အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Wednesday 29 May 2013

သင်အားနာတတ်ပါသလား( မကောင်းသော အားနာခြင်းမျိုးများ)


(၁) စိတ်ထဲ၌ ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောမထွက်သော
အားနာခြင်းမျိုးစိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုးသည် မကောင်းသော အားနာခြင်းမျိုးဖြစ်သည်။
 အောက်ပါ ဥပမာများကို ကြည့်ပါ။




(က) လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ၀ိုင်းထိုင်၍ နေ့လည်စာ စားချိန်တွင်
မျက်နှာချင်းဆိုင် ထိုင်စားနေသူတဦး၏ မေးစေ့တွင် ထမင်းလုံးကပ်နေသည်။
သင်ကပြောရမှာကို အားနာနေသည်။ သင်ပြောလိုက်လျှင် ထိုသူ ရှက်သွားမှာကိုလည်း
စိုးရိမ်နေသည်။ သို့သော် ထိုထမင်းစေ့ ကပ်နေခြင်းကို မြင်နေရသူတိုင်း၏စိတ်တွင်
ကသိကအောက်နှင့် မသက်သာ။ ဤကိစ္စမျိုးတွင် အားနာနေ၍ မပြောခြင်းသည်မကောင်း။
ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းဖြင့်အားလုံးပြေလည်သွားနိုင်သည်။

(ခ) တစုံတယောက်က သင့်ထံမှ ပိုက်ဆံချေးငှားသည်။ တကယ်တော့ သင်က မချေးချင်။
သို့သော် ငြင်းရမှာ အားနာ၍ ချေးလိုက်သည်။ (ပြီးတော့ သင်ကငွေပြန်တောင်းရမှာကိုလည်း အားနာနေဦးမည် ဖြစ်သည်။) ထိုနေ့မှစ၍ ငွေပြန်မရမချင်း သင်မပျော်တော့။ဤနေရာတွင်လည်း အားနာခြင်းသည် သင်၏ပကတိစိတ်အရင်းခံကို ကွယ်ဝှက်၍ မပြတ်မသား ဆုံးဖြတ်ခြင်းမျိုးဖြစ်ရာ
ကုသိုလ်မရသည့်အပြင် အကုသိုလ်အား ၀ယ်ယူသကဲ့သို့ဖြစ်သော အားနာခြင်းမျိုး
ဖြစ်သည်။

ဤနေရာတွင် စကားစပ်လျဉ်း၍ အတွေ့အကြုံတခုကို ပြန်လည်ဖောက်သည်ချချင်ပါသည်။
တနေ့တွင် မိတ်ဆွေတယောက်အား စင်ကာပူလေဆိပ်သို့ လိုက်ပို့ရာတွင် မြန်မာလူမျိုးတဦး၏ ငြီးတွားသံကို အောက်ပါအတိုင်း ကြားခဲ့ရပါသည်။

“စိတ်ညစ်တယ်ဗျာ။ သူ့အိမ်က လမ်းကြုံ ထည့်ပေးလိုက်လို့  တလမ်းလုံး လက်မောင်ပြုတ်မတတ် ဆွဲလာရတယ်”

ထိုစကားကို ကြားရသည့်အချိန်မှစ၍ အိမ်ပြန်ရောက်သည်အထိ ကျမ..မှာ တွေးမိတိုင်း အူယားလှသဖြင့် အသံထွက်၍ မရယ်မိအောင် အောင့်ထားရ၏။

လူကြုံပေးသူကလည်း အားမနာပ ထည့်ပေးပြီး၊ သယ်သူကလည်း အားအနာလွန်ကာ သယ်လာခဲ့ပြီးမှ ကွယ်ရာတွင် စကားတင်းဆို ငြီးတွားနေခြင်း ဖြစ်သည်။


(၂) ကိုယ်ရသင့်ရထိုက်သည်ကို တောင်းဆိုရမှာ အားနာခြင်းမျိုး 
ဤသည်မှာ မြန်မာအများစုတွင် ဖြစ်တတ်သော အားနာမှုမျိုး ဖြစ်သည်။ အကြွေးပြန်တောင်းရမည်ကို တွန့်ဆုတ်နေကြသည်။ မိမိ၏ အားလပ်ရက်ခွင့်ကို ယူရန်တွန့်ဆုတ်နေကြသည်။ ကျူတန်းစီရာ၌ မိမိရှေ့တွင် ကြားဖြတ်၍ တန်းစီသူကိုမလုပ်ရန်ပြောဖို့ ၀န်လေးကြသည်။ မိမိနှင့် ချိန်းဆိုထားသော အချိန်တွင် တိကျစွာ ရောက်မလာသူအား ထောက်ပြသတိပေးရန် တွန့်ဆုတ် အားနာနေတတ်ကြသည်။

ဤအားနားခြင်းသည် လောဘနည်းခြင်းကြောင့်လည်းမဟုတ်၊ခန္တီပါရမီနှင့်ပြည့်ဝနေခြင်းကြောင့်လည်းမဟုတ်။
မြန်မာ့ယဉ်ကျေးမှုဟုကား လုံးလုံးမျှပင်မဆိုသင့်။ ဤအားနာခြင်းမျိုးသည် လူပုဂ္ဂိုလ်တဦးချင်း၏
ကိုယ်ရည်ကိုယ်သွေးနှင့်သာ ဆိုင်ပေသည်။ တခြားအကြောင်းကြောင့် မဟုတ်ဘဲမိမိရသင့်ရထိုက်သည်ကို
မသိလောက်အောင် ထူံ၍ အ၍ န၍သာ ဖြစ်နိုင်ပေသည်။ မိမိတွင် ထိုသို့သော အားနာမှုမျိုးရှိက သတိထား၍ ချေဖျက်သင့်သည်ဟု ထင်ပါသည်။


(၃) မိမိတာဝန်နှင့် အားနာခြင်းကို မခွဲခြားတတ်ခြင်း
လူတို့သည် အဖွဲ့အစည်း၊ အသိုင်းအ၀ိုင်းနှင့် နေထိုင်၍ အလုပ်လုပ်ကိုင်သောအခါ မိမိ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်တို့ကို ဘေးချိတ်၍ မိမိ၏ တာဝန်ကို ကျေပွန်အပ်၏။သင်၏ အလုပ်ကို ထမ်းဆောင်ရာတွင် အားနာခြင်းကို ဘေးချိတ်ထားရမည်။ သင်သည် ရဲအမှုထမ်းဖြစ်ပါက သင်၏ ဆွေမျိုး၊ မိတ်ဆွေ ရာဇ၀တ်မှု ကျူးလွန်သည်ကို တွေ့လျှင် သင် အားနာ၍မရ၊ ဖမ်းရမည်။

သင်သည် ကျောင်းဆရာဖြစ်က သင့်သူငယ်ချင်း၏သား စာမေးပွဲမဖြေဆိုနိုင်သည်ကိုအားနာသည်ဆိုကာ အအောင်ပေး၍ မဖြစ်။ သင်သည် တရားသူကြီးဖြစ်က သင့်မိတ်ဆွေကိုအားနာ၍ အပြစ်လျှော့ပေါ့ခြင်း
လွှတ်ပေးခြင်း မပြုရ။တာဝန်နှင့် အားနာခြင်းကို အထက်ပါအတိုင်း ခွဲခြားသင့်သည်ဟု ယူဆမိပါသည်။

ယခုအခါ......့ မြန်မာပြည်တွင် နည်းမမှန်သော အားနာမှုများက နေရာအနှံ့ ကြီးစိုးနေရာ ရံဖန်ရံခါ အမှားနှင့် အမှန်ကိုပင် ဝေဖန်ပိုင်းခြားမှု မရှိနိုင်လောက်အောင်အထိ ဖြစ်နေသည်ကိုပင် ကြုံကြရပေသည်။

သင်သည် ဘတ်စ်ကားစပယ်ယာက နည်းမကျ လမ်းမကျ ဟိန်းဟောက်သည်ကို မျက်နှာအောက်ချ၍ ခံနေပေမည်။ သင်သည် ဈေးတွင် အသားသည်က အလေးခိုးသည်ကိုသိသိနှင့် ပြန်မပြောဝံ့ဘဲ ငုံ့ခံနေမည်။
သင်သည် ကျောင်းဆရာဖြစ်ကတိုင်းပညာရေးမှူး၏ သမီးမင်္ဂလာဆောင်အတွက်လက်ဖွဲ့ရန်ဆိုကာ သင့်လစာမှဖြတ်တောက်လိုက်ခြင်းကို ပြန်မပြောဘဲ ငြိမ်ခံနေမည်။ သင်သည် သာသနာရေးအတွက်
အကြောင်းပြကာ ဘယ်ကမှန်းမသိ၊ ဖြတ်ပိုင်းနှင့် လာရောက် အလှူခံလျှင် စိတ်မပါဘဲနှင့်လည်း အားနာ၍ ထည့်လိုက်ပေမည်…

..........................စသည့် စသည့် နည်းမမှန်သော အားနာမှုကြောင့် မြန်မာ့လူ့အဖွဲ့အစည်းတွင် အကျည်းတန် အရုပ်ဆိုးသော အဖြစ်အပျက်များနှင့် ကြုံတွေ့နေရခြင်း ဆိုလျှင်ပင် လွန်မည်မထင်။

ဤသို့လျှင် မိမိရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းရကောင်းမှန်းမသိ၊ စူးစမ်းရကောင်း မှန်းမသိ၊ မေးမြန်းရကောင်းမှန်းမသိ၊ နည်းမမှန်သော အားနာမှုနှင့် ကြောက်ရွံ့မှုတို့၏ ပိန်းပိတ်မှုအောက်တွင် နှစ်ကာလရှည်မြင့်စွာ နေထိုင်လာကြရသောအခါ အင်မတန် ဆိုးညစ်သော လူတစုက ဤပျော့ကွက်များကို အသုံးချ၍ မိမိတို့၏ အခွင့်အရေးများကို ထိပါးလာသောအခါ
မိမိတို့မှာ တွန်းလှန်နိုင်သော သတ္တိမရှိတော့သော အခြေအနေသို့ ဆိုက်ရောက်သွားတတ်ချေသည်။

ထို့ကြောင့် မြန်မာတို့အနေနှင့် တမျိုးသားလုံးအကျိုးစီးပွားကို မျှော်တွေးကာ နည်းမှန် လမ်းမှန် အားနာသင့်ကြပေသည်ဟု တိုက်တွန်းရေးသားလိုက်ပါသည်

ခင်မင်မှုများစွာဖြင့်
ရွှေအိမ်စည်...

