ဝသော
ဖခင်များမှမွေးဖွား လာ သောသားသမီး များသည် သာမန် ကိုယ်အလေးချိန် ရှိသော
ဖခင်မှမွေး ဖွားလာသော သားသမီးများ ထက် အသက် ရှစ်နှစ်မှ ကိုးနှစ် အတွင်း
အ၀လွန် ကလေးများဖြစ်ရန် အလား အလာ လေးဆ ပိုများကြောင်း သြစ တြေးလျ နိုင်ငံ
နယူးကာ ဆယ်တက္က သိုလ်မှ သုတေသီ များကတွေ့ရှိခဲ့ကြ သည်။ သို့သော် ၀လွန်း
သောမိခင် များမှ မွေးဖွား လာသော သားသမီး များသည် ၎င်းတို့၏ မိခင်ကဲ့သို့ဝလာ
ခြင်းမရှိ ကြောင်းလည်း သုတေသီ များက တွေ့ရှိခဲ့ကြသည်။
အ၀လွန်သော ဖခင်ကမွေးဖွား လာသော သားသမီးများသည် အ ဘယ်ကြောင့် သူတို့
ဖခင်ကဲ့သို့ဝလာ ကြောင်း ယခုအချိန်ထိ မသိရသေး ဟု လေ့လာရေး အဖွဲ့ခေါင်းဆောင်
အမ်မလီဖရီးမင်း ကပြောကြား သည်။ သြစတြေးလျသုတေသီများက ၂၀၀၄ ခုနှစ်မှ ၂၀၀၈
ခုနှစ် အတွင်း သြစ တြေးလျ နိုင်ငံ၌ မိသားစုပေါင်း ၃,၀၀၀ ကျော်အား လေ့လာ
ဆန်းစစ်ပြီး နောက် ယခု ကဲ့သို့ရှာဖွေ တွေ့ရှိခဲ့ကြ ခြင်းဖြစ်သည်။

သုတေသီများ
ကအသက်လေး နှစ်မှ ငါးနှစ် အတွင်းကလေးများ၏ ကိုယ် အလေးချိန်ကို ချိန်
တွယ်မှတ် တမ်းတင်ပြီး နောက် ၎င်း ကလေးများ အသက် ရှစ်နှစ်မှ ကိုးနှစ်အတွင်း
ရောက် ချိန်တွင် တစ်ဖန် ကိုယ်အ လေးချိန် ကိုကြည့်ရှုရာ အ၀ လွန်သော ဖခင်မှ
မွေးဖွား လာသော ကလေးများ သည် ထူးထူးခြားခြား အ၀လွန်သော ကလေး
များဖြစ်ကြောင်း လေ့လာ တွေ့ ရှိခဲ့ကြသည်။
သြစတြေလျ ကလေးငယ်များ၏ ၂၅ ရာခိုင်နှုန်း မှာ ၀လွန်း သောက လေးများ
ဖြစ်ကြောင်း၊ ကလေးများ ကိုယ် အလေးချိန် လျော့ကျ စေရန်အ တွက် ဖခင်များ
ကိုယ်အလေးချိန် လျှော့ချ သင့်ကြောင်း ဖရီးမင်းကပြော သည်။
SN (Ref; Internet)
Copy From :
http://www.themyanmarpost.com
0 comments:
Post a Comment