အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Tuesday 27 September 2011

နောင်လတ်(မန်း) RUN ရဲ့ History များ ဖျက်ခြင်း



ကျွန်တော်တို့  ကွန်ပျူတာတွေမှာ RUN ကို သုံးပြီး Command တွေကို ဖွင့်ကြရတာတွေ ရှိပါတယ်။
ဥပမာ-Paint ကို သွားဖို့  အလွယ်
RUN ကနေ mspaint ရိုက်ပြီး ခေါ်သလိုပေါ့။

ဘာပဲသုံးသုံး သုံးသမျှ အဲ့ သဟာလေးတွေဟာဖြင့် RUN ရဲ့ History ထဲမှာ ကျန်နေခဲ့လေတော့.... ဒီလိုကျန်တာလေးတွေကို ဖျောက်ချင်သပ ဆိုသူတွေ အတွက်...
ဟိုက ဒီက ပညာရှင်စုံရဲ့ ပိုစ့်တွေက တဆင့်ဖော်ပြလိုက်ပါတယ်။
စက်တစ်လုံးနဲ့ တစ်လုံး Share
ယူလဲ ဒီလိုပဲ လုပ်ကြပါတယ်။
ဒီတော့ကာ ... ကိုယ် သုံးထားတာတွေ History ထဲမှာ ကျန်မနေခဲ့စေချင်ဘူးဆိုရင် တော့ နည်း အမျိုးမျိုးနဲ့ ဖျက်ပစ်လို့ ရပါတယ်။

တစ်နည်းက Registry ကနေ ရှင်းတဲ့နည်းပါ။နောက်တစ်နည်း ကတော့ MRU-Blaster သုံးပြီး ရှင်းတဲ့နည်းပါ။
အရင်ဆုံး Registry
ကနေ လုပ်ကြည့်ကြစို့  ထုံးစံအတိုင်းပါပဲ။
မပါမဖြစ် မင်းသားကြီး .. Run Box ကိုခေါ်မယ်။
Start > Run ကို သွား ...

ပြီးရင် regedit လို့ ရိုက်ပြီး OK !
 
Registry Editor ထဲ ရောက်သွားပါမယ်။
အဲ့ထဲမှာမှ... သေချာလေး ကြည့်ထားနော်.... စာလုံးတွေက ခပ်ဆင်ဆင်ဆိုတော့မှားမစိုးလို့
......... ဒုတိယ စာကြောင်းက

HKEY_CURRENT_USER ကို နှိပ်လိုက်ပါ အဲ့သည့်ကမှတစ်ဆင့်..
Software\
Mic rosoft\
Windows\
CurrentVersion\
Explorer\
RunMRU\
ထိ ရောက်အောင် သွားလိုက်ပါ။

ညာဘက်ခြမ်းမှာ History တွေကို တွေ့ ရပါမယ်။ အဲဒါတွေကို တစ်ခုချင်း Double Click ပြီး Value data
တွေကို လိုက်ဖျက်ပေးလိုက်ရင် ရပါပြီ။

0 comments:

Post a Comment