အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Saturday 11 June 2011

သောင်းပြောင်းထွေလာ ဆေးပညာ

အိပ်ချိန်နည်း​သူများ​ ရက်စက်အနိုင်ကျင့်​တတ်


alt
အိပ်ချိန်နည်း​သူများ​ ရက်စက်အနိုင်ကျင့်​တတ်© dailymail
အိပ်ချိန်နည်း​ပါး​ခြင်း​သည် ရက်စက်အနိုင်ကျင့်​တတ်​သော အကျင့်​စရိုက်နှင့်​ ဆက်စပ်မှု ရှိ​နေ​ကြောင်း​ သု​တေသီများ​က ​ပြောကြား​လိုက်သည်။ 
ကျောင်း ​သား​ က​လေး​ငယ်များ​သည် ​နေ့​စဉ် ၁၀ နာရီနှင့်​ ၁၁ နာရီကြား​ အိပ်စက်ချိန် မရပါက ​ကျောင်း​တွင် စည်း​ကမ်း​လိုက်နာမှု အား​နည်း​ပြီး​ အတန်း​ဖော်များ​အ​ပေါ် ရန်လိုအနိုင်ကျင့်​မှု ပိုများ​ကြောင်း​ အ​မေရိကန် သု​တေသီများ​က ​ပြောကြား​ခဲ့​သည်။
အိပ်စက်ခြင်း ​ဆိုင်ရာ ​ဆေး​ပညာ ဂျာနယ်က မစ်ချီဂန် တက္ကသိုလ်၏ အိပ်ချိန်မမှန်မှုဆိုင်ရာ ​လေ့​လာ​ရေး​စင်တာမှ သု​တေသီများ​၏ ​ဖော်ထုတ်​တွေ့​ရှိချက်ကို အ​သေး​စိတ် ​ဖော်ပြ​ပေး​ခဲ့​သည်။ ယီဆလန်တီရှိ ​ကျောင်း​သား​ငယ်​လေး​များ​၏ အပြုအမူနှင့်​ အိပ်​ရေး​မဝမှု ဆက်စပ်ခြင်း​ ရှိမရှိ သု​တေသနပြု ​လေ့​လာပြီး​နောက် ယခု​တွေ့​ရှိချက်ကို ထုတ်​ဖော်​ကြေညာခဲ့​ခြင်း​ဖြစ်သည်။
ဌာနမှ လက်​ထောက်ပ​ရော်ဖက်ဆာ လူး​ဝစ်အိုဘရိုင်က မိမိတို့​အ​နေနှင့်​ ကျန်း​မာ​ရေး​နှင့်​ ညီညွတ်​သော ​နေထိုင်မှု၊​ စား​သောက်မှု၊​ ​လေ့​ကျင့်​ခန်း​ ပြုလုပ်မှုများ​အတွက် တိုက်တွန်း​ကြောင်း​၊​ ထို့​အပြင် အိပ်စက်မှု အ​နေအထား​၊​ အချိန်မမှန်ခြင်း​ဖြင့်​လည်း​ လူမှုဘဝတွင် အ​နေအထိုင် အကျင့်​အကြံ ​ပြောင်း​လဲသွား​တတ်သည်ကို က​လေး​မိဘများ​ သတိထား​စေလို​ကြောင်း​ ​ပြောကြား​ခဲ့​သည်။
က​လေး​များ​ကို အိပ်ချိန်များ​များ​ အိပ်စက်​စေခြင်း​ဖြင့်​ အနိုင်ကျင့်​ ရန်ပြုတတ်​သော အကျင့်​ဆိုး​ကို ​လျော့​နည်း​စေလိမ့်​မည်ဟု အိုဘရိုင်က သုံး​သပ်​ပြောဆိုသွား​သည်။


သောင်းပြောင်းထွေလာ ဆေးပညာ

ဆေးပညာပေး ဆောင်းပါးရှည်ကြီးများကို အချိန်မရကြ၍ မဖတ်နိုင်သူများအတွက် မှတ်စုတိုထွာများကို စုပေါင်း၍ ဆေးပညာသောင်းပြောင်းထွေလာအဖြစ် ဖော်ပြသွားလိုခြင်း ဖြစ်ပါသည်။ စုဆောင်းတွေ့ရှိသမျှကို တင်ပြအပ်ပါသည်။

သွေးတိုးနှင့် အားကစား---
သွေးပေါင်ချိန် အနည်းငယ်မျှသာ မြင့်တက်သည့် ဆိုးဆိုးရွားရွား မဟုတ်သော သွေးတိုးရောဂါရှင်များသည် လေ့ကျင့်ခန်းပြုလုပ်ရုံဖြင့် အတော်ပင် သက်သာနိုင်ကြောင်း တွေ့ရသည်။ တကြိမ်အားကစား ပြုလုပ်လျှင် မိနစ် ၃ဝ၊ တပတ်လျှင် သုံးကြိမ်ပြုလုပ်ခြင်းဖြင့် ခြောက်လကြာသောအခါ သွေးပေါင်ချိန်ကို ထိန်းထားနိုင်ကြောင်း တွေ့ရသည်။

နစ်ကိုတင်၏ ဆိုးကျိုးတမျိုး---
စီးကရက်တွင်ပါဝင်သော နစ်ကိုတင်း(Nicotine)ဓာတ်သည် နာကျင်မှုကို  သက်သာစေသော အာနိသင်ရှိသည်ကို တွေ့ရသည်။ နစ်ကိုတင်းသည် နာကျင်မှုကို တိုက်ဖျက်ပေးသည့် ဓာတ်များကို ထုတ်ပေးနိုင်ကြောင်း တွေ့ရသည်။ ထို့ကြောင့် ရောဂါတစုံတခု ရှိနေသူများတွင် နာကျင်မှု လျော့နည်းနေပါက ဆရာဝန်များမှာ ရောဂါကို ဆုံးဖြတ်ရ ခက်ခဲတတ်သည်။

ဆေးလိပ်ဖြတ်ရန် နောက်ကျသည်ဟူ၍ မရှိ---
အသက် ၂၅-နှစ်တွင် တနေ့ စီးကရက်တဘူး သောက်သည့် လူငယ်တယောက်သည် ဆေးလိပ်ဖြတ်လိုက်ပါက သူ၏သက်တမ်းတွင် ရှစ်နှစ်ပို၍ နေနိုင်ပြီး အသက် ၆၅-နှစ်အရွယ်တွင် ဆေးလိပ်ဖြတ်လျှင်ပင် နောက်ထပ် သုံးနှစ်ခွဲ ပို၍ ကျန်းမာကြောင်း တွေ့ရသည်။

ခံတွင်းသန့်ဆေးရည် မကြာခဏ သုံးခြင်း---
ယနေ့ခေတ်စားနေသော ခံတွင်းသန့်ဆေးရည်ဖြင့် ပလုတ်ကျင်းခြင်းကို မကြာခဏ သုံးနေသည်ဆိုလျှင် သွားခံတွင်း ဆရာဝန်နှင့် တိုင်ပင်သင့်နေပါပြီ၊ ခံတွင်းသန့်ဆေးရည်သည် ခံတွင်းအတွင်းမှ ပိုးမွှားတို့ကို သေစေသဖြင့် နှစ်ရက် သုံးရက် သုံးပြီးသည့်နောက်ပိုင်း ခံတွင်းနံ့ဆိုးရွားမှု မရှိတော့ပေ။ ဆက်တိုက်သုံးနေသည်ဆိုလျှင် ခံတွင်းသန့်ရှင်းမှု၊ သွားခံတွင်းရောဂါများ၊ ခန္ဓာကိုယ်ရှိ အခြားရောဂါများကို ရှာဖွေရတော့မည် ဖြစ်သည်။

အားကစားလေ့ကျင့်ခန်း၏ သော့ချက် ငါးရပ်---
၁။ တနှစ်ပတ်လုံး လေ့ကျင့်ရမည်။
၂။ တဖြည်းဖြည်း တိုးမြှင့်လေ့ကျင့်ရမည်။
၃။ အရှိန်ကို တဖြည်းဖြည်းသာ တိုးရမည်။
၎။ အားကစားနည်း အပြင်းအပျော့ကို တလှည့်စီ လေ့ကျင့်ရမည်။
၅။ လိုသည်ထက်ပို၍ ပြင်းပြင်းထန်ထန် မပြုလုပ်ရ။

သွေးတက်ခြင်းနှင့် သွေးကျခြင်း---
အောက်ပါအကြောင်းအရာများသည် သွေးပေါင်ချိန်တက်ခြင်း၊ ကျခြင်းကို ဖြစ်ပေါ်စေသည်။
-မိသားစု ပြဿနာများ၊(သွေးပေါင်တက်စေသည်)
-စကားကို ညင်သာစွာ ပြောဆိုခြင်း၊ (သွေးပေါင်ကျစေသည်)
-ဆားလျှော့စားခြင်း၊(သွေးပေါင်ကျစေသည်)
-လှဲနေခြင်း၊(သွေးပေါင်တက်စေသည်)
-ရယ်မောခြင်း၊ (သွေးပေါင်ကျစေသည်)
-ကော်ဖီသောက်ခြင်း၊ (သွေးပေါင်တက်စေသည်)
-ကိုယ်အလေးချိန် ချခြင်း၊(သွေးပေါင်ကျစေသည်)
-ဆေးလိပ်သောက်ခြင်း၊(သွေးပေါင်တက်စေသည်)
-ခွေးကလေး၊ ကြောင်ကလေးများနှင့် ကစားခြင်း၊(သွေးပေါင်ကျစေသည်)

