အဖြစ်များနေကြတဲ့ မျက်စိနာရောဂါကို ကာကွယ်ကုသနည်းများ
![]()
အခုအချိန်မှာ
လူအတော်များများ မျက်စိနာနေကြတာ တွေ့ရပါတယ်။ ပူနွေးစိုစွတ်တဲ့ အခုလို
လာနီညာ ရာသီဥတုဟာ ဘက်တီးရီးယား ပေါက်ပွားနှုန်းကို အရမ်းမြန်စေလို့
ဒီနှစ်မှာ မျက်စိနာသူတွေ ပိုများနိုင်ပါတယ်။ မျက်စိနာတယ်လို့သာ ဆိုကြပေမယ့်
တကယ်တမ်းကတော့ မျက်လုံးရဲ့ အဖြူရောင်အသား (Sclera) ကို ကာကွယ်ပေးထားတဲ့ အမြှေးပါး အကြည်လေး (conjunctiva) ရောင်တဲ့ ရောဂါမို့ ဆေးပညာအခေါ်အရ conjunctivitis လို့ ခေါ်ကာ အင်္ဂလိပ်လို pink eye လို့ ခေါ်ပါတယ်။
ဖြစ်ရတဲ့
အကြောင်းအရင်းတွေထဲ အများဆုံး အကြောင်းအရင်းတွေက ဗိုင်းရပ်စ်ပိုး အချို့
ကြောင့် ဖြစ်ရတာ ဖြစ်ပြီး ဘက်တီးရီးယားကြောင့် ဖြစ်ရတာလဲ ရှိပါတယ်။
မျက်လုံးထဲကို မသန့်တဲ့ အရာတစ်ခုခု၊ ခန္ဓာကိုယ်နဲ့ ဓာတ်မတည့်တဲ့ အရာတစ်ခုခု
ဝင်ခြင်း (ဥပမာ မီးခိုး၊ ဓာတ်ငွေ့၊ ၀တ်မှုန် စသည်) ၊
မျက်သားခြောက်သွေ့လွန်းခြင်း စတာတွေကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။
လက်ရှိ
ဖြစ်ပွားနေကြတဲ့ တစ်ဦးနဲ့ တစ်ဦး အရမ်းကူးလွယ်တဲ့ မျက်စိနာ ရောဂါဟာ
ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်ရတာ ဖြစ်ပြီး ၃ ရက်ကနေ ၅ ရက်ထက်
ပိုမကြာပါဘူး။ ဒါကြောင့် မျက်စိနာခြင်း ခံစားနေရတာ ၅ရက်ကျော်သွားရင်
ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ ပိုစိုးရိမ်စရာ အကြောင်းအရင်း တစ်ခုခု
ဖြစ်နေတတ်လို့ ဆရာဝန်နဲ့ မဖြစ်မနေ ပြသင့်ပါတယ်။
မျက်စိနာရောဂါရဲ့
လက္ခဏာတွေက အားလုံး သိရှိခံစား ဖူးကြတဲ့ အတိုင်း မျက်လုံးနီရဲ
ရောင်ယမ်းခြင်း၊ မျက်ရည်ပူတွေ ပုံမှန်ထက် ပိုကျခြင်း၊ မျက်လုံးထဲမှာ ပြင်ပက
ပစ္စည်း တစ်ခုခု ၀င်နေသလို ခိုးလိုးခုလု ခံစားရတတ်ခြင်း၊ အလင်းရောင်
မကြည့်နိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီဝေဒနာတွေဟာ အတော်ဆိုးကာ ဘာအလုပ်မှ
လုပ်ချင်စိတ် မရှိအောင် အနှောင့်အယှက် ဖြစ်စေလို့ မျက်စိနာ ရောဂါ
မဖြစ်အောင် ကာကွယ်နည်းများကို mmDailyNews ပရိသတ်များ အတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁)
မျက်စိနာရောဂါ ဖြစ်စေတဲ့ ပိုးတွေဟာ မသန့်ရှင်းတဲ့ လက်ကနေ အများဆုံး
ကူးစက်တာမို့ မျက်စိနာရောဂါ ကာကွယ်ခြင်းအတွက် အထိရောက်ဆုံး နည်းလမ်းတစ်ခု
ကတော့ ပြင်ပအရာဝတ္ထုတစ်ခုကို ထိကိုင်ပြီးတိုင်း မျက်လုံး၊ မျက်ခမ်းကို
ထိကိုင်ခြင်း မလုပ်တာပါပဲ။ လက်ကို သေချာစင်ကြယ်အောင် ဆေးကြောပြီးမှ
မျက်နှာရဲ့ အစိတ်အပိုင်းတွေကို ထိကိုင်ပါ။
![]()
(၂)
မျက်နှာသုတ်ပုဝါကို ဂရုစိုက်ပါ။ မျက်နှာ သုတ်ပုဝါဟာ သန့်ရှင်းနေဖို့
မရှိမဖြစ် လိုအပ်သလို လူတစ်ဦးကို မျက်နှာသုတ်ပုဝါ တစ်ထည် သီးသန့် သုံးတာ
အကောင်းဆုံးပါ။ မျက်စိနာ ရောဂါ ဖြစ်နေတဲ့ သူအတွက် ဆိုရင်တော့
မျက်နှာသုတ်ပုဝါ တစ်ထည် သီးသန့် ထားပေးရပါမယ်။ မဟုတ်ရင် တစ်အိမ်သားလုံး
ကူးကုန်ပါလိမ့်မယ်။ ဒါ့အပြင် မျက်စိနာတဲ့ သူရဲ့ မျက်နှာသုတ်ပုဝါကို နေ့စဉ်
