အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Sunday 1 May 2011

ဘ၀တိုင်းဆုံတွေ့ချင်ပါသလား....




နိဗ္ဗာန်မရမီကြားဘ၀များစွာမှာ မိမိချစ်ဇနီးလေးနှင့်ဆုံတွေ့ချင်ပါတယ်ဆိုတဲ့ နာကုလပီတာနဲ့ နာကုလမာတာတို့အကြောင်းနဲ့
စပ်လျည်း၍ ဗုဒ္ဓဘုရားရှင်ကဟောမြွတ်ထားပါတယ်
၁။ သမသဒ္ဒါ - လင်နဲ့မယား ဇနီးမောင်နှံ နှစ်ယောက်လုံးအရာရာမှာ ယုံကြည်ချက်ခြင်းတူရမယ်။(အိမ်ရှင်ကသဒ္ဒါတရားကောင်းသလို အိမ်သူကလည်းသဒ္ဒါတရားကောင်းရမည်။)
၂။ သမစာဂါ - လင်နဲ့မယား ဇနီးမောင်နှံ နှစ်ယောက်လုံး ငါးပါးသီလကို လုံခြုံအောင်စောင့်ထိန်းရမယ်။(အိမ်ရှင်ကသီလစင်ကြယ်သကဲ့သို့ အိမ်သူကလည်းသီလစင်ကြယ်စေရမည်။)
၃။ သမသီလာ - လင်နဲ့မယား ဇနီးမောင်နှံနှစ်ယောက်လုံး ပေးကမ်းစွန့်ကြဲမှု ၊ တွန့်တိုနှမြောဝန်တိုမှုကင်းတဲ့ ဒါနပြုတဲ့နေရာတွေမှာ ရက်ရောသန့်ရှင်းပြတ်သားတာခြင်း တူညီကြရမယ်။(တစ်ယောက်ယောက်ကစွန့်ကြဲပေးကမ်းလှူဒါန်းလိုလျှင် မတားမြစ်ရ၊ မယ်ကလှူမှ မောင်ကြည်ဖြူ၊ မောင်ကလှူဒါန်း မယ်ရွှင်လန်း ဖြစ်စေရမည်.။)
၎။ သမပညာ - လင်နဲ့မယားဇနီးမောင်နှံနှစ်ယောက်လုံး ပြုသင့်တဲ့အမှု၊ မပြုသင့်တဲ့အမှုတွေမှာ စဉ်းစားချင့်ချိန်တဲ့အခါ ဥာဏ်ချင်းတူညီကြရမယ်။ (အသိအလိမ္မာဥာဏ်ပညာလည်းအရာရာတူစေရမည်။)
ဟူဗုဒ္ဓဘုရားရှင်ကဟောတော်မူခဲ့ပါသည်။ ဗုဒ္ဓအလိုကျဇနီးမောင်နှံဘ၀အကြောင်းကိုရည်ညွန်းဖော်ထုတ်လိုက်တာပါ။ လောကီအကျိုးသယ်ပိုးလို့ ကိုယ့်ကျင့်သိက္ခာ၊ သဒ္ဒါသီလ ဓမ္မနဲ့အညီကျင့်ကြံနေထိုင်တဲ့ဇနီးမောင်နှံဘ၀ကို လိုလားလက်ခံခဲ့ပါတယ်။ အဲလိုမျိုးလိုက်နာကျင့်ကြံရင် ဘ၀ဆက်တိုင်းဆုံတွေ့ပီးပေါင်းဖက်ရမှာပါ။
မေတ္တာနဲ့ စာနာကြင်နာခြင်းမျိုးကို ပျိုးထောင်ရာမှာ မိမိတို့နေအိမ်ကစတင်ရမှာပါ။ မိခင်နဲ့ဖခင်ကြားမှာ ထားရှိတဲ့ မေတ္တာက အိမ်နဲ့ ပတ်ဝန်းကျင်အခြေအနေကို အများကြီး အကျိုးသက်ရောက်မှုကို ရစေပါတယ်။ တခြားမိသားစုဝင်တွေ အချင်းချင်း မေတ္တာထားခြင်း၊ ကြင်နာခြင်းနဲ့မျှဝေခြင်းတွေကို ဖြစ်စေပါတယ်။ ဇနီးနဲ့ခင်ပွန်းက တစ်ယောက်နဲ့တစ်ယောက် လေးစားခြင်း၊ ယဉ်ကျေးစွာဆက်ဆံခြင်း သစ္စာရှိခြင်းတွေနဲ့ ဆက်ဆံပေါင်းသင်းသင့်ပါတယ်။ မိဘများကလည်း သားသမီးတွေအပေါ်မှာ မိဘ၀တ္တရားနဲ့အညီ ကျင့်သုံးနေထိုင်သင့်သလို သားသမီးကလည်း မိဘအပေါ်မှာ ရိုသေလေးစားမှုနဲ့ ၀တ္တရားမပျက် ပြုစုလုပ်ကျွေးသင့်ပါတယ်။ ဇနီးမောင်နှံများ မိဘနဲ့သားသမီးများက မြတ်စွာဘုရားရဲ့ အဆုံးအမများနဲ့အညီ နေထိုင်ကြမယ်ဆိုရင် အိမ်တွင်းမှာ ငြိမ်းချမ်းခြင်းနဲ့ပျော်ရွှင်ချမ်းသာမှုကို အမြဲရပါလိမ့်မယ်။ ဘ၀ဆိုတာ အပြုံးလေးတွေ အကြင်နာတွေ တာဝန်တွေနဲ့ တည်ဆောက်ထားတာဖြစ်တဲ့အတွက် ဒီစိတ်ထားတွေကိုယုံပြီးထားမယ်ဆိုရင် မေတ္တာနှလုံးသားကို အစဉ်ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။
သူငယ်ချင်းတို့ရေ သူငယ်ချင်းတို့လည်း သူငယ်ချင်းတို့ချစ်သူနဲ့ မေတ္တာတွေလွမ်ခြုံထားတဲ့ အိမ်လေးမှာ ပျော်ရွှင်စွာနေထိုင်ပီး နိဗ္ဗာန်မရမီစပ်ကြား သံသရာထဲရှိနေသမျှ ဗုဒ္ဓအလိုကျ ဇနီးမောင်နှံဘ၀မျိုးကို ရရှိပိုင်ဆိုင်နိုင်ပြီး ဘ၀တိုင်းဆုံတွေ့နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်...
စာရေးသူ- မောင်သာလင်း

0 comments:

Post a Comment