အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Wednesday 29 May 2013

ခံတွင်းနံ့ဆိုးခြင်း ကင်းဝေးရလေအောင်


သင့်ပတ်ဝန်းကျင်အတွက်သင်နဲ့စကားပြောနေရင်း မသိမသာနောက်ဆုတ်/တွန့်ဆုတ်သွားတာမျိုး ဒါမှမဟုတ် စကားပြောရပ်ပစ်လိုက်တာမျိုး မကြာခဏ သင်ကြုံတွေ့နေရပါ သလား။ သင်ဒီလို ကြုံတွေ့နေရပြီ ဆိုရင်တော့ ခံတွင်းနံ့ဆိုး ထွက်ခြင်းရဲ့ဒဏ်ကို သင်ခံစားနေရတာ သေချာနေပါပြီ။ ခံတွင်းမှ အနံ့ဆိုး ထွက်ခြင်းရဲ့ ဒဏ်ကို နိုင်ငံပေါင်းများစွာမှ လူသန်းပေါင်းများစွာဟာ ခံစားနေရပါတယ်။ အခြားသူ တစ်ယောက်ရဲ့ ခံတွင်းကို ယုံကြည်ဖို့ဆိုတာ တစ်ခါတစ်ရံမှာ ခက်ခဲလှပါတယ်။ဒါကြောင့် သင့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေ သို့မဟုတ် မိသားစုကို မေးပါ။ သင့်ရဲ့ ခံတွင်းနံ့ အခြေအနေကို ရိုးသားစွာ ဖြေဖို့ ပြောပါ။ ရိုးရှင်းတဲ့ ခံတွင်းစစ်ဆေးခြင်း နည်းလမ်းကတော့ သင့်ရဲ့လျှာ အနောက်က သွားရည်ကို နည်းနည်းထုတ်လိုက်ပြီး ခဏအကြာမှာ နမ်းကြည့်လိုက်ပါ။ အနံ့ဆိုးကို ရတယ် ဆိုရင်တော့ သင်စကားပြောတိုင်း ခံတွင်းအနံ့ဆိုးထွက်တာ သေချာသွားပါပြီ။
ခံတွင်းနံ့ဆိုးထွက်ခြင်းကို ဘယ်လိုပျောက်အောင် လုပ်မလဲဆိုတာကကို မပြောခင် ဘာကြောင့် ခံတွင်းအနံ့ဆိုးထွက်ရလဲဆိုတာကို အရင်ဆုံး သိထား သင့်ပါတယ်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီစားခြင်းက သင့်ခံတွင်းမှ အနံ့ဆိုးကို ထွက်စေပါတယ်။ ဒါ့အပြင် ကွမ်းစားခြင်းနဲ့ ဆေးလိပ်သောက်ခြင်းကလည်း ခံတွင်းနံ့ဆိုးစေတဲ့အကြောင်းအချက်တွေပါပဲ။
အကယ်၍ သင်ဟာ သင့်ခံတွင်းကို ပုံမှန်သန့်ရှင်းအောင် မလုပ်ဘူးဆိုရင်တော့ ခံတွင်းထဲရှိ ပိုးမွှားတွေ အဆိပ်အတောက်တွေကို ထုတ်လွှတ်တာကြောင့် သွားရည်ဟာ အနံ့ဆိုးထွက်လာပါတယ်။ ထိန်းချုပ်လို့မရတဲ့ ဆီးချိုရောဂါ၊ လေလမ်းကြောင်း ပြဿနာတွေနဲ့ အစာအိမ်မကောင်းတာတွေကြောင့်လည်း ခံတွင်းနံ့ကို ဆိုးစေပါတယ်။ သွားဖုံးရောဂါနဲ့ သွားမှာ အပေါက်ဖြစ်နေတာတွေကလည်း အကြောင်းရင်းတစ်ခုပါပဲ။
နေ့စဉ်နေ့တိုင်း မနက်စာ မစားမီနဲ့ ညစာစားပြီးတဲ့အချိန်တိုင်း သွားတိုက်ဖို့ မမေ့ပါနဲ့။ ဖြစ်နိုင်လျှင် တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ သင့်သွားကြားတွေကို သွားကြားထိုးကြိုးနဲ့ အညစ်အကြေးများ ကပ်မနေစေဖို့ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ရေများများသောက်ခြင်းနဲ့ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးခြင်းကလည်း သင့်ပါးစပ်ထဲမှ ပိုးမွှားတွေကို ဖယ်ရှားပေးပါတယ်။ ပိုးမွှားတွေကို သတ်နိုင်ဖို့အတွက် ခံတွင်းသန့်ဆေး သုံးပါ။ သင့်လျှာပေါ်မှာ ချွဲ၊ သလိပ်၊ ပိုးမွှားတွေနဲ့ အစာအကြွင်းအကျန်များကို ဖယ်ရှားပေးနိုင်ဖို့အတွက် လျှာကို ပွတ်တိုက်နိုင်တဲ့ လျှာခြစ်တံကိုသုံးပြီး သန့်ရှင်းရေးလုပ်ပါ။
သင်ဟာရေများများ သောက်တတ်တဲ့အကျင့်မရှိဘူးဆိုရင် သင့်ရဲ့သွားရည်ထုတ်လွှတ်မှုမှာ သက်ရောက်မှု ရှိပါလိမ့်မယ်။ Xylitol အခြေခံပီကေမျိုးကို စားပါက ပါးစပ်အတွင်း သွားရည်ထွက်မှုကို ကောင်းစေပြီး ပိုးမွှားများကိုလည်း ပါးစပ်အတွင်းမှ ဖယ်ရှားပေးနိုင်ပါတယ်။ ဆောင်ရန်၊ ရှောင်ရန်အားလုံးကို လိုက်နာပြီးရင်တောင်မှ သင့်ပါးစပ်က အနံ့ဆိုးထွက်နေသေးတယ်ဆိုရင်တော့ ဆရာဝန်နဲ့သွားတွေ့ပြီး အခြားခံတွင်းရောဂါ သို့မဟုတ် ခံတွင်းရောဂါ ဖြစ်လာနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းသင့်ပါတယ်။ သင့်ရဲ့ ခံတွင်းအနံ့ဆိုး ရှိ၊ မရှိကို အခုပဲ စစ်ဆေးလိုက်ပါ။

0 comments:

Post a Comment