အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ
Blogger templates
လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......
Saturday 9 April 2011
ဗုဒ္ဓဘုရားရှင်၏ အံ့ဖွယ်(၁၈)ပါး
ဗုဒ္ဓဘုရားရှင်၏ အံ့ဖွယ်(၁၈)ပါး
ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။
သမန္တစက္ခုဒီပနီ တတိယတွဲ ပုစ္ဆာအမှတ်-၇၁ ။ စာမျက်နှာ ၂၃၉-၌အကျယ်ရှုပါ ။
ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။
(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။
(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။
(၃) တော်ထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။
(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။
(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။
(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။
(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)
(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။
(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။
(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။
(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။
(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။
(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။
(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။
(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။
(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။
(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။
(၁၈)ဒေသစာရီကြွချီတော်မူလျှင်ခြေရာမတင်သည့်အပြင်မြေအညီအညွတ်ဖြစ်ရခြင်း။ (ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။) by Myanmar Cupid Forum (Myanmar Cupid Forum)
     ပြတိုက်မှသူငယ်ချင်းများစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံနိုင်ကြပါစေ။
     စေတနာများစွာဖြင့်........
သင်္ကြန်အခါသမယမှာ တရားနာကြမည်ဆိုလျှင်(ဆရာတော် ဦးဇောတိက ၏ MP3 တရားများ)
     အခြေအနေ အရပ်ရပ်ကြောင့် သင်္ကြန်အခါသမယမှာ ပြည်တော်မပြန်နိုင်တဲ့ ပြည်ပရောက်ပြတိုက်မှသူငယ်ချင်းများအတွက်ရည်ရွယ်
၍ ဒီပို့ စ်လေးကိုတင်ဖြစ်ခဲ့တာပါ ။အေးအေးဆေးဆေးငြိမ်းငြိမ်းချမ်းချမ်းလေး အားလပ်တဲ့အချိန်လေးမှာ အမ်ပီသရီးတရားလေးဖွင့်ပြီးကု
သိုလ်စိတ်လေးဝင်စားရင်း အမိမြန်မာပြည်ကို အလွမ်းဖြေနိုင်ဖို့ ပါ ။မဟာမြိုင်ဆရာတော် ဦးဇောတိက ဟောကြားတော်မူထားတာလေး
တွေဖြစ်ပြီး တရားပွဲတွေမှာဟောကြားထားတာမဟုတ်ဘဲ တကာရင်းတွေရဲ့ အိမ်တွေမှာသီးသန့် ဟောကြားထားတာလေးတွေပါ ။အလွန်
ကောင်းမွန် အကျိုးရှိလှပါတယ်လို့ ညွှန်းပါရစေ ။ZIDDU ကနေတင်ပေးထားပါတယ်။အားလုံးအပိုင်း(၄)ပိုင်းပါ ။တစ်ပိုင်းမှ အမ်ဘီလေးငါး
ဆယ်လောက်ဘဲ ဆိုဒ်ရှိပါတယ် ။စိတ်ပါဝင်စားသူများအောက်မှာ ဒေါင်းယူလိုက်ကြပါ ။
(၁)ပထမပိုင်း
(၂)ဒုတိယပိုင်း
(၃)တတိယပိုင်း
(၄)စတုတ္တပိုင်း
     ပြတိုက်မှသူငယ်ချင်းအားလုံး တရားဓမ္မများ၌ မွေ့ လျော်လျှက် ကောင်းကျိုးချမ်းသာ လိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ။
     စေတနာများစွာဖြင့်..........
ဗုဒ္ဓ၏ နိုင်ငံတော်
    ပြတိုက်မှသူငယ်ချင်းများအတွက် ဗုဒ္ဓဘာသာနှင့်ပါတ်သက်၍ ဗဟုသုတရစေလိုသောငှာစိတ်ဖြင့် ဤဆောင်းပါးလေးအားဓမ္မ၀က်
ဆိုဒ်တစ်ခုမှကူးယူဝေငှပေးခြင်းဖြစ်ပါသည်။ဆရာကြီးပါရဂူမှ ဘာသာပြန်ဆိုထားသောဆောင်းပါးဖြစ်ပါသည် ။
     ကမ္ဘာလောကတစ်ခုလုံး ငြိမ်းချမ်းရေးလိုလားတောင့်တနေကြသည့် ယခုလိုအခါသမယ၌ တစ်စုံတစ်ခုကို မျှော်လင့်တောင့် တနေကြသော လူအားလုံးတို့ ၏နားထဲတွင် အတိတ်၏အသံသည် ပဲ့တင်ထပ်နေပါစေ။
     ရှေးအတိတ်ကာလက  လင်္ကာဒီပတောင်ဘက်စွန်းရှိ ဒေ၀မြို့ တော်မှ ဥရောပတိက်ရှိ အိုင်အိုနီယန် ပင်လယ်ကမ်းခြေအထိ ထိုအချိန်က လူသိများသော ကမ္ဘာသည် နေရာထူးနေရာမြတ်တစ်ခုဖြစ်ခဲ့သည်။ ထိုနေရာ၌ ငြိမ်းချမ်းခြင်းနှင့် ရွှင်လန်းချမ်းမြေ့ခြင်း ကြီးစိုးလွှမ်း မိုးနေ သည်။ အသောကမင်းတရားကြီး ရေးထိုးစိုက်ထူထားခဲ့သော ကာလစီ၊ ဂိရနာ၊ ရှဟဘဇဂါဟီ ကျောက်စာများအဆိုအရ ခရစ်တော် မဖွားမြင်မီ ရာစုနှစ်ပေါင်းများစွာ မတိုင်မီကပင် ဇမ္ဗူဒိပ်ကျွန်းမှ ကရုဏာတမန်တော်သည် ဆီရိယား၊ အီဂျစ်၊ ဆိုင်းရင်၊ မေစီဒိုနီယာ၊ အယ်လ်ဘေးနီးယားနိုင်ငံတို့ ၌ တရားဓမ္မဖြန့် ဖြူးဟောကြားကြသည်။ လူနှင့်တိရစ္ဆာန်တို့ အတွက် ဆေးရုံဆေးခန်းများ ဖွင့်လှစ် တည်ထောင်ခဲ့ကြသည်။ အိပ်-ဘီ-ဘက်ဗဲလ် (H.B Havell) က သူ၏နာမည်ကျော်စာအုပ် “အိန္ဒိယ၌ အာရယန်တို့ ၏ အုပ်ချုပ်မှုသမိုင်း” (History of Aryan Rule in India ) ၌ ဤသို့ ဆိုထားသည်။
     “ဘာသာတရားတစ်ခုခုသည် လူ၏ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုအစီအစဉ်၌ ဆက်စပ်မှုမရှိသည့် အရာတစ်ခုအဖြစ် ရှင်းလင်းပြောပြ ၍လည်း မရပေ။ နားလည်၍လည်းမရပေ။ ထို့ ကြောင့် အသောကမင်းတရားကြီး အုတ်မြစ်ချခဲ့သော ဗုဒ္ဓဘာသာ သာသနာပြုလုပ်ငန်းများသည် နောက်ပိုင်း၌ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာတရားနှစ်ခု ပေါ်ပေါက်ထွန်းကားလာခဲ့သော နယ်မြေကိုပင် ဖန်တီးပေးခဲ့သည်ဟု ကောက်ချက်ချလျင် မှန်ကန်သည်ထက်ပင် ကျော်လွန်သွားပေလိမ့်မည်။”
