အရေးကြီးတာ ဒီနေ့ မြန်မာနိုင်ငံသားတွေဖြစ်ရက်နဲ့ ကိုယ်စိတ်၊၀ိညာဉ် Mody, Mind and Spirit ရဲမွဲတေနေတာက နိုင်ငံအရေးဆိုပြီး ကိုယ်ကျိုးသမားတွေ များတယ်။ နိုင်ငံတော်အတွက် အသက်မရှင်ကြလို့...။
အမေရိကားနိုင်ငံကြွယ်ဝတယ်။ နိုင်ငံကြွယ်ဝတယ်ဆိုတာ သိစေချင်လွန်းလို့ သူတို့က ဘာလုပ်တယ်သိလား၊ သူတို့ Culture ကို ပြတယ်။ အံ့သြစရာကောင်းတာကို ကျွန်တော်ပြောမယ်။ ဘယ်နိုင်ငံရောက်ရောက် အဲဒီနိုင်ငံရဲ့ပုံစံကို သူတို့ လုံးဝမတုဘူး။ အမေရိကန်နိုင်ငံ သံရုံး ရှိတဲ့နေရာမှာ သွားကြည့်ကြည့်၊ အီသီယိုပီးယားမှာရောက်ရောက်၊ ဟိုး .. ဂျပန်မှာရောက်ရောက်.. ဘယ်နေရာရောက်ရောက်၊ ဂျပန်မှာရှိတဲ့ အမေရိကန်သံရုံးကို ပြောပြမယ်။ အဲဒီ အမေရိကန်သံရုံးထဲမှာ ဂျပန်ပစ္စည်း တခုမှမရှိဘူး။ ကြည့်...။ လုံးဝရှိခွင့်မပေးဘူး။ ၀တ်တာလည်း ဂျပန်လို လုံးဝမ၀တ်ဘူး။ အမေရိကန်သံရုံးထဲမှာ သွားကြည့်လိုက်၊ အလုပ်သမားအားလုံးလဲ အမေရိကန်အ၀တ်အစားပဲ ၀တ်ရတယ်။ အမေရိကန်တွေ ၀တ်တဲ့ပုံစံအတိုင်းပဲ သူတို့ဝတ်ရတယ်။ ဘာကြောင့်လဲသိလား။ သူတို့ Culture ကို သူတို့ထိန်းထားတယ်။ ဒီနေ့ ကျွန်တော်တို့ကော နိုင်ငံသားတယောက်ဖြစ်ရင် ကျွန်တော်တို့ Culture ကို မထိန်းသင့်ဘူးလား။ ... ကျွန်တော်တို့ Culture ကျွန်တော်တို့ထိန်းရမယ်။ Culture ဆိုတဲ့ ယဉ်ကျေးမှု ..အိုကေ၊ နိုင်ငံသားတယောက် ယဉ်ကျေးမှု ထိန်းသိမ်းရမယ်။ ကျွန်တော်တို့ ပုံစံကိုကြည့်ရင် ဥပမာ ဆော်လမွန်မင်းကြီးရဲ့ အသက်တာကိုကြည့်ရင် ဆော်လမွန်စကားတခွန်းမှ မပြောပဲနဲ့  ဆော်လမွန်ကိုးကွယ်တဲ့ဘုရားကို ရှေဘပြည်က မိဘုရား ကိုးကွယ်ဖို့ ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲ .. ဆော်လမွန်နဲ ဘုရားနဲ့အဆက်ရှိတယ်။ အစပိုင်းမှာ အစပ်တော်တော်ရှိတယ်။ နောက်ပိုင်း သူကျဆင်းသွားတယ်။ ၀မ်းနည်းစရာတော့ ကောင်းတယ်။ အစပိုင်းမှာ ဘုရားနဲ့ အဆက်ရှိသူတိုင်းက ဆော်လမွန်လိုဖြစ်ချင်တာ။ ဒီကနေ့ ကျွန်တော်တို့ အသက်တာကိုကြည့်ပါ။ ကျွန်တော်တို့ ဖြစ်ချင်တိုင်းဖြစ်ဖို့ ဘုရားက အလိုတော်ရှိတယ်။ ဟာ.. ဒီလူလိုဖြစ်ချင်လိုက်တာ.. ဖြစ်ချင်လိုက်တာကွာလို့ ဆိုရင် ကျွန်တော်တို့ Culture ကို ထိန်းထားရတယ်။ ကောင်းကင်နိုင်ငံ .. ဘုရားသခင်နိုင်ငံထဲမှာ Living Together မရှိဘူး။ Culture ထိန်းပစ်လိုက်ရတယ် ..