အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Wednesday 22 May 2013

ပဋိစ္စ သမုပ္ပါဒ် ဒေသနာဆိုသည်မှာ


ပဋိစ္စ သမုပ္ပါဒ် ဒေသနာဆိုသည်မှာ -
၁။ သံသရာ၏အစကိုလည်းကောင်း သမုတိသစ္စာအလိုအားဖြင်. ‘လူ’ဟူ၍လည်းကောင်း ၊’ပုဂ္ဂိုလ် သတ္တ၀ါ’ ဟူ၍လည်းကောင်း သမုတ်ကြသူတို.၏ဖြစ်ရာ အစ သည် (အ၀ိဇ္ဇာ နှင်.တဏှာ )ဟူ၍ပြသခြင်းဖြစ်သည်။ ပေါ်လွင်ထင်ရှားစေခြင်းဖြစ်သည်။
၂။ ထို လူဟူ၍လည်းကောင်း ၊ပုဂ္ဂိုလ်သတ္တ၀ါ ဟူ၍လည်းကောင်း သမုတ်ကြသူတို.၏ ခန္ဓာဖြစ်စဉ်ကို ပြသခြင်းဖြစ်သည်။
၃။ ပရမတ္တသစ္စာအလိုအားဖြင်. ပုဂ္ဂိုလ်သတ္တ၀ါ ယောကျာင်္း မိန်းမ မရှိ၊ အကြောင်းတရားဖြစ်ပေါ်ဖြင်းကြောင်. ဤအကျိုးတရားဖြစ်ပ်ါခြင်း စသည်ကို ပြသသောတရားဖြစ်သည်။
၎။ သခါင်္ရနှင်.၀ိညာဏ်အစပ်၊ ဝေဒနာနှင်.တဏှာအစပ်၊ ကမ္မဘ၀နှင်.ဇာတိအစပ်ကို အလျင်မပြတ် တရစပ် ဆက်စပ်နေခြင်းကိုပြသည်။
၅။ ဇာတိဟုဆိုအပ်သော ပဋိသန္ဒေနေလိုက် ၊အိုလိုက် နာလိုက် သေလိုက် တဖန် ပဋိသန္ဓေဓနေလိုက် ၊အိုလိုက် သေလိုက် မီးခိုးမဆုံး မိုးမဆုံး လှည်.လည်ဖြစ်ပွားနေခြင်းကို ပြသခြင်းဖြစ်သည်။
၆။ ဒုက္ခအစုတွေ တစ်ခုပြီးတစ်ခု အစဉ်တန်းနေခြင်းသာဖြစ်ပါသည်။
၇။ လောင်စာနှင်.မီးသာ ထပ်ခါတလဲလဲ လှည်.နေခြင်း၊ လောင်စာထည်.ပေးရင်း မီးအသစ်ဖြစ်ပွားခြင်း ဟူရ်ျသာ ဆက်ခါ ဆက်ခါ ဖြစ်ပွားနေခြင်းကို ပြသသည်။
၈။ သမုဒယ နှင်. ဒုက္ခသစ္စာသာ လှည်.နေခြင်းကို ထင်ရှားပေါ်လွင်စေသည်။
၉။ ကိလေသ၀ဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက ၀ဋ်သုံးပါးသာ မရပ်မနား ရဟတ်ချားပမာ လှည်.နေခြင်းကို ပြသည်။
၁၀။ လွန်လေပြီးသော အတိတ်ဘ၀၊ ယခုဖြစ်ဆဲ ပစ္စပါန်ဘ၀၊ နောင်ဖြစ်လတ္တံ. အနာဂတ်ဘ၀ ၊ထိုဘ၀သုံးပါးသာ လှည်.လည်နေခြင်းကိုပြသထင်ရှားပေါ်လွင်စေသည်။ က်ျသည်တို.ကား ဒေသနာအစဉ်အတိုင်း ဓမ္မနိယာမ အစဉ်ဖြစ်၏။ ဗုဒ္ဓ ဘာသာဝင်တိုင်း ဤအခြေခံသဘောကို နားလည်မှသာ ပုဂ္ဂိုလ်သတ္တ၀ါမရှိ ၊ဓမ္မအစဉ်တွေသာ တစ်ခုပြီးတစ်ခု တန်းနေခြင်းဖြစ်၍ (ဒိဋ္ဌိ)ကွာသောတရား ၊သုညတဆိုက်သောတရားဖြစ်စေသောကြောင်. ခန္ဓာညာဏ်ရောက်မှုဖြစ်ရန် ကြိုးစားသင်.သောအချက်ကြီးဖြစ်ကြောင်း၊ ခန္ဓာဥာဏ်ရောက်ဝိပသနာအလုပ်ကို ကြိုးစားအားထုတ်ကြပါရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။
သုတ၀ါ-ပညာနားဖြင်.ကြားဖူးတာဖြစ်ပါစေ၊ အရိယာ သာဝကော-အရိယာတို.၏ ကျင်.စဉ်အတိုင်း မှတ်သားပြီး ကျင်.နိုင်တဲ.ပုဂ္ဂိုလ်ဖြစ်ပါစေ……..။
(မိုးကုတ်ဝိပသနာ ပဏာမအရသာ)
http://www.infinitydhamma.com/မှတဆင့်ခံစားတင်ပြသည်။
မူကြိုဆရာတင်သောဘလော့များကိုwww.damanady.tk တွင်လဲဖတ်ရှုနိင်ပါသည်။

0 comments:

Post a Comment