Do you Know? လွယ်ကူ ပေါ့ပါး နည်းလမ်းများ



မူးမော်သူများ၊အညော်မိတက်သူများ အနေဖြင့် ကြက်ဟင်းခါးရွက်ကို ပွတ်ခြေကာ ရူပေးခြင်းဖြင့်သက်သာစေပါသည်။
ဓါးတွင် ကြက်သွန်နံ့များမပျောက်ပါက အာလူးအခွံနဲ့ ပွတ်တိုက်ပါ။တအောင့်ကြာလျင် ဆပ်ပြာဖြင့်ပွတ်တိုက်ဆေးကြောပါ
ဖိနပ်လည်သာများ အရောင်တင်လိုပါက ငှက်ပျောသီးအတွင်းခွံနဲ့ ပွတ်တိုက်ပေးပါ။ ပြောင်စင်လာပါလိမ့်မည်။
အမှိုက်ပုံးများအနံ့ထွက်နေလျင် သံပုရာသီးအခွံများကိုထည့်ပြီး အဖုံးအုပ်ထားလိုက်ပါ။ခဏကြာလျင်
အနံ့များပျောက်သွားပါလိမ့်မည်။

သစ်ခွပင်များကိုရေလောင်းပါက ရေအစား ရေခဲတုံးလေးများထည့်ပေးခြင်းက ပိုမိုလွယ်ကူအဆင်ပြေစေပါလိမ့်မည်။

မျက်နှာတွင်ဝက်ခြံများပေါက်နေပါကသံပုရာရည်နစ်စက်၊ဆားနှင့်အပွေးကုန်သွားသောသနပ်ခါးတုံးကို ရော
ကာသွေးလိမ်းပါ။ပေါက်ကင်းပါလိမ့်မည်။
အဆီပြန်သူများအတွက် သလဲသီးနှင့် မျက်နှာကို ပွတ်တိုက်ပေးပါ။သက်သာပါလိမ့်မည်။

နှလုံးအားနဲနေသူများအတွက် ချောကလက်နှင့် ပန်းသီးကို ကျွေးပေးပါ။

အသားဟင်းများ အနူးလိုနေလျင် သဘောင်္သီးအစိမ်း ထည့်ချက်ပါ။အလျင်အမြန်နူးပါလိမ့်မည်။

နှာစေးနှာပိတ်နေသူများအတွက် ခြေထောက်ကို အနွေးဓာတ်ရစေရန် ဖယောင်းတိုင် (သို့မဟုတ်)
မီးခဲ ဖြင့် ခြေဖ၀ါးကိုကင်ပေးပါ။နွေးနေအောင်ကင်ပေးပါ။
ဆံသားတွေကျန်းမာနေစေရန် ဦးရေပြားကို ငါးမိနစ်လောက် နှိပ်ပေးပါ။
FWD Mail
amalinaeds@gmail.com

ကမ္ဘာ့အကျော်အမော် တရုတ် အားကစားသမားများ

တရုတ်က စီးပွားရေးမှာတင် စူပါပါဝါဖြစ်လာရုံ မဟုတ်ဘဲ၊ အားကစားမှာလည်း ကမ္ဘာ့အင်အားကြီးဖြစ်အောင် တည်ဆောက် နေသည်။ ပြီးခဲ့တဲ့ ပေကျင်းအိုလံပစ်မှာ တရုတ်အားကစားသမားတွေက အခြားနိုင်ငံတွေထက် ရွှေတံဆိပ်ပိုမို ရရှိခဲ့ကြသည်။လာမယ့် ဇူလိုင်လ လန်ဒန်မှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲမှာလည်း တရုတ်က ရွှေတံဆိပ် အများဆုံးရဖို့ အသားကုန် ပြန်ဆင်နေကြသည်။


အထူးသဖြင့် လန်ဒန် အိုလံပစ် အမျိုးသမီးပြိုင်ပွဲအရပ်အရပ်မှာ ရွှေတံဆိပ်အားလုံးကို တရုတ်အမျိုးသမီးတွေက အားလုံး သိမ်းကျုံးရယူဖို့ ပြင်ဆင်နေခြင်း ဖြစ်သည်။
တရုတ်အစိုးရ အားကစား အကယ်ဒမီကျောင်းကလည်း တစ်နေ့ကို ရှစ်နာရီနှုန်းနဲ့ တစ်ပတ်ကို ခြောက်ရက် မောင်းသည်။ ၄င်း အားကစားသိပ္ပံကျောင်းက နာမည်ကြီး တရုတ်အားကစားသမားအများအပြား မွေးထုတ်ပေးခဲ့သည်။ ယခုလည်း တရုတ် ပြည်နယ်အသီးသီးက ကျေးလက်တောရွာတွေဆင်းပြီး ဇရှိတဲ့ အားကစားသမားတွေကို လိုက်လံရှာဖွေ လစာ ထိုက်ထိုက်တန်တန်ပေး လေ့ကျင့်ပေးနေသည်။
အောက်တွင် ကမ္ဘာကျော်ခဲ့သော တရုတ် အားကစားသမားအချို့ကို ဖော်ပြလိုက်ပါသည်။
Guo Jingjing က ရေကူးကန်ပျဉ်ချပ်ပေါ်ကနေ လေထဲခုန် ဂျွန်းဘားကစားရင်း ဒိုင်ဗင်ထိုးရာမှာ ပရိသတ်ကို ရင်သတ်ရှုမောစေသူ ဖြစ်သည်။ အိုလံပစ် ရွှေတံဆိပ်လေးခုနဲ့အတူ နိုင်ငံတကာဆုများစွာ ဆွတ်ခူးထားသည်။
Ma Long က စားပွဲတင် တင်းနစ်မှာ ကမ္ဘာ့နံပါတ်တစ် နေရာ ရယူထားသည်။ စားပွဲတင်တင်းနစ် ကမ္ဘာ့ထိပ်တန်း ၁၀ ဦးမှာ Ma Long နှင့် အခြား တရုတ်ကစားသမား ၅ ဦးက ထိပ်ဆုံးမှာ နေရယူထားသည်။



Li Na က ၂၀၁၁ ပြင်သစ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲမှာ Grand Slam ချန်ပီယံဆု ရယူထားသူဖြစ်သည်။ အဲဒီဆုကို အာရှတိုက်မှ ပထမဆုံး ရယူနိုင်သည့် တင်းနစ်သမား ဖြစ်လာသည်။ လက်ရှိ အမျိုးသမီး တင်းနစ် လက်စွမ်းပြမှု အဆင့်အရ ကမ္ဘာ့အဆင့် (၉) တွင် ရှိသည်။


Liu Xiang ပေကျင်း အိုလံပစ်ပြိုင်ပွဲမှာ အကျော်ကြားဆုံး တရုတ် အားကစားသမားဖြစ်ခဲ့သလို၊ မီတာ ၁၁၀ တန်းကျော် ပြိုင်ပွဲ ရွှေတံဆိပ်ရခဲ့သည်။ နောက်ထပ် တန်းကျော်ခုန် နိုင်ငံတကာဆုအများအပြားရရှိထားသည်။ ၂၀၁၁ ခုနှစ် တောင်ကိုရီးယားမှ နိုင်င်ငံတကာပြိုင်ပွဲမှာ ဆုရပြီးနောက် ခြေထောက်ဒဏ်ရာကြောင့် အားကစားလောကနေ စောစီးစွာ စွန့်ခွာသွားခဲ့ရသည်။ သူ အားကစားလောကကို ကျောခိုင်းသွားလို့ တရုတ်လူထုက အင်တာနက်ပေါ်မှာ အတော်ကြာအောင် ငိုကြွေးခဲ့ကြသည်။




အရပ် ၇ ပေ ၆ လက်မ ရှိတဲ့ Yao Ming က NBA ဘတ်စကက်ဘောပြိုင်ပွဲကြီးမှာ တရုတ်အသင်းနှင့် ရှန်ဟိုင်းအသင်း ကိုယ်စားပြုပြီး ငါးနှစ် ဆက်တိုက် ပါဝင်ကစားပြီး ဆုတံဆိပ်များစွာ ရရှိထားသည်။ ကမ္ဘာကျော် ဘတ်စကက်ဘောသမား အဖြစ် ထင်ရှားပြီး၊ အသက် ၃၀ မတိုင်မီ ဒဏ်ရာများကြောင့် ၂၀၁၁ တွင် အနားယူခဲ့ရသည်။


Lin Dan ကို ကြက်တောင် လောကမှာ ‘ဆူပါ ဒင်’ လို့ ချစ်စနိုး ခေါ်ကြသည်။ ကမ္ဘာ့ကြက်တောင်ပြိုင်ပွဲ ၉ ခုစလုံးက ဆုတွေကို သိမ်းယူထားသူဖြစ်သည်။



စကိတ်စီး သရုပ်ပြသူ Xue Shen နှင့် Hongbo Zhao တို့ စုံတွဲက အိုလံပစ် ဆုတံဆိပ်အပါအ၀င်၊ နိုင်ငံတကာ ရွှေတံဆိပ် အများအပြား ရထားသူနှစ်ဦး ဖြစ်သည်။