လျှော်ဖွပ်ပေးသင့်ပါတယ်။ အစွမ်းချွတ်ဆေး တစ်မျိုးကို သုံးပြီး ဖြစ်စေ၊
ရေနွေး ပွက်ပွက်ဆူမှာ ကြာကြာ ပြုတ်ပြီး ဖြစ်စေ လျှော်ဖွပ်ရမှာ ဖြစ်ပါတယ်။
ဒီလို မလုပ်ပေးရင် လူနာရဲ့ မျက်စိက ပိုးတွေက မျက်နှာသုတ်ပုဝါနဲ့
မျက်လုံးကြား သံသရာ လည်နေမှာမို့ မျက်စိနာရောဂါ ကြာတတ်ပါတယ်။
(၃)
မျှတတဲ့ လတ်ဆတ်သော အသီးအရွက်တွေ ပါဝင်တဲ့ အစားအသောက်ပုံစံ မစားဘဲ အသားပဲ
စားတဲ့သူတွေ၊ အိပ်ရေးပျက် အစားပျက်လို့ ကိုယ်ခံအား ကျနေသူတွေ၊ မျက်ကပ်မှန်
ဝတ်ဆင်သူတွေ၊ ဓာတ်ငွေ့၊ ဖုန်မှုန့် စတာတွေနဲ့ နေ့စဉ် နီးနီးကပ်ကပ်
အလုပ်လုပ်ရသူတွေဟာ တခြားသူတွေထက် မျက်စိနာဖို့ ပိုနီးစပ်တာမို့ အခုလို
မျက်စိနာတွေ ပေါနေတဲ့ ရာသီမှာ လက်နဲ့ မျက်စိသန့်ရှင်းရေးကို ပိုမို
သတိထားသင့်ပါတယ်။ ထူးခြားတဲ့ အနေနဲ့ အမြင်အာရုံ တစ်ဖက်တည်းသာ ရှိသူများဟာ
မျက်စိနာဖို့ ပိုနီးစပ်တယ်လို့ တွေ့ရှိထားရတာမို့ ဒီလိုလူတွေလဲ
ဂရုစိုက်ရမှာ ဖြစ်ပါတယ်။
(၄)
ကြိုတင်ကာကွယ်တဲ့ အနေနဲ့ နေပူဖုံထူတဲ့ အပြင်က ပြန်လာတိုင်း
မျက်စဉ်းတစ်ခုခု ခပ်ပေးပါ။ အခုလို မျက်စိနာရောဂါတွေ အဖြစ်များနေတဲ့
မျက်စိမနာသေးပေမယ့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ပိုးသတ်ဆေးပါတဲ့ မျက်စဉ်း
တစ်ခုခု ခပ်ပေးတာလဲ ကာကွယ်ရာ ရောက်စေပါတယ်။
မျက်စိနာရင် မြန်မြန်ပျောက်စေဖို့ လိုက်နာရမယ့် အချက်တွေကတော့
(၁)
မျက်စိနာနေတဲ့ အချိန်မှာ အရက်သေစာသောက်စားခြင်း၊ ဆေးရွက်ကြီး ပါသော
ဆေးလိပ်၊ ကွမ်းယာ စားသုံးခြင်း၊ မျက်ကပ်မှန် တပ်ဆင်ခြင်း၊
ရေကူးခြင်း၊ခေါင်းလျှော်ခြင်း စာကြာကြာဖတ်ခြင်း၊ တီဗွီ၊ ကွန်ပျူတာ
ကြည့်ခြင်း စတာတွေကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။
![]()
(၂) မျက်စဉ်း ခပ်ကို ခပ်ရပါမယ်။ မျက်စဉ်းတွေထဲမှာ Neomycin, Norfloxacin, Ofloxacin စတဲ့
ပဋိဇီဝ ပိုးသတ်ဆေးတွေ ပါဝင်လို့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့
မျက်စိနာရောဂါကို သိသာစွာ သက်သာ ပျောက်ကင်းစေပါတယ်။ နောက်ပြီး
ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ မျက်စိနာရောဂါဟာ မျက်စဉ်း ခပ်ဖို့
မလိုအပ်ပေမယ့် လက်နဲ့ ခဏခဏ ပွတ်မိရေင် ဘက်တီးရီးယားက ဒုတိယမြောက် ဆင့်ပွား
ကူးစက်ခြင်း (Secondary Infection) အနေနဲ့ ၀င်လာတတ်တာမို့ မျက်စဉ်းခပ်ခြင်းကို မဖြစ်မနေ လုပ်ရပါမယ်။
ဒါ့အပြင် မျက်စဉ်းတွေထဲမှာ Dexamethasone ဆိုတဲ့
ရောင်ယမ်း ယားယံခြင်းကို သက်သာစေတဲ့ စတီးရွိုက် တစ်မျိုး ပါဝင်တာမို့
မျက်စဉ်းခပ်ပေးရင် ယားယံ ရောင်ယမ်းခြင်းတွေ သိသာစွာ သက်သာစေပြီး မြန်မြန်
ပြန်ကောင်းစေပါတယ်။ မျက်စဉ်းမခပ်သူတွေကတော့ ဒီအကျိုးမျိုးတွေ
မရနိုင်တော့ဘူးပေါ့။
(၃)
မျက်နှာသုတ်ပုဝါ၊ နေကာမျက်မှန် စတာတွေကို တစ်ယောက်တစ်ခု သီးသန့်သုံးပါ။
နေ့စဉ် လျှော်ဖွပ်ပါ။ အိပ်ရာခင်း နဲ့ ခေါင်းအုံးစွပ်ကိုလည်း သန့်ရှင်းအောင်
အထူးဂရုစိုက်ပေးပါ။