ဆရာဝန်များ ပြောတိုင်း မယုံရ---
တခါတရံ ဆရာဝန်များ၏ ထင်မြင်ယူဆချက်များမှာ မှာယွင်းတတ်သောကြောင့် သူတို့ပြောတိုင်း မယုံရဟူ၍ ပြောရမလိုပင်၊ အမေရိကန်တွင် လေ့လာချက်အရ အာသီးရောင်သဖြင့် အာသီးကိုခွဲစိတ် ထုတ်ပယ်သည့် လူနာများ၏ ၂၇-ရာခိုင်နှုန်းသည် မလိုအပ်ပဲ ပြုလုပ်သော ခွဲစိတ်ခြင်းများ ဖြစ်သည်။ သားအိမ်ထုတ်ခြင်း၏ ၂၁.၅ ရာခိုင်နှုန်း၊ ကျောရိုးခွဲစိတ်ခြင်း၏ ၁၂.၆ ရာခိုင်နှုန်း၊ ဒူးဆစ်ခွဲစိတ်ခြင်း၏ ၈-ရာခိုင်နှုန်းသည် မလိုအပ်ပဲ ပြုလုပ်တတ်ကြသော ခွဲစိတ်ကုသမှုများ ဖြစ်သည်။

ခွဲစိတ်ကုသခြင်းနှင့် ဆေးလိပ်---
ဆေးလိပ်တွင် ပါဝင်သော နစ်ကိုတင်းဓာတ်သည် သွေးစီးကြောင်းအတွင်း သွေးသွားလာမှုကို နှေးကွေးစေကြောင်း တွေ့ရသဖြင့် အနာကျက်နှုန်းကိုလည်း နှေးစေသည်၊ ထို့ကြောင့် ပညာရှင်များက အကြံပေးသည်မှာ မခွဲစိတ်မီ နှစ်ပတ်နှင့် ခွဲစိတ်ပြီး သုံးပတ် ဆေးလိပ်မသောက်ရန် ဖြစ်သည်။

အသန်မာဆုံး အားကစား---
အီတလီတွင် လေ့လာမှုအရ နှလုံး၏ကြွက်သား သန်မာမှုနှင့် အတူတွင် လှေလှော်ကစားသမားများက အသန်မာဆုံးဖြစ်ကြောင်း တွေ့ကြရသည်။ လှေလှော်အားကစားပြီးလျှင် အလေးမ၊ ဘောလုံးနှင့် စက်ဘီးအားကစားသမားများ ရှိကြသည်။

အမဲသားနှင့် ကျန်းမာရေး---
အမေရိကန်နိုင်ငံတွင် ခြောက်နှစ်ကျော် လေ့လာမှုအရ သူနာပြု ၈၈၇၅၁-ယောက်တွင် ၁၅ဝ-သည် အူမကြီးကင်ဆာဖြစ်ကြောင်း တွေ့ကြရသည်။ ယင်းတို့အနက် အမဲသားကို တပတ်လျှင် လေးကြိမ်ထက်ပို၍ စားသူများသည် တပတ်တကြိမ် စားသူများထက် အူမကြီးကင်ဆာ နှစ်ဆပို၍ ပိုဖြစ်ကြောင်း တွေ့ရသည်။

ရင်ဘတ်အောင့်ခြင်းနှင့် နှလုံးရောဂါ---
ရင်ဘတ်လက်ဝဲဘက်ပိုင်းအတွင်းမှ မခံနိုင်လောက်အောင် တင်းကျပ်ပြီး တစုံတခုဖြင့် ဖိခြင်း၊ ဆုပ်ခြင်းခံရသလို အောင့်ပါက နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ပါသည်။ အကယ်၍ စူးရှပြီး တခုခုနှင့် ဆောင့်ထိုးသကဲ့သို့ နာကျင်လျှင်မူ စိုးရိမ်စရာ မရှိပေ။ သို့သော် ရင်ဘတ်အောင့်ခြင်း နှစ်မျိုးလုံးသည် ဆရာဝန်နှင့် တိုင်ပင်ရမည့် ကိစ္စဖြစ်သည်။

နှစ်ထပ်ကွမ်း အန္တရာယ်---
အရက်ကို အလွန်အကျွံသောက်ခြင်းသည်  လည်ချောင်းကင်ဆာ၊ အစာပြွန်ကင်ဆာနှင့် အသည်းကင်ဆာ ကို သုံးဆပို၍ ဖြစ်စေသည်။ အကယ်၍ အရက်နှင့် စီးကရက် တွဲမိပါက ထိုအန္တရာယ်သည် ဆယ်ဆမြင့်တက်လာမည် ဖြစ်သည်။

မျက်စိရောဂါ ကြုံနေပြီလော---
အကယ်၍ စာဖတ်သူသည် အောက်ပါ ပြဿနာများနှင့် ကြုံသော် မျက်စိဆရာဝန်ကို ပြသသင့်ပါသည်။
အမှောင်ခန်းထဲတွင် လုံးဝမမြင်ရလျှင်၊ အဝေးအနီးအာရုံစိုက်ကြည့်ရလျှင်၊ သာမန်အလင်းစူရှခြင်းကို မခံနိုင်လျှင်၊ မျက်နက်ဝန်းအရောင်  ပြောင်းလဲလာလျှင်၊ မကြာခဏ မျက်ဖြူသား နီရဲလျှင်၊ အမြင်အာရုံ ရုတ်တရက် ဝါးသွားလျှင်၊ ပုံရိပ်နှစ်ထပ် မြင်ရလျှင်၊ မျက်လုံးတွင် အဝိုင်းကွက်များ၊ သက်တံ့ရောင်များ မြင်လျှင်။

ကိုယ်အလေးချိန် မည်သို့ ချိန်မည်နည်း---
အကယ်၍ အဝတ်အစား ဝတ်လျက်နဲ့ ကိုယ်အလေးချိန် ချိန်မည်ဆိုလျှင် အဝတ်အစားများ၏ အလေးချိန်ကို မည်သို့နုတ်ပြီး တွက်ချက်မည်နည်း။ လုပ်ငန်းအဝတ်အစား အပြည့်အစုံ၊ ကုတ်အင်္ကျီ (သို့) အပေါ်ရုံ အင်္ကျီ၊ ရှူးဖိနပ်၊ခြေအိတ်၊ ရှပ်အင်္ကျီ၊ ခါးပတ်၊ အတွင်းခံဘောင်းဘီ စသည်တို့ကို ပျမ်းမျှချိန်လျှင် ၅-ပေါင် ၈-အောင်စခန့် နုတ်ရမည်။ 
သာမန်အင်္ကျီအဝတ်အစားဖြင့်ဆိုလျှင် ၃-ပေါင် ၈-အောင်စခန့် နုတ်ရမည်။ 
ကိုယ်အလေးချိန် တိုင်းတာရာတွင် အဝတ်အစား ဗလာကျင်း ချိန်တွယ်ခြင်းသည် အမှန်ဆုံးဖြစ်သည်။

သုံးရက်သာ စောင့်ကြည်ပါ---
အကယ်၍ ခါးကိုက် ခါးနာခြင်းသည် သုံးရက်ခန့် ဆက်တိုက် အနားယူခြင်း၊ ဆေးသောက်ခြင်းတို့ဖြင့် မပျောက်လျှင် ဆရာဝန်ကိုပြရန် လိုအပ်ပြီဖြစ်သည်။ အကိုက်အခဲ ပျောက်ဆေးများကို ဆက်၍ မသောက်သင့်တော့ပေ။
ဦးခေါင်း၏ အရေးကြီးပုံ---
သင်၏ဦးခေါင်းသည် ၁ဝ-ပေါင်မှ ၁၅-ပေါင်ခန့် အလေးချိန်ရှိပါသည်။ ဤဦးခေါင်းကို ထိန်းညှိနေရသည်မှာ လည်ပင်းဖြစ်သောကြောင့် အလိုင်းမင်း(Alignment) မတည့်ပါက လည်ရိုးဆစ်များ၊ ကျောရိုးနှင့် ပခုံးပေါ်တွင် မည်မျှ ဒဏ်ပိမည်ကို စဉ်းစားကြည့်ပါ။ ထို့ကြောင့် ဆရာဝန်များ ရှိစေချင်သော အနေအထားမှာ ဦးခေါင်းကို တည့်တည့်မတ်မတ် ရှိနေစေရန် ဖြစ်သည်။

နှလုံးနှင့် ယောက်ျား---
အမျိုးသားများတွက် နှလုံးသွေးကြောကျဉ်းရောဂါ ရုတ်တရက်ဖောက်ပြီး နှလုံးခုန်ရပ်ခြင်းသည် တနင်္လာနှင့် စနေနေ့များတွင် အများဆုံး တွေ့ရတတ်သည်ဟု ဆိုသည်။ အကြောင်းမှာ အမျိုးသားများသည် ထိုနေ့များတွင် ကြုံတွေ့နေကျမဟုတ်သည့် လုပ်ငန်းအသစ်များကို စီစဉ်ရတတ်သောကြောင့် ဖြစ်သည်။ နှလုံးခုန်ရပ်ခြင်းအဖြစ် အနည်းဆုံးရက်မှာ အင်္ဂါနေ့ဖြစ်ကြောင်း သိရသည်။

ရယ်မောခြင်း---
ရင်ထဲ နှလုံသားထဲမှ ဟက်ဟက်ပက်ပက် ရယ်မောခြင်းသည် အေရိုးဗစ်လေ့ကျင့်ခန်း ပြုလုပ်သကဲ့သို့ပင် နှလုံးခုန်နှုန်းကို မြန်စေကြောင်း တွေ့ရသည်။ အကြိမ် ၁ဝဝ-ရယ်မောခြင်းသည် ၁ဝ-မိနစ်ခန့် လှေလှော်ခြင်းကဲ့သို့ အားကစားလုပ်ခြင်းပင် ဖြစ်သည်။

