အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Monday 5 September 2011

စိတ်ကြွပီကေကျွေးပြီး ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တင်မည်ဟု

စိတ်ကြွပီကေကျွေးပြီး ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တင်မည်ဟု ပြော၍ ငွေသိန်း ၅၀၀ ခန့် ခြိမ်းခြောက်ရယူမှု ပြည်မြို့တွင် ဖြစ်ပွား
Popular News
စိတ်ကြွပီကေ ကျွေးပြီး ပုံများရိုက်ယူကာ ငွေခြိမ်းခြောက် ရယူသည့် အသက် ၂၀ အရွယ် အမျိုးသမီး တစ်ဦးကို ရဲက ပုဒ်မ ၃၈၆ ဖြင့် ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း ပြည်မြို့ အမှတ် ၂ ရဲစခန်းမှ သိရသည်။  ပြည်မြို့ရှိ အမျိုးသမီးတစ်ဦးကို ယောင်္ကျားစိတ်ပေါက်နေသူ အမျိုးသမီးက ပီကေကျွေးကာ အင်္ကျီချွတ်ပြီး ပုံရိုက်ယူခြင်းဖြစ်ပြီး ၎င်းဓာတ်ပုံများကို အင်တာနက်ပေါ် တင်မည်ဟု ခြိမ်းခြောက်ပြီး ငွေအကြိမ်ကြိမ် တောင်းခံခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၅၀၀ ခန့် ပေးခဲ့ရကြောင်း တရားလိုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
 "အစကတော့ မသိဘူးပေါ့၊ နောက်မှ သူက အပေါ်ကို ဖွင့်ပြလိုက်တော့ ဖြစ်ရပ်အကုန်လုံး သိကြရတယ်၊ ဒါနဲ့ ရဲစခန်းကို သြဂုတ်လ ၂၃ ရက်နေ့က တိုင်ကြား လိုက်ရတယ်" ဟု ၎င်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ပေါ်ပြူလာနယူးစ် ဂျာနယ်မှ ပြည်မြို့ရှိ အမှတ် ၂ ရဲစခန်းသို့ ဆက်သွယ် မေးမြန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက "ဒီအမှုဖြစ်တာ ဟုတ်ပါတယ်။ တရားခံလို့ ယူဆရတဲ့ သူကိုလည်း ဖမ်းမိထားပါတယ်။ တရားရုံးကို အမြန်ဆုံး တင်ပို့နိုင်ဖို့အတွက် စီစဉ်နေပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။
 တရားခံဟု ယူဆရသူ အမျိုးသမီးငယ်က ခြိမ်းခြောက်၍ ရယူထားသော ငွေစုစုပေါင်း သိန်း ၅၀ နှင့် ရန်ကုန်ရိုးမဘဏ်မှ မထုတ်ရသေးသည့် ငွေကျပ် ၄၆ သိန်းတို့ အပါအဝင် ခြိမ်းခြောက်၍ ရထားသောငွေဖြင့်ပင် ဝယ်ယူထားသည့် လတ်ဝတ်ရတနာ ကျပ်သိန်း ၈၀ ခန့်တို့ကို တရားလို၏ မှတ်ပုံတင်နှင့် အတူ သိမ်းဆည်း ရမိခဲ့ကြောင်းကို ပြည်မြို့အမှတ် (၂) ရဲစခန်းမှ စခန်းမှူး ဦးဇော်လွင်နှင့် အမှုစစ်ရဲအုပ် ဦးဇော်လှိုင်ထွန်းတို့ထံမှ သိရသည်။ စုစုပေါင်း ငွေသားနှင့် လက်ဝတ်ရတနာ ကာလတန်ဖိုးသိန်း ၁၈၀ ခန့်သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
 “ပြည်မြို့က အဆောင်မှာ ဖမ်းမိတယ်။ သူနဲ့အတူ လက်ကိုင်ဖုန်းကိုပါ သိမ်းဆည်းမိပါတယ်။ အဲဒီအထဲမှာ အခြားမိန်းကလေးတွေရဲ့ ပုံတွေကိုပါ တွေ့ခဲ့ရပါတယ်”ဟု ပဲခူးတိုင်းဒေသကြီးမှ ရဲအုပ်ဦးစိုးမင်းကပြောသည်။ တရားလိုသည် ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၀ ရက်နေ့မှ စ၍ ၂၀၁၁ ခုနှစ်အထိ စုစုပေါင်းငွေ သိန်း ၅၀၀ ခန့်ကို တရားခံဟု ယူဆရသူထံ အကြိမ်ကြိမ် ပေးအပ်ခဲ့ရကြောင်း ထိုငွေများကို ပြည်မြို့ရှိ ရိုးမဘဏ်မှ ရန်ကုန်သို့ လွှဲပြောင်းခဲ့ရသည့်အပြင် မှတ်ပုံတင်ကိုပါ ပေးထားခဲ့ရကြောင်း အိမ်ရှိ မီးခံသေတ္တာအတွင်းမှ စိန်နှင့်ရွှေများ အကုန်လုံးကို SURF ကားဖြင့် ခိုးထုတ်ယူခဲ့ရန် အကြပ်ကိုင် ခြိမ်းခြောက်လာသဖြင့် ဖွင့်ပြောမှ အလုံးစုံသိခဲ့ရပြီး ရဲစခန်းသို့ တိုင်ကြားခဲ့ရကြောင်း တရားလိုနှင့် နီးစပ်သူက ပြောသည်။
 တရားလိုနှင့် တရားခံဟု ယူဆရသူ အမျိုးသမီးတို့သည် ၂၀၁၀ မတ်လတွင် မိတ်ဆွေဖြစ်ခဲ့ကြပြီး ၂၀၁၀ ဇူလိုင်လတွင် တရားခံဟု ယူဆရသူ အမျိုးသမီးသည် ပြည်မြို့သို့ ရောက်ရှိလာကာ အိမ်ငှားနေထိုင်ပြီးနောက် အဆိုပါအိမ်၌ တရားလိုအား စိတ်ကို မေ့မြောစေသော ပီကေကျွေးကာ အဝတ်များချွတ်၍ ဓာတ်ပုံရိုက်ယူခဲ့သည်။ ထို့နောက်ဓာတ်ပုံကို အင်တာနက်တင်မည်ဟု ခြိမ်းခြောက်ကာ ငွေညှစ်ခဲ့သည်ဟု တရားလိုနှင့် နီးစပ်သူကပြောသည်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီမှ အဆိုပါအမှုဖြစ်စဉ်နှင့် ပတ်သက်၍ “ဒါက မကောင်းတဲ့ လုပ်ရပ်တစ်ခုပဲ။ ပိုဆိုးတာက ဓာတ်ပုံပြပြီး ငွေခြိမ်းခြောက်တာဆိုတော့ တော်တော် အောက်တန်းကျတယ် မိန်းကလေးတစ်ယောက် ဘဝလမ်းဆုံး သွားနိုင်တဲ့ အမှုတစ်ခု ဖြစ်တဲ့အတွက် နောက်လူတွေ ဆက်မလုပ်နိုင်အောင် ထိရောက်တဲ့  ပြစ်ဒဏ် ချမှတ်သင့်တယ်”ဟု ပြောသည်။ ယင်းအမှုကို ပြည်မြို့အမှတ် (၂) ရဲစခန်းမှ (ပ) ၃၈၃/၂၀၁၁ ဖြင့် အရေးယူထားသည်။
 ထက်ထက်မိုးမြင့်

0 comments:

Post a Comment