(၄) မြန်မြန် ပျောက်ချင်ရင် မျက်လုံးကို ခဏခဏ ပွတ်ခြင်းကို လုံးဝ ရှောင်ကြဉ်ရပါမယ်။
![]()
(၅)
မည်သည့်အရွက်ကိုမှ သတ္တုရည် ညှစ်၍ မျက်စဉ်းခပ်ခြင်း မလုပ်ပါနဲ့။
မြန်မာ့တိုင်းရင်းဆေးလာ ဆေးနည်းတွေကို အထင်သေးလို့ ပြောတာ မဟုတ်ပါဘူး။ ဥပမာ
ကွမ်းရွက်ဆိုပါတော့။ ရေနဲ့ ဘယ်လောက်ဆေးပါတယ် ပြောပြော မျက်နှာပြင်ပေါ်က
ဘက်တီးရီးယားတွေ မပြောင်တာ အသေအချာပါပဲ။
နောက်ပြီး
ယနေ့ခေတ်မှာ အရွက်ပေါ်မှာ ဖျန်းထားမယ့် ဓာတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေကိုပါ
ထည့်တွက်ရမှာ ဖြစ်ပါတယ်။ အရွက်ကို ဆားနဲ့ နယ်ကာ အရည်ညှစ်တဲ့ ကိစ္စကလည်း
တကယ်ကို မလုပ်သင့်ပါဘူး။ ဆားက မသန့်ရင် အခန့်မသင့် မျက်လုံးကန်းသွား
နိုင်ပါတယ်။ အချိန်တန်ရင် ပျောက်မယ့် မျက်စိနာရောဂါဟာ ဒါတွေကြောင့်
ပိုကြာနေတတ်လို့ ရှောင်ကြဉ်သင့်ပါတယ်။
(၆) တတ်နိုင်သမျှ မျက်လုံးကို အနားပေးပါ။ အပြင်သွားရင် နေကာမျက်မှန် တပ်ပေးပါ။
(၇)
မျက်စဉ်းကို မဖြစ်မနေ ခပ်သင့်တယ်လို့ ပြောခဲ့တဲ့ အထဲမှာ အဆင်ပြေရာ
ဘယ်မျက်စဉ်းမဆို ခပ်လို့ရပါတယ်။ မျက်စဉ်းတွေရဲ့ ဘူးပေါ်မှာ တစ်နေ့ကို ၃
ကြိမ်လောက်ပဲ ခပ်ရမယ်လို့ ပြောထားပေမယ့် ဝေဒနာ ပြင်းထန်ရင် ပြင်းထန်သလောက် ၂
နာရီခြား တစ်ခါလောက်အထိ ခတ်နိုင်ပါတယ်။ ဘာအန္တရာယ်မှ ထွေထွေထူးထူး
မရှိပါဘူး။ သန့်စင်တဲ့ မိခင်နို့ရည် ခပ်ခြင်းဟာ တကယ်ဘေးကင်းထိရောက်တဲ့
ဆေးနည်း ဖြစ်ပါတယ်။ ညှစ်ယူမယ့် နို့သီးခေါင်းရဲ့ ပြင်ပသန့်ရှင်းရေးနဲ့
ခံယူမယ့် ခွက်တို့ ဇွန်းတို့ကတော့ အထူးသန့်နေဖို့ လိုပါတယ်။
(၈)
နာကျင် ရောင်ယမ်း ယားယံခြင်း အရမ်းဆိုးရင် သက်သာအောင် အနွေးကပ်ခြင်း (Warm
Compress) နဲ့ အအေးကပ်ခြင်း (Cold Compress) တို့ လုပ်ပေးနိုင်ပါတယ်။
သန့်စင်တဲ့ အ၀တ်စ၊ ပတ်တီးစ တစ်ခုကို ရေနွေးနွေးလေးမှာ စိမ်ပြီး
မျက်လုံးအပေါ်ကနေ ကပ်ပေးတဲ့ နည်းကို အနွေးကပ်ခြင်း လို့ ခေါ်ပါတယ်။
ရေအေးအေးလေးမှာ စိမ်ပြီး ကပ်တဲ့နည်းကတော့ အအေးကပ်ခြင်းပေါ့။ မျက်လုံး
တစ်ဖက်ကို ၅ ကြိမ်ကနေ ၁၀ ကြိမ်လောက် လုပ်ပေးရင် သိသာစွာ သက်သာစေပါတယ်။
(၉) ရောင်ယမ်း ယားယံခြင်းတွေ သက်သာအောင် Cetrizine, Fenofexadineစတဲ့ဆေးတွေ တစ်နေ့ ၂ လုံးလောက် သောက်နိုင်ပါတယ်။ Cetrizineထက် Fenofexadine က ပိုကောင်းတဲ့ အချက်ကတော့ အိပ်မငိုက်တာပါပဲ။
အမျိုးသားများတွင် ရင်သားကြီးခြင်း
အမျိုးသားတွေမှာ
ရင်သားကြီးတဲ့ ပြဿနာကို Gynaecomastia လို့ခေါ်ပါတယ်။ ဒီရင်သားကြီးတဲ့
ပြဿနာဟာကမ္ဘာပေါ်မှာ အမျိုးသားသုံးပုံတစ်ပုံခန့်ရင်ဆိုင်နေရတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပဲဖြစ်ပါတယ်။ ကောင်လေးတွေရဲ့၆၅ ရာခိုင်နှုန်းခန့်ဟာ လူပျိုဖော်ဝင်ချိန်မှာ ရင်သားအနည်းငယ်ကြီးလာတတ်ပါတယ်။အသက် ၁၈နှစ်အရွယ်ရောက်သွားချိန်မှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားတတ်တာကြောင့် စိတ်ပူဖို့မလိုပါဘူး။ ရင်သားကြီးပါတယ်ဆိုတဲ့အမျိုးသားတွေဟာရင်သားတစ်သျှူးတွေ သိပ်သည်းမြဲမြံနေတတ်ပါတယ်။ ရင်ဘတ်မှာအဆီတွေများနေတဲ့အမျိုးသားတွေရဲ့ ရင်သားတစ်သျှူးတွေကတော့ ပျော့တွဲနေပြီး ရင်သားကြီးတာနဲ့တူပေမယ့် ဒါဟာ ရင်သားမှာ အဆီများတာကြောင့် ကြီးနေတာဖြစ်ပါတယ်။