ဝင့်ထန်း
http://maukkha.org/

ခံတွင်းနံ့ဆိုးခြင်း ကင်းဝေးရလေအောင်


သင့်ပတ်ဝန်းကျင်အတွက်သင်နဲ့စကားပြောနေရင်း မသိမသာနောက်ဆုတ်/တွန့်ဆုတ်သွားတာမျိုး ဒါမှမဟုတ် စကားပြောရပ်ပစ်လိုက်တာမျိုး မကြာခဏ သင်ကြုံတွေ့နေရပါ သလား။ သင်ဒီလို ကြုံတွေ့နေရပြီ ဆိုရင်တော့ ခံတွင်းနံ့ဆိုး ထွက်ခြင်းရဲ့ဒဏ်ကို သင်ခံစားနေရတာ သေချာနေပါပြီ။ ခံတွင်းမှ အနံ့ဆိုး ထွက်ခြင်းရဲ့ ဒဏ်ကို နိုင်ငံပေါင်းများစွာမှ လူသန်းပေါင်းများစွာဟာ ခံစားနေရပါတယ်။ အခြားသူ တစ်ယောက်ရဲ့ ခံတွင်းကို ယုံကြည်ဖို့ဆိုတာ တစ်ခါတစ်ရံမှာ ခက်ခဲလှပါတယ်။ဒါကြောင့် သင့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေ သို့မဟုတ် မိသားစုကို မေးပါ။ သင့်ရဲ့ ခံတွင်းနံ့ အခြေအနေကို ရိုးသားစွာ ဖြေဖို့ ပြောပါ။ ရိုးရှင်းတဲ့ ခံတွင်းစစ်ဆေးခြင်း နည်းလမ်းကတော့ သင့်ရဲ့လျှာ အနောက်က သွားရည်ကို နည်းနည်းထုတ်လိုက်ပြီး ခဏအကြာမှာ နမ်းကြည့်လိုက်ပါ။ အနံ့ဆိုးကို ရတယ် ဆိုရင်တော့ သင်စကားပြောတိုင်း ခံတွင်းအနံ့ဆိုးထွက်တာ သေချာသွားပါပြီ။
ခံတွင်းနံ့ဆိုးထွက်ခြင်းကို ဘယ်လိုပျောက်အောင် လုပ်မလဲဆိုတာကကို မပြောခင် ဘာကြောင့် ခံတွင်းအနံ့ဆိုးထွက်ရလဲဆိုတာကို အရင်ဆုံး သိထား သင့်ပါတယ်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီစားခြင်းက သင့်ခံတွင်းမှ အနံ့ဆိုးကို ထွက်စေပါတယ်။ ဒါ့အပြင် ကွမ်းစားခြင်းနဲ့ ဆေးလိပ်သောက်ခြင်းကလည်း ခံတွင်းနံ့ဆိုးစေတဲ့အကြောင်းအချက်တွေပါပဲ။
အကယ်၍ သင်ဟာ သင့်ခံတွင်းကို ပုံမှန်သန့်ရှင်းအောင် မလုပ်ဘူးဆိုရင်တော့ ခံတွင်းထဲရှိ ပိုးမွှားတွေ အဆိပ်အတောက်တွေကို ထုတ်လွှတ်တာကြောင့် သွားရည်ဟာ အနံ့ဆိုးထွက်လာပါတယ်။ ထိန်းချုပ်လို့မရတဲ့ ဆီးချိုရောဂါ၊ လေလမ်းကြောင်း ပြဿနာတွေနဲ့ အစာအိမ်မကောင်းတာတွေကြောင့်လည်း ခံတွင်းနံ့ကို ဆိုးစေပါတယ်။ သွားဖုံးရောဂါနဲ့ သွားမှာ အပေါက်ဖြစ်နေတာတွေကလည်း အကြောင်းရင်းတစ်ခုပါပဲ။
နေ့စဉ်နေ့တိုင်း မနက်စာ မစားမီနဲ့ ညစာစားပြီးတဲ့အချိန်တိုင်း သွားတိုက်ဖို့ မမေ့ပါနဲ့။ ဖြစ်နိုင်လျှင် တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ သင့်သွားကြားတွေကို သွားကြားထိုးကြိုးနဲ့ အညစ်အကြေးများ ကပ်မနေစေဖို့ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ရေများများသောက်ခြင်းနဲ့ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးခြင်းကလည်း သင့်ပါးစပ်ထဲမှ ပိုးမွှားတွေကို ဖယ်ရှားပေးပါတယ်။ ပိုးမွှားတွေကို သတ်နိုင်ဖို့အတွက် ခံတွင်းသန့်ဆေး သုံးပါ။ သင့်လျှာပေါ်မှာ ချွဲ၊ သလိပ်၊ ပိုးမွှားတွေနဲ့ အစာအကြွင်းအကျန်များကို ဖယ်ရှားပေးနိုင်ဖို့အတွက် လျှာကို ပွတ်တိုက်နိုင်တဲ့ လျှာခြစ်တံကိုသုံးပြီး သန့်ရှင်းရေးလုပ်ပါ။
သင်ဟာရေများများ သောက်တတ်တဲ့အကျင့်မရှိဘူးဆိုရင် သင့်ရဲ့သွားရည်ထုတ်လွှတ်မှုမှာ သက်ရောက်မှု ရှိပါလိမ့်မယ်။ Xylitol အခြေခံပီကေမျိုးကို စားပါက ပါးစပ်အတွင်း သွားရည်ထွက်မှုကို ကောင်းစေပြီး ပိုးမွှားများကိုလည်း ပါးစပ်အတွင်းမှ ဖယ်ရှားပေးနိုင်ပါတယ်။ ဆောင်ရန်၊ ရှောင်ရန်အားလုံးကို လိုက်နာပြီးရင်တောင်မှ သင့်ပါးစပ်က အနံ့ဆိုးထွက်နေသေးတယ်ဆိုရင်တော့ ဆရာဝန်နဲ့သွားတွေ့ပြီး အခြားခံတွင်းရောဂါ သို့မဟုတ် ခံတွင်းရောဂါ ဖြစ်လာနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းသင့်ပါတယ်။ သင့်ရဲ့ ခံတွင်းအနံ့ဆိုး ရှိ၊ မရှိကို အခုပဲ စစ်ဆေးလိုက်ပါ။

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက်ငါးခု




မြန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့
အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေ အလွန် နည်းပါး နေပါ တယ်။
ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့်
Camera, မြန်မာ နိုင်ငံမှာ ရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း
တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ
ပါတယ်။ ကိုင်နေ တဲ့ လူအများစုဟာ ဖုန်း တစ်လုံးရဲ့ အသုံးဝင်မှုကို အများ အားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။
ဒါကြောင့် ဒီထက်ပိုပြီး
အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်ပြပေးလိုက်ပါတယ်။


(၁) အရေးပေါ် ကွန်ရက်ရှာရန်
Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ ၁၂၂ ဆိုတဲ့
နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရ ပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး
ဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့
ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ် ကို နှိပ်လိုက်တာနဲ့
ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။
ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင်
တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။

(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင်
မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီအားနည်းလာပြီဆို ရင်
*3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ့ 
ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီထက်ဝက်အားပြန်
ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ်မိုဘိုင်းဖုန်းဘက်
ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက်
ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ
လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

(၃) ကားသော့ကျန်ခဲ့ရင်
အဝေးထိန်း စနစ် တပ်ဆင်ထား တဲ့ ကား အသုံးပြုသူ တွေအတွက် ကား ထဲမှာ
သော့ကျန်ခဲ့ခြင်း၊ အပိုသော့တစ် ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ်
ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။
အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို
မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့အဆက်အ သွယ်ရရင်
အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ်
ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့
ဖုန်းကိုတော့ ကား နားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက်
ပင်ပန်းမှုမရှိပဲ အဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါ
တယ်။

(၄)မိုဘိုင်းဖုန်း အခိုးခံရရင်
မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ
စရှိတဲ့ အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့
ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့
ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ
ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါ တယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း
ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ်
မှာပါ။ ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့်
ခိုးသူဟာ Simcard ကို မထုတ်ရ သေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော
ဖုန်းကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ်
စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ်
မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ် တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြ ပါဘူး။
ဒါပေမဲ့ Nokia ဖုန်းအသုံးပြု မယ့်သူတွေအတွက် ကုတ်နံပါတ်တွေ ကို
ဖော်ပြပေးလိုက်ပါတယ်။ ကုတ် နံပါတ်တွေအနေနဲ့ IMEI (International Mobile
Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး
ကြည့်ရှုနိုင်ပါတယ်။ LCD Display ကိုပိုပြီးရှင်းလင်းပြတ်
သားစွာမြင်ချင်တတယ်ဆိုရင် *#67705646# ကိုနှိပ်ပြီးကြည့်ရှုနိုင် ပါတယ်။
ဖုန်းမှာအသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို
ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth
device တွေရဲ့တည်နေရာကိုကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး
ကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့်
ဖုန်းကိုနောက်ဆုံးဘယ်အချိန် မှာပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအ ရာနဲ့
ဖုန်း lifetime ကိုသိရှိလိုရင်တော့ *#92702689#
ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသောဖုန်းနံပါတ်များကို
ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60
ဖုန်းတွေအတွက်တော့ *# 737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock
လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက် လာတဲ့အချိန်မှာ defult code 12345
ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်-
(7greendays google group)

အွန်လိုင်းကနေ အဖော်ရှာ လိမ်လည်သူကို မိပြီ




အဖမ်းခံလိုက်ရတဲ့ Ohm ကို ရဲတွေ ခေါ်လာတဲ့ပုံ ဖြစ်ပါတယ်။ 

သူနဲ့တွေ့ခဲ့ဖူးတဲ့ အမျိုးသမီးတယောက်ကဆိုရင် သူ့နာမည်နဲ့ Facebook page တခုတောင် လုပ်ထားပါသေးတယ်။ "Hunting Ohm" ဆိုတဲ့ နေရာမှာ သူတို့ ဘယ်လို လှည့်ဖြားခံခဲ့ရကြောင်း အမျိုးသမီးများက ရင်ဖွင့်ထားကြပါတယ် တဲ့။ သူကတော့ အမျိုးသမီး ၁၅ ယောက်လောက်နဲ့ အိပ်ခဲ့တာကိုတော့ ၀န်ခံပါတယ်။
(ဓာတ်ပုံများ- ဘန်ကောက်ပို့စ်)



