အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Sunday 12 June 2011

အင်တာနကပေါ်မှဘာသာပြန်ဟာသများ၁

တွေးတွေးပြီး ရယ်



(၁)
တစ်နေ့မှာ မနက်စာဆိုင်တစ်ဆိုင်ထဲ လူသုံးယောက်ဝင်လာပြီး မနက်စာမှာတယ်။

ပထမဧည့်သည်----- ကြက်ဥဟတ်ဘွိုင်တစ်လုံး အနှစ်မယူဘူး!

ဂျီးများတဲ့ဧည့်သည်အသံကြားတော့ ဆိုင်ရှင်စိတ်နည်းနည်း ထောင့်သွားပြီး စိတ်ထဲမှာလည်း "ဟင်း.. ဒီလို ဂျီးများတဲ့လူလည်း ရှိသေးတယ်"လို့ တွေးမိတယ်။

ဒုတိယဧည့်သည်---- ကြက်ဥဟတ်ဘွိုင်တစ်လုံး အကာမယူဘူး!

ဧည့်သည်အသံကြားတော့ ဆိုင်ရှင်စိတ်တိုသွားတယ်။
"တောက်... ဒီခေတ်လူငယ်တွေ တော်တော်ဂျီးများပါလား!"

အဲလိုနဲ့ ဆိုင်ရှင်ဟာ ဒေါသထွက်ထွက်နဲ့ တတိယဧည့်သည်ကို မေးတယ်။
"ဟေး... မင်းကရော.. ဘာယူမှာလဲ!"

တတိယဧည့်သည်က ကြောက်အားလန့်အားနဲ့ "ကျ.. ကျ.. ကျွန်တော်အတွက်... ကြက်.. ကြက်ဥဟတ်ဘွိုင်တစ်လုံး အခွံမယူဘူး" လို့ ဖြေလိုက်တယ်။

(၂)
ဂျင်မီနဲ့လူစီရဲ့ မင်္ဂလာဦးည....

ရေချိုးခန်းထဲမှာ လူစီရေချိုးနေတယ်။ ဂျင်မီက အဝတ်အစားတွေလဲရင်း "သူ့ကိုငါ ဘယ်လိုပြောရမလဲ! ငါ့ခြေထောက်က ကမ္ဘာပေါ်မှာအနံဆုံးဆိုတာကို ငါရဲ့သတိုးသမီးကို ငါဘယ်လိုပြောပြရင် ကောင်းမလဲ?" လို့တွေးနေတယ်။

အဲဒီနောက် ဂျင်မီက ခြေအိတ်ကိုချွတ်ပြီး ကုတင်အောက် ပစ်ထည့်လိုက်တယ်။

အဲဒီအချိန်မှာ ရေချိုးခန်းထဲက လူစီထွက်လာတယ်။ လူစီကို မျက်နှာချင်းမဆိုင်ရဲတဲ့ဂျင်မီဟာ ရေချိုးခန်းထဲ ပြေးဝင်သွားတယ်။ အဲဒီမှာ လူစီကလည်း ကုတင်ခြေရင်းမှာထိုင်ပြီး "သူ့ကို ငါဘယ်လိုပြောပြရမလဲ? ငါ့ပါးစပ်က ကမ္ဘာပေါ်မှာ အနံ့အဆိုးဆုံးဆိုတာကို ငါရဲ့သတိုးသားကို ငါဘယ်လို ပြောပြရင်ကောင်းမလဲ" လို့ တွေးနေတယ်။

အဲဒီမှာ ရေချိုးခန်းထဲကနေ ဂျင်မီထွက်လာတယ်။ လူစီကပြေးပြီး ဂျင်မီကိုတစ်ချက်နမ်းလိုက်တယ်။ ပြီးတော့... "နင့်ကို ငါပြောစရာရှိတယ် ဂျင်မီရယ်" လို့ဆိုတော့ ဂျင်မီက လက်ကာပြီးပြောလိုက်တယ်။

"ငါ သိတယ် .. ငါသိတယ်.. နင် ငါ့ခြေအိတ်ကိုစားလိုက်တယ်ဆိုတာ ငါသိတယ်" ဟူတည်း။


အားလုံးပြုံးရယ်ဖို့ ဖတ်မိတာလေး ဘာသာပြန်မျှဝေပါတယ်....

နိုင်းနိုင်းစနေ

Share/Bookmark

Wednesday, June 01, 2011


တွေးတွေးပြီး ရယ်



တစ်ခါက ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ အမျိုးသမီး၎ဦးဆုံတော့ ကိုယ့်အကြောင်း သူ့အကြောင်း စကားစမြည်ပြောကြတယ်။ ပြောရင်းပြောရင်း ကိုယ့်သားသမီးအကြောင်းရောက်တော့...