အမျိုးသားများတွင် ရင်သားကြီးရသော အကြောင်းရင်းများ
အမျိုးသားတွေက ပုံမှန်အားဖြင့်မယဟော်မုန်း အီစထရိုဂျင်ထက် အမျိုးသားဟော်မုန်းအန်ဒရိုဂျင်ကို
ပိုထုတ်လေ့ရှိပါတယ်။ အမျိုးသားတွေမှာ ရင်သားကြီးတာက ကျားနဲ့
မယဟော်မုန်းမမျှတတာကြောင့် ဖြစ်လေ့ရှိပါတယ်။ ဒီလိုဟော်မုန်းမညီမျှတာဟာ-
- အသက်ကြီးခြင်း
- တက်စတိုစတီရုန်းကျားဟော်မုန်းလျော့နည်းခြင်း
- နှလုံးရောဂါကုသဆေီးငါသထငည၊ ဆီးဆေှးစငမသညသူခေအသညန စတဲ့ ဆေးဝါးတချို့ သောက်သုံးခြင်း
- အားကစားသမားတွေမှာ သက်လုံကောင်းအောင် သုံးလေ့ရှိတဲ့ ဗညဘေသူငခှအနမသငျိ မှီဝဲခြင်း
- ဆေးခြောက်သုံးခြင်း
- ကျောက်ကပ် ဒါမှမဟုတ် အသည်း ထိခိုက်မှု
- နာတာရှည်ကျောက်ကပ်ရောဂါ
- သိုင်းရွိုက်ဂလင်း အလွန်အကျွံအလုပ်လုပ်ခြင်း
- ဝှေးစေ့၊ အဆုတ်၊ အစာအိမ်၊ အသည်း၊ ကျောက်ကပ်နဲ့ ပီကျူထရီဂလင်းမှာ အကျိတ်ဖြစ်ခြင်းစတဲ့ အကြောင်းတွေကြောင့် ဖြစ်လေ့ရှိပါတယ်။
ဖြစ်နိုင်ခြေများသော အချက်များ
- အသက် ၅၀ ကျော်ခြင်း
- အ၀လွန်ခြင်း
- အရက်ကို အလွန်အကျွံသောက်ခြင်း
- နာတာရှည် အသည်းရောဂါ ဒါမှမဟုတ် နာတာရှည် ကျောက်ကပ်ရောဂါရှိခြင်း
- အန်ဒရိုဂျင်ဟော်မုန်း ဒါမှမဟုတ် အီစထရိုဂျင်ဟော်မုန်းထုတ်လုပ်မှုကို နှောင့်ယှက်တတ်တဲ့ ဆေးဝါးတွေ မှီဝဲရခြင်း
- မိသားစု မျိုးရိုးရှိခြင်း
ရောဂါလက္ခဏာများ
အမျိုးသားတွေမှာ
ပုံမှန်မဟုတ်ဘဲရင်သားကြီးတဲ့အခါ တွေ့ရတတ်တဲ့လက္ခဏာတွေကတော့
ရင်သားနှစ်ဖက်စလုံး သိပ်သည်းမြဲမြံတဲ့ တစ်သျှူးတွေနဲ့ ရင်သားကြီးနေခြင်းနဲ့
ရင်သားတင်းနေခြင်းတို့ပဲဖြစ်ပါတယ်။
ကာကွယ်ခြင်း
အမျိုးသားတွေမှာ
ရင်သားမကြီးအောင်ကာကွယ်ချင်ရင် ရင်သားကြီးစေတဲ့ အချက်တွေကို ရှောင်ရမှာပါ။
အရက်ကို အလွန်အကျွံမသောက်ပါနဲ့၊ စတီးရွိုက်ဆေးဝါးရှောင်ပါ၊ ဆေးခြောက်
ကိုလုံးဝ လုံးဝ မသုံးပါနဲ့ စတဲ့ ကိုယ်တတ်နိုင်တဲ့
ကာကွယ်မှုတွေကိုလိုက်နာပေးပါ။
ရောဂါရှာဖွေမှု
ဆရာဝန်အနေနဲ့
သင်ရဲ့လက္ခဏာတွေကို မေးမြန်းကာ စမ်းသပ်စစ်ဆေးပါလိမ့်မယ်။
ရောဂါရှာဖွေတဲ့အနေနဲ့ သွေးစစ်ဆေးမှု (အသည်း၊ ကျောက်ကပ်နဲ့သိုင်းရွိုက်တို့ရဲ့လုပ်ငန်းဆောင်တာတွေကိုသိအောင်နဲ့ ဟော်မုန်းပမာဏ သိအောင်)၊အာထရာဆောင်းရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း၊ ရင်သားအသားစယူစစ်ဆေးခြင်းစတဲ့ နည်းလမ်းတွေကိုဆောင်ရွက်နိုင်ပါတယ်။
ဆေးကုသမှု
ယေဘုယျအားဖြင့်တော့ အမျိုးသားတွေရဲ့ ရင်သားကြီးတဲ့ ပြဿနာကိုဆေးကုသစရာမလိုအပ်တတ်ပါဘူး။
ဒါပေမဲ့ ရင်သားကြီးစေတဲ့ အခြေခံအကြောင်းရင်းကိုတော့ သိအောင်ရှာဖွေပြီး
ရောဂါကြောင့် ဖြစ်တာဆိုရင် ရောဂါကို ကုသဖို့လိုအပ်နေပါတယ်။
သင့်နှလုံးအတွက် အကောင်းဆုံးနှင့် အဆိုးဆုံး လေ့ကျင့်ခန်းများ
