာဘုရား၌ ရွှေသားပျဉ်ချပ်မှာ ကောင်းစွာစိုက်စီ၍ ထားအပ်သော ၀ဇိရစိန်ရွဲ အစဉ်အတန်းကဲ့သို့ မကျဲမ ကွာ စေ့စပ်စွာတည်ရှိသော သွားတော်ရှိ ၏ ။ ဘုရားအလောင်းတော်သည် ဘ၀ပေါင်းများစွာ ကွဲပြားနေ သူတို့ ကိုညီညွတ်အောင် စေ့စပ်ပေးခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၂၆) စွယ်တော်လေးဆူ လက္ခဏာတော်

မြတ်စွာဘုရား၌ သောက်ရှူးကြယ်ပမာ လွန်စွာစင်ကြယ် ဖြူဝင်း၍ အရောင်တလက်လက် ထွက်သော စွယ်တော် လေးဆူရှိ၏ ။ ဘုရားအလောင်းတော်သည် ဘ၀ပေါင်းများစွာ သန့်ရှင်း ဖြုစင်စွာ အသက်မွေးလာခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၂၇) လျှာတော်လက္ခဏ

မြတ်စွာဘုရား၌ နီမြန်းသော အဆင်းရှိ၍ ရှည်လျား နူးညံ့ ကျယ်ပြန့် သော လျှာတော်ရှိ၏ ။ ဘုရား အလောင်း တော်သည် ရှေးဘ၀ပေါင်းများစွာတို့၌ ရုန့်ရင်းကြမ်း တမ်းစွာ ဆဲရေး တိုင်းထွာသော စကားကို ပြောကြားခြင်မှ ဝေးစွာ ရှောင်ကြဉ် တော်မူကာ အပြစ်ကင်းစင် ချစ်ခင်ဖွယ်ရာ ချိုသာ ယဉ်ကျေးသော စကားကိုသာပြောဆို တော်မူခဲ့၏ ။ ထိုကုသိုလ်တော်ကြောင့် (၁) နီမြန်းသော အဆင်းရှိ၍ ရှည်လျား နူးညံ့ ကျယ်ပြန့်သော လျှာတော် အပြင် (၂) ဗြဟ္မာမင်း၏ အသံကဲ့သို့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်ဟူသော ယောကျာ်းမြတ် လက္ခဏာတို့ကို ရရှိတော်မူသည်။

(၂၈) အသံတော်လက္ခဏာ

မြတ်စွာဘုရား၏ အသံတော်သည် ဗြဟ္မာမင်း၏ အသံကဲ့သို့ သန့်ရှင်းခြင်း ၊ သိလွယ်ခြင်း ၊ သာယာခြင်း၊ နာချင်ဖွယ်ရာရှိခြင်း၊ အသံလုံလုံလဲလဲရှိ ခြင်း၊ တရားနာ ပရိသတ်၏ပြင်ဘက်သို့ မထွက်ခြင်း၊ အသံတော် မတိမ်ဘဲ နက်နဲခြင်း၊ ပဲ့တင်ထပ်ခြင်း ဟူသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ၏ ၊ ကရ၀ိတ်ငှက်မင်း၏ အသံကဲ့သို့ လွန်စွာသာယာ၏ ။ ဘုရားအလောင်းတော်သည် ဘ၀များစွာ ယဉ်ကျေးသော စကားတော်ကိုသာ ဆိုခဲ့သော ကုသိုလ်တော်ကြောင့် ထိုလက္ခဏာတော်ကို ရရှိတော်မူသည်။

(၂၉) မျက်လုံးတော်လက္ခဏာ

မြတ်စွာဘုရား၌ ညိုသင့်ရာ အရပ်ဌာနမှာ အောင်မည်းညိုပွင့်ပမာ ညိုသောမျက်လုံးတော်ရှိ၏ ။ ဘုရား အလောင်းတော်သည် မျက်လုံးပြူး၍လည်း ကြည့်တော်မမူခဲ့ချေ၊ ရိုးဖြောင့်သော စိတ်ရှိလျက် ရိုးဖြောင့် တည်ငြိမ်စွာသာ ကြည့်တော်မူခဲ့၏။ ချစ်ကြည်သော မျက်လုံးဖြင့် လူအားလုံးးကို ကြည့်ရှူတော်မူခဲ့သော ကုသိုလ် တော်ကြောင့် (၁) ညိုသောမျက်လုံးတော်အပြင် (၂) အလွန်နူးညံ့သော မျက်တောင်မွေးတော် ဟူသော ယောကျာ်းမြတ် လက္ခဏာတို့ကို ရရှိတော်မူသည်။

(၃၀) မျက်တောင်မွေးတော်လက္ခဏာ

မြတ်စွာဘုရား၌ ဖွားသစ်စ နွားငယ်၏ မျက်မွေးကဲ့သို့ အလွန်နူးညံ့သော မျက်တောင်မွေးတော်တို့ အစီအရီ ပေါက်လျက်ရှိ၏ ။ ဘုရားအလောင်းတော်သည် လူသား အားလုံးတို့ကို ချစ်ကြည်သော မျက်လုံးဖြင့် ကြည့် ရှုခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၃၁) ဥဏ္ဏလုံမွေးရှင်တော်လက္ခဏာ

မြတ်စွာဘုရား၏ မျက်မှောင် (မျက်ခုန်း) တော်နှစ်ဘက် အလယ်ချက် တည့်တည့်၌ ဖြူစင်ဝင်းလက်သော ဥဏ္ဏလုံမွေးရှင်တော် ပေါက်လျက်ရှိ၏ ။ မွေးရှင်တော်သည် သောက်ရှူးကြယ် ပမာ လွန်စွာဝင်းလက် တောက် ပသည်။ နူးညံ့သော လဲ ၀ါဂွမ်းပမာ လွန်စွာဖြူစင် နူးညံ့သည်၊ ဆွဲ၍ဆန့်လျှင် နှစ်တောင် ခန့် ရှည်လျားသည်။ လွှတ်လိုက်သောအခါ သူ့အလိုလိုသာ လကျာ်ရစ် ခွေ လည်၍ အထက်သို့ အဖျား ကော့လျက် တည်ရှိသည်။ ဘုရားအလောင်းတော်သည် ကာလရှည်လျားစွာ မုသားမနှာ တစ်မျိုးတည်းသော သစ္စာစကားကိုသာ ပြော ဆိုခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၃၂) သင်းကျစ်တော်လက္ခဏာ

