အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Wednesday 29 May 2013

ခန္ဓာကိုယ် တစ်ပိုင်းပြတ် လူသား


၁၉၁၁ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့မှာ အမ်မီလီယာ နဲ့ ဂျွန် အက်ဟတ် တို.
ဇနီးမောင်နှံဟာ ဂျွန်ဂျူနီယာ နဲ့ ရောဘတ် လို.ခေါ်တဲ့ သားအမွှာနှစ်ဦး   မွေးဖွားခဲ့ပါတယ်။ ဂျွန်ဂျူနီယာမှာသာ ခါးအောက်ပိုင်းအစိတ်အပိုင်းတွေ ပါဝင်ခဲ့မယ်ဆိုရင် ဒီအမွှာညီအစ်ကိုနှစ်ယောက်ဟာ အတော်လေးဆင်တူမှာ   ဖြစ်ပါတယ်။ ခုတော့ ရောဘတ် မှာ ပြီးပြည့်စုံတဲ့ ကိုယ်ခန္ဓာရှိခဲ့ပေမဲ့ ဂျွန်ဂျူနီယာကတော့ ကိုယ်တစ်ပိုင်းပြတ် ကလေးငယ်လေးအဖြစ်နဲ့သာ   မွေးဖွားခဲ့ရပါတယ် ။     ဒီညီအစ်ကိုနှစ်ယောက်ဟာ    ဘဲတီမိုးမှာကြီးပြင်းခဲ့ ကြပါတယ် ။

ဂျွန် ဟာ သူ့ရဲ့အားနည်းချက်တွေကို မယုံကြည်နိုင်စရာ   ကောင်းလောက်အောင်အံတုနိုင်ခဲ့ပါတယ်။ အသက်တစ်နှစ်သားလောက်မှာ သူ.အစ်ကိုရောဘတ်က မတ်တပ်ရပ်ဖို. အနိုင်နိုင်ဖြစ်နေတဲ့အချိန် ဂျွန် က သူ့လက်တွေကို အသုံးချပြီး လမ်းလျောက်နေပါပြီ ။