လေ့ကျင့်ခန်း ပြုလုပ်ဖြစ်အောင်---
အလုပ်အလွန်များသောသူများအတွက် လေ့ကျင့်ခန်းပြုလုပ်ဖြစ်အောင် အလွယ်ဆုံးနည်းလမ်းများမှာ-
၁။သင်၏မော်တော်ကားကို အလုပ်တိုက်နဲ့ မိုင်ဝက်ခန့် အကွာတွင် ပါကင်ထိုး၍ ကျန်ခရီးကို  
    လမ်းလျှောက်ပါ။
၂။ မွေးနေ့ပွဲ ပါတီပွဲများ လူထုအခမ်းအနားများသို့ ဖိတ်တိုင်းသွားပါ။
၃။ အလုပ်တိုက်တွင် ဓာတ်လှေကားအစား ရိုးရိုးလှေကားမှပင် တက်ပါ။
၎။ ညနေစာစားပြီးတိုင်း ရုပ်မြင်သံကြား မကြည့်ဘဲ လမ်းလျှောက်ပါ။

ခံတွင်းနံ့ ကောင်းစေဖို့---
၁။ တနေ့လျှင် ၂-ကြိမ် သွားတိုက်ပါ၊ လျှာကို ဆေးကြောပါ။
၂။ သကြား၊ ကော်ဖီ၊ အရက်များစွာ သုံးစွဲခြင်း ရှောင်ပါ။
၃။ ဆေးလိပ်သောက်တတ်လျှင် ဖြတ်ပါ။

အိမ်တွင်းမှုများ ပြုလုပ်ပါ---
အိမ်မှုကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကယ်လိုရီပမာဏကို လျော့ချနိုင်ကြောင်း တွေ့ရသည်။
၁။ ကြမ်းတိုက်ခြင်း။ ၆-ဒသမ ၈-ကယ်လိုရီ။
၂။ တံမြက်စည်းလှဲခြင်း။ ၃-ဒသမ ၈-ကယ်လိုရီ။
၃။ ပြတင်းမှန် သုပ်ခြင်း။ ၃-ဒသမ ၇-ကယ်လိုရီ။
၎။ အဝတ်လျှော်ခြင်း။ ၇-ကယ်လိုရီ။

အဝလွန်သည့်အချိန်---
အသက် ၂၅-နှစ်နှင့် ၃၄-နှစ်အတွင်း ကာလသည် အခြားအသက်အရွယ်များထက် အဝလွန်ခြင်း ပို၍ဖြစ်တတ်ကြသည်။ အဆိုပါ ၁ဝ-နှစ်အတွင်း မည်သူမဆို မူလကထက် ငါးပေါင်မှ ခုနစ်ပေါင်အထိ အနည်းဆုံးပို၍ တိုးလာနိုင်သည်။

ဆရာဝန်ကို ပြသင့်သည့် အချိန်---
အောက်ပါရောဂါလက္ခဏာများမှ အနည်းဆုံး ၂-ခု သင်၏ခန္ဓာကိုယ်တွင် တွေ့ရှိခဲ့သော် ဆရာဝန်ကို ပြသသင့်ပါသည်။
၁။ အစားအသောက် စားပုံ မူမမှန်ခြင်း။
၂။ အိပ်ချိန် မမှန်ခြင်း။
၃။ အစာမကြေ လေပြွခြင်း။
၎။ စိတ်ရှုပ်ထွေးနေခြင်း။
၅။ သွေးပေါင်ချိန် တက်ခြင်း။
၆။ အရက်၊ ဆေးလိပ်၊ မူလကထက် ပို၍ သောက်ခြင်း။

အစာမရှိဘဲ သောက်သင့်သော ဆေးများ---
အောက်ပါဆေးများကို အစာမရှိလျှင်လည်း သောက်သုံးနိုင်သည်။ ပါရာစီတမောလ်၊ အမ်ပီဆီလင်၊ အီရီသရိုမိုင်စင်၊ အမ်အိုအမ်(MOM) ပင်နီဆီလင် ဂျီအင်စီ၊ တက်ထရာဆိုက်ကလင်း။

အပြေးလေ့ကျင့်လျှင်---
မာကျောသော မျက်နှာပြင်ပေါ်တွင် အပြေးလေ့ကျင့်ပါက ခါးရိုးဆစ်များ နာကျင်တတ်သည်၊ ထို့ကြောင့် မျက်ခင်း၊ မြေပြင်၊ သဲပြင်ပေါ်တွင်သာ ပြေးပါ။ လမ်းပေါ်တွင်သာ ပြေးရလျှင် တကြိမ်တည်း တာဝေးပြေးခြင်းထက် တာတိုအကြိမ်များစွာ ပြေးပါ။ 

လည်ပင်းနာခြင်း သက်သာစေရန်---
လည်ရိုးဆစ်များသည် မကြာခဏ အန္တရာယ်ဖြစ်တတ်ကြသည်၊ လည်ဆစ်များ နာကျင်လျှင် 
၁။ ရေခဲကပ်ပါ။ သုံးနာရီကြာ တကြိမ်ကပ်ပါ၊ အအေးဓာတ်ကြောင့် ကြွက်သားများ တောင့်တင်းနေခြင်း 
    ပြေလျော့စေသည်၊ အရောင်ကျစေသည်။
၂။ အကိုက်အခဲပျောက်ဆေး သောက်ပါ။
    အက်စပရင် (သို့) ပါရာစီတမောလ် လေးနာရီခြား တကြိမ် သုံးရက်အထိ သောက်နိုင်ပါသည်။
၃။ အနားယူပါ။ အကောင်းဆုံးကုသနည်းမှာ လဲလျောင်းနေပြီး လည်ပင်းကို အနားပေးပါ၊ ခေါင်းအုံးမြင့်မြင့်  မသုံးရ၊ ပုဆိုးခေါက်၊ မျက်နှာသုတ်ပဝါကို ခေါက်၍ လည်ပင်းအောက်တွင် လျှိုသွင်းပြီး လည်ရိုးဆစ်များကို  ဖြောင့်မတ်အောင် ခုခံထားပါ။
၎-လေးကျင့်ခန်း ပြုလုပ်ပါ။
လည်ပင်းလေ့ကျင့်ခန်း နှစ်မျိုး ပြုလုပ်ကြရမည်။
၎။ လေ့ကျင့်ခန်း ပြုလုပ်ပါ။

လည်ပင်လေ့ကျင့်ခန်း နှစ်မျိုး ပြုလုပ်ကြရမည်။ 
၁။ မေးစေ့ကို ရှေ့သို့တွန်းခြင်း၊ နောက်သို့ဆုတ်ခြင်းကို အံဆွဲ အသွင်းအထုတ် ပြုလုပ်သကဲ့သို့ လုပ်ရမည်။
၂။ ခုခံအားကို ဆန့်ကျင်တွန်းရမည်။ ဘယ်ညာ ရှေ့နောက် ဦးခေါင်းကို လက်ဖြင့် တွန်းထား၍ ထိုအင်အားကိုခုခံပြီး ဦးခေါင်းဖြင့် ပြန်တွန်းပါ။ လည်ပင်းကြွက်သားများကို ပြေလျော့စေပါသည်။ 

ဆားလျှော့စားနည်း---
သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ စသည်တို့ကြောင့် ဆရာဝန်က ဆားလျှော့စားခိုင်းလျှင် အဆင်သင့် ပြုလုပ်ထားသော သံဘူးများ၊ ပါကင်ထုပ် အစားအစာများကို ရှောင်ရမည်။ ဆားပို၍ စားမိခြင်း၊ ၇၇-ရာခိုင်နှုန်းသည် အသင့်ထုပ်ပိုးထားသော အစားအသောက်များကြောင့် ဖြစ်ရသည်။ ထမင်းစားပွဲမှ ဆားဘူကို သုံးမိခြင်းသည် ၆-ရာခိုင်နှုန်းနှင့် ဟင်းထဲတွင် ထည့်ချက်ခြင်းသည် ၅-ရာခိုင်နှုန်းသာ တိုးစေသည်။ သဘာဝသစ်သီး၊ အသားငါးတို့တွင် ၁၂-ရာခိုင်နှုန်း ဆိုဒီယမ် ပါဝင်သည်။

နံနက်စာ စားရန် အရေးကြီးသည်---
အမေရိကန်တွင် ၆၅-ရာခိုင်နှုန်းသည် နံနက်စာကိုစားရန် ကြိုးစားနေကြသည်။ တပတ်လျှင် ၅-ရက် နံနက်စာ စားခြင်းဖြင့် ၂၉-ရာခိုင်နှုန်းသည် နံနက်ပိုင်း သကြားစားသုံးခြင်း လျှော့ချနိုင်ပြီး အသီးအရွက် အမျှင်စားသူပေါင်း ၂၆-ရာခိုင်နှုန်း ရှိလာသည်။ သရေစာများအစား ထမင်းနှင့်ဟင်းသည် ပို၍ သင့်တော်သည်။

မော်ဦး (ဆေး-၂)