မြတ်စွာဘုရား၏ နဖူးတော်တွင် ပကတိပင်ကိုအားဖြင့်ပင် သင်းကျစ် ရွှေပြား တပ်စီ၍ ထားသကဲ့သို့ သင်းကျစ် တော် အသားလွှာပါရှိ၏ ။ ဘုရားအလောင်းတော်သည် ရှေးဘ၀ပေါင်း များစွာတို့၌ သုစရိုက်ဆယ်ပါးကို ဖြည့်ကျင့်မှု၊ ဒါနမှု ၊ သီလဆောင်တည်မှု ၊ ဥပုသ်စောင့်သုံးမှု ၊ အမိအဘ တို့ကို လုပ်ကျွေးမှု စသော ကောင်းမှု ပြုလုပ်ရာတွင် လူအများ၏ ရှေ့သွားဦးစီး အကြီးအမှူး ပြုလျက် စီမံဆောင်ရွက် တော်မူခဲ့သော ကောင်းမူ တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

ဘာသာရေးပျက်သုဉ်းတော့မည်ဟု စစ်တမ်းကဆို

(ဘီဘီစီ)
ခင်အောင် ဘာသာပြန်သည်။
အတွဲ ၂၆ ၊ အမှတ် ၅၁၄ (၂၂ - ၂၈ ၊ ၄ ၊ ၂၀၁၁)
နိုင်ငံပေါင်း ကိုးနိုင်ငံတွင် စစ်တမ်းကောက်ယူမှု သတင်းအချက်အလက်များက အဆိုပါ နိုင်ငံများတွင် ဘာသာရေးယုံကြည်ကိုးကွယ်မှု ဆိတ်သုဉ်းတော့မည့် အခြေအနေများရှိနေကြောင်း သုတေသနပြုသူများက ပြောကြားလိုက်သည်။
အဆိုပါ သတင်းအချက်အလက်များက ဘာသာရေးဆိုင်ရာ ဆည်းကပ်ကိုးကွယ်မှုများမပြုလုပ်ဟု အတိအလင်းပြောကြားသူများ အရေအတွက် တစ်စစ တိုးတက်များလာကြောင်း ထင်ဟပ်ပြသခဲ့သည်။
သုတေသနအဖွဲ့အနေဖြင့် ဘာသာရေးအရ စစ်တမ်းတွင် ဖြေကြားသူများနှင့် ဘာသာရေးတွင် ပါဝင်နေသူတစ်ဦး၏ နောက်ကွယ်မှ လူမှုရေးအခြေခံဖြင့် ပါဝင်ဆောင်ရွက်မှုတို့အကြား အပြန် အလှန် အကျိုးပြုမှု၏အကြောင်းရင်းကိုဖော်ထုတ်ပြသရန်ကြိုးပမ်းဖော်ထုတ် ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံ ဒါးလတ်စ်မြို့ရှိ The American Physical Society (အမေရိကန် ရူပဗေဒအသင်း)အစည်းအဝေးတွင် တင်ပြခဲ့သော သုတေသနဆိုင်ရာ ရလဒ်အစီရင်ခံစာ အရ အဆိုပါသုတေသနပြုခဲ့သည့် နိုင်ငံများတွင် ဘာသာရေးကိုးကွယ် ယုံကြည်မှုအနေဖြင့် လုံးဝကွယ်ပျောက်သွားတော့မည်ဖြစ်ကြောင်း ဖော်ညွှန်း ပြသခဲ့ကြောင်း တွေ့ရှိရသည်။
သုတေသနအဖွဲ့အနေဖြင့် အောက်ပါနိုင်ငံများမှ လူအများ၏ ဘာသာရေး ဆိုင်ရာ၊ ဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ စစ်တမ်းများကို နှစ်ပေါင်း ၁၀၀ နီးပါး နောက်ကြောင်းပြန်၍ စိစစ်မှုပြုခဲ့သည်။
အဆိုပါနိုင်ငံများမှာ ဩစတြေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန် နိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ နယ်သာလန် နိုင်ငံ၊ နယူးဇီလန်နိုင်ငံ နှင့် ဆွစ်ဇာလန် နိုင်ငံတို့ဖြစ်သည်။
အရေအတွက် များပြားလှသည့် ခေတ်သစ်ဘာသာရေးနှင့် ဆက်နွှယ်မှု မရှိသော ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံသားအများအပြား အနေဖြင့် မိမိတို့ကိုယ် မိမိတို့ ဘာသာရေးနှင့် ဆက်စပ်မှုမရှိ သူများဖြစ်ကြောင်း ဖော်ပြခဲ့ကြသည့် ခေတ်ရေစီးကြောင်းတစ်ခုဖြစ် ပေါ်လာ ကြောင်း တွေ့ရှိရသည်။
နယ်သာလန်နိုင်ငံတွင် ယင်းကဲ့သို့သော လူများ၏ ဦးရေသည် နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းရှိပြီး အရေအတွက်အမြင့်မားဆုံးကို ချက်သမ္မတနိုင်ငံတွင် တွေ့ရှိရသည်။
ချက်သမ္မတနိုင်ငံတွင် အဆိုပါလူတို့၏ဦးရေမှာ နိုင်ငံလူဦးရေ၏ ၆၀ ရာခိုင်နှုန်းအထိရှိကြောင်း သုတေသနအဖွဲ့၏ ခေါင်းဆောင် ဒေါက်တာ ရစ်ချတ်ဝီနာကပြောကြားသည်။