ပထမ အမျိုးသမီးက " ကျွန်မသားက Priest (ဘုန်းတော်ကြီး)လေ။ ဟောခန်းထဲဝင်တာနဲ့ လူတွေက သူ့ကို "Father" လို့ခေါ်ကြတယ်"လို့ပြောတယ်။

အဲဒီမှာ ဒုတိယအမျိုးသမီးကလည်း အားကျမခံ "ကျွန်မသားက Bishop(ဂိုဏ်းချုပ်)လေ။ ဟောခန်းထဲဝင်တာနဲ့ လူတွေက သူ့ကို " Your Grace" လို့ ခေါ်ကြတယ်"

တတိယအမျိုးသမီးကလည်း အားကျမခံ "ကျွန်မသားက Cardinal (ဝတ်ရုံနီဘုန်းတော်ကြီး)လေ။ ဟောခန်းထဲဝင်တာနဲ့ လူတွေက သူ့ကို "Your Eminence" လို့ ခေါ်ကြတယ်"

အမျိုးသမီးသုံးဦးရဲ့စကားကိုနားထောင်ပြီး စတုတ္ထအမျိုးသမီးက "ကျွန်မသားက အရပ်၆ပေကျော်မြင့်တယ်၊ ရင်ဘတ်နှစ်ဘက်မှာ ကြွက်သားနဲ့၊ တင်ကောက်ကောက်၊ တောင့်တောင့် ခန့်ခန့်ချောချောပဲ။ ဟောခန်းထဲ သူဝင်တာနဲ့ ရှိသမျှမိန်းကလေးတွေက "Oh! My God" လို့ အော်ကြတယ်" လို့ ဖြေးဖြေးသာသာ ပြောလိုက်ပါတယ်။

အားလုံးပြုံးရယ်ဖို့ ဖတ်မိတာလေး ဘာသာပြန်မျှဝေပါတယ်...

နိုင်းနိုင်းစနေ

Share/Bookmark

Friday, May 06, 2011


တွေးတွေးပြီးရယ်



အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန် ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမှာ ထောင်ထားတဲ့ဆိုင်းပုဒ်ကို အမြန်ယူပြီး ကွယ်ပေးလိုက်တယ်။ ဆိုင်းပုဒ်ပေါ်မှာရေးထားတဲ့ "အန္တရာယ်ရှိသည်။ အနက် ၂မီတာ ကျွမ်းကျင်သူများသာ" ဆိုတဲ့စာကြောင့် လူတွေပြုံးစိစိဖြစ်ကုန်ကြတယ်။ ဒါကိုအမေတွေ့တော့ ဆိုင်းပုဒ်ကို တစ်ဖက်အမြန်လှည့်လိုက်တယ်။ ဆိုင်းပုဒ်နောက်မှာ ရေးထားတာက "အမျိုးသားသီးသန့်၊ အထဲမဝင်ခင် အကျီင်္ချွတ်ပါ" ဆိုတာဖြစ်တယ်။

ကယောင်ကတမ်းနဲ့အမေ နောက်ဆိုင်းပုဒ်တစ်ခုယူပြီး သမီးကိုကွယ်ပေးလိုက်တယ်။ ဆိုင်းပုဒ်ပေါ်က "လူကြီး ၁ဝဝ၊ ကလေး ၅ဝ၊ အယောက်၂ဝအထက် အထူးလျော့ဈေး" ဆိုတဲ့စာကြောင့် လူတွေ ရယ်ကျဲကျဲဖြစ်ကုန်ကြတယ်။ နောက်ဆိုင်းပုဒ်တစ်ခုကို အမေ ယူလိုက်တယ်။ အဲဒီဆိုင်းပုဒ်ကြောင့် အမေ မူးလဲမတတ်ဖြစ်သွားတယ်။ ဆိုင်းပုဒ်ပေါ်ရေးထားတာက "မနက်၉နာရီမှ ည၁ဝနာရီထိ၊ အများသုံးနေရာဖြစ်သောကြောင့် သန့်ရှင်းမှုကို ဦးစားပေးပါ" ဆိုတာကြောင့်ဖြစ်တယ်။

လူတွေ ရယ်ကျဲကျဲဖြစ်ကုန်တာကြောင့် အမေ နောက်ဆိုင်းပုဒ်တစ်ခုကို ယူလိုက်ပြန်တယ်။ ဒီဆိုင်းပုဒ်ကြောင့် အမေမူးလဲသွားတယ်။ လူတွေ ဝါးလုံးကွဲရယ်ကြတော့တယ်။ ဆိုင်းပုဒ်ပေါ်မှာ ရေးထားတာက "အမွေးအမျှင်များ ပိတ်ဆို့မှုမဖြစ်စေရန်၊ နောက်လူများ အသုံးပြုအဆင်ပြေစေရန်၊ အသုံးပြုနေစဉ်အတွင်း ဦးထုပ်ဆောင်းပါ" ဆိုတာပဲဖြစ်တယ်။