     အာရေဗျ သမိုင်းဆရာ အောလ်ဘေရုနီ (Alberuni) ၏ အဆိုအရ ပါရှား၊ ခုရာဆန်၊ အီရတ်နှင့် ဆီရိယားနယ်စပ် တိုင်းနိုင်ငံအား လုံးသည် ခေတ်တစ်ခေတ်က ဓမ္မနိုင်ငံတော်အတွင်း ပါဝင်ခဲ့သော နိုင်ငံများဖြစ်ကြသည်။ ပါထိယားနိုင်ငံ၌ ဗုဒ္ဓရုပ်ပွားတော် ပါ ရှိ သော  ရွှေဒင်္ဂါးပြားများကို တွေ့ ရှိရသည်။ ယင်းရွှေဒင်္ဂါးပြားများ၌ ဗုဒ္ဓ၏ ဘွဲ့ နာမတော်ကို ဂရိအက္ခရာဖြင့် ရေးထိုးထားသည်။
အမှန်စင်စစ်ရှေးဟောင်း ကမ္ဗည်း ကျောက်စာပညာရှင်များသည် ထိုခေတ်က ဇမ္ဗူဒိပ်ကျွန်းမှ အာဖဂါနိစ္စတန်၊ ပါရှား၊ ပါထိယား၊ အီရတ်၊ ဆီရိယား၊ ဂျေရုစလင်၊ အီဂျစ်၊ ဆိုင်ရင်၊ မေစီဒိုနိယာအထိ လည်းကောင်း၊ နောက်ဆုံး အက်ပိရပ်အထိလည်းကောင်း ဗုဒ္ဓဘာသာ သာသနာပြုများ တစ်လှမ်းပြီးတစ်လှမ်း လှမ်းကြွှတော်မူခဲ့ကြသော လမ်းခရီးများကို ခြေရာကောက်၍ ရနိုင်သည်။
    မြတ်စွာဘုရား၏ သာသနာ့ဘောင် အတွင်းဝင်ရောက် ရှင်ရဟန်းပြုကြသော ဂရိလူမျိုး အများအပြားရှိကြသည်။ အသောက မင်း တရားကြီး အထူးကြည်ညိုလေးစားသော ရဟန္တာတစ်ပါးမှာ ဂရိလူမျိုးနွယ် ဓမ္မရက္ခိတမထေရ်ဖြစ်သည်။ အပရန္တတိုင်းသူတိုင်းသားများအား ဗုဒ္ဓတရားဟောကြားရန် တာဝန်လွှဲအပ်ခြင်းခံရသော ပုဂ္ဂိုလ်မှာ ဓမ္မရက္ခိတမထေရ် ဖြစ်သည်။
     ဓမ္မရက္ခိတမထေရ်သည် သတ္တ၀ါအားလုံးအပေါ် ကရုဏာရှေ့ ထားသော မထေရ်တစ်ပါးဖြစ်သည်။ သမန္တပါသာဒိကာပါရာ ဇိကဏ်အဋ္ဌကထာ၌ ဓမ္မရက္ခိတမထေရ်သည် လူသူမနီးတောကြီးမျက်မည်းထဲ၌ သီတင်းသုံးသော အရညကင် ဓူတင်ဆောင် ရဟန်းတော်ဖြစ်သည်ဟု ဆိုထားသည်။ တောတိရစ္ဆာန်များက ဓမ္မရက္ခိတမထေရ်ကို ၀တ်ကြီးဝတ်ငယ်ပြုကြသည်။ အသောက မင်း တရားကြီး၏ ညီတော် တိဿသည် သစ်ပင်ကြီး တစ်ပင်ရင်း၌ ဘာဝနာတရား ပွားများအားထုတ် နေသော ဓမ္မရက္ခိတ မထေရ်ကို ဖူးတွေ့ ရသည်။
     ဓမ္မရက္ခိတမထေရ်သည် ငြိမ်းချမ်းမှု၏ တကယ့်ရုပ်လုံးရုပ်သွင်ဖြစ်သည်။ ညီတော်တိဿသည် ယင်းငြိမ်းချမ်းမှုမျိုးကို လိုလားတောင့် တသူ ဖြစ်လာသည်။ ဆင်ကြီးတစ်ကောင် သစ်ခက်တစ်ခက်ဖြင့် ဓမ္မရက္ခိတမထေရ်အား ယပ်ခတ်ပေးနေသည်ကိုလည်း ညီတော် တိဿမြင်ရသည်။
     ထို့ နောက် မကြာခင် အတောအတွင်းမှာပင် ဘုရင့်ညီတော် တိဿသည် သာသနာ့ဘောင်ဝင်ရောက်ပြီး ရဟန်းပြုလိုက်သည်။
ထိုနည်းအတူပင် အသောကမင်းတရားကြီး၏ သားမက်တော် အဂ္ဂိဗြဟ္မာလည်း ရဟန်းဘ၀ရောက်ရှိသွားသည်။ ယင်းမင်းညီမင်းသား အနွယ်တော်များ၏ ခြေရာနောက်လိုက်၍ သားတော်မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တာတို့ လည်း သာသနာ့နွယ်ဘွား ဘိက္ခုနှင့်ဘိက္ခုနီများ ဖြစ်သွားကြသည်။
     အရှေ့ ဟူ၍လည်း မရှိပေ။ အနောက်ဟူ၍လည်း မရှိပေ။ ချစ်ခင်ခြင်းသာလျှင်ရှိသည်။ စည်းလုံးညီညွတ်ခြင်း သာလျှင်ရှိသည်။ ကမ္ဘာလောကသည် ရွှင်လန်းချမ်းမြေ့ခြင်း အပြည့်ရှိနေသည်။
     ဗုဒ္ဓ၏ မြင့်မြတ်သော တရားဒေသနာတော်သည် လူမျိုးအားလုံး၊ နိုင်ငံသားအားလုံး၏ နှလုံးသားအတွင်း၌ တစ်ဖန်ပြန်၍ ထွန်းလင်းတောက်ပ လာပါစေ။
     ဆရာအရှင်သူမြတ်၏ ကရုဏာတော်သည် သတ္တ၀ါအားလုံးအား ရွှင်လန်းချမ်းမြေ့အောင် လုပ်ပြီးလျှင် ကမ္ဘာလောကအပေါ်တွင် ပျံဝဲနေပါစေ။
(မူရင်းစာရေးဆရာ သီရိလင်္ကာရဟန်းတော် “ဘိက္ခုမေတ္တေယျ”၏ မဟာဗောဓိဂျာနယ်တွင် ဖော်ပြဖူးသောဆောင်းပါးကို ဆရာပါရဂူမှ ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)
     ပြတိုက်မှသူငယ်ချင်းများ ခွန်အားရရှိနိုင်ပါစေ ။
     စေတနာများစွာဖြင့်.........
10 Thousand Buddhas Monastery
ဗုဒ္ဒဘာသာနှင့် အမျိုးသမီး-၁
ဗုဒ္ဓဘာသာသည် အမျိုးသမီးထုကို အစဉ်အမြဲ အလေးပေးခဲ့၏ ၊ အမေဖြစ်သည့် အမျိုးသမီးကို ပြုစုလုပ်ကျွေးဖို့ လေးစားဖို့ တန်ဖိုးထားဖို့ ညွှန်ကြားတော်မူခဲ့၏ ၊ အမရာ ကိန္နရီ မဒီ သမ္ဘူလတို့၏ အကြောင်းကိုဖော်ထုတ်ကာ အရည်အသွေးပြည့် သစ္စာမေတ္တာရှိသည့် စံနမူနာပြ အမျိုးသမီးများဖြစ်ကြောင်းကို တခန်းတနားပင် ပြန်လည်ဟောပြတော်မူခဲ့လေသည်။
အချို့နေရာ အချို့တရားတော်များ၌ အမျိုးသမီး မကောင်းကြောင်းဟောပြောခဲ့ရခြင်းမှာ အမျိုးသားဖြစ်သည့် ရဟန်းတော်များ၏စိတ်ကို ပြောင်းလဲပေးခဲ့ခြင်းသာ ဖြစ်၏ ၊ အမျိုးသမီးများ ဘုရားပေါ်မတက်ကောင်း၊ သိမ်ထဲမ၀င်ကောင်းစသည့် လွဲမှားသည့် အယူအဆတချို့ ဘယ်ကနေ ဘယ်သို့ပေါ်လာသည်ဟု မသိပါချေ၊ အမှန်တကယ်မှာ ဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်ကပင် အမျိုးသမီးများ ဘုရားရှေ့တော်မှောက်သွားရောက် ဖူးမြော်ခွင့်ရခဲ့သည်သာ၊
အမျိုးသားများနှင့် တန်းတူ အမျိုးသမီးများကိုလဲ ရဟန်းမ(ဘိက္ခုနီ)ပြုခွင့် ပေးတော်မူခဲ့၏ ၊ အမျိုးသားများနည်းတူ တန်းတူအခွင့်အရေး ပေးတော်မူခဲ့ခြင်းပင် ဖြစ်၏ ၊
တချိန်က အရှင်အာနန္ဒာကိုယ်တိုင် မြတ်စွာဘုရားကို မေးလျှောက်ခဲ့ဖူး၏.. မြတ်စွာဘုရား.. အမျိုးသမီးများလဲ တရားကျင့်ရင် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်နိုင်ပါသလားဘုရားလို့ လျှောက်ထားတော့..