ဂျွန် ကပိုပြီး လျှင်မြန်စွာ ဖွံ့ဖြိုးလာပြီး သူ့ရဲ့ လျှင်မြန်ဖြတ်လတ်မှု နဲ့ အမှီအခိုကင်းမှုတွေဟာ
သူ့မိသားစုနဲ့ သူငယ်ချင်းများကို အလွန်အံ့အားသင့်စေပါတယ် ။
၁၉၂၃ ခုနှစ် ရဲ့ တစ်ရက်မှာ သူတို.မြို့က ဘုရားကျောင်းမှာ မျက်လှည့်ပွဲတစ်ခု
လုပ်ခဲ့တယ် ။ အဲဒီမှာ မျက်လှည့်ဆရာက ပရိတ်သတ်ထဲက ၀င်ရောက်ကူညီပေးနိုင်မဲ့သူကို
ဖိတ်ခေါ်တဲ့အခါ ဂျွန်ဟာ တိရိစ္ဆာန်တစ်ကောင်လို လျှင်မြန်ဖြတ်လတ်စွာ စင်ပေါ်တက်သွားတော့ မျက်လှည့်ဆရာ ဂျွန် မက်အတ်စ်လန် ခမျာ အလွန်အမင်း အံ့သြတုန်လှုပ်သွားခဲ့ရတယ် ။  မျက်လှည့်ဆရာ မက်အတ်စ်လန် ဟာ ဂျွန်ကိုမြင်တော့ အကျိုးအမြတ်ကြီးကြီးမားမား ရနိုင်တာကို တွေးမိပြီး သူ.မိသားစုကျေနပ်လောက်အောင် ပေးကမ်းပြောဆိုပြီး ဂျွန် နဲ့ ရောဘတ်တို. ညီအစ်ကိုနှစ်ဦးလုံးကို တစ်နှစ်စာချုပ်နဲ့ မျက်လှည့်ပြပွဲမှာ ခေါ်ဆောင်သွားခဲ့တယ် ။ ဒါပေမဲ့ လူလိမ်တစ်ဦးဖြစ်တဲ့ မက်အတ်စ်လန်ဟာ နောက်ပိုင်းတွင် စာချုပ်မှာ ၁ နောက်က သုညတစ်လုံးထပ်ထည့်ပြီး ၁၀ နှစ်စာချုပ် ဖြစ်အောင်လုပ်ခဲ့ပါတယ် …
  ဂျွန် နဲ့ သူ့အမွှာညီအစ်ကို ရောဘတ်
ဒီလိုလိမ်လည်အနိုင်ကျင့်မှုနဲ့ကြုံခဲ့ရသော်လည်း သူတို.ညီအစ်ကိုနှစ်ဦးဟာ မျက်လှည့်
ပြပွဲတွေနဲ့ ပျော်ရွင်နေခဲ့ကြပါတယ် ။လူတိုင်းကို အ့သြတုန်လှုပ်သွားစေတဲ့ ပြပွဲတွေကို သူတို.
ညီအစ်ကိုနှစ်ယောက် ပါဝင်ပြသနိုင်ခဲ့တယ်လေ။ ဘယ်လိုပြသ သလဲဆိုတော့ …
မျက်လှည့်အဖွဲ့မှ အိပ်မွေ့ချဆရာကြီး ရာဂျာေ၇ဘွိုက် က ပရိတ်သတ်ထဲမှ ကူညီပေးနိုင်မဲ့သူ
အဖြစ်ရောဘတ်ကို လက်ညှိုးထိုး ဖိတ်ခေါ်တယ်။ ဒီအခါ ပရိတ်သတ်အဖြစ် ဟန်ဆောင်
ထိုင်နေတဲ့ ရောဘတ်က ကူညီဖို. စင်ပေါ်တက်သွားတယ်။ အိပ်မွေ့ချဆရာကြီးက
ရောဘတ်ကို အိပ်မွေ့ချပြီး ဗီရိုတစ်ခုထဲ ထည့်လိုက်တယ် ။ ဒီသေတ္တာထဲမှာ ရောဘတ်ဟာ
ဂျွန်နဲ့ လျို့ဝှက်လျှင်မြန်စွာ လူစားလဲလိုက်တယ် ။ဂျွန်တစ်ယောက်ထဲတော့ မဟုတ်ဘူးဗျ ။
ဂျွန်က လူပုလေးတစ်ယောက်ရဲ့ ခေါင်းပေါ်မှာတက်နေပြီး ၊ အောက်က လူပုလေးရဲ့ ခေါင်းကို
လူမမြင်အောင် ဖုံးအုပ်ဖို့ ကုတ်အင်္ကျီခပ်ရှည်ရှည်ကို ၀တ်ဆင်ထားသေးတယ် ။ ဒီနောက်မှာ ဓါးသမားတစ်ဦးက (ပရိတ်သတ်အမြင်မှာ) ရောဘတ် ရဲ့ ခါးလယ်ကနေ ဓါးနဲ့ပိုင်းဖြတ်
လိုက်တယ် ။ ပြီးတော့ ဗီရိုကို ဖွင့်လိုက်တော့ ကိုယ်တစ်ပိုင်းပြတ်နေတဲ့ ဂျွန် က သူ့ရဲ့
ခြေထောက်တွေကို စင်ပေါ်မှာ လိုက်လံဖမ်းဆီးနေပါတော့တယ် … ပရိတ်သတ်တွေဆီက လက်ခုပ်သြဘာသံတွေ ဆူညံသွားတဲ့အခါကျမှ အိပ်မွေ့ချဆရာကြီး ရေဘွိုက် က ပြတ်နေတဲ့ ခန္ဒာကိုယ်ကို ပြန်ဆက်ပေးလိုက်တယ် ။ ပိုပြီး အသက်ဝင်စေရန် Volunteer အဖြစ်
လုပ်ဆောင်တဲ့ ရောဘတ်က အိပ်မွေ့ချဆရာကြီးကို တရားစွဲမယ်လို. ခြမ်းခြောက်ရတာပေါ့။
ဒီ ပြကွက်ဟာ စိတ်ဝင်စားဖွယ် ရယ်စရာပြကွက်တစ်ခုအဖြစ်သာ ရည်ရွယ်ပြသခဲ့တာဖြစ်ပေမဲ့ ပရိတ်သတ်အများစုဟာ အမှန်တကယ် ကြောက်ရွံ့တုန်လှုပ်ခဲ့ကြပါတယ် ။ ဒီပြကွက်ကို
ကြည့်ပြီး သတိလစ်မေ့မျောသွားတာလည်း ခနခန ဖြစ်လေ့၇ှိပါတယ် ။
     ဂျွန် နဲ့ လူပုလေး
မျက်လှည့်ဆရာကြီး ရာဂျာ ရေဘွိုက် နဲ့ ဂျွန်
ဓါးနဲ့ပိုင်းဖြတ်တဲ့ပြကွက်ကို လေ့ကျင့်နေတဲ့ ပုံပါ
ဂျွန်ဟာ သူ့ရဲ့ကိုယ်ပိုင် အရည်အချင်းနဲ့ ဆပ်ကပ်ဖျော်ဖြေရေးသမားအဖြစ်လည်း လူတွေ
အပေါ်ဆွဲဆောင်နိုင်ခဲ့ပါတယ် ။ သူဟာ ကျွမ်းကျင်တဲ့ ကျွမ်းဘားသမား၊ တောရိုင်းတိရိစ္ဆာန်များကို ထိန်းကျောင်းပြနိုင်သူတစ်ဦးအဖြစ် လူသိများခဲ့ပါတယ်။ အပြေးပြိုင်ပွဲတွေမှာလည်း
ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အတွက် ခြေထောက်မဲ့ အပြေးသမားအဖြစ် ထင်ရှားခဲ့ပါတယ် ။
ဂျွန်ဟာ ဒီလိုလည်း ကျွမ်းဘားကျွမ်းကျင်ပါတယ် ။
  ပြပွဲတွေမရှိတဲ့အခါမှာ သူတို. ဘဲလ်တီမိုးမြို.က သံစုံသီးဝိုင်းမှာ ၀င်ရောက် တီးခတ်
လေ့၇ှိသလို သူဟာအလွန် ထူးချွန်တဲ့ ပန်းချီဆရာတစ်ယောက်လည်းဖြစ်ပါတယ် တဲ့ …
  ထော်လာဂျီလည်း မောင်းနိုင်တယ် ။
   ဂျွန်အတွက် အထူးထုတ်ထားတဲ့ ကားပဲ ဖြစ်မှာပေါ့ဗျာ ...
၁၉၃၂ခုနှစ်မှာတော့ ဂျွန်ဟာ လူထူးလူဆန်း ဗီဒီယိုပြကွက်တွေမှာ ၀င်ရောက်
ရိုက်ကူးခဲ့ပါတယ် ။ သူဟာ တာဇံသုံးယောက် ဇါတ်ကားမှာဝင်ရောက် သရုပ်ဆောင်ခွင့်
ရတာကိုလည်း အလွန်ဂုဏ်ယူခဲ့ပါတယ် ။ ဒီရုပ်ရှင်ရိုက်ကူးအပြီးမှာ ဂျွန်တို. ညီအစ်ကို
နှစ်ဦးဟာ ဆပ်ကပ်ပြပွဲတွေကနေ အနားယူခဲ့ပါတယ် ။ ဂျွန် ဟာ အလွန်ထူးချွန်တဲ့
အံ့ဖွယ်လူသားတစ်ဦးဖြစ်ပါတယ် ။သူ့ရဲ့ မွေးရာပါ ခန္ဓာကိုယ်ချွတ်ယွင်းမှုကို ဘယ်တုန်းကမှ
မရှက်ရွံ့ခဲ့သလို ထိုချွတ်ယွင်းမှုကိုလည်း ကောင်းစွာရင်ဆိုင်ကျော်လွားနိုင်ခဲ့ပါတယ်။
သူဟာ လူတစ်ဦးရဲ့ အပေါ်ယံသွင်ပြင် တစ်ခုတည်းကိုကြည့်ပြီး အကောင်းအဆိုး မဆုံးဖြတ်တဲ့
လူတွေကို ချစ်ခင်စွာ ပေါင်းသင်းဆက်ဆံပါတယ် ။