မိမိကိုယ်ကို ဂရုစိုက်ပေးခြင်းဖြင့် ခေါင်းကိုက်ခြင်းကို သက်သာအောင် ပြုလုပ်နည်း

လူတိုင်းလိုလို တခါတရံ ခေါင်းကိုက်ခြင်းကို ကြုံဖူးကြပေမည်။ သို့သော် မကြာခဏ ခေါင်းကိုက်ခြင်းမျိုး ဖြစ်နေပါက မိမိ၏ တနေ့တာလုပ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေပါသည်။ လွယ်လင့်တကူ ၀ယ်သောက်နိုင်သည့် အကိုက်အခဲပျောက်ဆေးများ ရှိသော်လည်း ဖြစ်နိုင်ပါက ဆေးမသုံးဘဲ ခေါင်းကိုက်မှုသက်သာအောင် လုပ်ဆောင်နိုင်မည့်နည်းတခုမှာ မိမိကိုယ်ကို ကောင်းစွာဂရုစိုက်ပေးခြင်း ဖြစ်ပါသည်။ အောက်ပါအချက်များကို လိုက်နာကျင့်သုံးခြင်းဖြင့် မိမိကိုယ်ကို ဂရုစိုက်ပေးပါ။  

ကျန်းမာရေးနှင့် ညီညွတ်မည့် နေထိုင်စားသောက်မှုစနစ်ကို ရွေးချယ်ကျင့်သုံးပါ။
ဤကဲ့သို့ ကျင့်သုံးပါက ခေါင်းကိုက်ခြင်း ပြင်ထန်းမှုနှင့် ခေါင်ကိုက်သည့် အကြိမ်အရေအတွက်ကိုပါ လျော့ကျစေပါသည်။ အောက်ပါ အခြေခံအချက်များကို ကြိုးစားကျင့်သုံးပါ။
* ကျန်းမာရေးနှင့် ညီအောင် စားသောက်ရန်
အစာကို နပ်မှန်အောင် စားပါ။ အစာလွတ်သွားသည်မှာ မကောင်းပါ။ အထူးသဖြင့် နံနက်စာကို စားဖြစ်အောင် စားပါ။

* ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ရန်
ကိုယ်လက်လေ့ကျင့်ခန်း လှုပ်ရှားမှုများပြုနေစဉ် ခန္ဓာကိုယ်တွင်းမှ ထွက်လာမည့် ဓာတုပစ္စည်း (Chemicals) အချို့သည် ဦးနှောက်မှ လက်ခံမည့် နာကျင်မှုဝေဒနာ ခံစားမှုကို ဖြတ်တောက်ပေးပါသည်။ မိမိဆရာဝန်မှ ခွင့်ပြုလျှင် မိမိနှစ်သက်သည့် မည်သည့်အားကစားတခုခုကိုမဆို ပြုလုပ်နိုင်ပါသည်။ လမ်းလျှောက်ခြင်း၊  စက်ဘီးစီးခြင်း၊ ရေကူးခြင်းများ လုပ်နိုင်လျှင်လည်း ကောင်းပါသည်။ သို့သော် ဖြည်းဖြည်းနှင့် မှန်မှန်စတင်ရန် အရေးကြီးသည်။

* အိပ်ရေး၀၀ အိပ်ရန်
ညအိပ်ရာဝင်ချိန်နှင့် နံနက်အိပ်ရာထချိန်မှာ မှန်မှန် ဖြစ်သင့်သည်။ ရုံးပိတ်ရက်များ၊ အားလပ်ရက်များ  ဖြစ်သည့်တိုင် အချိန်မှန်မှန် အိပ်၊ ထသင့်သည်၊ အိပ်ရာမ၀င်မီ ကိုယ်စိတ်နှစ်ပါးစလုံး လျှော့ထားပါ။ အိပ်ရာတွင်းဝင်ပြီး ၁၅-မိနစ်ခန့်တွင် အိပ်မပျော်သေးပါက ပြန်ထပြီး စာဖတ်ခြင်း သို့မဟုတ်-တခုခုကို  ငိုက်မျဉ်းစေလာမည့် အချိန်ထိ လုပ်ပါ။ ကဖင်း သို့မဟုတ်-စိတ်ကို နိုးကြွစေသည့်ဓာတ်ပါသောဆေးများနှင့် ခေါင်းကိုက်ပျောက်ဆေးအချို့မှာ အိပ်ရေးကို အနှောင့်အယှက် ဖြစ်စေသည်ကို သတိပြုပါ။

* ကဖင်းဓာတ် အများအပြား သုံးစွဲခြင်းကို ရှောင်ရန်
တခါတရံ ကဖင်းဓာတ်က ခေါင်းကိုက်မှုကို ထိန်းပေး၍ သက်သာစေရန် ကူညီပေးပါသည်။ သို့ဖြစ်၍ အချို့သော ခေါင်းကိုက်ပျောက်ဆေးများတွင် ကဖင်းဓာတ်ပါတတ်သည်။ သို့သော် နေ့စဉ် ကဖင်းဓာတ်များစွာ (၆၀၀-မီလီဂရမ်၊ ကော်ဖီ ၄-၇ ခွက်ထိ) သောက်သုံးမည်ဆိုပါက ခေါင်းကိုက်ခြင်း၊ စိတ်ဆတ်ခြင်းများကို ဖြစ်စေပါသည်။


စိတ်ဖိစီးမှုနည်းအောင် မိမိကိုယ်ကို ထိန်းပါ
စိတ်ဖိစီးမှုများခြင်းနှင့်  ခေါင်းကိုက်ခြင်းတွဲလျက် ရှိတတ်ပါသည်။ သို့ဖြစ်၍ အောက်ပါနည်းများဖြင့် စိတ်ဖိစီးမှုနည်းအောင် ကြိုးစားကြည့်ပါ။
* ဘ၀ရှင်သန် ရပ်တည်ရန် ကိစ္စများဆောင်ရွက်ရာ၌ အေးဆေးစွာ လုပ်ဆောင်ရန်
ဥပမာ တရက်တာအတွင်း မနိုင်မနင်းဖြစ်စေမည့် လုပ်ဆောင်မှုများကို ဖျစ်ညှစ်လုပ်ဆောင်မည့်အစား မိမိလုပ်ဆောင်နိုင်မည့် အတိုင်းအတာတခုတွင် အရေးကြီးသည့် ကိစ္စများကို ဦးစားပေးဆောင်ရွက်ရန်။ မလုပ်လျှင်ရသေးသည့် ကိစ္စများကို ခေတ္တထားပြီး နောက်ရက်များတွင် ဆောင်ရွက်ရန်။

* အချိန်ကို ဉာဏ်နှင့်ယှဉ်၍ အသုံးပြုရန်
အိမ်တွင်ဖြစ်စေ၊ လုပ်ငန်းခွင်တွင်ဖြစ်စေ နေ့စဉ် တနေ့တာလုပ်ဆောင်ရမည့်ကိစ္စများကို ကြိုတင်သံုးသပ်၍ ကိုယ်စားလုပ်နိုင်သည့်ကိစ္စဖြစ်က အခြားသူကို လုပ်ဆောင်စေရန်၊ လုပ်ငန်းစီမံချက်အကြီးစားများကို ကိုင်တွယ်နေသူဖြစ်က ခွဲခြမ်းစိတ်ဖြာ၍ စီမံလုပ်ဆောင်နိုင်မည့် အခြေအနေအတွင်း တဆင့်ပြီးမှတဆင့် လုပ်ဆောင်ရန်။

* ခေတ္တအနားယူချိန်ပေးရန်
အလုပ်လုပ်ချိန်တွင် ပင်ပန်းနွမ်းနယ်လာသည်ဟု ထင်ပါက ခေတ္တနား၍ ဖြည်းဖြည်းအကြောဆန့်ပေးခြင်း သို့မဟုတ်-ခပ်သွက်သွက် လမ်းလျှောက်ပေးခြင်းကို အချိန်အနည်းငယ်မျှ လုပ်ပေးခြင်းဖြင့် မိမိ၏ လုပ်နိုင်စွမ်းအင်ကို ပြန်လည်အားဖြည့်ရန်။

* မိမိ၏ ခံယူချက်စရိုက်ကို ထိန်းညှိရန်
အကောင်းဘက်မှ ကြည့်တတ်သည့်စိတ်ကို မွေးရန်။
ဥပမာ-ကိစ္စတခုကို စွမ်းဆောင်ရန် မဖြစ်နိုင်ဟု တွေးမည့်အစား ဤကိစ္စမှာ အတော်လေးခက်ခဲသော်လည်း အဆင်ပြေအောင် လုပ်နိုင်မည်ဟု တွေးရန်။

* မလုပ်နိုင်သည့်ကိစ္စကို ထားလိုက်ရန်
မိမိ မထိန်းနိုင်၊ မလုပ်နိုင်သည့်ကိစ္စတရပ်အတွက် စိတ်သောက မရောက်ပါစေနှင့်၊ ဤအတိုင်း လျစ်လှူရှုလိုက်ပါ။

ကြွက်သားများ တောင့်တင်းမှုကို လျှော့ချပါ---
ပခုံး၊ လည်ပင်းကြွက်သားများ တောင့်တင်းနေခြင်းသည် ခေါင်းကိုက်မှုကို အစပျိုးပေးနိုင်ပါသည်။ သို့ဖြစ်၍ ကြွက်သားများ တောင့်တင်းသည်ဟုထင်ပါက အပူ သို့မဟုတ်-အအေးကို ပခုံး သို့မဟုတ်  ဇက်ပေါ် တင်ပေးနိုင်ပါသည်။ ရေနွေးအိတ် သို့မဟုတ်-ပုလင်း သို့မဟုတ်-ရေနွေးဖတ် အသုံးပြု၍ သို့မဟုတ်-ရေနွေးနွေးဖြင့် ရေချိုးခြင်း ပြုလုပ်နိုင်ပါသည်။ အအေးသုံးမည်ဆိုပါက ရေခဲတုံးများကို ပလတ်စတစ် အိတ်တွင်းထည့်၍ ပ၀ါဖြင့်ထုပ်ကာ အသုံးပြုနိုင်ပါသည်။