ပေါ့ပေါ့ပါးပါး ရယ်ရုံသက်သက်မျှသာ.. ဖတ်ဖူးတာကို ဘာသာပြန်မျှဝေပါသည်။

နိုင်းနိုင်းစနေ

Share/Bookmark

Saturday, April 23, 2011


တွေးတွေးပြီးရယ်



ဂျပန်ငလျင်ကြောင့် နျူကလီးယား ဓါတ်ပေါင်းဖိုပေါက်ကွဲတော့ တရုတ်ပြည်နေရာအများမှာ "ဆား"လုပွဲဖြစ်ခဲ့တယ်။ ဆားထဲပါတဲ့ အိုင်အိုဒင်းဓာတ်က နျူကလီးယားအန္တရာယ်ကို ကာကွယ်ပေးနိုင်တယ်ဆိုလို့ဖြစ်တယ်။ ဆားလုပွဲအကြောင်းကို တရုတ်ပြည်သူတချို့က လှောင်ပြောင်ရှုတ်ချပြီး အခုလို အင်တာနက်ပေါ်မှာ "ဆား"အကြောင်းတွေကို ဟာသလို၊ ပုံပြင်လို၊ သံချပ်လိုအမျိုးမျိုးနဲ့ ကဲ့ရဲ့ဝေဖန်ခဲ့ကြတယ်။ အဲဒီထဲက ဟာသတချို့ကို ဘာသာပြန်မျှဝေလိုက်ပါတယ်။

(၁)
လောကမှာ နာကျင်တာက ဘာလဲ?
နျူကလီးယား မလာသေးဘူး။ ဆားကုန်သွားတာဖြစ်တယ်။

လောကမှာ အနာကျင်ဆုံးက ဘာလဲ?
နျူကလီးယား လာပြီ ဆား အသုံးမဝင်တော့တာဖြစ်တယ်။

လောကမှာ အနာ့အနာကျင်ဆုံးက ဘာလဲ?
ပိုက်ဆံတွေအားလုံး ဆားဝယ်လိုက်ပြီး ဆန်ဝယ်ဖို့ ပိုက်ဆံမရှိတာဖြစ်တယ်။

လောကမှာ အနာ့အနာ့အနာကျင်ဆုံးက ဘာလဲ?
ဆားစားလို့ လူကငန်သေသွားပြီ ဆားက သုံးလို့မကုန်သေးတာဖြစ်တယ်။

(၂)
မ....... ကားရှိလား?
ကျား... မရှိဘူး။
မ....... အိမ်ရှိလား?
ကျား... မရှိဘူး။
မ....... ဘဏ်စာအုပ်ရှိလား?
ကျား... မရှိဘူး။
မ....... ဒါနဲ့များ ကျွန်မကို ချစ်ချင်သေးတယ်....
ကျား... ကျွန်တော့်မှာ ဆားရှိတယ်။
မ...... အိုး! ချစ်စေ..

(၃)
သနားစရာ ဂျပန်တွေ
ငလျင်လှုပ်လို့ လူတချို့သေကုန်တယ်။
ဆူနာမီကြောင့် တချို့သေပြန်တယ်။
နျူကလီးယားငွေ့ကြောင့် တချို့သေပြန်တယ်။
အသက်ရှင်ကျန်ခဲ့တဲ့ ဂျပန်တွေက တရုတ်တွေ ဆားလုတာကိုတွေ့လို့ ရယ်လိုက်တာအူတက်ပြီး တချို့သေပြန်တယ်။

(၄)
ဂျပန်ငလျင်ပြီးနောက် လူ၃ယောက်သေပြီး နတ်ပြည်ရောက်သွားခဲ့တယ်။ အဲဒီလူတွေက ဂျပန်၊ ကိုးရီးယားနဲ့ တရုတ်တို့ဖြစ်တယ်။ သူတို့၃ယောက်ကို နတ်မင်းကြီးက မေးတယ်။
"မင်းတို့ ဘယ်လိုသေကြတာလဲ?"

