အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Sunday 1 May 2011

ဒိုင်ယာရီအရှေ့ပိုင်းက

မှောင်မိုက်တဲ့ ညဘက်တွေမှာ.....

ငါကောင်းကင်ယံကို မော့ကြည့်မိတယ်...

လသာတဲ့ညတော့ မဟုတ်ဘူး...

ညနဲ့အတူ ငါ့ဘ၀လည်းမှောင်မိုက်နေတယ်

မင်းတော့သိမှာမဟုတ်ဘူး...

×××××××

ငါ့ဒိုင်ယာရီထဲက မင်းထွက်သွားခဲ့တာ

ကြာပြီလေ..........

ဒိုင်ယာရီအရှေ့ပိုင်းက စာမျက်နှာတွေမှာ

မင်းပုံရိပ်တွေနဲ့ ပြည့်နှက်နေတယ်

မင်းအရိပ်တွေပါတဲ့ စာမျက်နှာကို

ငါမျက်နှာနဲ့ အပ်အပ်ကြည့်စမ်းပါ..

ကြည့်စမ်....

မင်းရဲ့နွေးထွေးမှုတွေ...

ငါအခုထိရတုန်းပဲ

××××××××

အိပ်မပျော်တဲ့ညတွေ ဆက်တိုက်မို့..

မင်းထားခဲ့တဲ့ အမှတ်အသားတစ်ခု

ငါခန္ဓာကိုယ်ပေါ်မှာ ကျန်ရစ်နေပြီ...

ရီဝေေ၀မျက်လုံးတွေနဲ့...

မျက်ဝန်းပတ်လည် ချိုင့်ခွက်နေတဲ့...

အရာတွေ....

ငါမင်းကို ချစ်ခဲ့တာလား ရူးခဲ့တာလား..

××××××××

နောက်ဆုံး ငါသိလိုက်ရတာက..

အချစ်ဆိုတာ ရှုံးနိမ့်ခြင်းတစ်ခုဆိုတာရယ်...

ငါ့မျှော်လင့်ချက်တွေက...

ခုငါမော်ကြည့်နေတဲ့...

ကောင်းကင်ယံကြီးလိုပဲ ဆိုတာရယ်...

နောက်ဆုံး...

ငါလေဟာနယ်ထဲလွင့်မျောသွားတယ်ဆိုတာ

သိလိုက်ရတယ်.........

0 comments:

Post a Comment