နည်းသယ်၊ ခေါင်းခွံ၊ ဇက်နှင့် ပခုံးကို ကိုယ်တိုင် သို့မဟုတ်-အခြားသူတဦးအား အကူအညီတောင်း၍ နှိပ်ပေးခြင်းဖြင့် အကြောလျော့စေပါသည်။

ကိုယ်စိတ်နှစ်ပါး လျှော့ပြီး အနားယူပါ---
တနေ့တာ အလုပ်လုပ်ပြီးချိန်တွင် ကိုယ်စိတ်လျှော့ချနိုင်ရန် အချိန်ပေးပါ။ အသက်ပြင်းပြင်းရှူသည့် လေ့ကျင့်ခန်းကို ကြိုးစားလုပ်ကြည့်ပါ။ ပက်လက်လှန် အိပ်လျက် အနေအထားဖြစ်စေ၊ ထိုင်လျက်အနေအထား ဖြစ်စေ လက်နှစ်ဖက်ကို ၀မ်းဗိုက်နှင့် ရင်ဘတ်ပေါ်တွင်ထားပြီး ၀င်သက်၊ ထွက်သက်ပြုစဉ် ရင်ဘတ်နှင့် ၀မ်းဗိုက်ဖောင်းခြင်း၊ ပိန်ခြင်းကို တရားမှတ်သကဲ့သို့ မှတ်ပြီး ၁၀-ကြိမ်ခန့်ပြုပါ။ ဤသို့ပြုခြင်းကလည်း ကြွက်သားတောင့်တင်းခြင်းကို လျော့စေပါသည်။ ပြီးက ၂-၃ မိနစ်ခန့် ငြိမ်ငြိမ်လေးထိုင်ပါ။

ခေါင်းကိုက်မှုကို နေ့စဉ် မှတ်တမ်းလုပ်ထားပါ---
နေ့စဉ် မှတ်တမ်းရေးခြင်းဖြင့် မည်သည့်အကြောင်းအရာက မိမိ၏ ခေါင်းကိုက်ခြင်းကို အစပြုသည်ကိုသိရန် အထောက်အကူပြုပါသည်။ ခေါင်းစကိုက်သည်နှင့် စတင်မှတ်သားရန်၊ ထိုအချိန်တွင် မိမိဘာလုပ်နေသည်၊ အချိန်မည်မျှကြာသည်၊ မည်သည့်နည်းဖြင့် သက်သာသွားသည် စသဖြင့် ရေးမှတ်ထားပါ။ ထိုသို့ ရေးထားခြင်းဖြင့် မိမိ နေ့စဉ် လှုပ်ရှားနေရခိုက် ခေါင်းကိုက်မှုကို အစပြုပေးသော အခြေအနေပုံစံကို သတိထားမိပေမည်။ ထို့ပြင် ပြောင်းလဲပြီးသည့်နောက် မည်သို့ အကျိုးကျေးဇူးရရှိလာသည်ကို မှတ်သားထားသင့်ပါသည်။

ရှန်ရှန် (ဂျီပီ)
(အာရောဂျံ )



အပြေး လေ့ကျင့်ခန်း၏ အံ့ဩဖွယ် အကျိုးကျေးဇူးများ

Photo


၁။ အလေးချိန် ကျစေခြင်း
အပြေး လေ့ကျင့်တာဟာ အချိန် တစ်မိနစ်မှာ ကယ်လိုရီများစွာကို လောင်ကျွမ်းစေနိုင်ပါတယ်။ ခန္ဓာကိုယ်က အဆီများစွာ ကျစေဖို့ အကောင်းဆုံး လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ် တစ်ခုလုံးကို လှုပ်ရှားရုန်းကန် နေရတာကြောင့်လို့ ဆိုပါတယ်။
၂။ ရိုးဆစ် သန်မာစေခြင်း
ကြွက်သားနဲ့ ရိုးဆစ်တွေ ပျက်စီးဆုံးရှုံးမှုကို နှေးကွေးစေတဲ့ အာနိသင် ရစေပါတယ်။ ပန်းခြံ ဒါမှမဟုတ် လမ်းသွယ်တွေထဲမှာ အမြဲ အပြေး လေ့ကျင့်ပေးတာဟာ ကြွက်သားနဲ့ အရိုးတွေကို သန်မာစေပြီး အရိုးပါး ရောဂါကို ကာကွယ်နိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။
၃။ sex ကို ကောင်းစေခြင်း
Harvard တက္ကသိုလ်မှ လေ့လာချက်အရ အပြေးလေ့ကျင့်တဲ့ အမျိုးသမီးတွေရော အမျိုးသားတွေမှာပါ ရုပ်ပိုင်းဆိုင်ရာ တက်ကြွမှုတွေ အမြဲ ရှိနေတတ်ပြီး သွေးလည်ပတ်မှုလည်း ကောင်းမွန်လာတယ်လို့ ဆိုပါတယ်။
၎။ သွေးဖိအားကို ကျစေခြင်း
အပြေး လေ့ကျင့်ချိန်မှာ သင့်ခန္ဓာကိုယ် အနှံ့ကို ရောက်ရှိတဲ့ နှလုံးမှ သွေးလွှတ်ကြောတွေရဲ့ လုပ်ဆောင်ချက်က ပိုမို မြန်ဆန် ကောင်းမွန်နေတာကြောင့် ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ရရှိစေကာ သွေးပေါင်တက်သူတွေ အနေနဲ့ လေ့ကျင့်သင့်တဲ့ ပုံမှန် လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။
၅။ အဆုတ်ကို ကျန်းမာစေခြင်း
ပြေးနေတဲ့ အချိန်မှာ သာမန်ထက် ပိုပြီး အားစိုက်ကာ အသက်ရှူရတာကြောင့် အဆုတ်ကို ပုံမှန်ထက်ပိုပြီး ၅၀ ရာခိုင်နှုန်းလောက် အသုံးပြုရလို့ အဆုတ်ရဲ့ လုပ်ဆောင်ချက် ပိုပြီး ကောင်းမွန်စေပါတယ်။ ဆေးလိပ်သောက်တတ်သူတွေ လေ့ကျင့်သင့်တဲ့ အားကစားပဲ ဖြစ်ပါတယ်။
၆။ မှတ်ဉာဏ်ကောင်းစေခြင်း
ပုံမှန် အပြေးလေ့ကျင့်ခန်း လုပ်သူတွေဟာ သာမန် မလုပ်သူတွေထက် ရုပ်ပိုင်းရော၊ စိတ်ပိုင်းဆိုင်ရာပါ နုပျိုကြပြီး မှတ်ဉာဏ်လည်း ပိုကောင်းတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တစ်နေ့ကို အေရိုးဗစ် လေ့ကျင့်ခန်း ၂၅ မိနစ်လောက် ပြုလုပ်ရင်လည်း ပြေးတာလိုပဲ အကျိုး ရှိစေပါတယ်။ နေ့စဉ် ပျော်ရွှင်ရတဲ့ ဘဝနေထိုင်မှု ပုံစံကြောင့် စိတ်ကျရောဂါ လုံးဝ မဖြစ်နိုင်တော့တဲ့အထိ အကျိုးရှိစေပါတယ်။
၈။ သွေးလည်ပတ်မှု ကောင်းစေခြင်း  
သင့်နှလုံးနဲ့ အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေ အတွက် အပြေးလေ့ကျင့်တာဟာ အကောင်းဆုံး ထောက်ပံ့ပေးတဲ့ အားကစားပဲ ဖြစ်တာကြောင့် ပုံမှန် သွေးလည်ပတ်မှု ရှိစေကာ ခန္ဓာကိုယ်ကို ကျန်းမာနေစေပါတယ်။
၉။ ကိုလက်စထရော ကျစေခြင်း
ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရော ဖြစ်တဲ့ LDL ကိုလက်စထရောကို လျော့ကျစေတာကြောင့် နှလုံးရောဂါနဲ့ ရုတ်တရက် နှလုံး တိုက်ခိုက်ခံရမှုကို ကာကွယ်ပေးနိုင်ပါတယ်။
၁၀။ အပေါင်းအသင်း တိုးစေခြင်း  
သင့်လိုပဲ ကျန်းမာရေး လိုက်စားတဲ့ မိတ်ဆွေတွေနဲ့ တွေ့ဆုံနိုင်ပြီး ပိုမို ကောင်းမွန်တဲ့ ကျန်းမာရေး အသိပညာတွေ ရရှိစေကာ မိတ်ဆွေ အပေါင်းအသင်းလည်း တိုးစေပါတယ်။
Note - အပြေး လေ့ကျင့်ခန်းကို အပြင်ပတ်ဝန်းကျင်နဲ့ ပြေးစက်ပေါ်မှာလည်း လေ့ကျင့်နိုင်ပါတယ်။ အပြေးလေ့ကျင့်မှုကို နှလုံးရောဂါနဲ့ တခြား ကျန်းမာရေး ပြဿနာတွေ ရှိရင် ဆရာဝန်နဲ့ အရင် တိုင်ပင်သင့်ပါတယ်။ အပြေး လေ့ကျင့်ရင်း သင့်ခန္ဓာကိုယ်မှ ခံစားမှု တစ်စုံတစ်ရာ ရှိရင် လေ့ကျင့်မှုကို ရပ်ပြီး ဆရာဝန်နဲ့ တိုင်ပင်ပါ။
သဲသဲ