ဂျပန် "ဆူနာမီကြောင့် သေတာပါ"
ကိုးရီးယား "နျူကလီးယားဓာတ်ငွေ့ကြောင့် သေတာပါ"
တရုတ် "ဆားစားလို့ ငန်ပြီးသေတာပါ"

(က)
ကောင်လေးတစ်ယောက်ဟာ ပထမဆုံးအကြိမ် ချစ်သူနဲ့ချိန်းတွေ့မှာမို့ စိတ်လှုပ်ရှားနေတယ်။ ချစ်သူနဲ့တွေ့တဲ့အခါ ဘာပြောရမှန်းလဲ မသိခဲ့ဘူး။ အဲဒီလိုနဲ့ ဖခင်ဆီ သူအကြံတောင်းတယ်။ ဖခင်က "သား.. အကြောင်းအရာ ၃မျိုးက ဒီလိုနေရာမျိုးနဲ့ သင့်တော်တယ်။ အဲဒီအကြောင်းအရာ ၃မျိုးက အစားအသောက်၊ မိသားစု၊ အတွေးစကားလေးတွေပေါ့" လို့မှာတယ်။

ကောင်လေးက သူ့ဖခင်စကားကိုမှတ်ပြီး ချစ်သူနဲ့သွားချိန်းခဲ့တယ်။ ရေခဲမုန့်ဆိုင်တစ်ဆိုင်ဖြတ်တော့ နှစ်ယောက်သား ရေခဲမုန့်ဝယ်စားကြတယ်။ ဒါပေမဲ့ အချိန်တွေတဖြေးဖြေး ကုန်လာသည့်တိုင် နှစ်ယောက်သား ပြောစရာစကားမရှိသေးတော့ ကောင်လေး ပိုပိုစိတ်လှုပ်ရှားလာမိတယ်။ အဲဒီလိုနဲ့ ဖခင်ရဲ့အကြံကို သူသတိရလိုက်ပြီး ချစ်သူကို မေးတယ်။

"အာလူးကြော် ကြိုက်လားဟင်!"
"မကြိုက်ဘူး......."

အဲဒီနောက် တိတ်ဆိတ်သွားပြန်တယ်။ မိနစ်အနည်းငယ် ကြာတော့ ကောင်လေးက ဒုတိယအကြောင်းအရာ မိသားစုကို ထုတ်သုံးတယ်။

"ညီအစ်ကိုမောင်နှမ ရှိလားဟင်!"
"မရှိဘူး.........."

ဆက်ပြောစရာစကားမရှိဘဲ တိတ်ဆိတ်သွားပြန်တယ်။ မိနစ်အနည်းငယ်ကြာတော့ ကောင်လေးက သူ့ဖခင်ပြောတဲ့ တတိယအကြောင်းအရာ အတွေးစကားကို ထုတ်သုံးပြီး ချစ်သူကို မေးလိုက်တယ်။

"တကယ်လို့ နင့်မှာ ညီအစ်ကိုမောင်နှမ ရှိရင် သူတို့အာလူးကြော်ကြိုက်လိမ့်မယ်လို့ နင်ထင်လားဟင်?"

(ခ)
မေမေက မိစုကို ဂီတပွဲခေါ်သွားတယ်။ ဂီတပွဲစင်မြင့်ပေါ်က တုတ်တံလေးကိုင်ပြီး ဟိုရမ်းဒီရမ်းလုပ်နေတဲ့လူကို မိစုအရမ်း စိတ်ဝင်စားမိတယ်။ တုတ်တံရမ်းနေတဲ့လူကိုကြည့်လိုက် အသံမြင့်သီချင်းဆိုတဲ့ အဆိုတော်ကိုကြည့်လိုက်နဲ့ မိစု ခေါင်းထဲ မေးခွန်းတချို့ဝင်လာတယ်။ အဲဒီလိုနဲ့ ပွဲပြီးတော့ မေမေကို မိစုမေးတယ်။

"မေမေ... မေမေ... စင်မြင့်ပေါ်က ဟိုဦးဦးက တုတ်ကိုင်ပြီး ဘာဖြစ်လို့ ဟိုဒေါ်ဒေါ်အဆိုတော်ကို ခြိမ်းခြောက်နေရတာလဲ?"

"မခြောက်ပါဘူး သမီးရဲ့.. သမီး ဘာဖြစ်လို့ ဒီလိုမေးရတာလဲ?"

"ဟိုဒေါ်ဒေါ် ငယ်သံပါအောင် အော်နေလို့လေ..."

(ဂ)
အမြန်မောင်းတဲ့ ကားတစ်စင်းနောက် ရဲကားတစ်ကားလိုက်လာတယ်။ တစ်နေရာမှာ မီတော့ ရဲက ကားသမားကို

"ခင်ဗျာ ဘာလို့ ဒီလောက် အမြန်မောင်းရသလဲ? ဒဏ်ငွေ အများကြီးဆောင်ရမယ်ဆိုတာ မသိဘူးလား?
ဒီငွေတွေနဲ့ တခြားအလုပ်လုပ်နိုင်တယ်ဆိုတာ မသိဘူးလား?"

"ဟုတ်ကဲ့ သိပါတယ်. . အဲဒီငွေတွေနဲ့ ကျွန်တော်လိုင်စင်သွားဖြေလို့ရပါတယ်"

"လိုင်စင်မရှိပဲနဲ့ ခင်ဗျာကားမောင်းတယ်..."