အာနန္ဒာ..သူတို့လဲ(အမျိုးသမီးများလဲ) အမျိုးသားများနည်းတူ တရားထူးတရားမြတ်များရနိုင်ပါကြောင်း ပြန်လည်မိန့်ကြားခဲ့လေသည်၊ ဤမိန့်ကြားချက်ကိုထောက်ဆ၍ အမျိုးသမီးလည်း သူတို့၏ စိတ်ပိုင်းဆိုင်ရာ စင်ကြယ်မှုနှင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့အတွက် အမျိုးသားများနှင့်တန်းတူပင်ဖြစ်ကြောင်း နားလည်အပ်ပေသည်၊
အမျိုးသမီးများအရေး အလေးထားတော်မူသည့်အတွက် ရဟန်းတော်များကို ဆုံးမရာ၌ပင် ယောက္ခမအိမ်ကို ရောက်ကာစ အမျိုးသမီးစိတ်ဓာတ်မျိုးဖြင့် နေရမည်ဖြစ်ကြောင်း ဥပမာပြ ဆုံးမတောမူခဲ့လေသည်၊( အဓုနာဂတ ၀ဓုနာသမယေန စေတသာ ၀ိဟရိဿာမ)။ အံ၊၁၊၃၉၀၊
မြတ်စွာဘုရားရှင်က အမျိုးသမီးထုကို.. ယောက္ခမယောင်္ကျား/မိန်းမနှင့် လင်ယောင်္ကျား၏ ဆွေမျိုးများကိုလဲ လေးစားစွာ ဆက်ဆံသင့်ကြောင်း အကြံပေးတော်မူခဲ့သည်၊ (အံ၊သံ၊ပါ) အမျိုးသမီးထုအပေါ်ထားရှိသည့် မြတ်ဗုဒ္ဓ၏ မဟာကရုဏာတော်ပေတည်း။
သင်္ဂါလောဝါဒသုတ္တန်တွင်
၁၊ အိမ်မှုကိစ္စနိုင်နင်းရမည်
၂၊ လင်ယောင်္ကျားရှာဖွေထားသည့် ပစ္စည်းများကို သိမ်းဆည်းတတ်ရမည်၊
၃၊မိမိယောင်္ကျားမှတပါး အခြားအမျိုးသားတို့နှင့် အိမ်ထောင်ရေး မဖောက်ပြန်ရ၊
၎။နှစ်ဖက်ဆွေမျိုးတို့ကို မျှမျှတတ ပေးကမ်းရမည်၊
၅။ လုပ်ငန်းကိစ္စဆောင်ရွက်ရာတွင် ပျင်းရိခြင်းမရှိ ကျွမ်းကျင်မှုရှိရမည်..ဟု အမျိုးသမီးများ၏ လင်ယောကျာင်္းအပေါ်ထားရှိရမည့် တာဝန်ဝတ္တရားများကို လမ်းညွှန်မိန့်ဆိုတော်မူခဲ့သည်၊
သာယာသော အိမ်ထောင်ရေးသည်သာ လောကအတွင်းနေစဉ်နှင့် လောကမှလွတ်မြောက်ရာကျင့်စဉ်များကို ကျင့်ကြံရာတွင် ရာနှုံးများစွာ အထောက်အကူပြုနိုင်ကြောင်း မီးမောင်းထိုးပြခြင်းဟုလည်း နားလည်အပ်သည်၊ နူးညံ့သိမ်မွေ့သည့် နှလုံးသားပိုင်ရှင် အမျိုးသမီးများ လိမ်မာရေးခြားရှိမှ စာရိတ္တမဏ္ဍိုင်တည့်မတ်မှ လောကကြီး သာယာမည့်အရေးကို မြင်တော်မူ၍ လမ်းညွှန်ချက်များကို ဟောကြားတော်မူခြင်းလည်း ဖြစ်သည်၊
သံယုတ္တနိကာယ်နှင့် ကုဏ္ဍလကေသီဇာတ်တော်တို့တွင် အမျိုးသမီးများသည် အမျိုးသားများထက် တင်္ခဏုပ္ပတ္တိဥာဏ် (ရုတ်တရက်အခြေအနေတွင် လျှပ်တပြက်သုံးသည့် ဥာဏ်) သာလွန်ကြောင်း ဟောပြတော်မူခဲ့သည်၊
(ဆက်လက်ဖော်ပြမည်)
(ဘုရားရှင် ဟောတော်မူည့် တရားများထဲတွင် အမျိုးသမီးနှင့်ဆက်စပ်ဟောသည့် အကြောင်းအရာများကို လေ့လာရေးသားပါမည်။ )
အရှင်တိက္ခဥာဏာလင်္ကာရ(ယော) မှ ကုသိုလ်ပွားလိုက်ရပါသည်။
ကျနော်ကိုယ်တွေ့  သမ္ဗုဒ္ဓေ အကြောင်း
သူငယ်ချင်းတို့ရေ....သူငယ်တို့ ဘ၀မှာ အစဉ်မပြေတာ။ဒုတ္ခ ဆိုတာကိုကင်းဝေးချင်ရင်။ သမ္ဗုဒ္ဓေ ဂါထာတော်ကို ရွတ်ဆိုပါ။
ကျနော်ကိုယ်တွေ့  မို့ပါ။ဒီပါထာတော်ကြောင့် ကျနော် ဘ၀မှာ  ၆ ခါတိတိဘေး အန္တာရယ်က လွတ်မြောင့်ခဲ့ဖူးပါတယ်။
ပြောရင်ယုံကြမှာတောင်မဟုတ်ပါဘူး။ဘာကြောင့်လည်းဆိုတော့ ကျနော် ဒီအဖြစ်ပြက်တွေကို  သူငယ်ချင်းကို ပြောပြဖူးပါတယ်။
ဒါပေမဲ့ ဘယ်သူကမှမယုံကြည်ပေကြပါဘူး။ကျနော် ညာနေတယ်လို့ဘဲထင်ကြတာပါ။ ဘုရားတရား ကီစ္စကို ကျနော် မညာရဲပါဘူး။
ဒါပေမဲ့ ဗျာ...ဒီဂါထာတော်ကို ရွတ်ဆိုရင် အန္တရယ်ကင်းတယ်ဆိုတာကို  လူတွေအားလုံးကို အသိပေးချင်းပါတယ်။ရည်ရွယ်ချက်ကတော့
တစ်လောကလုံး ဘေးအန္တာရယ် ကင်းကင်းနဲ့ နေထိုင်းသွားစေချင်တာပါ။
ကျနော် ကြုံတွေ့ရတဲ့ ဖြစ်ရပ် ၆ခုတော့။
၁။ ဗုံးပေါက်ကွဲမှုမှာ မသေဘဲ လွတ်မြောက်ခဲ့ခြင်း။
၂။ ပျောက်သွားတဲ့ ပိုက်ဆံအိတ်ကို သူခိုးဆီ ကပြန်လာပေးခြင်း။
၃။ အောင်မဂ်လာ အဝေးပြေးကားဂိတ်မှာ မှတ်ပုံတင် မရှိ ပိုက်ဆံမရှိဘဲ ထ္မင်းမငတ် အဖမ်းဆီးမခံရပဲ လွတ်မြောက်ခဲ့ခြဲင်း။
၎။ ကျနော်ဘ၀ရဲ့ တစ်ဆစ်ချိုးဖြစ်တဲ့ှ USA အင်တာဗျူးကို လွယ်လွယ်ကူကူ ဖြေဆိုနိုင်ခဲ့ခြင်း။
၅။ လုပ်ငန်းခွင်မှ အကြီးအကဲရဲ့ အဆူငေါက် ကိုယ်ပေါ်မနာလို မုန်းတီသူတို့ ရန်မှလွတ်မြောက်ခြင်း။
၆။ ဘယ်ဘေးဆီုး အန္တာရယ်မဆို စိတ်ညစ်စရာတွေကို သူအလိုလိုပြေလယ်သွားခြင်း။
ဒါတွေဟာ ကျနော် ကြုံ့တွေ့ခဲ့၇တဲ့ အဖြစ်ပြတ်တွေပါ။
( ၁ )အဖြစ်ပြက်ကလွဲရင် ကျန်တဲ့အဖြစ်ပြက်တွေက ဖြစ်ပြက်ပြီးမှ ဂါထာတော်ကို ရွတ်ဖတ်ခဲ့တာပါ။
ဒီအဖြစ်ပြတ်တွေ ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း သမ္ဗုဒ္ဓေ ဂါထာတော်ကိုပိုယုံကြည်လာတယ်။
အချိန်ရရင်ရသလို ဘုရားတရားအလုပ်ကိုချင်လာပါတယ်။ကျနော် အခုဆိုရင် ထ္မင်းစားချိန်ရယ် စကားပြောချိန်ရယ် အိပ်ချိန်ရယ်ကလွဲရင်
ကျန်တဲ့အချိန်တွေမှာ သမ္ဓုသ္ဒေ ဂါထာတော်ကိုပဲ ရွတ်ဖတ်လေရှိပါတယ်။
ကဲသူငယ်ချင်းတို့ စာအများကြီးရေးရင်ပြင်းကုန်ကြမှာဆိုးလို့တိုတိုပဲရေးတော့မယ်နော်။ဒီဂါထာတော် အကြောင်းကိုရေးမယ်ဆိုရင်
ရေးလို့မကုန်နိုင်ပါဘူး။သူငယ်ချင်းတို့ ဒုတ္ခ တစ်ခုခုတွေ့ တဲ့အခါ ဒီဂါထာတော်ကို ရွတ်ဆိုကြည့်ကြပါ။နေ့တိုင်း ၃ ခေါက်လောက်ရွတ်ဆိုရင်