ဗုဒ္ဓသာသနာ့ အလံတော် ဖြစ်ပေါ်လာပုံ

ဗုဒ္ဓသာသနာ့ အလံတော်
ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံ၌ သမ္မသမ္ဗုဒ္ဓ ဘုရားအဖြစ် ရောက်တော်မူခဲ့သည်။

ဘုရားရှင်သည် ရတနာဃရ စတုတ္ထသတ္တာဟ၌ စံနေတော်မူပြီးနောက် အဘိဓမ္မာ(၇)ကျမ်း ဖြစ်သည့် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်ကျမ်း (၆)မျိုးအထိ ဆင်ခြင်သုံးသပ်တော်မူခဲ့သည်။ ရောင်ခြည်တော်များ ထွက်ပေါ်ခဲ့ခြင်း မရှိသေးပါ။

ပဋ္ဌာန်းဒေသနာတော်ကြီး ဆင်ခြင်သုံးသပ်မှသာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးခဲ့သည်ဟု ဆိုခဲ့ကြသည်။ ယင်းရောင်ခြည်တော် ခြောက်သွယ်သည်ကား---
၁။ နီလ ရောင်ခြည်တော်။
၂။ ပီတ ရောင်ခြည်တော်။
၃။ လောဟိတ ရောင်ခြည်တော်။
၎။ သြဒါတ ရောင်ခြည်တော်။
၅။ မဉ္ဇိဋ္ဌ ရောင်ခြည်တော်။
၆။ ပဘဿရ ရောင်ခြည်တော်
စသည့် ရောင်ခြည်တော်များပင် ဖြစ်ပါသည်ဟု ရှေးဟောင်းကျမ်းများအရ သိရှိခဲ့ရပေသည်။

၁။ နီလ ရောင်ခြည်တော်
နီလာကျောက်ကဲ့သို့ ပြာညိုရောင်အဆင်းရှိပြီး ဗုဒ္ဓဘုရားရှင်၏ ဆံတော်, မုတ်ဆိတ်တော်, မျက်ဝန်းတော်တခို, စိမ်းညိုသောအရပ်ဌာနတို့မှ ကွန့်မြူးထွက်ပေါ်လာသည့် ရောင်ခြည်တော်။

၂။ ပီတ ရောင်ခြည်တော်
ဝါရွှေသောအဆင်းရှိသော ရောင်ခြည်တော်၊ မြတ်ဗုဒ္ဓ၏ သိင်္ဂီရွှေလှောင်, အရေတော်, အသားတော်တို့မှ စ၍ ၀ါရွှေသောအရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၃။ လောဟိတ ရောင်ခြည်တော်
အနီရောင်အဆင်းရှိပြီး မြတ်ဗုဒ္ဓ၏ အာတော်, လျှာတော်, နှုတ်ခမ်းတော်, ခြေဖ၀ါးတော်, လက်ဖ၀ါးတော်, ခြေသည်းတော်, လက်သည်းတော်တို့မှစ၍ နီမြန်းသောအရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၎။ သြဒါတ ရောင်ခြည်တော်
အဖြူရောင်အဆင်းရှိပြီး မြဗုဒ္ဓ၏ သွားတော်, စွယ်တော်, အရိုးတော်, မျက်ဖြူတော်, ဥဏ္ဏလုံမွှေရှင်တော် တို့မှစ၍ ဖြူဖွေးသောအရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၅။ မဉ္ဇိဋ္ဌ ရောင်ခြည်တော်
ပန်းရောင်အဆင်းရှိသည့် နီမောင်းသော ရောင်ခြည်တော်ဖြစ်ပြီး မြတ်ဗုဒ္ဓ၏ ဆံဖျားတော်တလျှောက်မှ အောက်ခြေဖ၀ါးတော်တိုင်အောင် ရွှေကိုယ်တော်အစိတ်အစိတ်မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၆။ ပဘဿရ ရောင်ခြည်တော်
ပြိုးပြိုးပြက်ပြက် အရောင်စုံထွက်သည့် ရောင်ခြည်တော်ဖြစ်ပြီး မြတ်ဗုဒ္ဓ၏ ရွှေကိုယ်တော်အလုံးမှ ထွက်ပေါ်ကွန့်မြူးသည်။

မြတ်ဗုဒ္ဓ ရှင်တော်မြတ်ဘုရား၏ ပဋ္ဌာန်းဒေသနာတော်ကြီး ဆင်ခြင်သုံးသပ်သည့်အခါမှ ထွက်ပေါ်လာသည့် ရောင်ခြည်တော်(၆)သွယ်သည် အံ့သြမကုန်၊ ရှိခိုးကြည်ညိုသဒ္ဓါ ပွားများ၍မကုန်နိုင်အောင် ရှိလှပေသည်။

စာရေးသူသည် ကြီးကျယ်ခန့်ညား အံ့ချီးမကုန်နိုင်သည့် ဗုဒ္ဓရှင်တော်မြတ်၏ ခြောက်သွယ်သော ရောင်ခြည်တော်များကို အခြေပြုစံထားပြီး ဗုဒ္ဓဘာသာနိုင်ငံတိုင်းတွင် ယနေ့သုံးစွဲနေကြသည့် သာသနာ့အလံတော်၏ အခြေခံ မူလအစ ဖြစ်ပေါ်ပုံကို အမှတ်မထင် ဦးကြည်စိုး ဒုလ္လဘ-ရဟန်းပြုဘက်မှ သူ၏မိတ်ဆွေ သား-မင်္ဂလာဆောင်တွင် ရရှိလာသည့်(ဆရာချစ်ဆွေ ဘထွေးလေး) ရေးသားသည့် ဗုဒ္ဓသာသနာ့အလံတော်နှင့် သြကာသကန်တော့ခန်း ဓမ္မဒါနစာအုပ်ကလေးကို အမှတ်မထင် တွေ့ရှိခဲ့ရပြီး ကြည်ညိုသဒ္ဓါမဆုံး စေတနာပီတိဖုံးကာ စေတနာစေ့ဆော်သည့်စိတ်ကြောင့် ရေးသားအပ်ပါတော့သည်။

