အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Friday 1 July 2011

Default ကိုယ့် Gmail ကို သူများဝင်သုံးနေလားဆိုပြီး သိချင်၇င်

အခိုးခံရသော Gmail အားပြန်လည်ရယူခြင်း

How to get back your stolen Gmail

သင့် ဂျီမေးအခိုးခံလိုက်ရပြီဆိုပါတော့။ password ရော security questionရော secondary email ပါ အပြောင်းခံလိုက်ရပြီဆိုပါတော့။ သင်ဘာဆက်လုပ်မလဲ။ဒီအတွက် မပူပါနဲ့။ ဂျီမေးက သင့်အတွက် service တခုပေးထားပါသေးတယ်။

လုပ်ပုံလုပ်နည်း

ဂူဂဲက ပေးထားတဲ့ ဖောင်ကိုဖြည့်ရပါမယ်။ account နဲ့ပက်သက်တဲ့ အချက်အလက်အသေးစိတ်တွေဖြည့်ရမှာပါ။ account ဖွင့်ထားတဲ့လူသာ သိလောက်မဲ့အချက်အလက်မျိုးပေါ့။ ဘာအချက်အလက်တွေပါမလဲဆိုတော့
ဥပမာ
နောက်ဆုံး လော့အင်ဝင်ခဲ့တဲ့ရက်စွဲ၊
အကောင့် စဖွင့်ခဲ့တဲ့ ရက်စွဲ၊
အဲဒီအကောင့်နဲ့ သင်အသုံးပြုနေတဲ့ Google ရဲ့အခြား products တွေအကြောင်း၊
Google Blogger အသုံးပြုရင် အဲဒီ Blogger Account ရဲ့အချက်အလက်အသေးစိတ်။

အရေးအကြီးဆုံးကတော့ မေးခွန်းတွေကိုဖြေရာမှာ အသေးစိတ်နဲ့ အတတ်နိုင်ဆုံးတိတိကျကျ ဖြေပေးရပါမယ်။ ကိုယ်မသေချာတဲ့အကြောင်းဆိုရင်လဲ အတတ်နိုင်ဆုံးအနီးစပ်ဆုံးဖြေပေးလိုက်ပါ။

သင့်အကောင့် သင်ပြန်ရမရဆိုတာ သင့်အဖြေက ဘယ်လောက်နီးနီးစပ်စပ်မှန်လဲဆိုတဲ့ပေါ်မှာ မူတည်ပါလိမ့်မယ်။

ထပ်ပြီးသတိပြုရမယ့် အချက်တွေကတော့

ဖောင်ပို့လျှင် တဖောင်သာ ပို့ရန် (ဖောင်အများကြီးမပို့ရန်)၊
ကိုယ့်ရဲ့အကောင့်ကို အမြဲအသုံးပြုနေကြ စက်(PC) ကပဲပို့ရန်။ဘာကြောင့်လဲဆိုတော့ သင့်ဖောင်ပို့လိုက်တဲ့ IP address ကို Googleကမှတ်သွားမှာမို့လို့ပါ။

ဒီ Form ပါမေးခွန်းများကိုသုံးပြီးတော့ ကိုယ့်အီးမေးသူများခိုးယူခြင်းမှ ကာကွယ်နိုင်ပါသေးတယ်။ ဘယ်လိုကာကွယ်မှာလဲ?။ လွယ်ပါတယ်။မေးခွန်းတွေကိုလေ့လာပြီး ကိုယ်နဲ့ပက်သက်တဲ့ အချက်အလက်တွေကိုလုံခြုံတဲ့တနေရာ မှာသိမ်းထားလိုက်ပေါ့။ နောက် အီးမေးအခိုးခံရတိုင်း အဲဒီအချက်အလက်အတိုင်းဖြေပြီး ပြန်ရအောင်ယူပေါ့။

Form ဖြည့်ရန် သွားရမယ့်လိပ်စာကတော့
06-04-2009 01:41 PM #1
Terminator Guest

Default အကောင်းဆုံး လုံခြုံရေးဆိုင်ရာ Firefox addons ဆယ့်တ&#

ဒီနေ့ခေတ်မှာ အွန်လိုင်းသုံးသူတိုင်း ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက် သတိထားရမဲ့အနေအထားမှာ ရှိနေပါတယ်။ ဒါကြောင့် အောက်မှာ အကောင်းဆုံး လုံခြုံရေးဆိုင်ရာ Firefox addons ဆယ့်တစ်မျိုး
မျိုး ကိုဖော်ပြလိုက်ပါတယ်။