လေ့ကျင့်ခန်း
အားလုံးက နှလုံးကျန်းမာရေး အတွက် အကျိုးပြုတယ်လို့ မထင်ပါနဲ့။
တချို့လေ့ကျင့်ခန်း တွေက သင့်နှလုံးအတွက် မကောင်းပါဘူး။ နှလုံးသွေးကြော
ကျန်းမာရေး အတွက် ရေရှည် အကျိုးပြုမယ့် လေ့ကျင့်ခန်းတွေ ရှိသလို
တချို့လေ့ကျင့်ခန်းတွေ ကတော့ နှလုံးအတွက် ကောင်းပေမယ့် ခန္ဓာကိုယ် အတွက်
ခက်ခဲပင်ပန်းစေတာ မျိုးလည်း ရှိပါတယ်။
ဒါကြောင့်
ကာကွယ်ရေး ဆေးပညာအကြံပေးအဖွဲ့မှာ ပါဝင်တဲ့ နှလုံးအထူးကုဆရာဝန် Arthur
Agatston က အကြံပြုထားတဲ့ နှလုံးအတွက်ရော ခန္ဓာကိုယ်တစ်ခုလုံး
ကျန်းမာရေးအတွက်ပါ အကျိုးပြုမယ့် အကောင်းဆုံး လေ့ကျင့်ခန်းတွေနဲ့
သင့်နှလုံးနဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေမယ့် အဆိုးဆုံး လေ့ကျင့်ခန်းတွေကို
ဖော်ပြလိုက်ပါတယ်။
အကောင်းဆုံးလေ့ကျင့်ခန်းများ
ပုံမှန်လေ့ကျင့်ခန်း အစီအစဉ်ထဲတွင် အရှိန်မြင့်လေ့ကျင့်ခန်းကို ထည့်သွင်း လုပ်ဆောင်ခြင်းပုံမှန်အချိန်ကြာကြာ
လုပ်တဲ့ လေ့ကျင့်ခန်း အစီအစဉ်ထဲမှာ အရှိန်မြင့်တဲ့ လေ့ကျင့်ခန်းကို
ထည့်သွင်း လုပ်ဆောင်တဲ့နည်းဟာ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေကို ကာကွယ်မှု၊
ကိုယ်အလေးချိန်လျှော့ချမှုနဲ့ လေ့ကျင့်ခန်း ပိုမိုထိရောက်မှုတွေ အတွက်
ပြိုင်ဘက်ကင်းတဲ့ နည်းလမ်း တစ်ခုပါ။
လုပ်ဆောင်ရမယ့်နည်းကတော့ ဥပမာ- သင်ဟာ
လမ်းလျှောက်လေ့ကျင့်ခန်း လုပ်တယ်ဆိုရင် သာမန်နှုန်းနဲ့
သုံးမိနစ်ခန့်လျှောက်ပြီး တစ်မိနစ်ခန့်ကို ခပ်သွက်သွက်မြန်မြန်
လျှောက်ပေးတာမျိုး ဖြစ်ပါတယ်။ သင်ဟာ စက်ဘီးစီးတယ်ဆိုရင် လည်း
သာမန်အမြန်နှုန်းနဲ့ စီးလိုက်၊ အချိန်ခဏကြာ ခပ်သွက်သွက်မြန်မြန်နင်းလိုက်
လုပ်ရမှာ ဖြစ်ပါတယ်။
သင့်နှလုံးခုန်နှုန်းကို
မြင့်လိုက်၊ ကျလိုက် ဖြစ်စေခြင်းဟာ သွေးကြောတွေရဲ့ ကျန်းမာရေးကို
ပိုကောင်းစေပြီး အဆီတွေကို ပိုမိုလောင်ကျွမ်းစေပါတယ်။ ခန္ဓာကိုယ်က သွေးထဲမှ
အဆီတွေနဲ့ သကြားဓာတ်ကို ဖယ်ရှားရာမှာလည်း ပိုမိုထိရောက်စေပါတယ်။
ခန္ဓာကိုယ်တစ်ခုလုံး လုပ်ဆောင်ရသော အားကစား
အားကစား
လှုပ်ရှားမှုတစ်ခုမှာ ပါဝင်လုပ်ဆောင်ရတဲ့ ခန္ဓာကိုယ်ကြွက်သားတွေ ပိုများလေ၊
နှလုံးက အဲဒီကြွက်သားတွေဆီကို သွေးတွေပို့ပေးနိုင်ဖို့အတွက်
အလုပ်ပိုလုပ်ရလေဖြစ်ပြီး နှလုံးက ပိုသန်မာလေ ဖြစ်ပါတယ်။ ရေကူးခြင်း၊
ပြေးခြင်း၊ ဘတ်စကက်ဘောကစားခြင်း၊ ကြက်တောင်ရိုက်ခြင်း စတဲ့ အားကစားနည်းတွေ
ဖြစ်ပါတယ်။
အလေးသုံး၍ ကစားခြင်း အလေးသုံးပြီး
လုပ်ရတဲ့ လေ့ကျင့်ခန်းတွေကလည်း နှလုံးခုန်နှုန်းကို မြန်စေပြီး နှလုံးကို
အကျိုးပြုနိုင်ပါတယ်။ ကြွက်သားတွေကို သန်မာစေပြီး ခန္ဓာကိုယ်
ဟန်ချက်ထိန်းနိုင်မှုအတွက်လည်း အကျိုးပြုပါတယ်။
ခန္ဓာကိုယ်ဗဟိုချက် ကြွက်သား လေ့ကျင့်ခန်းများ
Pilate
လေ့ကျင့်ခန်းလိုမျိုး ခန္ဓာကိုယ် ဗဟိုချက်ကြွက်သားတွေကို သန်မာစေတဲ့
လေ့ကျင့်ခန်းတွေဟာ ဟန်ချက်ထိန်းနိုင်မှု တိုးတက်စေနိုင်ပါတယ်။
ယောဂကျင့်စဉ် ယောဂကျင့်စဉ်