၁၈၈၅-ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)ကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပရန်နှင့် မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော်ခြောက်ပါးတွင်ပါ
ဝင်သည့် အရောင်တို့ကို မြတ်ဗုဒ္ဓ၏ အလံတော်အဖြစ် အသုံးပြုရန် "အော်လကော့" အမှူးပြုသော သီဟိုဠ်ဗုဒ္ဓဘာသာဝင်များအား အကြံပေးခဲ့ရာ သီဟိုဠ်ဗုဒ္ဓဘာသာဝင်များ အားလုံးကပင် နှစ်သက်လက်ခံခဲကြသည်။

ဗုဒ္ဓအလံတော် ဖွဲ့စည်းရေးကော်မတီ တရပ်ကိုလည်း ကိုလံဘိုမြို့၌ ၁၈၈၅-ခုနှစ်တွင် ဖွဲ့စည်းကာ ဗုဒ္ဓအလံတော်ကို ၁၈၈၅-ခုနှစ် မေလ (၂၈)ရက် ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)တွင် အလံတင်၍ လွှင့်ထူ ခဲ့ကြောင်းနှင့် ၁၈၈၅-ခုနှစ် ဧပြီလ (၁၇)ရက်နေ့ထုတ် သတင်းစာတွင် Sarasavi Sandaresa အများသိစေရန် ကြေညာခဲ့ပြီးမှ ယင်းအလံလွှင့်ထူခြင်းဖြစ်ကြောင်း ၁၈၈၅-ခုနှစ် ဧပြီလ(၈)ရက်နေ့တွင် ပြန်လည်ပြုပြင်ထားသော အလံကို ယင်းနှစ် Vesak day မှာ လွှင့်ထူခဲ့သည်။ ၁၈၈၅-ခုနှစ်တွင် အနာဂါရိက ဓမ္မပါလာ Olcott နှင့် Anagrik Dhamapala တို့က ဗုဒ္ဓသာသနာ့အလံကို ဂျပန်ပြည်နှင့် မြန်မာပြည်တို့ကို တင်ပို့ခဲ့ကြောင်း သိရှိခဲ့ရသည်။

၁၉၅၀-ပြည့်နှစ် မေလ (၂၅)ရက်နေ့တွင် ကျင်းပသော World Fillowship of Buddhists ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီး၌ သီဟိုဠ်ဗုဒ္ဓဘာသာဝင်များ၏ အဆိုပြုချက်အရ ဗုဒ္ဓသာသနာ့အလံတော်ကိုပင် ကမ္ဘာ့ဗုဒ္ဓ ဘာသာ သာသနာ့အလံတော်အဖြစ် တညီတညွတ်တည်း အတည်ပြုလက်ခံခဲ့ကြသည်။

မူလအခြေခံကျကျ ဗုဒ္ဓသာသနာ့အလံတော်ကို ထုတ်လုပ်ရန် အကြံပြုခဲ့သည့် Henry Stell Olcott သည် ဗုဒ္ဓဘာသာဝင်တဦး ဖြစ်ပြီး ဗိုလ်မှူးကြီးဟောင်းတဦးလည်း ဖြစ်ကြောင်းနှင့် အသက် (၇၅)နှစ်အရွယ် ၁၉၀၇-ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် အိန္ဒိယပြည် အာဒယာမြို့တွင် ကွယ်လွန်ခဲ့ကြောင်း မှတ်သားရမိပါသည်။

မည်သို့ပင်ဆိုစေကာမူ စာရေးသူတို့ ဉာဏ်မမီခဲ့သည့် မြတ်ဗုဒ္ဓ၏ သာသနာ့အလံသည် ဗုဒ္ဓရှင်တော်မြတ် ဘုရား၏ ချီးကျူးမကုန်၊ အံ့သြမကုန်၊ ထူးကဲမွန်မြတ်လှသည့် ခြောက်သွယ်သော ရောင်ခြည်တော်များဖြင့် ထုံမွမ်းထားခဲ့၍ ကြည်ညိုသဒ္ဓါ ပွားများခဲ့ရပေသည်။

ဗုဒ္ဓသာသနာ့အလံတော်သည် ဗုဒ္ဓဘုရားရှင်၏ သာသနာ တည့်တံ့ပြန့်ပွားရာ နေရာတိုင်းတွင် ကြည်ညိုသဒ္ဓါ ပြည့်ဝစွာဖြင့် တလွင့်လွင့် ပျံ့လွင့်လျက် ရှိနေမည် ဖြစ်သည်။

ကျမ်းကိုး။ ။
ဆရာချစ်ဆွေ-ဘထွေးလေး၏ ဗုဒ္ဓသာသနာ့ အလံတော်နှင့် သြကာသကန်တော့ခန်း (ဓမ္မဒါနစာအုပ်)မှ ဖြစ်ပါသည်။

ရေကျော် စိုးအောင်
(ရောင်ပြန် မဂ္ဂဇင်း (၂၀၁၀-နိုဝင်ဘာလ)

 

ဗုဒ္ဓဂယာတွင် မြန်မာရုပ်ရှင် ဇာတ်ကားကြီး ပထမဆုံးအကြိမ် သွားရောက် ရိုက်ကူးရန် စီစဉ်နေ