သိလား။ ငါတို့ Culture ထဲမှာ Living Together မနေဘူးကွ။ ငါတို့ Culture မှာ လက်ထပ်ပြီးမှ ဆက်ဆံတယ်ကွ။ ငါတို့ရဲ့ ယဉ်ကျေးမှုမှာ အရက်မသောက်ဘူးကွ၊ ငါတို့ယဉ်ကျေးမှုမှာ ဘိန်းမစားဘူးကွ..။ ငါတို့ယဉ်ကျေးမှုမှာ မိန်းမ မလိုက်စားဘူးကွ။ ငါတို့ယဉ်ကျေးမှုမှာ မကောင်းတဲ့ကား မကြည့်ဘူးကွ။ ငါတို့ယဉ်ကျေးမှုမှာ သွားတွေ ပေညှစ်နေအောင် ကွမ်းမစားဘူးကွ..။ နိုင်ငံယဉ်ကျေးမှုကို ကျွန်တော်တို့က လုံဝထိန်းထားတာ..။
ပြီးတော့မှ ဒါပဲလားဆိုတော့ မဟုတ်ဘူး။ ဂျပန်နိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးသွားလိုက်။ ဂျပန်စာ တခုမှ မစားရဘူး။ အမေရိကန်အစာတွေပဲ ချကျွေးတာ။ သူတို့ ဘာပဲစားသလဲ .. စားပြတာ။ ငါတို့က အမေရိကန်တွေဖြစ်တယ်ကွ။ ငါတို့က အမေရိကန်တွေဖြစ်တယ်ကွ။ ငါတို့က အမေရိကန်တွေဖြစ်တယ်ကွ။ .. အမေရိကန်အစာပဲ စားတာကွ။ ဒါပဲလား .. မဟုတ်ဘူ။ သံရုံမှာ စားဖူးတဲ့လူတွေ ရှိသလား။ ကျွန်တော်ကတော့ ကျေးဇူးတော်ကြောင့် စားဖူးပါတယ်။ ကျေးဇူးတော်ပါ။ နိုင်ငံတော်ရဲ့အမှုတော် ဆောင်လာရင် ဘာမှမဟုတ်တဲ့ ကျွန်တော် ဒေးဗစ်ဟာလဲ သံရုံးတွေဘာတွေ သွားစားရတယ်။ မစားတတ်တော့ သူများတွေ ဘယ်လိုစားတယ်ဆိုတာ ရှောက်ကြည့်ပြီးတော့... ဇွန်းတွေကလည်း အများကြီး၊ အရှက်တွေ ကွဲတော့မလို့ .(ရယ်သံများ) ..အဲဒီဇွန်းကအစ...အမေရိကန် တံဆိပ်နဲဗျ။ American Flag လေ..။ အသားတံဆိပ်ရိုက်ထားတာ။ ဇွန်းကလည်း ဘာဖေါ်ပြသလဲဆိုတော့ ဒီဇွန်းက ငါတို့အမေရိကားက လုပ်တဲ့ဇွန်းကွ၊ ပန်းကန်.. အံမယ်၊ ပန်းကန်ရွှေ့လို့မရအောင် .. အပေါ်နဲ့အောက် အလံရှိတဲ့နေရာမှာ လုံးဝရွှေ့လို့မရအောင် ပန်းကန်ကို ဒိအတိုင်းထားထားရတယ်။ Culture ကို အဲဒီလိုထိန်းတာ..။ ကျွန်တော်တို့က မြန်မာ နိုင်ငံသားဆိုရင် ..ကျွန်တော်တို့ နိုင်ငံသားရဲ့အတွေးအခေါ် (စရိုက်ဟောင်းများကို စွန့်ပစ်ပြီ၊ စရိုက်အသစ်များကို) ဒီကနေ့ ကျွန်တော်တို့ စကျင့်ကြရအောင်။