ပိုကောင်းပါတယ်။ကဲ မနက်ဖြန်တွေ့ ရမယ် ဘေးဒုတ္ခ အတွက် သမ္ဗုဒ္ဓေ ဂါထာရွတ်ဖတ်ကြအောင်။
မှတ်ချက်။ လောဘစိတ်ကြောင့် ရွတ်ဖတ်တာမျိုးမလုပ်ရ။
ယုံယုံကြည်ကြည် ရွတ်ဖတ်ရမည်။
သမ္ဗုဒ္ဓေ အဌ၀ီသဉ္စ
ဒွါဒသဉ္စ သဟသာကေ
ပဉ္စသတ သဟသာနိ
နမာမိ သိရသာမဟံ
အပါယ်ကာ ၀ါဠုကာ ဂဂ်ါ
နေန္တာ နိဗ္ဗုတာ ဇိနာ
တေသံ   ဓမ္မဉ္စ သံဃဉ္စ
အာဒရေန နာမာမဟံ
နာမက္ကာရာ နုဘာဝေန
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ
အနေက အန္တရာ ယာပိ
ဝိနသန္တု အသေသတော....။
သူငယ်ချင်တိုရေ မယုံကြည်ရင် မရွတ်ဖတ်ပါနဲ့ ကြည်မှရွတ်ဖတ်ပါ။ဘာလို့လည်းဆိုတော့ ကျနော် သူငယ်ချင်းတိုကို ကုသိုလ်သာပေးချင်
တာပါ အကုသိုလ်တော့မပေးချင်ပါဘူး။
သူငယ်ချင်းတို့ ဘ၀မှာ ဘေအန္တရယ်ကင်းကင်းနဲ့ လျှောက်လှမ်းနိုင်ကြပါစေး။
ဘာသာရေးနှင့် ပက်သက်၍ မေးမြန်းထားသည်များကို ပြန်ဖြေထားခြင်း ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ)
( သုံးဆယ့်တဘုံနှင့် ဝေနေယျသတ္တ၀ါ )
အရှင်ဘုရား၊ တပည့်တော်တို့၏ ဗုဒ္ဓဘာသာပန်းတိုင်သည် နိဗ္ဗာန် ဖြစ်ပါသည်။ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားကြသူများမှာ
လည်း များပြားလှပါသည်။ ဤသို့ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားသူများ များပြားလှသော်လည်း သုံးဆယ့်တဘုံတွင် သတ္တ၀ါများ ကုန်သည်ဟူ၍ မရှိပါ။ လူ့ဘုံတွင်လည်း လူ့ဘုံအလျောက်၊ နတ်ဘုံတွင်လည်း နတ်ဘုံအလျောက်၊ တိရစ္ဆာန်ဘုံတွင်လည်း တိရစ္ဆာန်ဘုံအလျောက် မွေးဖွားဖြစ်တည်နေဆဲပင် ဖြစ်သည်။
ဘုရားရှင်တို့သည်လည်း တဆူပွင့်လျှင် တဆူအလျောက် သတ္တ၀ါတို့အား အသင်္ချေအနန္တ ချွတ်သွားသည်သာ ဖြစ်သည်။ နိဗ္ဗာန်ဟူသည်လည်း မျက်မှောက်ပြုပြီးလျှင် သုံးဆယ့်တဘုံသို့ ပြန်လှည့်ရိုးထုံးစံ မရှိတော့ပါ။ ထို့ကြောင့် သုံးဆယ့်တဘုံမှ ဝေနေယျသတ္တ၀ါတို့သည် တချိန်တွင် ကုန်သွားရမည်သာ ဖြစ်သည်ဟု ထင်ပါသည်။
ဤမေးခွန်းကို တပည့်တော်သည် ဗုဒ္ဓဘာသာကို မယုံကြည်၍ မေးခြင်းမဟုတ်ပါ။ မရှင်းလင်း၍သာ မေးခြင်းဖြစ်ပါသည်။ ဥပမာလေးနှင့် ဖြေလျှင် တပည့်တော် ပို၍ နားလည်မည်ထင်ပါသည်ဘုရား၊ အရှင်ဘုရား၏ အဖြေကို တပည့်တော် စောင့်မျှော်နေပါသည်ဘုရား။
(ကျော်မင်းထွန်း-ဒဂုံအရှေ့ပိုင်း၊ ရန်ကုန်)
(ဖြေ)
အာကာသစက္က၀ါဠဉ္စ၊ သတ္ထာ ဗုဒ္ဓဂုဏာပိစ။
အနန္တာနာမ စတ္တာရော၊ ပရိစ္ဆေဒေါ န ၀ိဇ္ဇတိ။
အဆုံးအပိုင်းအခြားမရှိသော အနန္တတရားတို့သည်ကား-
(၁) ကောင်းကင်။
(၂) စကြာဝဠာ။
(၃) သတ္တ၀ါ။
(၄) ဘုရားဂုဏ်တော်-ဟူ၍ လေးပါးရှိ၏။
ဤလေးပါးတို့ကို ဤရွေ့ဤမျှ ဂဏန်းချလျက် ရေတွက်ပိုင်းခြားခြင်းငှါ မတတ်နိုင်ချေ။ ဟူသော အနန္တလေးပါးအရ သတ္တ၀ါတို့သည်လည်း အဆုံးအပိုင်းအခြားမရှိ၊ မကုန်နိုင် မခန်းနိုင် ဖြစ်ချေ၏။
ဤလောက၌ သတ္တ၀ါဟူသည် မကုန်နိုင်၊ မခန်းနိုင် ဖြစ်၏။ သတ္တ၀ါများတွင် လူဟူသည် အနည်းဆုံးဖြစ်၏။ လူထက် နတ်ဗြဟ္မာများ၊ ထို့ထက် တိရစ္ဆာန်၊ ပြိတ္တာနှင့် ငရဲသူ၊ ငရဲသားများကား အသင်္ချေ အနန္တ ပိုမိုများပြားလှ၏။
မျက်မြင်ပင် လူ့လောက၌ လူဦးရေ သန်းခြောက်ထောင်ခန့်သာရှိမည်ဟု ဆို၏။ ခြတောင်ပို့တလုံးစာပင် မရှိသေးချေ။ ယူဇနာတသောင်း စတုရန်းကျယ်သော အ၀ီစိငရဲကြီး၌ ငရဲသူသတ္တ၀ါတို့သည် တောင်းထဲတွင် နှမ်းအပြည့်ထည့်သိပ်ထားသကဲ့သို့ အပေါက်အကြား မရှိ ပြည့်နှက်နေ၏-ဟုဆို၏။
အခြား ငရဲ ကြီးငယ်တို့မှာလည်း ထို့အတူ အပြည့်ရှိ၏။ လူ့ပြည်မှ လူအများမှာလည်း ထိုထိုဘုံဘ၀တို့မှ အကုသိုလ်ကုန်လျှင် ရောက်လာကြ၊ တိုးပွားလာကြရ၏။ ဘုရားတဆူချွတ်၍ ကျွတ်သောသူဟူသည်မှာ မုဆိုးပိုက်ကွန်မှ လွတ်ထွက်သွားသော ငှက်သည် တကောင်တလေမျှသာ ဖြစ်၍ ပိုက်ကွန်တွင်း၌ မိနေရစ်သောငှက်သာ များပြားသကဲ့သို့ ဖြစ်၏။
မကုန်နိုင် မခန်းနိုင်သော သတ္တ၀ါအနန္တဟူသည်မှာ လူ့လောက၌ အလျော့မရှိ၊ အတိုးသာရှိ၏။ ဤသို့ အတိုးသာရှိသဖြင့် နိဗ္ဗာန် မျက်မှောက်ပြုသွားသော ဝေနေယျဝတ္တ၀ါများကြောင့် သတ္တ၀ါများ ကုန်ခန်းသွားလိမ့်မည်ဟု မကြံစည်အပ်ပါကြောင်း သိစေလိုပါသည်။
(မြတ်မင်္ဂလာ ၂၀၀၃-ခု သြဂုတ်လ)
( ကထိန်နုတ်ခြင်း )
အရှင်ဘုရား၊ ကျောင်းတိုက်တတိုက်မှာ ကထိန်တကြိမ်သာ ခင်းရမည်ဆိုပေမယ့်လို့ သံဃာအား အကျိုးများမည်ဆိုလျှင် ပထမခင်းသော ကထိန်ကို နုတ်ပယ်၍ နောက်တကြိမ် ခင်းထိုက်သည်ဟု ကြားဖူးပါသည်။ အဲသည်လို နုတ်ပယ်လျှင် ပထမခင်းတဲ့ ဒါယကာမှာ အကျိုးအာနိသင် ရရှိနိုင်ပါသလား၊
ကထိန်မြောက်တယ်ဆိုလျှင် ကျောင်းတိုက်တတိုက်မှာ နှစ်ကြိမ်၊ သုံးကြိမ် ကထိန်ခင်းရာ မရောက်ဘူးလား ဘုရား၊ အဲဒါတွေ ဘုရားတပည့်တော်များ ရှင်းလင်းကွဲပြားစွာ သိပါရစေ။ ဒွိဟဖြစ်ပွား တပည့်များအား ကရုဏာရှေ့ထား မိန့်ကြားပေးတော်မူပါ အရှင်ဘုရား။