သို.ပေမဲ့လည်း ၁၉၈၇ ခုနှစ်မှာတော့ သူနေထိုင်ရာအိမ်ကို ဓါးပြအဖွဲ့တွေ
ဝင်ရောက်တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ ဒီအချိန်ကစပြီး လူသားတွေရဲ့ ရိုးသားမှုအပေါ်
စိတ်ပျက်သွားခဲ့တဲ့ အဘိုးအိုကြီး ဂျွန် ဟာ ကျန်တဲ့ သက်တမ်းတစ်လျောက်လုံး သူ့အိမ်ထဲမှာ
တစ်ဦးတည်းနေထိုင်ရင် ကုန်ဆုံးခဲ့ပါတယ် ။ ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့မှာ
ကိုယ်တစ်ပိုင်းပြတ်လူသား ဂျွန် ဟာ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပါတယ် ။
သူ.ရဲ့ အမွှာအစ်ကို ရောဘတ်ကတော့ ၁၉၉၅ ခုနှစ် အသက် ၈၃ နှစ်အရွယ်မှာ
ကွယ်လွန်ခဲ့ပါတယ် ။ သူတို.ပထမနေထိုင်ခဲ့တဲ့ မြောက်ပိုင်း မီလ်တန်မှာရှိတဲ့ အိမ်ကြီးကိုတော့
ဂျွန် အက်ခ် ပြတိုက်အဖြစ် ပြုလုပ်ပြသခဲ့တာ ဒီနေ့ထိ ၇ှိနေဆဲပါပဲ …

--
Ƭнαиκƨ, 

0 comments:

Post a Comment