အဲဒီမှာ ကားသမားမိန်းမက စကားအမြန်ဖာတယ်။

"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်.. ကျွန်မအမျိုးသားက အရက်မူးလာရင် စကားလျှောက်ပြောတတ်တယ်"

"ဘာ... လိုင်စင်လည်းမရှိဘူး... အရက်သောက်ပြီး ကားမောင်းတယ်"

အဲဒီမှာ နောက်ခန်းမှာထိုင်တဲ့ အဘွားအိုတစ်ဦးက

"အဲဒါကြောင့် အစကတည်းကပြောတာပေါ့... ခိုးလာတဲ့ကားကို အမြန်မမောင်းပါနဲ့လို့.........."

အင်တာနက်ပေါ်က ဟာသတချို့ကို ဘာသာပြန်မျှဝေပါတယ်။

နိုင်းနိုင်းစနေ

Share/Bookmark

Sunday, March 06, 2011


တွေးတွေးပြီးရယ်



(၁)
နောက်ရည်းစားအသစ်နဲ့ ကြည်နူးနေတဲ့ကောင်မလေးကို ကောင်လေးက မကျေမနပ်ဖြစ်ပြီး လက်စားချေဖို့ ဆုံးဖြတ်လိုက်တယ်။ အဲလိုနဲ့တစ်နေ့မှာ ကောင်လေးက ပုလင်းတစ်လုံးကိုင်ပြီး "မင်းနောက်ထပ် သစ္စာမဖောက်ရဲအောင် မင်းကိုငါ ရုပ်ပျက်ဆင်းပျက်လုပ်ပစ်မယ်"လို့ ဆိုပြီး ကောင်မလေးကို ပုလင်းထဲကအရည်နဲ့ ပက်ထည့်လိုက်တယ်။ အရည်ကြောင့် ကောင်မလေးမျက်နှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာကို ကြည့်ပြီး လူတွေထွက်ပြေးကြတယ်။

ကိုယ့်ရုပ်ပျက်စီးသွားပြီဆိုပြီး ကောင်မလေး အရမ်းလန့်မိတယ်။ ဒါပေမယ့် တအောင့်ကြာတဲ့အထိ မျက်နှာက စပ်ဖျင်းဖျင်းမဖြစ်တဲ့အပြင် နာလည်းမနာတော့ ကောင်လေးကို "နင် ငါ့ကို ဘာအရည်နဲ့ ပက်လိုက်တာလဲ" လို့မေးတယ်။

ကောင်လေးဖြေလိုက်တာက "မိတ်ကပ်ဖျက်ရည်ပါ" တဲ့....။

(၂)
တစ်ခါက သမ္မတနှစ်ဦး သူ့သက်တော်စောင့်က ပိုသစ္စာရှိတယ်။ ငါ့သက်တော်စောင့်က ပိုသစ္စာရှိတယ်ဆိုပြီး ပြိုင်နေကြတယ်။

အဲလိုနဲ့ ပထမသမ္မတက သူ့သက်တော်စောင့်ကို (၁ဝ)ထပ်တိုက်က ခုန်ချဖို့ အမိန့်ပေးတယ်။ အဲဒီမှာ သက်တော်စောင့်က ဒူးထောက်ပြီး "ကျွန်တော့်မှာ မိသားစုတွေ ရှိသေးတယ်" လို့ဆိုတယ်။

နောက်သမ္မတကလည်း သူ့သက်တော်စောင့်ကို ခုန်ချဖို့ အမိန့်ပေးတော့ သက်တော်စောင့်က ချက်ချင်းခုန်ချဖို့ပြင်တယ်။ ပထမသမ္မတကလန့်ပြီး တကယ်ခုန်ချမယ့် သက်တော်စောင့်ကို အမြန်ဖမ်းဆွဲလိုက်တယ်။ အဲဒီမှာ သက်တော်စောင့်က ပြောပါတယ်။

"ကျွန်တော့်ကို ဆွဲမထားနဲ့ ကျွန်တော့်မှာ မိသားစုတွေ ရှိသေးတယ်"လို့....