Stealther

Stealther ကတော့ သင် ဝက်ဆိုက်တွေကိုသွားရောက်ကြည့်ရှုပြီးတိုင်း သင့်ကို trace လိုက်လို့မရအောင် ခြေရာလက်ရာတွေ ဖျောက်ပေးပါတယ်။ ဒီ addon ဟာ browsing history, cookies, cache, recent tabs, တွေကို disable လုပ်ပေးပါလိမ့်မယ်။



Close ‘n’ Forget

Close ‘n’ Forget ကတော့သင် ဝက်ဆိုက်တခုကိုသွားကြည့်ပြီးရင် "special close button" လေးကိုနှိပ်လိုက်ရုံနဲ့ အဲဒီဆိုက်နဲ့ပက်သက်တဲ့အချက်အလက်တွေကို သင့်ရဲ့ web history တွေ cookies တွေကနေဖျက်ပေးမှာဖြစ်ပါတယ်တယ



WOT

်ဒီ addon လေးကတော့ ကိုယ်ကြည့်မဲ့ ဆိုက်တွေ လုံခြုံမှုရှိမရှိ အဆင့်အတန်းခွဲခြားသက်မှတ်ပေးမှာဖြစ်ပါတယ်။



NoScript

်ဒီ addon လေးကတော့ လုံခြုံရေးအတွက်မရှိမဖြစ်သုံးသင့်တဲ့ addon လေးပါ။ Javascript, Java code အစရှိသော အန္တရာယ်ရှိတဲ့ code တွေ script တွေသင့်ကွန်ပျူတာထဲမှာ မ run နိုင်အောင် ကာကွယ်ပေးခြင်းဖြင့် သင့်ကို cross-site scripting attack တွေနဲ့ clickjacking attacks တွေ ရန်ကကာကွယ်ပေးမှာဖြစ်ပါတယ်။




hideBad

်ဒီ addon လေးကတော့ history, cookies, cache နဲ့ passwords ကိုရှင်းလင်းပေးနိုင်သည့်အပြင် မှား၍ဖျက်မိပါကလဲ ပြန်လည်ရယူနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ ကိုယ်ဖွင့်ထားတဲ့ tabs တွေကိုလဲ မှတ်သားပေးနိုင်ပါသေးတယ်။

Gish It / tEMPORARYiNBOX / spamavert


ဒီ addon လေးတွေကတော့ မယ်စိတ်မချရတဲ့ website တွေမှာ register လုပ်တဲ့အခါ သင့် inbox ထဲ spam mail တွေ မရောက်လာစေရန် ကူညီပေးပါလိမ့်မယ်။



BetterPrivacy

ဒီ addon လေးကတော့ သင့် super cookie တွေကိုကာကွယ်စောင့်လျှောက်ပေးချင်းဖြင့် သင် tracking အလိုက်ခံရခြင်းမှကင်းဝေးအောင် ကာကွယ်ပေးပါလိမ့်မယ်။




Ghostery

ဒီ addon လေးကတော့ သင်ကြည့်နေတဲ့ဆိုက်က သင့်ကို tracking လိုက်နေသလား မလိုက်ဘူးလားဆိုတာ ဖော်ပြ သတိပေးမှာဖြစ်ပါတယ်။




Torbutton

ဒီ addon လေးကတော့ သင့်ရဲ့ browser ထဲက history, cookies, cache အစရှိတာတွေကို အခိုးမခံရအောင်ကာကွယ်ပေးမှာဖြစ်ပါတယ်။





FoxyProx

ဒီ addon လေးကတော့ proxy servers တွေကို အလိုအလျှောက်ပြောင်းပေးခြင်းဖြင့် သင့် privacy ကိုကာကွယ်ပေးမှာဖြစ်ပါတယ်။