ဆရာဝန်များ သတိပေးလေ့ရှိသော ကျန်းမာရေး အလေ့အထဆိုးများ

Photo


ကျန်းမာရေးအတွက် မကောင်းတဲ့ အလေ့အထတွေအနက် ဆရာဝန် ကိုးဦးရှိရင် ရှစ်ဦးက -
၁) ဆေးလိပ်သောက်တာ

၂) တာရှည် ဒေါသထွက်တာ၊ စိတ်ဖိစီးမှုများတာ ဒါမှမဟုတ် ပူပင်သောကများတာ

၃) အိမ်နဲ့ အလုပ်မှာ ဒါမှမဟုတ် အိမ်ထောင်ရေးမှာ အဆင်မပြေတာ ဆိုတဲ့ အချက်သုံးခုက ကျန်းမာရေးကို သိသိသာသာ ထိခိုက်စေနိုင် တယ်လို့ ဆိုထားပါတယ်။
-နံပါတ်တစ်အချက်ဖြစ်တဲ့ ဆေးလိပ်သောက်တာဟာ အသက်အန္တရာယ်က ထိခိုက်စေနိုင်တာ အမှန်ပါပဲ။ ဆေးလိပ်မီးခိုးငွေ့ဟာ အဆုတ်ကင်ဆာ အန္တရာယ် ရှိရုံသာမက နှလုံးရောဂါ ထစေနိုင်တဲ့ အန္တရာယ်လည်း များပါတယ်။ ဆေးလိပ်သောက်တာကြောင့် အဆုတ်ပွ ပန်းနာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီအချက်သုံးချက်အပြင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နောက်ထပ် အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၎) ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အထမရှိတာ၊

၅) အရက်ကို သောက်နိုင်တဲ့ အတိုင်းအတာထက် ပိုသောက်တာ၊

၆) တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူရှိုက်တာ၊

၇) ညတိုင်းလိုလို အိပ်ပျော်အောင် အိပ်ဆေးသောက်တာ၊

၈) နေ့တိုင်း သကြားကဲတဲ့ အရည်တွေနဲ့ သကြားများတဲ့ မုန့်တွေကို စားတာ၊

၉) ကယ်လိုရီ၊ အဆီ၊ ဆား စတာတွေ များတဲ့ အဆင့်သင့်စာတွေ အစားများတာ၊

၁ဝ) နံနက်စာ မစားဘဲ နေတာ၊

၁၁) သွားနဲ့ ခံတွင်း ကျန်းမာရေးကို အလေးမထားတာ၊ (သွားကို ဂရုမစိုက်တာဟာ သွားဖုံးရောဂါကို ဖြစ်စေပြီး အဲဒါနဲ့ ဆက်စပ်ကာ တာရှည် ရောင်ရမ်းပြီး ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါတို့ကို ဖြစ်လာစေနိုင်ပါတယ်။)

၁၂) အကြွေးများများ တင်တာ၊

၁၃) ကော်ဖီများများ သောက်တာ၊

၁၄) စိတ်ဖိစီးမှု များလောက်အောင် ဘေးပတ်ဝန်းကျင်က တွန်းအားပေးနေတာ၊

၁၅) အားလပ်ရက် အပန်းဖြေခရီး မသွားတာ (ဆရာဝန် ကိုးဦးအနက် ခြောက်ဦးက ယူဆတာ ဖြစ်ပါတယ်။)

၁၆) အလုပ်စွဲနေတာဟာလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ (ဆရာဝန် ကိုးဦးအနက် ခုနစ်ဦးက ယူဆတာ ဖြစ်ပါ တယ်။)                                                                

ဇွန် (Ref;RD)

အစားမလျှော့ဘဲ ကိုယ်အလေးချိန်ကျစေမည့် နည်းလမ်းများ

အစားအသောက်ကို အလွန်အမင်းလျှော့စရာမလိုဘဲ ကိုယ်အလေးချိန်လျော့ကျလိုပါ သလား။ အစားအသောက်မလျှော့ဘဲ ဝိတ်ကျချင်သူတွေအတွက် ဘဝနေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားစေမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက် ပါတယ်။
၁။ အိပ်ရေးဝဝအိပ်ပါ
မီချီဂန်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ တစ်ညမှာ တစ်နာရီပိုအိပ်တာနဲ့ တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၄ ပေါင် ကျဆင်းသွားကြောင်း သိရပါတယ်။ အိပ်ရေးဝခြင်းစာ ဆာလောင် စိတ်ကို အထိုက်အလျောက် တားဆီးပေးနိုင်တာကြောင့် ဖြစ်ပါတယ်။
၂။ အိမ်မှာ စားပါ
အိမ်မှာ ချက်ထားတဲ့ အစားအစာတွေကို တစ်ပတ်မှာ အနည်းဆုံး ငါးရက်စားသူတွေ ဟာ ခန္ဓာကိုယ် သွယ်လျတတ်ကြပါတယ်။ ဒါဟာ ဆိုင်တွေမှာ ချက်ပြုတ်တဲ့ အစားအ သောက်အများစုဟာ ကျန်းမာရေးနဲ့ မညီ ညွတ်တဲ့ အဆီပါဝင်မှုများတာကြောင့်ပါ။
၃။ အစားကို ဖြည်းဖြည်းချင်းဝါးစားပါ
အစားအသောက်တစ်နပ်စားချိန်ကို မိနစ် ၂၀ ကြာအချိန်ပေးပါ။ အစာစားတဲ့အခါ ဖြည်း ဖြည်းချင်း ကြေညက်အောင် ဝါးစားပေးရင် ခန္ဓကိုယ်ကနေ မကြာခင်မှာပဲ ဗိုက်ပြည့် ကြောင်း အချက်ပြပါလိမ့်မည်။ အစားအ သောက်ကို အမြန်စားရင်တော့ ဗိုက်ပြည့် ကြောင်း အချက်ပြသံကို သတိမထားမိဘဲ အလွန်အကျွံစားဖြစ်သွားပါတယ်။
၎။ ဟင်းသီးဟင်းရွက် များများစားပါ
အစာတစ်နပ်စားတိုင်း ဟင်းသီးဟင်းရွက် သုံးမျိုးပါအောင်စားပါ။ အားအသောက်ကို များများစားရမှ ကျေနပ်တတ်သူတွေအနေနဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံကို များများ စားပေးလိုက်တာဟာ စိတ်ကျေနပ်မှု ရစေ သလို ကိုယ်အလေးချိန်ကိုလည်း လျော့ကျ စေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီး အနှံထဲမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်သာ အဓိကပါဝင်ပြီး ကယ်လိုရီပါဝင်မှု နည်းပါးတာ ကြောင့်ပါ။
၅။ ကောက်နှံတစ်လုံးနဲ့ ပြုလုပ်ထားတဲ့ အစာစားပါ
ဆန်လုံးညို၊ ဘာလီ၊ အုတ်ဂျုံ၊ အညိုရောင် ပေါင်မုန့်စတာတွေဟာ ဝိတ်လျှော့လိုသူတို့ အတွက် အသင့်တော်ဆုံးပါပဲ။ အကြောင်း ကတော့ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစားအသောက်တွေဟာ ကယ်လိုရီပါဝင်မှု နည်းပြီး ခန္ဓကိုယ်ထဲမှာ ကောင်းတဲ့ ကိုလက်စထရော မြင့်တက်စေတာကြောင့်ပါ။
၆။ ဝက်ပေါင်ခြောက် ရှောင်ပါ
နံနက်စာစားတဲ့အခါနဲ့ ဆင်းဒဝစ်ရှ် စားတဲ့ အခါ ဝက်ပေါင်ခြောက်မစားပါနဲ့။ ဝက်ပေါင် ခြောက်နှစ်ချောင်းမှာ ကယ်လိုရီ ၁၀၀ လောက် ပါဝင်တဲ့အတွက် တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၀ ပေါင် တက်လာနိုင်ပါ တယ်။ ဟမ်ဘာဂါ ဒါမှမဟုတ် ဆင်းဒဝစ်ရှ် စားတဲ့အခါ ဟင်းသီးဟင်းရွက် ပါဝင်တာ ကိုသာ ရွေးစားပါ။
၇။ သကြားမစားရပါ
အချိုရည်အစား ရေပြောင်းသောက်လိုက်ရင် သကြားလက်ဖက်စားဇွန်း ၁၀ဇွန်းလောက် ရှောင်ရှားရာ ရောက်ပါတယ်။ သကြားဟာ ကိုယ်အလေးချိန်တက်စေတဲ့အပြင် စိတ်ကိုပါ ထိုင်းမှိုင်းညစ်နွမ်းသွားစေပါတယ်။
၈။ အယ်လ်ကိုဟော ပမာဏ ကန့်သတ်ပါ
အရက်ပါတဲ့ လူမှုရေးဝိုင်းတွေသွားတဲ့အခါ ကော့တေး၊ ဘီယာ၊ ဝိုင်၊ အရက် စတာ တွေကို အရင်ဆုံး လက်လှမ်းမယ့် အစား ရေကို အရင်ဆုံးသောက်ပါ။ အရက်သောက် မိသွားတဲ့အခါ အရက်ကြောင့် ကယ်လိုရီရရှိ စေတဲ့အပြင် အာဟာရတန်ဖိုးနည်းတဲ့ အစား အသောက်တွေကိုပါ မဆင်ခြင်ဘဲ စားမိသွားစေနိုင်ပါတယ်။
၉။ လက်ဖက်စိမ်းလက်ဖက်ရည် သောက်ပါ
လက်ဖက်စိမ်းလက်ဖက်ရည်သောက်တာဟာ ကိုယ်အလေးချိန် လျော့ကျ စေမယ့် နည်းလမ်း ကောင်းတစ်ခုပါပဲ။ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ခန္ဓာကိုယ်ရဲ့ ကယ်လိုရီ လောင်ကျွမ်းစေတဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အား ကောင်းစေတာကြောင့်ပါ။ လက်ဖက်စိမ်း လက်ဖက်ရည် ပမာဏအနည်းငယ်သောက် ရင်တောင် စိတ်ကို လန်းဆန်းသွားစေနိုင် ပါတယ်။
၁၀။ ယောဂကျင့်ပါ
ယောဂကျင့်တဲ့ အမျိုးသမီးတွေဟာ ယောဂ မကျင့်သူတွေထက် ကိုယ်အလေးချိန် လျော့ နည်းကြကြောင်း အမေရိကန်အာဟာရ အဖွဲ့ အစည်းက ဆိုပါတယ်။ အကြောင်းကတော့ ယောဂကျင့်သူတွေဟာ အစားအသောက်ကို အလွန်အကြူးစားတတ်တဲ့ အကျင့်မရှိကြ တာကြောင့်ပါ။ ယောဂကျင့်တာကြောင့် စိတ်ညစ်ငြိမ်အေးချမ်းနေတဲ့အတွက် အစားအသောက်ကိုလည်း သင့်တင့်တဲ့ ပမာဏသာ စားသောက်လေ့ရှိတာဖြစ်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။
၁၁။ သကြားမပါသော ပီကေဝါးပါ
သကြားမပါတဲ့ ပီကေဝါးတာဟာ သရေစာစားချင်စိတ် လျော့နည်းစေပါတယ်။ တီဗီကြည့် ရင်း ဒါမှမဟုတ် အင်တာနက်သုံးရင်း ညစာစားပါက သရေစာစားချင်စိတ် ပြင်းပြနေနိုင် ပါတယ်။ သကြားမပါဘဲ အနံ့မွေးတဲ့ ပီကေဝါးပေးရင် တခြားသရေစာတွေ စားချင်စိတ် လျော့သွားနိုင်ပါတယ်။
၁၂။ တစ်နေ့မှာ ကယ်လိုရီ ၁၀၀ လောင်ကျွမ်းအောင်လုပ်ပါ
အစားမလျှော့ဘဲ တစ်နှစ်မှာ ကိုယ်အလေး ချိန် ၁၀ ပေါင် ကျချင်ရင် တစ်နေ့မှာ ကယ်လိုရီ ၁၀၀ ကျဖို့အတွက် မိနစ် ၂၀ကြာ တစ်မိုင်လမ်းလျှောက်ခြင်း၊ မိနစ် ၂၀ကြာ ဥယျာဉ်စိုက်ပျိုးခြင်း၊ မိနစ် ၃၀ကြာ အိမ်သန့် ရှင်းရေးလုပ်ခြင်း၊ ၁၀မိနစ်ကြာ လမ်းအမြန် လျှောက်ခြင်း စတဲ့ နှစ်သက်ရာ လှုပ်ရှားမှုတစ်ခုလုပ်ဆောင်ပါ။
၁၃။ အသားမပါတဲ့ အာဟာရကို မကြာခဏစားပါ
သက်သက်လွတ်စားတာဟာ ကိုယ်အလေးချိန်သွယ်လျစေကြောင်း Web MD သုတေသန အရ သိရပါတယ်။ ပျမ်းမျှအားဖြင့် သက်သတ်လွတ်စားသူတွေဟာ အသားစားသူတွေထက် ၂၀ ရာခိုင်နှုန်းကိုယ်အလေးချိန် လျော့ကျနေတတ်ပါတယ်။ ပဲနီလေးစွပ်ပြုတ်၊ ပဲအမျိုးမျိုး ပါတဲ့ ဟင်းလျာတွေဟာ အမျှင်ဓာတ်ပါဝင်ပြီး အာဟာရဓာတ်ရရှိစေကာ ခန္ဓာကိုယ်သွယ်လျ ကျန်းမာစေပါတယ်။
Ref : Good Health

