အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Wednesday 8 June 2011

ရယ်(ရီ)သောသူ အသက်ရှည်၏တဲ့


( ၁ ) တစ်ခါက ချင်းတောင်က ချင်းအမျိုးသားတစ်ဦးဟာ မြစ်ဝကျွန်းပေါ်ဒေသကို ပထမဆုံးအနေနဲ့ အလည်အပတ် ရောက်လာသတဲ့ ။ ချင်းတောင်မှာ အုန်းပင် မရှိလို့ အုန်းသီး တခါမှ မစားဘူးတဲ့ ချင်းအမျိုးသားက အုန်းသီးကို စားကြည့်ပြီး မှတ်ချက်ချလိုက်ပုံက " အောက်ပြည်အောက်ရွာက အုန်းသီးကောင်းတယ်ဆိုလို့ စားကြည့်ပါတယ် ။ အရသာကလဲ ဖန်တွတ်တွတ်နဲ့ အစေ့ကလဲ အကြီးကြီး "

( ၂ ) တစ်ခါကရွာတရွာမှာ ကျောင်းထိုင် ဘုန်းကြီးတပါးက သူ့သွားတွေကို ဖြူဖွေးနေအောင် မနက်တိုင်း တိုက်လေ့ရှိသတဲ့။တနေ့တော့ မိန်းမကြီးတဦးက စိန်လက်စွပ်အကြီးကြီး ဝတ်ပြီး လက်ကို ခါယမ်းပြီး " ဒီနေ့ ဘာနေ့ - ဘာနေ့ပါလဲ ဘုရား " လို့ ဘုန်းကြီးကို မေးတော့ ဘုန်းကြီးစိတ်ထဲမှာ " အင်း ...ဒီ ဒကာမကြီးတော့ ငါ့ကို သူ့စိန်လက်စွပ်ကြွားနေပြီ ။ ငါလဲ ဘာပြန်ကြွားရမလဲ " လို့ စဉ်းစားပြီး ဖြေလိုက်ပုံက"ဗုဒ္ဒဟီး....ဒကာမကြီး ...." လို့ သွားကိုဖြဲပြီးဖြေလိုက်သတဲ့ ။

( ၃ ) တစ်ခါက ရွာတရွာမှာ မောင်လှဆိုတဲ့ လူရွယ်တဦးရှိသတဲ့ ။ မောင်လှ အရွယ်ရောက်လာတော့ မိဘများက အိမ်ထောင်ချပေးချင်ပေမဲ့ မောင်လှမှာ အောက်နှုတ်ခမ်းပြတ်နေလို့ ယုမဲံ မိန်းမ မရှိဘူးတဲ့ ။ တနေ့တော့ မိတ်ဆွေဟောင်းဆီက တဆင့် တခြားရွာတရွာက သမီးပျိုကို မိဘချင်း စကားကမ်းလှမ်းကြသတဲ့ ။ မောင်လှ မိဘများက သူတို့သားအောက်နှုတ်ခမ်းမရှိတာကို ဖုံးကွယ်ချင်တော့ မင်္ဂလာ အခမ်းအနားကို ညဖက်မှာပဲ မီးမှောင်ချပြီး ကျင်းပရမယ်လို့ အဆိုပြုတယ် ။ သတိုသမီးရှင်ဖက်ကလဲ ကန့်ကွက်ခြင်းမရှိတော့ မောင်လှရဲ့ မင်္ဂလာပွဲကို နေ့ကောင်းရက်သာ ရွေးပြီး တညမှာ မီးမှောင်ချပြီး ကျင်းပကြသတဲ့ ။ မင်္ဂလာဦး ထမင်းစားဝိုက်းမှာ မောင်လှက ဟင်ချိုပူကြောင်းကို " ဟင်းချိုကလဲ ဝူလိုက်တာ " လို့ပြောတော့ သတိုသမီး ပြန်ပြောလိုကိပုံက " ဝူရင် ဝုတ်တောက်ပေါ့ " တဲ့ ။

( ၄ ) ခွေးကို နောက်ခြေနှစ်ချောင်းနှင့် ရပ်တတ်ရန် မိန်းမဖြစ်သူ သင်ပေးနေသည်ကို ကြည့်၍ ယောကျာ်းဖြစ်သူက သဘောမကျသော လေသံဖြင် ပြောသည်။ " ဟေ့ ကြိုးစားပြီး သင်ပေးမနေနဲ့ ၊ ဒီကောင်က ခေါင်းမာတဲ့အကောင် ၊ လိုက်လုပ်မှာ မဟုတ်ဘူး ။ " " ရှင် ဘာမှ ဝင်မစွက်နဲ့ ၊ ရှင်လဲ အစတုန်းက ကျွန်မ စကားကို ဘယ်မှာ နားထောင်လို့လဲ "