(၃)
မန်နေဂျာ အလုပ်ကိုရောက်လာတာနဲ့ စာရေးကြီးမိန်းမက မိန်းမဝတ်အတွင်းခံတစ်ထည် ကိုင်ပြီး ဝင်လာတယ်။ ပြီးတော့ မန်နေဂျာကို "ညက ကျွန်မယောက်ျားပြန်လာတော့ မိန်းမဝတ်အတွင်းခံတစ်ထည် ဝတ်ပြန်လာတယ်။ အဲဒါ သူ့ကိုနည်းနည်းပါးပါး ဆုံးမပေးပါဦး" လို့တိုင်တယ်။ မန်နေဂျာကလည်း ဆုံးမပေးမယ်လို့ဆိုပြီး သက်သေခံပစ္စည်း အတွင်းခံကိုယူပြီး အိတ်ကပ်ထဲ ထိုးထည့်ထားလိုက်တယ်။

ညရောက်တော့ မန်နေဂျာမိန်းမက အဝတ်လျှော်ရင်း အိတ်ကပ်ထဲက အတွင်းခံကိုတွေ့တော့ လှမ်းအော်တယ်။ "မောင် နောက်ဆို ဒီလိုမနောက်ရဘူးနော်.. မရဲ့အတွင်းခံကို ဒီလိုဖွက်မထားရဘူးနော်" တဲ့။

ဟာသလေးတွေ တင်ပေးပါဦးဆိုလို့ပါ... ဘာသာပြန် မျှဝေပါတယ်။

နိုင်းနိုင်းစနေ

Share/Bookmark

Tuesday, January 11, 2011


တွေးတွေးပြီးရယ်



(၁)
ဘိုးဘိုးဘွားဘွားတို့ရဲ့ Answer phone


"မင်္ဂလာပါရှင်... ဖုန်းကိုင်မည့်သူမရှိပါသောကြောင့် "ပိ"သံကြားပြီးနောက် သင့်မက်ဆေ့ကိုချန်ထားခဲ့ပါ"

"ပိ...."

အကယ်၍ သင်ဟာ ကျွန်မတို့ရဲ့ သားသမီးဖြစ်ပါက နံပါတ် ၁ကိုနှိပ်ပါ။ ပြီးနောက် သင်ထားခဲ့ချင်သော မက်ဆေ့ကို ၁ မှ ၈ အတွင်းနှိပ်ပြီး ရွေးပါ။

အကယ်၍ မြေးထိန်းဖို့ဆိုရင် ၁ ကိုနှိပ်ပါ။
အကယ်၍ ကားငှားဖို့ဆိုရင် ၂ ကိုနှိပ်ပါ။
အကယ်၍ အဝတ်လျှော်ဖို့၊ မီးပူတိုက်ဖို့ဆိုရင် ၃ ကိုနှိပ်ပါ။
အကယ်၍ ကလေးတွေကို ညအိပ်ညနေထားဖို့ဆိုရင် ၄ ကိုနှိပ်ပါ။
အကယ်၍ ကလေးတွေကို ကျောင်းပို့ဖို့ဆိုရင် ၅ ကိုနှိပ်ပါ။
အကယ်၍ တနင်္ဂနွေနေ့မှာ ထမင်းလာစားမယ်၊ ဒါမှမဟုတ် ထမင်းဟင်းချက်ပို့ရမယ်ဆိုရင် ၆ ကိုနှိပ်ပါ။
အကယ်၍ အခုထမင်းလာစားမယ်ဆိုရင် ၇ ကိုနှိပ်ပါ။
အကယ်၍ ပိုက်ဆံတောင်းဖို့ဆိုရင် ၈ ကိုနှိပ်ပါ။
အကယ်၍ ကျွန်မတို့ကို ထမင်းဖိတ်ကျွေးဖို့ ဒါမှမဟုတ် ရုပ်ရှင်လိုက်ပြဖို့ဆိုရင် စကားပြောပါ။ ကျွန်မတို့ နားထောင်နေပါတယ်....

(၂)
အသစ်ဖွင့်တဲ့သင်တန်းတစ်ခုမှာ အဘိုးအိုတစ်ဦးသွားတက်ခဲ့တယ်။ ဒါကို တတိယတန်းတက်နေတဲ့ ကလေးငယ်တစ်ယောက်က အဘိုးအိုကို "ဘိုးဘိုး.. ဘိုးဘိုး.. ဘိုးဘိုး အသက်ဒီလောက်ကြီးနေပြီ သင်တန်းလာတက်တုန်းလား?" လို့မေးလိုက်တယ်။

"ပညာလို အိုသည်မရှိတဲ့ ငါ့မြေးရဲ့.. ဘိုးဘိုးဒီလောက်အသက်ကြီးတာတောင် ပညာလိုသေးတယ်။ ငါ့မြေး ပိုကြိုးစားရမယ်နော်"

"အင်း..... ဘိုးဘိုးပြောတာ မှန်ပါတယ်။ ဒါပေမယ့် တကယ်လို့ ကျောင်းက အုပ်ထိန်းသူခေါ်ခဲ့လို့ပြောရင် ဘိုးဘိုးဘယ်သူ့ကို ခေါ်မလဲဟင်!"