လေ့ကျင့်တာကတော့ သွေးကြောတွေကို ကျုံ့ဆန့်နိုင်စွမ်း ပိုရှိစေပြီး
သွေးဖိအားကို လျော့ကျစေပါတယ်။ နှလုံးကျန်းမာရေးကိုလည်း တိုးတက်စေပါတယ်။
တစ်နေ့လုံး လှုပ်ရှားတက်ကြွနေခြင်း
အိမ်သန့်ရှင်းရေးလုပ်တာ၊
ခြံထဲမှာ သစ်ပင်စိုက်တာ၊ ကားရေဆေးတာ စတာတွေလုပ်ပြီး တစ်နေ့လုံး
လှုပ်ရှားတက်ကြွနေသူတွေဟာ တစ်နေ့မှာ ၃၀-၆၀ မိနစ်ကြာ
လေ့ကျင့်ခန်းလုပ်ပြီးနောက် တစ်နေ့လုံး ကွန်ပျူတာရှေ့ထိုင်နေသူတွေထက်
ကယ်လိုရီတွေ ပိုလောင်ကျွန်းကာ ပိုကျန်းမာကြပါတယ်။
အဆိုးဆုံး လေ့ကျင့်ခန်းများ
ပလက်ဖောင်းပေါ်တွင် ပြေးခြင်း
ကျောက်ပြားခင်းထားတဲ့
ပလက်ဖောင်းလိုမျိုး မျက်နှာပြင်မှာ အချိန်ကြာကြာပြေးနေသူတွေဟာ ကိုယ်လက်တွေ
နာကျင်ကိုက်ခဲပြီး ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။ ပလက်ဖောင်းပေါ်မှာ ပြေးခြင်းဟာ
နှလုံးကို သန်မာစေမယ့် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။
လေ့ကျင့်မထားဘဲ အားကစား ပြင်းပြင်းထန်ထန် လုပ်ခြင်း
ပြင်းထန်တဲ့
အားကစားတွေလုပ်နိုင်ဖို့ တဖြည်းဖြည်း လေ့ကျင့်ယူလို့ ရနိုင်ပေမယ့် စနစ်တကျ
လေ့ကျင့်မထားဘဲ ဘယ်လိုပြင်းထန်တဲ့ အားကစားမဆိုလုပ်ရင် Adrenaline
ဟောမုန်းတွေ အများအပြားထွက်လာပြီး နှလုံးရောဂါ ထခြင်း (Heart Attack)
ဖြစ်နိုင်ခြေ များပါတယ်။ ဒါကြောင့် ဘယ်လိုလေ့ကျင့်ခန်းကို မဆို မလုပ်ခင်
သွေးပူလေ့ကျင့်ခန်းအရင် လုပ်ပေးဖို့ လိုပါတယ်။
ဘယ်လိုလေ့ကျင့်ခန်း
လုပ်မလဲလို့ ရွေးချယ်ရာမှာ သင့်ကျန်းမာရေးအတွက် အကျိုးပြုတဲ့
လေ့ကျင့်ခန်းဖြစ်ဖို့ လိုသလို သင်ဝါသနာပါတဲ့ လေ့ကျင့်ခန်းမျိုး
ဖြစ်ဖို့လည်း လိုပါတယ်။ ဒါမှသာ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတယ်လို့
မခံစားရဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ စွဲစွဲမြဲမြဲလုပ်ဖြစ်မှာ ဖြစ်ပါတယ်။
ကြက်သွန်နီက နှလုံးရောဂါနှင့် အစာအိမ်ကင်ဆာကို ကာကွယ်တားဆီးနိုင်
![]()
ကြက်သွန်နီက
နှလုံးရောဂါကို ကာကွယ်နိုင်ကြောင်း သုတေသီများက
ကြေငြာကြွေးကြော်လိုက်ကြသည်။ ကြက်သွန်နီမှာ ခန္ဒာကိုယ်ထဲမှ နှလုံးရောဂါနှင့်
လေဖြတ်ခြင်းများ ဖြစ်ပွားစေသည့် မကောင်းသော ကိုလက်စထရောလ်များကို
ကူညီစွန့်ထုတ်ပေးပြီး တစ်ချိန်တည်းမှာ နှလုံးရောဂါကို တိုက်ဖျက်ပေးသည့်
ကောင်းသော ကိုလက်စထရောလ်များကို ထိန်းသိမ်းပေးကြောင်း တရုတ်သုတေသီများက
ထုတ်ဖော်ကြေငြာလိုက်ခြင်း ဖြစ်သည်။
ဟောင်ကောင်မှ
သိပ္ပံပညာရှင်များက ကိုလက်စထရောလ်များသော အစာများကို တိုက်ကျွေးထားသော
ကြွက်များကို ခြေမွထားသော ကြက်သွန်နီများ စားစေပြီး စမ်းသပ်လေ့လာမှု
ပြုလုပ်ခဲ့ကြသည်။ သီတင်း(၈)ပတ်မျှ ကြာမြင့်သောအခါ မကောင်းသော
ကိုလက်စထရောလ်များ ပါဝင်နေမှုအဆင့် (သို့မဟုတ်) လစ်ပိုပရိုတိန်း
ပါဝင်သိပ်သည်းမှု နိမ့်ကျနေမှု (LDL)ကို ၂၀%ထိ လျော့ကျနေကြောင်း ပညာရှင်များက တွေ့ရှိခဲ့ကြသည်။ တစ်ချိန်တည်းမှာ ကြွက်များ၏ လစ်ပိုပရိုတိန်း သိပ်သည်းဆ မြင့်မားမှု (HDL)မှာမူ မလျော့ပါးဘဲ ကောင်းသော ကိုလက်စထရောလ်များ မနိမ့်ကျသွားကြောင်း တွေ့ရှိခဲ့ကြသည်။