အိန္ဒိယနိုင်ငံ မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂယာဒေသ တွင် မြန်မာရုပ်ရှင် ဇာတ်ကားတစ်ကား ပထမဆုံးအကြိမ် အဖြစ်  သွားရောက် ရိုက်ကူးရန် စီစဉ် နေကြောင်း ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် က ၈-၄-၂၀၁၁ ရက် တွင် ပြောကြားသည်။ ထိုသို့ ရိုက်ကူးရာတွင် မြတ်စွာဘုရား ဟောကြားခဲ့သည် ဒေသနာတော် များထဲမှ တစ်စိတ် တစ်ဒေသကို ဇာတ်လမ်းဖွဲ့ ရိုက်ကူးမည် ဖြစ်ပြီး ဗီဒီယို အထူး ပြုလုပ်ချက်များ၊ Animation များ ပါဝင်မည် မဟုတ်ဘဲ သဘာဝ အတိုင်း ရိုက်ကူးမည် ဖြစ်ကြောင်း၊ ထိုဇာတ်ကားကို မြန်မာသရုပ် ဆောင်များ ဖြင့်သာ ရိုက်ကူးမည် ဖြစ်ကာ နိုင်ငံတကာသို့ ပြသရန် ရည်ရွယ်ကြောင်း သိရသည်။ ထိုဇာတ်ကား ရိုက်ကူးရန် စီစဉ်ဖြစ်ပုံ နှင့် ပတ်သက်၍ " ကျွန်တော် မနှစ်က ဗုဒ္ဓဂယာမှာ ဘုန်းကြီးဝတ် ဖြစ်တယ်။ အဲဒီက ပြန်လာတော့ ဇာတ်လမ်း တစ်ခု ရိုက်ဖို့ စိတ်ကူးမိတယ်။ သူငယ်ချင်း တစ်ယောက် ကလည်း ပရိုဂျူဆာ လုပ်မယ်။ ကားကြီး ရိုက်မယ်ပေါ့။
ဇာတ်လမ်းက မြတ်စွာဘုရား အကြောင်းတော့ မဟုတ်ဘူး။ မြတ်စွာဘုရား အကြောင်းကို ကျွန်တော်တို့ မရိုက်နိုင်ဘူး။ မြတ်စွာဘုရား ဟောကြား ခဲ့တဲ့ ဒေသနာတော် ထဲက တစ်စိတ် တစ်ဒေသကို ရိုက်ကူးဖို့ စီစဉ်တာ ဖြစ်ပါတယ် " ဟု ၎င်းက ပြောကြားသည်။ ထိုသို့ ရိုက်ကူးရာတွင် ဒေသနာတော်များ ကို Meditation မှ အစ ဇာတ်လမ်းဆင် ရိုက်ကူးမည် ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာ ၏ ကျင့်ဝတ်ကျင့်စဉ်၊ ဘုရားဟော တရားတော်များ ကို နိုင်ငံခြားသားများ စိတ်ဝင်စား စေမည့် ဇာတ်မျိုး ရိုက် ကူးမည် ဖြစ်ကြောင်း သိရသည်။" ဒီဇာတ်ကား ရိုက်ဖို့ ဇာတ်လမ်း၊ ဇာတ်ညွှန်း အတွက် ငါးထပ်ကြီးဘုရားက ဆရာတော်တစ်ပါး နဲ့ ဆွေးနွေး နေပါတယ်။ ဒီဇာတ်ကားမျိုးက ဖန်တီးလို့ လွယ်ကူတဲ့ဇာတ် မဟုတ်တဲ့ အတွက် တကယ် သိတဲ့ သမိုင်းပညာရှင်တွေ နဲ့လည်း သေချာတိုင်ပင် ရမှာပါ။ ထုတ်လုပ်သူက လည်း အားပေးတယ်။ ကျွန်တော်ကလည်း ရိုက်ချင်တယ်။ ဘုရားရဲ့ နှုတ် ကပါဠ်တော်၊ ပညတ် ထားခဲ့တာ တွေကို ဒီခေတ်နဲ့ အညီ ဇာတ်လမ်း ဖြစ်အောင် ရိုက်ကူးမှာပါ" ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ထိုဇာတ်လမ်း ရိုက်ကူးရန် မြန်မာသရုပ် ဆောင်များ အား ဇာတ်လမ်းကိစ္စ ပြီးစီးမှသာ ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံ စေတီတော်မြတ် သမိုင်း

ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။

တည်နေရာ..... ရန်ကုန်မြို့သိင်္ဂုတ္တရ ကုန်းတော်
ဉာဏ်တော်.......ဖိနပ်တော်မှ စိန်ဖူးတော်ထိ
                      (၃၂၆) ပေ
ကျော်ကြားမှု.......အစောဆုံး စေတီတော်ကြီး
                       (ကမ္ဘာ့အံ့ဘွယ်)

အမည်ခေါ်တွင်ပုံ

ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။ မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလည်ခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။ မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင် ရွှေနိုင်ငံ(Golden land)ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကိုလည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။ ထိုအချိန်မှစ၍ ကျိုက်လဂုံ သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ့  တ၀ှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။

သမိုင်းကြောင်း

သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ်္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ ““ရာပဒတန်သတ်္တဟ”” ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။

ကုန်သည်ညီနောင်

ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊ ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တပုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ်္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက်္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက်္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။

ရုက်္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘ၀က အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘ၀က ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘ၀တွင် ရုက်္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘ၀ဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့´ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း´ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက်္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့´ဟုဆိုလျှင် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ၀မ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် “ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်” ဟုပြော၏။ “ကောင်းပြီ ၊ အမောင်တို့၊”ထို့နောက် ရုက်္ခစိုးနတ်သည် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။
ပထမဆုံး သရဏဂုံတည်သူ

ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက်္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒ်္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ်္မံသရဏ ဂစ္ဆာမိ ဟူသည့် “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့် “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓ၀င်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။

ဆံတော်ရှစ်ဆူ
ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင်.“အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား” ဟုလျှောက်ထား လေ၏။ “ကောင်းပြီးချစ်သားတို့” မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ၀မ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလိ္လက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက်္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမျှော် ကြည်ညိုကြ၏။

နောင်တော်ကြီးစေတီ
ထို့အတူ ဆံတော်(၈)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား “သိင်္ဂုတ္တရကုန်းတော်” ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိဂုင်္တ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ်္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် “နောင်တော်ကြီးစေတီ”ဟု အမည်တွင်၏။

ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါး
ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိဂုင်္တ္တရကုန်းတော် အလယ်တည့်တည့်၌ “ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌

၁...ဆူးလေနက်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်
၂..ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော်
၃..ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်
၎..တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။

*ပြုသူအသစ် ဖြစ်သူ အဟောင်း*



သောကများဖြင့် လုံးထွေးရစ်ပတ်နေသူ တစ်ဦးသည် သူတော်စင် တစ်ဦးထံသို့  အားကိုးတကြီး ရောက်ရှိလာပြီး သူ၏အခက်အခဲသောကများ ကို ဖြေဖျောက်ပေးရန်တောင်းဆိုပါတယ်။

သူတော်စင်မှ ......"ခင်ဗျားကို နာကျင် ဒုက္ခဖြစ်စေသူတွေကို ဘယ်လို တုံ့ ပြန်ပါသလဲ "ဟု မေးသောအခါ.......
"သူတို့ တွေ စိတ်ဆင်းရဲအောင် ၊မျက်ရည်ပေါက်ကြီးငယ်ကျအောင်၊ စီးပွားပျက်အောင် ကောင်းကောင်းကြီးလက်စား ချေပါတယ်။" ဟု စိတ်လိုက်မာန်ပါရှင်း ပြပါတယ်။

သူတော်စင်မှ ပြုံးလျက်ဖြင့် ...."ဒီလို တွေဖြစ်သွားတော့ ခင်ဗျားစိတ်တွေ အေးချမ်းပြီးပျော်ရွှင်သွားပါ သလား" လို့ မေးပါတယ်။
ထိုသူမှ ..... "အချိန်တိုင်း လက်စားချေဖို့ ကို အားထုတ်နေရ လို့ မငြိမ်းချမ်း မပျော်ရွှင်၇ပါ" ကြောင်း ပြန်ဖြေပါတယ်။

သူတော်စင်မှ........ ခင်ဗျားသောက တွေ ပျောက်အောင်ကူညီနိုင်တာပေါ့၊ ကျွန်တော်ခိုင်းတာ နှစ်ခုကို သာ အောင်မြင်အောင်လုပ်ပေးပါ...ဟုပြောတဲ့ အခါ
စိတ်သာချပါ အေးချမ်းမှုသာရမယ်ဆို အခုချက်ခြင်း လုပ်ပေးနိုင်ပါတယ်.. လို့ ဆိုတဲ့ အခါမှာတော့ 
ဟုတ်ပါပြီ..... ဟောဟို ရှေ့ က သစ်ပင်မှာ ကိုင်းအသစ်ထွက်နေ တဲ့ သစ်ကိုင်းကို ဆွဲဖြုတ်ပေးပါလို့ ဆို တဲ့ အခါ
မဆိုင်းမတွ ဘဲ သစ်ကိုင်း ကြီးကို သွားပြီးချိုးဖဲ့ လိုက်ပါတယ်။ ကျွန်တော် သစ်ကိုင်းကြီးကို ချိုးဖဲ့ပြီးပါပြီလို့ ဆိုတဲ့အခါ......

သူတော်စင်မှ ... အော်... ဖယ်ထုတ်ပြီးသွားပြီကိုး..ဒီလိုဆို ဒီသစ်ကိုင်းကို နဂိုပင်စည်မှာ ပြန်ပြီး မူလအတိုင်းပြန်ထားပေးပါလို့ ဆိုပါတယ်။
ဒီတကြိမ်မှာတော့ သစ်ကိုင်းကို အလွယ်တကူ ချိုးဖဲ့ ပစ်ခဲ့သူက " မဖြစ်နိုင်တာ ဘယ်လိုမှ ကျွန်တော် မလုပ်နိုင်ပါဘူး " လို့ ပြန်ဖြေခဲ့ပါတယ်။



အစမှအဆုံးတိုင် စောင့်ကြည့်နေတဲ့ သူတော်စင်က .....
ကောင်းပြီ..... တကယ် မလုပ်နိုင်ဘူးဆို ရင် ဒီစကားကို  မှတ်သားပါ....

"ပျက်စီးစေခြင်း၊  ဆုံးရှုံးစေခြင်း ၊နာကြည်းစေခြင်း များ ပြုလုပ်ရန် လွယ်ကူပါသော်လည်း နဂို မူရင်းအတိုင်းပြန်လည် ကောင်းမွန်စေရန် ၊ ဆုံးရှုံးနစ်နာမှု များကို ပြန်လည် ဖြည့်ဆည်း ပေးနိုင် ရန်၊        အတုံ့ အလှည့်များကို ပြန်လည် ပြင်ဆင် ပေးနိုင်ရန် အတွက် တော့ အလွန်ခက်ခဲ ပင်ပန်းသော ကိစ္စများဖြစ်တယ်။
သစ်ကိုင်းကြီးသာ မပျက်စီးခဲ့ရင် အသီးအပွင့်နဲ့  အခက်အရွက်ရဲ့  အရိပ်ကို ခံစားကြရနိုင်တယ်။လူသားဝန်းကျင်မှာလည်း ခွင့်လွှတ်နားလည်ခြင်းရဲ့ အသီးအပွင့် တွေနဲ့ မိတ်ဆွေ များခြင်းဆိုတဲ့ ကောင်းကျိုးတွေ ခံစားရနိုင်တယ်။
ဒေါသကြောင့် ထွက်မယ့်စကားတွေအတွက် အနည်းငယ်သော တိတ်ဆိတ်မှုနဲ့ မိမိကိုယ် မိမိ သင့်မသင့်သတိရှိရှိ သုံးသပ်နိုင်လိုက်ခြင်းဟာ အနာဂတ် အသီးအပွင့်တွေကို စောင့်ရှောက်လိုက်တာ ဖြစ်တယ်။