(ဦးမျိုးညွန့်-မိုးဗြဲမြို့)
(ဖြေ)
ကထိန်ကို ကျောင်းတိုက် တတိုက်တွင် တနှစ်လျှင် တကြိမ်သာ ခင်းအပ်ပါသည်။
ကထိန်နုတ်ခြင်းဟူသည်မှာ နောက်တကြိမ် ကထိန်ခင်းရန် နုတ်ရခြင်း မဟုတ်ပါ။
ဥပမာ-ကျောင်းတိုက်တတိုက်တွင် ၀ါကျွတ်သံဃာ ၁၀၀-ရှိ၍ ကထိန်ခင်းရာတွင် ထိုဝါကျွတ်သံဃာ ၁၀၀-သာလျှင် ကထိန်အာနိသင်ရပြီး သင်္ကန်းစသည်တို့ကို ဝေစုရနိုင်ပါသည်။ နောက်မှရောက်လာသော သံဃာများ ရနိုင်ခွင့်မရှိပါ။ ကထိန်ခေတ်ကုန်ဆုံး၍ တပေါင်းလပြည့်အတွင်း ရသမျှ သင်္ကန်းအားလုံးကို ကထိန်သံဃာများသာ ရနိုင်ပါသည်။ ထိုကျောင်းတိုက်သို့ ကထိန်ခေတ်နောက်ပိုင်းမှ သံဃာများ တိုးတက်ရောက်ရှိလာ၍ နတ်တော်၊ ပြာသိုလ် စသော အချိန်များတွင် သံဃာတထောင်ခန့် ရှိနေပြီဆိုပါစို့၊ ဒါယကာတဦးက ထိုသံဃာတထောင် အားလုံးအား သင်္ကန်း အစေ့အငရရှိအောင် သင်္ကန်းအစုံတထောင် လှူဒါန်းလာလျှင် မူလခင်းပြီး ကထိန်ကို ကမ္မ၀ါစာဖြင့် နုတ်၍ ပယ်ဖျောက်ပြီး လှူမှသာ နောက်ရောက်လာသော သံဃာများ သင်္ကန်းရနိုင်ခွင့် ရှိပါသည်။ ထိုကိစ္စမျိုးမှာသာ ကထိန်နုတ်ခြင်းကိစ္စ ရှိအပ်ပါသည်။ ထပ်မံခင်းရန် ကထိန်နုတ်ရခြင်း မဟုတ်ကြောင်းလည်း မှတ်သားထိုက်ပါသည်။
( ဘယ-လာဘ-ကုလာစာရ )
အရှင်ဘုရား၊ ဘယ-လာဘ၊ ကုလာစာရ၊ ဤသုံးဝမှ၊ ရှင်းပကင်းကွာ၊ ရှိခိုးပါ၏-ဟူသောစကား၌ ပါဝင်သော ဘယ လာဘ ကုလာစာရ ဆိုသည်တို့ကို သိသာထင်ရှားအောင် ရှင်းပြဖြေကြားစေလိုပါသည်ဘုရား။
(ဒေါ်အေးသန်း-လှိုင်သာယာ)
(ဖြေ)
ကြောက်ရွံ့၍၊ လာဘ်ရလို၍၊ အမျိုး၏ အလေ့အကျက်ဖြစ်၍ဟု ဆိုလိုပါသည်။
သိသာအောင် ဖြေဆိုရလျှင် -
ဥပမာ-ဘုရားရှိခိုးရာ၌ မင်းကို ဘုရားရှိမခိုးလျှင် သတ်မည်ဆို၍ ကြောက်ရွံ့ပြီး ဘုရားရှိခိုးရခြင်းသည် ဘယကြောင့် ရှိခိုးခြင်းဖြစ်သည်။
မင်း နံနက်တိုင်း ဘုရားရှိခိုးလျှင် တနေ့ ငွေတဆယ်ပေးမည်ဆို၍ ငွေတဆယ် နေ့စဉ်ရအောင် ရှိခိုးခြင်းသည် လာဘကြောင့် ရှိခိုးခြင်းဖြစ်သည်။
မိဘစဉ်ဆက်က မှန်မှန် ဘုရားရှိခိုး၍ (မိရိုးဖလာထုံးစံရှိ၍) မိဘအမှုအကျင့်အတိုင်း ရှိခိုးခြင်းသည် ကုလာစာရကြောင့် ရှိခိုးခြင်း ဖြစ်သည်။
ထိုသုံးမျိုးမှ လွတ်ကင်း၍ မိမိကြည်ညိုသဒ္ဓါ စစ်မှန်စွာဖြင့် နံနက်-ည မှန်ကန်စွာ ရှိခိုးခြင်းသည်သာ ဗုဒ္ဓဘာသာတို့၏ အလေ့အကျင့် ဖြစ်သည်ဟု ဆိုပါသည်။ ထို့အတူ ဒါန၊ သီလ၊ ဘာဝနာ တို့ကို အားထုတ်ရာ၌လည်း ဘယ၊ လာဘ၊ ကုလာစာရ ကင်းစွာ သဒ္ဓါ ပညာ ရှေ့သွားပြု၍ ဂရုတစိုက် ပြုလုပ်ရန် လိုအပ်ပါကြောင်း ဖြေဆိုအပ်ပါသည်။
( သေရွာပြန် )
အရှင်ဘုရား၊ အရပ်ဒေသအချို့မှာ တစုံတယောက် သေဆုံးသွားပြီဆိုပြီး သုသာန်သို့ပို့ဆောင်ပါသည်။ သုသာန်ကျမှ ပြန်လည်သတိရ အသက်ရှင်သဖြင့် ရွာတွင်းပြန်လာသည်။ ဤတွင် ရွာတွင်း မိမိအိမ်သို့ ပြန်လာခွင့်မရှိ၊ ပြန်မခေါ်ကောင်းဟု အယူအဆတွေ ရှိနေပါသည်။ ဒီလို အယူအဆတွေကို ပြင်ကောင်း မပြင်ကောင်း ဖြေကြားပေးစေလိုပါသည်ဘုရား။
(မောင်ဝင်းဦး-ပင်းတယမြို့နယ်)
(ဖြေ)
အရပ်ဒေသဆိုင်ရာ အစွဲအလမ်းအမျိုးမျိုး ရှိကြမြဲဖြစ်ရာ အချို့ အခြေအမြစ်မရှိ၊ ထင်မိထင်ရာ ယူဆနေကြခြင်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာ မရှိပါ။
မြတ်စွာဘုရားလက်ထက်တော်အခါက အမျိုးသမီးတဦး ကိုယ်ဝန်အရင့်အမာဖြင့် သေဆုံးသွားသည်။ ထိုအမျိုးသမီး သုသာန်၌ မီးသဂြိုံဟ်စဉ် ၀မ်းတွင်းမှ သန္ဓေသား မသေဘဲရှိသဖြင့် ထင်းပုံပေါ်မှ ချ၍ ၀မ်းကိုခွဲယူသည်။ ထိုအခါ ကလေးမသေဘဲ အသက်ရှင်နေ၍ ကွယ်လွန်သူ အမျိုးသမီး၏ မိခင်က ထိုကလေးကို ယူ၍ မွေးထားရကြောင်း ထိုကလေးကြီး၍ ဘုရားသာသနာတော်၌ သာမဏေရဟန်းဖြစ်ကာ ရဟန္တာဖြစ်သွားပြီး သံကိစ္စမထေရ်ဟု ထင်ရှားကြောင်း စာပေရှိပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာထုံးစံအတိုင်း ဆိုက ဖော်ပြပါ အစွဲအလမ်း၊ အယူအဆတို့ အခြေအမြစ်မရှိ၊ သတ္တ၀ါတို့ ကံအားလျော်စွာ ဖြစ်သင့်ကြောင်း မှတ်သားသင့်ပါသည်။
( လူပုဂ္ဂိုလ်နှင့် ဥဒ္ဒိဿမံသ )
အရှင်ဘုရား၊ တပည့်တော် မိတ်ဆွေတဦးထံ အလည်သွားရာ ထိုမိတ်ဆွေက ကြက်သားဟင်းဖြင့် ထမင်းကျွေးပါသည်။ သူက ရဲရဲသာစား သူငယ်ချင်း၊ ကြက်သားက ပံ့သကူသား ဖြစ်တယ်။ အပြစ်ကင်းပါတယ်ဟု ပြောပါသည်။ ရည်ရွယ်၍ သတ်သော အသား မဟုတ်ဟု ဆိုလိုကြောင်း နားလည်ပါသည်။ ထိုနှင့်စပ်၍ တပည့်တော်တို့ လူပုဂ္ဂိုလ်များကို ရည်၍ သတ်သောအသားကို စားလျှင် အပြစ်ရှိပါသလား။ ရဟန်းများတော့ မစားကောင်းဟု ကြားဖူးပါသည်။ ဖြေကြားပေးတော်မူပါဘုရား။
(ဦးကောင်းမြတ်-ပဲခူး)
(ဖြေ)
ရဟန်းတို့၌ ဥဒ္ဒိဿမံသ ခေါ် ရည်၍ သတ်သောအသားကို သိလျက်၊ မြင်လျက်၊ ယုံမှားလျက် စားလျှင် အပြစ်ရှိသည်။ ဥဒ္ဒိဿမံသ ဆိုသည်မှာ မိမိအတွက် ရည်ရွယ်သတ်သောအသားမျိုး ဖြစ်သည်။ ရဟန်းတော်များအဖို့ ထိုအသားကို မိမိအတွက် ရည်ရွယ်၍သတ်ကြောင်း သိလျှင်၊ မြင်လျှင်၊ ကြားသိလျှင်၊ ယုံမှားသံသယရှိလျှင် မစားရပေ။ စားလျှင် ၀ိနည်းတော်အရ အာပတ်သင့်တော့သည်။