Chinese University of Hong Kong မှ သုတေသနအဖွဲ့ခေါင်းဆောင် Zhen Yu Chen က "ကြက်သွန်နီတွေကို
သုတေသနတွေ အများကြီးပြုလုပ်ခဲ့ရာမှာ လူသားဂျင်းစ်(genes)တွေအပေါ်
အကျိုးကျေးဇူးပြုမှု၊ ခန္ဒာကိုယ်ရဲ့ ကိုလက်စထရောလ် ဇီဝကမ္မဖြစ်စဉ်ထဲမှာ
ပါဝင်နေတဲ့ ပရိုတိန်းတွေအပေါ် အကျိုးသက်ရောက်မှုတွေကို နည်းနည်းပါးပါးပဲ
သိရပါသေးတယ်။
ဒါကြောင့် ကျွန်တော်တို့ရဲ့ လေ့လာမှုကို ဆက်လက်ပြီးတော့
ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သွားပြီ့းတော့ ကြက်သွန်နီတွေရဲ့ ကိုလက်စထရောလ်
လျှော့ချပေးမယ့် အင်ဇိုင်းမ်တွေအပေါ်မှာ အကျိုးထိရောက်မှုတွေကို
အသေးစိတ်သိရှိ ဖော်ပြသွားနိုင်ဖို့ ကြိုးစားသွားမှာပါ။ ဇီဝကမ္မ
လုပ်ဆောင်ချက်တွေမှာ ကြက်သွန်နီရဲ့ အကျိုးကျေးဇူးရှိမှုကို ဆန်းစစ်လေ့လာမှုဟာ
ဒါပထမဆုံး အကြိမ်ပဲ ရှိပါသေးတယ်။
လေ့လာမှုရဲ့ အဖြေတွေကတော့ ကြက်သွန်နီ
ပုံမှန်စားသုံးမှုဟာ နှလုံးရောဂါအများစု (သွေးကြောကျဉ်းမှုကြောင့်
ဖြစ်ပွားတဲ့ နှလုံးရောဂါ (coronary heart disease) ကို ဖြစ်ပေါ်မှုကို
လျော့နည်းစေတယ်လို့ ကြွေးကြော်လို့ ရပါတယ်"ဟု ပြောကြားသွားခဲ့သည်။
ဗြိတိန်ကဲ့သို့
ဥရောပနိုင်ငံများတွင် ကြက်သွန်ဖြူ၏ ကောင်းကျိုးများကို
ပိုမိုသိရှိကြသော်လည်း မြန်မာအပါအ၀င် အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနှင့် Mediterraneanဒေသများတွင် အများဆုံး စားသုံးနေကြသော ကြက်သွန်နီ၏ ကောင်းကျိုးများကိုမူ ဥရောပတိုက်သားတို့ အသိနည်းလှပေသည်။
သို့သော် ယခုအခါ ဗြိတိန်မှာ ကြက်သွန်ဖြူ အမျိုးမျိုးထက် ပို၍ချိုသော ကြက်သွန်နီကို ဗင်နီဂါရည်၊ သကြားတို့ဖြင့် ချက်ပြုပ်ထားသော Red Onion Marmalade မှာ နာမည်ကြီးနေပြီး ချီးစ် သို့မဟုတ် အအေးစာများနှင့် တွဲဖက်စားသုံးလာကြကြောင်း သိရှိရသည်။
ကြက်သွန်နီ
အများအပြား စားသုံးသော ကမ္ဘာ့ဒေသများမှာ ကင်ဆာဖြစ်ပွားမှုပင် သိသာထင်ရှားစွာ
လျော့နည်းကြောင်း တွေ့ရှိရသည်ဟု လေ့လာသူများက ဆိုသည်။
ဂျော်ဂျီယာနှင့်
အမေရိကားတို့တွင် အစာအိမ်ကင်ဆာနှင့် အခြားကင်ဆာအမျိုးမျိုး
ဖြစ်ပွားမှုနှုန်းကို ပျမ်းမျှရာနှုန်းဝက် လျှော့ချစေသည်ဟု ယုံကြည်စွာဖြင့် Videlia onion ဟုခေါ်သော ကြက်သွန်ဥငယ်များ စိုက်ပျိုးစားသုံးလာကြကြောင်း သိရှိရသည်။
ကမ္ဘာ့ဒေသများအနက်
ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို အများဆုံးစားသုံးသော တရုတ်နိုင်ငံတွင်
အစာအိမ်ကင်ဆာ ဖြစ်ပွားမှုမှာ ကျန်ဒေသများထက် ၄၀%ထိ ပျမ်းမျှအားဖြင့်
လျော့နည်းနေကြောင်း သုတေသီများက ပြောကြားခဲ့ကြသည်။
ကြက်ဟင်းခါးသီးတွင် ပါဝင် သောဓာတ်ပစ္စည်းများသည် ရင်သား ကင်ဆာဖြစ်ပွားပျံ့နှံ့ခြင်းကို တားဆီး နိုင်သည့် အစွမ်းရှိ
ကြက်ဟင်းခါးသီးတွင်
ပါဝင် သောဓာတ်ပစ္စည်းများသည် ရင်သား ကင်ဆာဖြစ်ပွားပျံ့နှံ့ခြင်းကို တားဆီး