JSview

ဒီ addon လေးကတော့ အင်တာနက်ထဲကလာတဲ့ javascript တွေ CSS files တွေရဲ့ source code ကိုအသေးစိပ်ဖော်ပြပေးနိုင်ပါတယ်။ အဲဒီ code တွေကို ကြည့်ချင်းဖြင့် ကိုယ့်ကိုဒုတ်ခပေးမဲ့ code ဟုတ်မဟုတ်ခွဲခြားလို့ရပါမယ်။ ဒါပေမဲ့ code အကြောင်းတော့နားလည်ထားဖို့လိုပါလိမ့်မယ်။

Default Password Recovery Tools များမှကာကွယ်ခြင်း

ဒီပို့စ်ကို ပလန်းနက်
မှာ user တစ်ယောက်ရဲ့ ဖော်ပြချက်နဲ့ စပ်လျဉ်းပြီး တင်လိုက်တာပါ။


Nirsoft ရဲ့ အဲ့ဒီ Tool တွေက ယနေ့အချိန်မှာ အသုံးမ၀င်တော့ပါဘူး။ ယခု Firefox V.3. --> တွေအားလုံး နဲ့ Gmail တွေက ဒါတွေကို လက်မခံတော့ပါဘူး... Antivirus Program တွေအားလုံး Detect သိပါတယ်။
2007 လောက်က ၄င်းကို Keylogger တွေမှာ မြှုပ်နှံ့ထည့်သုံးကြပေမဲ့ အခုနောက်ပိုင်းဘယ်သူမှ အဲ့လိုမသုံးတော့ပါဘူး။

Cyber မှာ အင်တာနက်အသုံးပြုနေတဲ့သူတွေဟာ အကယ်လို့ အသုံးပြုပြီးသည်ဆိုသည်နှင့် မိမိရဲ့ Browser က privacy history ကိုရှင်းလင်းခဲ့ရင် ၄င်း pw ကို မရနိုင်ပါဘူး။

Nirsoft က ထုတ်တဲ့

MessenPass
Mail PassView
IE PassView
Protected Storage PassView
Dialupass
Asterisk Logger
AsterWin IE
Network Password Recovery
SniffPass Password Sniffer
PstPassword
PasswordFox
ChromePass
WirelessKeyView
Remote Desktop PassView
VNCPassView
PocketAsterisk/RemotePocketAsterisk

ဒါတွေကို Password Recovery Tools လို့ခေါ်ပါတယ်... တစ်နည်းအားဖြင့် ကွန်ပျူတာ အသုံးပြုစဉ်အချိန်အတွင်းမှာ မိမိတို့အသုံးပြုတဲ့ Software (eg. Internet Browser) တွေက ယာယီ ဖိုင်တွေသိမ်းထားတတ်ပါတယ်.. (e.g Cookies) . Password တွေကိုသိမ်းထားတာပါ။

ဒါကြောင့် ဒီရန်ကာကွယ်ဖို့ Cyber မှာအသုံးပြုသူတွေက Keylogger တွေအပြင် ဒီလို Password Recovery Tools တွေကိုသတိထားသင့်ပါတယ်... မိမိသုံးပြီးတိုင်း History နဲ့ Privacy Cookies တွေကို ရှင်းပစ်ဖို့လိုပါတယ်။
တစ်ချို့ Cyber တွေက Deepfreeze လို PC Automatic Restoring software တွေသုံးထားတဲ့အတွက် user နဲ့ သူတို့ရဲ့ pc အတွက် safe ဖြစ်တာပေါ့...

Cyber Cafe တော်တော် များများမိမိတို့ရဲ့ Computers ကို Anti-Spyware တွေထည့်ထားသင့်ပါတယ်.. ပြီးရင် user တွေအနေနဲ့ ၄င်းကို အလွယ်တစ်ကူ ပိတ်လို့မရအောင် password protect လုပ်ထားသင့်ပါတယ်။ Antivirus/Anti Spyware တော်တော်များများမှာ ၄င်း functions အကုန်ပါပါတယ်။ ဘာကြောင့်လဲဆိုတော့ ယခုလို Password Recovery Tools တွေသုံးမယ်ဆိုရင် user တွေက Antivirus ကို အရင်ပိတ်ရပါတယ်.. ပြီးမှ သုံးရတာပါ။

တစ်ချက်.. Antivirus တွေကို .bat နဲ့ ပိတ်လို့ရပါတယ်.. ဒါပေမဲ့ ယခုလို password တွေ protect လုပ်ထားရင်မရပါဘူး။ Panda နဲ့ Kaspersky တွေကို စမ်းသပ်ကြည့်သလောက် အဲ့သလို .bat နဲ့ အသုံးပြုခြင်းက ၄င်း password protecting ကို မကျော်လွန်နိုင်ပါဘူး။

ကိုယ်ပိုင်သုံးတဲ့ သူတွေဆိုရင် Laptop ဖြစ်စေ Desktop ဖြစ်စေ မိမိမသိပဲနဲ့ အခြားတစ်ပါးသူတွေကိုပေးမသုံးပါနဲ့။
Last edited by tzmt; 11-18-2009 at 11:16 PM.