လူပုဂ္ဂိုလ်များ၌ကား ထိုကဲ့သို့ ဥဒ္ဒိဿမံသအတွက် အပြစ်မရှိပေ။ မိမိကိုယ်တိုင် သတ်ခြင်း၊ သတ်မည်ဆိုသည်ကို သဘောတူခြင်း၊ သတ်ရန် တိုက်တွန်းခြင်း၊ နှိုးဆော်ခြင်း၊ အရိပ်အမြွက်ပြခြင်းမျိုးကိုသာ မလုပ်သင့်ပေ။ ၄င်းမှလွတ်လျှင်ကား မိမိအတွက် သတ်သည်ဟု မြင်ကြားသင်္ကာ ရှိစေကာမူ စား၍ အပြစ်မရှိပါ။
ဒုကနိပါတ် ဗာလောဝါဒဇာတ် (ဇာ-ဋ္ဌ ၂-၂၃၉ ) တွင် ဘုရားလောင်းရသေ့အား စွပ်စွဲလိုသော သူဌေးတဦးက ဆွမ်းကပ်သည်။ ဆွမ်းကပ်ပြီးနောက် ယခု သင်စားသောအစားသည် သင့်အတွက် ငါကိုယ်တိုင်သတ်၍ ချက်အပ်သော ဥဒ္ဒိဿမံသ ဖြစ်သည်။ သင်သည် ထိုအသားကို စားသောကြောင့် အပြစ်ရှိသည်မဟုတ်လောဟု ဆိုသည်။ ထိုအခါ ဘုရားလောင်းက ပုတ္တဒါရမ္ပိ စေ ဟန္တာ-ဟူသော ဂါထာဖြင့် သီလမရှိသောသူသည် သားမယားကိုသော်လည် သတ်၍ (ထိုအသားဖြင့်) အလှူပေးငြားအံ့၊ ခန္တီ မေတ္တာ စသည်နှင့် ပြည့်စုံသော သူသည် ထိုကိုရည်၍ သတ်သောအသားကို သိ၊ ကြား၊ ယုံမှားလျက် စားပင် စားငြားသော်လည်း မကောင်းမှုသည် လိမ်းကျံကပ်ငြိခြင်း မရှိပေ-ဟု ဟောတော်မူထားလေသည်။ ထို့ကြောင့် လူတို့အဖို့ ဥဒ္ဒိဿမံသ (ရည်၍ သတ်သောအသား) ကို သိ၊ ကြား၊ ယုံမှားလျက် စားပင်စားသော်လည်း အပြစ်မရှိဟု မှတ်သားသင့်ပေသည်။
( မြတ်မင်္ဂလာ ၂၀၀၂-ခု ဇွန်လ)
( တဏှင်္ကရာဘုရား၏ မိဖုရားအမည် )
အရှင်ဘုရား၊ တပည့်တော်တို့ဆီမှ အဘိုးတဦးက သာရမဏ္ဍကမ္ဘာမှာပွင့်တဲ့ တဏှင်္ကရာမြတ်စွာဘုရား၏ အလောင်းတော်ဘ၀က ကြင်ဖက်တော်ကို ဖြေဆိုနိုင်လျှင် ဆုချမည်ဟု ဆုငွေထုတ်ထားပါသည်ဘုရား။ ထို့ပြင် တဏှင်္ကရာဘုရားကို လူပျိုဘုရားဟုလည်း ထိုအဘိုးက ဆိုထားပါသည်။ ကျမ်းနှင့် စာမျက်နှာပါ ထောက်ပြ၍ ဖြေကြားပေးတော်မူပါဘုရား။
(ရှင်သုမန-လှည်းတန်း၊ မုံရွာမြို့)
(ဖြေ)
ဗုဒ္ဓ၀င်တွင် ဂေါတမမြတ်စွာဘုရား ဗျာဒိတ်ခံယူခဲ့သောဘုရားမှစ၍ သာရမဏ္ဍကမ္ဘာတွင် ပွင့်သည့်ဘုရားလေးဆူ အထိ နောက်ဆုံးဖြစ်သောဘုရားမှာ ဒီပင်္ကရာမြတ်စွာဘုရား ဖြစ်ပါသည်။ ထို့ကြောင့်ပင် ဗုဒ္ဓ၀င်၌ ဒီပင်္ကရာဘုရားမှစ၍ ဟောထားပါသည်။ ဒီပင်္ကရာမြတ်စွာဘုရားမှအစ ဂေါတမမြတ်စွာဘုရား အဆုံး နှစ်ဆယ့်လေးဆူသော မြတ်စွာဘုရားတို့၏ ဗောဓိပင်၊ အသက်တော်၊ အမိအဖ၊ ဇနီးကြင်ယာ၊ သားတော်၊ လက်ဝဲရံ၊ လက်ယာရံ၊ သာဝက၊ သာဝိကာ၊ စသည်တို့ကို အပြည့်အစုံ ဟောထားပါသည်။
ဒီပင်္ကရာ၏ ရှေး တဏှင်္ကရာ၊ မေဓင်္ကရာ၊ သရဏင်္ကရာ ဘုရားသုံးဆူတို့၏ ဆိုင်ရာတို့ကို မဟောခဲ့ပါ။ ထို့ကြောင့် ထိုဘုရားဆိုင်ရာ ဇနီးကြင်ယာ၊ သားတော်၊ လက်ဝဲရံ လက်ယာရံတော် စသည်တို့ကို မသိနိုင်ပါ။ သို့သော် မြတ်စွာဘုရားတိုင်းပင် ဇနီးကြင်ယာနှင့် သားတော်များ ရှိကြပါသည်။ ဘုရားတိုင်းပင် ပဉ္စပရိစ္စာဂဖြစ်သော ဇနီး၊ သား သမီး၊ တိုင်းကြီး၊ ဥစ္စရတနာတို့ကို စွန့်၍ တောထွက်ကြရမြဲ ဖြစ်သဖြင့် လူပျိုဘုရားဟူ၍ မရှိပါ။ ထို့ကြောင့် ဗောဓိကုက္ကို ညောင်ထိုထို လူပျိုဘုရား မရှိငြား-ဟု ရှေးဆရာတို့ ဆိုထားကြပါသည်။
( ၀ါသ်ဆောက်တည်မှု )
အရှင်ဘုရား၊ သံဃာတော်များ ၀ါသ်ဆောက်တည်နေစဉ် ကာလအတွင်း၌ အခြားကျောင်းတကျောင်းမှ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သံ သဲ့သဲ့မျှကြားရုံဖြင့် ပျက်သည်ဆိုသည်မှာ ဟုတ်ပါသလား။ မည်သို့သော အကြောင်းအရာများသည် ၀ါသ်ဆောက်တည်နေခြင်းကို ပျက်စေပါသနည်း ဖြေကြားတော်မူပါဘုရား။
(မဆွေကလျာ-ကူမဲမြို့)
(ဖြေ)
ဝါသ်ဆောက်တည်နေသော သံဃာများသည် ၀ါသ်ဆောက်တည်နေဆဲကာလ (ပရိဝါသ် ဆောက်တည်နေချိန်၊ မာနတ်ဆောက်တည် ကျင့်သုံးနေချိန် ) အတွင်း အခြားသံဃာတပါးပါး၏ အဆင်း၊ အသံ တို့ကို မြင်ရ ကြားရလျှင် မြင်ရာ ကြားရာသို့ သွားရောက်၍ ၀ါသ်ကို လျှောက်ထားရသည်။ နှုတ်မြွက်သံ မဟုတ်၊ ခြေသံ၊ ထီးဖွင့်သံ၊ ဖိနပ်သံများကို ကြားလျှင်လည်း ထို့အတူပင် ဖြစ်ပါသည်။ ထို့ကြောင့် ကျောင်းတကျောင်း နေရာတနေရာ၌ ၀ါသ်ဆောက်တည်နေလျှင် ထိုကဲ့သို့ အသံများ မကြားရအောင် ကြိုတင်၍ လျှောက်ကြားထားရန် လိုအပ်ပါသည်။
( ပါရာဇိကကျလျှင် )
အရှင်ဘုရား၊ ရဟန်းများသည် မေထုန်နှင့် ပတ်သက်၍ ပါရာဇိကကျပြီးလျက် ရဟန်းဝတ်နှင့် ဆက်နေလျှင် အပြစ်ပိုကြီးပါသလား။ သို့မဟုတ်-လူထွက်လိုက်ပါက ယခုဘ၀ရော နောင်ဘ၀များပါ အပြစ် ရှိ-မရှိ၊ ငရဲ ကျနိုင်-မကျနိုင် သိလိုပါသည်။ လူမထွက်ဘဲ နေလျှင်သော်၎င်း၊ လူထွက်လျှင်သော်၎င်း အဘယ်အရာက ကောင်းသည်-မကောင်းသည်ကို ကရုဏာ ရှေ့ထား၍ ဖြေကြားတော်မူပါဘုရား။
(သိလိုသူ-စစ်ကိုင်းမြို့)
(ဖြေ)