နိုင်သည့် အစွမ်းရှိကြောင်း အမေရိ ကန်မှ သုတေသနပညာရှင်များက
ထုတ်ပြန်ခဲ့ကြသည်။
ကြက်ဟင်းခါးသီးတွင်
ပါဝင် သည့်ဓာတ်ပစ္စည်းများသည် ရင်သား ကင်ဆာဖြစ်ပွားတိုးတက်စေသည့်
ဓာတုဖြစ်စဉ်လမ်းကြောင်းများကို တားဆီးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။
ရင်သားကင်ဆာဆဲလ်များ ကွဲပွားစေ မှုကို ပိတ်ပင်နိုင်သလို ယင်းဆဲလ်များ ကို
သေဆုံးစေရန်လည်း လှုံ့ဆော်ပေး နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။
ယခုတွေ့ရှိမှုမှာ
ထပ်မံလေ့လာ ရန်များစွာလိုအပ်နေသေးပြီး တိရစ္ဆာန် တွင် ပထမဆုံးစမ်းသပ်ကာ
ယင်း နောက် လူသားတွင်လည်း စမ်းသပ် ရန် လိုအပ်နေသေးကြောင်း ကင်ဆာ
သုတေသနဂျာနယ်တွင်ဖော်ပြခဲ့သည့် စစ်တမ်းကို ပူးတွဲရေးသားခဲ့သူ အမေ
ရိကန်နိုင်ငံကော်လိုရာဒိုတက္ကသို
လ်မှ ဒေါက်တာ ရာဂျက်ရှ်အဂါဝယ်လ်က ပြောကြားခဲ့သည်။
ကြက်ဟင်းခါးသီးအမြောက်
အမြားစားသုံးခြင်းဖြင့် ကင်ဆာကို ကာကွယ်ပေးနိုင်သည်ဟု သက်သေ
ပြုမပြောကြားနိုင်သေးကြောင်း ဒေါက်တာရာဂျက်ရှ်က ဆိုသည်။
ကြက်ဟင်းခါးပင်များမှာ အာရှ၊ အာ ဖရိကနှင့် တောင်အမေရိကတွင် ပေါက်ရောက်သည်။
ယခင်ကတည်း က ဆေးမြီးတိုများတွင် ကြက်ဟင်း ခါးသီးကို
ဆီးချိုနှင့်ကူးစက်ရောဂါ များတွင် သုံးစွဲခဲ့ကြသည်။ ယခုတွေ့ ရှိမှုတွင်မှ
ကင်ဆာကိုပါ ကာကွယ်နိုင် ဖွယ်ရှိကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ် သည်။
ကြက်ဟင်းခါးသီးမှထုတ်ယူ
သော ဓာတ်ပစ္စည်းများဖြင့် ရင်သား ကင်ဆာဖြစ်ပွားနေသူများအား
ရောဂါမပျံ့နှံ့စေရန် အထောက်အကူ ပြုအာဟာရတစ်မျိုးအဖြစ် အသုံးပြု နိုင်ရေး
ပညာရှင်များက ရည်ရွယ် ထားကြသည်။ ဗြိတိန်ကင်ဆာ သုတေသနမှ ဂျက်စီကာဟားရစ်က
”ဓာတ်ခွဲခန်းစမ်းသပ်မှုတွေအရ အပင်တော်တော်များများက ဓာတု ပစ္စည်းတွေဟာ
ကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်လို့တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီအထဲက
အနည်းငယ်က ပဲ အသုံးဝင်တဲ့ကင်ဆာဆေးဝါးတွေ ဖြစ်လာကြပါတယ်။ ဒါဟာ ကင်ဆာ
ဝေဒနာရှင်တွေအတွက် အကျိုးရှိသ လား၊ ဒါမှမဟုတ် အခြားဘေးထွက် ဆိုးကျိုးတွေ
ရှိသေးလားဆိုတာ စမ်း သပ်မှုတွေအများကြီးလုပ်ဖို့လိုပါသေး တယ်”ဟု သုံးသပ်ခဲ့သည်။
အဓိက အိပ်ရေးပျက်ခြင်းကြောင့်
အိပ်ရေးပျက်ခြင်းကြောင့်
မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ကြုံတွေ့ရနိုင်ပါတယ် ။ မေ့တတ်လာတာတွေ ၊
ဝင်ရောက်လာနိုင်တဲ့ ရောဂါပိုးတွေကို တိုက်ဖျက်နိုင်စွမ်းတွေ လျော့ကျလာတာတွေ
ရှိလာတတ်ပါတယ် ။ ဒီဆိုးကျိုးတွေက တဖြည်းဖြည်းချင်းမှ သက်ရောက်လာနိုင်ပေမဲ့
ချက်ချင်းသက်ရောက်လာနိုင်တဲ့ ဆိုးကျိုးကတော့ မျက်နှာပြင်မှာ
ဝက်ခြံလို့ခေါ်ကြတဲ့ အဖုလေးတွေ ထွက်တတ်လာတာပါပဲ ။ အဲအဖုလေးတွေ ထွက်လာရင်
အများစုကတော့ cosmetics တွေနဲ့ ဆေးတွေ သုံးစွဲကြပါတယ် ။ အဲဒီလို ဆေးတွေ ၊
cosmetics တွေသုံးတာ အပြင် ဒီလိုလေးဂရုစိုက်ပေးခြင်းဖြင့်