အမျိုးသမီးပေါင်း ၁၀၀ ကျော်ထဲကတချို့ ၃ နှစ်ကျော်လောက် ကာမလည်းယူ၊ အဖိုးတန်တွေလည်း လိမ်လည်ယူခဲ့တဲ့ အသက် ၃၃အရွယ် အိမ်ထောင်ရှင် အမျိုးသား တယောက်ဖြစ်တဲ့ Ohm ဆိုသူကို ဘန်ကောက်ရဲက ဖမ်းလိုက်ပါတယ်။ဘန်ကောက် မြို့တော် ရဲချုပ်ဖြစ်တဲ့ Kamronwit Thoopkrachang နဲ့
သူ့လက်ထောက် Pisit Pisutsak တို့က ယမန်နေ့ တနင်္လာနေ့က ထိုင်းနိုင်ငံတ၀ှမ်း ဖမ်းဝရမ်း ၅ ခုနဲ့
အလိုရှိနေသူ Ohm ကို ဖမ်းဆီးလိုက်တာ လို့ ကြေညာလိုက်တာပါ။




ရဲမှူးချုပ် Pisit က ပြောရာမှာတော့ ရဲတပ်ဖွဲ့က အမျိုးသမီးတွေရဲ့ တိုင်ကြားစာ တော်တော်များများကို လက်ခံရခဲ့တာကြောင့် လွန်ခဲ့တဲ့ ၃ လထက် မနည်းကစပြီး သူ့ကို ခြေရာခံခဲ့တာလည်းဖြစ်ပါတယ်လို့ သြဂုတ် ၂၀ ရက်နေ့စွဲနဲ့ ဘန်ကောက်ပို့စ်က ဆိုပါတယ်။ သူဟာ ဥာဏ် ပြေးပြီး အကင်းပါးသူလည်းဖြစ်ပါတယ်တဲ့။ သူ့ကိုတော့ နောက်ဆုံး Lad Phrao ဆိုတဲ့ ဒေသက တိုက်ခန်း တခု မှာ လွန်ခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ဖမ်းဆီးရမိလိုက်တာလည်းဖြစ်ပါတယ်။



စွပ်စွဲချက်တွေ အဆိုအရတော့ Ohm ဟာ သူ့ရဲ့သားကောင်တွေကို အင်တာနက် လူမှုစာမျက်နှာတွေက တဆင့် တွေ့ဆုံခဲ့ ကြတာလို့ဆိုပါတယ်။ အင်တာနက်စာမျက်နှာမှာ ရင်းနှီးမှုတွေက တဆင့် သူဟာ နောက်ဆုံး လူချင်း တွေ့ဖို့ ဆွဲဆောင် ခဲ့တာလည်းဖြစ်ပါတယ်။

တိုင်ကြားသူတွေက ရဲကိုပြောတာကတော့ ဒီလူဟာ သူတို့ရဲ့ ပိုက်ဆံ၊ ATM ကတ်တွေနဲ့
အဖိုးတန်ပစ္စည်းတွေကို ခိုးယူဖို့ အခွင့် အရင်ရှာလေ့ရှိပါတယ် တဲ့။ တချို့အမျိုးသမီးတွေ ပြောတာကတော့ သူက မတော်မတရား လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော် အမျိုးသမီး ၁၅ ယောက်လောက်နဲ့ အိပ်ခဲ့တာကိုတော့ ၀န်ခံပါတယ်။ ဒါပေမယ့် မုဒိန်းဘယ်တော့မှ မကျင့်ခဲ့ပါဘူး။ ကျနော့်နည်းအတိုင်း လူတွေဆီက တခုခု လိမ်ယူဖို့ ပြန်ခဲ့တာချည်းပဲ။ ဘယ်သူ့ကိုမှ ဒီလို တပုံစံတည်းမလုပ်ခဲ့ဘူး” လို့ Ohm က ဆိုပါတယ်။

တရားခံ ကတော့ သူ့ဘာတွေ လုပ်ခဲ့ပြီး ဘာကြောင့်လုပ်ခဲ့တာတွေကိုလည်း ပြောဆိုထားပါတယ်။

“ကျနော့်မှာ မိန်းမနဲ့ ကလေး တယောက်ရှိတယ်။ သူတို အသုံးစရိတ်က တလ ဘတ် တသောင်းခွဲ ကုန်တယ်။ ကျနော်က ကုမ္ပဏီ တခုက ၀န်ထမ်းတယောက်ပါပဲ။ အရင်ကတော့ စားသောက်ဆိုင်မှာ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ၃ နှစ်လောက် ရှိပြီ အလုပ်မလုပ်ဖြစ်တာ” လို့ Ohm က ဆိုပါတယ်။

အမည်မဖော်လိုတဲ့ တရားလို အမျိုးသမီး တဦးပြောတာကတော့ သူနဲ့ တရားခံတို့ဟာ အင်တာနက် လူမှုရေး ကွန်ရက်က တဆင့် ခင်မင်ရင်းနှီးသွားခဲ့ကြတာပါတဲ့။



“ကျမ သူ့ ဖေ့စ်ဘုတ်မက်ဆေ့ခ်ျမှာ တင်ထားတာတွေ့တော့ စိတ်ထဲ တော်တော်သနားသွားတယ်။
သူ့က အသည်းကွဲနေလို့ ကိုယ့်ကိုယ်သတ်သေတော့ မလို့တဲ့လေ။ သူ့မှာလည်း မွေးရာပါ   ရောဂါလည်းရှိတယ်” တဲ့။ ဒါနဲ့ ကျမလည်း သူ့ကို နှစ်သိမ့်ဖို့ ကြိုးစားခဲ့ပါတယ်။ အင်တာနက်ကနေ စကားပြောခဲ့တယ်။

နောက် တပတ်လောက်ကြာအောင်သူနဲ့ တယ်လီဖုန်းလည်း ပြောခဲ့တယ်” လို့ အဆိုပါ အမျိုးသမီးက ဆိုပါတယ်။ နောက်ထပ် Ohm ရဲ့ လိမ်ဇာတ်တွေကလည်း တမျိုးပြီး တမျိုး မရိုးပါဘူး။
နောက်တယောက်ကိုတော့ သူက ထင်ရှားတဲ့ နိုင်ငံရေး သမားတယောက်ရဲ့ သားဖြစ်ကြောင်း၊
သူ့မိဘတွေကို သူတွေ့လိုတာကြောင့် သူ့ကို အကူအညီပေးဖို့ စသဖြင့် ဂွင် ဆင်ပြောဆိုခဲ့တာလည်း ရှိပါသေးတယ်။

အဲဒီမှာ အကူအညီပေးမိသူက လိုက်ပို့ပေးတော့ သူ့မိဘတွေနဲ့ တွေ့တဲ့အခါ မျက်နှာကြည့်ကောင်းအောင်လို့ မျက်နှာချေ သုံးချင်တယ်လို့ ပြောပါရောတဲ့။ ဒါနဲ့ သွားဝယ်ပေးလိုက်တဲ့အခါမှာ သူက စလွန်းကားထဲက ကူညီသူရဲ့ ဘတ် တထောင် ပါတဲ့ ပိုက်ဆံအိတ်၊ ATM ကတ်နဲ့ ကွန်ပျူတာ နုတ်ဘွတ်တွေကို ယူသွားတာလို့ ခံလိုက်ရသူ တယောက်က ဆိုပါတယ်။

အဲဒီနေ့ကတည်းက အမျိုးမျိုးတောင်းပန်ခဲ့ပေမယ့် ဘာအဆက်အသွယ်မှ မလုပ်ခဲ့တော့ပါဘူးလို့ သူကဆက်ပြောပါတယ်။ “ဒီနေ့ သူအဖမ်းခံလိုက်ရတာကို မြင်လိုက်တယ်။ ဒါပေမယ့် စကားများများ မပြောချင်ဘူး။ ကျမ သူ့ကို ပါးပဲ ရိုက်ချင်တယ်” လို့ သူက ဆိုပါတယ်။

ဒီလိုနဲ့ အွမ်းဟာ အလုပ်အကိုင်မရှိပဲ တခြားလူတွေဆီက ဖျံကျ၊ အဖိုးတန်ပစ္စည်းတွေ ခိုးဝှက် လိမ်လည် စားသောက်နေထိုင်လာတာ ၃ နှစ်လောက် ရှိပြီလို့ ရဲက ဆိုပါတယ်။ သူကလည်း ရဲနဲ့ သူလိမ်ခဲ့သူတွေရဲ့ ခြေရာခံမှုက လွတ်ဖို့အတွက်ကလည်း တပတ်ကို တခါလောက် နေတဲ့နေရာ ကို ပြောင်းရွှေ့လေ့ ရှိခဲ့တာပါဘဲတဲ့။


အခု ရဲက သူ့ကို ဖမ်းလိုက်တဲ့အချိန်မှာ ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်၊ မှတ်ပုံတင်ကတ်၊ အကြွေးဝယ်ကတ်၊ ATM ကတ်၊ မိုဘိုင်းဖုန်း၊ လက်ပ်တော့ပ် ကွန်ပျူတာစသဖြင့် သူ့သားကောင်းတွေဆီက လိမ်လည်ခိုးယူထားတဲ့ ပစ္စည်းအမျိုးပေါင်း ၁၃၆ မျိုးကို သူ့အခန်းမှာ တွေ့ရှိခဲ့တယ်လို့ ရဲက ဆိုပါတယ်။

Copy From : http://blog.irrawaddy.org

အဖေဝလျှင် သားသမီးများ ဝနိုင် ၊ အမေ ဝ သော်လည်း သားသမီများ ဝခြင်း မရှိ


ဝသော ဖခင်များမှမွေးဖွား လာ သောသားသမီး များသည် သာမန် ကိုယ်အလေးချိန် ရှိသော ဖခင်မှမွေး ဖွားလာသော သားသမီးများ ထက် အသက် ရှစ်နှစ်မှ ကိုးနှစ် အတွင်း အ၀လွန် ကလေးများဖြစ်ရန် အလား အလာ လေးဆ ပိုများကြောင်း သြစ တြေးလျ နိုင်ငံ နယူးကာ ဆယ်တက္က သိုလ်မှ သုတေသီ များကတွေ့ရှိခဲ့ကြ သည်။ သို့သော် ၀လွန်း သောမိခင် များမှ မွေးဖွား လာသော သားသမီး များသည် ၎င်းတို့၏ မိခင်ကဲ့သို့ဝလာ ခြင်းမရှိ ကြောင်းလည်း သုတေသီ များက တွေ့ရှိခဲ့ကြသည်။