Default ကိုယ့် Gmail ကို သူများဝင်သုံးနေလားဆိုပြီး

ကိုယ့် Gmail ကို သူများဝင်သုံးနေလားဆိုပြီး စစ်ရန်....

ကိုယ့် Gmail ကို သူများဝင်သုံးနေလားဆိုပြီး အရင်က သံသယရှိသူ၊ စစ်ချင်သူများ ၀မ်းမြောက်ဖွယ် ...။
Google မှ Gmail တွင် ၀င်ရောက်အသုံးပြုသွားသူ၏ IP Address အားဖေါ်ပြပေးထားပါပြီ။
Gmail ၏ ပထမစာမျက်နှာ အောက်ဆုံးနားသို့ သတိထားကာသွားကြည့်လျှင် ..



ယခုကဲ့သို့ This account is open in 1 other location (xxx.xxx.xxx.xxx) Last account activity 5 Hours ago. ဆိုပြီး စာသားလေးမြင်ရလိမ့်မည်။ ပြည့်ပြည့်စုံစုံ ကြည့်ချင်ပါက ဘေးနားရှိ Detail ဆိုသော လင့်ကလေးနှိပ်ပါက ..


ယခုကဲ့သို့ IP Address များကို မြင်ရမည်ဖြစ်ပြီး ကိုယ့်အကောင့်ကို သူများ သုံးခဲ့ဘူးသလား၊ ဘယ်နေရာကလဲ စသဖြင့် သိနိုင်ပါပြီ။
အကယ်လို့များ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ကြည့်နေတုန်းမှာ တဘက်မှာလဲ ကိုယ်မသိအောင် ၀င်သုံးနေပါက Concurrent Session Information တွင် IP များ တစ်ခုထက်ပိုတွေ့နေရမည်ဖြစ်ပြီး သူတို့ကိုပါ Logout လုပ်ပြစ်ချင်ပါက အောက်နားရှိ Sign Out all other sessions ခလုပ်ကလေးနှိပ်ပါက ရှိသမျှ တပြိုင်နက်သုံးနေသော ယူဆာများကို Logout လုပ်နိုင်ပါတယ်၊ ပြီးလျှင်တော့ ကိုယ်က Password ပြောင်းလိုက်ပေတော့ဗျာ..။
Last edited by tzmt; 11-18-2009 at 11:55 PM.
Last edited by mikozan; 11-19-2009 at 02:14 PM.