ရဟန်းတပါးပါးသည် ပါရာဇိကကျလျှင် ရဟန်းဘ၀မှ ဆုံးရှုံးသွားပြီ ဖြစ်သည်။ ထို့ကြောင့် ရဟန်းဝတ်ဖြင့် မနေရတော့ဘဲ လူထွက်နေရပါသည်။ ထို့နောက်မှ သာသနာတွင် နေလိုလျှင် ဆရာရဟန်းထံ သရဏဂုံ တောင်းခံ၍ ရှင်သာမဏေအဖြစ်ဖြင့် နေနိုင်သည်။ ရဟန်းဘ၀ကိုကား လုံးဝရနိုင်ခွင့် မရှိတော့ပါ။ လူမထွက်ဘဲ ပေ၍ နေသော်လည်း ရဟန်းကောင်း မဖြစ်နိုင်တော့ပါ။ ထိုရဟန်းသည် အပြစ်ကြီးလွန်းလှပြီး တမလွန်ဘ၀၌ အပါယ်လေးပါးသာလျှင် လားရာရှိတော့သည်။
ထို့ကြောင့် ပါရာဇိကကျလျှင် လူထွက်ခြင်းသည်သာ အပြစ်မှ ကုစားရာရောက်သဖြင့် လူထွက်၍ အဖြစ်နိုင်ဆုံး သာမဏေဘ၀ဖြင့် အားထုတ်နေထိုင်သင့်ကြပါသည်။ သာမဏေဘ၀ကိုလည်း ပါရာဇိကကျသည့်ရဟန်းဘ၀မှ တိုက်ရိုက် မကူးနိုင်ပါ။ လူဝတ်လဲပြီးမှ သရဏဂုံသီလ ထပ်မံ တောင်းခံ၍ သာမဏေ၀တ်သင့်သည်ကို သတိပြုသင့်ပါသည်။
( သောတာပန်ပုဂ္ဂိုလ်နှင့် အရက် )
အရှင်ဘုရား၊ သောတာပန်ပုဂ္ဂိုလ်တယောက်ကို အရက်နှင့် ရေ ရောပြီး တိုက်သည်ရှိသော် ရေသာဝင်၍ အရက်မ၀င်ဟု ဆိုသော ပါဠိတော်ကို မှတ်သားနိုင်ရန် ထုတ်ပြညွှန်းပေးပါဘုရား။
( မောင်ဇင်ကိုကို-မြောင်းမြမြို့)
(ဖြေ)
ဒီဃနိကာယ်၊ သီလက္ခန္ဓ၀ဂ္ဂ အဋ္ဌကထာ-၂၇၃၊ ကူဋဒန္တသုတ်အဖွင့်တွင်-သစေပိဿ သုရဉ္စ ခီရဉ္စ မိေဿတွာ မုခေ ပက္ခိပန္တိ ခိရမေ၀ ပ၀ိသတိ န သုရာ ယထာကိံ ကောဉ္ဖသကုဏာနံ ခိရ မိဿကေ ဥဒကေ ခီရမေ၀ ပ၀ိသတိ န ဥဒကံ ဣဒံ ယော န သိဒ္ဓန္တိစေ၊ ဣဒံ ဓမ္မတာ သိဒ္ဓန္တိ စ ဝေဒိတဗ္ဗံ-ဟု မိန့်ဆိုသည်။
အဓိပ္ပါယ်မှာ ကြိုးကြာငှက်တို့ကို နို့နှင့်ရေ ရော၍ တိုက်လျှင် နို့သာဝင်၍ ရေ မ၀င်ပါ။ ဤသည်မှာ အမျိုးဇာတ်၏ ပြီးစီးခြင်းဖြစ်၍ သောတာပန်ပုဂ္ဂိုလ်ကို အရက်နှင့်နို့ရည်ကို ရော၍ တိုက်သည်ရှိသော် နို့ရည်သာဝင်၍ အရက်မ၀င်ပါ။ ဤသည်မှာလည်း ဓမ္မတာ (တရားသဘော) ၏ ပြီးစီးခြင်းပင် ဖြစ်သည်ဟု ဆိုပေသည်။ အရိုင်းစိုင်းဆုံး အရက်နှင့် အယဉ်ကျေးဆုံး အရိယာတရားတော်တို့ ဆန့်ကျင်ပုံကို ဥပမာပြ၍ ဖွင့်ဆိုခြင်းပင် ဖြစ်ကြောင်း မှတ်သားရာ၏။
(ထွက်သက် ၀င်သက် ရှိ - မဲ့ သတ္တ၀ါ )
|
ဆရာတော်ဘုရား၊ မေတ္တသုတ်ပရိတ်တော်တွင် ယေကေစိ ပါဏဘူတတ္တိ-အစရှိသော အပိုဒ်တွင် မြန်မာအနက်ပြန်ရာ၌ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော ထွက်သက်-၀င်သက်ရှိ သတ္တ၀ါ၊ ထွက်သက်-၀င်သက် မဲ့ သတ္တ၀ါ-ဟု ဖော်ပြထားရာ ထွက်သက် ၀င်သက်မဲ့ သတ္တ၀ါနှင့် ပတ်သက်၍ မရှင်းလင်းပါသဖြင့် ရှင်းလင်းဖြေကြား ပေးတော်မူပါဘုရား။
( မတင်မြ-မော်လမြိုင်မြို့ )
( ဖြေ )
သုံးဆယ့်တဘုံရှိရာတွင် အပါယ် ၄-ဘုံနှင့် လူ့ ၁-ဘုံ၊ နတ် ၆-ဘုံ ဟူသော ကာမ ၁၁-ဘုံသားတို့သည် ထွက်သက် ၀င်သက်ရှိ သတ္တ၀ါတို့ဖြစ်ကြသည်။
ရူပ ၁၆-ဘုံနှင့် အရူပ ၄-ဘုံ ဟူသော ဗြဟ္မာ ၂၀-တို့သည် ထွက်သက် ၀င်သက်မဲ့ သတ္တ၀ါတို့ ဖြစ်ကြပါသည်။
( ရူပ ၁၆-ဘုံရှိ သတ္တ၀ါတို့သည် အဘယ့်ကြောင့် ထွက်သက် ၀င်သက် မရှိသနည်းဆိုသော် ကဗဠီကာရ အာဟာရ-ဟူသော အာဟာရစားသောက်ရခြင်း မရှိသောကြောင့် မရှိ-ဟု ကျမ်းဂန်တို့တွင် ဆို၏။
အရူပ ၄-ဘုံရှိ သတ္တ၀ါတို့ကား ရုပ်တရားပင် လုံးဝမရှိသဖြင့် ထွက်သက် ၀င်သက် မရှိ ဖြစ်ရလေသည်။ )
( မြတ်စွာဘုရား သီတင်းသုံးခဲ့ရာ မြို့ရွာဒေသများ )
ဆရာတော်ဘုရား ဗုဒ္ဓဂေါတမဘုရား ၄၅-၀ါပတ်လုံး သီတင်းသုံးတော်မူသွားတဲ့ မြို့ရွာများကို ယခုခေတ် အတိအကျ လတ္တီကျု၊ လောင်ဂျီကျုဖြင့် ရေးဆွဲထားတဲ့ မြေပုံများရှိပါသလားဘုရား၊ ယခုခေတ်တွင် မြန်မာသာမက ကမ္ဘာတ၀န်းလုံးက ဗုဒ္ဓဘာသာကို စိတ်ဝင်စားနေချိန်တွင် ထိုဗုဒ္ဓသာသနာ မြေပုံများရှိလျှင် ဘာသာရေးမဂ္ဂဇင်းတွေမှာ ဖော်ပြပေးစေလိုပါသည်ဘုရား။
( ဦးမိုးသစ်-အမက၊ ၀ါးတော၊ မြကန်သာရပ်၊ ဆီဆိုင်မြို့၊ ရှမ်ူပြည်တောင်ပိုင်း )
( ဖြေ )
မြတ်စွာဘုရားသည် သက်တော်ထင်ရှားရှိစဉ်က မဇ္ဈိမဒေသ (အိန္ဒိယပြည် အရှေ့မြောက်ပိုင်း) တွင် အနှံ့အပြား သီတင်းသုံးခဲ့ရာ ရာဇဂြိုဟ်ပြည်၊ သာဝတ္ထိပြည်၊ ဗာရာဏသီပြည် စသည့်မြို့များမှာ အများအားဖြင့် ယခုတိုင် ထိုနာမည်များနှင့် တည်ရှိနေကြသည်၊
အိန္ဒိယဆိုင်ရာ မြေပုံများတွင်လည်း လတ္တီကျု၊ လောင်ဂျီကျုများနှင့် ထုတ်ဝေထားကြသည်၊ ဗုဒ္ဓသာသနိက မြေပုံများလည်း မြန်မာနိုင်ငံတွင် ရောင်းချနေကြပါသည်။ အချို့ဘာသာရေး စာရေးဆရာများလည်း စာစောင်အချို့တွင် ရေးသားနေကြပါသည်၊ အထူးအားဖြင့် မော်လမြိုင်၊ တောင်ပေါက်ဆရာတော်ဘုရားကြီး ပြုစုတော်မူခဲ့သော ဗုဒ္ဓသာသနာ ပထ၀ီဝင် ကျမ်းကြီး၊ မိဂဒါဝုန် ဆရာတော် ဦးကိတ္တိမာ၏ အိန္ဒိယကြေးမုံ ကျမ်းကြီးများတွင် ဓာတ်ပုံ မြေပုံ များနှင့် စုံစုံလင်လင် ဖော်ပြထားသည်ကို တွေ့ရပါသည်။
( မြင်းခေါင်းဖမျက် )
ဆရာတော်ဘုရား၊ ရှေးက ခေါ်ဝေါ်သော ဝေါဟာရအချို့ကို နားမလည်ပါ၍ ရှင်းပြစေလိုပါသည်၊
မြတ်စွာဘုရား၏ လက္ခဏာတော်များကို ဆိုရာ၌ ဧဏိမည်သော သား၏ မြင်းခေါင်းကဲ့သို့ မြင်းခေါင်းတော်၊
မြင့်သော ဖမျက်တော်-ဟုဆိုရာ မြင်းခေါင်း-ဖမျက် ဆိုသည်မှာ မည်သည့်အင်္ဂါ အစိတ်အပိုင်းများ ဖြစ်ပါသလဲဘုရား။