သွေးအားနည်းလျှင်

သွေးအားနည်းခြင်းဆိုသည်မှာ သွေးအတွင်း ဟေမိုဂလိုဘင်ရှိသင့်သည့် ပမာဏထက် နည်းနေခြင်းကို ဆိုလိုပါသည်။ သွေးအားနည်းစေနိုင်သော အကြောင်းများ အမျိုးမျိုး ရှိနိုင်ပါသည်။
ဥပမာ - လုံလောက်သော အာဟာရပြည့်ဝစွာ မစားခြင်း၊ အမျိုးသမီးများတွင် ရာသီသွေး များခြင်း၊ ကိုင်းသမား၊ လယ်သမားတွင် သန်ချိတ်ကောင် (Hook worm) ရှိနေခြင်း၊ သွေးမကြာခဏ ထွက်တတ်သော လိပ်ခေါင်းရှိသူ စသဖြင့် အကြောင်းများစွာ ဖြစ်နိုင် ပါသည်။
သွေးအားနည်းပါက အချို့သောသူများတွင် အစပိုင်း၌ ရောဂါလက္ခဏာ မပြသော်လည်း အောက်ပါလက္ခဏာများ ရှိခဲ့သော် သွေးအားနည်းခြင်း ရှိ၊ မရှိကို သိရန် သွေးစစ်ဆေး သင့်ပါသည်။
လက္ခဏာများမှာ
- အလွယ်တကူ ပင်ပန်းလွယ်ခြင်း
- မောပန်းနွမ်းနယ်ခြင်း (တိကျသော အကြောင်းတစ်စုံတစ်ရာမရှိဘဲ)
- အသားအရေ ဖြူဖျော့လာခြင်း
- ရင်တုန်ခြင်း
- အသက်ရှုမဝခြင်း
- မူးဝေခြင်းအပြင် ဆံပင်ပိုမိုကျွတ်လာခြင်း၊ နေထိုင်ရသည်မှာ မကောင်းခြင်းနှင့် နှလုံးရောဂါ ရှိသူများရောဂါအခြေအနေ ပိုဆိုးရွားလာခြင်းတို့ ဖြစ်ပါသည်။
Ref : Good Health

သင့်ရဲ့ ကျန်းမာရေး အပေါ် ထိခိုက်မှု ရှိတဲ့ နေရာ (၉)ခု

သင့်ရဲ့ နေရာဒေသနဲ့ ဆိုင်တဲ့ အမူအကျင့် တစ်ခုချင်းစီဟာ သင့်ရဲ့ ကျန်းမာရေးအပေါ် ရောင်ပြန်ဟပ် သက်ရောက်မှု ရှိတာ အသေအချာ မှန်ကန်ပါတယ်။ ဘာမှ အန္တရာယ် မရှိလောက်ပါဘူးလို့ ထင်ရတဲ့ အမူအကျင့် အသေးအဖွဲလေး တွေကနေ ကြီးမားတဲ့ ကျန်းမာရေး ပြဿနာတွေ တစ်ခါတစ်လေ ကြုံကြရတတ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေး သုတေသီများ လေ့လာ စုစည်း ဖော်ပြထားတဲ့ ကျန်းမာရေးကို ထိခိုက်မှန်း မသိ ထိခိုက်စေသော အမူအကျင့် (၉)ချက်ကို မက်ဖန် ပရိသတ်များ ဆင်ခြင်ဖွယ်ရာ ဖော်ပြပေးလိုက်ပါတယ်။

(၁) သင့်ရဲ့ သွားပွတ်တံကို ထားရန် အဆိုးဆုံးနေရာ - ရေချိုးခန်းထဲက လက်ဆေးဇလုံ
လက်ဆေးဇလုံ တစ်ခုပေါ်မှာ ဘက်တီးရီးယားများဟာ တစ်လက်မ ပတ်လည် ဧရိယာလေး မှာတောင် ပျမ်းမျှ အကောင်ရေ ၃.၂သန်း လောက် အထိ ရှိနေနိုင်တာကို တွေ့ရပါတယ်။ ဒီပိုးမွှားတွေဟာ အချိန်နဲ့အမျှ ပေါက်ပွားနေကြတာ ဖြစ်ပြီး သင့်ရဲ့ သွားပွတ်တံကို သင်က ယူတိုက်လိုက်၊ လက်ဆေးဇလုံ မျက်နှာပြင်ပေါ် ပြီးစလွယ် ပြန်ထားလိုက် လုပ်နေသမျှ အကြိမ်တိုင်းမှာ သူတို့ဟာ သင့်ပါးစပ်ထဲကို ဗီဇာမပါဘဲ ၀င်ရောက်လာနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်သွားပွတ်တံကို ထားဖို့ အကောင်းဆုံး နေရာကတော့ အလုံပိတ် အဖုံးပါတဲ့ ဘူးတစ်မျိုးမျိုး ဖြစ်ပါတယ်။ (အဆင်သင့် ထည့်စရာ ဘူးပါတဲ့ သွားတိုက်တံမျိုးကို ဒါကြောင့် ထုတ်ကြတာ ဖြစ်ပါတယ်။ လူတွေက ထည့်ရမှာ ပျင်းတဲ့အတွက် ကြာရင် ဘူးက အလကား ဖြစ်သွားတာ များလို့ သွားတိုက်တံ တံဆိပ်တိုင်းက လိုက်မထုတ်ကြတာ ဖြစ်ပါတယ်)