(၃)
စကပ်တိုတိုဝတ်ထားတဲ့ ကောင်မလေးတစ်ယောက် အဝတ်လျှော်ဆိုင်မှာ အဝတ်သွားလျှော်တယ်။ အဝတ်လျှော်ဆိုင်ကသူဌေး သူ့စကပ်ကိုပဲ လိုက်ငေးကြည့်နေလို့ ကောင်မလေးဟာ စိတ်တိုတိုနဲ့ ဘာကြည့်တာလဲလို့ မေးလိုက်တယ်။ သူဌေးက နားမလည်ဟန်နဲ့ ပြောလိုက်ပါတယ်။

"နင့်စကပ်က ငါတို့ဆိုင်မှာလျှော်ရင်း ကျုံ့သွားတာတော့မဟုတ်ပါဘူးနော်"

(၄)
တစ်နေ့မှာ မြွေနှစ်ကောင် မျက်နှာချင်းဆိုင်မိကြတယ်။ မြွေငယ်က မြွေကြီးကို မေးတယ်။

"ကိုကြီး.. ကိုကြီး... ကျွန်တော်တို့ ကိုယ်ပေါ်မှာ အဆိပ်ရှိလား!"

"မင်း.. မေးစရာမရှိ လျှောက်မေးနေတာ ဘာလို့လဲ?"

"ခုနားက ကျွန်တော်သတိမထားမိဘဲ ကိုယ့်လျှာကိုယ် ကိုက်လိုက်မိလို့ပါ ကိုကြီး"


တွေးတွေးပြီး ရယ်ရအောင် အင်တာနက်ပေါ်က ရှာဖွေဘာသာပြန်ပါသည်။

နိုင်းနိုင်းစနေ


Share/Bookmark

Monday, January 10, 2011


အမေ(၃)ယောက်ရဲ့ ပုံပြင်



တစ်နေ့မှာ မိခင်(၃)ဦးဟာ စကားလက်ဆုံကျနေခဲ့တယ်။ အဲဒီထဲက မိခင်တစ်ဦးဟာ စိတ်ပျက်လက်ပျက်နဲ့ ပြောပါတယ်။

"မိသားစုတွေ ရှားရှားပါးပါးစုံတဲ့ နှစ်သစ်မှာလေ အဖေ့အလုပ်ကို အမွေဆက်ခံထားတာ မကြာသေးတဲ့သားက အသစ်စက်စက်ဇနီးနဲ့အတူ အိမ်ပြန်ရောက်လာခဲ့တယ်။ ကျွန်မတို့အားလုံး အိမ်မှာစားစရာတွေ၊ အသားကင်တွေ လုပ်စားကြတယ်။ သားက အသားကင်တွေကို တစ်ကင်ပြီးတစ်ကင် သူ့မိန်းမပန်းကန်ထဲ ပြည့်လုနီးပါး ထည့်ပေးနေခဲ့တယ်။ အမေလုပ်တဲ့ ကျွန်မပန်းကန်မှာတော့ အသားကင်တစ်ကင်မှ ရှိမနေခဲ့ဘူး။ ဒါကို သားမမြင်ခဲ့ဘူး။ ကျွန်မရင်ထဲ ဟာနေတာကို သူဘယ်တော့မှ မမြင်ခဲ့သလိုပေါ့။ လွန်ခဲ့တဲ့ လအနည်းငယ်က ပိုက်ဆံတွေတနင့်တပိုး အကုန်ခံပြီး သူ့ကို ကျွန်မတို့ မင်္ဂလာဆောင်ပေးခဲ့တယ်။ အိမ်အသစ်ဝယ်ပေးခဲ့တယ်။ သူတို့ရဲ့ စားဝတ်နေရေးတွေ ကျွန်မတို့ တာဝန်ယူခဲ့တယ်။ ဒါတောင် ကျွန်မအတွက် အသားကင်တစ်ကင် ထည့်ပေးဖော်မရခဲ့ဘူး။ ရင်နာလိုက်တာရှင်"