( ၅ ) မောင်မြသည် ကပ်ရပ်ခြံမှ ကိုဘလှကို လှမ်းအော်ပြောလိုက်သည်။ " ဟေ့ ကိုဘ ၊ ခင်ဗျား ခွေးက ကျုပ်မွေးထားတဲ့ ကြက်ဖကို ကိုက်စားလိုက်ပါပကောဗျာ " " ခင်ဗျား သတင်းပေးတဲ့အတွက် ကျေးဇူးပဲ ၊ ဒီကောင့်ကို ညနေစာ ကျွေစရာ မလိုတော့ဘူး ။ "

( ၆ ) ညဥ့်အချိန်တွင် သင်္ချိုင်းဘေးမှ အမျိုးသမီးငယ် တစ်ဦး ဖြတ်လျှောက်သွားသည်။ ၎င်း၏ နောကမှ လူရိပ်တစ်ခု လိုက်လာပြီး သူမကို မှီလာသည်။ "ကြောက်သလား" ဘေးက အမည်မသိ လူက မေးလိုက်သည်။"ကြောက်တာပေါ့ရှင်" "အင်း ကျွန်တော်လည်း အသက်ရှင်တုန်းက ကြောက်ခဲ့တာပဲ"

( ရ ) အမည်မသိ လူတစ်ဦး ဆရာဝန်ထံ ဖုန်းဆက်သည်။ "ဒေါက်တာ လုပ်ပါဦး ၊ ကျွန်တော့် သားငယ်လေး ဖောင်တိန်ကို မြိုချလိုက်တယ်ဗျ" "အမြန်ဆုံး လာခဲ့မယ်၊ဒါနဲ့ အခု ခင်ဗျား ဘာလုပ်နေလဲ" "ခဲတံနဲ့ရေးနေတယ်"

( ဂ ) "ဒေါက်တာ ကျွန်တော်ချောင်းခဏခဏဆိုးနေတယ်ခင်ဗျာ" "အန်ကယ့်အသက် ဘယ်လောက်ရှိပြီလဲ" "၇၅နှစ်ပါ" "အသက်၂၀- အရွယ်တုန်းက ချောင်းဆိုးဖူးသလား" "ဟင့်အင်း" "အသက်၄၀-အရွယ်တုန်းကရော" "မဆိုးခဲ့ပါဘူး""ရှင်းနေတာပဲ အန်ကယ်ရယ်၊ဒီအရွယ်မှာ မှ ချောင်းမဆိုးရင် ဘယ်အချိန်မှာ သွားဆိုးမှာလဲ"

( ၉ ) "မေမေ၊ နတ်မိမယ်ဆိုတာ ဘာလဲဟင်" "နတ်မိမယ် ဆိုတာ လူနဲ့ တူတဲ့ အမျိုးပေါ။ ဒါပေမယ့် သူက ကောင်းကင်ထဲ ပျံတတ်တယ်ကွဲ့" "မမှန်ဘူး" "ဘာဖြစ်လို့လဲ" "မနေ့က ဘေးအိမ်ခန်းက အန်တီကို ဖေဖေက တင်ပါးဆုံကို လက်နဲ့ပုတ်ပြီး မင်းဟာ နတ်မိမယ်ပဲလို့ပြောတယ်။ ဒါပေမဲ့ သူက မပျံတတ်ဘူးဗျ။"

( ၁၀ ) "ကျွန်မ ဆရာပေးတဲ့ ပိန်းဆေးကို သောက်နေတာ ၂-လ ရှိပြီ၊ ပိန်းလည်းမပိန်ပါလားရှင်" "တစ်နေ့ကို ခင်ဗျား ဘယ်နှစ်ကြိမ် သောက်တာလဲ" "ဆယ်ကြိမ်၊ ထမင်းစားပြီးတိုင်း တစ်ခါသောက်ရမယ်လို့ ဆရာပြောတဲ့အတိုင်းပဲလေ"