အ၀လွန်သော ဖခင်ကမွေးဖွား လာသော သားသမီးများသည် အ ဘယ်ကြောင့် သူတို့ ဖခင်ကဲ့သို့ဝလာ ကြောင်း ယခုအချိန်ထိ မသိရသေး ဟု လေ့လာရေး အဖွဲ့ခေါင်းဆောင် အမ်မလီဖရီးမင်း ကပြောကြား သည်။ သြစတြေးလျသုတေသီများက ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်း သြစ တြေးလျ နိုင်ငံ၌ မိသားစုပေါင်း ၃,၀၀၀ ကျော်အား လေ့လာ ဆန်းစစ်ပြီး နောက် ယခု ကဲ့သို့ရှာဖွေ တွေ့ရှိခဲ့ကြ ခြင်းဖြစ်သည်။


သုတေသီများ ကအသက်လေး နှစ်မှ ငါးနှစ် အတွင်းကလေးများ၏ ကိုယ် အလေးချိန်ကို ချိန် တွယ်မှတ် တမ်းတင်ပြီး နောက် ၎င်း ကလေးများ အသက် ရှစ်နှစ်မှ ကိုးနှစ်အတွင်း ရောက် ချိန်တွင် တစ်ဖန် ကိုယ်အ လေးချိန် ကိုကြည့်ရှုရာ အ၀ လွန်သော ဖခင်မှ မွေးဖွား လာသော ကလေးများ သည် ထူးထူးခြားခြား အ၀လွန်သော ကလေး များဖြစ်ကြောင်း လေ့လာ တွေ့ ရှိခဲ့ကြသည်။

သြစတြေလျ ကလေးငယ်များ၏ ၂၅ ရာခိုင်နှုန်း မှာ ၀လွန်း သောက လေးများ ဖြစ်ကြောင်း၊ ကလေးများ ကိုယ် အလေးချိန် လျော့ကျ စေရန်အ တွက် ဖခင်များ ကိုယ်အလေးချိန် လျှော့ချ သင့်ကြောင်း ဖရီးမင်းကပြော သည်။

SN (Ref; Internet)

Copy From : http://www.themyanmarpost.com

ရမ်ဘိုမင်းသားစတားလုံး (သို့မဟုတ်) ရည်မှန်းချက်ကြီးမားခဲ့သူ


စတားလုံးဆိုတာ မြန်မာရုပ်ရှင်ကြည့် ပရိသတ်တွေ အားလုံးသိပြီးသားဖြစ်ပါတယ်။ ရမ်ဘိုမင်းသားလို့လဲ လူသိ များတဲ့သူဖြစ်ပါတယ်။ ကျွန်တော်က သူ့အကြောင်းကို အင်တာနက်ပေါ်မှာ ဖတ်မိတော့ တော်တော်စိတ်ဝင်စား တယ်။သူ့ရဲ့ကြိုးစားလုပ်ဆောင်မှုတွေဟာ အတုယူစရာကောင်းတယ်။ဒီကနေ့ လူငယ်တွေအတွက် ငယ်ရွယ်စဉ်အခါမှာ အချိန်ကို မဖြုန်းတီးကြဘဲ စတားလုံးကို နမူနာယူပြီး၊ အတုယူပြီး လိုက်နာကျင့်သုံး နိုင်အောင် တင်ပြပေး လိုက်ပါတယ်။



စတားလုံးဆိုတာ အမေရိကန်လူမျိုး ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ပါ။ ရုပ်ရှင်ထုတ်လုပ်သူ၊ တည်းဖြတ်သူ၊ ဒါရိုက်တာ နဲ့ အထူးပြုလုပ်ချက်တွေကိုဖန်တီးတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့သရုပ်ဆောင် မှုတွေမှာ လက်ဝှေ့သမား အဖြစ် သရုပ်ဆောင်ရာကနေ စတင်ပြီးထင်ရှားကျော်ကြားခဲ့ပါတယ်။ သူဟာ လက်ဝှေ့သင်တန်းတစ်ခုကို တည်ထောင်ဖွင့် လှစ်ထားပြီး သရုပ်ဆောင် လောကတွင်သာမက အများက လေးစားရသူတစ်ယောက်ဖြစ်ပါတယ်။


 ဟောလိဝုဒ် ရုပ်ရှင်လောကမှာ သူဟာ နာမည် မကြီးခင်အချိန်က အလွန်ဆင်းရဲခဲ့ပါတယ်။ ဘယ်အထိ ဆင်းရဲခဲ့သလဲဆိုရင်အိမ်သာခန်းသန့်ရှင်းရေးဝန်ထမ်းအဖြစ်တောင် လုပ်ခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ လူနေခြုံကြား စိတ်နေ ဘုံဖျားဆိုသလို သူရည်ရွယ်ချက်ရှိရှိနဲ့ အိမ်သာခန်းသန့်ရှင်းရေး ၀န်ထမ်းအဖြစ်လုပ်ခဲ့တာပါ။ ဘာကြောင့်လဲ ဆိုတော့ သူလုပ်တဲ့နေရာက ဟောလိဝုဒ် ရုပ်ရှင်မှာ ဒါရိုက်တာတွေနဲ့နီးစပ်အောင် သူက အဲဒီအလုပ်ကို လုပ်ခဲ့တာပါ။
ငယ်ငယ်တုံးက crazy ဖြစ်ခဲ့ဖူးတဲ့ RAMBO
သူဟာ သူလုပ်ကိုင်နေရတဲ့ အိမ်သာခန်းလေးတွေကို အမြဲသန့်ရှင်းနေအောင်လုပ်တယ်။ အိမ်သာခန်းကို လာရောက် ကြတဲ့ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေကို လေးလေးစားစားဆက်ဆံတယ်။ သရုပ်ဆောင်တွေကိုလည်း အရမ်း အားကျတယ်။ဒါရိုက်တာတွေကို တွေ့တိုင်းသူက ရိုသေလေးစားစွာနဲ့ ပြောလေ့ရှိတာကတော့- “လူကြီးမင်းခင်ဗျာ…ကျွန်တော့်ကို မင်းသားတင်ရိုက်ပေးပါ။ လူကြီးမင်းကသာ မင်းသားအဖြစ် တင်ရိုက်ပေးရင် လူကြီးမင်းဘာခိုင်းခိုင်း ကျွန်တော်လုပ်ပေးပါမယ်”ဒါရိုက်တာတွေကတော့ သူ့ကို သေသေချာချာကြည့်ပြီး ပြုံး

သွားကြတယ်။ တစ်ချို့ကတော့ ခေါင်းကို ခါယမ်းသွား ကြတယ်။

တစ်ချို့ကတော့-
“မင်းရုပ်ကိုလဲ မှန်ထဲ ပြန်ကြည့်ပါဦး၊ ပါးစပ်ကရွဲ့စောင်းသေးတယ်။ စကားကဗလုံးဗထွေးနဲ့ ပီအောင်လည်း မပြော တတ်ဘူး၊မင်းနဲ့ ဒီအလုပ်နဲ့ပဲ တန်ပါတယ်”

အဲဒီလို အပြောခံရပေမယ့် စတားလုံးဟာ လုံးဝဇွဲမလျော့ခဲ့ဘူး။ တစ်နေ့နေ့တော့ ဖြစ်လာရမယ်လို့ ယုံကြည်မှု အပြည့်အ၀ ရှိနေတယ်။ ဒါရိုက်တာတွေရဲ့ ငြင်းပယ်မှုကို အကြိမ်ပေါင်း ရှစ်ရာကျော် ခံခဲ့ရတယ်။ သူ့ကိုယ်သူ တစ်နေ့ ကျရင် အောင်မြင်ထင်ရှားတဲ့ မင်းသားတစ်လက် ဖြစ်လာရမယ်လို့လဲ အမြဲယုံကြည်နေတယ်။

သူဟာ ယုံကြည့်မှုရှိနေယုံမကဘူး Rocky ဆိုတဲ့ ဇာတ်လမ်းကို အတွဲလိုက် ရေးသားနေတယ်။ သူအဲဒီလိုရေးသား ထားတာကို ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ကို ပေးဖတ်လိုက်တယ်။ ဒါရိုက်တာကလည်း ဒီဇာတ်လမ်းကို အလွန် သဘော ကျပြီးဒေါ်လာ (၃၅၀၀၀)နဲ့ရောင်းဖို့ပြောတယ်။ သူက ဒီဇာတ်လမ်းကို သူနဲ့ရိုက်မှာသာ ရောင်းနိုင်မယ်လို့ ပြောတယ်။ ဒါရိုက်တာကလည်း လက်မလျော့ဘူး။   ငွေထပ်တိုးပေးတယ်။ စတားလုံးကလည်း လုံးဝလက်သင့် မခံဘူး။ နောက်ဆုံး တော့ဒါရိုက်တာက အလျော့ပေးလိုက်တယ်။

stallone ၏ ပထမဦးဆုံးနှင့် အအောင်မြင်ဆုံး ဇတ်ကား rocky

ဒီလိုနဲ့ စတားလုံးဟာ Rocky ဇာတ်လမ်းကို စရိုက်ပြီး ရုံတင်လိုက်တဲ့အခါမှာတော့ ၀က်ဝက်ကွဲအောင်   အောင်မြင်မှု ရသွားတယ်။တကယ်တော့ သူ့ရဲ့အောင်မြင်မှုဟာ ရည်မှန်းချက်ကြီးမားခဲ့လို့သာဖြစ်တယ်။ သူသာ ရည်မှန်းချက်မထား ဘဲအိမ်သာခန်းသန့်ရှင်းရေးအလုပ်ကိုသာ လုပ်နေမယ်ဆိုရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ရည်မှန်းချက်ရှိလို့သာ သူဟာ သူနဲ့လိုက်ဖက်မယ့် ဇာတ်လမ်းကို အချိန်ရတိုင်းရေးသားနေလို့သာ အခုလို အောင်မြင်ထင်ရှား ကျော်ကြား ခဲ့ရတာပါ။