ပထမမိခင်ရဲ့အဖြစ်ကိုကြားတော့ ဒုတိယမိခင်ကလည်း ရင်ဖွင့်စကားဆိုပါတယ်။

"အိုး...ရှင်... ရှင်က သားရဲ့အသားကင်လေးပဲ မစားရတာပါ။ သိပ်အဖြစ် မဆိုးသေးပါဘူး။ ရှင့်ချွေးမကို ရှင်လုပ်မပေးရတာ ကံကောင်းပြီမှတ်ပါ။ ကျွန်မရဲ့ မကြာခင်ကမှ နိုင်ငံခြားကပြန်လာခဲ့တဲ့ သားကလေ ကျွန်မကျိုနိုင်ငံခြားကနေ သော့တွဲတစ်တွဲ လက်ဆောင်ဝယ်ပေးခဲ့သတဲ့။ သူ့နှမကိုလည်း သော့တွဲလက်ဆောင်တဲ့။ ဟော.. သူ့ချစ်သူအတွက်ကျတော့ လစာနှစ်လစာအကုန်ခံပြီး Cartier မိန်းမပတ်နာရီတစ်လုံး ဝယ်ပေးတယ်လေ။ သူက ကျွန်မကိုမေးသေးတယ်။ နာရီ အဖိုးနည်းသေးလားတဲ့? နည်းတယ်ထင်ရင် ကျွန်မကိုပေးပြီး နင့်ကောင်မလေးကို သော့တွဲပေးလိုက်ပါလားလို့ ကျွန်မရွဲ့ပြီး ပြောလိုက်တယ်။ တကယ်လို့ နင့်ကောင်မလေးက နင့်ကိုတကယ်ချစ်ရင် သော့တွဲပေးပေး ဘာပေးပေးယူမှာပေါ့လို့ဆိုပြီး နာရီကို ကျွန်မလုယူလိုက်တယ်လေ။ ဒါကို ကိုယ်တော်ချောက ကျွန်မကို စိတ်ဆိုးတယ်။ တွန်းတယ်လေ။ ကျွန်မအဖြစ်ကမှ ပိုရင်နာဖို့ ကောင်းတာပါရှင်...."

မိခင်နှစ်ဦးရဲ့ရင်ဖွင့်သံကိုကြားတော့ တတိယမိခင်က သက်ပြင်းရှည်တစ်ခုကို လေးလေးသွဲ့သွဲ့ချရင်း... "တခြားရှုထောင့်ကနေကြည့်ရင် ရှင်တို့နှစ်ယောက်ရဲ့အဖြစ်က ရင်နာစရာမကောင်းပါဘူးရှင်.. သားက ကိုယ့်မိန်းမအပေါ်၊ ကိုယ့်ချစ်သူအပေါ် ကောင်းတယ်ဆိုတာ သူတို့ချင်းအရမ်းချစ်ကြိုက်ကြလို့ပေါ့။ သားကို တကယ်ချစ်တဲ့လူရှိတဲ့အတွက် ရှင်တို့ဝမ်းသာသင့်တယ်။ အချစ်ပင်လယ်ထဲ မျောနေသူနှစ်ဦးဟာ ဘေးပတ်ဝန်းကျင်ကို သိပ်သတိမထားမိတတ်ကြဘူး။ လေထုနဲ့တူတဲ့ အမေကိုပိုလို့တောင် သတိမထားမိကြပါဘူး။ အမေဆိုတာ သားသမီးတွေရဲ့ လေထု၊ အောက်ဆီဂျင်ပြတ်တဲ့အချိန်မှပဲ လေထုရဲ့အရေးပါတာကို သူတို့သိကြတယ်လေ။ အမေတွေကလည်း အမေပါပဲ။ သားသမီးတွေကို ဘယ်တော့မှ အောက်ဆီဂျင် အပြတ်မခံခဲ့ကြပါဘူး"

"ကျွန်မမှာ အသက်(၃ဝ)အရွယ် သားတစ်ယောက်ရှိတယ်။ သားရဲ့ချစ်သူက ကွန်ပြူတာပါ။ သားဟာ နေ့တိုင်းအခန်းအောင်းပြီး ကွန်ပြူတာနဲ့ပဲ ရည်းစားဖြစ်တယ်။
အိမ်ထဲအိမ်ပြင် မထွက်ဘူး။ ကျွန်မကြည့်လို့မရတာနဲ့ နေ့တိုင်း သူ့အခန်းဝင်ရှင်းပေးရတယ်။ စားစရာတွေ ယူသွားပေးရတယ်။ ဒါတောင် သူက ကျွန်မကိုရှုပ်လို့ဆိုပြီး အခန်းပြင်ဖက် မောင်းမောင်းထုတ်တယ်။ တွန်းထုတ်တယ်လေ။ ကျွန်မအဖြစ်ကမှ တကယ့်ရင်နာစရာကောင်းပါတယ်။ ဒီသားကို ဘယ်အရွယ်အထိ ကျွန်မပြုစုစောင့်ရှောက်ရမလဲ မသိတော့ပါဘူး။ တကယ်လို့ သူ့မှာသာ တကယ့်ချစ်သူတစ်ယောက်ရှိရင် အဲဒီချစ်သူကို ကျွန်မ အသားကင်ကျွေးနိုင်ပါတယ်။ Cartierနာရီလေး လက်ဆောင်ပေးနိုင်ပါတယ်"လို့ ပြောပြီး ငိုချလိုက်ပါတော့တယ်။

http://space.atmovies.com.tw/space/space.cfm?action=data&type=clist&CID=GB&sid=166681&mid=0&page=24

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Share/Bookmark

0 comments:

Post a Comment