ဒီနိုင်ငံရောက်ရင် ကျွန်တော်တို့ ပုဆိုးတွေ၊ ထမီတွေ သိပ်မ၀တ်ကြတော့ဘူးလေ။ ထိုင်းနိုင်ငံရောက်တော့ ထိုင်းပုံစံဝတ်ကြတယ် မဟုတ်ဘူးလား။ လုပ်ချင်တာလုပ်ပါ။ ဒါပေမဲ့ အရေးကြီးတယ်..ဒါပေမဲ့ အရေးကြီးဆုံးကတော့ နိုင်ငံခြားတယောက်ရဲ့ Culture ကိုတော့ ထိန်းရမယ်။ ယဉ်ကျေးမှုကို ထိန်းရမယ်။ သူတို့ထိန်းထားတာ .. အပြက်ထိန်းထားတာ။ ပြီးတော့ စီးတဲ့ကား..။ ဂျပန်နိုင်ငံရောက်လို့ ဂျပန်ကားကောင်းတော့ ဂျပန်ကားမစီးဘူးဗျ..။ အမေရိကား အကောင်...ဆုံးကားကို ဂျပန်မှထုတ်ပြီးတော့ ကြွားတာ။ ပြောင်နေတာပဲ။ သံအမတ်ကြီးကလည်း ပြောထားတယ်။ အဲဒီကား.. ကောင်းကောင်းဆေးထား။ ဆေးရတယ်..။ ဆေးရုံတင်မကဘူး။။ ဆေးသုတ်၊ ပြောင်နေအောင် ဆေးသုတ်ရတယ်။ ပြီးတော့မှ ဒီသံအမတ် Ambassador ဆိုတာ သံအမတ်ကြီးပေါ့ .. သံအမတ်ကြီးက ဦးထုပ်နဲ့။ အမေရိကားကတောင် ရိုးရိုးလာတာမဟုတ်ဘူး။ တက်ကဆက်က Texas ကလာတဲ့ ဦးထုပ်အကြီး...ကြီးနဲ့.။ ပြီးတော့ သူအမေရိကန်ဖြစ်တယ်။ တက်ကဆက်ကလာတယ်ဆိုတာ သိအောင် အမိုးဖွင့်ကားကြီးနဲ့ .. ဟာ...အမိုးပွင့်၊ မောင်းထွက်သားတာ..လူတွေက ၀ိုင်းကြည့်နေရတာ။ သူလုပ်နေတာ အလကားလုပ်နေတာမဟုတ်ဘူး။ ကြွားနေတာ... (ရယ်သံများ)။ ဘာကြွားတာလဲသိလား.. ငါအမေရိကန်နိုင်ငံသားဖြစ်တယ်။ ငါ့နိုင်ငံ ဘယ်လောက်ကြွယ်ဝသလဲ ..ကြည့်...ဆိုပြီး ချပစ်တာ။
အခုတော့ မြန်မာနိုင်ငံ၊ နိုင်ငံတော်သားသမီးတွေ .. ကြည့်...ဆိုပြီး မပြောနိုင်ဘူး။ သူများကိုပဲ ရှောက်ကြည့်ပြီး...သူများကိုအား
ညီအစ်ကိုမောင်နှမများတို့ .. ဟာသလေးတော့ဖြစ်မယ်။ ဒါပေမဲ့ အမိမြန်မာပြည်ကြီးက ၀မ်းနည်းနေတယ်။ ဘာဖြစ်လို့လဲ။ ဘာလဲ ..Culture ..ငါ ဟာ အမိမြန်မာနိုင်ငံသား။ မြန်မာနိုင်ငံရဲ သဏ္ဍန်၊သရုပ်ကို ဖေါ်ပြတဲ့ ယဉ်ကျေးမှု Culture ဖြစ်နေရပါမယ်။
ဆရာဒေးဗစ်လား တရားဟောချက်ကို မြန်မာနိုင်ငံသား အားလုံနှင့် ဆီလျှော်အောင် ၀တ်မှုန်(စင်ကာပူ) မှ ကောက်နုတ်ဘာသာပြန်ပါသည်။ မူရင်းကို မုရန်မဂ္ဂဇင်း တွင် ကြည့်နိုင်ပါသည်။
Ref Link
http://
0 comments:
Post a Comment