( ၁၁ ) ပြင်သစ်ကုမ္မဏီတစ်ခု၏ အုပ်ချုပ်ရေးမှူးသည် ဝန်ထမ်းများအားလုံးကို စုရုံးစေကာ အောက်ပါအတိုင်းပြောသည်။ "လာမယ့်ရက် အနည်းငယ်အတွင်းမှာ ကျွန်တောတို့ရဲ ကုမ္မဏီဟာ ၂၅-နှစ် ပြည့်တော့မယ်၊ ဒီနှစ်ပတ်လည်နေ့ကို ကျွန်တော်တို့ ထိုက်ထိုက်တန်တန် ကျင်းပရမှာ ဖြစ်တယ်၊ဒါကြောင့် ဘယ်လို ကျင်းပရင် ကောင်းမလဲဆိုတာ နဲ့ ပတ်သက်ပြီး အကြံဉာဏ်များပေးကြပါ" မိနစ်အနည်းငယ်အကြာတွင် အခန်းထောင့်တစ်နေရာမှ ဝန်းထမ်းတစ်ဦး နေရာမှ ထရပ်သည်။ "ကျွန်တော့်ဆီမှာ အကြံဉာဏ်တစ်ခုပေါ်လာပါတယ်" "ပြောပါ" "အီဖယ်လ်မျှော်စင်ကနေ အုပ်ချုပ်ရေးမှူးကြီး ခုန်ခါပါ၊ ဒီအတွက် မျှော်စင်ပေါ်တက်ခ လက်မှတ်ဖိုးပဲကုန်ပါမယ်၊ ပြင်သစ်တစ်နိုင်ငံလုံးကလည်း ခုန်ချတဲ့အကြောင်းနဲ့ ကျွန်တော်တို့ကုမ္မဏီအကြောင်းကို ပြောကြမှာသေချာတယ်၊အဲ ဝန်ထမ်းတွေရဲ့ ကျေနပ်အားရမှုကတော့ ဘယ်လိုမှမဖော်ပြတတ်အောင်ပါပဲ"

( ၁၂ ) လူရွယ်တစ်ဦး ဆေးဆိုင်သို့ရောက်လာကာ အရောင်းသမကို တိုးတိုးပြောသည်၊ အမျိုးသမီးက ကျယ်ကျယ်ပြန်ပြောသည်။"ဘာ ကာကွယ်ရေးပစ္စည်းလဲ၊ ကျွန်မတို့ဆိုင်က ဆေးဆိုင်ရှင့် ကာကွယ်ရေး ဝန်ကြီးဌာန မဟုတ်ဘူး"

( ၁၃ ) စကားထစ်သူတစ်ဦးသည် ဆိုင်မှ ရေခဲသေတ္တာဝယ်သည်။ ဆိုင်မှ အလုပ်သမာ်းက ရေခဲသေတ္တာကို ငါးထပ်တိုက်ပေါ်ကို ထမ်းတ်ငသည်။ လှေခါးတစ်လျှောက်တက်စဉ် စကားထစ်သူက တစ်စုံတ်စခု ပြောရန်ကြိုးစားသည်။ အလုပ်သမားက နားမထောင်ပဲ ပြန်ပြောသည်။"အပေါ်ရောက်မှ ပြောဗျာ"အပေါ်ဆံုးထပ်သို့ရောက်သည်။ "ကိုင်း.ဘားပြောချင်လို့လဲ၊ ပြော" "ကျွန်တော်တို့ ဝင်ပေါက်မှား...မှား ဝင်မိတယ်ဗျ" အလုပ်သမားသည် ဆဲရေးတိုင်းထွာပြီး ရေခဲသေတ္တာကို လာခဲ့သောလှေခါးအတိုင်း ထမ်းပြီးပြန်ဆင်းသည် ၊ အဆင်းလမ်းတွင် စကားထစ်သူက စကားပြောရန် ကြိုးစားသည် ၊ အောက်သို့ရောက်လာသည်။ "ဒီတစ်ခါ ဘာပြောဦးမလို့လဲ" "ကျွန်တော် ကျီ. . . ကျီ စားတာပါ ခင်ဗျ"

( ၁၄ ) ချာတိတ်နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အားကျမခံ စကားနိုင်ထိုးနေကြသည်။ "ငါ့အဖေက မင်းအဖေထက်သာတယ်ကွ" "မဟုတ်ဘူး၊ ငါ့အဖေက သာတယ်" "ငါ့အစ်ကိုက မင်းအစ်ကိုထက်သာတယ်ကွ" "မသာဘူး၊ငါ့အစ်ကိုက သာတယ်" "ငါ့အမေက မင်းအမေ ထက်သာတယ်ကွ" "အေး...အဲဒါတော့ မင်းမှန်တယ်၊ငါ့ အဖေကလည်းပြောတယ်"

( ၁၅ ) "မေမေ၊ သားတို့ဦးလေးကြီးကလေ ဟိုဘက်အိမ်ကအန်တီလေးကို ဖက်နမ်းတယ်ဗျ သိလား" "နေပါစေ သားရယ်၊ သူတို့က လက်ထပ်တော့မှာပဲ" "ဒါဆို သားတို့ ဖေဖေရော အိမ်ဖော်ကောင်မလေးကို လက်ထပ်တော့မှာတဲ့လားဟင်"