အကောင်းမြင်စိတ်မွေးနိုင် ဖို့ အတွက် လည်း ကြိုးစားရမယ်။ မိမိကိုယ်တိုင်မှာ မနှစ်သက်တဲ့ အပြောအဆိုမျိုးကို  တစ်ပါးသူအတွက်လည်း မဖြစ်စေသင့်ပါဘူး။နာကျင်မှု ၊ မုန်တီးမှုများ အတွက် အဆုံးသတ်မှာ ကောင်းသော အကျိုးမရှိကြပါဘူး။တူသော အသီးအပွင့်များသာရရှိ ကြမှာဖြစ်တယ်။

လက်စားချေမှုနဲ့  ဦးတည်ထားတဲ့ စိတ်တွေမှာ အနားမရခြင်း၊ တည်ငြိမ်မှု ပျက်ယွင်းခြင်း၊ လတ်တလော ကိစ္စများမှာ မှန်ကန်သော ဖြေရှင်းမှူတွေကို ဦးမတည်နိုင်ခြင်းတွေသာဖြစ်စေပါတယ်။ အဆိုး အတွက် သုံးစွဲရမယ့် ခွန်အားတွေကို နှစ်ဖက် အကျိုးများစေမယ့်  နေရာမှာသာ ကုန်ခမ်းပါစေ။ မေတ္တာကို လက်နက်သဖွယ်အသုံးပြု ပြီး ပွဲတိုင်းအောင်နိုင်ပါစေ။ ရယူ အောင်မြင်မှုတွေဟာ ပျက်စီးဆုံးရှုံးမှုတွေလို လတ်တလောရုတ်ချည်း ဖြစ်မလာတတ်ဘဲ အချိန်ယူရတယ်ဆိုတာ သိနားလည်ပါ။ " ဟု သောကများဖြင့် တွေဝေနေ သူကို သတိတရားရစေခဲ့သည်။