ကျွန်တော်တို့ လူငယ်တွေအနေနဲ့လည်း မိမိရဲ့ဘ၀အတွက် ရည်မှန်းချက်များ ချမှတ်ပြီး အားလပ်တဲ့အချိန်လေးတွေ ကိုအကျိုးရှိရှိ အသုံးချသွားမယ်ဆိုရင် ထိပ်တန်းကို တက်လှမ်းနိုင်ရမယ်ဆိုတာ ရဲရဲကြီးပြောဝံ့ပါတယ်။

http://en.wikipedia.org/wiki/Sylvester_Stallone

သတင်းကြေငြာစဉ် လက်ခလယ် ထောင်ပြမှုကြောင့် ရုရှ သတင်း ကြေငြာသူ အလုပ်ဖြုတ်ခံရ


ရုရှားရုပ်မြင်သံကြား သတင်းကြေငြာသူ ပျိုဖြူလေး တစ်ယောက်တော့ နိုဝင်ဘာလ ၂၃ရက်နေ့က သတင်းဖတ်ရင်း အမေရိကန်သမ္မတ အိုဘားမားကို ရည်ရွယ်တဲ့ သဘောနဲ့  လက်ခလယ်လေး ထောင်ပြလိုက်မိလို့ ဟိုးလေးတကြော်ကြော် ဖြစ်ပြီး အလုပ်ပြုတ်သွားခဲ့ပါတယ်။
ရုရှားရုပ်မြင်သံကြား REN TV ရဲ့ သတင်းကြေငြာသူ တတ်ယာနာ လီမန်နိုဗာဟာ ဒီလ အစောပိုင်းက သတင်းရုပ်သံလွှင့်နေတာ အရှိန်အဟုန်နဲ့ ပျံသန်းနေတဲ့ ငှက်ကလေး တကောင်လိုပါပဲ။ ဒါပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ရက် ဗုဒ္ဓဟူးနေ့ ကတော့ အင်တာနက် ဝဒ်ဆိုဒ်တွေပေါ်မှာ ဗိုင်းရပ်ပိုးတကောင် အဖြစ်ရောက်သွားခဲ့ပါတယ်လို့  လန်ဒန် နေ့ စဉ် တယ်လီဂရဖ် သတင်းစာက ရေးသားလိုက်ပါတယ်။ အခုတော့ အခြေအနေ တင်းမာမှုက သူမကို ရုပ်မြင်သံကြားဌာနက အလုပ်ဖြုတ်ဖို့ ဖန်တီးလာပါတယ်။

 
တတ်ယာနာ လီမန်နိုဗာဟာ ရုရှားရုပ်မြင်သံကြားမှာ သတင်းကြေငြာသူအဖြစ် ဆက်ပြီး လုပ်လို့        မဖြစ်နိုင်ဘုး။ လုပ်ရလိမ့်မယ် မဟုတ်ဘူးလို့ ဆုံးဖြတ်ချက် ချလိုက်ပြီလို့  ဆိုထားပါတယ်။ အဲ့ဒီ သတင်းရုပ်သံလွှင့်ချက်ကတော့ အာရှပစိဖိတ် ပူးပေါင်းရေးအသင်းကြီးရဲ့ ဥက္ကဌရာထူးကို အလှည့်ကျ တာဝန်ယူရာမှာ၊ ရုရှားသမ္မတ ဒမစ်ထရီ မက်ဗီဒက်က အမေရိကန်သမ္မတ အိုဘားမားကို အစားထိုး နေရာယူမှာဖြစ်ကြောင်း ထုတ်လွှင့်ချက်ပဲဖြစ်ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားရဲ့ နံမည်ကို ပြောတဲ့အခါ ရုပ်မြင်သံကြား သတင်းစာနယ်ဇင်းဆုတွေ ရရှိ ပိုင်ဆိုင်ထားသူ တတ်ယာနာ လီမန်နိုဗာက အင်မတန်ရိုင်းတဲ့ သကေတဖြစ်တဲ့ လက်ခလယ် လက်ချောင်းကို ထောင်ပြလိုက်ပါတယ်။



ဒီရုရှားရုပ်မြင်သံကြား အစီအစဉ်ကို ရုရှားတပြည်လုံးက ကြည့်ရှုသူ သန်း ၁၂ဝ ကျော်ရှိပါတယ်။
သူမထင်တာက ဒီနေရာမှာ သတင်းဆိုင်ရာ အရုပ်နဲ့  သုမရဲ့ အသံကိုသာ လွှင့်နေတယ်၊ သူမဟာ ကင်မရာရိုက်ကွင်းပေါ်မှာ မရှိဘူးလို့ ထင်ပြီး၊ စောစောပိုင်းက သုမကို နောက်ပြောင်ထားတဲ့ စတူဒီယို ခန်းမထဲက စက်မှုပိုင်းဆိုင်ရာ ပညာရှင်တွေကို ရည်ရွယ်ပြီး လက်ခလယ် လက်ချောင်းကို ထောင်ပြလိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီ ရိုက်ကူးထားချက်တွေကို ကြည့်တဲ့အခါ သတင်းကြေငြာသူ တတ်ယာနာ လီမန်နိုဗာဟာ သုမရဲ့ ပဟေဠိဆန်တဲ့ အယ်ဒီတာ့ အာဘော်သတင်းကို ဖတ်လွှင့်နေဆဲမှာ ကင်မရာကို ကြည့်နေတာ တွေ့ ရပါတယ်။

Copy From : http://patheincity.com

ခန္ဓာကိုယ် တစ်ပိုင်းပြတ် လူသား


၁၉၁၁ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့မှာ အမ်မီလီယာ နဲ့ ဂျွန် အက်ဟတ် တို.
ဇနီးမောင်နှံဟာ ဂျွန်ဂျူနီယာ နဲ့ ရောဘတ် လို.ခေါ်တဲ့ သားအမွှာနှစ်ဦး   မွေးဖွားခဲ့ပါတယ်။ ဂျွန်ဂျူနီယာမှာသာ ခါးအောက်ပိုင်းအစိတ်အပိုင်းတွေ ပါဝင်ခဲ့မယ်ဆိုရင် ဒီအမွှာညီအစ်ကိုနှစ်ယောက်ဟာ အတော်လေးဆင်တူမှာ   ဖြစ်ပါတယ်။ ခုတော့ ရောဘတ် မှာ ပြီးပြည့်စုံတဲ့ ကိုယ်ခန္ဓာရှိခဲ့ပေမဲ့ ဂျွန်ဂျူနီယာကတော့ ကိုယ်တစ်ပိုင်းပြတ် ကလေးငယ်လေးအဖြစ်နဲ့သာ   မွေးဖွားခဲ့ရပါတယ် ။     ဒီညီအစ်ကိုနှစ်ယောက်ဟာ    ဘဲတီမိုးမှာကြီးပြင်းခဲ့ ကြပါတယ် ။

ဂျွန် ဟာ သူ့ရဲ့အားနည်းချက်တွေကို မယုံကြည်နိုင်စရာ   ကောင်းလောက်အောင်အံတုနိုင်ခဲ့ပါတယ်။ အသက်တစ်နှစ်သားလောက်မှာ သူ.အစ်ကိုရောဘတ်က မတ်တပ်ရပ်ဖို. အနိုင်နိုင်ဖြစ်နေတဲ့အချိန် ဂျွန် က သူ့လက်တွေကို အသုံးချပြီး လမ်းလျောက်နေပါပြီ ။