(၂) ဖိနပ်များနှင့် ခြေနင်းပစ္စည်း များကို ထားရန် အဆိုးဆုံးနေရာ - အိပ်ခန်း
ဖိနပ်တွေနဲ့ မြေမှာ ထိတွေ့တဲ့ စကိတ် စတဲ့ပစ္စည်းတွေဟာ ညစ်ပတ်တဲ့ အရာတွေနဲ့ ဓာတ်မတည့်ခြင်း ဖြစ်စေတဲ့ အရာ (allergens) တွေကို တွယ်ကပ် သယ်ဆောင် လာတတ်ကြောင်း သင်သိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေကို အိပ်ခန်းထဲကို ယူလာရင် သင့်ရဲ့ အခန်းထဲကနေ သင့်ကိုယ်ထဲကို ၀င်ရောက်လာကာ ရေရှည်မှာ ကျန်းမာရေး ဆုတ်ယုတ် လာနိုင်တာမို့ ဖိနပ်များကို အခန်းဝမှာသာ ချွတ်ခဲ့ပါ လို့ အကြံပြုပါတယ်။

(၃) အိပ်မောကျရန် အဆိုးဆုံး နေရာ - စောင်ပုံအောက်
နွေးနွေးထွေးထွေး အိပ်စက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အထောက်အကူ ပြုနိုင်ပေမယ့် စောင်ထူထူတွေနဲ့ ခေါင်းမြီးခြုံ အိပ်စက်ခြင်းဟာ ဦးနှောက်တွင်း ကာဗွန်ဒိုင်အောက်ဆိုက် စုစည်းမှုကို အားပေးလို့ ကြာလာရင် ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေမှာ ဖြစ်ပါတယ်။

ပိုဆိုးတာက အိပ်ရာထဲက စောင်တစ်ထည်ဆိုတာ ဘယ်လောက်ပဲ သန့်အောင် လျှော်ထားပါစေ၊ လျှော်ပြီး ရက်နည်းနည်း ကြာလာတာနဲ့ လေထုထဲက ဖုံမှုန့် အညစ်ကြေးမှုန့် မျိုးစုံကို စုစည်းလက်ခံထားလို့ ခေါင်းမြီးခြုံ အိပ်စက်ခြင်းဟာ သင့်ရဲ့ အသက်ရှုလမ်းကြောင်း ထဲကို ဒါတွေ အလွယ်တကူ ၀င်စေပါတယ်။
နောက်ထပ် ကျန်းမာရေးပညာရှင်တွေ ညွှန်ပြထားတဲ့ အချက်တစ်ချက်ကတော့ စောင်ခြုံအိပ်နေစဉ်မှာ ကိုယ်တွင်း အပူစီးဆင်းရွေ့လျားမှု ညီညွတ်စေဖို့ ခြေထောက်နှစ်ဖက်ကို ခြေကျင်းဝတ်လောက် ကနေ ဖော်အိပ်သင့်တယ်လို့ ဆိုပါတယ်။


(၄) ချက်ပြီးပြီးချင်း ဟင်းတွေ ထားဖို့ အဆိုးဆုံးနေရာ - ရေခဲသေတ္တာ
မီးဖိုပေါ်က ချချချင်း ဟင်းတွေကို ရေခဲသေတ္တာထဲ တန်းထည့်ပြီး သိမ်းဆည်းခြင်း (သို့) အအေးခံခြင်းဟာ လုံးဝ မလုပ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ အရမ်းပူနေတဲ့ ဟင်းတွေ အရမ်းအေးတဲ့ လေထုနဲ့ ရုတ်တရက် ထိတွေ့ မိခြင်းဟာ ပုံမှန်အအေးခံသလို ညီညီညာညာ အေးမြသွားတာ မဟုတ်ဘဲနဲ့ ဟင်းထဲမှာ အပူအအေး မညီမျှတဲ့ အတွက် အစာအဆိပ်သင့် တဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ အသက်အရွယ် ကြီးရင့်သူတွေနဲ့ ကလေးငယ်တွေမှာ ၀မ်းဗိုက်ဥပဒ် ဖြစ်တတ်ပါတယ်။

ဒါကြောင့် မီးဖိုပေါ်က ချပြီး အနည်းဆုံး တစ်နာရီလောက် ကြာပြီးမှ ရေခဲသေတ္တာထဲ ထည့်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါမှမဟုတ် အလျင်စလို ရေခဲသေတ္တာထဲ ထည့်ချင်တယ် ဆိုလည်း ပန်းကန်တွေ အများကြီးထဲ ခွဲထည့်ပြီး အအေးခံတဲ့ နည်းကို အရင်သုံးပြီးမှ ထည့်သင့်ပါတယ်။


(၅) လေယာဉ်စီးလျှင် အဆိုးဆုံး ထိုင်ခုံနေရာ - လေယာဉ်နောက်ပိုင်း ထိုင်ခုံ
လေယာဉ်ရဲ့ အမြီးဟာ တုန်ခါဆုံး အပိုင်း ဖြစ်လို့ စီးနင်းသူအပေါ် (အထူးသဖြင့် သူများထက် ပိုပြီး မူးမော်တတ်တဲ့ သူဆိုရင်) ခေါင်းနောက်ခြင်း၊ လေယာဉ်တောက်ခြင်း၊ အကြောတက် ဇက်ထိုးခြင်းတွေ ခံစားရဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဒီဆောင်းပါးကို အခု ဖတ်လိုက်လို့ သင်သိသွားပြီ ဆိုတော့ လေယာဉ်လက်မှတ်ဝယ်ရင် အတောင်ပံနဲ့ အနီးဆုံး ခုံများကို ရွေးဝယ်ပါ။ အတောင်ပံနဲ့ အနီးဆုံး ခုံတွေဟာ စီးနင်းလိုက်ပါသူတွေ အပေါ် လေယာဉ်ရဲ့ သက်ရောက်မှု အနည်းဆုံး ဖြစ်ပါသတဲ့။

(၆) ခရီးဆောင်အိတ် ထဲက ပစ္စည်းတွေကို အထုတ်အသွင်း ပြုလုပ် ပြင်ဆင်ရန် အဆိုးဆုံးနေရာ - ထမင်းစား စားပွဲနှင့် မီးဖိုခန်းကြမ်းပြင်
အထက်ပါ နေရာတွေရဲ့ မျက်နှာပြင် တစ်စတုရန်း လက်မလောက်မှာတောင် ဘက်တီးရီးယား ကောင်ရေ တစ်သိန်းလောက် ရှိနေတာ တွေ့ရပါတယ်။ ဒါကြောင့် သင့်ရဲ့ ပစ္စည်းတွေကို အိတ်ထဲက ထုတ်ပြီး ပြင်ဆင် ထည့်သွင်း ချင်တယ်ဆိုရင် အစားအသောက်တွေ ပြင်ဆင် စားသုံးတဲ့ မီးဖိုချောင်နဲ့ ထမင်းစား စားပွဲပေါ်က လွဲလို့ တခြား နေရာတွေမှာ လုပ်ပါ။


(၇) အများသုံး ရေချိုးခန်း အိမ်သာ သုံးလျှင် အဆိုးဆုံးနေရာ - အလယ်ပိုင်းအခန်းများ
ခရီးတွေ ဘာတွေ ထွက်လို့ အများသုံး ရေချိုးခန်း၊ အိမ်သာ တွေကို မဖြစ်မနေသုံးရမယ် ဆိုရင် အစွန်ဆုံး အခန်း နှစ်ခန်းကိုပဲ သုံးသင့်ပါတယ်တဲ့။ ဘာလို့လဲ ဆိုတော့ အများသုံး အခန်းတွေ တန်းစီရှိနေရင် အလယ်ဘက်က အခန်းတွေက အစွန် နှစ်ခန်းထက် ရောဂါပိုး အရေအတွက် နှစ်ဆလောက် ပိုမိုပေါက်ပွား တည်ရှိ နေလို့ပါပဲ။

(၈) ဆေးများ သိမ်းဆည်းရန် အဆိုးဆုံးနေရာ - ဗီရို
ဆေးတော်တော်များများဟာ အပူချိန် မြင့်မြင့်မှာ အာနိသင် ပျက်တတ်တာ သဘာဝပါ။ မိမိတို့ အိမ်မှာ ရှိတဲ့ ဗီရိုဟာ အပူချိန် ထိန်းညှိတဲ့ စနစ်မပါတဲ့ အတွက် ပိတ်ထားရင် အထဲမှာ ဆေးတွေအတွက် သတ်မှတ်ထားတဲ့ အပူချိန်ထက် တော်တော်များ နေတတ်ပါတယ်။ မိသားစုသောက်ဖို့ ဆေးတွေကို ဒီလို သိုလှောင် သိမ်းဆည်းထားပြီး လိုတဲ့အချိန်မှာ ထုတ်သုံးချင်တယ် ဆိုရင် အေးမြပြီး ခြောက်သွေ့တဲ့ နေရာမှာ ရွေးချယ် သိမ်းဆည်း သင့်ပါတယ်။


(၉) နားကြပ်နှင့် သီချင်းနားထောင်ရန် အဆိုးဆုံးနေရာ - လေယာဉ်၊ ရထားနှင့် မြေအောက်ရထား
အကယ်၍ သင်ဟာ အထက်ပါ ယာဉ်တွေကို စီးနင်းသွားရင် ဆူညံသံတွေကြား ရောက်နေတဲ့ အတွက် နားကြပ် အသံ (volume) ကို ကျယ်ကျယ်မြှင့်ပြီး နားထောင်မိမှာ သေချာပါတယ်။

--
--

More info : http://groups.google.com/group/myanmar-daily-info-

0 comments:

Post a Comment