ဗုဒ္ဓ၀ါဒသည် အဆိုးမြင်ဝါဒလော

တစ်ခါက ဘာသာခြားမိတ်ဆွေတစ်ဦးနှင့် ဗုဒ္ဓဘာသာအကြောင်း စကားလက်ဆုံ ကျခဲ့ဘူးပါသည်။
မိတ်ဆွေက သူလည်း ဗုဒ္ဓဘာသာစာပေကို အတော်အသင့်လေ့လာဖူးကြောင်း၊ ဗုဒ္ဓ၏တရားတော်များကို ခြုံငုံသုံးသပ်လိုက်သောအခါ အဆိုးမြင်ဝါဒသက်သက် ဖြစ်နေသည်ကိုတွေ့ရကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓ၏အလိုအရ လောကသည်မမြဲခြင်း(အနိစ္စ)၊ ဆင်းရဲ ခြင်း(ဒုက္ခ)၊ အနှစ်သာရကင်းမဲ့ခြင်း (အနတ္တ) ဟုသာ စိတ်ဓာတ်ကျဖွယ် ရှုမြင်ထားသောကြောင့် ဖြစ်ကြောင်း ဝေဖန်ပြောဆိုလာပါသည်။
မိတ်ဆွေ၏စကားက စာရေးသူအားရုတ်တရက် မှင်တက်သွားစေခဲ့ပါသည်။ သူပြောသလိုပင် စာရေးသူတို့ ကိုးကွယ်ယုံကြည် ဆည်းကပ် ကြကုန်သော ဗုဒ္ဓ၀ါဒသည် အဆိုးမြင်ဝါဒပင် ဖြစ်လေသလော။ လေးလေးနက်နက် ဆင်ခြင်တွေးဆမိသောအခါ ဘာသာခြားမိတ်ဆွေရော စာရေးသူပါ သဘောကျကျေနပ်ခဲ့ရသည့် အဖြေမှန်တစ်ခု ရရှိခဲ့ပါသည်။
ဗုဒ္ဓ၀ါဒကို ဝေဖန်သုံးသပ်မှုမပြုမီ ဘာသာခြားမိတ်ဆွေ ပြောသည့် အဆိုးမြင်ဝါဒ ဆိုသည်မှာအဘယ်နည်း၊ အကောင်းမြင်ဝါဒ ဆိုသည်မှာ ကော အဘယ်သို့နည်း။ ယင်းကိစ္စကို ဦးစွာဆင်ခြင် သုံးသပ်သင့်ပါသည်။
အကောင်းမြင်ဝါဒဆိုသည်မှာ ဘာပဲဖြစ်ဖြစ်အကောင်းချည်းပဲဟု မြင်သောဝါဒကို ဆိုလိုပါသလား။ ဥပမာ - လူတစ်ဦးချမ်းသာနေသည်။ ချမ်းသာခြင်းသည် ကောင်း၏ဟုဆိုက မမှားနိုင်သော်လည်း ထိုသူ ဆင်းရဲနုံချာသွားသည့်အခါတွင် ဆင်းရဲနုံချာခြင်းသည်လည်း ကောင်း ၏ဟု အမြဲအကောင်းဘက်ကချည်း မြင်နေသောဝါဒကို အကောင်းမြင်ဝါဒဟု ခေါ်နိုင်ပါသလား။
ချောင်းဆိုးသွေးပါ၍ ရင်ဘတ်အောင့်နေသူတစ်ဦးကို 'ခင်ဗျား မပူနဲ့၊ နေရင်းထိုင်ရင်းကောင်းသွားမှာပါ၊ သောက်နေကျဆေးလိပ်နဲ့အရက် ကိုလည်း ဆက်သာသောက်၊ နေကောင်းသွားမှာပါ' ဟုကောင်းသောမျှော်လင့်ချက်တွေ၊ အားပေးစကားတွေ ဖောင်အောင်ပြောနေခြင်းကို လည်း အကောင်းမြင်ဝါဒဟု ဆိုနိုင်ပါမည်လော။
ထိုလူကိုပင် ဆရာဝန်တစ်ဦးက 'ခင်ဗျားတော့ တီဘီရောဂါဖြစ်နေပြီထင်တယ်၊ ဓာတ်မှန်ရိုက်၊ သွေးစစ်ပါ၊ ရောဂါရှိတယ်ဆိုရင် တီဘီဆေး အလုံးသုံးဆယ် ဆက်တိုက်ထိုးရမယ်၊ ဆေးလိပ်နဲ့အရက်ကိုဖြတ်ပါ၊ မဖြတ်ရင် ခင်ဗျားသေသွားနိုင်တယ်၊ ကြပ်ကြပ်သတိထားပါ' ဟုပြော ခြင်းကို အားပျက်စိတ်ဓာတ်ကျဖွယ် အဆိုးမြင်ဝါဒဟုဆိုရမည်လော။
စာရှုသူတို့လည်း ၀ိုင်းစဉ်းစားကြည့်သင့်ပါသည်။ တတ်ကျွမ်းနားလည်သူက ရောဂါရှိနေသူအား ရောဂါရှိနေသည်ဟု ပြောခြင်းသည် အဆိုးမြင်ဝါဒ မဟုတ်သလို ရောဂါရှိနေသူအား 'ဆေးကုစရာမလို၊ သည်အတိုင်းသာဆက်နေရင်း ကောင်းသွားမှာပါ' ဟုပြောနေခြင်းကို လည်း အကောင်းမြင်ဝါဒဟု မခေါ်ဆိုနိုင်ပါ။
အကယ်၍ ထိုရောဂါသည်အား ဆရာဝန်က 'ခင်ဗျာ့ရောဂါကတော့ တီဘီပဲဗျ၊ ဘာမှလုပ်မနေနဲ့တော့ဗျာ၊ မကြာခင်သေမှာပဲ' ဟု ပြော လိုက်ပါမူ အဆိုးမြင်ဝါဒသက်သက်ဖြစ်ကြောင်း ထင်ရှားလှပါသည်။
ယခုမူ ဆရာဝန်ကရောဂါအခြေအနေကို ပြောပြသတိပေးသည်။ ပျောက်ကင်းနိုင်မည့်နည်းလမ်းနှင့် ရှောင်ရှားရမည့်ကိစ္စများကို လမ်းညွှန် သည်။ သည့်ထက် ကောင်းမြတ်မှန်ကန်သောအမြင် ရှိပါဦးမည်လော။ ဤသည်ကား ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ရပ်အပေါ် သာဓကထား ၍ သုံးသပ်တင်ပြထားခြင်း ဖြစ်ပါသည်။
လူတို့၏ကိုယ်ခန္ဓာတွင် ဖြစ်ပွားနေသည့် ရောဂါများအနက် ရှစ်ဆယ်ရာခိုင်နှုန်းကျော်ခန့်သည် လည်ပင်းအထက်ပိုင်းတွင် အခြေခံသည်ဟု ခေတ်သစ်ဆေးသိပ္ပံပညာရှင်များက ဆိုပါသည်။
သဘောကတော့ လူတို့၏ ရုပ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာအများစုသည် လည်ပင်းအထက်ပိုင်းရှိဦးနှောက်မှာဖြစ်ပေါ်လာသည့် တွေးဆ ပူပင်မှုစိုးရိမ်သောက အစွဲအလမ်းများကြောင့်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ အစာအိမ်၊ သွေးတိုး၊နှလုံး၊ ကင်ဆာအစရှိသည့် ရောဂါကြီးများ၏ ဖြစ်ပေါ် တိုးပွားမှုသည် လူတို့၏စိတ်ပိုင်းဆိုင်ရာ ခံစားချက်တို့အပေါ် များစွာအခြေခံလျက်ရှိကြောင်း ဆေးသိပ္ပံပညာက လက်ခံထား ပြီး ဖြစ်ပါသည်။ ဤစိတ်ပိုင်း ဆိုင်ရာသောကဝေဒနာတို့၏ အခြေတည်ရာသည်ကား လောဘ၊ဒေါသ၊မောဟနှင့် မာန်မာနတို့ပင် ဖြစ်ကြောင်း ကိုလည်း သူတို့ လက်ခံလာခဲ့ကြပြီ ဖြစ်ပါသည်။
ယင်းစိတ်ပိုင်းဆိုင်ရာ သောကဝေဒနာများကို ခေတ်သစ်ဆေးသိပ္ပံပညာရှင်များက အမြစ်ပြတ်ပျောက်ကင်း ကောင်းမွန်လာအောင် ကုသ နိုင်သည့်ဆေး ရှာမတွေ့ကြသေးပါ။ လူတို့၏ရုပ်ပိုင်းဆိုင်ရာကို အဓိကထားသည့် သိပ္ပံပညာတွင် ဆေးဝါးမတွေ့ကြသေးသော်လည်း လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ကပင် ယင်းဝေဒနာများကို အမြစ်ပြတ်အောင် ကုသပေးနိုင်ခဲ့သော စိတ်ပညာပါရဂူ မဟာ လူသားတစ်ဦး ပေါ်ထွန်းခဲ့ပြီးဖြစ်ပါသည်။
ထိုသူကား စာရေးသူတို့ ကိုးကွယ်ရာဟူ၍ ယုံကြည်ဆည်းကပ်ကြသော ဗုဒ္ဓရှင်တော် မြတ်ဘုရားပင်ဖြစ်ပါသည်။ လူသားများအပါအ၀င် သက်ရှိသတ္တ၀ါအားလုံး၏ရင်မှာ တောက်လောင်လျက်ရှိသော စိတ်သောကဝေဒနာမီးတို့၏ အကြောင်းရင်းဇစ်မြစ်နှင့် ပျောက်ကင်းနိုင် မည့် နည်းလမ်းများကို ဗုဒ္ဓကကောင်းစွာ သိမြင်ခဲ့ပါသည်။ သိမြင်ခဲ့သည့်အလျောက် ယင်းနည်းလမ်းကောင်းများကို လမ်းညွှန်ပြသခဲ့ ပါသည

0 comments:

Post a Comment