ဂျွန် ကပိုပြီး လျှင်မြန်စွာ ဖွံ့ဖြိုးလာပြီး သူ့ရဲ့ လျှင်မြန်ဖြတ်လတ်မှု နဲ့ အမှီအခိုကင်းမှုတွေဟာ
သူ့မိသားစုနဲ့ သူငယ်ချင်းများကို အလွန်အံ့အားသင့်စေပါတယ် ။
၁၉၂၃ ခုနှစ် ရဲ့ တစ်ရက်မှာ သူတို.မြို့က ဘုရားကျောင်းမှာ မျက်လှည့်ပွဲတစ်ခု
လုပ်ခဲ့တယ် ။ အဲဒီမှာ မျက်လှည့်ဆရာက ပရိတ်သတ်ထဲက ၀င်ရောက်ကူညီပေးနိုင်မဲ့သူကို
ဖိတ်ခေါ်တဲ့အခါ ဂျွန်ဟာ တိရိစ္ဆာန်တစ်ကောင်လို လျှင်မြန်ဖြတ်လတ်စွာ စင်ပေါ်တက်သွားတော့ မျက်လှည့်ဆရာ ဂျွန် မက်အတ်စ်လန် ခမျာ အလွန်အမင်း အံ့သြတုန်လှုပ်သွားခဲ့ရတယ် ။  မျက်လှည့်ဆရာ မက်အတ်စ်လန် ဟာ ဂျွန်ကိုမြင်တော့ အကျိုးအမြတ်ကြီးကြီးမားမား ရနိုင်တာကို တွေးမိပြီး သူ.မိသားစုကျေနပ်လောက်အောင် ပေးကမ်းပြောဆိုပြီး ဂျွန် နဲ့ ရောဘတ်တို. ညီအစ်ကိုနှစ်ဦးလုံးကို တစ်နှစ်စာချုပ်နဲ့ မျက်လှည့်ပြပွဲမှာ ခေါ်ဆောင်သွားခဲ့တယ် ။ ဒါပေမဲ့ လူလိမ်တစ်ဦးဖြစ်တဲ့ မက်အတ်စ်လန်ဟာ နောက်ပိုင်းတွင် စာချုပ်မှာ ၁ နောက်က သုညတစ်လုံးထပ်ထည့်ပြီး ၁၀ နှစ်စာချုပ် ဖြစ်အောင်လုပ်ခဲ့ပါတယ် …
  ဂျွန် နဲ့ သူ့အမွှာညီအစ်ကို ရောဘတ်
ဒီလိုလိမ်လည်အနိုင်ကျင့်မှုနဲ့ကြုံခဲ့ရသော်လည်း သူတို.ညီအစ်ကိုနှစ်ဦးဟာ မျက်လှည့်
ပြပွဲတွေနဲ့ ပျော်ရွင်နေခဲ့ကြပါတယ် ။လူတိုင်းကို အ့သြတုန်လှုပ်သွားစေတဲ့ ပြပွဲတွေကို သူတို.
ညီအစ်ကိုနှစ်ယောက် ပါဝင်ပြသနိုင်ခဲ့တယ်လေ။ ဘယ်လိုပြသ သလဲဆိုတော့ …
မျက်လှည့်အဖွဲ့မှ အိပ်မွေ့ချဆရာကြီး ရာဂျာေ၇ဘွိုက် က ပရိတ်သတ်ထဲမှ ကူညီပေးနိုင်မဲ့သူ
အဖြစ်ရောဘတ်ကို လက်ညှိုးထိုး ဖိတ်ခေါ်တယ်။ ဒီအခါ ပရိတ်သတ်အဖြစ် ဟန်ဆောင်
ထိုင်နေတဲ့ ရောဘတ်က ကူညီဖို. စင်ပေါ်တက်သွားတယ်။ အိပ်မွေ့ချဆရာကြီးက
ရောဘတ်ကို အိပ်မွေ့ချပြီး ဗီရိုတစ်ခုထဲ ထည့်လိုက်တယ် ။ ဒီသေတ္တာထဲမှာ ရောဘတ်ဟာ
ဂျွန်နဲ့ လျို့ဝှက်လျှင်မြန်စွာ လူစားလဲလိုက်တယ် ။ဂျွန်တစ်ယောက်ထဲတော့ မဟုတ်ဘူးဗျ ။
ဂျွန်က လူပုလေးတစ်ယောက်ရဲ့ ခေါင်းပေါ်မှာတက်နေပြီး ၊ အောက်က လူပုလေးရဲ့ ခေါင်းကို
လူမမြင်အောင် ဖုံးအုပ်ဖို့ ကုတ်အင်္ကျီခပ်ရှည်ရှည်ကို ၀တ်ဆင်ထားသေးတယ် ။ ဒီနောက်မှာ ဓါးသမားတစ်ဦးက (ပရိတ်သတ်အမြင်မှာ) ရောဘတ် ရဲ့ ခါးလယ်ကနေ ဓါးနဲ့ပိုင်းဖြတ်
လိုက်တယ် ။ ပြီးတော့ ဗီရိုကို ဖွင့်လိုက်တော့ ကိုယ်တစ်ပိုင်းပြတ်နေတဲ့ ဂျွန် က သူ့ရဲ့
ခြေထောက်တွေကို စင်ပေါ်မှာ လိုက်လံဖမ်းဆီးနေပါတော့တယ် … ပရိတ်သတ်တွေဆီက လက်ခုပ်သြဘာသံတွေ ဆူညံသွားတဲ့အခါကျမှ အိပ်မွေ့ချဆရာကြီး ရေဘွိုက် က ပြတ်နေတဲ့ ခန္ဒာကိုယ်ကို ပြန်ဆက်ပေးလိုက်တယ် ။ ပိုပြီး အသက်ဝင်စေရန် Volunteer အဖြစ်
လုပ်ဆောင်တဲ့ ရောဘတ်က အိပ်မွေ့ချဆရာကြီးကို တရားစွဲမယ်လို. ခြမ်းခြောက်ရတာပေါ့။
ဒီ ပြကွက်ဟာ စိတ်ဝင်စားဖွယ် ရယ်စရာပြကွက်တစ်ခုအဖြစ်သာ ရည်ရွယ်ပြသခဲ့တာဖြစ်ပေမဲ့ ပရိတ်သတ်အများစုဟာ အမှန်တကယ် ကြောက်ရွံ့တုန်လှုပ်ခဲ့ကြပါတယ် ။ ဒီပြကွက်ကို
ကြည့်ပြီး သတိလစ်မေ့မျောသွားတာလည်း ခနခန ဖြစ်လေ့၇ှိပါတယ် ။
     ဂျွန် နဲ့ လူပုလေး
မျက်လှည့်ဆရာကြီး ရာဂျာ ရေဘွိုက် နဲ့ ဂျွန်
ဓါးနဲ့ပိုင်းဖြတ်တဲ့ပြကွက်ကို လေ့ကျင့်နေတဲ့ ပုံပါ
ဂျွန်ဟာ သူ့ရဲ့ကိုယ်ပိုင် အရည်အချင်းနဲ့ ဆပ်ကပ်ဖျော်ဖြေရေးသမားအဖြစ်လည်း လူတွေ
အပေါ်ဆွဲဆောင်နိုင်ခဲ့ပါတယ် ။ သူဟာ ကျွမ်းကျင်တဲ့ ကျွမ်းဘားသမား၊ တောရိုင်းတိရိစ္ဆာန်များကို ထိန်းကျောင်းပြနိုင်သူတစ်ဦးအဖြစ် လူသိများခဲ့ပါတယ်။ အပြေးပြိုင်ပွဲတွေမှာလည်း
ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အတွက် ခြေထောက်မဲ့ အပြေးသမားအဖြစ် ထင်ရှားခဲ့ပါတယ် ။
ဂျွန်ဟာ ဒီလိုလည်း ကျွမ်းဘားကျွမ်းကျင်ပါတယ် ။
  ပြပွဲတွေမရှိတဲ့အခါမှာ သူတို. ဘဲလ်တီမိုးမြို.က သံစုံသီးဝိုင်းမှာ ၀င်ရောက် တီးခတ်
လေ့၇ှိသလို သူဟာအလွန် ထူးချွန်တဲ့ ပန်းချီဆရာတစ်ယောက်လည်းဖြစ်ပါတယ် တဲ့ …
  ထော်လာဂျီလည်း မောင်းနိုင်တယ် ။
   ဂျွန်အတွက် အထူးထုတ်ထားတဲ့ ကားပဲ ဖြစ်မှာပေါ့ဗျာ ...
၁၉၃၂ခုနှစ်မှာတော့ ဂျွန်ဟာ လူထူးလူဆန်း ဗီဒီယိုပြကွက်တွေမှာ ၀င်ရောက်
ရိုက်ကူးခဲ့ပါတယ် ။ သူဟာ တာဇံသုံးယောက် ဇါတ်ကားမှာဝင်ရောက် သရုပ်ဆောင်ခွင့်
ရတာကိုလည်း အလွန်ဂုဏ်ယူခဲ့ပါတယ် ။ ဒီရုပ်ရှင်ရိုက်ကူးအပြီးမှာ ဂျွန်တို. ညီအစ်ကို
နှစ်ဦးဟာ ဆပ်ကပ်ပြပွဲတွေကနေ အနားယူခဲ့ပါတယ် ။ ဂျွန် ဟာ အလွန်ထူးချွန်တဲ့
အံ့ဖွယ်လူသားတစ်ဦးဖြစ်ပါတယ် ။သူ့ရဲ့ မွေးရာပါ ခန္ဓာကိုယ်ချွတ်ယွင်းမှုကို ဘယ်တုန်းကမှ
မရှက်ရွံ့ခဲ့သလို ထိုချွတ်ယွင်းမှုကိုလည်း ကောင်းစွာရင်ဆိုင်ကျော်လွားနိုင်ခဲ့ပါတယ်။
သူဟာ လူတစ်ဦးရဲ့ အပေါ်ယံသွင်ပြင် တစ်ခုတည်းကိုကြည့်ပြီး အကောင်းအဆိုး မဆုံးဖြတ်တဲ့
လူတွေကို ချစ်ခင်စွာ ပေါင်းသင်းဆက်ဆံပါတယ် ။

သို.ပေမဲ့လည်း ၁၉၈၇ ခုနှစ်မှာတော့ သူနေထိုင်ရာအိမ်ကို ဓါးပြအဖွဲ့တွေ
ဝင်ရောက်တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ ဒီအချိန်ကစပြီး လူသားတွေရဲ့ ရိုးသားမှုအပေါ်
စိတ်ပျက်သွားခဲ့တဲ့ အဘိုးအိုကြီး ဂျွန် ဟာ ကျန်တဲ့ သက်တမ်းတစ်လျောက်လုံး သူ့အိမ်ထဲမှာ
တစ်ဦးတည်းနေထိုင်ရင် ကုန်ဆုံးခဲ့ပါတယ် ။ ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့မှာ
ကိုယ်တစ်ပိုင်းပြတ်လူသား ဂျွန် ဟာ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပါတယ် ။
သူ.ရဲ့ အမွှာအစ်ကို ရောဘတ်ကတော့ ၁၉၉၅ ခုနှစ် အသက် ၈၃ နှစ်အရွယ်မှာ
ကွယ်လွန်ခဲ့ပါတယ် ။ သူတို.ပထမနေထိုင်ခဲ့တဲ့ မြောက်ပိုင်း မီလ်တန်မှာရှိတဲ့ အိမ်ကြီးကိုတော့
ဂျွန် အက်ခ် ပြတိုက်အဖြစ် ပြုလုပ်ပြသခဲ့တာ ဒီနေ့ထိ ၇ှိနေဆဲပါပဲ …

--
Ƭнαиκƨ, 

ကျန်းမာနေသော အမျိုးသားတို့၏ လက္ခဏာ (၅)ရပ်

(၁) လက်သည်း ပန်း
ကျန်းမာသော အမျိုးသားတို့၏ လက်သည်းခွံမှာ ပန်းရောင်ရှိပြီး သန်စွမ်းကာ ချောမွေ့နေကျပါတယ်။ လက်သည်း အရောင်ဖျော့ပြီး လက်သည်းတွေ အပြောင်းအလဲဖြစ်တာဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာရှိတာ၊ သံဓါတ်ချို့တဲ့တာတွေလို အခြေခံ ကျန်းမာရေးပြသနာတွေရဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။