( ၁၆ ) ဆရာဝန် ။ ။ "အင်း...ခင်ဗျားရောဂါက နမိုးနီးယားပဲဗျ"
လူနာ ။ ။ "သေချာရဲ့လားဆရာရယ်၊ ဟိုတလောက ကျွန်တော့ သူငယ်ချင်း တစ်ယောက်ကို နမိုးနီးယားဆိုပြီး ဟိုဘက်ခန်းက ဆရာဝန်ကုလိုက်တာ အဲဒီ လူနာသေတော့ ငှက်ဖျားရောဂါနဲ့သေတာဗျ"
ဆရာဝန် ။ ။ "အင်း...ဒါတော့မစိုးရိမ်ပါနဲ့ဗျာ၊ ကျုပ်ကပိုပြီးသေချာတဲ့လူပါ၊ ကျုပ်ကသာ နမိးနီးယားလိုံဆုံးဖြတ်ထားရင် အဲဒီလူ နမိုးနီးယားနဲ့ပဲ သေမှာပါ ဒါတော့စိတ်ချ ကိုယ့်လူ"

( ၁၇ ) စိတ်လှုပ်ရှားနေသော လူငယ်စုံတွဲတစ်တွဲ စိန်ရွှေရတနာဆိုင်ထဲသို့ ဝင်လာပြီး တန်းဖိုးကြီး နားကပ်များ၊ လက်ကောက်များ ကို အငမ်းမရကြည့်သည်။ လူငယ်သည် မိမိ၏ အိတ်ထောင်ကို အလောတကြီး နှိုက်သည်။ ရှိသမျှ အိတ်များကို နှိုက်သော်လည်း ရျာသည့်ပစ္စည်းကိုမတွေ့ချေ။ ထိုအခါ အမျိုးသမီးက ဆိုင်ရှင်ကိုပြောသည်။ "ကိစ္စမရှိပါဘူး၊ ကျွန်မတို့ နောက်တစ်ခေါက်လာခဲ့မယ်၊ ကျွန်မရဲ့ အမျိုးသားက ခြောက်လုံးပြူးထည့်ယူလာဖို့ မေ့သွားတယ်"

( ၁၈ ) "ခင်ဗျားမိန်းမကို လူတစ်ယောက် နမ်းဖို့ကြိုးစားနေတာ ခုနကပဲ ကျွန်တော် တွေ့ခဲ့တယ်ဗျ" "ဟုတ်လား၊ သူကြိုးစားတာ အောင်မြင်သွားလား" "ဟင့်အင်း" "အဲဒါဆို ကျွန်တော့် မိန်းမ မဖြစ်နိုင်ဘူး"

( ၁၉ ) "မင်းဘေးမှာ ငါထိုင်ပြီး စကားပြောနေတာ တစ်နာရီ မကတော့ဘူး၊ ခုထက်ထိ မင်းဆီက စကားတစ်ခွန်းမှ တုန့်ပြန်မပြောသေးဘူး၊ ကဲ ဒါဆိုလည်း ကိုယ်ပြန်ပါတော့မယ်၊ နောက်ဆုံး ခင်မင်မှု အထိမ်းအမှတ်နဲ့ စကားလေးတစ်ခွန်းလောက်တော့ပြောစမ်းပါ" "ရှင် ထိုင်နေတဲံ ကုလားထိုင်က စောစောကမှ ဆေးသုတ်ထားတာရှင့်"

( ၂၀ ) နာတာရှည်ရောဂါဝေဒနာနဲ့ မသက်မသာခံစားနေရတဲ့ လင်ယောက်ျားကို မယားဖြစ်သူအားပေးနေပါတယ်။ "မောင်...အားမငယ်နဲ့နော် ကျွန်မရှင့်ကို ပြုစုလာခဲ့တာ ဘယ်လောက်ကြာပြီလဲ၊ မကြာခင်မှာ ပျောက်သွားမှာပါ" "ရောဂါက မသက်သာဘူး မိန်းမရယ်" "ဒါဆို ကျွန်မ ဘာလုပ်ပေးရမလဲဟင်" "စောစောက မီးဖိုချောင်က ကြက်သားနံ့ရတယ်ကွာ၊ အဲဒါ နည်းနည်းလောက် စားချင်လို့" "အို..အဲဒါ ဟိုလူဖို့တော့်"

0 comments:

Post a Comment