Default ကျော်မယ် ခွမယ် proxy ရယ်

www.whatismyip.com ကနေ ကိုယ့်အိုင်ပီလေးကို အရင်မှတ်ထားပါ၊ ပြီးရင် http://www.torproject.org/download.html.en ကနေ ကိုယ်သုံးတဲ့ window နဲ့ သက်ဆိုင်တဲ့ platform အတိုင်း software ကို ဒေါင်းလုပ်ချလိုက်ပါ၊
ပြီးရင် ထုံးစံအတိုင်း Run ပေါ့…
ကဲ Run ပြီးတယ်ဆိုရင်တော့
အဲဒီမှာ Hide ဆိုတာလေးပေးလိုက်ပါ၊
ပြီးတယ်ဆို firefox မှာ torbutton ကို add ပေးဖို့အတွက် https://addons.mozilla.org/en-US/firefox/addon/2275 ကို ကလစ်လုပ်ပါ၊ ဒါဆိုရင် ဟော့ဒီကလို ပုံလေးပေါ်လာပါလိမ့်မယ်။
အဲဒီက Add ti firefox ကို ကလစ်ပေးလိုက်တယ်ဆို firefox restart တောင်းပါတယ်၊ ပျော်ပျော်ကြီးပေးလိုက်ပါ၊ ပြီးရင်တော့ firefox ကိုပြန်ဖွင့်ပြီး
အောက်ခြေမှာရှိတဲ့ Tor Diabled ကို အပေါ်မှာပြထားတဲ့ ပုံလေးကလို Enabled ဖြစ်ဖို့အတွက် ကလစ်ပေးလိုက်ပါ၊ ဒါဆိုရင်တော့ မိတ်ဆွေတို့ သိကြတဲ့အတိုင်းပဲ IP က အံသြဖွယ်ကောင်းအောင် ပြောင်းပေးသွားပါလိမ့်မယ်၊ အားလုံးအဆင်ပြေသွားကြပြီဟုတ်!
ကဲနောက်နေ့တွေလည်း အဆင်ပြေလွန်းလို့သုံးအုံးမယ်ဆိုရင်တော့ Run ထားတဲ့ tor project လေးကို ပြန်ဖွင့်ထားပေးလိုက်ပေါ့၊ ဖွင့်ပုံက all program>vidalia-bundle>privoxy> privoxy ကိုကလစ်ပေးပါ၊ ဒါဆို p ဆိုတာလေး ပေါ်လာမယ်၊ နောက်အစိမ်း အထုပ်လေးလိုဟာလေးအတွက်တော့ all program>vidalia-bundle>vidalia ကိုကလစ်ပေးပါ. ပြီးတော့ အရင်လုပ်ခဲ့သလို Dialog Box လေးမှာ Hide ပေးပါ.
Last edited by mikozan; 11-19-2009 at 02:29 PM.

  1. Default ဘန်းထားတာကိုကျော်ခွပေးမဲ့ firefox add-on များ

    UltraSurf Firefox add-on

    UltraSurf ကတော့ ဘန်းကျော်သားတို့နဲ့ရင်းနှီးပြီးသားမို့လို့ အထူးတလည်ပြောစရာမလိုတော့ဘူးထင်တယ်။ အရင်က ဆို UltraSurf ကို IE မှာပဲ သုံးလို့ရတယ်လေ။ အခုတော့ firefox မှာပါသုံးလို့ရပြီဖြစ်ပါတယ်။

    ကျော်ဖို့ခွဖို့ တခုတည်းမဟုတ်ပဲ ကိုယ့်ရဲ့ privacy ကိုကာကွယ်ဖို့လဲ သုံးလို့ရပါတယ်။

    ဒါပေမဲ့ ဒီ add-on ရဲ့အားနည်းချက်ကတော့ အရင် IE မှာ သုံးရသလို proxy ကို auto မပြောင်းပေးတာပါပဲ။ ဒီတော့ proxy setting ကို ကိုယ့်ဟာကိုယ်ပြောင်းယူရပါမယ်။

    အသုံးပြုပုံ
    အောက်က လင့်မှာ UltraSurf software ဒေါင်းလုပ်ဆွဲလိုက်ပါ။ ( အင်စတောလုပ်ရန်မလိုပါ ။ လိုအပ်သည့်အခါတွင်တာ .exe file ကို double click နှိပ်ပေးရန်လိုပါသည်)

    file size: (442Kb)
    Ultrasurf Firefox add-on ကို ဒီမှာထပ်ဒေါင်းပြီး zip file ကိုဖြေလိုက်ပါ

    file size: (23Kb)
    Firefox browser ကိုဖွင့်လိုက်ပြီး wjbutton_en.xpi file ကို Firefox window ထဲကို drag ဆွဲထည့်လိုက်ပါ။ ပြီးရင် "Install" button ကိုနှိပ်ပြီး အင်စတောလုပ်လိုက်ပါ။ Firefox window ရဲ့ညာဘက်ထောင့်မှာ UltraSurf icon သို့မဟုတ် စာသားကိုပြပါလိမ့်မယ်။ ပြီးရင် firefox windows အားလုံးကိုပိတ်ပြီး Firefox ကိုပြန်ဖွင့်လိုက်ပါ။


    အောက်မှာ မျှားပြထားတဲနေရာမှာ UltraSurf ကို enable or disable ကလစ်နှိပ်ပြီး ရွေးပေးလို့ရပါတယ်။
    Last edited by mikozan; 11-19-2009 at 02:32 PM.

group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/

0 comments:

Post a Comment