 
(၂) ဆီးအရောင် ၀ါဖျော့ဖျော့ရှိခြင်း
ကျန်းမာနေတဲ့ လူတစ်ဦးအတွက် ပုံမှန်ဆီးအရောင်က ၀ါဖျော့ဖျော့ပါ။ ဆီးအရောင် ၀ါရင့်ရင့် နဲခပ်ပျစ်ပျစ်ဆိုရင် တော့ ရေဓါတ်ခမ်းခြောက်ပြီး   ရေများများသောက်ရန် လိုအပ်နေတာပဲ ဖြစ်ပါတယ်။

 
 
(၃) သုတ်လွှတ်ချိန်အတွင်း သုတ်ရည်သည် လက်ဖက်ရည်းဇွန်း (၁)ဇွန်းခန့်ရှိခြင်း
သုတ်ရည်ရဲ့ အတိုင်းအတာပမာဏအပြင် သုတ်ရည် အပျစ်အကျဲ နဲ့ အရောင်ကလည်း အမျိုးသားတွေ တစ်ဦး ကျန်းမာရေး ကောင်းမကောင်းဖော်ပြနိုင်တဲ့ သဲလွန်စတစ်ခုပါ။ ကျန်းမာနေတဲ့ အမျိုးသားတစ်ဦးရဲ့ သုတ်ရောင်ဟာ အဖြူရောင် (သို့) ဖြူရော်ရော်ခဲရောင်မျိုးဖြစ်တတ်ပြီး စေးကပ်ကပ်ဖြစ်ပါတယ်။ ပမာဏအားဖြင့် လက်ဖက်ရည်တစ်ဇွန်း ခန့်ရှိရမှာ ဖြစ်ပြီး အဆိုပါအချက်များထဲမှ (၁)ခုခု ချွတ်ယွင်းနေလျှင် အမျိုးသား မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်တာမို့ နားလည်တဲ့ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
 
 
(၄) နားနေချိန်အတွင်း တစ်မိနစ် နှလုံးခုန်နှုန်း အကြိမ် (၇၀) ရှိခြင်း
ယျေဘုယျ အားဖြင့် ကျန်းမာနေတဲ့ အမျိုးသားတွေရဲ့   ယျေဘုယျ နှလုံးခုန်းနှုန်းဟာ နားနေချိန်မှာ တစ်မိနစ်ကို အကြိမ် (၇၀-၇၅) ကြိမ် ရှိပါတယ်။ နှလုံးခုန်အတိုင်းအတာဟာ အပြင်ဘက်ရောက်နေရင်တော့ ကျန်းမာရေး ပြသနာရှိနေကြောင်း သတိပြုမိသင့်ပါတယ်။

 



(၅) ခန္ဓာကိုယ်အရေပြား ဆွဲဆန့်နိုင်ခြင်း
လက်ရဲ့ နောက်က အရေပြားကို ဆွဲကြည့်ပါ။ ချက်ချင်းပြန်ကပ်သွားရင် ကျန်းမာရေးကောင်းပြီး ရေဓါတ်ပြည့်ဝ နေပါတယ်။ အချိန်ကြာမှ ပြန်ကပ်သွားရင်   ရေဓါတ်ခမ်းပြီး   ရေများများသောက်ရန် လိုအပ်နေပါသည်။



မြန်မာသူငယ်ချင်းများအဖွဲ့မှ  HELL GATE ရဲ့ပို့စ်လေးပါ။


ကိုယ်သင်းနံ့လေး.....မွှေးစေဖို့ (ယောက်ျားများအတွက်အထူး)


လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ်သင်းနံ့လေးကောင်းမွန်မှသာ မိမိကိုယ်မိမိယုံကြည်မှုရှိပြီး ပေါင်းသင်းဆက်ဆံရေး မှာလည်း အောင်မြင်မှာပါ။ တချို့ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပြီး အမွှေးနံ့သာတွေနဲ့ဖုံးအုပ်တတ်ပါတယ်။



ဒါပေမဲ့ တကယ့်စစ်မှန် တဲ့ ကိုယ်သင်းနံ့ကိုတော့ မပိုင်ဆိုင်နိုင်ပါဘူး။ လူ့ခန္ဓာကိုယ်မှအနံ့ဆိုးထွက်ရတဲ့ အကြောင်းရင်း တွေထဲမှာ လိင်အမျိုးအစား အလိုက်လည်းကွာခြားပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ချွေးနံ့ပိုထွက် လေ့ရှိပါတယ်။ ဒါတွေအပြင်နေ့စဉ်စားသုံး နေတဲ့ အစားအစာတွေနဲ့ဆေးဝါးတွေကလည်းချွေးနံ့ထွက်စေတဲ့ ကိစ္စတွေပါပဲ။

လူကတော့ စမတ်ပဲ။ စမဲက ဖျက်နေတာ

ကျန်းမာရေးချို့တဲ့ခြင်း၊ ဆေးပြင်းပြင်း များမှီဝဲခြင်း၊ အရက်သောက်ခြင်း၊ ဇင့်ဓာတ်လျော့နည်းခြင်းနဲ့ တစ်ကိုယ်ရေသန့် ရှင်းမှု မရှိခြင်းတွေကတော့ ခန္ဓာကိုယ် မှအနံ့ဆိုးထွက်စေတဲ့ အဓိကအကြောင်းအရာတွေလို့ လေ့လာတွေ့ရှိရပါတယ်။

ချွေးနံ့သက်သာစေမည့် အစားအစာများအမျှင်ဓာတ်ပြည့်ဝတဲ့ အစားအစာများ၊ ဂျုံနဲ့လုပ်တဲ့စားသောက်ဖွယ်ရာများ၊ အစိမ်းရောင်ခြယ်အသီးအနှံများ၊ဟင်းသီးဟင်းရွက်များနဲ့ မုန်လာဥနီကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းက ကိုယ်သင်းရနံ့ ကောင်းအောင် အထောက်အပံ့ဖြစ်စေပါတယ်။

ချွေးနံ့သက်သာစေမည့် အပြုအမူများ ချွေးနံ့သက်သာစေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးက အလွန်အရေးကြီးပါတယ်။ နေ့စဉ် ရေမှန်မှန်ချိုးပြီး တစ်နေ့အဝတ် အစားတစ်နေ့ပုံမှန်လျှော်ပါ။ အဝတ်အစားများကို မလျှော်ဘဲထပ်တလဲလဲ ဝတ်ဆင်ခြင်းကိုတော့ လုံးဝရှောင်ကြဉ် သင့်ပါတယ်။ အခါအားလျော်စွာ ချွေးနံ့ထွက်စေတဲ့ နေရာများကို သန့်စင်တဲ့အဝတ်စ၊ တစ်သျှူးစတွေနဲ့ ပွတ်တိုက်ပေးပါ။   ရေများများသောက်ခြင်းကလည်း ချွေးနံ့ဆိုးများသက်သာစေတဲ့ နည်းလမ်းပါပဲ။ ပူပြင်းတဲ့ရာသီဥတုမှာအေးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားများကိုသာဝတ်ဆင်ပါ။ ဒါပေမယ့်လက်ပြတ်အင်္ကျီဝတ်ဆင် ခြင်းကိုတော့ ရှောင်ကြဉ်ပါ။ ချွေးနံ့ကိုအတိုင်းသာ ပေါ်လွင်စေလို့ပါပဲ။


အဲ့ဒီလောက်အထိ ဆိုးမသွားစေနဲနော်

ချွေးနံ့သက်သာစေမည့် နည်းလမ်းများ

- ရှာလကာရည်ကတော့ ချွေနံ့အတွက် အစွမ်းထက်တဲ့ အိမ်တွင်းဆေးဝါးကောင်းပါပဲ။ ဂွမ်းနဲ့တို့ပြီးချွေးနံ့ထွက်စေတဲ့ ချိုင်းကြားနေရာတွေကို သုတ်လိမ်းပေးနိုင်ပါတယ်။ ချိုင်းမွေးနုတ်ပြီး ဒါမှမဟုတ် ရိတ်ပြီး စမှာတော့ ရှာလကာ ရည်ကို မသုံးဖို့သတိပြုပါ။

- မုန့်ဖုတ်ဆော်ဒါနဲ့ ရှောက်ရည်၊ သံပရာရည် စတာရောစပ်ပြီးသုတ်လိမ်းပေးခြင်းကလည်း   ချွေးနံ့သက်သာစေပြီး ဘက်တီးရီးယားပိုးများကိုလည်း သေစေနိုင်ပါတယ်။

- ရေချိုးကန်ထဲမှာ ခရမ်းချဉ်သီးရည် ဒါမှမဟုတ် ပျားရည် အနည်းငယ်ထည့်ပြီး ၁၅ မိနစ်ခန့်   ရေစိမ်ပေးခြင်းကလည်း ကိုယ်သင်းနံ့မွှေးစေနိုင်ပါတယ်။ အာလူးကို ပါးပါးလှီးပြီးချိုင်းကြားမှာ ကပ်ပေးပါ။ ခြောက်သွေ့သွားတဲ့အခါ ခွာပြီး ရေဆေးပေးရင် တစ်နေ့တာလုံး ချွေးနံ့ကင်းစင်စေမှာပါ။

- ခန္ဓာကိုယ် အနံ့ဆိုးထွက်စေတဲ့ အကြောင်းအရာတွေထဲမှာ ခြေဆီလို့ခေါ်တဲ့ ခြေထောက်မှ ထွက်တဲ့ ချွေးနံ့ကလည်း ပါဝင်ပါတယ်။ ဒါကြောင့်ခြေဖဝါးနဲ့ ခြေချောင်းလေးများကို နေ့စဉ် ချေးချွတ် သန့်စင်ပေးပြီး ဖိနပ်စီးရာမှာလည်း လေဝင် လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကိုစီးပါ။

By: Good Health

FWD Mail