( နုနုခင်-ကရင်ပြည်နယ် )
( ဖြေ )
မြင်းခေါင်း-ဟူသည်မှာ ယခု ခြေသလုံးဟူသော အစိတ်အပိုင်းကို ဆိုပါသည်၊
ရဟန်းတော်များသည် သလုံးမြင်းခေါင်းနှင့် ရင်း၍ ဆွမ်းခံစားခြင်း-ဟု အသုံးတွင်ကျယ်စွာ သုံးနှုန်းလျက်ရှိသည်။
ဖမျက်-ဟူသည်မှာ ဖနောင့်၏အထက် ခြေမျက်စိခေါ်သော အင်္ဂါအစိတ်အပိုင်း ဖြစ်သည်၊
မြန်မာအဘိဓာန်တွင် ဖမျက်၊ န၊ ဖနောင့်အထက် ခြေမျက်စိနှစ်ခု ၀န်းကျင်နေရာ-ဟု ဖော်ပြထားသည်ကို တွေ့နိုင်ပါသည်။
( ဒုလ္လဘရဟန်းပြုရာတွင် )
ပြည့်သူ့ဝန်ထမ်းများ ဒုလ္လဘရဟန်း ပြုကြရာတွင်-
၁။ ပင်စင်လစာရှိသည့် ၀န်ထမ်းများ ရဟန်းပြုခြင်း။
၂။ ရဟန်းပြုရန် ခွင့်အမျိုးမျိုး ရယူ၍ ရဟန်းပြုခြင်း။
၃။ အခြားအကြောင်းပြု၍ ခွင့်ယူရပြီး ရဟန်းပြုခြင်း။
၎။ အထက်တာဝန်ရှိသူ အကြီးအကဲမှ ရဟန်းဝတ်ချိန်များကို တာဝန်ချိန်အဖြစ် သတ်မှတ်ပေး၍ ရဟန်းဝတ်စေခြင်း- များတွင် ၀ိနည်းတော်အရ မည့်သည့်ရဟန်းပြုခြင်းသည် ထိုက်၍၊ မည်သည့်ရဟန်းပြုခြင်းသည် မထိုက်ကြောင်း ရှင်းလင်းဖြေကြားပါရန် လျှောက်ထားပါသည်ဘုရား။
( ဦးသစ်လွင်-ဒဂုံမြို့သစ်မြောက်ပိုင်း )
( ဖြေ )
ရဟန်းခံရာ၌ ရဟန်းလောင်းအား မေးစစ်ရာတွင်-
မင်းခစားယောက်ျား မဟုတ်ဘဲ ရှိပါ၏လော-ဟူသော အချက်တချက်ပါ၏၊ ယင်းမှာ အချို့မင်းခစား ယောက်ျားတို့သည် မည်သည့်ခွင့်မျှမယူဘဲ ကျောင်းသို့လာရောက်၍ ရဟန်းခံကြ၏။ ရဟန်းဘ၀ဖြင့် တရား အားထုတ်ကြ၏၊ ထိုအချိန်မှာပင် တာဝန်မှထွက်ခွါလာသူ၊ တာဝန်ရှိလျက် လစ်ထွက်လာသူ-ဟူ၍ မင်းမိန့်ဖြင့် ၄င်းရဟန်းတို့အား ဖမ်းဆီးခေါ်ဆောင်သွားမှုမျိုး ဘုရားလက်ထက်၌ ဖြစ်ပေါ်ဖူး၍ ဤသို့မေးစိစစ်ပြီး မင်းခစားမဟုတ်၊ ဟုတ်သော်လည်း တာဝန်ခံမှ အခွင့်ခံ ထွက်လာသူ ဖြစ်မှသာလျှင် ရဟန်းဝတ်ပေးကြပါသည်။ ရဟန်းခံပေးကြပါသည်၊
ပြဿနာရှင် တင်ပြထားသော အချက်လေးချက်လုံးကပင် တာဝန်မှလွတ်၍ ငြိစွန်းမှုကင်းသဖြင့် ရဟန်းခံနိုင်ခွင့်ရှိကြောင်း ရဟန်းပြုထိုက်ကြောင်း ဖြေကြားပါသည်။
မြတ်မင်္ဂလာစာစောင်ပါ မြန်မာပြည်တလွှားမှ ရဟန်း၊ရှင်၊လူများက ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ) ထံသို့ ဘာသာရေးနှင့် ပက်သက်၍ မေးမြန်းထားသည်များကို ပြန်ဖြေထားခြင်းဖြစ်သည်။ ဘာသာရေးနှင့်ပက်သက်၍ မိမိကိုယ်တိုင် မရှင်းလင်းသည် များကိုပါ သိရှိနိုင်သည့်အပြင် မိမိမတွေးမိသည့် မေးခွန်းများကိုပါ တွေ့ရနိုင်သည်။ အထူးသဖြင့် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသူများ၊ မေးမြန်းရမည့် ရဟန်းသံဃာတော်များ၏ အဝေးတွင် ရောက်ရှိ နေသူများ၊ ဗုဒ္ဓဘာသာနှင့် ပက်သက်၍ နိုင်ငံခြားသားများ မေးမြန်းလာမှုကို ဖြေကြားလိုသူများ အထူး ဆောင်ထားသင့်သော စာအုပ်ဖြစ်သည်။ ဖြေကြားရာတွင် လိုရင်းတိုရှင်း၊ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ဖြေကြားထားသည်ကို တွေ့ရသည်။
ဗုဒ္ဓဘာသာကိုအမြတ်တနိုးထားသူတို့ အတွက်
http://www.youtube.com/watch?v=amUE2FTobQM&feature=related&... ရှင်ဆေကိန္ဒ
http://www.youtube.com/watch?v=t1xyA4fv5po&feature=related&...
လူမိုက်တို့သွားရာလမ်း
http://www.youtube.com/watch?v=IYAynaV_yWs&feature=related&...ရှင်ဥာဏိဿရမေတ္တာ
http://www.youtube.com/watch?v=g9lZokbHf-w&feature=related&... မင်္ဂလသုတ်
http://www.youtube.com/watch?v=AU5W6Jux7hE&feature=related&...
ရွှေလင်းယုန်မေတ္တာသုတ်
http://www.youtube.com/watch?v=sZ2k-HnKjWs&feature=related&... ပရိတ်အင်္ဂါ
http://www.youtube.com/watch?v=kcVwWlFcTJY&NR=1 ရွှေလင်းယုန် နှင့်
မေတ္တာ သုတ်တော်များ
http://www.youtube.com/watch?v=dciB_Am6B2s&NR=1 မေတ္တာသုတ် အတ္ထုပ္ပတ္တိ တရားတော်
http://www.peterzawlinn.f2s.com/Payate/UVicitta/UVicittaParittas.htm
ဦးဝိစိတ္တသာရ websites ပရိတ်ကြီး ၁၁ သုတ်အပါအ၀င် အသံတော်+စာသား
http://www.peterzawlinn.f2s.com/Payate/UUttamasara/UUttamasaraParit...
တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး အသံတော်+စာသား
http://www.mogokinsightny.org/ မိုးကုတ်ဆရာတော်ကြီး မူရင်း
နယူးယောက်Website အရှေ့အရပ်ရှိသောအနန္တသတ္တ၀ါတို့... မေတ္တာပို့ auto ပွင့်
http://www.mogokinsightny.org/circle_myanmar/ မိုးကုတ်ဆရာတော်ကြီး
မူရင်း Website မှ ပစ္စသမုပ္ပဒ်လည်ပုံတရားAuto ပွင့်သည်
http://naynaynaing.blogspot.com/2008/05/blog-post.html ပရိတ်ကြီး ၁၁
--
More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge/subscribe?hl=en
With Best Regards,
 admin@meepya
0 comments:
Post a Comment