မနေ့ကမြင်တဲ့ စာ
အဆင်မပြေချင်တော့လဲ
ခြစ်နေကျ မီးခြစ်လေးကတောင်
မီးမတောက်ချင်ဘူး …
ချစ်သူကလဲ အားပေးရှာတယ်
စိတ်ကုန်နေတာ အတော်ကြာပြီ … တဲ့ …
နားရွက်ဖြတ်ပြီး လက်ဆောင်မပေးတတ်သလို
သူများနားရွက်ကိုလဲ မကိုက်ဖြတ်တတ်လို့
ငါ ကလဲ ကမ္ဘာမကျော်ခဲ့ဘူး …
အသိဥာဏ်တွေ တိမ်းပါးကုန်တယ်ထင်ရဲ့ …
မူလတန်း သင်္ချာတစ်ပုဒ်ကလဲ
ငါ့အတွက် ခက်ခဲနေပြန်ရော …
တည်ညိမ်းကို
အဟောင်းကို … သစ်ခြင်းနဲ့ ပြန်ဟောင်းခြင်း
ကျွန်တော်လဲ တားတော့တားတယ် …
မှောင်လွန်းတဲ့ညတွေနဲ့
မိုးသည်းလွန်းတဲ့ညတွေ …
… ရပ်တန့်ဖို့ …
စံပယ်တွေ ဖူးနေတုန်းမို့ပါ …
ရက်အကန့်အသတ်နဲ့ပြောရရင်
ကျွန်တော့်တစ်သက် … ခင်ဗျားတစ်သက် …
… ကြာချင်လဲကြာမယ် …
လက်ဆုတ်လက်ကိုင်ပြရရင်
စံပယ်ဦးမှာ
ပွင့်တော့မယ်ဆိုတဲ့ သန္ဓေဖူးတွေ
ဝတ်မှုန်တောင်မကူးရပဲ
တကိုယ်ရေတကာရ
…. ရူးတုန်း ….
အဝေးမှာတော့မြင်နိုင်တယ်လေ …
နှင်းရိုက်ထားတဲ့မှန်ချပ်တွေ …
နောက်ဆုံးတော့လဲ …
အောင်…လံ…ထူ…စစ်…သူ…ကြီး…ပွဲ…
…. …. …. …. ….
…. …. …. …. ….
…. လွဲတယ် ….
တည်ညိမ်းကို
rated [?] by 2 people |
Panoramio
ဘယ်တော့မှမပြောင်းလဲဘူး …
ငါ ဆန့်ထုတ်လိုက်တဲ့လက်ထဲမှာ
မျှော်လင့်ချက်တစ်ခု … ပါစေချင်တယ် …
ဟိုးအဝေးမှာပဲ လင်းမနေနဲ့ပေါ့ …
ငါ့အနားကိုမှ ဖြာကျရင်
… မင်း …
လိပ်ပြာသန့်သင့်ပါတယ် နေရောင်ခြည် …
ဒိုင်ယာရီမှာရေးတော့
ဘောလ်ပင်က မှင်ကုန်လို့ …
အပြင်မှာ ကြည့်တော့လဲ
မိုးတွေသဲလို့ …
ဘယ်တော့မှမပြောင်းလဲပါဘူး …
အလင်းကိုကွယ်နိုင်တာဆိုလို့
မင်းပဲရှိတယ် အရိပ်ရယ် …
ငါ့အလင်းကိုလဲကာကွယ်ပါ …
မလိုအပ်ပဲ စူးရှနေလို့ …
အမှောင်မှာလင်းတော့လဲ
… … မြင်တယ် … …
ဆူးတွေကိုတော့မနှုတ်နဲ့ …
ငါ … နာကျင်ခြင်း ကို တီးခေါက်တုန်း …
အလျဉ်းသင့်လို့ပွင့်လိုက်တာ
မွှေးမြနိုင်မယ်လို့တော့ မထင်ဘူး …
ညှိုးသွားရင် မခူးနဲ့ …
ဘယ်တော့မှမပြောင်းလဲပါဘူး …
အေးစက်ခဲ့ဖူးမယ် …
ဆောင်းခိုတုန်းကလဲဖြစ်ချင်ဖြစ်မယ် …
နွေရာသီရောက်လို့မှ ပိတောက်မပွင့်ရင်
( မင်းသိပါလိမ့်မယ် )
ငါတို့ရိုင်းတော့မယ် …
ဆက်သွားချင်ရင် သွားကြတာပေါ့ …
ဟောဟိုနားက လောင်စာဆိုင်က
… ဈေးချိုတယ် …
ဘယ်တော့မှ မပြောင်းလဲပါဘူး …
ရှေ့နားမှာတော့ လမ်းဆုံရောက်ပြီ … …
တည်ညိမ်းကို
… … … တရား …
အမှောင်ထဲမှာ
မီးထွန်ုးရှာတယ် …
…. အဲဒီအရာကို …
တွေ့မယ့်တွေ့တော့လဲ …
… လူအားလုံးရှေ့မှာ …
မီးခွက်ကို တသိမ့်သိမ့်မှုတ်တယ် …
ကန့်လန့်ကာနဲ့ … သူ့ကိုယ်သူ ကာတယ် …
ဘ၀ဆိုတာ …
ကျက်ခါစ ရေနွေးလို … ဆူတယ် …
ဆူး အပေါ်မှာ …
နှင်းဆီရှိတယ် … …
တည်ညိမ်းကို
rated [?] by 1 person |
အစိမ်းချုပ်
အဲဒီလိုပဲလေ …
နွေကတော့ သူ့ဟာသူကုန်ဆုံးခဲ့တာ …
သစ်ပင်တွေသာ
နွမ်းလိုနွမ်းလိုနွမ်း …
ခြောက်လိုခြောက် …
ကောက်ကြောင်းသိပ်မလှတော့
နွေပန်းချီ မဆွဲချင်ဘူး …
ဖြစ်ချင်တာဖြစ် …
ငါချစ်တဲ့ နှင်းဆီကိုပဲ
စုတ်တံထဲထည့်မယ် …
ဆူးအပြိုင်းအရိုင်းနဲ့
သွေးထွက်သံယို လှပစေ …
ဘာတွေတွေးနေပါသလဲ …
မင်းကြိုက်တဲ့ သီချင်းတွေ
ရေဒီယိုကမလွှင့်တာ
… ကြာခဲ့ပေါ့ …
ငါ့ကိုပဲ ဖြန့်ခင်းကြည့်လိုက် …
မင်းလွှတ်ချခဲ့တဲ့ နှလုံးသားတစ်ခုပြုတ်ကျသံကြားရမယ် …
အမှတ်မရှိတဲ့ကောင်ပေါ့ …
မိုးသံလေသံကြားတိုင်း …
သူ့ကဗျာကိုယ်သူ ထီးအမှတ်နဲ့
ချစ်သူ့ဆံနွယ်ထက်မှာ
(တခုတ်တရ)
ဖြန့်မိုးပေးချင်တုန်း …
အားလုံးကတော့ကောင်းကောင်းမွန်မွန်ပါပဲ …
ကွဲနေတဲ့ ဖန်ပြတင်းစတွေကလွဲရင်ပေါ့ … …
တည်ညိမ်းကို
1 comments:
Thanks Bro for Share.
T Nyein Ko
htuntnyeinkohtun@gmail.com
Post a Comment