စတားလုံးဆိုတာ အမေရိကန်လူမျိုး ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ပါ။ ရုပ်ရှင်ထုတ်လုပ်သူ၊ တည်းဖြတ်သူ၊ ဒါရိုက်တာ နဲ့ အထူးပြုလုပ်ချက်တွေကိုဖန်တီးတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့သရုပ်ဆောင် မှုတွေမှာ လက်ဝှေ့သမား အဖြစ် သရုပ်ဆောင်ရာကနေ စတင်ပြီးထင်ရှားကျော်ကြားခဲ့ပါတယ်။ သူဟာ လက်ဝှေ့သင်တန်းတစ်ခုကို တည်ထောင်ဖွင့် လှစ်ထားပြီး သရုပ်ဆောင် လောကတွင်သာမက အများက လေးစားရသူတစ်ယောက်ဖြစ်ပါတယ်။
ဟောလိဝုဒ် ရုပ်ရှင်လောကမှာ သူဟာ နာမည် မကြီးခင်အချိန်က အလွန်ဆင်းရဲခဲ့ပါတယ်။ ဘယ်အထိ ဆင်းရဲခဲ့သလဲဆိုရင်အိမ်သာခန်းသန့်ရှင်းရေးဝန်ထမ်းအဖြစ်တောင် လုပ်ခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ လူနေခြုံကြား စိတ်နေ ဘုံဖျားဆိုသလို သူရည်ရွယ်ချက်ရှိရှိနဲ့ အိမ်သာခန်းသန့်ရှင်းရေး ၀န်ထမ်းအဖြစ်လုပ်ခဲ့တာပါ။ ဘာကြောင့်လဲ ဆိုတော့ သူလုပ်တဲ့နေရာက ဟောလိဝုဒ် ရုပ်ရှင်မှာ ဒါရိုက်တာတွေနဲ့နီးစပ်အောင် သူက အဲဒီအလုပ်ကို လုပ်ခဲ့တာပါ။
ငယ်ငယ်တုံးက crazy ဖြစ်ခဲ့ဖူးတဲ့ RAMBO |
သွားကြတယ်။ တစ်ချို့ကတော့ ခေါင်းကို ခါယမ်းသွား ကြတယ်။
တစ်ချို့ကတော့-
“မင်းရုပ်ကိုလဲ မှန်ထဲ ပြန်ကြည့်ပါဦး၊ ပါးစပ်ကရွဲ့စောင်းသေးတယ်။ စကားကဗလုံးဗထွေးနဲ့ ပီအောင်လည်း မပြော တတ်ဘူး၊မင်းနဲ့ ဒီအလုပ်နဲ့ပဲ တန်ပါတယ်”
အဲဒီလို အပြောခံရပေမယ့် စတားလုံးဟာ လုံးဝဇွဲမလျော့ခဲ့ဘူး။ တစ်နေ့နေ့တော့ ဖြစ်လာရမယ်လို့ ယုံကြည်မှု အပြည့်အ၀ ရှိနေတယ်။ ဒါရိုက်တာတွေရဲ့ ငြင်းပယ်မှုကို အကြိမ်ပေါင်း ရှစ်ရာကျော် ခံခဲ့ရတယ်။ သူ့ကိုယ်သူ တစ်နေ့ ကျရင် အောင်မြင်ထင်ရှားတဲ့ မင်းသားတစ်လက် ဖြစ်လာရမယ်လို့လဲ အမြဲယုံကြည်နေတယ်။
သူဟာ ယုံကြည့်မှုရှိနေယုံမကဘူး Rocky ဆိုတဲ့ ဇာတ်လမ်းကို အတွဲလိုက် ရေးသားနေတယ်။ သူအဲဒီလိုရေးသား ထားတာကို ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ကို ပေးဖတ်လိုက်တယ်။ ဒါရိုက်တာကလည်း ဒီဇာတ်လမ်းကို အလွန် သဘော ကျပြီးဒေါ်လာ (၃၅၀၀၀)နဲ့ရောင်းဖို့ပြောတယ်။ သူက ဒီဇာတ်လမ်းကို သူနဲ့ရိုက်မှာသာ ရောင်းနိုင်မယ်လို့ ပြောတယ်။ ဒါရိုက်တာကလည်း လက်မလျော့ဘူး။ ငွေထပ်တိုးပေးတယ်။ စတားလုံးကလည်း လုံးဝလက်သင့် မခံဘူး။ နောက်ဆုံး တော့ဒါရိုက်တာက အလျော့ပေးလိုက်တယ်။
stallone ၏ ပထမဦးဆုံးနှင့် အအောင်မြင်ဆုံး ဇတ်ကား rocky |
ဒီလိုနဲ့ စတားလုံးဟာ Rocky ဇာတ်လမ်းကို စရိုက်ပြီး ရုံတင်လိုက်တဲ့အခါမှာတော့ ၀က်ဝက်ကွဲအောင် အောင်မြင်မှု ရသွားတယ်။တကယ်တော့ သူ့ရဲ့အောင်မြင်မှုဟာ ရည်မှန်းချက်ကြီးမားခဲ့လို့သာဖြစ်တယ်။ သူသာ ရည်မှန်းချက်မထား ဘဲအိမ်သာခန်းသန့်ရှင်းရေးအလုပ်ကိုသာ လုပ်နေမယ်ဆိုရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ရည်မှန်းချက်ရှိလို့သာ သူဟာ သူနဲ့လိုက်ဖက်မယ့် ဇာတ်လမ်းကို အချိန်ရတိုင်းရေးသားနေလို့သာ အခုလို အောင်မြင်ထင်ရှား ကျော်ကြား ခဲ့ရတာပါ။
ကျွန်တော်တို့ လူငယ်တွေအနေနဲ့လည်း မိမိရဲ့ဘ၀အတွက် ရည်မှန်းချက်များ ချမှတ်ပြီး အားလပ်တဲ့အချိန်လေးတွေ ကိုအကျိုးရှိရှိ အသုံးချသွားမယ်ဆိုရင် ထိပ်တန်းကို တက်လှမ်းနိုင်ရမယ်ဆိုတာ ရဲရဲကြီးပြောဝံ့ပါတယ်။
http://en.wikipedia.org/wiki/Sylvester_Stallone
0 comments:
Post a Comment